Inywa People Defense Force- KT Region

The revolution is not an apple that falls when it is ripe.You have to make it fall.

08/11/2023

PRF ဆိုတာ MOD အသိအမှတ်ပြု ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်။

အဲ့ဒီမှာ PRF 2.0 အစီအစဉ်ရှိတယ် အဲ့ဒါက အစီအစဉ် အသစ်နဲ့တူတယ်။ ကိုယ်ထောက်ပို့ချင်တဲ့ ပြည်နယ်/တိုင်း ကို ရွေးလို့ရတယ်။

ကိုယ်က တခုထက်ပိုရွေးလို့မရဘူးလား ဆိုပြီး သွားဂျီကျလိုက်သေးတယ်…..။ တနိုင်ငံလုံး လိုအပ်တဲ့နေရာ ထောက်ပို့ချင်လည်းရတယ်။

2.0 ကတော့ ကိုယ်အထူး စိတ်ဝင်စားတဲ့နေရာလေး ပို့ပေါ့နော် အဲ့လို အစီအစဉ်ပါ။

ကဲ…. အရေးတော်ပုံ ကာလမှာ လူတိုင်းက အရေးတော်ပုံ တပ်သားတွေပဲ….. လာပါ နိုင်ရာတာဝန် ထမ်းကြမယ်

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdf

အရေးတော်ပုံ အောင်ရမည်။



#လာပါငါတို့အတူတူရုန်းမယ်

#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF

#ထောက်ပို့လစဥ်အောင်ပွဲဝင်

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု



#ထောက်ပို့PRF

08/11/2023

နိုင်ငံတဝန်းက စစ်ဆင်ရေးတွေဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ ပြောရမှာပါ။ တနေရာတည်း တကွက်တည်း တိုက်တာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွက်ပြည့်နင်းတဲ့ မဟာဗျူဟာက ဒီတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်သလို အားသာချက်လည်း ဖြစ်ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်မှုကြောင့်ပဲ တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ ဒေသတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Ministry of Defence - National Unity Government of Myanmar's post 06/11/2023
Photos from Inywa People Defense Force- KT Region's post 03/11/2023
24/12/2022
07/12/2022

07/11/2022

ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၄ ခု (သာသနာသက္ကရာဇ် ၂၅၆၆ ခု) တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့တွင် တိုင်းရင်းသားညီအကိုမောင်နှမ ပြည်သူလူထုတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံလျက် ပြည်သူ့တော်လှန်ရေးတွင် ကျရာတာဝန်ကို အောင်မြင်စွာ ထမ်းရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
- #ပြည်သူသာအမိ၊ ပြည်သူသာအဖ၊ ပြည်သူကိုသာ အလေးအမြတ်ပြုကြ။
- #ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Photos from Ministry of Commerce , National Unity Government of Myanmar's post 11/10/2022
19/04/2022

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အင်တာဗျူး ကောက်နုတ်ချက်များ

၁။ ယခင်က PDF တွေအနေနဲ့ အနှစ် ၇ဝ သက်တမ်းရှိ စစ်ကောင်စီတပ်တွေကို နိုင်အောင်တိုက်နိုင်မှာ မဟုတ်ဟု ပြောခဲ့ကြသည်။ ယခု အခြေအနေမှာ စစ်ကောင်စီတပ်တွေဟာ PDF တွေကို နိုင်အောင် မတိုက်နိုင်တော့ပါ။

၂။ PDF တပ်ရင်း ၂၅၉ တပ်ရင်း ဖွဲ့စည်းပြီးပြီ။ မြို့နယ်အခြေခံ ပကဖ တွေကို မြို့နယ် ၂၅ဝ မှာ ဖွဲ့စည်းပြီးပြီ။

LDF ခေါ် မြို့ပြနဲ့ ကျေးလက်လူငယ်တွေရဲ့ ပြောက်ကျားတပ်ဖွဲ့က ၄ဝ၁ ဖွဲ့ ရှိပြီ။ အများစုက NUG နဲ့ ချိတ်ဆက်ပြီး။

၃။ PDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။

၄။ တော်လှန်ရေးအင်အားစုတွေဟာ ကျေးလက်ကိုပဲ ထိန်းချုပ်နိုင်ရာကနေ မြို့ပြတချို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အဆင့်တိုးတက်ရောက်ရှိ။

၅။ လက်ရှိ PDF သက်သက်အင်အား ၅ သောင်းမှ ၁ သိန်းအကြားရှိပြီ။ (အသေးစိပ်ပြောရန်ငြင်းဆို။)

၆။ အခုအချိန်ထိ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၄ သန်း ရရှိခဲ့ပြီး အဆိုပါငွေရဲ့ ၈၅% ကို လက်နက်တပ်ဆင်ရေးအတွက် သုံးစွဲခဲ့သည်။

၇။ ယင်းမာပင် PDF လို ဥပဒေမဲ့အဖွဲ့တွေကို လိုအပ်သလို စစ်ခုံရုံးနဲ့ စစ်ဆေးမည်။

၈။ လေယာဉ်ကွင်းတချို့ PDF ထိန်းချုပ်မှုအောက် မကြာခင် ရောက်ရှိလာနိုင်သည်။ ရဟတ်ယာဉ် ဆင်းရန်ပြေးလမ်းမလို။ လေယာဉ်၊ စစ်ရေယာဉ်၊ တင့်ကား၊ သံချပ်ကာကားတွေနဲ့ လာရောက်ခိုလှုံရေးအစီအစဉ် စကစ တပ်အတွင်းမှ ဆက်သွယ်တုံ့ပြန်ချက်ရရှိနေ။

၉။ EAO ၅ ဖွဲ့နဲ့ NUG အကြားနိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပြီး PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံးနောက်ထပ် ၄ ဖွဲ့ရှိသည်။ (အသေးစိပ်ပြောကြားရန်ငြင်းဆို။)

၁ဝ။ AA သည် NUG နဲ့ တလှေထဲစီးနေတယ်လို့ မပြောနိုင်တောင် တခရီးတည်းသွားနေတဲ့ မိတ်ဆွေကောင်း ဖြစ်သည်။

၁၁။ စစ်ကောင်စီ လက်လွှတ်ထားရပြီဖြစ်တဲ့ လွတ်မြောက်နယ်မြေ နိုင်ငံတခုလုံးရဲ့ ၅ဝ% ကျော်ရှိနေပြီဖြစ်ပြီး အဆိုပါ စိုးမိုးဒေသတွေမှာ NUG က ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ တရားစီရင်ရေးကို စတင်ဆောင်ရွက်နေပြီ။

၁၂။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည်။ စစ်အာဏာရှင်စနစ် အာဏာရှင်အတွေးအခေါ်ရှိသူတွေနဲ့ ဘယ်လို အပေးအယူမျှ NUG အနေနဲ့ လုပ်ကိုင်မည် မဟုတ်။

၁၃။ စစ်တပ်ရဲ့ အနာဂတ်ကို လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုံးဖြတ်ရမည်ဖြစ်သည်။ စစ်တပ်တခုလုံး ပြိုကွဲပျက်စီးမှုကို ရွေးမှာလား။ ပြည်သူကိုစောင့်ရှောက်ပြီး အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမည်လား ရွေးချယ်နိုင်သည်။

၁၂။ အမေရိကန်အစိုးရထံမှ ကူညီထောက်ပံ့ငွေ ရရှိလျှင် NUG နဲ့ အမေရိကန်အစိုးရ ညှိနိုင်းသုံးစွဲမည်။

၁၃။ တော်လှန်ရေးပြီးဆုံးတဲ့အခါ လက်ရှိစစ်ဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူ့အစိုးရက အပြည့်အဝတာဝန်ယူစောင့်ရှောက်မည်။

၁၄။ ၂ဝ၂၂ ခုနှစ်အတွင်း PDF နဲ့ မဟာမိတ်တွေလက်တွဲပြီး အရေးကြီးတဲ့ အောင်ပွဲတွေ ရယူမည်။

၁၅။ နွေဦးတော်လှန်ရေးကို အောင်ပွဲနဲ့ အမြန်ဆုံး အဆုံးသတ်ဖို့ NUG ကြိုးစားမည်။

copy from👇

https://m.facebook.com/story.php?story_fbid=1843620779165511&id=100005528202927

17/04/2022

မအလ အာဏာသိမ်းလိုက်တဲ့အခါ သူတို့ဘက်ကလူတွေက စကစ နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့သူများတယ်။
ဘာကြောင့်လဲ ဆိုရင် "De Facto" မြေပြင်အုပ်ချုပ်မှု အာဏာ ရှိတဲ့သူနိုင်မှာပဲ လို့ တွေးခဲ့ကြလို့။ သူတို့လိုပဲ အာဆီယံနိုင်ငံ အချို့လည်း တွေးခဲ့ကြမှာပါပဲ။ De Facto မရှိလို့ ပြည်သူတွေရဲ့တော်လှန်ရေးနဲ့ NUG ဟာ လေလှိုင်းထဲက ပျောက်သွားမယ်လို့လည်း ထင်ခဲ့ကြမှာပဲ။

အခုအချိန်ကာလမှာတော့ စကစ ရဲ့ အဓိက နိုင်ချေ လို့ သတ်မှတ်ခဲ့တဲ့ De Facto ပါဝါဟာ တော်တော်ကြီးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
▪️ဒီနေရာမှာ အပြည့်အဝ သိမ်းပိုက်အုပ်ချုပ်တာနဲ့ စိုးမိုး ထိန်းချုပ် တာဟာ တူသလိုနဲ့ တော်တော်ကြီး ကွဲပြားပါတယ်။
ဥပမာ စစ်ကိုင်း ကိုကြည့်မယ်ဆိုရင် မြေပြင် စစ်ရေးအခြေအနေ အများစုနဲ့ နယ်မြေ စိုးမိုးထိန်းချုပ်မှု အနေအထား အားလုံးဟာ Facebook ပေါ်တက်မလာတော့ပါဘူး။
​ဒါပေမယ့် စစ်ကိုင်းတိုင်း မြေပြင် မြို့နယ် အများစု (အခုဆိုရင် မုံရွာ ပါ ပါနေပြီ ပြောလို့ရနိုင်ပါတယ်) မှာ PDF/LDF တွေဟာ စိုးမိုး ထိန်းချုပ် ထားနိုင်တယ်လို့ ယေဘုယျ ပြောနိုင်ပါပြီ။
▪️ဆိုလိုတာက PDF/LDF တွေဟာ မြို့ကိုသိမ်းပြီး ရုံးထိုင်နေတာမျိုး မဟုတ်ဘဲ၊ မြို့တွေကို ပတ်ပြီးဝိုင်းထားတဲ့သဘောပါ။ တည့်တည့်ပြောရရင် မြို့ကြီး တွေကနေ စကစဟာ အုပ်ချုပ်နေတာမျိုး မဟုတ်တော့ဘဲ အလယ်မှာ အဝိုင်းခံထားရတဲ့ အနေအထားပါ။
⁉️ De Facto ကျလာရင် ဘာဖြစ်မလဲ?
သေချာတာကတော့ အုပ်ချုပ်ရေး ယန္တရား ပြိုဆင်းသွားပါလိမ့်မယ်။ စကစ ဟာ
၁။ စစ်တပ်/ရဲ
၂။ Non-CDM
၃။ လက်ဝေခံ(ပျူစောထီး၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ ဒလန်၊ အုပ်ချုပ်ရေးမှူး)
အစရှိတဲ့ ဖိုခနောက်ပေါ် သူ့ ယန္တရား ကို တည်ထားတာပါ။
နယ်မြေတွေကို ပြည်သူဘက်က "စိုးမိုးထိန်းချုပ်" လာတာနဲ့ အမျှ စကစ ဘက်သားတွေဟာ သွားလာရေး လမ်းကြောင်း အင်မတန်ကျပ်လာပါတယ်။ အထူးသဖြင့် ရိက္ခာလမ်းကြောင်း၊ စစ်ကူလမ်းကြောင်း မထောက်နိုင်တော့ပါဘူး။
စစ်တပ်/ရဲ အကာအကွယ် မပေးနိုင်တဲ့အတွက် စကစ အုပ်ချုပ်ရေး ဟာ လုံးဝ ပြိုသွားပါမယ်။

▪️အုပ်ချုပ်ရေး ပြိုရင် စကစရဲ့ စီးပွားရေး ပြိုပါမယ်။
မြို့တွေက အလယ်မှာ အဝိုင်းခံထားရပြီး၊ လမ်းကြောင်း တွေ မှန်သမျှ ဖြတ်တောက်ခံထားရလို့ အုပ်ချုပ်ရေး ပြိုပြီဆို De Facto ရဲ့ အားသာချက်ဖြစ်တဲ့ အခွန်အကောက်တွေ၊ စီမံကိန်း ရငွေ တွေ ... စတဲ့ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေတွေ ဆုံးရှုံးပါမယ်။
စကစ ဟာ မကြာခင် ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း(မြောက်)၊ ကရင်နီ၊ ကရင်၊ မကွေးမြို့နယ်များ က PDF "လွှမ်းမိုးထိန်းချုပ်" နယ်မြေအားလုံးက ဝင်ငွေ ကို ဆုံးရှုံးရပါလိမ့်မယ်။
▪️သူ့ ဝင်ငွေ ဆုံးရှုံး၊ ကိုယ့် ဝင်ငွေ တိုးမလား?
NUG အတွက် အဓိက အသက်ဟာ စကစ De Facto ဆုံးရှုံးသွားတဲ့ နေရာတိုင်းမှာ "အုပ်ချုပ်ရေးလေဟာနယ်" မဖြစ်အောင် ပြည်သူ့ အုပ်ချုပ်ရေး ထူထောင်ဖို့ပါ။
​ဒီအချိန်မှာ ကြားကာလ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အကုန် အရေးပါလာပါမယ်။
အထူးသဖြင့် NUG ရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ဘဏ်စနစ် တစ်ခုသာ တည်ဆောက်နိုင်ခဲ့ရင် တော်တော်ကို အသာစီး ရပြီ ပြောနိုင်ပါလိမ့်မယ်။
စကစ ဟာ အဲဒါကြောင့် နယ်စပ် ကုန်သွယ်ရေး အသက်ဖြစ်တဲ့ မြဝတီ လို မြို့မျိုးကျသွားမှာ အင်မတန် စိုးရိမ်နေတာပါ။
များမကြာမီတော့ စစ်ရေး ယှဥ်ပြိုင်မှု အပြင် ...
၁။ အုပ်ချုပ်ရေး၊
၂။ စီးပွားရေး၊
၃။ Legitimacy တရားဝင် အသိအမှတ်ပြုမှု တို့ပါ ထင်ထင်ရှားရှား ယှဥ်ပြိုင်လာရတော့မယ်လို့ မြင်ပါတယ်။
နေပြည်တော် ဟာ နိုင်ငံရဲ့ဗဟိုချက်ကနေ အုပ်ချုပ်တဲ့ နေရာ အဖြစ်ကနေ၊ အလယ်တည့်တည့် မှာ အားလုံးက ဝိုင်းတာ ခံထားရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အခု နမခ မုံရွာ မှာ ခံနေရသလိုမျိုးပေါ့ ... ။
တော်လှန်ရေး ရပ်သွားမှာ၊ သွေးအေးသွားမှာ မပူပါနဲ့တော့၊ နွေဦးတော်လှန်ရေး ဟာ လုံးဝ မရပ်နိုင်တော့ပါဘူး။
အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေး အစီအမံ ချင်းပါ စီးချင်းထိုးလာရတော့မှာပါ ......

Credit. ..

13/04/2022

အင်ပါယာတစ်ခု ကျဆုံးခန်း
-----------------------------------------------

မော်ခီးစခန်းအတိုက်ခံရချိန်မှာ ဒဏ်ရာရတဲ့စစ်သားတွေကို ဆွဲမထုတ်နိုင်လို့ စစ်တပ်ထဲ ဂယက်ထနေတယ် ။ ၃ ရက်ကြာတဲ့အထိ ဆွဲမထုတ်နိုင်ပဲ ပစ်ထားလိုက်ရတော့တဲ့အဆင့် ။PDFက လူ၊လက်နက်အင်အား အမြဲတိုးတက်လာတယ်။ တပ်မှာ အရန်အင်အား အရမ်းနည်းနေပြီ။

မုံရွာအထွက်ကားလမ်းတွေမှာလည်း မှတ်ပုံတင်စစ်ဆေးတာတွေလုပ်နေတာ စစ်တပ်က မဟုတ်တော့ဘူး ။ ပြောက်ကျားတပ်တွေက စစ်ဆေးနေတာ ။

ဘုတလင်ရဲစခန်းကို ပြောက်ကျားတပ်တွေ ဝင်တိုက်တော့လည်း စစ်တပ်ဟာ မုံရွာကနေ စစ်ကူလိုက်မပေးနိုင်တော့ဘူး ။ ရဲ ၁၇ ယောက်ကျပီး စခန်းကို ပြောက်ကျားတပ်တွေက သိမ်းသွားတယ် ။ကားလမ်း၊ ရထားလမ်းပေါ်က အဓိကရွာ ကျတာတောင် နမခမှာ တပ်ကူလွှတ်စရာ မရှိဘူး။ အနားကမြို့မှာ ၂/၃ရင်း ရှိပေမယ့် မြို့နဲ့ ဗျူဟာလမ်း လခရတာဝန်ကနေ ဆွဲထုတ်မရအောင် ဝန်ပိနေတယ်။

သတင်းတက်လို့ အပေါ်ကထောင်းမှ မရမက လူစု၊ စစ်ကြောင်းထိုးတာမျိုးလုပ်နိုင်တာ။ လူကြီးမသိရင် အင်အားထုတ်နှုတ်၊စုဖွဲ့ဖို့ ခက်နေတော့ စစ်ကြောင်း မထိုးတော့ဘူး။ထိုးတော့လည်း တွေ့ရာရွာကိုမီးဝင်ရှို့ပြီးပြန်ကြတာ

အဲ့လိုနဲ့ပဲ မြို့ပေါ်နဲ့ ဗျူဟာလမ်းမကြီးတွေကလွဲရင် ကျေးလက်တွေ PDFလက်ထဲ ရောက်ကုန်တာ။

အနေအထားက ကျေးရွာတွေတင်မကပဲ မြို့ငယ်တွေကိုပါ စစ်တပ်မထိန်းချုပ်နိုင်တော့ ။
စစ်ကိုင်းဘက်ကို စစ်ကြောင်းပြန်ထိုးချင်ရင် ကရင်နီဒေသက တပ်တွေကို ပြန်ထုတ်ရမယ် ။ သေချာပေါက် လွိုင်ကော်ထိ ပြောက်ကျားတပ်တွေ ပြန်တက်လာဦးမှာပဲ ။ရခိုင်မှာတပ်မ၅ခု ရှမ်းမြောက်မှာ တပ်မ/စကခ ၁၀ခုလောက်ပိတ်မိနေတယ်။

နိုင်ငံအရှေ့ထိပ်အနောက်ထိပ်ပတ်ပြေးရင်းနဲ့ စစ်တပ်ရဲ့ဂဏန်း ၂ လုံးတပ်မတွေဟာ စစ်ပန်းလာသလို လုံးပါးလည်းပါးလာတယ် ။ ဒါ့ကြောင့် ရင်ဆိုင်တိုက်ပွဲတွေမှာ ဗိုလ်ကြီးတွေ ခဏခဏ အရှင်အဖမ်းခံနေကြရတာ ။
သူတို့ရဲ့ တကဲ့အရင်းအမြစ်ပြဿနာက အဲ့ဒါပဲ / မင်းအောင်လှိုင်ပျော့လို့လည်းမဟုတ်သလို လက်နက်တွေမသုံးလို့လည်းမဟုတ်ဘူး ။ သုံးစရာလက်နက်လည်း ဟွာဆောင်းICBMပဲ ကျန်တော့တယ်

သူတို့မှာရှိတဲ့ လူအင်အားက အရေအတွက်ရော အရည်အသွေးပါ ယုတ်လျော့လာတာ ။ ဒါကို ဝန်မခံချင်လို့ ထမင်းရေပူလျှာလွှဲပီး သူတို့အထက်ကို ပြန်ပက်နေကြတာ ။

ပျူစောထီးတွေဆီကနေ တပ်သားရေသောက်မြစ်တချို့ရနိုင်မယ်ထင်ထားပေမဲ့ ပျူစောထီးတွေဟာ အရေပါးတော့ တပ်ဆင်ပေးလိုက်တဲ့လက်နက်တွေကို ပြောက်ကျားတွေက အလွယ်တိုက်ယူလို့ရတာတွေရှိနေတယ် ။

ပွင့်လင်းရာသီတွင်း ကားလမ်းပေါက်တဲ့မြေပြန့်ဒေသတွေမှာတင် အရှုံးပေါ်နေတဲ့စစ်တပ်ဟာ ရေရှည်မဟန်နိုင်မှန်း သူ့တို့ဖာသာသိလာဖို့ ဒီတမိုးကုန်ချိန်ထိတော့ ဖိနေရမယ်လို့ ယူဆမိတယ် ။

ချင်းမှာလည်း စစ်တပ်ဟာ မြို့ထဲကနေ အပြင်မထွက်နိုင် ။ နယ်မြေတကျောတည်းဆက်စပ်နေတဲ့ မကွေးလိုဒေသမှာလည်း ကပစအထွက်မှာတင် အစီးခံရတာကိုတွေ့ရတယ်။

မြန်မာပြည်သူတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ သဘယ်ပြည်ပထောက်ပံ့မှုမှ မပါပဲ ဒီလို ခရီးရောက်လာတာပါ ။ ကမ္ဘာမှာ ဒီလိုအနေအထားနဲ့ ဒီလောက် ခရီးပေါက်တဲ့ တော်လှန်ရေး ၃ ခုထက် ပိုမရှိဘူး ။

PDFရဲ့ အားနည်းချက်က အင်အားရာဂဏန်းနဲ့ စစ်ကြောင်းထိုးခံရရင် ချေမှုန်းဖို့ လက်နက်အင်အား မရှိတာ။
စစ်တပ်ရဲ့ အားနည်းချက်က ရန်သူတွေ့တာတောင် ချေမှုန်းဖို့ အင်အားထုတ်နှုတ်စုဖွဲ့စရာ မရှိတာ။
လက်နက်က ချက်ချင်းဝယ်၊ ချက်ချင်းရပေမယ့် စစ်သားသစ်က ၆ လလောက် အချိန်ပေးရတယ်။
တော်လှန်ရေးဦးဆောင်သူတွေသာ လက်နက်အင်အား အမြန်ဆုံးဖြည့်တင်းပေးနိုင်ခဲ့ရင် နိုင်ဖို့ များတယ်။

ဒီပွဲနိုင်ခြေ မြင့်လာစေတဲ့ ဒုတိယအကြောင်းရင်းက စစ်တပ်ရဲ့ ရာထူးတိုးစနစ်ကြောင့်။

၂၀၁၀ ဝန်းကျင်ကစ ပြီး စစ်တပ်ထဲ ရာထိုးတိုးရင် အရင်လို ဖိုက်တာအရာရှိကို ဦးစားမပေးတော့ဘူး။
အဘကို အကြိုက်ဆောင်၊ ကတော်ကြီးတွေကို ဖား၊ ရုံးပေါင်းစုံ လှည့်ပတ်ခွေနေသူကို ဦးစားပေးတယ်။

အကျိုးဆက်ကို ကချင်စစ်ပွဲ၊ ကိုးကန့်စစ်ပွဲတွေမှာ ထင်ထင်ရှားရှား မြင်ရတယ်။ စစ်ပွဲမစတင်ခင်က ဝင်ငွေကောင်းတဲ့နေရာတွေဖြစ်လို့ ဖိုက်တာထက်၊ စားဖားတွေ ဦးစီးခွင့်ရတယ်။ စစ်လည်း စဖြစ်ရော အလဲလဲအကွဲကွဲ ခံရတော့တာပဲ။ အထိနာတော့မှ ချောင်ထိုးထားတဲ့ဖိုက်တာတပ်မှူးတွေ လွှတ်တယ်။

ဖိုက်တာတွေ ရောက်လာမှ အသာစီးရသွားတယ်။ EAO တွေအပြင် စစ်ရေးလေ့လာသူတွေပါ သတိထားမိတဲ့ ဖိုက်တာအရာရှိတွေ ပေါ်လာတယ်။ အားလုံးထင်ကြတာက ဒီအရာရှိတွေ ရာထူးတိုးပြီး ဦးဆောင်လာမယ့် စစ်တပ်ဟာ ပြည်တွင်းစစ်မှာ အသာစီးရသွားတော့မယ်ဆိုတာပဲ။
တကယ်တမ်း ဒီလိုဖြစ်မလာခဲ့ဘူး။ ဆယ်နှစ်ဆိုတဲ့ ကာလအတွင်း နာမည်ကျော်ဖိုက်တာအရာရှိထဲက အများစု တပ်က အနားယူသွားတယ်။ ကျန်သေးသူ တချို့လည်း ထိပ်ပိုင်းရာထူးထိ ရောက်မလာဘဲ မှေးမှိန်ပျောက်ကွယ်သွားတယ်။

သိသလောက်ဆို လဂျားယန်ဂွင်ကတစ်ယောက်နဲ့ လောက်ကိုင်ပွဲကတစ်ယောက်ပဲ ရာထူးမြင့်မြင့် ရောက်တယ်။ ဒါပေမယ့် နှစ်ယောက်လုံး တပ်မမှူး၊ တိုင်းမှူး မဖြစ်ခင် နားလိုက်ရတယ်။ စစ်ဆင်ရေးမှာ စစ်မတိုက်ဖူးတဲ့ အထက်အရာရှိကြီးတွေနဲ့ ငြိပြီး နားလိုက်ရတာ။ ထိပ်ပိုင်းမှာ ရာထူးတိုးဖို့ လိုအပ်မှ စစ်ဆင်ရေးဂွင် သိပ်မဝင်ရတဲ့တပ်တွေ ဆင်းကိုင်တဲ့ အရာရှိတွေ များတယ်။ ရာထူးကြီးကြီးရောက်ရင် ဘောမတွေတောင် ငါတို့အဘ ဘယ်ပွဲရခဲ့တာဆိုပြီး အမွှန်းတင်စရာမရှိတဲ့တပ်မှူးတွေ။

၂၀၂၀ နောက်ပိုင်း အဲ့လိုလူတွေ များလွန်းလာတော့ လိုအပ်ချိန် ဆွဲထုတ်သုံးစရာ ဖိုက်တာအရာရှိတောင် ရှာရခက်လာတယ်။ ရှိသမျှဖိုက်တာအရာရှိလည်း ပွဲမတိုးဖူးတဲ့အထက်အဆင့်ဆင့်က လှုပ်မရအောင် ချုပ်တာခံထားရတော့ အစွမ်းမပြနိုင်ဘဲ မြေပြင်မှာ ခံရတော့တာပဲ။ တပ်မတစ်ခုက နည်းဗျူဟာ ၃ ခုကို စစ်ကိုင်း၊ ကရင်နီ၊ ကရင် တစ်နေရာစီ ခွဲလွှတ်တာ၊ ဗိုလ်ချုပ်အဆင့်က ပွိုင့်ခွဲမှူးထိ ချိတ်ဆက်နေတာ ကြည့်ရင် စစ်ရေးအမြင် ဘယ်လောက်စုတ်ချာမှန်း သိသာတယ်။ အခုတော့ အမှန်မမြင်၊ အမှားမပြင်ဘဲ ပရုပ်လုံးစစ်ဗျူဟာနဲ့ လုံးပါးပါးနေတဲ့စစ်တပ်ကြီး ဖြစ်စပြုနေပြီ။

ဒီအတိုင်း ဆက်သွားရင် လာမယ့်မိုးရာသီမှာ တော်လှန်ရေးအုပ်စုတွေ အင်အားပိုကောင်းလာပြီး၊ ပွင့်လင်းရာသီမှာ EAO တွေကပါ အခွင့်ကောင်းယူ ထိုးစစ်ဆင်လာရင် ပြိုကျသွားနိုင်တယ်။

ဘုရားရှေ့မယ် ဆောင့်ကြောင့်ထိုင်နေသေးပေမယ့် အရင်ခေတ်လို ခြင်္သေ့မဟုတ်တော့ဘူး။

အမှန်ပြောရရင် နှမြောတော့နှမြောမိတယ် ဒီစစ်တပ်ဟာလည်း တော်လှန်ရေးတခုက ပေါက်ဖွားလာတာပဲလေ ၊

အနှစ်၇၀တည်ဆောက်လာခဲ့ရတဲ့ အင်ပါယာကြီးတခု တဝုန်းဝုန်းပြိုကျနေတာမြင်ရတာ သံဝေဂတွေလည်းရပါတယ်။

တချိန်က အင်းစိန်ရဲ့ မြေတလက်မချင်းကို ရင်ကတုတ်လုပ်ပြီး သိမ်းခဲ့တယ်ဆိုတဲ့တပ်၊ ww2အတွေ့အကြုံရင့်တရုတ်ဖြူရဲ့ လွယ်တော်ခမ်း ခံစစ်ကို ၃နာရီနဲ့အရတိုက်ပြခဲ့တယ်ဆိုတဲ့တပ်၊ ဗကပတွဲဖက် PLA အရာရှိတွေကပါ ခေါင်းမာပြီး ကျားကုတ်ကျားခဲ တိုက်ပွဲဝင်တတ်လို့ အနိုင်ယူဖို့ ခက်ခဲလွန်းတဲ့စစ်တပ်လို့ပြောခဲ့ရတဲ့စစ်တပ်၊ မဲသဝေါကို မဖြစ်နိုင်တဲ့အနေအထားကနေပြန်တိုက်ယူခဲ့တဲ့ စစ်တပ်.........

အဲဒီလိုစစ်တပ်တစ်ခုဟာကိုယ်တိုင်သူဘာသူ ပြန်ဖျက်ဆီးတာရော၊ပြည်သူနဲ့ ရန်စစ်ဖြစ်လို့ရော ပျက်စီးသွားခဲ့တယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်သွားတော့မှာပေါ့

အရေးတော်ပုံ အောင်ရမည်

credit:

11/04/2022

ဒီတခေါက် စာအရှည်ကြီးတင်ပါပြီ အဆင်ပြေနေတယ်ထင်ကြမှာစိုးလို့ပါ

Crd to original uploader

ညအိပ်ချိန် တခါးဆွဲဖွင့်သံကြားရင်
လမ်းမှာ စစ်ဆေးတာတွေ့ရင် ဘယ်လိုခံစားရတာလဲဆိုတာ
CDMတွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက မန္တလေးက CDM သူနာပြုဆရာမတစ်ယောက် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားပါတယ်။ အဲဒီ့သတင်းကိုကြားသိခဲ့ရတုန်းက ကျွန်တော့်စိတ်ထဲ တွေးမိတာတစ်ခုရှိတယ်။ ဘယ်လိုအကြောင်းတရားတွေက ကိုယ့်ကိုကိုယ်သတ်သေဖို့အထိ ဖြစ်သွားစေတာလဲ၊ မသေခင်မှာ သူမဟာ ဘယ်လောက်တောင် စိတ်ပျက်နာကျည်းစရာတွေ ကြုံတွေ့ခဲ့ရသလဲ လို့ပါ။

တကယ်တော့ နွေဉီးတော်လှန်ရေးကို စတင်အသက်သွင်းပေးခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ အင်မတန်လေးစားစရာကောင်းသလို သနားစရာလည်းကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လေးစားစရာကောင်းတာလဲဆိုတော့ အစစအရာရာအခြေကျနေတဲ့ ဝန်ထမ်းဘဝ၊ ရာထူး၊ နေအိမ်၊ စည်းစိမ်တွေကို စွန့်ခဲ့ကြလို့ပါ။

CDM ဝန်ထမ်းတွေသာ မရှိခဲ့ရင် မြန်မာပြည်ဟာ စစ်ကျွန်ဘဝကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အပြီးတိုင်ကျရောက်သွားမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေရဲ့ အနစ်နာခံတိုက်ပွဲဝင်မှု၊ CDM မွာ ပူးပေါင်းပါဝင်ပေးမှုတွေကြောင့် နွေဉီးတော်လှန်ရေးဟာ အင်အားကောင်းမွန်ခဲ့တာဖြစ်ပြီး တစ်ဆင့်ခြင်းစီ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်မှုကနေ လက်နက်ကိုင်တော်လှန်ရေးအဆင့်ကို ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

အမြဲတမ်းဉီးညွှတ်အလေးပြုရမယ့်သူတွေထဲမှာ CDM ဝန်ထမ်းတွေ ပါဝင်ပါတယ်။ အချောင်သမားစိတ်ဓာတ်မရှိဘဲ တော်လှန်ရေးမှာပါဝင်တယ်၊ ရယူလိုစိတ်ထက် ပေးဆပ်အနစ်နာခံလိုစိတ်များတယ်၊ ဒီလောက်ဒုက္ခပေါင်းများစွာနဲ့ ကြုံတွေ့နေရတာတောင် ပြည်သူ့အစိုးရတက်မှ ရုံးပြန်တက်မယ် ဆိုတဲ့ ခိုင်မာတည်ကြည်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

ဒီလိုမျိုး လေးစားစရာကောင်းတဲ့ CDM ဝန်ထမ်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အမေ့လျော့ခံ၊ အပစ်ပယ်ခံဘဝကို မသိမသာကျရောက်ခဲ့ပါတယ်။ အဲဒါကြောင့် CDM ဝန်ထမ်းတွေဟာ သနားစရာကောင်းတယ်လို့ ပြောရတာပါ။ တော်လှန်ရေးအစပိုင်းတုန်းက ရုံးမတက်နဲ့ ရုန်းထွက်၊ အိမ်မှာပဲနေပါ ပြည်သူက ကျွေးထားမယ် ဆိုတာမျိုး ကြွေးကြော်ခဲ့ကြပါတယ်။ တော်လှန်ရေးကာလကြာလာတော့ ပြည်သူတွေကလည်း (ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ) မထောက်ပံ့နိုင်တော့ပါဘူး။ CRPH ကလည်း မကူညီနိုင်တော့ပါဘူး။ ပြည်သူ့အစိုးရ(NUG) ကလည်း ထိထိရောက်ရောက်တာဝန်မယူနိုင်တော့ပါဘူး။ ဒီအခါမွာ CDM ဝန်ထမ်းတွေဟာ မတရားမှုကိုတော်လှန်ရင်း ဒုက္ခပင်လယ်ထဲ ပြုတ်ကျကုန်ပါတယ်။

စစ်ကောင်စီရဲ့ CDM ဝန်ထမ်းတွေအပေါ် ရက်စက်ယုတ်မာမှုများ

မအလဦးဆောင်တဲ့ စစ်ကောင်စီဟာ ယခင်အာဏာသိမ်းစစ်အာဏာရှင်တွေထက် ပိုပြီး ရက်စက်ယုတ်မာပါတယ်။ အဆိုးဆုံးက မအလရဲ့ အငြှိုးအတေးပါပဲ။ သူဟာ CDM ကြောင့် နွေဦးတော်လှန်ရေး အသက်ဝင်အောင်မြင်ခဲ့တာကို သဘောပေါက်ပြီး CDM ဝန်ထမ်းတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်ပါတယ်။ ယခင်အာဏာသိမ်းခေါင်းတွေဟာ CDM ဝန်ထမ်းတွေကို အလုပ်ပဲထုတ်ပစ်တာပါ။ အနည်းစုလောက်ကိုသာ ဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။ မအလလက်ထက်မှာ CDM ဝန်ထမ်းတွေကို အလုပ်ထုတ်ပစ်ရုံနဲ့ အားမရဘဲ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ပါတယ်။ အဖမ်းမခံရဘဲ လွတ်မြောက်နေသူတွေကိုလည်း ဆက်လက်အသက်မရှင်နိုင်အောင်၊ ရှင်သန်ဖို့အတွက် ခက်ခဲအောင် နည်းမျိုးစုံနဲ့ ယုတ်မာပါတယ်။ CDM ဝန်ထမ်းဆိုရင် အလုပ်မခန့်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ လုပ်ငန်းတွေကိုပါ အမိန့်ပေးပါတယ်။ ပြည်တွင်းမှာ ငတ်ပြီးသေအောင် စီစဉ်ထားသလို၊ ပြည်ပမထွက်နိုင်အောင်လည်း သေချာပိတ်ဆို့ထားပါတယ်။ CDM ဝန်ထမ်းတွေရဲ့စာရင်းကို လ.ဝ.က ဆီ ပို့ထားပြီး လေဆိပ်မှာ ဖမ်းဖို့ အမိန့်ပေးထားပါတယ်။

CDM ဝန်ထမ်းတွေ ရခဲ့သော စိတ်ဒဏ်ရာ(trauma) များ

(၁) လူပိုတစ်ယောက်လို ခံစားမိတဲ့ စိတ်ဒဏ်ရာ(trauma)

CDM ဝန်ထမ်းအများစုကို လေ့လာကြည့်တဲ့အခါ အာဏာမသိမ်းခင်တုန်းက အလုပ်ကို ရိုးရိုးသားသား ကြိုးစားလုပ်ခဲ့သူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်လို့သာ အလုပ်နဲ့ရာထူးကို စွန့်လွှတ်ခဲ့ရပေမယ့် အရင်တုန်းက အလုပ်အပေါ်တန်ဖိုးထားသူ၊ ကိုယ့်တာဝန်ကို ကျေပွန်သူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အောက်ခြေဝန်ထမ်း သန့်ရှင်ရေးဝန်ထမ်းကနေ အဆင်မြင့်အရာရှိကြီး ပါမောက္ခချုပ်အဆင့်အထိ CDM ဝန်ထမ်းအများစုဟာ အတူတူပါပဲ။ အဲဒီ့လို အလုပ်ကြိုးစားတဲ့သူတွေဟာ CDM လုပ်တဲ့အချိန်မှာ အလုပ်မလုပ်ရတဲ့အတွက် ကိုယ့်ကိုကိုယ် လူပိုတစ်ယောက်လို ခံစားမိလာကြပါတယ်။ အဲဒါဟာ CDM ဝန်ထမ်းအများစုကြုံရတဲ့ စိတ်ဒဏ်ရာ(trauma) ပဲ ဖြစ်ပါတယ်။

(၂) လုံခြုံရေးဆိုင်ရာ စိတ်ဒဏ်ရာ(trauma)

တော်လှန်ရေးအစကတည်းကနေ အခုအချိန်ထိ CDM ဝန်ထမ်းတိုင်း ခံစားရတာ မလုံခြုံမှုဘဲ ဖြစ်ပါတယ်။ ဘယ်အချိန်ကိုယ့်ကို လာဖမ်းမလဲ၊ သွားရင်းလာရင်း အဖမ်းခံရမလား၊ ကိုယ့်ကို CDM ဆိုပြီး တစ်ယောက်ယောက်က တိုင်လိုက်လို့ အဖမ်းခံရမလား စသဖြင့် မလုံခြုံမှုကို ခံစားရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေရပါတယ်။ လွတ်မြောက်နယ်မြေကို မသွားနိုင်ဘဲ မြေပြန့်မှာနေထိုင်တဲ့ CDM ဝန်ထမ်းမှန်သမျှ လုံခြုံရေးဆိုင်ရာ စိတ်ဒဏ်ရာ(trauma) ရှိပါတယ်။ ညဘက်ခွေးဟောင်သံကြားရင် လန့်နိုးတာ၊ ရဲကား/စစ်ကားတွေတွေ့ရင် လန့်နေတာ၊ လူစိမ်းမြင်ရင် ဘယ်သူလဲ၊ ဘာဖြစ်နိုင်မလဲဆိုပြီး စိုးရိမ်ပူပန်နေကြရပါတယ်။

(၃) စားဝတ်နေရေးကျပ်တည်းမှုကြောင့်ရတဲ့ စိတ်ဒဏ်ရာ(trauma)

CDM လုပ်ကြတဲ့ဝန်ထမ်းအများစုဟာ အောက်ခြေဝန်ထမ်းတွေများပါတယ်။ တချို့သော အရာရှိတွေဟာလည်း ဝန်ထမ်းဘဝမှာ မှန်မှန်ကန်ကန် နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့မွာ ငွေပိုငွေလျှံမရှိကြပါဘူး။ ဝန်ထမ်းဘဝမှာ ခွင်(ဂွင်)ကောင်းတဲ့ဝန်ထမ်းတွေဟာ မတရားမှန်းသိပေမယ့်/အမှန်အမှားခွဲခြားသိပေမယ့် CDM မလုပ်ကြတာများပါတယ်။ ရထားတဲ့ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ အဆုံးရှုံးမခံနိုင်ကြလို့ပါ။ အဲဒီ့တော့ CDM ဝန်ထမ်းအများစုဟာ အလုပ်ပြုတ်၊ လစာမရတာ့ စားဝတ်နေရေးကျပ်တည်းကုန်ကြပါတယ်။ ထောက်ပံ့ကြေးလည်း မရ၊ အလုပ်အကိုင်လည်း အဆင်မပြေတဲ့အခါ သိမ်ငယ်မှုတွေနဲ့ စိတ်ဒဏ်ရာတွေ ရကုန်ကြပါတယ်။

(၄) ခွဲခြားဆက်ဆံခံရမှုကြောင့်ရတဲ့ စိတ်ဒဏ်ရာ (trauma)

ဂုဏ်သိက္ခာဆိုတာကို နားမလည်တဲ့ပတ်ဝန်းကျင်၊ အမှန်အမှားထက် ရာထူးအာဏာကို မက်မောကြတဲ့ပတ်ဝန်းကျင်မှာ CDM ဝန်ထမ်းတွေဟာ ခွဲခြားဆက်ဆံခံရပါတယ်။ တချို့ဆိုရင် CDM ဘာလို့လုပ်တာလဲဆိုတာမျိုး မေးခွန်းထုတ်ကြပါတယ်။ တချို့က CDM လုပ်တာ ရူးလို့လုပ်တာဆိုတာမျိုး လှောင်ပြောင်ကြပါတယ် ။ တချို့ကဆိုရင် အလုပ်မလုပ်ချင်လို့ CDM လုပ်တာ၊အကြွေးမဆပ်ချင်လို့ CDM လုပ်တာ
ဆိုပြီး စော်ကားကြပါတယ်။ CDM ဝန်ထမ်းတွေဟာ ကူရာကယ်ရာမဲ့ပြီး အရမ်းမွန်းကျပ်လွန်းလို့ ရင်ဖွင့်ကြပြန်တော့ CDM တွေက အသံကိုထွက်တယ်၊ ကိုယ့်ဖာသာ CDM လုပ်တုန်းကလုပ်ပြီး ဆိုတာမျိုး မိုက်မိုက်ရိုင်းရိုင်း စော်ကားပြောဆိုကြပါတယ်။ လူသိများတဲ့ နိုင်ငံခြားရောက် ဆယ်လီတစ်ယောက်ကဆိုရင် CDM လောက် လုပ်ပြီး ကျေနပ်အားရမနေပါနဲ့ ဆိုတာမျိုး မသိနားမလည်ဘဲ ထင်ရာပြောဆိုတာကို တွေ့ရပါတယ်။

CDM ဝန်ထမ်းတွေဟာ ရေပေါ်ဆီလူတန်းစားတွေရဲ့ ခွဲခြားဆက်ဆံခံရရုံသာမကဘဲ၊ မသိနားမလည်တဲ့သူတွေရဲ့ အထင်အမြင်သေးခြင်းကိုလည်း ခံရပါတယ်။ ပိုပြီးရင်နာစရာကောင်းတာက CDM ဝန်ထမ်းကို CDM ဝန်ထမ်းကတောင် ထပ်မံခွဲခြားဆက်ဆံတာပဲ ဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ မင်းတို့ CDM တွေက ဘာတွေဒီလောက်တောင် အသံထွက်နေတာလဲ၊ ငါတို့လည်း CDM ပဲ၊ ဘာအသံမွ မထွက်ပါဘူး၊ ဒီလောက်လည်း ဒုက္ခမရောက်ပါဘူး ဆိုတာမျိုးပါ။ အဲ့လိုလူတွေကို ကြည့်လိုက်ရင် ငွေပိုငွေလျှံရှိတဲ့သူတွေ၊ နောက်ခံဘက်ဂရောင်းတောင့်တဲ့သူတွေ၊ လစာမရလည်း အေးဆေးနေနိုင်သူတွေ၊ လုံခြုံဘေးကင်းတဲ့အရပ်မှာ နေထိုင်သူတွေ ဖြစ်နေတတ်ပါတယ်။

CDM ဝန်ထမ်းတွေဟာ ဖယောင်းတိုင်တွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ ပတ်ဝန်းကျင်ကို အလင်းရောင်ပေးရင်း ကိုယ်တိုင်လောင်ကျွမ်းခံနေရသူတွေပါ။ တချို့တွေက ဘုရားပြီး ငြမ်းဖျက် ပုံစံမျိုးနဲ့ CDM က ဒီအချိန်မှာ ဘာမှမသုံးမဝင်ဘူး။ PDF တွေကို လှူမှ တော်လှန်ရေးအောင်မြင်မှာ။ CDM တွေမှာ ခြေလက်အကောင်းကြီး။ သူတို့ဖာသာ ရှာစားနိုင်တယ် ဆိုတာမျိုး ပြောဆိုကြပါတယ်။ အဲဒီ့ခြေလက်အကောင်းတွေကို အလွယ်တကူမလှုပ်နိုင်အောင် စစ်တပ်ကယုတ်မာထားတယ်ဆိုတာကို မသိတာလား၊ သိရက်နဲ့ တမင်ကျေးဇူးကန်းသလားတော့ မပြောတတ်ပါ။
(ဆိုလိုတာက Non CDMလုပ် PDFတွေကိုလှူပါပေါ့။CDMထောက်တိုင်ကိုဖြုတ်လို့မရပါဘူး)

လောင်စာမကုန်သရွေ့တော့ ဆက်လက်ပြီး အလင်းပေးနေဦးမှာပါပဲ။
တန်ဖိုးထားခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဆက်လက်တောင့်ခံနေဦးမှာပါ။စစ်ဖိနပ်အောက် ဒူးထောက်လိုစိတ်စိုးစဉ်းမျှမရှိ။
နောက်မျိုးဆက်သစ်တွေကို ကျွန်တော်တို့ ခံစားခဲ့ရတဲ့ဒုက္ခမျိုးတွေ
မခံစားစေချင်တော့ဘူးလေ။

ဘယ်လောက်ပဲ သိမ်ငယ်ရပါစေ
ဘယ်လောက်ပဲ ပျက်ရယ်ပြုစော်ကားခံရပါစေ၊
ဖယောင်းတိုင်တွေလို ပတ်ဝန်းကျင်ကိုအလင်းရောင်ပေးရင်း အမှန်တရားဘက်မှာရပ်တည်ပြီး ကိုယ်တိုင်လောင်ကျွမ်းခံနေပါ့မယ်။

Crd to original uploader

06/04/2022

🔥တော်လှန်ရေးညီနောင်များသတိပြုနိုင်ပါရန်

၆၀ မမ ကို စမ်းတာ ဧရာဝတီတိုင်းတခုတည်းမှာတင် ၁၆ ယောက်သေပြီလို့ ကြားလိုက်တယ်။ အတန်တန်ပြော၊ အတန်တန်တားပါတယ်။ Welding ဆက်ထားတဲ့ အစိတ်အပိုင်းတွေဟာ ပေါက်ကွဲအားကို မခံနိုင်ပါဘူး။ ဥပမာ - ပြောင်း။ ပြောင်းဟာ သံမဏိချောင်း Solid Round Bar ကို စူး Drill အရှည်နဲ့ Deep Drilling လုပ်ယူရတာပါ။ ပြီးရင် စက်စားခြင်း Machining ကြောင့်ဖြစ်တဲ့ ဒဏ်တွေ Stress တွေကို ပြန်ဖြေလျော့ပေးရပါတယ်။ စူးကြောင့်ဖြစ်တဲ့ ဒဏ်တွေကို မျက်စိနဲ့ မမြင်ရပါဘူး။ အဲဒီနေရာတွေကနေလည်း ကွဲထွက်နိုင်တယ်။

ဒဏ်ဖြေခြင်း Stress Relieving မှာလည်း သုံးတဲ့ သံမဏိရဲ့ ဂုဏ်သတ္တိအလိုက် အမျိုးမျိုးခြားနားပါတယ်။ လေလုံတဲ့ မီးဖိုကောင်းကောင်းနဲ့ ပြန်ဖုတ်ရတာပါ။ အပူပေးနေတုန်း အောက်ဆီဂျင်နဲ့ ထိတွေ့မှုဖြစ်ရင် သံချေးတက်ပါမယ်။

အပေါ်ယံမျက်နှာပြင် Surfaces တွေကို ပွတ်တိုက်မှုခံနိုင်အောင် အမာတင်ခြင်း Hardening လုပ်ရပါတယ်။ ဒါပေမယ့် အတွင်းသားတွေကိုတော့ မာအောင်လုပ်လို့ မဖြစ်ပါဘူး။ ပျော့နေမှ ဆွဲအား Tensile Strength ကောင်းပြီး ပေါက်ကွဲဒဏ်ကို ခံနိုင်မှာဖြစ်တယ်။ အဲဒီအတွက် အပေါ်မျက်နှာပြင်ကို Nitrogen နဲ့မှုတ်ပြီး အမာတင်ကြတယ်။ Nitriding လုပ်တယ်လို့ခေါ်တယ်။ ကွန်ပျူတာနဲ့ ထိန်းတဲ့ မီးဖိုတွေ CNC Furnace တွေလိုတယ်။ ဓါတ်ငွေ့အိုးတွေ လိုတယ်။ ဒါတွေက ပိုက်ဆံရှိတောင် ဝယ်ရမလွယ်၊ ဝယ်လို့ရတောင် သွင်းရခက်၊ သွင်းလို့ရတောင် သယ်လို့ပြုလို့၊ ရွှေ့ပြောင်းလို့ လွယ်တဲ့ အရာတွေ မဟုတ်ပါဘူး။

ပြောင်းအတွင်းပိုင်းကို ကျောက်စက်စားတာ Vertical Horning လုပ်တာတွေထားလိုက်တော့။ လုပ်ဖို့မဖြစ်နိုင်ပါဘူး။

ဟိုက်ဒရောလစ်ပြောင်းတွေ Hydraulic Sleeve တွေနဲ့လည်း မစမ်းပါနဲ့။ တွန်းယမ်း Propellant ကနေရတဲ့ ပေါက်ကွဲမှုပုံစံ Internal Ballistic အရ မသင့်တော်ဘူး။ ယမ်းကိစ္စထည့်ပြောရင် တထောင့်တညတွေ ဖြစ်ကုန်မယ်။ အဲဒါတွေကလည်း လက်ထဲမပေါက်ရင်တောင် အငွေ့ရှူမိရုံတင်နဲ့ အဆုတ်ပျက်စီးသွားနိုင်တဲ့ ဟာတွေ အများကြီးပါတယ်။ ဆေးမီရင်တောင် အရင်လိုပြန်ဖြစ်ဖို့ မမျှော်လင့်နဲ့။

အထက်မှာ ရှည်ရှည်ဝေးဝေးပြောခဲ့တာတွေအားလုံးက စိန်ပြောင်း Mortar ရဲ့ ပြောင်း Barrel ကို ခင်ဗျားတို့ လုပ်လို့မရဘူးလို့ ပြောချင်တာ တခုတည်းအတွက်ပဲ။ မလုပ်ပါနဲ့။ ဝယ်ယူပါ။ တလက်ရှိရင် အများကြီး ပစ်လို့ရတယ်။ ဝယ်စရာ ပိုက်ဆံမရှိရင် ရှိအောင်လုပ်ပါ။ ဘဏ်တွေ ဝင်စီးပါ။ လက်နက်တိုက်တွေ ဝင်စီးပါ။ ကိုယ့်ဟာကိုယ်လုပ်လို့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ ထပ်ထပ်ပြီး သေနေကြရတာပဲ ရှိပါမယ်။
Crd Sai Thein Win

26/02/2022

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော Yak-130 တိုက်လေယာဉ် ပိုင်းလော့ ၁၈ ဦး၏ နာမည်နှင့်လိပ်စာများ

By Operation Spitfire

အကြမ်းဖက် စစ်ကောင်စီက ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို ဝယ်ယူထားပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန်မာနိုင်ငံတွင် Yak တိုက်လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

Yak 130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲတိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ Yak 130 တိုက်လေယာဉ်များကို မင်းအောင်လှိုင်လက်ထက်တွင် မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမ ၃ စီးရောက်ရှိလာ‌ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဝယ်ယူထားသော Yak 130 လေယာဉ် ၁၈ စီး ရောက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်လေယာဉ်များကို မောင်းနှင်သည့် Yak-130 ပိုင်းလော့ ၁၈ ဦးရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်များကို ဗုံးကြဲတိုက်ခိုက်နေသော Yak-130 လေယာဉ်မောင်းများအမည်စာရင်း

25/02/2022

Date 25.2.2022

💢ဒီကနေ့ဆို စခတွေ အင်းရွာထဲမွှေနှောက်ဖျက်ဆီးနေတာ ရက်ပေါင်း (၂၀)ရှိ။

💢လောက်ကောင်ဒလန်များနှင့် စခများကြောင့် ရွာသူ/သားများ၏ဘဝ မလုံခြုံတော့ခြင်း ၊ဖျက်ဆီးခံရခြင်းများစွာဖြစ်နေ။(တချို့တွေတော့သခင်အားရကျွန်ပါးဝနေ)

💢ထို့ကြောင့် လောက်ကောင်ဒလန်များကို စောင့်ကြည့်မှတ်သားရန် ၊ စခများ၏ သတင်းများ ပေးပို့ကြပါရန် ၊ စခများနှင့်ဝေးဝေးနေကြပါရန်။

💯အရေးတော်ပုံအောင်ရမည်💯


.T LPDF

Photos from Inywa People Defense Force- KT Region's post 19/02/2022

Date 19.2.2022

💢စခများ၏ယုတ်မာမှု တွေ့ရာပြည်သူကိုဖမ်း မတရားအမှုဆင်လုပ်ကြံဖန်တီး။

💢ပြည်သူတွေရဲ့ဘဝ စခတွေကိုနိုင်အောင်တိုက်မှအေးချမ်းလိမ့်မယ်။

💢အရေးတော်ပုံအောင်မှ ပြည်သူတွေ လွတ်လပ်စွာလုပ်ကိုင်စားသောက်နိုင်မယ်။

💢ဒလန်တွေကိုသတိထားကြပါ။ မှတ်သားထားကြပါ။

💢စခ‌တွေနဲ့ဝေးဝေးနေကြပါ။ စခတွေရဲ့သတင်းများကိုပေးပို့ကြပါ။


.T LPDF

Photos from Inywa People Defense Force- KT Region's post 19/02/2022

အကြမ်းဖက် စစ်ကောင်စီတပ် တွေရဲ့ လက်မောင်းပတ် တံဆိပ်တွေပါ မိမိတို့ မြို့ကျေးရွာ ရပ်ကွက် တွေကို ဖျက်ဆီးနေတာ ဘယ်တပ်ဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။ Telegram မှာ The Fifth Column လို့ရိုက်ရှာပြီး အကြမ်းဖက် စစ်ကောင်စီ ဘယ်တပ်က ဘယ်ကိုရောက်နေပြီ ဘာလုပ်နေတယ်ဆိုတာတွေ သတင်းပေးလို့ရပါတယ် The Fifth Column ဘယ်လိုအလုပ်လုပ်လည်းဆိုတာ မရတ်ကျော်သူရေးထားတာကို comment မှာဝင်ဖတ်ကြည့်ပါ

18/02/2022

Date 18.2.2022

💢အင်းရွာ၌ စခများဆက်ရှိနေ။

💢ဒလန်/ဒလျှိုများဖြင့်ပေါင်း၍ အင်းရွာအတွင်း စခများလုပ်ချင်တိုင်းလုပ်နေ။

💢ပြည်သူပိုင် ဆိုင်ကယ် (၂၅/ ၃၀ )စီး ၊ ဖိုးဝှီးကား (၁)စီး ၊ ခြောက်ဘီးကား (၁)စီး ၊ ငွေ ၊ ဖုန်း ၊ ဘက်ထရီ ၊ ဆိုလာ ၊ ပရိဘောဂ ပစ္စည်းနှင့်အခြားတန်ဖိုးရှိပစ္စည်းများကို စခများက ကိုယ်ရကိုယ်ယူအဖြစ် မတရားယူနေ။

💢၎င်းပစ္စည်းများကို စခများကမိသားစုရှိရာတပ်ရင်းသို့ ပို့နေ။

💢ငါးအိုးဘုန်းကြီးကျောင်းအတွင်း (၁၂၁)မှ စခများလုံခြုံရေးအပြည့်ပေးကာ ထွေအုပ် ၊ လဝက များ မှတ်ပုံတင်လုပ်‌ပေးသည်ဟု အကြောင်းပြ။

💢ဒလန်/ဒလျှိုများစွာရှိနေပါသဖြင့် ရွာသူ/သားများ နှုတ်စောင့်စည်းကြရန် ၊ ဒလန်များကိုစောင့်ကြည့်ကြရန် ၊ စခများနှင့်ဝေးဝေးနေကြပါရန်။


.T LPDF

17/02/2022

"ဘုရားနဲ့တော့ စကားပြောဖို့လိုပြီ"

ကျည်ဆံတွေမှာ ပန်းပွင့်အောင် လုပ်မပေးနိူင်လည်း
အိမ်ရှေ့သစ်ပင်မှာသာ
ကျည်ဆံတွေ သီးအောင် ဖန်ဆင်းပေးတော်မူပါ

ငြိမ်းချမ်းရေးအတွက် ထွန်ယက်ထားပေမယ့်
သွေးတွေချည်း လောင်းနေရတယ်
ပေါင်းမြက်ကို ရှင်းရမယ်ဆိုလည်း
လုံလောက်တဲ့လက်နက်တော့ ပေးသင့်တယ်
မဟုတ်လား

ငြင်းဆန်ခွင့်မရှိတဲ့စစ်ဆိုလည်း
မတီးဖြစ်တဲ့ဂီတာကို
သေနတ်တစ်လက် ဖြစ်အောင်လုပ်ပေးပါ

တချို့တွေ အမြင့်ကြီးမှာ ပွင့်ဖို့
တချို့တွေ အောက်ဆုံးကို ခုန်ချခိုင်းနေတယ်
မှားနေတာ တစ်ခုမကတော့ဘူး
တစ်ခုခုတော့ လုပ်ဦး

ကြည့်မကောင်းတဲ့ပွဲ လူစားလဲသင့်နေပါပြီ
နောက်ဆုံးမှာ ဓမ္မက နိူင်မှာပဲဆိုပြီး
အဓမ္မတွေ လူချကစားနေတာ
ကြည့်လို့ကောင်းပါသလား

ဘုရားတွေအချင်းချင်းတွေ့တော့
ဘာစကားတွေပြောဖြစ်လဲဘုရား
အချိန်ရရင် အိမ်ဘက်ဝင်ပါဦး
လျှောက်ထားစရာဟာ ရင်နဲ့မမျှတော့လို့…။

PK(ကျောင်းစောင့်ကြီး)
Credit: Htoo Naing Wint
(ဒီလူ)
Ka Don

17/02/2022

Date 17.2.2022

💢အင်းရွာ၌ စခများဆက်ရှိနေ။

💢မနေ့က စခ (50) ခန့် အလယ်ရွာမြောက်ဘက် မြေနုကျွန်းထဲသို့တက်ကာ အခင်းတဲတခု၌ထမင်းချက်စား။

💢ညနေပိုင်းတွင် ပျဉ်းလေးပင်ရွာသို့ဖြတ်တက်၍ ရွာထဲ၌ တနာရီခန့်နေပီး အင်းရွာသို့ပြန်ဆုတ်သွား။

💢အပြန်လမ်း၌ ကျွန်းတောကုန်းဘုန်းကြီးကျောင်းသို့ဝင်သွား။

💢နေရာအနှံ့ စခနှစ်ယောက်တွဲ/သုံးယောက်တွဲ ကင်းပုန်းများချထားဟုကြား။

💢ရွှေဘုံသာဘုန်းကြီးကျောင်းနာရီစင်မှ စခများ စောင့်ကြည့်နေဟုသိရ။

💢ပိန်းတောဆိပ်ကမ်းတွင်လည်း စခများရှိနေပီး စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများရှိနေ။

💢မနေ့က ရွာသားအနည်းဆုံး (၃)ဦးဖမ်းဆီးခံရ။

💢ယနေ့၌လည်း အင်းရွာအတွင်း
အိမ်များ၊ ဆိုင်များ ရိုက်ဖွင့်ခြင်း စစ်ဆေးခြင်းများဆက်လုပ်နေ။

💢ဤသို့ စခများ နေရာအနှံ့ ဖျက်ဆီးစစ်ဆေးဖမ်းဆီးနေခြင်းသည် နယ်အတွင်း ၊ ရွာအတွင်း မှ လောက်ကောင်ဒလန်များကြောင့် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။

💢နယ်အတွင်း ပျူသင်တန်းပါပေးနေဟုကြားရ။

💢ဒလန်/ ဒလျှိုများ ရှိနေပါသဖြင့် စခများနှင့်ဝေးဝေးနေကြရန်။
နှုတ်စောင့်စည်းကြပါရန် တိုက်တွန်းအပ်ပါသည်။


.T LPDF

15/02/2022

Date 15.2.2022

💢အင်းရွာတွင် စခများဆက်ရှိနေ။

💢ညတိုင်း အရက်မူးနေသောစခများ လော်စပီကာဖြင့် ရွာသူများကိုစော်ကားသောစကားလုံးများ(ဘယ်အရပ်ကောင်မလေးတွေကလှတယ်/ဘယ်အရပ်ကမုဆိုးမတွေ/တင့်တောင်းတင့်တယ်ယူမယ်...စသဖြင့်) ၊ ပြည်သူအားမှိုင်းတိုက်သောစကားလုံးများ ၊ ခြိမ်းခြောက်သောစကားများဖြင့် အနိုင်ကျင့်နေ။

💢ရွာသူ/ရွာသားများ၏ ပစ္စည်းများကို မတရားခိုးယူထား‌‌သောကားဖြင့်သယ်ယူခြင်း ၊ ငွေများခိုးဝှက်လုယူခြင်းများဆက်တိုက်ပြုလုပ်နေ။

💢14.2.2022 ညပိုင်းတွင် စခများက ကြံခင်းရှိ ပြည်သူတစ်ဦး၏‌အိမ် မီးရှို့။

💢14.2.2022 အရာရှိမိသားစုကိုလိုက်ပို့သော မိုးမိတ်တပ်ကားများနှင့် သွားကြိုသော ငါးအိုးတပ်ကားများ ကွန်းချောင်းရွာတွင်တွေ့ဟုသိရ။

💢တစ်နာရီခန့်အကြာတွင် မိုးမိတ်တပ်ကားများအထက်ပြန်တက်သွားပြီး ငါးအိုးတပ်ကားများလည်းပြန်ဆင်းသွားဟုသိရ။


.T LPDF

13/02/2022

Date 13.2.2022 ,12:00PM

💢အင်းရွာထဲတွင်စခများသည် အိမ်များရိုက်ဖျက်ဝင်ရောက်၍ ပစ္စည်းများယူခြင်း၊ ချိတ်ပိတ်ခြင်း ၊ ရွာသူ/ရွာသားများ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေ။

💢10.2.2022နေ့တွင် ပိန်းတော ၊ ဦးစောကျွန်း။
11.2.2022နေ့တွင် ရွှေဘုံသာ ၊မြို့မ။
12.2.2022နေ့တွင် အလယ်ရပ်။
ဒီနေ့တွင် သပြေသာ ကိုအဓိကထားမွှေနှောက်ယူငင်ဖျက်ဆီးပီး ၊ ရွာသားလေးယောက်ဖမ်းသွားဟုသိရ။

💢ဖမ်းဆီးထားသူများထဲမှအချို့ကိုပြန်လွတ်သော်လည်း အချို့ကိုပြန်မလွတ်သေးဟုသိရ။
ပြန်မလွတ်သေးသူ ဆယ်ယောက်မျှရှိလာဟုသိရ။


.T LPDF

11/02/2022

Date 11.2.2022 , 7:00 PM

💢အရပ်ဝတ်စခအချို့ ပိန်းတောဆိပ်ကမ်းမှ ကုလားမဆွယ် သို့ကူးကာ လက်နက်ကြီး လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်။

💢အနီးနားရှိတဲများမှ ဖုန်းများသိမ်းကာ
ကြိမ်းမောင်းပီး ပိန်းတောဘက်သို့ပြန်ကူးသွားဟုသိရ။

💢ပြည်သူများအနေဖြင့် အင်းရွာအတွင်း ကုန်းလမ်း ၊ ရေလမ်း အဝင်အထွက်မပြုလုပ်ကြရန်။

💢အင်းရွာဆိပ်ကမ်းများ၌ မော်တော်များ
မထားကြရန်။

💢စခများနှင့်ဝေးဝေးနေကြရန်ထပ်မံ
သတိပေးတားမြစ်သည်။


.T LPDF

11/02/2022

Date ; 11.2.2022 , 4:00 pm

💢အင်းရွာအတွင်း စခများက အိမ်တော်တော်များများ ရိုက်ဖျက်ဝင်ခြင်း ၊ မွှေနှောက်ရှာဖွေခြင်း ၊ ချိတ်ပိတ်ခြင်း ၊ ဖုံးများသိမ်းခြင်း ၊ ခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပြုနေသည်။

Edited ; ဖုံးများသိမ်းသွားသောကြောင့် ၎င်း ဖုံးများဖြင့်ဆက်သွယ်ခြင်း ၊ Fb အကောင့်များမှချိတ်ဆက်ခြင်းများရှိနိုင်သည်ကိုအထူးသတိပြုပါ။


.T LPF

Want your organization to be the top-listed Non Profit Organization in East Region?
Click here to claim your Sponsored Listing.

Website

Address

East Region

Other Nonprofit Organizations in East Region (show all)
Happy Land Social Services Ltd Happy Land Social Services Ltd
Blk 81 Macpherson Lane #01-31, Singapore360081
East Region, 360081

Charitable and Supporting Activities Aimed at Humanitarian Work and Other Social Services

IOI Ocean Academy Singapore IOI Ocean Academy Singapore
East Region, 510545

Singapore Sanitary Ware Importers & Exporters Association Singapore Sanitary Ware Importers & Exporters Association
East Region

Singapore Sanitary Ware Importers and Exporters Association