Underground Stage Of Buds
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Underground Stage Of Buds, ศูนย์ธุรกิจ, สะพานมิตรภาพไทย-ญี่ปุ่น, ปทุมวัน, ปทุมวัน, กรุงเทพมหานคร, Bangkok.
Real Madrid Vs Dortmond .UCL final ပွဲကို
Comment မှာ ပွဲရလဒ် ခန့်မှန်းပီး
1G joint 2ခု
စီ ကံစမ်းနိုင်ပါပီဗျ
Legal မရတာ အပစ်လား
Auto မသောက်နိုင်တာ အပြစ်လား
ဆေးခြောက်ပဲကို ဘာတွေခွဲခြားခွဲခြားလုပ် သောက်မှာလဲ ဘာသောက်သောက် Calm ဖြစ်အောင်ပဲ နေပါ မိတ်ဆွေ
မှို မှို
ဓာတုနဲ့ဇီဝစိတ်ကြွဆေး( psychoactive drugs) များအသုံးပြုမှု ရေစီးကြောင်း ထိန်းသိမ်းခြင်း၊ အကျိုးသက်ရောက်မှုနှင့် အန္တရာယ်များကို နားလည်ခြင်း။
ယနေ့ခေတ်ရေစီးကြောင်းများအရ စိတ်ကြွဆေးပြား (MDMA)၊ ketamine ၊ Happy water ( collegen) စသည့် အမျိုးမျိုးကဲ့သို့သော drug ပစ္စည်းများသည်အပျော်အပျက်လိုက်စားသော လူငယ်များကြားပါသာမက လူမှုအသိုင်းအဝိုင်းနှင့် အပန်းဖြေစရာနေရာများသို့ ယင်းတို့၏ စိတ်အပန်းဖြေစေနိုင်သည့် အကျိုးသက်ရောက်မှုများကြောင့် တစ်ခေတ်ထက်တစ်ခေတ် ရေပန်းစားလာခဲ့သည်။ ဤအရာများသည် ပျော်ရွှင်မှုနှင့် ခန္ဓာကိုယ်အတွက် ရေတို စွမ်းအင်အချို့ပေးစွမ်း နိုင်သော်လည်း အသုံးပြုသူများအနေဖြင့် ရေရှည်အတွက် သိသာထင်ရှားသော အန္တရာယ်များနှင့် ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများပါရှိနေပါသည်။
ဥပမာအားဖြင့် Party drug ( chemical drug) ဖြစ်သော Ecstasy (E) သည် စိတ်ခံစားချက်တစ်ချို့ကို မြှင့်တင်ပေးနိုင်ခြင်း၊ အချင်းချင်းကြား mind connectivity တိုးမြင့်လာခြင်းနှင့် အာရုံငါးပါးခံစားမှုများ ပြင်းထန်လာစေခြင်းအတွက် လူသိများသည်။ သို့သော် ၎င်း၏အသုံးပြုမှုအနည်းများအလိုက် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူလွန်ကဲခြင်း၊ serotonin ရောဂါစုနှင့် ရေရှည်အာရုံကြောအဆိပ်သင့်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးတို့ကို ဖြစ်ပေါ်စေနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုနှင့် အမြင်အာရုဏ်ကြောဆိုင်ရာ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။
ထို့နောက် ထုံဆေးအဖြစ် မူလအသုံးပြုခဲ့သော Ketamine သည်လည်း ၎င်း၏ dissociative effect ကြောင့် အပန်းဖြေဆေးတစ်ခုအဖြစ် လူကြိုက်များလာခဲ့သည်။ ၎င်းသည် စိတ်နှင့်ခန္ဓာ ကွဲကွာသွားသည့် ခံစားချက်များနှင့် လေးနက်သော ထိုးထွင်းသိမြင်မှုကို လှုံ့ဆော်ပေးနိုင်သော်လည်း ကြာရှည်အသုံးပြုခြင်းဖြင့် စွဲလမ်းမှု၊ မှတ်ဉာဏ်ချို့ယွင်းမှုနှင့် ဆီးအိမ်ဆိုင်ရာ ချို့ယွင်းမှုအန္တရာယ်များ ဖြစ်နိုင်ချေများကြောင်း သိးသည်။
အမည်အမျိုးမျိုးနှင့် ဖော်မြူလာများအောက်တွင် ရောင်းချလေ့ရှိသော ဓာတုဆေးဝါးများသည် ၎င်းတို့၏ အမည်မသိ ဓာတုဖွဲ့စည်းမှုနှင့် ကြိုတင်မှန်းဆ၍မရသော အကျိုးသက်ရောက်မှုများကြောင့် နောက်ထပ်အန္တရာယ်များကိုလည်း ဖြစ်ပေါ်စေသည်။ အသုံးပြုသူများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်နေခြင်း၊ အမြင်မှားခြင်း၊ တက်ခြင်း၊ သို့မဟုတ် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကဲ့သို့သော ဆိုးရွားသော တုံ့ပြန်မှုများကို တွေ့ကြုံခံစားရနိုင်သည်။
ဆန့်ကျင်ဘက်အားဖြင့်ဆိုရသော် ဆေးခြောက် Ma*****na နှင့် မှို (psilocybin) ကဲ့သို့သော ပစ္စည်းများသည် ၎င်းတို့၏ ကုထုံးဆိုင်ရာ အလားအလာကို အသိအမှတ်ပြုမှု ကြီးထွားလာကာ အတန်သင့်အသုံးပြုသည့်အခါ အန္တရာယ်အတော်လေးနည်းပါးသောအရာများဖြစ်ပါသည်။
ဥပမာအားဖြင့်၊ ဆေးခြောက်တွင် ခန္ဓာကိုယ်၏ endocannabinoid စနစ်နှင့် အပြန်အလှန်အကျိုးသက်ရောက်သည့် THC နှင့် CBD ကဲ့သို့သော ဒြပ်ပေါင်းများပါရှိခြင်းကြောင့် အပန်းပြေခြင်း၊ ပျော်
ရွှင်ခြင်း၊ နာကျင်ကိုက်ခဲခြင်းများကို သက်သာျစခြင်းနှင့် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးခြင်းစသည့် အကျိုးသက်ရောက်မှုများကို ပေးပါသည်။
စိတ်တက်ကြွစေသော ဒြပ်ပေါင်း psilocybin ပါရှိသော မှိုများသည်လည်း ၎င်းတို့၏ Magic ဆန်သောအတွေ့အကြုံများကိုဆွဲဆောင်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို မြှင့်တင်ရန်နှင့် စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုနှင့် PTSD တို့၏ လက္ခဏာများကို သက်သာစေရန်အတွက် သိပ္ပံအဖွဲ့အစည်းများ၏အာရုံစူးစိုက်မှုရရှိထားသည်။ psilocybin သည် ဦးနှောက်
အတွင်းရှိ serotonin receptors များပေါ်တွင် ကောင်းစွာ လုပ်ဆောင်နိုင်ပြီး အသိစိတ်နှင့် ခံယူချက်တွင် နက်နဲသောပြောင်းလဲမှုများကို ဖြစ်စေသည်ဟုလည်းသုတေသနပြုချက်များအရ သိရသည်။
ထို့အပြင်၊ ဆေးခြောက်နှင့် magic mushroom နှစ်မျိုးစလုံးသည် စိတ်ရောဂါကုထုံး၊ palliative care နှင့် စွဲလမ်းမှုကုသရေးစသည့် နယ်ပယ်များတွင် အဓိကအားဖြင့် အသုံးပြုသော positive drug များအဖြစ် တည်ရှိနေပါသည်။
ဆေးခြောက်သည် ဦးနှောက်ကို မည်ကဲ့သို့ အကျိုးသက်ရောက်သည် ဆိုတာနှင့် ပတ်သတ်၍
ဆေးဖက်ဝင်သောဂုဏ်သတ္တိများအပါအဝင် အပန်းဖြေရာတွင် အသုံးပြုသော အရာတစ်ခုဖြစ်သည့် ဆေးခြောက်သုံးစွဲမှု နှင့် စပ်လျဉ်း၍ သုံးစွဲသူလူ့ဦးနှောက်အပေါ် ဘက်ပေါင်းစုံတွင် အကျိုးသက်ရောက်မှုများစွာ ရှိပါသည်။
ဆေးခြောက်အကျိုးသက်ရောက်မှု၏အဓိကအချက်မှာ စိတ်ခံစားချက်၊ မှတ်ဉာဏ်၊ အစာစားချင်စိတ်နှင့် နာကျင်မှုအာရုံခံစားမှုများအပါအဝင် အမျိုးမျိုးသောဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် receptors၊neurotransmitters နှင့် အင်ဇိုင်းများကွန်ရက်တစ်ခုဖြစ်သည့် endocannabinoid စနစ်နှင့် အပြန်အလှန်သက်ရောက်မှုရှိခြင်းပင်ဖြစ်သည်။
ပြင်းထန်သောအကျိုးသက်ရောက်မှုများသည် သောက်သုံးသောပမာဏ၊ အသုံးပြုမှုအကြိမ်ရေနှင့် တစ်ဦးချင်းခံစားနိုင်မှုစသည့်အချက်များပေါ်မူတည်၍ ကျယ်ပြန့်စွာကွဲပြားနိုင်သေးသည်။ ရေတိုအကျိုးသက်ရောက်မှုများအဖြစ် ပျော်ရွှင်ခြင်း၊ သက်တောင့်သက်သာရှိခြင်း၊ အချိန်နှင့် နေရာအလိုက် ပြောင်းလဲလာသော ခံယူချက်၊ အစာစားချင်စိတ် တိုးလာခြင်း ("munchies" ဟု အများအားဖြင့် ရည်ညွှန်းသည်) နှင့် ရေတိုမှတ်ဉာဏ်နှင့် သိမြင်မှုဆိုင်ရာ လုပ်ဆောင်မှု ချို့ယွင်းခြင်းတို့ကို ကြုံတွေ့ရတတ်ပါသည်။
ဆေးခြောက်ကို ကြာရှည်စွာ သို့မဟုတ် ပြင်းထန်စွာ သုံးစွဲခြင်းသည် အထူးသဖြင့် ဆယ်ကျော်သက်များနှင့် အရွယ်ရောက်ပြီးသူများတွင် ဦးနှောက်ဖွံ့ဖြိုးမှုပြောင်းလဲမှုများနှင့် ဆက်စပ်နေပါသည်။ လေ့လာမှုများအရ ဆေးခြောက်ကို ပုံမှန်ထက်သာလွန်ကာသုံးစွဲခြင်းသည်မှတ်ဉာဏ်နှင့် အာရုံကြောဆိုင်ရာ အမှုဆောင်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပြီး ပညာရေးနှင့် လုပ်ငန်းခွင်အောင်မြင်မှုကို ထိခိုက်စေနိုင်သည်ဟု လေ့လာချက်များအရ သိရသည်။
သို့သော်လည်း ဆေးခြောက်တွင်တွေ့ရသော cannabinoids သည် အာရုံကြောဆိုင်ရာ အကာအကွယ်ဂုဏ်သတ္တိများရှိပြီး ဝက်ရူးပြန်ရောဂါနှင့် နာတာရှည်နာကျင်ခြင်းကဲ့သို့သော အချို့သောအာရုံကြောဆိုင်ရာချို့ယွင်းချက်များကို ကုသရာတွင် အသုံးပြုခြင်းများ တိုးပွါးလာသည်။
ထို့အပြင်၊ ဆေးခြောက်သုံးစွဲမှုနှင့်ဆက်စပ်သော ဖြစ်
နိုင်ခြေအန္တရာယ်များကိုလည်းလျစ်လျူမရှုသင့်ပါ။ ဆေးခြောက်ကို လွန်စွာသုံးစွဲခြင်းသည် ပုဂ္ဂိုလ်ရေးရာ schizophrenia နှင့် စိုးရိမ်သောကရောဂါများကဲ့သို့သော စိတ်ရောဂါများဖြစ်ပွါးနိုင်ခြေများသော အနေထားတွင် ရှိနေသည်။
Photo crd;
What CBD is. ☘️🍃
မကြာသေးမီနှစ်များအတွင်း၊ CBD (cannabidiol) ကိုလေ့လာတွေ့ရှိချက်ကုထုံးများအရ အကျိုးသက်ရောက်မှုများစွာရှိသည့်အတွက်ကြောင့် ခေတ်အဆက်ဆက် နိုင်ငံအတော်အများတွင် ဆေးဘက်ရာဆိုင်ရာ အထောက်အကူပြုပစ္စည်း တစ်မျိုးအဖြစ် သတ်မှတ်ခဲ့သည်။
CBD သည် ဦးနှောက်နှင့် ကိုယ်ခံအားစနစ်ရှိ receptors များအပြန်အလှန်တုံ့ပြန်ခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပြီး နာတာရှည်နာကျင်မှုနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့သော အခြေအနေများအတွက် အသုံးပြု၍ရသောသဘာဝ ဆေးဝါးတစ်မျိုးလည်း ဖြစ်ပါသည်။
ထို့ပြင် CBD သည်ဦးနှောက်အတွင်းရှိ serotonin receptors များကိုလှုံဆော်ပေးကာ စိတ်တည်ငြိမ်မှုနှင့် ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ပေးခြင်းအပြင် စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါလက္ခဏာများကို လျှော့ချနိုင်သည်ဟု သုတေသနပြုထားသည်။
အသုံးပြုသူအများအပြားကိုလည်းပိုမိုကောင်းမွန်စွာအိပ်စက်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး အိပ်မပျော်ခြင်းကို လျော့ကျစေကြောင်း အစီရင်ခံတင်ပြမှုများရှိနေဆဲဖြစ်သည်။ ဦးနှောက်အတွင်းရှိ ရောင်ရမ်းမှုနှင့် ဓာတ်တိုးဆန့်ကျင်ဖိစီးမှုကို လျှော့ချခြင်းဖြင့် အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ကဲ့သို့သော အာရုံကြောဆိုင်ရာရောဂါများကိုပျောက်ကင်းစေနိုင်ကြောင်းလည်း သိရသည်။
CBD ကို ဝက်ရူးပြန်ရောဂါ အမျိုးအစားအချို့ကို ကုသရာတွင် အကြိမ်ရေနှင့် ပြင်းထန်မှုနှုန်းကို လျှော့ချပေးနိုင်စွမ်းရှိသောကြောင့် ကုသရန်အတွက် FDA မှ အကြံပြုထားသည်။
CBD မှပေးသော medical effect သည် အဆစ်
အမြစ်ရောင်ရမ်းခြင်းနှင့် အူသိမ်အူမရောဂါကဲ့သို့သော အခြေအနေများသက်သက်စေရန် အလားအလာရှိသက်ရောက်မှု တစ်ခုဖြစ်သည်။
အချို့သော သုတေသနပြုချက်များအရ ရလည်း CBD သည် စိတ်ကျရောဂါကို သက်သာစေနိုင်ပြီး schizophrenia သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများအတွက် အကျိုးရှိနိုင်သော ဆေးဝါးတစ်မျိုးလည်းဖြစ်ပါသည်။
☘️Some pros of Ma*****na
Sayခြောက် လို့ ပြောလိုက်တာနဲ့ တော်တော်များများ ဒါဘာကြီးလဲဆိုတာ မရှာဖွေခင် မိမိနိုင်ငံမိရိုးဖလာအရ နှာခေါင်းအရင်ရှုံ့ကြတာ များပါတယ်။နိုင်ငံတစ်ချို့၏ ဥပဒေအရ Psychoactive drug ဖြစ်တာနဲ့ အညီ illegal drug အဖြစ် သတ်မှတ်ထားမြစ်ထားသော်လည်း legalize ဖြစ်သော ကမ္ဘာ့နေရာ အသီးသီးရှိ ရှာဖွေတွေ့ရှိသူတစ်ချို့အနေဖြင့် လိုအပ်ရာ နယ်ပယ် အသီးသီးတွင် အကျိုးရှိရှိ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်မှာလည်း အများစု သိထားပြီးသား ပင်ဖြစ်ပါတယ်။
- How it works
Say ခြောက်က်ို အသုံးပြုခြင်းနဲ့ ပတ်သတ်ပြီးကောင်းမွန်တဲ့ ကျန်းမာရေးအလာလာများစွာရှိပါတယ်။ Cannabis (ဆေးခြောက်) မှာပါတဲ့ THC, CBD effect နှစ်မျိုးစလုံးက များသောအားဖြင့် နာတာရှည်ရောဂါ၊ ပျို့အန်တာတွေ အပြင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း စတဲ့ ဆေးဘက်ဆိုင်ရာများနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ကြောင်းတွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်များအရကင်ဆာရောဂါ၊ nerve ကြောနဲ့ အဆစ်အမြစ်ရောင်ရောဂါများအတွက် herb တစ်ခုအဖြစ် အသုံးပြုနေကြခြင်း
ဟာ THc/CBd ရဲ့ အသုံးဝင်မှုက်ိုပေါ်လွင်စေပါတယ်။
ထို့အပြင် အချို့သောလူများအတွက် စိုးရိမ်ပူပန်မှု၊ အယ်လ်ဇိုင်းမားရောဂါ၊ စိတ်ဓာတ်ကျခြင်းနှင့် PTSD ကဲ့သို့သော စိတ်ကျန်းမာရေးချို့ယွင်းမှုများ၏ လက္ခဏာများကို စီမံခန့်ခွဲရာတွင်လည်း ဆေးခြောက်က အကူညီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
စိတ်ဖိစိမှုကိုလျှော့ချခြင်း၊ စိတ်အပန်းဖြေမှုကို မြှင့်တင်ပေးခြင်း၊ mentality အရ positive ဖြစ်ခြင်း စတဲ့ ဂုဏ်သတ္တိများ နှင့် ပြည့်နှက်နေသော်လည်း တစ်ဖက်တွင် တန်ဆေးလွန်ဘေး ဟူသော စကားအရ အလွန်အကျွံ သုံးစွဲခြင်းက အဆုတ်အတွက် မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာစေနိုင်ကို သတိပြုရန်လိုအပ်ပါတယ်။ Alcohol နှင့် ရောနှော၍ သုံးစွဲခြင်းကလည်း နှလုံးခုံနှုန်း မြန်တာတွေ၊ အော့အန်တာတွေနဲ့ ဦီးနှောက် Neuroplasticity အတွက် ပြသနာများစွာရှိနေသောကြောင့် ရေရှည်မလုပ်သင့်သော အမှားတစ်ခုဖြစ်ပါတယ်။
420 day အဖြစ် ဆေးခြောက်နဲ့ ပတ်သတ်ပြီး အနောက်နိုင်ငံတွေမှာ unofficial celebration လုပ်ကြတာတွေရှ်ိတယ် Memorial Day အဖြစ်လည်း သတ်မှတ်ကြတယ်။တချို့ဒေတာတွေအရ အများစုက ဒီ 420 code က Reggae Legend Bob Marley မွေးနေ့ အဖြစ် ဒါမှမဟုတ် bob dylan ရဲ့ 12 x 35 အရ code တစ်ခုလ််ို့ သတ်မှတ်ခဲ့ကြပေမယ့် တကယ့် history အစစ်ကတော့ ထင်ထားတာထက်ပိုပြီးရိုးရှင်းပါတယ်။ 1970s, အစောပိုင်းကာလ, ကယ်လီဖိုးနီးယား ပြည်နယ်, SAN RAFAEL မှာရှိတဲ့ Waldos လို့ခေါ်တဲ့ အထက်တန်းကျောင်းသား homie တစ်အုပ်က ညနေ 4:20 လောက် ကျောင်းက ကိစ္စလေးတွေအပြီး စုပီးတော့ ဆေးခြောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ အချိန်ဖြစ်လို့ သူတို့ကိုယ်တိုင် 420 ဆိုတဲ့ code ကိုအသုံးပြုရင်းဖြင့် အဆိုပါ code ရဲ့အောက်တွင် 4 လပိုင်း 20 ရက်ကိုပါ 420 day အဖြစ်ခေါ်ဝေါ် သမုတ်ခဲ့ကြကြောင်း နှင့် Stoner Holiday အဖြစ်အနောက်နိုင်ငံတွေမှာ ကျင်းပနေတဲ့ လူတွေတစ်နေ့ထက်တစ်နေ့ ပိုမိုမြားလာကြောင်းလည်း အချက်အလက်တွေအရသိရပါတယ်
🥹
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ประเภท
เว็บไซต์
ที่อยู่
Bangkok
10330