Miwei Diary

Miwei Diary

Treasure every moments in my life ..... Me, myself and I......

25/09/2024
20/07/2024

Singapore Raffles MRT ကနေ ၂ မိနစ်လောက်လမ်းလျောက်ရင်ရောက်ပါတယ် ။

20/07/2024

Singapore Raffles MRT အနီး တနေရာက စာရေးသူ အရမ်းကြိုက်တဲ့ နေရာလေးပါ။

11/04/2024

မရောက်တာကြာပြီဖြစ်တဲ့ Orchard လမ်းမကြီးပေါ် မှာ

Photos from Miwei Diary's post 20/02/2024
Photos from Miwei Diary's post 14/01/2024

ရင်ထဲက ခံစားချက်တူနေတာလေးတွေမို့ အမှတ်တရ page မှာ သိမ်းထားပါရစေ ။

Photo credit: သူများဟာ လိုင်းပေါ်ကကူးလာတာပါ

Photos from Miwei Diary's post 14/01/2024

စလုံးမှာနေတဲ့ မင်မင်အတွက် Penang Char Kway Teow နဲ့ Chendol ကတော့ all time favourite ပါ။

လေဆိပ် Terminal 1 Penang Culture အပေါ်ထပ်မှာရှိတဲ့ ဆိုင်မှာ အချစ်နဲ့ တူတူစားခဲ့တာပါ။

💗10 Jan 2024💗

Photos from Miwei Diary's post 15/12/2023

ကလေးတွေကျောင်းပိတ်ရက်မို့ Khatib MRT နားက Saizeriya မှာ လေဆိပ်အပြန် ဝါးတီးဝင်ဆွဲခဲ့တာလေးတွေပါ။ အရသာ အရမ်းအကောင်းကြီးမဟုတ်ပေမယ့် စျေးနှုန်းလေးက သက်သာတယ်လို့ဆိုရမယ်။ တစ်ပွဲကို SGD 10 ဝန်းကျင်နဲ့ အေးအေးဆေးဆေး ထိုင်စားလို့ရတဲ့နေရာလေးမို့ သဘောကျမိပါတယ်။

13/12/2023

Morning vibes with Latte ☕️

12/12/2023

Beautiful sunset

02/12/2023

Shopping ထွက်လို့ကောင်းတဲ့ နေရာလေးတနေရာပါ။ မရောက်ဖြစ်တာကြာပြီ Yishun ရေ ။

02/12/2023

Christmas 🎄 နီးလာပြီမို့ ဓာတ်ပုံလေးတွေတင်မယ်နော်။

21/11/2023

စိတ်တွေမွန်းကျပ်လာတဲ့ အခါ ဒီနေရာလေးမှာ ခဏလောက်တော့ တယောက်ထဲနေချင်မိတယ် ။

အမေ့အိမ်ကို လွမ်းတဲ့စိတ်လေးရယ် တားမရဘူးကွယ် ။

💗Miwei diary 💗

19/11/2023

နေဝင်ချိန်လေးနဲ့ အတူ……

ပျက်စီးခြင်းရဲ့ အစလားဆိုတာတော့ ကျမ မသိဘူး ။

ရင်ထဲက နာကျင်ခံစားမှုတွေ ၊ အညှိုးအတေးတွေကို ဥပက္ခပြုချင်ပေမယ့်လည်း ကျမ နှလုံးသားကအေးစက်လို့သွားခဲ့ပါပြီ။

တွေးမိတွေးရာ ရေးမိပြန်ပါ၏ …

13/11/2023

Artificial flowers လေးတွေက အလှပန်းလေးတွေ အနေနဲ့တော့ လှနေပေမယ့် ပန်းအစစ်လေးတွေလိုမျိုး ခံစားချက် အပြည့်အဝတော့ မပေးနိုင်ပါဘူးရယ် ။

💗miwei diary 💗

13/11/2023

ဒီအချိန်ဆို အိမ်ကို လွမ်းမိပါ၏

09/11/2023

Breakfast Fry Up လေးနဲ့ ကျွန်မ 💗…. တခါတလေတော့လည်း အသင့်စား မနက်စာလေးနဲ့ သာယာမိတာပေါ့

05/11/2023

Singapore ရဲ့ ဒီ view လေးက မိဝေ အကြိုက်ဆုံးထဲက နေရာလေးတစ်ခုပါ။

ခုတော့လည်း သွားချင်နေပေမယ့် အရင်ပုံလေးပဲကြည့်ပြီး ဖြေသိမ့်လိုက်ပါတော့မယ် ။

04/11/2023

4 Nov 2023 : စနေနေ့

ငှက်ကလေးတွေ အသံနဲ့နိုးထလာတဲ့ နေ့လေးတရက်ပါ 🐦 🦅

ကျွန်မတို့တွေက ပုံမှန် နေ့စဉ်သွားလာလှုပ်ရှားနေရပြီး စိတ်ညစ်စရာတွေနဲ့ ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့နေတတ်ကြပါတယ်။

မိဝေကိုယ်တိုင်လည်း ဒီနေ့ ဘာလုပ်ချင်တာလည်း ဘာဖြစ်ချင်တာလဲ ? ဘာစားချင်တာလည်းဆိုတာ မေ့နေတော့တာပဲ ? မိသားစုဆန္ဒကိုသာ ဦးစားပေးလုပ်နေတတ်သူမို့ ဒီလိုမေးခွန်းလေးတွေမစဉ်းစားမိဘူးရယ် ….

စာဖတ်သူတွေရော မိဝေ နဲ့တူတဲ့သူတွေရှိလားလို့မေးချင်ပါတယ် ။

💗Miwei Diary💗

03/11/2023

3 Nov 2023 : နေသာတဲ့ နေ့လေးတစ်နေ့ပါ

မိဝေ ပထမဆုံး ဒီ page လေးမှာ ကိုယ်ရောက်တဲ့နေရာတိုင်းကို အမှတ်တရအနေနဲ့ သိမ်းထားဖို့ပဲရည်ရွယ်ပြီး ဖွင့်ထားတာပါနော် ။

မိဝေက စာအရေးအသားကောင်းတဲ့သူမဟုတ်ပါဘူးနော် ။

ဝင်ရောက်ကြည့်ရှုပေးသူတစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ။

💗Miwei Diary💗

Telephone

Website