Dr. Nay -GP- Home Visit
ကျန်းမာရေးဆိုင်ရာ ဆွေးနွေးကုသပေးခြင်းလုပ်ငန်း
အခုတလော လူမှုရေးကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ များနေလို့ အိမ်လိုက်ကြည့်တာရော၊ Onlineကနေကြည့်တာကိုပါ ပျက်ကွက်နေတာ ခွင့်လွှတ်ကြပါခင်ဗျာ
မကြာခင် အရင်လိုပဲ စာတွေရေးရင်း လူနာပြန်ကြည့်နိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။
အားဆေးသွင်းပေးလားဆရာ
ဒီမေးခွန်း မကြာခဏ အမေးခံနေရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် အားဆေးသွင်းတာကို အရမ်းကြီး အားပေးတဲ့ဆရာဝန်တစ်ဦး မဟုတ်ပါဘူး။ ဒါပေမယ့် အားဆေးမထိုးသင့်ဘူး ဆိုပြီးလဲ ဇွတ်ငြင်းနေတဲ့အထဲလဲ မပါဘူးခင်ဗျ
သွင်းသင့်သူကိုသွင်းမယ်။ မသွင်းသင့်သူကို မသွင်းဘူး
သွင်းခါနီးမှာ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်နေတယ်။ အားဆေးသွင်းဖို့သင့်ရဲ့လား။ ဘယ်လောက်ပမာဏနဲ့ ဘယ်လောက်အတိုင်းအတာနဲ့ သွင်းမယ်။ ဘာဆေးတွေသုံးမယ်ဆိုတာကို သေချာစမ်းသပ်စစ်ဆေးပြီးမှပဲ သွင်းပါတယ်။
Amino Acid လိုတာလား၊ Vitaminလိုတာလား၊ သာမာန်ရေဓာတ်လိုနေတာလား၊ သကြားဓာတ်လိုနေတာလား၊
ဆေးသွင်းလိုက်ရင် နှလုံးကခံနိုင်မှာလား၊ အဆုတ်ကရော ကောင်းရဲ့လား၊ သွေးတွင်းသကြားပမာဏ ထိုးတက်မလား၊ စသော စသော ပြဿနာတွေကို အတွေ့အကြုံ၊ ပညာနဲ့ယှဥ်ပြီးမှသာ သွင်းသင့်မသွင်းသင့် ဆုံးဖြတ်ပြီး ကုသပေးပါတယ်ခင်ဗျ
အားလုံးပဲ ကျန်းမာသုခ ပြည့်စုံကြပါစေ
Dr. Nay(GP)
Postတွေ မတင်တာကြာတော့ တချို့လူနာမိသားစုတွေက စိတ်ပူနေကြပြီး သတင်းတွေမေးကြတယ်။ တချို့လူနာတွေကလဲ စာတွေပို့ကြတယ်။
ဆေးခန်းထိုင်နေသေးလား၊ ဆေးကုနေသေးလားပေါ့
ကုပါတယ်ခင်ဗျ။ ဆေးကုနေဆဲပါ။ ဆေးကုခြင်း၊ ဆေးပညာက ဝါသနာဖြစ်လို့ ဘာအလုပ်တွေ လုပ်နေလုပ်နေ အချိန်ရရင် ဆေးကုသနေဆဲပါပဲခင်ဗျ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာမိသားစုတွေ မြန်မာလိုပဲဆွေးနွေးတိုင်ပင်ပြီး ရောဂါတွေကုသလိုလျှင် ဆက်သွယ်လို့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက်လဲ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။
အိမ်ထောင်ရေးသုခနှင့် ပတ်သက်ပြီးတော့လဲ ဆွေးနွေးကုသပေးပါတယ်။
မြန်မာနိုင်ငံမှ လူနာများအတွက်တော့ Viber, Messenger စသည်တို့မှ ပြသနိုင်ပါတယ်။
ထိုင်းနိုင်ငံမှဆေးဝါးများ မှာယူလိုလျှင်လဲ ဝယ်ယူပို့ဆောင်ပေးပါတယ်ခင်ဗျာ
အားလုံးပဲ ကျန်းမာသုခ ပြည့်စုံကြပါစေ
Dr. Nay (GP)
ဦးနှောက်ကလေး နေကောင်းအောင် ရှောင်သင့်တာတွေ ရှောင်ကြရအောင်
(17.12.2022)
ကိုးကား www.health.harvard.edu.
ကျနော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဦးနှောက်ဟာ အင်မတန် အရေးကြီးသလို အင်မတန်လဲ နုနယ်လှပါတယ်။ ဦးနှောက်ဟာ အတွေးတွေ၊ အဖြေတွေ၊ ပညာတွေကိုတင် ထိန်းသိမ်းထားတာ မဟုတ်ဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ထားရာနေရာလဲ ဖြစ်ပါတယ်။ ဦးနှောက်လေး ပျက်စီးယိုယွင်းမှု များလာရင် မှတ်ဥာဏ်ချို့တဲ့ခြင်းကစလို့ ကိုယ်ခန္ဓာမှာ ဇီဝဖြစ်စဥ်တွေ လွဲမှားလာနိုင်ပါတယ်။
ဒါကြောင့် ဦးနှောက်လေး နေကောင်းကျန်းမာနေအောင် ရှောင်ကြဥ်ရမယ့် အလေ့အထလေးတွေကို ပြောပြပေးပါမယ်။ ကြည့်လိုက်ရအောင်
၁။ Too much Sitting
အကြာကြိီးထိုင်တာ၊ အညောင်းထိုင်တာ များလာရင် ဦးနှောက်အတွက် မကောင်းပါဘူး။ လူတစ်ဦးဟာ တနေ့ကို ပုံမှန်အားဖြင့် ၁၅မိနစ်မှ မိနစ်၃၀ ကြား ထိုင်ပြီးတိုင်း မတ်တပ်ရပ်၊ လမ်းလျှောက်၊ လှုပ်ရှားမှု လုပ်သင့်ပါတယ်။
လွယ်လွယ်ပြောရရင် ထိုင်ခုံတစ်လုံးပေါ် အကြာကြိီး မထိုင်ပါနဲ့၊ နောက်လူထိုင်ပါစေဦး၊ နေရာဖယ်သင့်ရင် ဖယ်ပေးပါ။ ထိုင်ခုံလုထားလေလေ ဦးနှောက်ပျက်လေလေပါပဲ။
၂။ Lack of Socializing
လူဆိုတာ အထီးကျန်လို့ မရတဲ့ မျိုးစိတ်ပါ။ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေမှသာ ဦးနှောက်က တက်ကြွနေမှာပါ။ ထက်မြက်နေသူတွေဟာ အမြဲ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေသူတွေပါ။ ပိုပြီး အနုစိတ်ပြောရရင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးထားသူတွေပါ။ လတ်ဆတ်နေတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ဖို့ အထီးကျန်မှုတွေကို စွန့်လွှတ်လိုက်ပါ။
တံခါးပိတ်ပြီး အိမ်ထဲမှာပဲ ငါတကော ကောနေရင်တော့ Alzheimer ရောဂါ ဖြစ်ဖို့ အခွင့်အရေးများလာမှာပါ။
ပိတ်ထားတဲ့တံခါးတွေဖွင့်၊ မိမိရဲ့အတ္တတွေဘေးဖယ်၊ ပြုံးရွှင်တက်ကြွစွာနေပြီး ပတ်ဝန်းကျင်နဲ့ ထိတွေ့ပါ။ ဦးနှောက်ကျန်းမာရေး ကောင်းရုံမက အတွေ့အကြုံ၊ ဗဟုသုတတွေ၊ အသစ်အသစ်သော ပညာတွေ၊ သူငယ်ချင်းမိတ်ဆွေကောင်းတွေ ရလာမှာပါ။
၃။ Inadequate Sleep
အိပ်မပျော်သော ညတွေ ကုန်ဆုံးလွန်မြောက်ပါစေ၊ လွန်ပါစေ အလွမ်းညတွေ စတဲ့ သီချင်းစာသားတွေလိုပါပဲ။ လူတိုင်းဟာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ တောင့်တမိကြမှာပါပဲ။ အိပ်သည့်တိုင်အောင် မပျော်တဲ့လူတွေ ဒုနဲ့ဒေးပါ။ အိပ်ရေးဝဝအိပ်နိုင်ဖို့ ကြိုးစားနေရတယ်ဆိုသူတွေ မကြာခင်မှာ ခန္ဓာကိုယ်မှာ ပြဿနာပေးပါတော့မယ်။ အိပ်မပျော်ခြင်းကြောင့် စိတ်ကျရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြောရောဂါများ ဝင်လာပါလိမ့်မယ်။
ဒါ့အပြင် Charging မပြည့်တဲ့ ဦးနှောက်က လုပ်ငန်းဆောင်တာတွေကို မှန်ကန်၊ မြန်ဆန်စွာ လုပ်နိုင်မှာ မဟုတ်ပါဘူး။
အိပ်ချိန်ပြည့်ဖို့ လိုသလို နှစ်ခြိုက်စွာအိပ်နိုင်ဖို့လဲ အရေးကြီးပါတယ်။
အိပ်တာနဲ့ ပတ်သက်တဲ့ အရေးကြီးအကြောင်းအရာတွေကို သီးသန့်ရေးပါဦးမယ်။
အိပ်တာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ စိတ်ဖိစီးမှုတွေနဲ့ ကြောက်လန့်တကြား အိပ်နေရတဲ့ဘဝတွေ လွန်မြောက်ကြပါစေပေါ့
၄။ Chronic Stress
စိတ်ဖိစီးမှု ရေရှည်ဖြစ်လာပြီဆိုရင် ရူးသလိုလို ကြောင်သလိုလို ဖြစ်လာတာပဲ။ စိတ်ဖိစီးမှု မရှိသူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် စိတ်ဖိစီးမှုကနေ ရုန်းထွက်ပြီး အဖြေရှာထုတ်သူဟာ အောင်မြင်သူပါပဲ။ စိတ်ဖိစီးမှု အသစ်အသစ်တွေနဲ့ ရင်ဆိုင်ပြီး အနိုင်ရလေလေ ဦးနှောက်ဖွံ့ဖြိုးပြီး အတွေးအခေါ်ကောင်းလေလေပါပဲ။ စိတ်ဖိစီးမှု အကြောင်းအရာတစ်ခုထဲဟာ အချိန်အကြာကြီး ခေါင်းထဲမှာရှိလာပြီဆိုရင်တော့ ဦးနှောက်လဲ ထိခိုက်လာပါလိမ့်မယ်။
စိတ်ဖိစီးမှု များလေလေ ရုပ်ကျပြီး အိုစာလာလေလေ ပါပဲ။ မသေခင်ကတည်းက မသာရုပ်ပေါက်နေပြီဆို သေချာပါတယ် စိတ်ဖိစီးမှုဟာ တောင်လောက်ကြီးပြီး ဦးနှောက်ဟာ စုတ်ပြတ်သတ်နေပါပြီ။ အဲလိုဖြစ်လာရင် ဦးနှောက်ဟာ ကောင်းမွန်တဲ့ အဖြေ၊ ရလဒ်တွေကို မထုတ်နိုင်တော့ဘဲ အမှားများသာ လုပ်ပါတော့တယ်။ မလုပ်သင့်တာကိုလုပ်မယ်။ ငါလုပ်တာသာမှန်တယ်ထင်မယ်။ စိတ်ဖိစီးမှု နည်းသူတွေကိုတွေ့ရင် မနာလိုလာမယ်။
ပြောရရင် ဦးနှောက်ဟာ ပုံမှန်မဟုတ်တော့ဘူးပေါ့။ နောက်ဆုံးရလဒ်က လမ်းမှားလိုက်ပြီး မူးယစ်ဆေးစွဲတာတွေ၊ ဒုစရိုက်မှုကို ဖြောင့်ဖြောင့်ကြီးလုပ်လာတာတွေ၊ သေကြောင်းကြံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေအထိကတော့ အပေါ်မှာပြထားတဲ့ Internet websit ကနေ ကိုးကားထားတဲ့အချက်တွေဖြစ်ပါတယ်။ တခြားအချက်တွေအနေနဲ့က
အာဟာရမျှတမှုမရှိတာ၊
အားကစား လှုပ်ရှားမှုမရှိတာ
အသက်ရှူလေ့ကျင့်ခန်း မလုပ်တာ
စာမဖတ်တာ
မူးယစ်ဆေးဝါးသုံးတာ
ဦးနှောက်ကို ထိခိုက်စေသော ဆေးတွေသူံးတာ
မတွေးခေါ်၊ မစဥ်းစားတာတွေဟာလဲ ဦးနှောက်အတွက် မကောင်းတဲ့ အပြုအမူတွေပါပဲ
ဒါတွေအကြောင်းလဲ သီးသန့်ရေးပါဦးမယ်။
လူဟုခေါ်ဆိုအပ်သော လူစိတ်ရှိသော လူသားတိုင်း ကျန်းမာသုခ ပြည့်စုံပါစေ။
Dr. Nay (GP)
Bangkok မြို့တွင်း အိမ်အရောက်ကျန်းမာရေး စောင့်ရှောက်မှုပေးပါသည်။
စိတ်ပိုင်းဆိုင်ရာခံစားရမှုများ၊ အိမ်ထောင်ရေးသုခဆိုင်ရာကိစ္စများအတွက် သီးသန့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
အမျိုးသမီးများ မျက်နှာနှင့် ကိုယ်ခန္ဓာအလှအပဆိုင်ရာ ကိစ္စရပ်များ တိုင်ပင်ဆွေးနွေးလိုပါလျှင် Aesthetic ဆရာဝန် အမျိုးသမီးမှ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သော Treatment များ ပြုလုပ်ပေးပါသည်။
Winter is Coming!
မိုးကုန်လို့ ဆောင်းဝင်လာခဲ့ပြီ၊ အအေးဓာတ်က တဖြည်းဖြည်း ပိုလာပြီ။ နေ့တာတိုပြီး ညတာရှည်လာခဲ့ပါပြီ
ယခင်လများတုန်းက မနက် ၅ခွဲဆိုလျှင် လင်းနေပြီလို့ ဆိုလို့ရသည့် ဘန်ကောက်မနက်ခင်းသည် ယခုရက်ပိုင်း ၆နာရီအထိ အနည်းငယ် မှောင်ရီဝေဝါးနေဆဲပါ။
ယခင်လများက ည၆နာရီကျော်မှ မှောင်စပြုခဲ့သည့် ညနေသည် ယခု ၅နာရီကျော်ပြီဆိုတာနဲ့ မှောင်ရိပ်သန်းနေပြီ။
အအေးဓာတ်ပိုလာတဲ့အထဲ New Normal နေ့သစ်များတွင် စက်ရုံများ ပြန်လည်လည်ပတ်လာပြီမို့ လေထုညစ်ညမ်းမှုကလဲ ပြန်တက်လာခဲ့ပြီ
ယခုစာရေးသည့်နေ့ 10.11.22နေ့လည်တွင် Air Quality Index (AQI)သည် 87 ထိဖြစ်နေပြီ။
ရထားလမ်းအသစ်တွေ ဖောက်နေတာတွေကြောင့်လဲ လေထုထဲမှာ ဖုန်မှုန့်တွေထူနေသည်။
ဘန်ကောက်ရှိ ကျနော့်လူနာများလဲ အဆုတ်နှင့်ပတ်သက်သော ရောဂါများ ဖြစ်လာကြတာတွေ့ရသည်။ Asthma အခံရှိသူ Asthma ထချင်လာကြပြိီ။ တချို့ COPD ဝင်နေကြပြီ။ တချို့ Pneumonia ဆန်ဆန် ခံစားနေကြရသည်။ Covid နှင့် တွဲတာတွေ ရှိနေသလို Covid မရှိဘဲ pneumonia ချည်းဖြစ်နေတာလဲရှိသည်။ sinusitis လေးတွေလဲ တွေ့ရပါသည်။
Air Pollution တက်လာတာနှင့်အမျှ အဆုတ်နှင့်ဆိုင်သော ရောဂါများ တက်လာမှာပဲ ဖြစ်သည်။
ဒီကြားထဲ Stress တွေကြောင့်ဖြစ်သော ရောဂါများကလဲ အစီအရီပါပဲ။
ကျနော်ကလဲ နဂိုကတည်းက လူနာတွေနှင့် စကားများများပြောသူမို့ Stress ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်သူတွေက ကျနော်နှင့် အဆင်ပြေကြသည်။
ထိုင်းမြေရောက်သော်လဲ မြန်မာနိုင်ငံသားတွေအတွက် စိတ်ဆင်းရဲမှုများ လျော့မသွားပါ။
ပြိုင်တူတွန်းလျှင်ရွေ့မည်ဖြစ်သော်ငြား မျက်နှာချင်းဆိုင်၍ လားရာမတူဘက်တွေကို တွန်းနေသရွေ့ အရွေ့ကတော့ ခက်နေဦးမည်
ထိုင်းနိုင်ငံမှ ဆေးဆိုင်တွေမှာ အခြေခံအားဖြင့် ၄မျိုး ခွဲခြား နိုင်တယ်
၁။ ဆေးရုံတွေမှ Pharmacy Counter များ
ဒီPharmacyတွေကတော့ အထူးကုဆေးရုံကြီးတွေရဲ့ ဆေးပေးတဲ့နေရာတွေဖြစ်ပါတယ်။ သက်ဆိုင်ရာဆေးရုံတွေရဲ့ ဆရာဝန်မှ ပေးခိုင်းတဲ့ဆေးညွှန်းအတိုင်း အလုံးရေပါအတိအကျ ပေးကြပါတယ်။ ဆေးဝယ်ချင်ရင် ဒီအတိုင်းဝင်ဝယ်လို့မရပါဘူး။ ဆရာဝန်ဆီအရင်ပြန်တွေ့ပြီးမှ ဆရာဝန်ရဲ့ လက်မှတ်ခွင့်ပြုချက်နဲ့ ဆေးဝယ်လို့ရပါတယ်။ ဒီဆေးဆိုင်တွေမှာတော့ အပြင်မှာ ဘယ်လိုမှဝယ်မရတဲ့ ထိန်းချုပ်ဆေးတွေ၊ အထူးကုဆေးဝါးတွေကို ဝယ်လို့ရပါတယ်။ ဒါပေမယ့် လူနာကို ဆရာဝန်နဲ့ပြသပြီးမှဖြစ်စေ ဆေးမှတ်တမ်းကို ဆရာဝန်နဲ့ (လူနာမပါဘဲ ဝင်တွေ့ဆုံပြီး)ဆွေးနွေးပြီးမှဖြစ်စေ ဝယ်လို့ရနိုင်ပါတယ်။ စျေးတွေကလဲ တော်တော်လေး တင်ထားကြတဲ့အပြင် ဆရာဝန်နဲ့ တွေ့ဆုံခလဲ ကျသင့်မှာဖြစ်ပါတယ်။
၂။ ဆေးရုံများအနီးရှိ ဆေးဆိုင်များ
ဆေးရုံတွေအနီးတဝိုက်မှာ ရှိနေတဲ့ဆေးဆိုင်တွေပါ။ သူတို့နဲ့နီးတဲ့ ဆေးရုံမှာ သုံးလေ့ရှိတဲ့ဆေးတွေ ရပါတယ်။ ဆေးရုံပေါ်က Pharmacyတွေထက် တော်တော်လေးသက်သာပါတယ်။ အထူးကုဆေးဝါးတွေနဲ့ ထိန်းချုပ်ဆေးတွေဝယ်လို့မရပါဘူး။ ဆေးBrand စုံတာမျိုး သိပ်မရှိဘဲ ဆေးရုံပေါ်မှာ သုံးလေ့ရှိတဲ့ဆေးတွေရှိတာများပါတယ်။ (ဥပမာ Phraya Thai ဆေးရုံနားဆို Phraya Thai ဆေးရုံမှာသုံးတဲ့ Brandတွေများပါတယ်)
၃။ ဆေးဒိုင်များနဲ့ နံမည်ကြီး ဆေးဆိုင်ကြီးများ
Victory Monument ဝန်းကျင်၊ Chao Phraya မြစ်တဖက်ခြမ်း စတဲ့နေရာတွေမှာရှိတဲ့ဆေးဆိုင်ကြီးတွေဖြစ်ပါတယ်။ Brand စုံတယ်၊ ဆေးစုံတယ်။ လူတိုးကြိတ်နေရတတ်တယ်။ Medical equiment တွေနဲ့ Devices တွေပါ ရနိုင်ပါတယ်။ ဒါပေမယ့် ထိန်းချုပ်ဆေးတွေနဲ့ အထူးကုဆေးတွေတော့ သာမန်အားဖြင့် မရောင်းကြပါဘူး။ အခု New Normal after Covid မှာတော့ ထိုးဆေးတွေကိုတောင် သိပ်မရောင်းကြပါဘူး။ Pharmacist ကိုယ်တိုင်ရှိပြီး ဆေးအညွှန်းတွေကိုပါသေချာရှင်းပြပြောပြနိုင်တယ်။
၄။ ရပ်ကွက်တွေနဲ့ စျေးဝယ်စင်တာများထဲမှ ဆေးဆိုင်များ
Display လှလှပပပြထားတယ်။ အရေအတွက်များများမရဘူး။ ဆေးအကြောင်းသိပ်နားမလည်ဘူး။ ဆေးအမျိုးစုံသိပ်မရှိဘူး။ လူရှင်းတယ်။ စျေးကတော့ နဲနဲလေးများတယ်။ ဒိုင်တွေနဲ့အကွာကြီးတော့မဟုတ်ပါဘူး။ ဆိုင်တွေက နေရာတော်တော်များများမှာရှိနေတော့ ဝယ်ရလွယ်ပါတယ်။ ဆေးတွေကအများအားဖြင့် သာမာန်အိမ်သုံးဆေးတွေနဲ့ အားဆေးတွေ၊ ကိုယ်ဝန်တားဆေးတွေများပါတယ်။ အားဆေးတွေကတော့ တော်တော်လေးစုံကြပါတယ်။
ဆေးမှာတဲ့သူတွေလဲ ဒီကအခြေအနေကို နားလည်အောင်လို့ပါ။
ကင်ဆာဆေး၊ ကျောက်ကပ်ဆေး၊ စတဲ့ဆေးတွေ၊ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ရောဂါအတွက်ဆေးတွေ၊ ဦးနှောက်ပိုင်းဆိုင်ရာဆေးတွေ စတဲ့ဆေးတွေကို ဒီမှာ လွယ်လွယ်နဲ့ဝယ်မရပါဘူး။ ဆေးရုံမှာ ဆရာဝန်နဲ့ဆွေးနွေးပြီးမှ ဝယ်ရပါတယ်။
လှမ်းမှာတဲ့အခါ မရနိုင်ဘူးလို့ ပြန်ဖြေဖြေပေးနေရတာ တကယ်စိတ်မကောင်းပါဘူး။ ဆေးရုံကိုသွားရင်တော့ သူတို့ဆီမှာ ပြထားတဲ့လူနာဟောင်းမှသာ ရောင်းပေးတာပါ။
မြန်မာက စာအုပ်တွေနဲ့ ဝယ်ပေးဖို့ဆိုတာ အဆင်မပြေပါဘူး။
ဝယ်ပေးချင်တာပေါ့၊ ဝယ်ပေးပြီး ပို့ပေးရင် ကျနော်တောင် ပိုက်ဆံရသေးတာပဲ။ ဝယ်ဖို့တကယ်မလွယ်လို့ပါ။
နည်းမျိုးစုံနဲ့ ရအောင်တော့ ကြိုးစားပေးနေပါတယ်
Dr. Nay (GP)
Bangkok မြို့အတွင်း ကျန်းမာရေးရာများ ဆွေးနွေးတိုင်ပင်ကုသလိုပါက အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးပါတယ်။
အလှအပ(Aesthetics)ဆိုင်ရာ ဆွေးနွေးကုသမှုပြုလိုသူများအတွက် Aesthetic Doctor အမျိုးသမီးဆရာဝန်ကိုယ်တိုင် ဆွေးနွေးတိုင်ပင်ကုသပေးပါတယ်။
Bangkok မှ ရန်ကုန်၊ မန္တလေးမြို့များသို့ ဆေးဝါးများ ဝယ်ယူပို့ဆောင်ပေးပါတယ်။
Bangkok တွင်ဆေးစစ်လိုသူများ၊ ဆေးကုလိုသူများအတွက် ဆေးရုံများနှင့် ချိတ်ဆက် Bookingယူပေးပါတယ်။ လူနာအတွက် Professional Attendent အဖြစ် လိုက်ပါပေးပါတယ်။
အမျိုးသားများ အသက် ၅၀ ကျော်လျှင် စစ်ဆေးသင့်သော ကျန်းမာရေးရာ စစ်ဆေးစမ်းသပ်မှုများ
အမျိုးသားတွေ အသက် ၅၀ ကျော်လာတဲ့အခါ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်နေပြီလဲ၊ ဘယ်လောက်ထိ ယိုယွင်းနေပြီလဲ၊ ဘာတွေလိုအပ်နေလဲ၊ ဘာရောဂါတွေ ဝင်နေပြီလဲ သိဖို့ အနည်းဆုံး တစ်နှစ် တစ်ကြိန်တော့ ကျန်မာရေးစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဘာတွေ စစ်ဆေးသင့်တယ်ဆိုတာတွေကို ဖော်ပြပေးပါမယ်။
အထွေထွေ စစ်ဆေးခြင်း (General Physical Examination)
ဒါကတော့ ဆရာဝန်နဲ့ ကနဦးပြသပြီး သွေးပေါင်တိုင်းမယ်။ အဖျားတိုင်းမယ်။ ကိုယ်အလေးချိန်တိုင်းမယ်။ အရပ်တိုင်းမယ်။ အသက်ရှူနှုန်း၊ သွေးခုန်နှုန်း စသည်ဖြင့် စစ်ဆေးတာပါ။ သွေးတိုးရောဂါ ရှိမရှိ၊ Body Mass Index (BMI) သိရှိနိုင်ပါမယ်။ ဆေးရုံ၊ ဆေးခန်းကိုလာချိန်မှာ အဖျားရှိမရှိကအစ သိနိုင်ပါမယ်။ ဒါအပြင် ဆရာဝန်က လူနာရဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေကိုလဲ သိရှိနိုင်ပါတယ်။ (ဥပမာ အရိုးအဆစ်တွေ ပုံမှန်မဟူတ်တာ၊ ခွဲစိတ်ထားတာတွေ ရှိနေတာ၊ မျက်နှာပုံစံမမှန်တာ စသည်ဖြင့်)
EYE Examination
မျက်လုံး စစ်ဆေးခြင်းကိုလဲ အသက်၅၀ ကျော်ရင် ပြုလုပ်သင့်ပါတယ်။ အနီး/အဝေး၊ စလင်ဒါ အပြင်၊ တိမ်ရှိနေခြင်း ရှိမရှိ၊ Colour ပျက်ယွင်းခြင်း စတာတွေကို စစ်ဆေးနိုင်ပါတယ်။
ECG and Stress ECG (EKG& Stress Test)
နှလုံးရဲ့အခြေအနေကို သိရှိဖို့ ဖြစ်ပါတယ်။
Ultrasound
အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ ဆီးအိမ်၊ အသည်း၊ သရက်ရွက်၊ ဘေလုံး၊ သည်းခြေ စသည်ဖြင့် ကိုယ်တွင်းအင်္ဂါတွေရဲ့အနေအထားကို အကြမ်းဖျင်း သိနိုင်ပါမယ်။
X ray (Chest X ray)
ရင်ဘတ်ဓာတ်မှန် ကိုရိုက်ကြည့်ခြင်းကြောင့် အဆုတ်၊ လေပြွန်၊ နှလုံး စသည်တို့ကို ကြည့်ရှုသိရှိနိုင်ပါတယ်။
Ankle Brachial Index
ဒီစမ်းသပ်မှုကတော့ သွေးကြောတွေရဲ့ အနေအထားကို သိရှိနိုင်ပါတယ်။
သွေးစစ်ဆေးစမ်းသပ်မှုများ
သွေးစစ်သင့်တာတွေကတော့ ပုံမှန်အားဖြင့်
Blood for CP (သွေးနီဥ၊ သွေးဖြူဥများ၏အခြေအနေများကို သိရန်)
Fasting Blood Sugar Level and HbA1c (သွေးတွင်းသကြားပမာဏ - သွေးချို၊ ဆီးချိုအတွက် အရေးကြီးသည်)
Lipid Profile (သွေးတွင်းအဆီကိုစစ်ဆေးရန်)
Liver Function Test (အသည်းအခြေအနေကို သိရှိရန်)
Alkaline Phosphatase (အသည်းနှင့် အရိုးအခြေအနေ)
serum creatinine (ကျောက်ကပ်အခြေအနေ)
BUN (ကျောက်ကပ်အခြေအနေ)
Uric Acid (ကျောက်ကပ်၊ အဆစ်အမြစ်နှင့် နှလုံး)
Thyroid Functiin test (သိုင်းရွိုက်အခြေအနေ)
Alpha Fetoprotein (အချို့သောကင်ဆာများအား သိရှိရန်)
CEA (ကင်ဆာအတွက်)
PSA (ဆီးကျိတ်အတွက်)
Vitamin D (အရိုးအတွက်)
အခြား စစ်ဆေးမှုအနေနဲ့
Urine RE, Stool REတို့ကိုလဲ စမ်းသပ်စစ်ဆေးသင့်ပါတယ်။
အမျိုးသား အားနည်းခြင်းအတွက်လဲ Testrosterone level ကို စမ်းသပ်စစ်ဆေးသင့်ပါသေးတယ်။
ဒါတွေ သိထားခြင်းအားဖြင့် မိမိမှာ ဘာရောဂါဝင်နေတယ်၊ ဘာတွေ အားဖြည့်ဖို့လိုအပ်တယ်၊ ဘာတွေကုသရမယ် စသည်ဖြင့် သိနိုင်ပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ရင်း ဆေးစစ်စမ်းသပ်မှုများ ပြုလုပ်ချင်သူတွေအတွက် ဆေးရုံ package များကိုလဲ Bookingလုပ်ပေးနေပါတယ်။ ဆေးရုံစမ်းသပ်တဲ့နေ့မှာလဲ လူနာရဲ့ professional attendant အဖြစ် လိုက်ပါပေးပါတယ်။ (စကားပြန်မဟုတ်ပါ၊ အကြံပေးဆရာဝန်အနေနဲ့ လိုက်ပါပေးပြီး မိသားစုဆရာဝန်အဖြစ် တိုင်ပင်အကြံပေးတာပါ)
Bangkok မြို့တွင်း ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင်ကုသမှု ခံယူလိုလျှင်လဲ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ပေးပါတယ်။
Bangkokမှ မြန်မာသို့ ဆေးဝါးပစ္စည်းများလဲ ဝယ်ယူပို့ဆောင်ပေးပါတယ်။
Bangkok မြို့အတွင်း အလှအပဆိုင်ရာ ဆွေးနွေကုသမှုများ ခံယူလိုပါကလဲ အလှအပအထူးကု အမျိုးသမီးဆရာဝန်မှ တိုင်ပင် ကုသပေးပါတယ်။ (PRP, Botox, Whitening Drip, Filler, Threads, Breast, Hip, Private Treatment, Eyebrow Tattoo, Lip colouring, etc)
Dr. Nay (GP)
ဘန်ကောက်မိုးနဲ့ ရောဂါ
ဘန်ကောက်ကိုရောက်ရှိနေထိုင်နေရတာဆိုတော့ ဘန်ကောက်အကြောင်း အရေးများဖြစ်မယ်ပေါ့။
မြန်မာပြည်မိုးရာသီနဲ့ ထိုင်းနိုင်ငံမိုးရာသီ ကာလအတူတူပါပဲ
ရန်ကုန်မိုးကတော့ အရင်ကတည်းက ကြုံဖူးတွေ့ဖူးနေကြဆိုတော့ ရောဂါတွေကို တော်တော်လေးခန့်မှန်းနိုင်ပါတယ်။
တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ အရေပြားရောဂါ၊ ဝမ်းရောဂါတွေ အဖြစ်များကြတာပေါ့
ဘန်ကောက်မိုးကတော့ အခုမှ ကာလကြာကြာထိတွေ့ဖူးတာပါ။ အရင်က အလည်အပတ်၊ အလုပ်ကိစ္စတွေလာရင်လဲ ရက်နဲနဲလောက်ပဲနေတာမို့ သိပ်သတိမထားမိခဲ့ပါဘူး။ အခုတော့ လနဲ့ချီနေရပြီမို့ သေချာလေး လေ့လာလို့ရပါတယ်။
ထိုင်းနိုင်ငံဟာ မိုးဥတုမှာ မုန်တိုင်းဒဏ်ကို တော်တော်လေးခံရပါတယ်။ မုန်တိုင်းတစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်လေ့ရှိပါတယ်။ မြောက်ပိုင်းကိုဝင်တဲ့မုန်တိုင်း၊ တောင်ဘက်ကလာတဲ့မုန်တိုင်း၊ အရှေ့ဘက်ကလာတဲ့မုန်တိုင်း စသည်ဖြင့် ဆက်တိုက်ကိုပါပဲ။ မုန်တိုင်းကြောင့် မိုးတွင်း တစ်ခုလုံး မိုးတော်တော်လေးကောင်းပါတယ်။ ရေရော လေရောကြမ်းတဲ့အပြင် မိုးကြိုးလျှပ်စီးတွေလဲ မကြာမကြာမြင်ရပါတယ်။
ဘန်ကောက်မှာ အများအားဖြင့် မိုးရွာရင် ရေကြိီးလေ့ရှိပြီး လမ်းတွေရေလျှံလေ့ရှိတယ်။ ဆိုင်ကယ်တွေ Slipဖြစ်ပြီး accident တွေဖြစ်လေ့ရှိပါတယ်။
ဘန်ကောက်မှာ မိုးမိလာပြီဟေ့ဆိုရင် ၈၀%လောက် ဖျားဖို့သေချာသလောက်ပါပဲ။
Busပေါ်ပဲဖြစ်ဖြစ်၊ ရထားပေါ်ပဖြစ်ဖြစ်၊ Taxiပေါ်ပဲဖြစ်ဖြစ် ယုတ်စွအဆုံး ကုန်တိုက်တွေထဲလဲ AirConက အေးစိမ့်နေတာမို့ မိုးမိလာသူအဖို့ ဖျားဖို့များပါတယ်။
Pneumonia ကလဲ ထိုင်းနိုင်ငံရဲ့ မိုးတွင်းမှာ ဖြစ်လေ့များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
တုပ်ကွေးFluကလဲပဲ မြန်မာရော ထိုင်းမှာပါ မိုးတွင်းရဲ့ ရောဂါဘုရင်ကြီးတွေပါပဲ
မိုးတွင်းရဲ့ထုံးစံအတိုင်း သွေးလွန်တုပ်ကွေးကလဲ ဖြစ်လေ့ရှိပါတယ်။
Covid ကလဲ မေ့လို့မရတဲ့ရောဂါဖြစ်နေဆဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရကတော့ ထိန်းချုပ်နိုင်ပြီလို့ ယူဆထားတဲ့အတွက် ဖြေလျှော့မှုတွေပြုလုပ်ထားပြိီး ရောဂါကို ရင်ဆိုင်ရင်း အလုပ်တွင်အောင် လုပ်နေဆဲဖြစ်ပါတယ်။
ရေကြိီးရေလျှံပြီး ရေညစ်ပတ်တာတွေများရင်လဲ Skin Diseaseတွေ ပေါတာပါပဲ။
အစာမသန့်တဲ့ရောဂါတွေကတော့ ဘန်ကောက်မြို့ပေါ်မှာထက် မြို့စွန်ဘက်မှာ ပေါပြီး ဘန်ကောက်မြို့ပြင်ပ နယ်မြို့တွေမှာ တွေ့ရလေ့ရှိပါတယ်။
ထိုင်းမှာ ထူးခြားတာကတော့ Japanese Encephalitis ဖြစ်လေ့ရှိနေတာပါပဲ။ Japanese Encephalitis ရဲ့ လက္ခဏာတွေကတော့ Feverတက်မယ်။ Confuse (မူးဝေနောက်ကျိပြီး ဘာမှအာရုံစိုက်မရဖြစ်မယ်)၊ Vomit(အန်မယ်)၊ ခေါင်းအရမ်းကိုက်မယ်၊ သွားလာရခက်ခဲနေမယ် စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ တောတွေ မြစ်ချောင်းတွေပေါတာကြောင့် ငှက်ဖျားလဲ မေ့ထားလို့မရပါဘူး။ Falciparum ငှက်ဖျားကတော့ ထိုင်းမှာ ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့် မိုးတွင်းမှာ ဖျားတာဆိုရင် မပေါ့ဆပဲ လိုအပ်တဲ့ကုသမှုတွေ ချက်ချင်းယူသင့်ပါတယ်။
လူဟုခေါ်အပ်သော၊ လူစိတ်ရှိသော လူသားတိုင်း ကျန်းမာပြီး ဘေးဘယာကင်းဝေးကြပါစေ
Dr.Nay (GP)
Bangkok မြို့တွင်း ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင်ကုသလိုပါလျှင် အိမ်အရောက်ကျန်းမာရေး ဝန်ဆောင်မှု ရယူနိုင်ပါသည်။
မြန်မာနိုင်ငံသို့ ဆေးဝါးများ ပို့ဆောင်ပေးပါသည်။
ဘန်ကောက်မြို့တွင်း အလှအပဆိုင်ရာ ကျန်းမာရေးကိစ္စများ (Aesthetics)ကိစ္စများအတွက် အလှအပအထူးကု အမျိုးသမီးဆရာဝန်မှ တိုင်ပင်ဆွေးနွေးကုသပေးပါသည်။
ခုတလော မြန်မာနိုင်ငံတွင်းမှာလဲ Covid ပြန်ဖြစ်လာကြတယ်။ ရောဂါဖြစ်နှုန်း မြင့်တက်လာကြတာ တွေ့ရတယ်။ ဆရာဝန်တွေကိုယ်တိုင်လဲ ကူးစက်ခံလိုက်ကြရတာကတော့ ဖြစ်လေ့ရှိပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဖြစ်နှုန်း မြင့်မားဆဲပါ။ ဒါပေမယ့် ရောဂါဖြစ်ပွားတဲ့လက္ခဏာတွေက မူလ Covid Virus တွေကနေ သွေဖီနေလို့ Virus ရဲ့ ပုံစံပြောင်းလဲတာ Spike Protein တွေပြောင်းတာ RNA ပြောင်းတာတွေရှိလာတယ်လို့ ယူဆလို့ရပါတယ်။
မြန်မာမှာ ခုလပိုင်းအတွင်း ပြန်ခေါင်းထောင်လာတဲ့ Virus ရဲ့လက္ခဏာတွေကတော့ Delta သို့မဟုတ် Omicron Variant ပဲ ဖြစ်နိုင်ပါတယ်။ ဖျားမယ်၊ လည်ပင်းနာမယ်၊ oxygen ကျမယ်ဆိုတာတွေက ရှိနေဆဲပါ။
ထိုင်းရဲ့ လက်ရှိ Covid ကတော့ ဖျားနေပေမယ့် ချွေးတွေရွှဲနေမယ်။ ဒါကြောင့် လူနာက ရေဓာတ်ဆုံးရှုံးပြီး နှုန်းနေတတ်တယ်။ နှာရည်နဲနဲယိုတယ်။ လည်ပင်းနာတယ်။ အနံ့၊ အရသာ ပြောင်းတာနည်းပါတယ်။ Oxygen မကျဘူး၊ အသက်ရှူရမခက်ဘူး။ ဒါပေမယ့် ကိုယ်လက်ကိုက်မယ်၊ ကူးစက်နှုန်းကတော့ ကြောက်စရာကောင်းအောင်မြင့်မယ်။
ကိုယ်ဝန်ဆောင်တွေမှာ Covid ဖြစ်ရင် ကလေးပျက်ကျနိုင်ချေမြင့်တာကြောင့် သတိထားရပါမယ်။
ကာကွယ်ဆေးကိုလဲ အကြိမ်ပြည့်ထိုးဖို့လိုသလို ထိုးတဲ့ ဆေးဟာလဲ Quality စိတ်ချရဖို့လိုအပ်ပါတယ်။
ကာကွယ်ဆေးက ရောဂါဝင်ရောက်တာကို မကာကွယ်နိုင်ပါဘူး။ ဖြစ်လာခဲ့ရင် မြန်မြန်ပျောက်အောင်၊ ခံစားရတဲ့လက္ခဏာတွေသက်သာအောင်သာ လုပ်နိုင်တာပါ။
ရောဂါမဝင်အောင် Maskတပ်တာ၊ လက်ဆေးတာနဲ့ Social Distancing အရေးကြီးပါတယ်။
စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအခြေအနေတွေကြောင့် လူစုလူဝေး ဖြစ်နိုင်လို့ သတိထားပေးပါ။
ဆေးတွေလဲရှာရဝယ်ရခက်တာမို့ နဲနဲစုထားစေချင်တယ်။ စီးပွားဖြစ်တော့မဟုတ်ဘူးနော်။ အိမ်သုံးလောက်ပေါ့။
Covid ဖြစ်ခဲ့ရင်လဲ သိပ်မကြောက်ဖို့ ပြာယာခတ်မနေဖို့ စိတ်ဓာတ်မကျဖို့ အကြံပေးချင်ပါတယ်။ Covid ထက်ပိုဆိုးတဲ့အခြေအနေတွေမှာတောင် ရှင်သန်နေကြရသူတွေမို့ ဒီရောဂါလောက်တော့ ပျင်းသနားတယ်ဆိုတဲ့စိတ်နဲ့ အနိုင်ယူဖြတ်ကျော်ကြပါ။
လူဟုခေါ်ဆိုအပ်သော၊ လူစိတ်ရှိသော လူသားတိုင်း ကျန်းမာကြပါစေ
ဘန်ကောက်မြို့အတွင်း ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင်လိုပါလျှင် ဆက်သွယ်နိုင်ပါတယ်
Dr. Nay (GP)
Steroids ဆေးများနှင့် စပ်မိစပ်ရာ
အခု ကျနော် Bangkok မှာ ခေတ္တပြောင်းရွှေ့နေထိုင်နေရင်း ဆေးပညာနဲ့ အဆက်ပြတ်မသွားအောင် ကြိုးစားနေတယ်။ Thailand ကဆရာဝန်တွေကြားမှာ မြန်မာဆရာဝန် တစ်ဦးအနေနဲ့ ရပ်တည်နေနိုင်အောင် ကြိုးစားနေပါတယ်။
စာတွေပြန်ဖတ်ရင်း မြို့ထဲကိုသွားရင်းလာရင်း သတိထားမိတာလေးတစ်ခုက Bangkokမှာ Steroid ဆေးတွေကို လွယ်လင့်တကူဝယ်မရတာကို သတိထားမိတယ်။
ဆေးဆိုင်တော်တော်များများမှာ Steroid နဲ့ပတ်သက်ပြီးမေးရင် မရောင်းကြပါဘူး။ ယုတ်စွအဆုံး ဆေးရုံရှေ့ကဆေးဆိုင်တွေမှာတောင် ဝယ်မရတာမျိုး ရှိပါတယ်။ ဆေးစုံလင်ပါတယ်ဆိုတဲ့ ဆိုင်တွေသွားမေးရင်လဲ Steroid ဆေးမေးရင် ဆေးရုံကိုပဲ လွှတ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ရပ်ကွက်ထဲက ကုန်စုံဆိုင်၊ ကွမ်းယာဆိုင်မှာကအစ ဆေးစပ်ပေးရင် Steroid ကိုထည့်ကြတယ်။ Old GPတေွတော်တော်များများလဲ Steroid ကို တော်တော်လေးကိုသုံးကြပါတယ်။
Steroid အစွမ်းကလဲ တော်တော်လေးထက်တာကိုး။ ခံစားနေရတာတွေ ရုတ်ချည်းပျောက်သွားသလိုကို ကောင်းအောင် စွမ်းဆောင်နိုင်တော့ Steroid က မြန်မာအကြိုက် အံကိုက်ပါပဲလေ။
ပြီးခဲ့တဲ့ Covid wave တွေတုန်းကဆိုရင်လဲ Steroid စောစောရလိုက်ရင် အသက်ရှည်ဆေးတော်ကြီး ရလိုက်သလိုကို ဖြစ်ကြတာကိုး။ ဆရာဝန်တွေတောင် ညွှန်းစရာမလို Dexamethasone တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်ကြ ထိုးကြနဲ့ ဆီးချိုဆောင့်တက်လို့ သေတဲ့သူသေဖြစ်ကြရတဲ့အထိလဲ ကြုံရပါတယ်။
တကယ်တော့ Steroid ဆိုတာ နတ်ဆေးတော်ကြီး မဟုတ်ပါဘူး။ အမျိုးမျိုးသော ရောဂါတွေကို ပျောက်စေသတည်းလို့ မဖြစ်ပါဘူး။ Steroid ဆေးတွေရဲ့ အဓိကလုပ်ဆောင်ချက်က ရောင်ရမ်းမှုတွေကို ကျသွားစေတာပါ။
Steroid မှာအမျိုးမျိုးရှိတယ်။ ကိုယ်ထဲမှာလဲ ထွက်တယ်။ လိင်ဟော်မုန်းတွေဟာလဲ Steroid ပါပဲ။ Testrosterone, Estrogen လိုမျိုးပေါ့။
ကျနော်တို့ ဆေးပညာမှာ အသုံးများတဲ့ Steroid တချို့ကတော့ Dexamethasone, Hydrocortisone, Prednisolone, Fluticasone, Cortisone, betamethasone စတာတွေပါ။ အဲဒီထက်လဲ ပိုပြီးအများကြီးရှိပါသေးတယ်။ Steroid ဆေးတွေကို အဓိကအသုံးပြုတာကတော့ အရောင်ကျဖို့ပါ။ ကိုယ်ခန္ဓာထဲက အင်္ဂါတစ်ခုခု ရောင်ရမ်းပြီဆိုရင် Steroid ဟာ ရောင်ရမ်းတာကိုကျစေပါတယ်။ ဒါပေမယ့် ဘာကြောင့်ရောင်ရမ်းရသလဲဆိုတဲ့ ရောဂါဇစ်မြစ်ကို ကုသဖို့တော့မဟုတ်ပါဘူး။
ဥပမာ Asthma ဆိုတဲ့ ရင်ကြပ်ရောဂါမှာ လေပြွန်တွေ ရောင်နေရင် Steroid ပေးရင် ချက်ချင်း သက်သာသွားပါတယ်။
မြန်မာတွေက ဖျားနာပြီဆိုရင် မြန်မြန်ပျောက်ချင်ကြတယ်။ ဒီတော့ ဘာဖြစ်ဖြစ် Steroid လေးတွဲသောက်ကြတယ်။ စပ်ဆေးသမားတွေကလဲ Steroid ရဲ့ သဘောတရား၊ အလုပ်လုပ်ပုံ၊ အကျိုးအပြစ် ဘာကိုမှသေချာမသိ၊ ဒါထည့်ပေးရင် လူနာလန်းနေတယ်ဆိုတာပဲ သိတယ်။ ထည့်ပေးကြတယ်။
နောက်တော့ ဘယ်လောက်ထိဖြစ်လာလဲဆိုရင် စပ်ဆေးသောက်ရင် လူနာက ရောဂါမပျောက်သည့်တိုင် နေလို့ကောင်းနေတယ်။ ဆရာဝန်ဆီပြရင် ရောဂါမပျောက်မချင်း နေရထိုင်ရ အဆင်မပြေ ဖြစ်ကြတယ်။ ဒီတော့ တချို့ဆရာဝန်တွေကိုယ်တိုင် လွဲမှားစွာသုံးလာကြတယ်။ နံမည်ရဖို့ လူနာကို ဆွဲဆောင်ဖို့ပေါ့။
ဒီဆရာဝန်ဆေးထိုးလိုက်ရင် ေရာဂါက ယူပစ်သလိုပဲ၊ ဒီဆရာဝန်ရဲ့ဆေးသောက်ပြီး တခြားဆေးမတိုးဘူး။. .. .. . ရပ်ကွက်ထဲက စကားသံတွေပေါ့။ ပျောက်စေဆရာကြီးအလားပါပဲ။ နေ့ချင်းညချင်း အထူးသဖြင့် ရာသီဖျား ကာလတွေမှာ GPမှာ လူတွေတန်းစီသွားတာပေါ့။
ဒီလိုပြောလို့ ဆရာဝန်အချင်းချင်း Foul ထူတာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလဲ ရည်ရွယ်တာ စောင်းမြောင်းပုတ်ခတ်တာမဟုတ်ပါဘူး။ ကြုံတွေရတာတွေကိုပဲ ပြောတာပါ။
Steroids တွေရဲ့ ဆိုးကျိုးတွေကို လစ်လျူရှုခဲ့ကြရင် မဖြစ်သင့်တာတွေ ဖြစ်ပါလိမ့်မယ်။
Steroid ဆေးတွေ ရေရှည်စွဲသောက်မိရင် ဒုက္ခရောက်ကြမှာပါ။ လိုအပ်သလို ဆရာဝန်ညွှန်ကြားမှုနဲ့သောက်ပြီး ရပ်မယ်ဆိုရင်လဲ ဆရာဝန်ကပြန်လည်စစ်ဆေး ညွှန်ကြားပြီး ရပ်တဲ့နည်းအဆင့်ဆင့်နဲ့ ရပ်တန့်ရမှာပါ။
Steroid ကိုလွဲမှားစွာသုံးမိရင် ဆိုးကျိုးတွေအနေနဲ့ အိပ်ပျော်ဖို့ခက်တာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြုံတာ၊ အစာအိမ်ရောဂါဖြစ်လာမှာ၊ ကူးစက်ရောဂါအဝင်လွယ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးချိုရော၊ သွေးတိုးရောလဲ ဝင်လာနိုင်ပါတယ်။ မျက်လုံးမှာလဲ ရေတိမ် ဖြစ်လာတတ်သေးတယ်။ Cushing's Syndrome ဆိုတာကလဲ Steroid ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဲဒီအကြောင်းကတော့ နောက်မှထပ်ရေးပါဦးမယ်။
စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေမှာ ဆိုးဝါးစွာဖြစ်လေ့ရှိတာကတော့၊ စိတ်ဆတ်ပြီးဒေါသထွက်လွယ်လာမယ်၊ သည်းခံမှုနည်းလာမယ်။ စိတ်ကျလွယ်မယ်။
ဒီတော့ ဒီဆေးဟာ ကိုယ့်သဘောနဲ့ကိုယ် လွယ်လင့်တကူသုံးသင့်တဲ့ဆေးမျိုး မဟုတ်ပါဘူး။ ဆရာဝန်တွေတောင်မှ သေချာချင့်ချိန်ပြီး ပေးရတဲ့ဆေးပါ။
အခုတော့ မြန်မာနိုင်ငံမှာ ဒီလိုဆေးတွေကို လွယ်လင့်တကူ ဖြစ်သလိုသုံးနေတာတွေ့ရတာ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။
အခု Bangkokမှာတော့ Steroids တွေကို ထိန်းချုပ်ထားပြီး ဆေးရုံတွေမှာပဲ ဆရာဝန်တွေကိုယ်တိုင်ပေးတဲ့ဆေးမျိုးအနေနဲ့သုံးနေကြပါတယ်။
မြန်မာနိုင်ငံမှာလဲ Steroid ကိုထိန်းချုပ်ဆေးဝါးအနေနဲ့ သေချာကြပ်မတ်သင့်ပါတယ်ခင်ဗျာ။ လူနာတွေအနေနဲ့လဲ Steroid တွေကို အလွယ်တကူမသုံးဖြစ်အောင် ဆင်ခြင်ရပါမယ်။ ဆရာဝန်က တကယ်လို့ ဆေးပေးမိမယ်ဆိုရင် ထိန်းသိမ်းဆင်ခြင်လို့ရအောင် မိမိမှာ ဆီးချို၊ သွေးတိုး၊ မျက်လုံးတိမ် စတာတွေရှိရင် ပြောထားသင့်ပါတယ်။
လူသားဟုခေါ်ဆိုထိုက်သော လူအကျင့် လူစိတ်ဓာတ်ရှိသော လူသားတိုင်း ကျန်းမာကြပါစေ
Dr. Nay (GP)
Bangkok မြို့အတွင်း နေထိုင်သော မြန်မာမိသားစုများ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါလျှင် ဆက်သွယ်နိုင်ပါတယ်။
အကြောဆေး မသွင်းတဲ့နိုင်ငံနဲ့ အကြောဆေးထိုးချင်တဲ့ မြန်မာ
Bangkok မှာ GPဆရာဝန်တွေ Clinic တွေက အများအားဖြင့် အကြောဆေးသွင်းဖို့ လက်ရှောင်ကြတယ်။
တမင်ကိုအားဆေးသွင်းပေးနေပါတယ်ဆိုပြီး ကြေညာထားတဲ့ဆေးခန်းတွေလဲ ရှိပါတယ်။
Kasetsart တက္ကသိုလ်အနီးက ဆေးခန်းတစ်ခုမှာဆိုရင် IV infusion aviliable လို့တောင် ဆိုင်းဘုတ်ကြီးထောင်ထားတာရှိပါတယ်ါ
ဒါပေမယ့် အများအားဖြင့် ထိုင်းနိုင်ငံက ဆရာဝန်တွေက သောက်ဆေးတွေနဲ့ပဲကုတာများပါတယ်။
ကျနော်တို့မြန်မာတွေမှာတော့ အကျင့်ရှိတယ်။ ဘာလေးဖြစ်လိုက် ဖြစ်လိုက် ဆေးထိုးလိုက်ရမှ၊ အကြောဆေးလေးသွင်းလိုက်ရမှနေကောင်းကြတာကိုး
ဒီတော့ Bangkok ဆေးခန်းတွေက မြန်မာတွေနဲ့ လမိုင်းမကပ်ကြပါဘူး။
ပိုဆိုးတာက Bangkok ဆေးရုံဆေးခန်းတွေက အနေကြာ မြန်မာတွေဆို သိပ်မကုချင်ကြဘူး။ သူတို့သိသလောက် မြန်မာဆိုရင် အလုပ်သမား အခြေခံလူတန်းစားဖြစ်နေတော့ ငွေတောင်းလို့သိပ်မကောင်းဘူးလေ။ ပြီးတော့ ထိုင်းလိုမပြောတတ်တာများတော့ သူတို့က မကုချင်ကြဘူး
Bangkok က အထူးကုဆေးရုံကြီးတွေကတော့ နပ်တယ်ပြောရမယ်။ မြန်မာဆို လာထားပဲ။ ချိုချိုလေးပြောပြီး ပါးပါးလေးလှီးလို့ရတာ သိတယ်။ Bangkok ရဲ့အထူးကုဆေးရုံကြီးတွေရဲ့ ဝင်ငွေအဓိကလမ်းသည် မြန်မာနဲ့ UAEပါပဲ။
မြန်မာသူဌေးများကလဲ ဘယ်လောက်ကုန်ကုန် အဆင့်မြင့်မြင့် ဆေးရုံတက်ရရင်ကိုပျော်နေတာ၊ ဆရာဝန်က လူနာကိုပြုံးပြီး မိနစ် ၂၀ လောက် စကားပြောလိုက်ရင်ကို ပီတိတွေနဲ့ ရောဂါတဝက်သက်သာနေပြီလေ
စကားပြန်ခ ၁၀၀၀/၂၀၀၀ ဆိုတာ ကွမ်းစားဆေးသောက် ကျပျောက်သလောက်ပဲရှိတယ်လို့ ထင်တာကိုး။
အခြေခံလူတန်းစားမြန်မာတွေနဲ့ အခုရွှေ့ပြောင်းလာကြတဲ့ လူလတ်တန်းစားမြန်မာမိသားစုတွေကတော့ ငွေအများကြီး မသုံးချင်တော့ ဆေးခန်းငယ်လေးတွေကို သုံးရတယ်။ စကားပြန်ကိုရတဲ့လူခေါ်ရတယ်။ စျေးလဲပေးရတယ်လေ၊ ဒီတော့ နဲနဲတော့ ခက်ခဲကြတာပေါ့
ဒီကြားထဲ ဆရာဝန်က ဆေးမထိုးပေးဘဲ ပြန်လွှတ်၊ အကြောဆေးမသွင်းပေးတော့ မကျေနပ်ကြဘူးလေ။
ဟူတ်လဲဟုတ်တယ် အခြေခံလူတန်းစားမှာက နေ့စားခနဲ့ ရကြတာဖြစ်တော့ တစ်ရက်မဆင်းနိုင်ရင် တစ်ရက် ဝင်ငွေထိခိုက်တယ်။ လူလတ်တန်းစားကြတော့လဲ ရှိတာလေးမှေးစားထားပြီးနေရတာတွေ လခလေးနဲ့ချိန်ပြီး သုံးရစွဲရ မြန်မာကိုပြန်ပို့ရနဲ့ဆိုတော့ ရောဂါရက်ကြာလေလေ အခက်ခဲတွေများလေလေပဲလေ။
ငွေနဲ့ ယှဥ်ပြီး အချိန်၊ ကျန်းမာရေး၊ စားဝတ်နေရေး ဖြေရှင်းနေရတဲ့ လူတွေအတွက်တော့ ရောဂါဆိုတာ ရောက်မလာအောင် ဂရုစိုက်နေရတော့တာပေါ့
လူဟုခေါ်အပ်သော၊ လူစိတ်၊ လူကျင့်ဝတ်ရှိသော လူတိုင်း ကျန်းမာပြီး ဘေးဘယာကင်းပါစေ
Bangkok မြို့အတွင်း မြန်မာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်နိုင်ပါတယ်။
Dr.Nay (GP)
လက်ရှိ Bangkokမှာ
အပူချိန်တက်
ချောင်းဆိုး
လည်ပင်းနာ
ကိုယ်လက်ကိုက်ခဲ တဲ့ရောဂါ အဖြစ်များနေပါတယ်။
Chest Infection လို့လဲပြောရမယ့် ပုံပါပဲ။
လူထူထပ်တဲ့ နေရာတွေမှာ အဖြစ်များတာတွေ့ရပါတယ်
ကူးစက်တဲ့သဘော ဖြစ်ပါတယ်။ Covid Test စစ်လိုက်ရင် Negative ဖြစ်တာတွေ့ရပါတယ်။
Mask တပ်ဖို့ လက်ဆေးဖို့ကတော့ လိုပါဦးမယ်။
ဘန်ကောက်မြို့အတွင်း ရောက်ရှိနေထိုင်ကြတဲ့ မြန်မာမိသားစုများ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်လိုပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
Dr. Nay Lin Myint နှင့် မိသားစုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တရောက်ရှိနေထိုင်နေကြပါသဖြင့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့် ရှိ ငြိမ်းဆေးခန်းကို ခေတ္တရပ်နားထားပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်းရှိ မြန်မာမိသားစုများမှ Dr.နေလင်းမြင့်နှင့် ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင်လိုပါလျှင် ရက်ချိန်းယူ ပြသတိုင်ပင်နိုင်ပါသည်။
Booking ရက်ချိန်း ယူလိုပါက
Viber နံပတ် +959965044451
Line နံပတ် +9595044451 သို့ဆက်သွယ်နိုင်ပါသည်။
အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကို ခေတ္တရပ်နားထားပါတယ်ခင်ဗျာ
ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင် ပြသလိုပါက ဆေးခန်းမှာ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ
ဆေးခန်းချိန်
မနက် ၈ နာရီမှ နေ့လည် ၁၁နာရီခွဲ
ညနေ ၄နာရီမှ ည ၈နာရီ
ငြိမ်းဆေးခန်း
ဘဝမြင့်
သင်္ဃန်းကျွန်း
Covid 19 ရောဂါ ကာကွယ်ဆေးထိုးလိုသူများအတွက် ဝန်ဆောင်မှုများ ရရှိနိုင်ပါပြီ
ဆေးအရည်အသွေးအတွက် စိတ်ပူစရာမလို
ဆေးထိုးပြီးကြောင်း ထောက်ခံစာရွက်အတွက် စိတ်ပူရန်မလို
Dr.Nay (GP) ကို သတိရလိုက်ပါ။
အသေးစိတ် သိလိုသူများ ဆက်သွယ်စုံစမ်းနိုင်ပါသည်
Vaccine ထိုးပြီး စ Antibody ကို Test kitနဲ့ စစ်ရင်ပေါ်လာလို့ ပျော်နေကြပြီး
၃လလောက်မှာ Negative Result ဖြစ်လို့ စိတ်ညစ်သွားလား?
ဖြစ်တတ်ပါတယ်။ လူတစ်ရာကို စစ်ရင် ၂၀ လောက်မှာ Antibody test False Negative ဖြစ်နိုင်ပါတယ်။
တကယ် Antibody လျော့ကျသွားလား ရှိနေသေလား သိချင်ရင် Lab မှာ သွေးဖောက်ပြီး စစ်ပါ။
250U/mlဆိုရင်တော့ လုံးဝကို Perfect Condition လို့ပြောနိုင်ပါတယ်။
Vaccine ထိုးတယ်ဆိုတာ ကိုယ်ထဲက တိုက်ခိုက်ရေးစစ်သည်တော်တွေကို Virus အကြောင်းသင်ပေးပြီး လက်နက်ပေးလိုက်တာပါ။ Virus မလာအောင် ကာကွယ်တာမဟုတ်ပါ။
Virus မလာအောင် WOMEN ကိုဆောင်ပါ
W ဆိုတာ Wash Hand (လက်ဆေးပါ)
O ဆိုတာ Obey Social Distancing (တစ်ဦးနဲ့တစ်ဦး အကွာဝေးသတ်မှတ်ချက်တစ်ခုထိ ခွာနေဖို့ပါ)
M ဆိုတာ Mask up (Maskတပ်ပါ)
E ဆိုတာ Eat well Sleep well Exercise well (စာမယ်အိပ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်)
N ဆိုတာ No Crowding (လူစုလူဝေးမလုပ်ပါနဲ့)
Dr. Nay (GP)
Covid Waveကို တွန်းလှန်နိုင်ဖို့ Booster ထိုးထားကြပါစို့
Covid ဖြစ်ဖူးသည်ရှိစေ၊ မဖြစ်ဖူးသည်ရှိစေ၊
Vaccine ထိုးထားသည် ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ
Covid (Omicron Variant)(B.1.2.529) ကူးစက်နိုင်ပါသည်။
ကာကွယ်ဆေးထိုးထားသူများတွင် ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက်ရောက်ကုသရမှု နည်းပါးပါသည်။
Booster Dose မထိုးထားသူများ ထိုးထားသင့်ပါသည်ဟု အကြံပြုပါသည်။
GPဆရာဝန်တွေ မဖြစ်မနေကြုံရတဲ့ အနေအထားတစ်ခု သို့မဟုတ် လူနာ၏နောက်ဆုံးအချိန်ကို ကြည့်ရှုစောင့်ရှောက်ခြင်း
ဆေးရုံတွေ အထူးကုဆေးခန်းတွေက လက်လျှော့လိုက်တဲ့ လူနာမျိုး၊ နာတာရှည် အိပ်ရာထဲလဲနေတဲ့ လူနာမျိုး၊ မှတ်ဥာဏ်ယိုယွင်းပျက်စီးလာသော လူနာမျိုးတွေရဲ့ ဘဝက အင်မတန် ဝမ်းနည်းစရာကောင်းပါတယ်။
နာတာရှည်လူနာမျိုး ဖြစ်ပြန်တော့ တခါတရံ အိမ်သားမိသားစုဝင်တွေ ကိုယ်တိုင်ကတောင် စိတ်မရှည်တော့တာမျိုးလဲ တွေ့ဖူးပါတယ်။
ဆေးကုစရိတ်တွေ ထောင်းတာကြောင့် တခါတရံ စီးပွားရေးချို့တဲ့တဲ့ မိသားစုတွေမှာဆိုရင် လူနာရဲ့အခြေအနေဟာ ဆုတ်ယုတ်မှုမြန်လာတာတွေ တွေ့ရပါတယ်။
လူနာမှာ ပြန်ပြောခွင့်မရှိ၊ မိသားစုရဲ့ကုသပေးမှု၊ ကျွေးမွေးပြုစုမှုကို ကြိုက်လဲခံ မကြိုက်လဲခံရတဲ့ ဘဝတွေနဲ့ပါ။
နိုင်ငံခြားမှာတော့ ကျန်းမာရေးအာမခံစနစ်လိုမျိုးတွေရှိတာကြောင့် ခုလိုအခြေအနေတွေကို ကောင်းကောင်းစောင့်ရှောက်နိုင်ကြပေမယ့် ကျနော်တို့နိုင်ငံမှာတော့ ငွေကုန်လူပန်းအခြေအနေအရပ်ရပ်တွေ မကြာခဏတွေ့နေရပါတယ်။
ဆရာဝန်တွေက ရောဂါပျောက်အောင်ကုသနိုင်မှ လူအထင်ကြီးခံရတာဖြစ်တာကြောင့် သေမယ့်ရောဂါဖြစ်လာတဲ့လူနာဆို သိပ်မကုချင်ကြတာ သဘာဝပါ။
တချို့တွေကျတော့လဲ ငွေလဲတတ်နိုင်တာကြောင့် ဆေးရုံတော့တင်လိုက်ပါတယ်။ ရောဂါတွေအကုန်စစ်၊ တွေ့သမျှအကုန်ကုလိုက်တဲ့အခါ လူနာကဆေးဒဏ်တွေပိ၊ စစ်သမျှဆေးသမျှဒဏ်တွေပိပြီး ယိုင်သွားတဲ့လူနာတွေ အသက်ပါသွားတဲ့လူနာတွေလဲ ရှိပါတယ်။
ဒီလိုပြောလို့ ကျနော် ဆရာဝန်ချင်း အပြစ်ပြောတာမဟုတ်ပါဘူး။ စောင်းမြောင်းပြောတာလဲမဟုတ်ပါဘူး။ ဒီမှာတွေ့နေရတဲ့ သဘောသဘာဝကိုပြောတာဖြစ်ပါတယ်။
GP ဆရာဝန်တွေမှာတော့ လူနာနဲ့ပတ်သက်ရင် ပျောက်အောင်ကုနိုင်တာကိုလဲ ဂုဏ်ယူရသလို ကောင်းသောနှုတ်ဆက်ခြင်းနဲ့ ခွဲခွာနိုင်ရင်လဲ ကြည်နူးဝမ်းနည်းရပါတယ်။
ကြည်နူးဝမ်းသာ မဟုတ်ဘူးလား? ဘာလို့ကြည်နူးဝမ်းနဲလဲ. .. .
ဟုတ်ပါတယ်။ မိမိရဲ့လူနာ ဆုံးပါးသွားလို့ ဝမ်းနည်းရပါတယ်။ ဒါပေမယ့် မိမိရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူနာရဲ့ နောက်ဆုံးအချိန်မှာ မနာကျင်၊ မခံစားရဘဲ သက်တောင့်သက်သာ ဘဝတပါးကိုကူးခွင့်ရသွားရတာကိုပဲ ကြည်နူးရတာကြောင့် ကြည်နူးဝမ်းနည်းဖြစ်ရတာပါ။
ဒီဆရာဝန် သေစကားတွေ ပြောတာကြောင့် တချို့မိသားစုတွေက မကြိုက်ကြဘူး။ ဒါပေမယ့် ဆရာဝန်ဆိုတာ ရောဂါနဲ့ပတ်သက်လာရင် ဖွင့်ဆိုပြောပြအပ်တာကို ပြောပြရမယ့် ဝတ္တရားရှိပါတယ်။ ပျောက်ကင်းမှာမဟုတ်တာကြီးကို ပျောက်မှာ ကောင်းသွားမှာလို့လဲ မလိမ်ချင်ပါဘူး။ ရောဂါဖြစ်စဥ်တွေ၊ လက်ရှိအနေအထားတွေ၊ လူနာရဲ့ လက်ရှိအနေအထားတွေ၊ ခံစားရတဲ့ ဝေဒနါတွေကို အကုန်လေ့လာသုံးသပ်ပြီးမှ ပျောက်ကင်းနိုင်မယ်။ ကုလို့မရတော့ဘူး စသည်ဖြင့် ပြောရတာလဲ ဖြစ်ပါတယ်။
တချို့မိသားစုတွေကျတော့ ရှင်းပြပြောပြရ လွယ်ကူတယ်။ လက်ခံတယ်။ လူနာကို နောက်ဆုံးအချိန်အတွက် စီစဥ်ပေးရတာ၊ ကုသပေးရတာ အဆင်ပြေပါတယ်။ တချို့ကျတော့ လက်မခံဘူး။ ဆရာဝန်ပြောင်းပြကြတယ်။ မရမက ကုခိုင်းတတ်ကြတယ်။
ပိုဆိုးတဲ့အခြေအနေတစ်ခုရှိပါသေးတယ်။ လူနာမိသားစုက သူတို့ဖြစ်စေချင်တာကို ဆရာဝန်ကို လုပ်ခိုင်းတာပါပဲ။ လူနာကဆီးသွားနိုင်တယ်။ ဒါပေမယ့် ဆီးမထိန်းနိုင်ဘူး။ ဆီးခံအဝတ်တွေ၊ မွေ့ရာစောင်တွေ မကြာခဏလဲပေးရတာကြောင့် လူနာက ဆီးသွားနိုင်ပါလျက် ဆီးပိုက်ကြီး အတင်းထိုးခိုင်းတာမျိုးတွေ၊ အစာကျွေးရတာ စိတ်မရှည်လို့ အစာပိုက်ထည့်ခိုင်းတာတွေ ကြုံဖူးပါတယ်။
လူနာရဲ့ နောက်ဆုံးအချိန်ကို ကြည့်ရှုစောင့်ရှောက်ရာမှာ ဆရာဝန်သာမက လူနာမိသားစုရဲ့ roleကလဲ အရေးပါပါတယ်။
လူနာရဲ့ နာကျင်မှုကို ကုသရာမှာလဲ ဆရာဝန်အတွက် အင်မတန်စဥ်းစားရပါတယ်။ ဆေးတွေ ပေးတဲ့နေရာမှာလဲ လူနာကိုစဥ်းစားမလား၊ ရောဂါကိုစဥ်းစားမလားဆိုတာ တော်တော်လေးဆုံးဖြတ်ရခက်စေပါတယ်။
လူနာရဲ့ နောက်ဆုံးအချိန်ကို ကြည့်ရှုစောင့်ရှောက်မှုဟာ GPဆရာဝန်တွေရဲ့ မဖြစ်မနေ လုပ်ရမယ့် အရာဖြစ်ပြီး အကောင်းဆုံး စောင့်ရှောက်မှုပေးဖို့ အမြဲကြိုးစားနေရမှာ ဖြစ်ပါတယ်။
Dr. Nay (GP)
အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှု
ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ မြောက်ဒဂုံ
နေ့လည် ၁၂ မှညနေ ၄ခွဲ
ကြိုတင်အကြောင်းကြား၍ ရက်ချိန်းယူပေးပါရန်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
เวลาทำการ
จันทร์ | 07:30 - 17:00 |
อังคาร | 07:30 - 17:00 |
พุธ | 07:30 - 17:00 |
พฤหัสบดี | 07:30 - 17:00 |
ศุกร์ | 07:30 - 17:00 |
เสาร์ | 07:30 - 17:00 |
อาทิตย์ | 07:30 - 17:00 |
Saladaeng 2
Bangkok, 10500
High quality health care Products Delivery Service Consultant Service Reminding Service
33/4 อาคารเดอะไนน์ ทาวเวอร์ แกรนด์ พระราม 9 อาคาร บี ชั้น 28 ถนนพระราม 9 แขวงห้วยขวาง เขตห้วยขวาง
Bangkok, 10310
อุปกรณ์ทางการแพทย์
88/244 โครงการสำเพ็ง 2 ซอย 5 ฝั่งพระพรหม เขตบางแค กรุงเทพมหานคร
Bangkok, 10160
Beurerthailand.com สินค้าแบรนด์ Beurer Thailand พร้อมจำหน?
3, 5 ถนน. สุทธิสาร แขวงสามเสนใน เขตพญาไท
Bangkok, 10400
เครื่องช่วยฟัง Mimitakara อุปกรณ์ทางการแพทย์ที่ได้รับการรับรองจาก FDA ของประเทศไทย /MFi/ISO/CE
23/92 อาคารสรชัย ชั้น 22 ซอยสุขุมวิท 63 ถนนสุขุมวิท แขวงคลองตันเหนือ เขตวัฒนา กรุงเทพ
Bangkok, 10110
日本の医療機器総合商社・㈱ムトウのグループ企業 a Japanese trading company for medical equipment.
บริษัท เพ็ทโตะ อาร์ อัซ จำกัด 33/145 ถ. กาญจนาภิเษก คันนายาว คันนายาว
Bangkok, 10230
เครื่องมือและอุปกรณ์การแพทย์สำหรับสัตว์
Ramintra Factory
Bangkok, 10510
We supply nitrile and latex examination gloves.