Jurong west အိမ်ချက်မြန်မာဟင်း

Jurong west အိမ်ချက်မြန်မာဟင်း

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jurong west အိမ်ချက်မြန်မာဟင်း, Restaurant, Jurong West Street 41, .

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 28/07/2022

ချစ်တဲ့ foodies တို့ရေ

Page လေးကနေ အသိပေးစရာလေးရှိပါတယ်

မိခင်ကျန်းမာရေးကြောင့် ပြုစုဖို့ရာ မြန်မာပြည် ခဏ ပြန်ရမှာမို့ ဟင်းချက်ရောင်းတာလေး တစ်လလောက် နားချင်ပါတယ် ရှင်
ပြန်လာတဲ့ အခါကျမှ ဟင်းထူးထူးဆန်းဆန်း လက်ရာကောင်းကောင်းလေးတွေနဲ့ ပြန် ရောင်းပေးမယ်နော်

ပုံမှာ ပါတဲ့ ဟင်းလေးကတော့

တောင်ပို့မှို ချိုစပ်ဟင်းရည် အဆိပ်အတောက်ပြေအောင် ကန်စွန်း ရွက်လေး အုပ်

ကိုယ်တိုင် ဆားပေါ့လေးသိပ်ထားတဲ့ က ကတစ် ငါးကို ခပ်ထပ်ထပ်လေး ကြော် ပြီး မန်းကျီးသီးစိမ်း လေးနဲ့ ဆီလည်ရေလည် ချက်ထား တာလေးပါ

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 17/07/2022

မင်္ဂလာရှိသော တနင်္ဂနွေ နေ့လေးပါ အရမ်းကို စမ်းသပ်ပြီး ချက်ချင်နေသော food လေး ကို ညီမလေး တစ်ယောက် ရဲ့ အလှူ အော်ဒါလေးကြောင့် စမ်းချက်ခွင့်ရခဲ့ပါ တယ်

***နှင်းပုလဲဘူတာ ရွှေမျက်မှန် ထမင်းပေါင်း ***

ပုံလေးတွေကတော့ ကျမကိုယ်တိုင် ချက်ထားတာလေးတွေနဲ့ အလှူရှင် ညီမလေး ဆီက feedback ရထားတဲ့ comment လေးပါ ချက်ခွင့်ပေးတဲ့ အလှူရှင် ညီမလေးတို့ မိသားစု ကို လည်း ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းပေးပါတယ် ဒီ food လေးမှာ ပါဝင် တဲ့ item လေး တွေက online ပေါ်က နေ ရှာကြည့် ထားပါ တယ် အားလုံးက သင်ဆရာ မြင်ဆရာပါ🙏🙏🙏 နည်းလေးတွေ အတွက်လည်း ကျေးဇူးတင်ပြီး crd လည်း ပေးပါတယ်ရှင် 😊😊

ဒီလအတွက် ချက်ရောင်းတာလည်း သုံးပါတ်ဆက်တိုက် ဖြစ်ပြီမို့ နောက် လာမဲ့ တစ်ပါတ် တော့ ဟင်းချက်ရောင်းတာ နားပါမယ်ရှင်

အားပေးမှူကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်

16/07/2022

အခုတစ်ပါတ် စနေ အိမ်ချက် မြန်မာဟင်းလေးတွေကျက်ပါပြီ ရှင်

စေတနာအပြည့် နဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင်သန့်ရှင်းစွာ ချက်ပြုတ် ထားပါတယ် ရှင်

အားလုံးပဲ စားကောင်းကြပါစေနော်😊😊

အထူးပဲကျေးဇူးတင်ပါတယ်ရှင်

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 14/07/2022

***ပြောင်ဖူး လက်ဖက်သုပ် လေး***
စနေနေ့ အတွက် လက်ဆောင်လေး ထည့်ပေးဖို့
စီစဉ်ထားပါတယ်ရှင် 😊😊

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 13/07/2022

📣 လာမဲ့ 16/July/2022 Saturday မှာ ရနိုင်မဲ့ ထမင်းမြိန်စေမဲ့ဟင်းအတွဲအစပ်လေးတွေကတော့

နေကြာဆီသုံးပြီး အချိုမှုန့်လုံးဝ မသုံးတာ ပါနော်

၁)ငါးကြင်း / ကကတစ် ငါးပိတစ်/ငါးပိကောင် ခရမ်းချဉ်သီး ချက် -9$ (250g)

၂)ကြက်သားမရမ်းပြား မွန်ချက် -9$ (250g)

၃)အမဲရွတ် အာလူး အသေး ဆီပြန် 9$ (260g)

၄)ဆိတ်သားခြောက် ခရမ်းချဉ် အညာချက် -10$ (300g)

၅)ဝက်အရိုး နု အချို ချက် 9$- (250g)

၆)မျှစ် ကင်းမုံသီး ကြော် - 6$ (200g)

၇)ပုစွန်ခြောက် မန်းကျီးသီး စိမ်း ထောင်း ငါးပိကြော် 7$ (160g)

၈)သခွပ်ပွင့်ပဲကြာဇံ သုပ် - 6$

၉)လေးမျိုးစပ် ပဲဟင်းချို -7$ (350g)

၁၀)ပြောင်းဖူးဗယာကြော် -6$

၁၁)ငါးပြုတ် ငါးပိရည် တို့စရာ အစုံ 7$

၁)ငါးကြင်း / ကကတစ် ငါးပိတစ်/ငါးပိကောင် ခရမ်းချဉ်သီး ချက် (ငယ်ငယ်က အခုလိုမြန်မာပြည် မိုးရာသီ မျှင်မျှစ်နုနုလေးတွေပေါ်ချိန်ဆို မျှစ်ပြုတ်တို့ မျှစ်ကြော်လေးနဲ့ တွဲးစားပြီး ထမင်း သုံးပန်းကန်လောက် အသာလေး စားနိုင်ခဲ့တဲ့ ဟင်းလေးတစ်ခွက် ပေါ့ရှင် ငါးပိကောင် လို့ ပြောတိုင်း အရမ်းငံနေမှာပဲထင်ရင် မှားသွားမှာနော် ငါးကို အငံ လေး နဲ့ မာမာလေး အခြေအနေကို ခရမ်းချဉ်းသီး လေးနဲ့ ဆီလည်ရေလည်လေး ပြန်ချက်မှာပါရှင် ပင်စိမ်းလေး ငရုတ်သီးစိမ်းလေး အုပ်လိုက်တော့ ဘယ်လိုတောင် မွှေးနေမလဲဆိုတာ

၂)ကြက်မရမ်းပြား မွန်ချက် ( kampung တော ကြက်ကို ငါးပိစိမ်းစား အချို ငရုတ်သီးစိမ်း ကြက်သွန်ဖြူ/နီ မရမ်းပြားလေးခတ် ပင်စိမ်းလေးအုပ်ပြီး မွှေးနေအောင် ချက်ထားတဲ့ သောက်စမ်းဟင်းလေးတစ်ခွက် ပါ

၃)အမဲရွတ် အာလူးအလုံးသေးဆီပြန်- အမဲသားကို အသားချည်းပဲဆို ကျမက နှပ်စားလေ့ရှိတယ် ဆီပြန်ချက်/ ငါးပိချက် စားရင်တော့ အမဲအရွတ်ကလေးပဲချက်လေ့ရှိတယ် ပိုချိုအောင်လို့ အာလူးအလုံးသေးလေးတွေထည့်ချက်ထားပေးတယ် အရမ်းအရသာရှိပြီး အဟာရပြည့်မဲ့ ဟင်းပွဲလေးပါ 😀😀😀

၄)ကိုယ်တိုင်နေလှန်းထားတဲ့ ဆိတ်သားခြောက်လေးရယ် မြန်မာပြည်က ဝယ်ထားတဲ့ ဆိတ်သားခြောက်လေး နဲ့ရော မာနေတာကို အိသွားအောင် ပြန်ပြုတ်ပြီးမှ မွှေးနေအောင် ခပ်ထပ်ထပ်လေး ပြန်ကြော် ခရမ်းချဉ်သီး ပဲပုတ်ခြောက် လေး အနဲငယ် ပါတဲ့ အနှစ်နဲ့ နဲ့ လိပ်နေအောင် အညာချက်လေး ချက် နံနံပင် အုပ် မြန်မာငရုတ်သီးစိမ်းလေး အုပ် ကဲ ဘာလိုသေးလဲရှင်😊

၅)ဝက်အရိုးနု အချိုချက် -ဝက်သားဆိုရင် အသားလေးတွေနဲ့ တွဲနေတဲ့ အရိုးနု ကို ကျမအလွန်ကြိုက်ပါတယ် ကျမနဲ့ အကြိုက်တူမဲ့ customer တွေအတွက် သကြားနဲ့လှော် ပဲငံပြာရည် ခရုဆီလေးသုံးပြီး ကြက်သွန် ၄စိပ်ကွဲလေးထည့် အရိုးလေးပါနူးပြီး သားလို့ရအောင် pressure cooker လေးနဲ့ နှပ် ချက် ချက်ထားတဲ့ အနှစ်လေးလည်းကောင်း အရိုးအသားလေးလည်း အိနေတဲ့ ထမင်းမိန်တဲ့ ဟင်းလေးတစ်ခွက်ပေါ့ ရှင်

၆)မျှစ်ကင်းမွန်သီးကြော်-မျှစ်တောထဲမှာ မွေးတဲ့ မျှစ်ကြိုက်သူကျမ အခုတစ်ပါတ် မှာတော့ မျှစ်လေးနဲ့ ကင်းမုံသီး ကို ပုစွန် ခြောက် လေးနဲ့ ကြော်မှာပါရှင့် မျှစ်ကြော် ကို ငါးပိရည်နဲ့ ထမင်းနဲ့ နယ်ဖတ်စားရင် အရမ်းကိုလိုက်ဖက်တာပါရှင် ငယ်ငယ်က ထမင်းကြမ်းကို အဲလိုစားခဲ့တာပါ😊 အဲဒီတော့ မျှော်ကျစ် မျှစ် ကြော် လေးနဲ့ လိုက်ဖက်အောင် ငါးပိရည်လေးလည်း ရောင်းပေးမယ်နော့

၇)ပုစွန်ခြောက် မန်းကျီးသီး စိမ်း ထောင်း ငါးပိကြော် (ရာသီစာ အစားအစာလေးမို့ ထူးပြီး မညွှန်းတော့ပါဘူး ငယ်ငယ်က ဆို အမေက ရင်ကြပ်ရောဂါ ရှိလို့ မတည့်တော့ ချက်မစားဖြစ်တော့ မစားရဘူး ဒါပေမဲ့ အဖွားက သူ့မြေးကြိုက်မှန်းသိလို့ မန်ကျီးသီနုပေါ် တိုင်း သူ့လက်ရာလေးကို အကြိုက်စားခဲ့ရပါသော လွမ်းမောဖွယ်ရာ ဟင်းလေးတစ်ခွက်

၈)ဘီပိုး စီပိုး နိုင်တဲ့ ဆေးဖက်ဝင်သခွပ်ပွင့်လေး

" ဟင်းငုပ်ပွင့်(ခေါ်) ဆေးဖက်ဝင် သခွပ်ပွင့်သုပ် "

သခွပ်ပွင့်ခြောက်ကို ရေစိမ်ပြီး ပြုတ်ပါတယ်
ပြုတ်ဖတ်ကိုရေညှစ်ပြီး ဆီချက် ငံပြာရည် မြေပဲထောင်း ပုဇွန်ခြောက်မှုန့် ကြက်သွန်နီကြော်
ငရုပ်သီး တို့နဲ့ သံပုရာသီးလေးညှစ်ပြီး အရသာမှုန့်ထည့် ပဲကြာဇံပြုတ်လေး အနဲငယ် ထည့် ပြီး သုပ်မှာပါ
ဆေးဖက်ဝင်သလို အရသာလည်းရှိ ဟင်းလည်းဖြစ်တဲ့ အဖိုးတန်အရွက်လေးပါရှင့်

၉)လေးမျိုးစပ် ပဲဟင်းချို - သူကလည်း ပုံပြင်လေးရှိတယ် ပဲဟင်းတွေနေရာအနှံ့ အမျိုးစုံစားဖူးပေမဲ့ ပဲကြိုက်ပြီး ဟင်းချက်ကောင်းတဲ့ ဖေနဲ့မေ တို့ရဲ့ လက်ရာမွန်လေး ကုလားပဲကို ပိုချိုအောင် ခရမ်းသီးလေး ခတ် ပဲကြာဇံခတ် ကြက်ဥလေး ဖောက်ထည့် သောက်ခဲ့ ရတဲ့ ငယ်ဘဝ အမှတ်တရ ဟင်းလေး တစ်ခွက်

*** ငါးပိရည်ကျို နဲ့ ပြောင်းဖူးဗယာကြော်လေး ကို ထူးပြီး မညွှန်းတော့ ဘူးနော် ထုံးစံအတိုင်း မမအိ လက်ရာနဲ့ စေတာနာ ပေါင်းရင် စားဖူးသူတိုင်းသိကြပါတယ်ရှင့်

မရောင်းခင် ကျမကိုယ်တိုင်ကြိုစမ်းသပ်ပြီး ချက်ထားတဲ့ ဟင်းပွဲ ဓါတ်ပုံလေးတွေ ရှူ့စားကြရင်း ပွဲအရေတွက် အကန့်သတ် ရှိတာမို့ မြန်မြန်လေးအော်ဒါတင်ပေးမှရမယ်နော်😉😀😀 ဟင်းအရသာ Q/C pass ကတော့ အိမ်သားတွေပါ အဲတော့ မကောင်းရင် သူတို့ ကို ပြောဖို့ fb account လေးတွေ chat box မှာ ပို့ပေးမယ်နော့😂😂😂

Collection point ကတောLakeside MRT 11:45 to 12:15 pm ပါ။
home collection- S640476
Lakeside to City Hall MRT delivery fee 3-5$ပါ။(အနီရောင်လိုင်း)
Lakeside to City Hall MRT delivery fee 3-5$ပါ(အစိမ်းရောင်လိုင်း
Lakeside to pioneer mrt delivery feee -2-3$ ပါ
သက်သာတဲ့ 4hr grab နဲ့ လည်း စီစဉ်ပေးပါတယ်
အိမ်အရောက် 10$ rate နဲ့ delivery လည်း စီစဉ်ပေးပါမယ်ရှင့်

Order တင်ရန်
***Page messenger
**Whatapps -86121845

အားပေးမှူကို ကျမ မတ်မတ်အိမိသားစု မှ အထူးပဲကျေးဇူးတင်ပါတယ်ရှင့်

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 07/07/2022

မိတ်ဆွေ တွေ များပြီး လှူရ ထောက်ရမဲ့ နေရာတွေများလို့ အားထည့်ရောင်းနေပါတယ်ရှင့် 😊

ချစ်ရတဲ့ customer တို့ရေ အသုပ်စုံမှာ
ပါဝင်တာလေးတွေကတော့

ခေါက်ဆွဲ

ပဲကြာဇံ

ဆန်ကြာဇံ

တို့ဟူး

ပဲပြားကြော်

အာလူးပြုတ်

ဂေါ်ဖီ

သင်္ဘောသီး ခြစ်

သခွါးသီး

ကြက်သွန်နီ

နံနံပင် တို့ကိုထည့်သုပ်တာပါနော်

ဆီချက်ကလေးကလည်း ဆီချက်ဝါ လေးတွေသုံးထားပါတယ်

မပါမဖြစ်တဲ့ ပဲမှုန့် လေးကိုလည်း အကောင်းစားလေးသုံးထားပါတယ်

ပုစွန်အချိုခြောက်တွေကို ကြိတ်ထားတဲ့ ပုစွန်ခြောက်မှုန့်ကလည်း ကျမစေတနာပါ😊

ငရုတ်သီး အကြပ်မှုန့်လေးကလည်း မြန်မာပြည်က လှမ်းမှာ ထားတာ မွှေးနေရောပဲ

မန်းကျီးမှည့်ရည် ကတော့ဖြင့် မြန်မာ မန်ကျီးမှည့်ပါ

Indian ဆိုင်က ဝယ်ရတဲ့ ကြက်သွန်ဖြူ အမွှာလေးတွေထည်းပေးမှာပါ

ဘူးသီး ကြာဇံ ဟင်းခါးလေးကတော့ဖြင့် မေတ္တာလက်ဆောင်ပါနော်😊

ငံပြာရည်လေးကိုလည်း ထိုင်းကလာတဲ့ အကောင်းစားလေး သုံးပေးထားပါတယ်😊😊

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 07/07/2022

ပြည်မြို့ရဲ့ signature အစားအစာလေးကို ကိုယ်လည်းကြီုက် သလို စားစေချင်တာပါနော် ပါဝင်ပစ္စည်းလေးတွေကတော့ 👇👇👇

ကော့နေအောင်ချက်ထားတဲ့ ထမင်းဖြူ

ခေါက်ဆွဲ

ပဲကြာဇံ

ကြက်သွန်နီ

ဂေါ်ဖီ

နံနံပင်

အာလူးပြုတ်

သင်္ဘောသီးခြစ်

တို့ဟူး

စိန်ပန်းကြော်

မုန့်ကျွပ်ကြော် တို့ကို

ထည့်ပေးလိုက်တဲ့ ဆီချက်ပဲမှုန့် ပုစွန်ခြောက်မှုန့် မန်ကျီးရည် အနဲငယ် တို့နဲ့နယ်ဖတ်ပြီးသကာလ ပဲတီချဉ် /အသားကြော် /ငါးကြော် /ဟင်းခါးလေးတို့နဲ့ တွဲဖက်သုံးဆောင်ရမှာပါ

ဟင်းခါး+ပဲတီချဉ်+ကြက်သွန်ဖြူ +ငရုတ်သီးတောင့်ကြော် က မေတ္တာလက်ဆောင်ထည့်ပေးမှာပါ

နေ့လည်စာ အလုပ်ထဲကနေ grab နဲ့ စုမှာချင်သူတွေအတွက် အဆင်ပြေပါတယ်ရှင့်

အိမ်မှာ မိသားစု သူငယ်ချင်းတွေစုစားချင်ရင်တော့
ပြည်ထမင်းသုပ် ၃ယောက်စာ /ငါးယောက်စာ နဲ့ အသားကြော် လေးတွေသတ်သတ်မှာ နိုင်ပါတယ်ရှင်😊

ဆက်သွယ်ရန်-messenger/Whatapp -86121845

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 06/07/2022

Hello မင်္ဂလာပါ ချစ်တဲ့ foodies တို့ရေ

အခုလာမဲ့ စနေ (09-07-2022) အတွက်ရောင်းပေးမှာ ကတော့လက်မလည်အောင် ရောင်းရတဲ့ ပြည်ထမင်းသုပ် လေးပါ🍽🍽🍽

***တောင်းဆိုတဲ့သူတွေရှိလို့ အသုပ်စုံလဲ ရောင်းပေးမယ်နော်

ပြည်ထမင်းသုပ်နဲ့ တွဲစားနိုင်တဲ့အပြင် ထမင်းဆီဆမ်း၊ချဉ်ပေါင်ထမင်းနယ် အဖြစ် အကြော်အလှော်လေးတွေ ကြိုက်နှစ်သက်သူတွေအတွက် 3 in one စားလို့ ရအောင် စီစဉ်ပေးထားပါတယ်နော်

၁)ပြည်ထမင်းသုပ် + ကြက်သားကြော် - 8.5$

၂)ပြည်ထမင်းသုပ် + အမဲမွကြော်- 8.5$

၃)ပြည်ထမင်းသုပ် + ကြက်အူလုံးကြော် - 9$

၄)ပြည်ထမင်းသုပ် + ငါးဖယ်ကြော်- 9$

၅)ပြည်ထမင်းသုပ် + ဝက်သားကြွပ်မွကြော် -8.5$

၆)ပြည်ထမင်းသုပ် အလွတ်-6$ (320g)တစ်ယောက်စာ

၇)ပြည်ထမင်းသုပ် အလွတ် -17$ (သုံးယောက်စာ)

၈)ပြည်ထမင်းသုပ် အလွတ် -28$ (ငါးယောက်စာ)

၉)အစုံသုပ် -6$(တစ်ယောက်စာ)

၁၀)အစုံသုပ် -17$ (သုံးယောက်စာ)

၁၁)အစုံသုပ် -28$ (ငါးယောက်စာ)

၁၂)ကြက်သားအကြွပ်ကြော်- 9$ (200g)

၁၃)အမဲမြှောင်းကြွပ် မွကြော် -9$ (180g)

၁၄)ဝက်သားမြှောင်း ကြွပ် မွကြော် - 9$ (180g)

၁၅)ငါးဖယ်ကြော် - 9$

၁၆)ငါးဥ မန်ကျီးချဉ်စပ် ကြော် -9$ (180g)

၁၇)မျှစ်ချဉ်ပေါင် ပုစွန်ဆိတ်ကြော် - 8$ (200g)

၁၈)ပုစွန်ခြောက် ငံပြာရည်ချက် - 6$ (200g)

၁၉)ကြက်အူလုံး ကြော် - 9$ (120g)

🍲🍲ဟင်းခါး(ပြည်ထမင်းသုပ် / အစုံသုပ် နဲ့ တွဲစားရန် လက်ဆောင်)
🥗🥙ပဲတီချဉ် (ပြည်ထမင်းသုတ်နဲ့ တွဲစားရန် လက်ဆောင်)

****ကြက်ကြော်/အမဲကြော်/ဝက်သားကြော်လေးတွေကိုလည်း customer တစ်ချို့ရဲ့ feedback အရ အရသာလေး အသားထဲစိမ့်ဝင်ပြီးတော့ကောင်းတာပါတဲ့နော် ကြက်သားလေးကတော့ kampung ကြက် လေးကို ကြော်တာကြောင့် CP ကြက်လိုတော့ အသားအရမ်းမပေါပေမဲ့ စားရတာ အရသာ က တူဘူးနော်😊

၁)ပြည်ထမင်းသုပ်-ပြည်မြို့ရဲ့ signature အစားအစာလေးကို ကိုယ်လည်းကြီုက် သလို စားစေချင်တာပါနော် ပါဝင်ပစ္စည်းလေးတွေကတော့ ကော့နေအောင်ချက်ထားနဲ့ ထမင်းဖြူ ၊ခေါက်ဆွဲ၊ပဲကြာဇံ၊ကြက်သွန်နီ၊ဂေါ်ဖီ၊နံနံပင်၊အာလူး၊သင်္ဘောသီး၊တို့ဟူး၊စိန်ပန်းကြော်၊မုန့်ကျွပ်ကြော် တို့ကို ထည့်ပေးလိုက်တဲ့ ဆီချက်ပဲမှုန့် ပုစွန်ခြောက်မှုန့် မန်ကျီးရည် အနဲငယ် တို့နဲ့နယ်ဖတ်ပြီးသကာလ ပဲတီချဉ် /အသားကြော် /ငါးကြော် /ဟင်းခါးလေးတို့နဲ့ တွဲဖက်သုံးဆောင်ရမှာပါ ပုံမှာရော video လေးမှာရော အသေးစိတ် ပြထားပါတယ်နော်

၂)အသားကြော် ၊ငါးကြော် လေး တွေကို အရသာ သေချာ အသားထဲစိမ့်ဝင်အောင် ကြော်လှော် ပေးမယ်နော် ရေနွေးကြမ်းလေး ဘာလေးညာလေး🤭😀နဲ့လည်း အင်မတန်မှလိုက်ဖက် ပေတယ် အိမ်ချက်မြန်မာက အကြော်အလှော် စားဖူးတဲ့ customers တွေကတော့ သိပြီးသားပါ😊😊

၃)အစုံသုပ်ကတော့ ထမင်းသုပ် မှာ ပါဝင်တဲ့ အဆာပလာလေးတွေအပြင် ပဲပင်ပေါက်ပြုတ် / ဆန်ကြာဇံ/ ပဲပြားကြော် တို့ ကို မန်ကျည်းငရုတ်ဆီ ချဉ် /ကြက်သွန်ဖြူ ဆီချက် အဝါ /ပုစွန်ခြောက်မှုန့် /ငရုတ်သီးအကြတ်မှုန့် / ပဲမှုန့် များများ တို့ ရောထည့်သုပ်မှာပါ ( မှတ်ချက် -ထမင်းမပါပါ)

၄)အထားလည်းခံ ရာသီဥတု ပူပူနဲ့ လိုက်ဖက်လှတဲ့ ချဉ်ပေါင်နဲ့ မျှစ် ကလေးကိုလည်း ပုစွန်ဆိတ်/ ပုစွန် အချိုခြောက်လေး ငါးပိစိမ်းစား ကောင်းကောင်းလေးသုံးပြီး အရသာရှိရှိရှယ်ကြော်မှာနော်🌿🌿🌶🌶

၅)ငါးဥ ကတော့ ငါးသလောက်ဥနဲ့ အရသာ ဆင်တဲ့ ငါးကွမ်းရှပ် ဥကို မန်းကျဉ်းချဉ် ငရုတ်သီးခွဲခြမ်းနဲ့ ချဉ်စပ်လေးကြော်မှာပါ ရှင်

၅)ဗူးသီး ဟင်းခါးလေးကလည်း အရသာ တစ်ကယ်ရှိစေရမယ်နော် 🍲🍲🍲

၆)ပဲတီချဉ် မတ်မတ်ညို လက်ရာ လတ်ဆတ် သန့်ရှင်းနေရောပဲ😊

မရောင်းခင် ကျမကိုယ်တိုင်ကြိုစမ်းသပ်ပြီး ချက်ထားတဲ့ ဟင်းပွဲ ဓါတ်ပုံလေးတွေ ရှူ့စားကြရင်း ပွဲအရေတွက် အကန့်သတ် ရှိတာမို့ မြန်မြန်လေးအော်ဒါတင်ပေးမှရမယ်နော်😉😀😀 ဟင်းအရသာ Q/C pass ကတော့ အိမ်သားတွေပါ အဲတော့ မကောင်းရင် သူတို့ ကို ပြောဖို့ fb account လေးတွေ chat box မှာ ပို့ပေးမယ်နော့😂😂😂

Collection point ကတော့
-Lakeside MRT 11:30 to 12:00 pm ပါ။
-home collection- S640476 (start from 11am)
-lakeside to City Hall MRT delivery fee 3-5$ ပါ။(အစိမ်းရောင်လိုင်း)
-Lakeside to City Hall MRT delivery fee 3-5$ပါ။(အနီရောင်လိုင်း)
-door to door သက်သာတဲ့ 4hr grab နဲ့ လည်း စီစဉ်ပေးပါတယ်ရှင်

အားပေးမှူကို ကျမ မတ်မတ်အိမိသားစု west အိမ်ချက်မြန်မာဟင်း pageမှ အထူးပဲကျေးဇူးတင်ပါတယ်ရှင့် 😊😊😊

မှာချင်ရင်တော့ page messenger/WhatsApp-86121845 ပါရှင်😊😊

01/07/2022

ဟင်းအားလုံး ကျက်သွားပါပြီ ပဲကြီးဟင်းချို/ အသုပ်/ ပြောင်းဖူးဗယာကြော် ကတော့ မနက်ကျမှပေါ့

ကျမရဲ့ ဟင်းလေးတွေ ကို တစ်ညလုံး အဲကွန်းနဲ့ သိပ်ပါတယ် လို့

ဒီတစ်ပါတ်လည်း အားလုံး စားကောင်းကြပါစေ စားကောင်းကြမှာပါ

မနက် ဖြန်ကျရင်တွေ့မယ်နော်😊😊

01/07/2022

လာပြန်ပြီ နောက်တစ်အိုး

**ဝက်ကလီစာ နှမ်းဖတ်ချဉ် မွှေးမွှေးလေး**

ဟင်း မြည်း QC တွေကတော့ လွှတ်ကောင်း ဆိုပဲ😀

01/07/2022

နောက်ထပ် မီးဖိုမှာ နောက်တစ်အိုး က

**ငါးသလဲထိုး ငရုပ်သီးစိမ်း အညာချက်**

01/07/2022

ကျက်ပြီ တစ်အိုး

ငါးကွမ်းရှပ်ခြောက် ခရမ်းချဉ်

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 29/06/2022

ချစ်ရသော အိမ်ချက်လက်ရာ ကြိုက်သူ customers တို့ရေ Jurong West အိမ်ချက် မြန်မာ ဟင်း page မှ ထပ်မံ ကြိုဆိုလိုက်ပါတယ်

📣 လာမဲ့ 02/July/2022 Saturday မှာ ရနိုင်မဲ့ ထမင်းမြိန်စေမဲ့ဟင်းအတွဲအစပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ

နေကြာဆီသုံးပြီး အချိုမှုန့်လုံးဝ မသုံးတာ ပါနော်

၁)ငါးသလဲထိုး ငရုတ်သီးစိမ်း အညာချက် -10$ (160g)

၂)ငါးကွမ်းရှပ်ခြောက် ခရမ်းချဉ်သီးချက် 9$ (260g)

၃)ဘဲသားအစပ်ဆီပြန် -10$ (300g)

၄)ဝက်ကလီစာ နှမ်းဖတ်ချဉ် အညာချက် 9$- (250g)

၅)အမဲသားဘာလချောင်ကြော် -9$ (200g)

၆)အင်ဥ ကင်ပွန်းချဉ် ချဉ်စပ်ကြော် -7$ (200g)

၇)သင်္ဘောဖူးသုပ် 6$

၈)ပဲကြီး ဆူးပုတ် ဗူးသီး ဟင်းချို -7$ (350g)

၉)ပြောင်းဖူးဗယာကြော် -6$

မရောင်းခင် ကျမကိုယ်တိုင်ကြိုစမ်းသပ်ပြီး ချက်ထားတဲ့ ဟင်းပွဲ ဓါတ်ပုံလေးတွေ ရှူ့စားကြရင်း ပွဲအရေတွက် အကန့်သတ် ရှိတာမို့ မြန်မြန်လေးအော်ဒါတင်ပေးမှရမယ်နော်😉😀😀 ဟင်းအရသာ Q/C pass ကတော့ အိမ်သားတွေပါ အဲတော့ မကောင်းရင် သူတို့ ကို ပြောဖို့ fb account လေးတွေ chat box မှာ ပို့ပေးမယ်နော့😂😂😂

Collection point ကတောLakeside MRT 11:45 to 12:15 pm ပါ။
home collection- S640476
Lakeside to City Hall MRT delivery fee 3-5$ပါ။(အနီရောင်လိုင်း)
Lakeside to City Hall MRT delivery fee 3-5$ပါ(အစိမ်းရောင်လိုင်း
Lakeside to pioneer mrt delivery feee -2-3$ ပါ
သက်သာတဲ့ 4hr grab နဲ့ လည်း စီစဉ်ပေးပါတယ်
အိမ်အရောက် 10$ rate နဲ့ delivery လည်း စီစဉ်ပေးပါမယ်ရှင့်

Order တင်ရန်
***Page messenger
**Whatapps -86121845

အားပေးမှူကို ကျမ မတ်မတ်အိမိသားစု မှ အထူးပဲကျေးဇူးတင်ပါတယ်ရှင့်ဲ

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 28/06/2022

နောက်ထပ် ထမင်းမြိန်မဲ့ဟင်းလေးတစ်မျိုးကတော့ဖြင့်

***ငါးသလဲထိုး ငရုပ်သီးစိမ်းအညာချက် *** လေးထည့်ရောင်းမှာပါ

အိမ်မှာ အညာသူစားဖိုမှူး ရှိလေတော့ ထုံးစံအတိုင်း အသားငါးမျိုးစုံကို ငရုတ်သီးစိမ်းနဲ့ အညာချက်လေး အမြဲစားရတယ် အမြဲထမင်းမိန်လို့ ဝိတ်တွေတိုးမှားစိုးလို့ တစ်ပါတ်တစ်ရက်လောက်ပဲ ချက်ပါပြောထားရတယ်😀 ကဲဒီတစ်ပါတ်ကတော့ ငါးသလဲထိုးလေးပေါ့နော် ငါးသလဲထိုး လေးတွေကို ခပ်ထပ်ထပ်လေး ကြော်ပြီးမှ ငရုတ်သီးစိမ်း လေးနဲ့ ပင်စိမ်းလေး အုပ်ပြီးတော့ ချက်မှာပါရှင့်

ပုံလေးတွေကတော့ sample ပါ😊

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 28/06/2022

အရည်သောက်လေးကိုတော့ဖြင့်

၂)ပဲကြီး ဗူးသီး ဟင်းနုနယ် ခတ်ဟင်းချို

ပဲကြီးဟင်းချို တစ်ခွက်ရဖို့ တစ်ကယ်မလွယ်လှပါဘူး ပဲကြီး အစိမ်းကို ညလုံးပေါက် ရေစိမ် နူးပြီး ပွလာရင် လက် တညောင်း ပဲကြီး ရေခွံ တွန့်တဲ့အထိ အစေ့ထုတ်ရပါတယ်ရှင် ဒါပေမယ့် အရမ်းလိုက်ဖက်တဲ့ ဟင်းတွဲလေး ကို ချစ်တဲ့ သူတွေကို စားစေချင်လို့ ချက်ရောင်းပေးတာနော် ပဲကြီး ချိုချိုလေးကို ဘူးသီးနုခတ် ဟင်းနုနယ်ခတ် ဆူးပုတ်ခတ် လိုက်မှတော့ ဘယ်လိုတွေတောင် အရသာ ရှိနေမလဲဆိုတာ😊

28/06/2022

အသုပ်လေးကတော့ဖြင့်
***သင်္ဘောဖူးသုပ်** စီစဉ်ထားပါတယ် အများကြီးတော့ မရပါဘူးရှင်
သင်္ဘောဖူးပြုတ် လေးကို ဆီချက် မြေပဲမှုန့် ပုစွန်ခြောက်မှုန့် သံပုရာသီး ငရုတ်သီးစိမ်းမှုန်းလေးနဲ့ သုပ်ထားတာပါ သူရဲ့ကောင်းကျိုးတွေက များလွန်းလို့ google မှာ ရှာဖတ်ကြည့်ပါနော်😅

28/06/2022

ဟင်းအစိုတွေများနေလို့ အမဲသားကိုတော့ ဘာလချောင်ကြော်လေးပေါ့
***အမဲသား ဘာလချောင်ကြော် ***
အမဲသားလေး နူးနေအောင်ပြုတ်ပြီး ပါးပါးလှီး မကြွပ်မပျော့ကြော် ပြီးမှ ငရုတ်ခွဲကြမ်း ကြက်သွန် ဖြူ နီကြော် တို့ နဲ့ အရသာရှိရှိလေး ကြော်မှာပါရှင့်

28/06/2022

မရောင်းတာ ကြာပြီ ဖြစ်တဲ့ ဘဲသားဟင်းလေးလည်း အခုတစ်ပါတ် menu မှာ ပါမှာပါနော်
**ဘဲသားအစပ်ချက်***
ဘဲသားကို ကြက်သွန်ဖြူနီ ငရုန်ခွဲကြမ်းထောင်းတာလေးနဲ့ ဆီသတ် လုံးပြီးသွားရင် အိအိလေးစားစေချင်တာကြောင့် pressure cooker လေးနဲ့ ၇ မိနစ်လောက် ထည့်ပေါင်း ပြီးတော့မှ ဆီပြန်လေး ဖြစ်အောင် ပြန်ချက်ထားလို့ ချိုစပ်အိအိလေးဖြစ်နေတဲ့ ဘဲသားဟင်းလေးကတော့ ဘဲသားကြိုက်သူတွေ အတွက် အမေးဇင်းပေါ့နော်😊

28/06/2022

ဒါလေးက လည်း နောက်တစ်မျိုး ဆန်းဆန်းတင့်😅

****ဝက်ကလီစာ နှမ်းဖတ်ချဉ်**

နှမ်းဖတ်ချဉ်ကို ဝက်ကလီစာလေးနဲ့ စားကြမလား။ ပုဂံကနှမ်းဖတ်ချဉ် ထမင်းဆိုင်လေးက ချက်ရောင်းတာ စားချင်တာ မစားဖူးပေမဲ့ အိမ်က အညာသူ မတ်မတ်ညို က ထုံးစံအတိုင်းစမ်းချက်တော့ ကောင်းချက်ဆိုတာ😊နူးအိနေတဲ့ ဝက်ကလီစာလေးနဲ့ နှမ်းဖတ်ချဉ်လေးရဲ့ အချဉ်အဆိမ့်အရသာလေးက တကယ်ကို လိုက်ဖက်တယ်နော်။ ဝက်သားကို အချိုအငံလေးအပြင် ငရုပ်သီးလေးနဲ့ ချက်ထားလို့ အရသာက စပ်စပ် ဆိမ့်ဆိမ့် ချဉ်ချဉ်လေးမလို့ ခံတွင်းလည်းရှင်း ထမင်းလည်းမြိန်စေတယ်။
အိမ်မှာတော့ ပထမဆုံး စချက်တဲ့နေ့မှာပဲ စားကောင်းကြတယ်ဆိုပဲ

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 28/06/2022

ဒါလေးကတော့နောက်တစ်မျိုးအထူးအဆန်းလေးတွေကြိုက်တဲ့ ကျမ ထုံးစံအတိုင်း on line ကနေ တွေ့တဲ့

**အင်ဥ ကင်ပွန်းချဉ် ကန်စွန်းရိုးနီ ချဉ်စပ်ကြော် **

ကင်ပွန်းချဉ် ကြော်နည်းတွေကတော့ အမျိုးမျိုးရှိပါ တယ် ကျမကတော့ အားလုံးကို ကြိုက်ပါတယ် အဲဒီတော့ ရန်ကုန်အိမ်က အမေတို့ ထည့်မွှေပေးလိုက်တဲ့ ကင်ပွန်းချဉ် မွှေ လေးနဲ့ တစ်လောက ဝယ်ထားတဲ့ အင်ဥ လေးကို ချဉ်ချဉ်စပ်စပ်လေး ကြော် ထားတာလေးကလည်း အခုတစ်ပါတ်ဟင်းပွဲတွေထဲက ဇာတ်လိုက်လေးပေါ့နော် ကန်စွန်းရိုးနီလေးကတော့ ကြာသပတေး ညနေ လေယဉ်လေး စီးလာမှာပါ
ပုံမှာ ပြထားတာကတော့ ကင်းမွန် ပုစွန် ပစ်ထည့်ပြီး အစမ်းကြော် ထားတဲ့ ဟင်းလေးနဲ့ ဝယ်သိမ်းထားတဲ့ အင်ဥလေးပါရှင်

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 28/06/2022

အခုတစ်ပါတ် စနေ ရောင်းမဲ့ ဟင်းလေးတွေ တစ်ခုချင်းတင်ပေးမယ်နော်
**ငါးကွမ်းရှပ် ခရမ်းချဉ်သီးဆီပြန် **
ထမင်းမြိန်လှတဲ့ ဒီဟင်းလေး အတွက်လည်း ထူးကဲပြီး မညွှန်းတော့ပါဘူး ငါးခြောက် ကလည်း အချို ခြောက် အကောင်းစားလေးသုံးထားတာမို့ မနက်ဖြန် ကစပြီး အော်ဒါလေးသာတင်ကြပါနော့😊 အော်ဒါတွေများလို့ ငါးကွမ်းရှပ် မလောက်ခဲ့ရင် ကတ်သပေါင်းအချို​ခြောက်နဲ့ ရော ချက် ပေးမှာပါရှင့် ငါးခြောက်လေးတွေကလည်း သန်နေအောင် အခုလို စနစ်တကျ သိမ်းထား တာပါနော်

အော်ဒါကတော့ မနက်ဖြန်မှ စလက်ခံမှာပါနော်

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 27/06/2022

Hi ကောင်းသော မနက်ခင်းပါ ချစ်တဲ့ foodies တို့ရေ

အခုလာမဲ့စနေ (02-07-2022) မှာ အရသာရှိတဲ့ ဟင်းတွဲ စပ်လေးတွေပြန်ရောင်းပေးမှာနော်

ဟင်းအထူးအဆန်းလေး နှစ်မျိုးလည်း ပါမှာပါရှင့်
ဘာဟင်းလေးလဲဆိုတာ Page လေးကနေ ခဏချင်း update လုပ်ပေးမယ်နော်

အခုပြထားတဲ့ပုံလေးကတော့ မနေ့ Sunday လေးမှာ ချက်စားခဲ့တာလေးပါရှင်

-ငါးကြင်းဖြူ ရေချို ဆီလည်ရေလည်
-ကျောက်ဖရုံ သီး ကြာဇံ ဟင်းချို
-ငရုတ်သီး ငါးပိရည်ကျို တို့စရာ အစုံ

20/06/2022

ဒီနေ့ (20.06.22)အတွက်ချက်တဲ့ မွေးနေ့အလှူ အော်ဒါလေးပါ😊😊😊

ပုစွန်ငရုတ်သီးစိမ်းချက်
ဆိတ်သားနှပ်
ဝက်သားအစပ်ချက်
ငါးဖယ် ခရမ်းချဉ်သီးချက်
ကင်းမွန် အချိုချက်
ငါးခူကြော်နှပ်
ငါးခူငါးပိရည်ကျိုချက်
အစိမ်းကြော်
ပိန်းနဲသီး ရခိုင်ချက်
လယ်သမား သီးရွက်စုံဟင်းချို
ပဲတီချဉ်သုပ်
တို့စရာအစုံ

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 14/06/2022

ဒီနေ့ စားတဲ့ healthier lunch လေး

ကြက်ရိုးပြုတ် ဟင်းနုနွယ် ဟင်းချို
ပန်းဂေါ်ဖီကြော်
ကြက်သား အရိုင်းသုပ်
ခေါက်ဆွဲအနဲငယ် ငရုတ်ဆီနယ် သုပ်
တစ်စုံ 20$ ပါရှင်😂

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 13/06/2022

Diet နေ့လည်စာ

ငါးကြော်
တောင်ပို့မှို ကန်စွန်းရွက် ဟင်းချို
ဂေါ်ဖီကြော်

11/06/2022

အသုပ်ကလေးတွေစပြင်နေပါပြီနော် အသုပ်ဘယ်လို ပြင်ထားတဲ့ video လေး ရှု့စားကြပါနော်😊

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 10/06/2022

ပြောင်ဖူး လက်ဖက်လေး
မနက်ဖြန် အတွက် လက်ဆောင်လေး ထည့်ပေးဖို့
စီစဉ်ထားပါတယ်ရှင် 😊😊

Photos from Jurong west အိမ်ချက်မြန်မာဟင်း's post 08/06/2022

အခုလာမဲ့ စနေ (11-06-2022) အတွက်ရောင်းပေးမှာ ကတော့လက်မလည်အောင် ရောင်းရတဲ့ ပြည်ထမင်းသုပ် လေးပါ🍽🍽🍽
တောင်းဆိုတဲ့သူတွေရှိလို့ စိန်ပန်းသုပ်လေးလဲတွဲရောင်းပေးမယ်နော်
ပြည်ထမင်းသုပ်နဲ့ တွဲစားနိုင်တဲ့အပြင် ထမင်းဆီဆမ်း၊ချဉ်ပေါင်ထမင်းနယ် အဖြစ် အကြော်အလှော်လေးတွေ ကြိုက်နှစ်သက်သူတွေအတွက် 3 in one စားလို့ ရအောင် စီစဉ်ပေးထားပါတယ်နော်

၁)ပြည်ထမင်းသုပ် + ကြက်သားကြော် - 8.50$
၂)ပြည်ထမင်းသုပ် + အမဲတစ်နေလှန်းကြော်- 8.50$
၃)ပြည်ထမင်းသုပ် + ဆိတ်တစ်နေလှန်းကြော် -9$
၄)ပြည်ထမင်းသုပ် + ငါးခူကြော် - 9$
၅)ပြည်ထမင်းသုပ် + ဝက်သားကြွပ်မွကြော် -8.50$
၆)ပြည်ထမင်းသုပ် အလွတ်-6$ (320g)တစ်ယောက်စာ
၇)ပြည်ထမင်းသုပ် အလွတ် -17$ (သုံးယောက်စာ)
၈)ပြည်ထမင်းသုပ် အလွတ် -28$ (ငါးယောက်စာ)
၉)စိန်ပန်းသုပ် -6$(တစ်ယောက်စာ)
၁၀)စိန်ပန်းသုပ် -17$ (သုံးယောက်စာ)
၁၁)ကြက်သားအကြွပ်ကြော် 8$ (200g)
၁၂)အမဲတစ်နေလှန်းကြော် -8$ (160g)
၁၃)ဝက်သားကြော် - 8$ (120g)
၁၄)ဆိတ်တစ်နေလှန်းကြော် - 9$ (160g)
၁၅)ငါးခူကြော်-7$ (၂ကောင်)
၁၆)မျှစ်ချဉ်ပေါင် ပုစွန်ဆိတ်ကြော် - 7$(200g)
-မြင်းခွါရွက် ဟင်းခါး(ပြည်ထမင်းသုပ်နဲ့ တွဲစားရန် လက်ဆောင်)
-ပဲတီချဉ် (ပြည်ထမင်းသုတ်နဲ့ တွဲစားရန် လက်ဆောင်)

**အရင်တစ်လ ပြည် ထမင်းသုပ်လေးမရောင်းခင် တစ်ပွဲစာ အပြင်မှာ စမ်းသပ်တော့ အမှုန့်/ငံပြာရည်/ဆီချက်အချိုးအစားလေးက အနေတော်ပေမဲ့ တစ်ကယ်တမ်း ဗူးနဲ့ ထည့်ပေးတဲ့ အခါမှာတော့ တစ်ပွဲခွဲစာလောက်ရှိပါတယ် (ထုံးစံအတိုင်း မမအိစေတနာပေါ့) ပြောချင်တာက တစ်ပွဲခွဲစာ ဆိုတော့ တစ်ပွဲစာ ထည့်ထားတဲ့ အမှုန့်စုံ/ငံပြာရည် /ဆီချက် က နဲနဲ ပေါ့သွားခဲ့ပါလိမ့်မယ် အဲဒီတော့ အခုတစ်ပါတ် မှာ တစ်ပွဲခွဲစာ ထည့်ပေးမဲ့ အချိုးအစား လေးကို ပွဲမဝင်ခင် အပြင်မှာ ကျင်းပပြီးပါပြီလို့ (နှစ်ပွဲစာ ထည့်ပေးတာလားလို့လည်း မေးခွန်းလေးတွေရခဲ့ပါတယ်နော်)

****ကြက်ကြော်/အမဲတစ်နေလှန်းကြော်/ဝက်သားကြော်/ဆိတ်တစ်နေလှန်းကြော် လေးတွေကိုလည်း customer တစ်ချို့ရဲ့ feedback အရ အရသာလေး အသားထဲစိမ့်ဝင်ပြီးတော့ကောင်းတာပါတဲ့နော် ကြက်သားလေးကတော့ kampung ကြက် လေးကို ကြော်တာကြောင့် CP ကြက်လိုတော့ အသားအရမ်းမပေါပေမဲ့ စားရတာ အရသာ က တူဘူးနော်😊

၁)ပြည်ထမင်းသုပ်-ပြည်မြို့ရဲ့ signature အစားအစာလေးကို ကိုယ်လည်းကြီုက် သလို စားစေချင်တာပါနော် ပါဝင်ပစ္စည်းလေးတွေကတော့ ကော့နေအောင်ချက်ထားနဲ့ ထမင်းဖြူ ၊ခေါက်ဆွဲ၊ပဲကြာဇံ၊ကြက်သွန်နီ၊ဂေါ်ဖီ၊နံနံပင်၊အာလူး၊သင်္ဘောသီး၊တို့ဟူး၊စိန်ပန်းကြော်၊မုန့်ကျွပ်ကြော် တို့ကို ထည့်ပေးလိုက်တဲ့ ဆီချက်ပဲမှုန့် ပုစွန်ခြောက်မှုန့် မန်ကျီးရည် အနဲငယ် တို့နဲ့နယ်ဖတ်ပြီးသကာလ ပဲတီချဉ် /အသားကြော် /ငါးကြာ် ဟင်းခါးလေးတို့နဲ့ တွဲဖက်သုံးဆောင်ရမှာပါ ပုံမှာရော video လေးမှာရော အသေးစိတ် ပြထားပါတယ်နော်

၂)အသားကြော် ၊ငါးကြော် လေး တွေကို အရသာ သေချာ အသားထဲစိမ့်ဝင်အောင် ကြော်လှော် ပေးမယ်နော် ရေနွေးကြမ်းလေး ဘာလေးညာလေး🤭😀နဲ့လည်း အင်မတန်မှလိုက်ဖက် ပေတယ် အိမ်ချက်မြန်မာက အကြော်အလှော် စားဖူးတဲ့ customers တွေကတော့ သိပြီးသားပါ😊😊

၃)စိန်ပန်းသုပ်ကတော့ တို့ဟူးကြော် /တို့ဟူး တို့ကို base ထည့်ပြီး အရွက်စုံအပြင် မျှစ် လေးပါ ရောထည့်သုပ်မှာပါ ( မှတ်ချက် -ထမင်းမပါပါ)

၄)အထားလည်းခံ ရာသီဥတု ပူပူနဲ့ လိုက်ဖက်လှတဲ့ ချဉ်ပေါင်နဲ့ မျှစ် ကလေးကိုလည်း ပုစွန်ဆိတ်/ ပုစွန် အချိုခြောက်လေး ငါးပိစိမ်းစား ကောင်းကောင်းလေးသုံးပြီး အရသာရှိရှိရှယ်ကြော်မှာနော်🌿🌿🌶🌶

၅)ဒီတစ်ခါ ဟင်းခါးလေးကတော့ ဆေးဘက်ဝင် မြင်းခွါရွက် ဟင်းခါးလေးကတော့ အရသာ တစ်ကယ်ရှိစေရမယ်နော်

၆)ပဲတီချဉ် မတ်မတ်ညို လက်ရာ လတ်ဆတ် သန့်ရှင်းနေရောပဲ😊

***** သေချာ စမ်းသပ်ထားတဲ့ အသား တစ်နေလှန်းကြော် လေးတွေကလည်း မကွေး/ မင်းဘူး တို့ ဘက်မှာ ရောင်းတဲ့ အရသာလေး အတိုင်း တစ်ကယ့်ကို ရှယ်ပါပဲနော် ပုံလေးတွေကိုတော့ အောက်မှာ ရှု့စားပေးပါနော်

ပုံမှာ ပြထားတဲ့ ငါးခူကြော်နှပ် က sample ပါ ထမင်းသုပ်နဲ့ တွဲရောင်းဖို့ က အဖြူထည်ကြော်ပါရှင်

မရောင်းခင် ကျမကိုယ်တိုင်ကြိုစမ်းသပ်ပြီး ချက်ထားတဲ့ ဟင်းပွဲ ဓါတ်ပုံလေးတွေ ရှူ့စားကြရင်း ပွဲအရေတွက် အကန့်သတ် ရှိတာမို့ မြန်မြန်လေးအော်ဒါတင်ပေးမှရမယ်နော်😉😀😀 ဟင်းအရသာ Q/C pass ကတော့ အိမ်သားတွေပါ အဲတော့ မကောင်းရင် သူတို့ ကို ပြောဖို့ fb account လေးတွေ chat box မှာ ပို့ပေးမယ်နော့😂😂😂

Collection point ကတော့
-Lakeside MRT 11:30 to 12:00 pm ပါ။
-home collection- S640476 (start from 11am)
-lakeside to City Hall MRT delivery fee 3-5$ ပါ။(အစိမ်းရောင်လိုင်း)
-Lakeside to City Hall MRT delivery fee 3-5$ပါ။(အနီရောင်လိုင်း)
-door to door သက်သာတဲ့ 4hr grab နဲ့ လည်း စီစဉ်ပေးပါတယ်ရှင့်

**** အထူးအစီအစဉ်အနေနဲ့ ဟင်းငါးပွဲ နဲ့ အထက်မှာသူတွေကို ဘယ်လောက်ဝေးဝေး grab flat rate 10$ ကျပ် သာကျခံရမှာပါရှင့် ( အရမ်းဝေးတဲ့ နေရာကနေဟင်းမှာတဲ့ အချစ်ကလေးတွေ အတွက်ပါရှင့်)****
စားကောင်းတယ် အရမ်းကြိုက်တယ် ဆိုတဲ့ feedback ပေးတဲ့ အားပေးသူ တစ်ဦးတစ်ယောက်ချင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင် 😊
-ရောင်းရတဲ့အမြတ်ငွေ တစ်ဝက်ကို မြန်မာပြည်မှာ တစ်ကယ်လိုအပ်တဲ့ နေရာအစုံတွေ လှူချင်တာရော ချက်ပြုတ်ရတာလည်း ဝါသနာပါတာကြောင့် အားလပ်ချိန် ကို ဟင်းချက်ရောင်းတာပါ😊😊

အားပေးမှူကို ကျမ မတ်မတ်အိမိသားစု west အိမ်ချက်မြန်မာဟင်း pageမှ အထူးပဲကျေးဇူးတင်ပါတယ်ရှင့် 😊😊😊

မှာချင်ရင်တော့ page messenger/WhatsApp-86121845 ပါရှင်😊😊

04/06/2022

အုန်းထမင်း လေးတွေ စားချင်စိတ်ပေါက် သွားအောင် ဒီ video လေးကြည့် လိုက်ပါနော်😅😀😀

03/06/2022

ချစ်တဲ့ foodies တို့ရေ ဒီတစ်ပါတ် ချက်ရောင်းတဲ့ ဟင်းလေးတွေပါ 😊😊

Videos (show all)

အခုတစ်ပါတ် စနေ အိမ်ချက် မြန်မာဟင်းလေးတွေကျက်ပါပြီ ရှင် စေတနာအပြည့် နဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင်သန့်ရှင်းစွာ ချက်ပြ...
ဟင်းအားလုံး ကျက်သွားပါပြီ ပဲကြီးဟင်းချို/ အသုပ်/ ပြောင်းဖူးဗယာကြော် ကတော့ မနက်ကျမှပေါ့  ကျမရဲ့ ဟင်းလေးတွေ ကို တစ်ညလုံး အ...
လာပြန်ပြီ နောက်တစ်အိုး **ဝက်ကလီစာ နှမ်းဖတ်ချဉ် မွှေးမွှေးလေး**ဟင်း မြည်း QC တွေကတော့ လွှတ်ကောင်း ဆိုပဲ😀
နောက်ထပ် မီးဖိုမှာ နောက်တစ်အိုး က **ငါးသလဲထိုး ငရုပ်သီးစိမ်း အညာချက်**
ကျက်ပြီ တစ်အိုး ငါးကွမ်းရှပ်ခြောက် ခရမ်းချဉ်
ဒီနေ့ (20.06.22)အတွက်ချက်တဲ့ မွေးနေ့အလှူ အော်ဒါလေးပါ😊😊😊ပုစွန်ငရုတ်သီးစိမ်းချက်ဆိတ်သားနှပ်ဝက်သားအစပ်ချက်ငါးဖယ် ခရမ်းချဉ်သ...
အသုပ်ကလေးတွေစပြင်နေပါပြီနော် အသုပ်ဘယ်လို ပြင်ထားတဲ့ video လေး ရှု့စားကြပါနော်😊
အုန်းထမင်း လေးတွေ စားချင်စိတ်ပေါက် သွားအောင် ဒီ video လေးကြည့် လိုက်ပါနော်😅😀😀
ချစ်တဲ့ foodies တို့ရေ ဒီတစ်ပါတ် ချက်ရောင်းတဲ့ ဟင်းလေးတွေပါ 😊😊
ငြိမ်နေတာ မောနေလို့ပါ မနေ့က စနေလည်း တစ်ကယ်ကို အများကြီး ရောင်းရပါတယ် အားပေးကြသူ တစ်ဦးချင်းကို အထူးကျေးဇူးတင်ပါတယ် 🙏🙏🙏အဆင...
လယ်သမား သီးရွက်စုံ ဟင်းချို ချက်ဖို့ ယာတောထဲရောက်သွားသလို feeling မျိုး ပြောရင်း ရပ်နေတာ အကောင်းမဟုတ် အသီးနာမည်တွေခေါ်ဖိ...
ငါးခူ ငါးပိရည်ကျို ချက် လေး က လည်း လွှတ်ကောင်းနေရော 😊

Telephone

Website