OnlineSignpost

OnlineSignpost

You may also like

Faesapisivae
Faesapisivae

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OnlineSignpost, Internet Marketing Service, Singapore.

02/12/2022

မိတ်ဆွေရော
ဒီနေ့ဘယ်လှေကားထစ်မှာ
ရောက်နေပြီလဲ... 🤔

02/12/2022

Part-Time အလုပ်ရှာနေတာလား???
Freelance အလုပ်လုပ်ချင်တာလား???
Service အပ်ချင်တာလား???
OnlineSignpost မှာရှာလို့ရနေပြီနော်...😊

02/12/2022

တစ်ချို့သော အောင်မြင်နေသူများဟာ
ကျရှုံးမှုများစွာကိုရင်ဆိုင်ပြီးမှ
အောင်မြင်တဲ့ဘဝဆီ ရောက်လာခဲ့တာပါ။
အဲ့ဒီထဲမှာ J.K Rowlingလည်း
အပါအဝင်ဖြစ်ပါတယ်။

1995ခုနှစ် သူမအသက်၃၀အရွယ်မှာ
အမျိုးသားနဲ့ကွာရှင်းခဲ့ပြီး
သမီးလေး Jessicaနဲ့
Single Mother ဘဝကို
ဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။
သူမရဲ့ ပထမဆုံးHarry Potterစာအုပ်ဟာလည်း
ပုံနှိပ်တိုက်ပေါင်းများစွာရဲ့
ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

2020ခုနှစ် သူမအသက်၅၅နှစ်မှာတော့
သူမရဲ့ Harry Potter စာအုပ်တွေဟာ
ကမ္ဘာနဲ့တစ်ဝှမ်းမှာ
500Millionsအထိရောင်းချခဲ့ရပြီး
ပထမဆုံး ဘီလီယံနာ(Billionaire)
စာရေးဆရာမဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်ဟာ
ဘဝပေးအခြေနေတွေမတူညီကြသလို
အောင်မြင်တဲ့အချိန်တွေလည်းမတူညီကြပါဘူး။

အဓိက ကတော့စိတ်ဓာတ်ကျနေရင်တောင်
စိတ်ဓာတ်မပြိုလဲပဲ
ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို အားတင်းပြီး
ဖြေးဖြေးမှန်မှန် ရောက်အောင်သွားဖို့ပါပဲ။

ဒီPostကနေ ခွန်အားတစ်စုံတစ်ရာ
ရရှိပါစေလို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်။

01/12/2022

မဖြစ်နိုင်ဘူးဆိုပြီး
စဉ်းစား တွေဝေမနေနဲ့နော်
သင်တကယ်လုပ်နိုင်တယ်ဆိုတာ သေချာပါတယ်
ပထမဆုံး အရေးကြီးတဲ့ခြေတစ်လှမ်းပဲလိုတာပါ

01/12/2022

စီးပွားရေးစလုပ်တော့မယ်ဆိုရင်
ကိုယ့်ပတ်ဝန်းကျင်ကို သိအောင်စုံစမ်းပါ။

သိလာရင် သူတို့လိုအပ်နေတာကို
ဖြည့်ဆည်းပေးလိုက်ပါ
အဲ့ဒါဟာကိုယ့်စီးပွားရေးပါပဲ။

ဥပမာ ကိုယ့်ပတ်ဝန်းကျင်က
အစားအသောက်
အခက်အခဲဖြစ်တဲ့နေရာမျိုးဆိုရင်
ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လိုမျိုးဖွင့်ပြီး
လုပ်ငန်းစလိုက်တာမျိုးကိုဆိုလိုတာပါ။

Need + Help = Business

စျေးကွက်ရဲ့လိုအပ်ချက်က ဘာလဲ။
ကိုယ်ဘယ်လို ကူညီနိုင်သလဲ ဆိုတာနဲ့စပါ။

စီးပွားရေးတစ်ခုကို ကိုယ့်အတွက်
ဘယ်လောက်အကျိုးအမြတ်ရမလဲလို့
စပြီးစဉ်းစားတာထက်
ကိုယ် ဒါလုပ်လိုက်ရင် အခြားသူတွေအတွက်
ဘယ်လောက်အဆင်ပြေသွားစေမလဲ
ဆိုတဲ့ပေါ်အခြေခံပြီး စဉ်းစားပါ။

သူတို့အဆင်ပြေသွားရင် မိမိအတွက်လည်း
အကျိုးအမြတ် ရှိလာလိမ့်မယ်လို့ ယုံကြည်ပါ။

သေချာ အစီအစဉ်တွေဆွဲပြီး လေ့လာပါ။
အကောင်အထည်ဖော်ကြည့်ပါ။

စေတနာပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု
ဖြစ်လာမှာ သေချာပါတယ်။

အားလုံးပဲ လုပ်ကိုင်ကြံစည်သမျှ
အောင်မြင်ကြပါစေလို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏

01/12/2022

Sweet December မှာ
အားလုံး ကံကောင်းခြင်းတွေနဲ့ကြုံတွေ့ရပါစေ...

30/11/2022

OnlineSignpost မှာ register လာလုပ်ကြနော်... 😄

30/11/2022

📖 ✍

30/11/2022

ကိုယ်ကြိုက်တဲ့ သူက ကိုယ့်ကို
စိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။

စိတ်ဝင်စားရဲ့နဲ့ ရည်းစားမဖြစ်သွားတာ
Sale ညံ့လို့။

ရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ
Customer Service ညံ့လို့။

သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့
ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။

မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင်
ဒါ efficiency မကောင်းတဲ့သဘော
Management ညံ့လို့။

အထက်က စာသားတွေက
Ko Pyae Phyo ရဲ့ Facebook accountမှ
ကူးယူခဲ့တာဖြစ်ပြီး Businessတစ်ခုရဲ့
လိုအပ်ချက်ကို ဟာသအမြင်နဲ့
နားလည်အလွယ်ဆုံး ရှင်းပြလိုက်တဲ့
ပုံစံဖြစ်နေတာကြောင့်
သဘောကျပြီး ပြန်တင်ပြခြင်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ customerကို မရောင်းခင်မှာရော၊
ရောင်းနေစဥ်အတွင်းမှာရော၊
ရောင်းပြီးသွားတဲ့အခါမှာရော
ဝန်ဆောင်မှုကောင်းကောင်းပေးဖို့လိုပါတယ်။

ရောင်းရရင်ပြီးရောဆိုပြီး စိတ်ထားလို့ကတော့
မိတ်ဆွေစီးပွားရေးကလည်း
ရေရှည်မှာတည်မြဲဖို့မလွယ်ကူပါဘူး။

အဲ့ဒီတော့ ကိုယ့်Businessမှာ
ဘာတွေလိုအပ်နေလဲဆိုတာ နားလည်ကာ
လိုအပ်ချက်ရှိတဲ့နေရာတွေကို
ပြင်ဆင်နိုင်ပြီး ရေရှည်တည်မြဲတဲ့
စီးပွားရေး တစ်ခုကိုတည်ဆောက်နိုင်ပါစေလို့
OnlineSignpost အဖွဲ့တော်သားတွေမှ
ဆန္ဒပြု အကြံပေးလိုက်ပါတယ်ခင်ဗျာ။

29/11/2022

ဒီနေ့တွေ့လိုက်တဲ့
Foodpandaက robot လေး 😍

သူတောင် Part-time delivery လိုက်ပို့ပြီး
ကျောင်းစားရိတ်ရှာနေပြီနော်... 😜

29/11/2022

ဒီနေ့တော့ freelanceနဲ့ပတ်သက်ပြီး
မျှဝေမှုတွေပြုလုပ်ပေးနေတဲ့ Youtuber
တစ်ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

သူ့နာမည်က Chris Do ပါ။
The Futur ဆိုတဲ့သူ့ရဲ့ Youtube Channelကနေ
freelance, Business နဲ့ပတ်သက်တဲ့
ဗဟုသုတတွေ အကြံဉာဏ်တွေကို
အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပြီး
Subscribersပေါင်း 2.3Millions ရှိပါတယ်။

မိတ်ဆွေက Freelancingကို
စိတ်ဝင်စားတဲ့သူတစ်ယောက်၊
လက်ရှိမှာလည်း Freelancerတစ်ယောက်ဆိုရင်
သူ့ရဲ့ Channelကိုသွားရောက်လေ့လာသင့်ပါတယ်။

သူ့ရဲ့ Videoတွေမှာ Businessနဲ့ပတ်သက်တဲ့
ကဏ္ဍမျိုးစုံပါဝင်ပြီး Branding,
Social Media Marketing တွေအပြင်
ကိုယ့်အရောင်းစျေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲ၊
Clientsတွေဘယ်လိုရှာရမလဲ၊

ကိုယ့်ရဲ့တီထွင်နိုင်စွမ်းတွေ၊ အရောင်း စတာတွေကို
ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ
အစရှိတဲ့များစွာသော
စိတ်ဝင်စားစရာတွေ ပါဝင်နေတာကြောင့်
သူ့ Video တွေကြည့်ရင်း လေ့လာရင်း
အချိန်တစ်နာရီဆိုတာ ကုန်တာအရမ်းမြန်တယ်
လို့တောင် ခံစားမိပါလိမ့်မယ်။

သူ့ရဲ့ Videoတွေဆီကနေလည်း
မိတ်ဆွေတို့အတွက် အထောက်အပံ့
အကူအညီ တစ်ခုခုရမှာသေချာပါတယ်။

Chris Do ရဲ့
The Futur Youtube Channelကို
ထုံးစံအတိုင်းCommentမှာ
ဖော်ပြပေးထားပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံးလည်း
ဝင်ငွေစီးပွားတွေ တိုးပွားချမ်းသာကြပါစေ...လို့
ကျွန်တော်တို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်။ 🙏

29/11/2022

''ခဲဖျက်ဆိုတာ
အမှားလုပ်တတ်တဲ့သူတွေအတွက်ကွ''

''ကျွန်တော်ကတော့ အမှားလုပ်မိရင်
အမှန်​ပြန်ပြင်ချင်စိတ် ရှိတဲ့သူတွေအတွက်
လို့ထင်ပါတယ်။''

ခဲဖျက်ကတော့ ဖျက်ပေးမှာပါပဲ
အရေးကြီးတာက ကိုယ့်ရဲ့
စိတ်နေသဘောထား ခံယူချက်ပါ။

28/11/2022

Who is Seth Godin?
Seth Godinဆိုတာဘယ်သူလဲ။
သင်က Freelancing ဒါမှမဟုတ် Online Marketing နယ်ပယ်ထဲကဆိုရင်တော့ဒီနာမည်ကိုရင်းနှီးနေပါလိမ့်မယ်။

ဒီနာမည်နဲ့မရင်းနှီးသေးတဲ့လူတွေအတွက်တော့ Freelancing & Marketing လောကရဲ့ ဂုရုကြီးတစ်ယောက်အကြောင်းကို ပြောပြပေးပါရစေ။

Seth Godinကိုစာရေးဆရာ၊ Investor, Entrepreneur အဖြစ်လူသိများကြပါတယ်။
Freelancerအနေနဲ့လည်း 1984ခုနှစ်မှစပြီး
ဖြတ်သန်းခဲ့တဲ့ ၃၈နှစ်ကျော်ကာလအတွင်းမှာ
အောင်မြင်မှု များစွာရရှိထားတဲ့လူတစ်ယောက်။

1995မှာ Yoyodyne online platformကို
တည်ထောင်ခဲ့ပြီး 1998မှာတော့
Yahoo ထံ $30 millionနဲ့အကွက်မြင်မြင်
ရောင်းချခဲ့ပါတယ်။

သူထွက်ရှိခဲ့တဲ့စာအုပ်ပေါင်းများစွာထဲမှာလည်း
ရောင်းအားအကောင်းဆုံးစာအုပ်ပေါင်း20အထိရှိခဲ့ကာ နိုင်ငံပေါင်း 40ကျော်မှဘာသာပြန်ဆိုခဲ့တဲ့အထိ
အောင်မြင်ခဲ့တယ်ဆိုတော့
စာအရေးအသားမှာလည်း
ဆရာတစ်ဆူဖြစ်တယ်ဆိုတာငြင်းမရပါဘူး။

Purple Cow နဲ့ Linchpin စာအုပ်တွေက
ရောင်းအားအကောင်းဆုံး စာရင်းဝင်တွေဖြစ်ပြီး
လူသိများတဲ့စာအုပ်တွေပဲဖြစ်ပါတယ်။

ယခုလက်ရှိမှာလည်းသူရဲ့ Seth's Blogဆိုတဲ့ကိုယ်ပိုင်websiteကနေ freelancing, online marketingတို့အတွက်သာမက အခြားသော ဆောင်းပါးပေါင်း 7,000ကျော် ကိုကိုယ်တိုင်ရေးသားမျှဝေပေးလျက်ရှိပါတယ်။

စာဖတ်သူတို့လည်း Freelance, Marketingနဲ့ Leadershipအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင် သူရဲ့ Seth's blog မှာအချို့ကို အခမဲ့လေ့လာနိုင်သလို Udemy မှာလည်းသူ့ရဲ့ freelancer coursesတွေကိုအခကြေးငွေပေးပြီးသင်ယူလေ့လာနိုင်ပါတယ်လို့
သတင်းစကားပေးလိုက်ပါတယ်ခင်ဗျာ။

Commentမှာ Seth's Blogရဲ့ Websiteနှင့်
Udemyမှ Freelancer courseတို့ရဲ့
Addressတွေကို ဖော်ပြပေးထားပါတယ်။

ဒီနေ့မျှဝေမှုကို ဒီနားမှာပဲရပ်နားခွင့်ပြုပါ။
ဤ postကနေ မိတ်ဆွေတို့ အတွက်
ဗဟုသုတ အကျိုးကျေးဇူး
တစ်စုံတစ်ရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။

သြော်...
OnlineSignpostမှာ registerလုပ်ဖို့လည်းမမေ့နဲ့ဦးနော်။

Photos from OnlineSignpost's post 28/11/2022

ဒီနေ့ မှာတော့ Top 10 Freelance websites
များကို မျှဝေပေးလိုက်ပါတယ်။
👉 Fiverr
👉 Toptal
👉 Jooble
👉 Freelancer.com
👉 Upwork
👉 Flexjobs
👉 SimplyHired
👉 Guru
👉 LinkedIn
👉 Behance

27/11/2022

Today's Quote

27/11/2022

Freelance ဆိုတဲ့စကားလုံးရဲ့မူလအစ
ဘယ်ကလာပါသလဲ။ 🤔

ဆိုတော့ဒီနေ့ Freelanceဆိုတဲ့စကားလုံးလေးရဲ့ historyကိုမှတ်သားမိသလောက်အတိုချုံး မျှဝေပေးချင်ပါတယ်။

၁၈ရာစုနှစ်အစောပိုင်းမှာ Irish-Americanလူမျိုးစာရေးဆရာ Thomas N. Brownရဲ့ The Life and Times of Hugh Miller ဆိုတဲ့စာအုပ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

စာအုပ်ထဲမှ သမိုင်းအရဆိုရင် အဲ့ဒီခေတ်က စစ်သည် အမျိုးအစား ၂ မျိုးရှိပြီး ရှင်ဘုရင်တစ်ပါးအတွက် အမှုထမ်းဆောင်နေသော စစ်သည် နှင့် အခကြေးငွေရမှ အမှုထမ်းသောကြေးစား စစ်သည် ဆိုပြီးဖြစ်ပါတယ်။

အဲ့ဒီအလွတ်တန်းကြေးစား စစ်သည်တွေကို freelance လို့ခေါ်ပြီး Free=လွတ်လပ်သော နှင့် Lance=လှံ ဆိုတဲ့စကားလုံး၂လုံးကနေဆင်းသက်လာတာဖြစ်ပါတယ်။

အခုခေတ်ရဲ့ freelancer တွေဟာလည်း အဲ့ဒီခေတ်ကကြေးစား စစ်သည်တွေနဲ့သဘောတရားချင်းတူပါတယ်။

ဝန်ဆောင်မှုနဲ့ညီမျှတဲ့ အခကြေးငွေကိုရယူပြီး အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။

ကဲ...freelance စကားလုံးရဲ့မူလအစကိုသိပြီဆိုတော့
အခြား websiteတွေမှာ freelanceလုပ်နေဆဲသူတွေပဲ ဖြစ်ဖြစ် အခုမှ freelanceလုပ်မယ့်သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ OnlineSignpost မှာ registerလုပ်ပြီး အပိုဝင်ငွေတွေရှာနိုင်ပါပြီခင်ဗျာ။ 😊

အားလုံးစီးပွားရေးတွေ ဒီရေကဲ့သို့ တိုးတက်ကြပါစေ။ 🙏

27/11/2022

လူ၏သတင်းကို လူချင်းဆောင်၏... 🤩

27/11/2022

မိမိတို့အားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိအောင်အသုံးချပြီး အပိုဝင်ငွေရှာချင်ကြပါသလား...

လက်ရှိမိမိရဲ့ Main income အပြင် Part time job တွေ ဖြစ်ဖြစ် Freelance job ဖြစ်ဖြစ် အပိုဆောင်း လုပ်ကိုင်ထားနိုင်မယ်ဆိုရင် ငွေလည်း အပိုဝင်၊မိတ်ဆွေအသစ်တွေလည်း တိုးများလာမှာဖြစ်သလို၊ အားလပ်ချိန်ကို တန်ဖိုးရှိအောင်အသုံးချတတ်လာမည့် အလေ့အထ ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်ဒီလို အပိုဝင်ငွေ အလုပ်တွေလုပ်ရင်း မိမိရဲ့ အဓိက income ဝင်တဲ့အလုပ်ကို လစ်ဟင်းမသွားအောင် ဆုံးရှုံးမသွားအောင်တော့ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

ဒါဆို part time တွေ freelance jobကို လုပ်တော့လုပ်ချင်ပါတယ်။ ကိုယ့်အရည်အချင်းကို အများသိအောင်ဘယ်လိုလုပ်ရမလဲဆိုပြီး သင်တွေးနေပီမဟုတ်လား...

လွယ်ပါတယ် ကျွန်တော်တို့ OnlineSignpost ကနေ
သင့်အရည်အချင်းကို အများသိအောင် ပြောပြလို့ရနေပါပီ။

26/11/2022

ကိုယ်ပိုင်အရည်အချင်းနဲ့ အပိုဝင်ငွေရှာချင်သူတွေအတွက်
OnlineSignpost Page ကနေကြိုဆိုလိုက်ပါတယ်။
အားလုံးမင်္ဂလာရှိတဲ့နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ... 🙏

Want your business to be the top-listed Advertising & Marketing Company in Singapore?
Click here to claim your Sponsored Listing.

Videos (show all)

Foodpanda's Robot
ကိုယ်ပိုင်အရည်အချင်းနဲ့ အပိုဝင်ငွေရှာချင်သူတွေအတွက်OnlineSignpost Page ကနေကြိုဆိုလိုက်ပါတယ်။အားလုံးမင်္ဂလာရှိတဲ့နေ့ရက်မျ...

Address

Singapore

Other Internet Marketing Services in Singapore (show all)
Fluid Productions Fluid Productions
8 Ubi Road 2 #02-17 Zervex
Singapore, 408538

TV Commercial Production House based in Singapore.

Clickworkz Solutions Pte Ltd Clickworkz Solutions Pte Ltd
101A Upper Cross Street
Singapore, 058358

Clickworkz Solutions Pte Ltd 101A, Upper Cross Street, #10-26 Singapore (058358) Enquiry: info@clic

PurpleClick Media PurpleClick Media
51 Goldhill Plaza #14/01
Singapore, 208900

+65 6533 8655 www.purpleclick.com Award-Winning Performance Driven Digital Marketing Agency that d

World Market Innovators World Market Innovators
165A Yung Kuang Road
Singapore, 611165

Bring your business to the world with marketing and innovations. We use our digital marketing exper

Reach Marketing Services Reach Marketing Services
10 Anson Road
Singapore, 079903

Your global marketing services partner. www.reach-marketing.com.sg

Shareit.sg Shareit.sg
Singapore

Lives in Singapore 📍 Subscription Sharing Platform 🍿📺🎧

Circle Joy Life Circle Joy Life
2 Jalan Rajah
Singapore, 329134

https://circlejoylife.store/ Chongqing Skabo Sports Culture Communication Co., Ltd. No. 8, 1st Floor, No. 4, No. 2, No. 2, Qiuxin Village, Dafo Section, Danzishi Street, Nan'an Dis...

Nafeela Bibi Nafeela Bibi
Singapore

YIYUN SHOP YIYUN SHOP
33 Jurong Street 41, City
Singapore, 649413

The brands sold include Tongrentang, Airmate, Haier, JisuLife, Joyroom, Nanjiren and KIMSUN, etc.

Online Job Part Time-Full Time Online Job Part Time-Full Time
Singapore

Online Job

City Innovates Singapore City Innovates Singapore
Block 857, #08-376, Tampines Street 83
Singapore, 520857

City Innovates is a young & dynamic digital company that uses innovation & cutting-edge technology to offer ITE & digital solutions globally.

Irving-a Irving-a
Haji Acang
Singapore

jobscepat id