May Kha FC Singapore

May Kha FC Singapore

Founded in Jan 2004. MayKha is the name of one of the famous rivers in Myanmar, which has a twin brother by the name of Malikha. MAYKHA.FC WIN FOREVER! CHEERS!

The team is compared to this river for it's free flowing existence with no borders or restrictions where every player is happy. We are rough and tough and very competitive, but play fairly. The strike force is excellent, the midfield strength that we now possess is second to none, while the defence is one of the most difficult to pe*****te. We at SG love the way our members have embraced the Faceb

10/06/2024

မင်္ဂလာပါမေခပရိသတ်များခင်ဗျာ… လာမဲ့Sunday 16/6/24 ညနေ ၅ နာရီအချိန်မှာ Maykha FC အသင်းနှင့်် Pyay United FC အသင်း တို့ဟာ SIA Sports Club Stadium မှာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်းအသိပေးကြေညာအပ်ပါတယ်ခင်ဗျာ…

Photos from May Kha FC Singapore's post 06/06/2024
29/05/2024

မင်္ဂလာပါမေခပရိသတ်များခင်ဗျာ
လာမဲ့ Sunday ၂ ရက်နေ့ ညနေ ၇နာရီ မှာ Myanmar Premiership League ပွဲစဉ်ကို SOD အသင်းနှင့် SIA Sports Club မှာယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်၊ လာရောက်အားပေးကြဖို့ဖိတ်ကြားပါရစေခင်ဗျာ…

20/05/2024
15/05/2024

မင်္ဂလာပါမေခပရိသတ်များခင်ဗျာ….
လာမဲ့Sunday နေ့ ညနေ ၅ နာရီ မှာ မေခအသင်းအနေဖြင့် Myanmar Premiership SG League ကို SIA Sports Club မှာ ပထမဆုံးပွဲအနေနဲ့စတင်ကစားမှာ ဖြစ်ပါတယ်ခင်ဗျာ၊ ပရိသတ်များလာရောက်အားပေးဖို့ဖိတ်ကြားပါရစေခင်ဗျာ…

Photos from May Kha FC Singapore's post 13/05/2024

It’s here! We received our MNYC 2024 Singapore trophy at SUTD!
And Maykha FC 👏congratulations,
Zaw Min Thu (Best Striker)
Swe Gyi (Most Goal Scorer)
Thit San (Best Midfielder)
Zaw Thu Htike (Best defender)
Win Khaing (Best defender)
Zaya Min Htin (Best Goal keeper)

Photos from May Kha FC Singapore's post 07/05/2024

မင်္ဂလာပါမေခပရိသတ်များခင်ဗျာ…
5/5/2024 Myanmar New Year Cup Singapore 2024 Final ပွဲစဉ်အဖြစ် Black Pearl FC အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပွဲချိန်အတွင်းနှစ်သင်းလုံးတဖက်ကိုဂိုးမရှိသရေရလဒ်ထွက်ပါ်ပီး ပန်နတီအဆုံးဖြတ်ဖြင့် MAYKHA FC အသင်းမှအနိုင်ယူဗိုလ်စွဲကာ Myanmar New Year Cup Champion အဖြစ် ဒုတိယအကြိမ်ထပ်မံပီးဆွတ်ခူးလိုက်ပါတယ်ခင်ဗျာ…
MAYKHA FC အသင်းအနေဖြင့် အားပေးခဲ့တဲ့ပရိသတ်အယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်းလေးစားစွာပြောကြားပါရစေခင်ဗျာ…

03/05/2024

MNYC SG - 2024 FINAL MATCH
May Kha FC Vs Black Pearl FC
05 May 2024 - Sunday ( 7 pm )
SUTD SPORTS & RECREATION CENTRE

မင်္ဂလာပါ မေခပရိတ်သတ်ကြီး ။
Final ရောက်ဖို့က May Kha FC အသင်းရဲ့တာဝန်ပါ ။
ကျနော်တို့အသင်းသားတွေ တာဝန်ကျေခဲ့ကြပါပြီ ။
အဲ့တော့ မေခပရိတ်သတ်များအနေနဲ့
လာရောက်အားပေးဖို့ပဲ ကျန်ပါတော့တယ် ။
လာပါ အတူတူတိုက်ကြမယ်ဗျာ ။
အောင်မြင်မှု ၊ ကျရှုံးမှု ဘာပဲဖြစ်လာလာ
အားလုံးဝေမျှခံစားရင်း ကျနော်တို့
ဘာလုပ်နိုင်လဲဆိုတာကို SUTD အိမ်မက်ကဇာတ်ရုံကြီးမှာ
အတူတူကပြအသုံးတော်ခံကြရအောင် 💪💪💪

ONE TEAM 👉 ONE DREAM
💪💪💪

မေခသတင်းနှင့်မီဒီယာ ✍️📸

29/04/2024

Semi - Final ပွဲအပြီး မြင်ကွင်း ❤️❤️❤️

29/04/2024

May Kha made it to the Final 💪💪💪
မင်္ဂလာပါ မေခပရိတ်သတ်ကြီး …
ကျနော်တို့ May Kha FC အသင်းဟာ ဒုတိယအကြိမ်မြောက်
ပါဝင်ယှဉ်ပြိုင်နေတဲ့ Myanmar New Year Cup SG - 2024
ပြိုင်ပွဲကြီးမှာလည်း Final အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါပြီ ။
ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ 2022 မှာတော့
MNYC - 2022 ရဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့ပြီး 2023 မှာတော့
ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး ။ ဒီနှစ်မှာတော့ အသင်းကို
ဝါရင့်ကစားသမားများ ဦးဆောင်ကာ လူငယ်သွေးသစ်များဖြင့် ပြန်လည်ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး MNYC ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။
မနေ့က SUTD ကွင်းကြီးမှာ Burma Union FC အသင်းနှင့်အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိကာ ဗိုလ်လုပွဲကြီးဆီသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။
May Kha FC အတွက် ပင်နယ်တီသွင်းဂိုးများကို
Pho Chan
Chris
Zaw Min Thu💙
Kyaw Ko Ko
Swe Lin Tun တို့က သွင်းယူခဲ့ပြီး Goal Keeper Zaya Min Htin မှ Burma Union FC ရဲ့ အရေးပါတဲ့ ပင်နယ်တီကန်ချက်ကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပါတယ် ။
Burma Union FC အသင်းဟာလည်း May Kha FC အသင်းအတွက် စစ်မှန်သောပြိုင်ဖက်ကောင်း အသင်းတစ်သင်းပီသစွာ ကစားနိုင်ခဲ့ပြီး အနာဂတ်ပြိုင်ပွဲများမှာ အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင်ပါစေလို့ May Kha FC အသင်းမှ လေးစားစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။
ကဲ ….! မေခပရိတ်သတ်ကြီးရေ …
မေခအသင်းကတော့ Final ရောက်ပြီ …
ပရိတ်သတ်ကြီးတို့ လာအားပေးဖို့ပဲ လိုတော့တယ်နော် ။

One Team
One Dream
We Are May Kha 💪💪💪

မေခသတင်းနှင့်မီဒီယာ ✍️📸

23/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ …
ဒီတစ်ပတ် 28 Apr 2024 { Sunday } 7 pm မှာတော့
ကျနော်တို့ May Kha FC အသင်းဟာ MNYCSG - 2024 ရဲ့
ဆီမီးဖိုင်နယ်ပွဲစဉ်ကြီးကို SUTD ( Sports and Recreation Centre ) ဘောလုံးကွင်းကြီး၌ Burma Union FC အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Group A မှ အသင်းအချင်းချင်းပြန်လည်တွေ့ဆုံကြတာဖြစ်ပြီး Group Stage တုန်းက အဖြေမပေါ်ခဲ့တဲ့ အရှုံးအနိုင်သရေပွဲအတွက် ဒီတစ်ပတ်မှာတော့ ဘယ်လိုရလဒ်တွေထွက်ပေါ်လာပြီး ဘယ်အသင်းက ဖိုင်နယ်တက်သွားမလဲဆိုတာကို SUTD ကွင်းကြီးမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးရင်း ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

မေခသတင်းနှင့်မီဒီယာ ✍️📸
💪💪💪

18/04/2024

MNYC SG - 2024 Semi Final ပွဲစဉ်ဟာ
နောက်တစ်ပတ် 28 April 2024 { Sun } မှာ
ကစားရမည်ဖြစ်သောကြောင့် ဒီတစ်ပတ်တနင်္ဂနွေနေ့မှာတော့
Dawei United FC အသင်းနှင့် Unity Secondary School
ဘောလုံးကွင်းကြီး၌ Friendly Match ပွဲစဉ်အား
ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အသိပေးရင်း
လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

မေခသတင်းနှင့်မီဒီယာ ✍️📸

16/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ ။
MNYC 2024 - SG ပြိုင်ပွဲကြီးရဲ့ May Kha FC အသင်းနှင့်
7 Stars FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ Quarter Final ပွဲစဉ်မှာတော့ May Kha FC အသင်းမှရွေးချယ်သော ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို Win Khaing ကျောနံပါတ် 16 မှ ရရှိသွားခဲ့ပါတယ် ။
Win Khaing သည် ပွဲချိန်အတွင်း May Kha နောက်တန်းကို အကောင်းဆုံးထိန်းကျောင်းမောင်းနှင်နိုင်ခဲ့သလို အသင်းရှုံးနိမ့်နေချိန်မှာလည်း May Kha FC အတွက် အကောင်းဆုံးပြန်လာနိုင်စေမယ့် ပထမချေပဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ သူ့ရဲ့ ခြေစွမ်းပြသနေမှုဟာ ဒီလောက်နဲ့ရပ်တန့်သွားခဲ့တာ မဟုတ်ပါဘူး ပရိတ်သတ်ကြီးရေ ။ တစ်ဖက် 2 ဂိုးစီ သရေကျနေချိန်မှာလည်း အနိုင်ဂိုးကို လှလှပပ ခေါင်းတိုက်သွင်းယူပေးပြီး အသင်းသားတွေနဲ့ ပရိတ်သတ်တို့ဆီကို မှော်ဝင်အောင်ပွဲအား ကျားကုတ်ကျားခဲ ဆောင်ကျဉ်းပေးခဲ့သူကြီး ကိုသဲမောင် အနေနဲ့ အားလုံးရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာပါ ။
ဒါကြောင့် မေခနည်းပြအဖွဲ့ဝင်များ ၊ ကစားသမားများနှင့် ပရိတ်သတ်များမှ ရွေးချယ်ပေးအပ်ချီးမြှင့်သော ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ထိုက်တန်လွန်းစွာနဲ့ ရယူနိုင်ခဲ့ပါတယ် ။
Congratulations ပါ ဆာဂျီယိုသဲမောင် 💪💪💪
မေခအသင်းနှင့်အတူ အောင်မြင်မှုများဆက်လက်ရယူနိုင်ပါစေ ။

မေခသတင်းနှင့်မီဒီယာ ✍️📸

15/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ …
မနေ့က SIA Sports Club ဘောလုံးကွင်းကြီး၌ ကျနော်တို့
May Kha FC အသင်းနှင့် 7 Stars FC အသင်းတို့ဟာ
Quarter Final Match - 1 ပွဲစဉ်ကို ညနေ ၅ နာရီမှာ
ယှဉ်ပြိုင်ကစားခဲ့ကြပါတယ် ။

May Kha FC အသင်းဟာ 7 Stars FC အသင်းကို
၄ ဂိုး ၂ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး Semi Final ပွဲစဉ်အဖြစ်
Burma Union အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။
မနေ့ကပွဲစဉ်ဟာ May Kha အသင်းအနေနဲ့ ၂ ဂိုးအရှုံးကနေ နောက်ကလိုက်ကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ကစားသမားများရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နှင့်အတူ ထက်သန်သောအောင်ပွဲဆာလောင်စိတ်များက Epic Come Back နိုင်ပွဲတစ်ခုကို သွန်းလောင်းထုဆစ်ပုံဖော်နိုင်ခဲ့တဲ့ တနင်္ဂနွေညနေခင်းလေး ဖြစ်စေခဲ့တာအမှန်ပါပဲ ပရိတ်သတ်ကြီးရေ ။

May Kha FC အတွက်သွင်းဂိုးများကိုတော့
Win Khaing ⚽️⚽️
Swe Gyi ⚽️
Zaw Min Thu ⚽️ တို့ကသွင်းယူပေးခဲ့ကြပါတယ် ။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Quarter Final ပွဲစဉ်တစ်ပွဲ ဖြစ်သော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ 7 Stars FC အသင်းအုပ်ချုပ်သူနည်းပြအဖွဲ့ဝင်များနှင့်တကွ ကစားသမားများ ပရိတ်သတ်များအားလုံးကို May Kha FC တစ်သင်းလုံးမှ လေးစားစွာအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ။
မေခသတင်းနှင့်မီဒီယာ ✍️📸

12/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးရေ ။
လာမယ့် 14 April 2024 { Sun } ညနေ ၅ နာရီအချိန်မှာ
Quarter Final Match - 1 ပွဲစဉ်အဖြစ် SIA Sports Hub
ဘောလုံးကွင်းကြီး၌ May Kha FC အသင်းဟာ 7 Stars FC အသင်းနှင့် ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ် ။
အုပ်စု B ရဲ့အုပ်စုဗိုလ်အဖြစ်နဲ့ Quarter Final အဆင့်ကိုတက်လှမ်းလာခဲ့တဲ့ 7 Stars FC အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ကြောင်းကို အထူးတလည်ရှင်းပြဖို့ လိုမယ်မထင်ပါဘူး ပရိတ်သတ်ကြီးရေ ။
ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ Burma Union FC အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေကျခဲ့တဲ့ May Kha FC အသင်းကတော့ Group A မှ အုပ်စုဒုတိယဖြင့် ဒီအဆင့်ကိုတက်ရောက်လာခဲ့တာပဲဖြစ်ပါတယ် ။
အစဉ်အလာပြိုင်ဖက်ကောင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းကအနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီကို တက်လှမ်းသွားမလဲဆိုတာ SIA ဘောလုံးကွင်းကြီးမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုရင်း အားပေးကြပါလို့ မေခသတင်းနှင့်မီဒီယာမှ လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ ။

💪💪💪
မေခသတင်းနှင့်မီဒီယာ ✍️📸

05/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးရေ ..။
ဒီတစ်ပတ် 07 Apr 2024 { Sun } မှာတော့ ကျနော်တို့
May Kha FC အသင်းဟာ အုပ်စုဗိုလ်နေရာအတွက်
Quarter Final သို့တက်လှမ်းသွားပြီဖြစ်တဲ့
Burma Union FC အသင်းနှင့် Group A ရဲ့
နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။
3 ပွဲကစားပြီးချိန်မှာ Group A ကို ရာနှုန်းပြည့်နိုင်ပွဲဖြင့်
ဦးဆောင်နေတဲ့ BU အသင်းနှင့် May Kha အသင်းတို့ရဲ့
ပွဲစဉ်ဟာလည်း ဖျော်ဖြေမှုအပြည့်ပေးနိုင်မယ့်
ပွဲကောင်းတစ်ပွဲဆိုတာကို အထူးတလည်ညွှန်းဆိုစရာ
လိုမယ်မထင်ပါဘူးခင်ဗျာ ။
ဘယ်အသင်းက BT Secondary School ကွင်းကြီးမှာ
နိုင်ပွဲရယူပြီး အုပ်စုပထမဖြင့် နောက်တစ်ဆင့်ကို
ဗိုလ်ဝင်ခံသွားမလဲဆိုတာ ပရိတ်သတ်များကိုယ်တိုင်
လာရောက်အားပေးရင်း ကြည့်ရှုခံစားကြနိုင်ဖို့
မေခသတင်းနှင့်မီဒီယာမှ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ။

မေခသတင်းနှင့်မီဒီယာ ✍️📸
💪💪💪

05/04/2024

အများနဲ့တစ်ယောက်ငြင်းနေသော Cap 😂

05/04/2024

May Kha Fan Girl လေးရဲ့ လက်စွမ်း

05/04/2024

ထက်ကြီးကတော့ လျှပ်စီးပစ်ချက်တွေနဲ့ 😂

05/04/2024

PL ကတော့ အပီတွယ်ပြီတဲ့

05/04/2024

Do Lay ရဲ့ အပစ်စကေး

Photos from May Kha FC Singapore's post 05/04/2024

ပြီးခဲ့တဲ့အပတ်က May Kha အသင်းရဲ့ MNYC ပွဲစဉ်မရှိတဲ့အတွက် အသင်းသားများနှင့် မေခအသင်းပရိတ်သတ်များ အတူတကွ Bowling Ball 🎳 အမှတ်တရကစားခဲ့ကြပါတယ် ။

မေခသတင်းနှင့်မီဒီယာ ✍️📸

05/04/2024

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ ..။
24 Mar 2024 [ Sunday ] က ယှဉ်ပြိုင်ကစားခဲ့ကြသော
MNYC 2024 ရဲ့ Group ပွဲစဉ်တစ်ပွဲဖြစ်တဲ့ May Kha FC နှင့်
Woodlands FC အသင်းတို့ရဲ့ပွဲစဉ်မှာ မေခအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို Swe Lin Tun ( Swe Gyi ) No. 70 မှ ရရှိခဲ့ပါတယ် ။
အကောင်းဆုံးအဆုံးသတ်သွင်းဂိုးများနှင့်အတူ အရေးပါသော
နိုင်ပွဲကို ပုံဖော်နိုင်ခဲ့တဲ့ Swe Gyi အား အဆိုပါ အကောင်းဆုံးကစားသမားဆုကို မေခနည်းပြအဖွဲ့ဝင်များ ၊ အသင်းဖော်များနှင့်အတူ မေခပရိတ်သတ်များမှ မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ် ။ အကောင်းဆုံးခြေစွမ်းများဖြင့် အမြင့်ဆုံးအဆင့်မှာ ဆက်လက်ပျံသန်းနိုင်ပါစေ Swe Gyi ရေ ။

မေခသတင်းနှင့်မီဒီယာ ✍️📸

Photos from May Kha FC Singapore's post 25/03/2024

MYANMAR NEW YEAR CUP SG - 2024
GROUP A
MATCH 17
KRANJI SECONDARY SCHOOL
24 Mar 2024 { Sunday } 5 PM
May Kha FC 5 - 1 Woodlands FC

25/03/2024

မင်္ဂလာပါမေခပရိတ်သတ်ကြီးခင်ဗျာ ….။
ပြီးခဲ့တဲ့ 24 Mar 2024 ( Sun ) ညနေ 5 နာရီမှာ
Kranji Secondary School ဘောလုံးကွင်းကြီး၌ ကျနော်တို့ May Kha FC နှင့် Woodlands FC တို့ဟာ Group A ရဲ့ Match - 17 ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ် ။
May Kha FC အသင်းဟာ Group - A ကို ဦးဆောင်နေပေမယ့်လည်း အုပ်စုအဆင့်က လွန်မြောက်ရန်အတွက်ကတော့ အမှတ်လိုနေဆဲဖြစ်တာကြောင့် ပွဲစတယ်ဆိုတာနှင့် တိုက်စစ်ဖွင့်ကစားခဲ့တာကို တွေ့ရှိခဲ့ပါတယ် ။
အကျိုးဆက်အနေဖြင့် အနိုင်ဂိုးများကို ဆက်တိုက်သွင်းယူရင်း လိုအပ်နေတဲ့ နောက်ထပ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပါတယ် ။
မေခအသင်းအတွက်သွင်းဂိုးများကို
Zaw Min Thu { No. 7 } ⚽️⚽️
Swe Gyi { No. 70 } ⚽️⚽️
Do Lay { No. 93 } ⚽️ တို့ကအသီးသီးသွင်းယူခဲ့ကြပါတယ် ။
မေခသတင်းနှင့်မီဒီယာ ✍️📸

💪

Photos from May Kha FC Singapore's post 14/06/2022

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ …။
Myanmar New Year Cup 2022 ( Singapore )
ရဲ့ Champions May Kha FC အသင်းဟာ Champion ဆုဖလားကို 12 Jun 2022 က The Rainforest Sports Hub ဘောလုံးကွင်းကြီးမှာ လက်ခံရယူခဲ့ပါတယ် ။
မေခအသင်းဟာ ချန်ပီယံဆုဖလားကို လက်ခံရယူရင်း မေခအသင်းရဲ့နေရာအလိုက်အကောင်းဆုံး ကစားသမားဆုများကိုလည်း အစဉ်အလာမပျက် ပေးအပ်ချီးမြှင့်ခဲ့ပါတယ် ။

1. Zaw Min Thu ( No. 7 ) Best Striker
2. San Lwin Htet ( No.94) Best Midfielder
3. Wunna Aung ( No. 8 ) Best Defensive Midfielder
4. Phyo Lay ( No. 17) Best Defender
5. Pho Chan ( No. 9 ) Assist of the King
6. Kyaw Ko Ko ( No. 20 ) Player of the month
7. Hau Maung ( No. 2 ) Player of the month
8. Yair Yint ( No. 3 ) Player of the month

ဆက်လက်ပြီး MNY Cup ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး အသင်းတိုင်းအပေါ်တာဝန်ကျေခဲ့တဲ့ Friendly FC အသင်းမှ Medical Team အသင်းသား ညီလေး Jimmy ကိုလည်း သူရဲ့စေတနာ့ဝန်ထမ်းလုပ်ရပ်များအတွက် First Aider Award ကို မေခအသင်းအနေနဲ့ လေးစားစွာ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း မေခပရိတ်သတ်ကြီးကို အသိပေးလိုက်ပါရစေ ။

ပထမဦးဆုံး ပြန်လည်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာဟာ အသင်းသားတိုင်း တာဝန်ကျေတာထက်ပိုခဲ့သလို ပရိတ်သတ်ကြီးတို့ရဲ့ မေတ္တာတရားတွေကြောင့်ပါ ။

နောင်ဆက်လက်ယှဉ်ပြိုင်ရဦးမယ့် မေခအသင်းရဲ့ပြိုင်ပွဲတွေကိုလည်း ပရိတ်သတ်ကြီးတို့ကို အတူလက်တွဲတိုက်ကြဖို့ လာရောက်အားပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ ။

မေခသတင်းနှင့်မီဒီယာ ✍️🎥

14/06/2022

We come
We fight
We conquer
We are May Kha
Finally,
We are the Champion 🏆🏆🏆

Photos from May Kha FC Singapore's post 09/06/2022

Myanmar New Year Cup 2022 ( Singapore )
Final Match , Round -2

May Kha FC 2 - 1 Unity FC

Zaw Min Thu ( No.7 )
⚽️⚽️
( Assist by PC)

မင်္ဂလာပါ မေခချစ်ပရိတ်သတ်ကြီးခင်ဗျာ ။
အခုဆိုရင် ကျနော်တို့ မေခအသင်းဟာ MNY Cup ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဖလားကို ရရှိခဲ့ပါပြီ ..။ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိပဲ ဒီဖလားကြီးကို ရယူနိုင်ခဲ့တဲ့ မေခအသင်းသားတိုင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရတာ အမှန်ပါ ။ အတောင့်တင်းဆုံးအသင်းမဟုတ်ခဲ့သော်ငြားလည်း အကောင်းဆုံးဖြစ်အောင် အသင်းကိုထိန်းကျောင်း ပဲ့ကိုင်ပေးခဲ့ကြတဲ့ မန်နေဂျာ ကိုဘိန်း ၊ နည်းစနစ် ဒါရိုက်တာ ကိုသူရိန်တို့ကိုလည်း လေးစားဦးညွှတ်ပေးပါရစေ ။
နောက်ပြီး ကျနော်တို့ရဲ့ မေခပရိတ်သတ်ကြီး “ ခင်ဗျားတို့ရဲ့ အားပေးမှုတွေ ၊ အသင်းအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကြောင့် ကျနော်တို့ဟာ ဒီဖလားကိုရရှိခဲ့တာပါ ။ ခင်ဗျားတို့အားလုံးဟာ မေခနဲ့တစ်သားတည်း အမြဲရှိနေမယ့် မိသားစုတစ်ခုပါ “ 🙏🙏🙏🙏🙏
Unity အသင်းကိုလည်း ကျနော်တို့မေခအသင်းမှ great opponent အသင်းတစ်သင်းဖြစ်ကြောင်း လေးစားစွာ အသိအမှတ်ပြုပေးပါရစေ ။ အရမ်းကောင်းတဲ့ အသင်းတစ်သင်းနဲ့ ကစားခွင့်ရခဲ့လို့ ကျနော်တို့မေခမှ ဂုဏ်ယူနေမှာပါ ။
Final Match ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ Kyaw Ko Ko ( No. 20 ) မှ ရရှိသွားခဲ့ပါတယ် ။ ကစားခွင့်ရခဲ့တဲ့ နေရာတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့အတွက် ဒီဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့သူပါ ။
လာမယ့် 12 Jun 2022 မှာတော့ မေခအသင်းဟာ ချန်ပီယံဖလားကြီးကို The Rainforest Sport Hub ကွင်းကြီးထဲမှာ လက်ခံရယူမှာဖြစ်တဲ့အတွက် မေခပရိတ်သတ်များ အတူလာရောက်ပူးပေါင်းအောင်ပွဲခံပေးကြဖို့ ကျနော်များ မေခသတင်းနှင့်မီဒီယာမှ ဖိတ်ကြားလိုက်ပါရစေ ။
Photo By Aung Aung Hein ( May Kha )
Photo Credit to Thuta Aung
မေခသတင်းနှင့်မီဒီယာ ✍️🎥

03/06/2022

မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ …။
05 June 2022 ( Sunday ) 5 PM မှာ ကျနော်တို့ May Kha FC အသင်းဟာ Unity FC အသင်းနှင့် MNY Cup 2022 ရဲ့ Final Match Round -2 ပွဲကြီးကို The Rainforest Sport Hub ဘောလုံးကွင်းကြီးများ ယှဉ်ပြိုင်ကစားကြရတော့မှာ ဖြစ်ပါတယ် ။
Unity FC အသင်းဟာ မရဏအုပ်စုကို ရှုံးပွဲမရှိကစားပြီး ထိပ်တန်းအသင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ အတွေ့အကြုံရင့် အသင်းကောင်းတစ်သင်းဖြစ်ပါတယ် ။ ဝါရင့်ကစားသမားများနှင့် လူငယ်ခြေတက်ကစားသမားများကို အချိုးကျပေါင်းစပ်ထားပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်း ပြသနေတဲ့အသင်းဖြစ်တာကြောင့် May Kha Vs Unity ဗိုလ်လုပွဲကြီးဟာ ဘောလုံးအားကစားဝါသနာရှင်တိုင်း လက်လွတ်မခံသင့်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာ အသေအချာပါ ။
ကဲ … ဒီတော့ ပရိတ်သတ်ကြီးရေ ဘယ်လိုခြေစွမ်းတွေပြပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကို ကျနော်တို့ May Kha FC အသင်းနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ အတူတကွ အားပေးချင်တယ်ဆိုရင်ဖြင့် Rainforest ဘောလုံးကွင်းကြီးဆီ အရောက်လှမ်းလာကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ …။

* ကွင်းလိပ်စာကတော့ *
Venue : The Rainforest Sport Hub
Address: 2 Turf Club Road , Singapore 287988

မေခသတင်းနှင့်မီဒီယာအဖွဲ့✍️🎥

Photos from May Kha FC Singapore's post 01/06/2022

MYANMAR NEW YEAR CUP 2022 ( SINGAPORE )
FINAL MATCH # ROUND- 1
May Kha FC 5 - 0 Bagan FC
Zaw Min Thu(No.7)⚽️⚽️⚽️
Pho Chan ( No. 9 ) ⚽️
Michael ( No.24) ⚽️
မင်္ဂလာပါ မေခပရိတ်သတ်ကြီးခင်ဗျာ …။
29 May 2022 ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မေခအသင်းနှင့် ပုဂံအသင်းတို့ရဲ့ပွဲစဉ်တွင် မေခအသင်းမှ အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံးပွဲမှာ ရလဒ်ကောင်းအောင်ကြိုးစားဖို့ပဲ လိုပါတော့တယ် ။ ဗိုလ်လုပွဲတစ်ပွဲ ဖြစ်တာနဲ့အညီ အားထုတ်ကစားခဲ့ကြတာကြောင့် ပြိုင်ပွဲဟာအသက်ဝင်ခဲ့သလို ထိခိုက်ဒဏ်ရာရမှုအနည်းအကျဉ်းရှိခဲ့ပေမယ့် နှစ်သင်းစလုံးပွဲကို ထိန်းကစားခဲ့တာကလည်း စိတ်ကျေနပ်စရာပါ ။
မေခအသင်းရဲ့နိုင်ပွဲနှင့်အတူ ကွင်းအတွင်းလာရောက်အားပေးခဲ့ကြသော မေခပရိတ်သတ်ကြီးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားပါရစေ ။ မေခအသင်းရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ မေခနောက်တန်းခံစစ်မှူးလေး Yair Yint ( No.3 ) မှရရှိခဲ့ပါကြောင်း အသိပေးရင်း မေခအသင်းရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးအား လာရောက်အားပေးကြဖို့ ပရိတ်သတ်ကြီးကို ထပ်မံဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ။
မေခသတင်းနှင့်မီဒီယာ ✍️🎥

Videos (show all)

The taste of Champions
Semi - Final ပွဲအပြီး မြင်ကွင်း ❤️❤️❤️
အများနဲ့တစ်ယောက်ငြင်းနေသော Cap 😂
May Kha Fan Girl လေးရဲ့ လက်စွမ်း
ထက်ကြီးကတော့ လျှပ်စီးပစ်ချက်တွေနဲ့ 😂
PL ကတော့ အပီတွယ်ပြီတဲ့
Do Lay ရဲ့ အပစ်စကေး
Happy New Year 🎉🎉🎉ပန်တျာစိန်ဖြိုးဖြိုးလေးရဲ့ Dino Dance နဲ့  May Kha FC မှနှစ်သစ်ကိုကြိုဆိုလိုက်ပါတယ် ❤️❤️❤️
Woo! Amazing Goal MK15 🤜🏻🤛🏻💪May Kha  5-2  Northern Star
May Kha 11 - 1 Glorious Brothers
May Kha 11 - 1 Glorious Brothers
May Kha 11 - 1 Glorious Brothers

Website

Address

Singapore