Aunty Gyi Farming and Agricultural Products

Aunty Gyi Farming and Agricultural Products

စိုက်ပျိုးရေးနည်းလမ်းများနှင့် ပျိုးပင်များဖြန့်ဖြူးရန်

30/09/2024

စိုက်ပျိုးသုတ အောက်တိုဘာလ
အောက်တိုဘာလတွင် လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး ယာမြေမှာ မိုးသီးနှံများ ရိတ်သိမ်းအပြီးဖြစ်သဖြင့် ကိုင်းကျွန်းမြေများမှာ မြစ်ရေ၊ ချောင်းရေကျချိန်တွင် ဆောင်းသီးနှံများ စိုက်ပျိုးရန် စတင်သင့်သည့်လဖြစ်သည်။ ဆောင်းသီးနှံများတွင် အဓိကသီးနှံများမှာ ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများ ဖြစ်ပါသည်။

စိုက်ပျိုးသည့်သီးနှံအားလုံး အထွက်နှုန်းမြင့်မားရေးဆိုင်ရာ သိရှိဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း

ရေမြေဒေသနှင့် ကိုက်ညီပြီး ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။ အရည်သွေးကောင်းပြီး စျေးကွက်ရှိသည့်မျိုးလည်း ဖြစ်သင့်သည်။
စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့၏အပင်ပေါက်ရာခိုင်နှုန်းကို စမ်းသင့်သည်။ အပင်ပေါက် (၈၅%)အထက်ရှိသည့် မျိုးကောင်းမျိုးသန့်ကိုသာ အသုံးပြုသင့်ပါသည်။
မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးပိုးကျရောက််နိုင်မှုအား သင့်တော်ရာဆေးကို စိုက်ကြောင်းအတွင်းထည့်ခြင်းကဲ့သို့ ကြိုတင်ကာကွယ်မှုလုပ်ငန်း ဆောင်ရွက်သင့်သည်။ (ဥပမာ-ဖြူရာဒန်) အလားတူ မျိုးစေ့ဆောင်ရောဂါများကို စိုက်ကြောင်းအတွင်း မှိုသတ်ဆေး တစ်မျိုးမျိုးထည့်၍ ကာကွယ်သင့်ပါသည်။
ထို့ပြင် ပဲမျိုးစုံသီးနှံအတွက် နိုက်ထရိုဂျင်အာဟာရရရှိစေရန် မျိုးစေ့ကို စိုက်ချိန်တွင် ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်ပါသည်။
နေကြာ

ပြည်တွင်းထုတ် ရေဆင်းစပ်မျိုးနေကြာ−၁ နှင့် ဆင်းရွှေကြာ−၂ မျိုးများကို အသုံးပြုသင့်သည်။ အလားတူ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီမှ မျိုးသစ် အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးထားသည့် ပြည်ပမျိုးများကိုလည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုမည့်မျိုးသည် အပင်ပေါက်ရာခိုင်နှုန်း( ၈၀ )နှင့်အထက် ရှိရန် လိုပါသည်။
မြေဆီသြဇာထက်သန်သော သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့တွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်မြေပြုပြင်ပြီး တစ်ဧကတွင် အပင်ဦးရေ (၂၉,၀၀၀) ရရှိအောင် တန်းကြား(၂) ပေ ၊ ပင်ကြား(၉ လက်မ)ထားကာ၊ တစ်ကျင်းလျှင် မျိုးစေ့(၂ စေ့) နှုန်း၊ မျိုးစေ့ကို(၁.၅ လက်မ) မှ (၂ လက်မ)အနက်မှာ စိုက်ပျိုးရန် ဖြစ်ပါသည်။
မိုးစပါး

စိုက်ပြီး ရက် ၄၀ မှ ၅၀ ရှိသည့် မိုးစပါးခင်းများသည် မျိုးပွားပိုင်းကြီးထွားသည့် ကာလ(Reproductive Phase)သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ စပါးအထွက်နှုန်း မိတ်ဖက်တစ်ခု ဖြစ်သော တစ်နှံရှိစပါးအစေ့အရေအတွက်(Grains per panicle)များရေး အရေးကြီးသောကာလ ဖြစ်သည်။ စပါးတစ်နှံမှာ အစေ့အရေအတွက်များလေ တစ်ဧက စပါးအထွက်များဖို့ အခွင့်အလန်းများလေ ဖြစ်ပါသည်။
ယခုအချိန်တွင် စပါးစိုက်ခင်းများတွင် နိုက်ထရိုဂျင်အာဟာရလုံလောက်စွာ ရရှိနေ ရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်အာဟာရဓာတ်ပါသော ယူရီးယားကဲ့သို့ ဓာတ်မြေသြဇာကို ကျွေးပေးသင့်ပါသည်။
ထို့ပြင် စိုက်ချိန်စောသည့်အချို့စပါးစိုက်ခင်းများမှာမူ ရင့်မှည့်သည့်ကာလ (Ripening Phase)သို့ပင် ရောက်ရှိပြီ ဖြစ်သည်။ ရင့်မှည့်သည့်ကာလသည် စပါးစေ့ အောင်မြင်မှုရာခိုင်နှန်းများဖို့နှင့် အစေ့(၁၀၀၀)အလေးချိန်များဖို့တို့အတွက် အရေးကြီး သောကာလဖြစ်သည်။ ပိုးမွှား‌ရောဂါကျရောက်မှုမရှိစေရေး ရေထိန်းသိမ်းရေး ဆောင်ရွက် သင့်ပါသည်။
ရိတ်သိမ်းတော့မည့်စပါးခင်းများကို ရိတ်သိမ်းချိန်မှန်တွင် ရိတ်သင့်သည်။ အလေအလွင့်နည်းပါးစေရေးအတွက် စပါးအနှံများရှိစပါးစေ့များ၏ ရာခိုင်နှုန်း ၈၀ မှ ၈၅ ရာခိုင် နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင်ရောက်မှ ရိတ်သိမ်းသင့်သည်။ ၎င်းနောက် ရိတ်သိမ်းပြီးလျှင်ပြီးချင်း မြန်မြန်ချွေလှေ့သင့်ပါသည်။
မျိုးစေ့ထုတ်စပါး

သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)ထုတ် စိုက်ခင်းနှင့် ကိုယ့်အားကိုယ်ကိုးမျိုးသန့်မျိုးစေ့(Good Seed)ထုတ်စိုက်ခင်းများ-စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)များတွင် မျိုးသန့်စင်ရေး အရေးကြီးသည့်ကာလ ဖြစ်သည်။

ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်အထိ မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြား ခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံတို့ကို ကုန်စင်အောင် နှုတ်ပယ်ဖယ်ရှားသင့်ပါသည်။

အောက်တိုဘာလသည် လယ်မြေ၊ ယာမြေနှင့် ကိုင်းကျွန်းမြေတို့၌ ပဲမျိုးစုံသီးနှံများ နှင့် ဆီထွက်သီးနှံများကို သီးထပ်သီးညှပ်စိုက်ပျိုးရေးအဖြစ် ဆောင်ရွက်မည့်လဖြစ်ရာ သီးနှံစိုက်စွမ်းအားမြင့်မားပြီး ထုတ်လုပ်မှုမြင့်မားကြစေလိုပါသည်။ အလားတူ မိုးစပါးတွင် နိုက်ထရိုဂျင်အာဟာရလိုအပ်မှုမရှိစေရေး၊ ပိုးမွှားရောဂါကင်းစင်ရေးနှင့် ရေထိန်းသိမ်းရေး တို့ကို ဂရုပြု ဆောင်ရွက်ကာ မျှော်မှန်းအထွက်ကို ရရှိကြစေလိုပါသည်။
greenwaymyanmar


#စိုက်ပျိုးမွေးမြူရေး

09/09/2024

ခရမ်းချဥ်ကို အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင် သိထားသင့်တဲ့ အချက် ၅ ချက်
နေအိမ် ခြံဝန်းအတွင်းမှာ ဟင်းသီးဟင်းရွက်အပင်တွေကို တနိုင်တပိုင် စိုက်ပျိုးထားရှိခြင်းဟာ ကုန်ကျစရိတ်သက်သာစေနိုင်သလို အစားအစာ ဘေးကင်းလုံခြုံမှုလည်း ရှိစေနိုင်တာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နေအိမ် ခြံဝန်းအတွင်းမှာ အများဆုံးစိုက်ပျိုးလေ့ရှိတာက ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်တွေနဲ့ ဟင်းသီးဟင်းရွက်အပင်တွေပဲ ဖြစ်ပါတယ်။ အပင်တွေစိုက်ပျိုးဖို့ရာအတွက် မြေနေရာအလုံအလောက်မရှိတဲ့အခါ အိုးတွေနဲ့စိုက်ပျိုးခြင်းဟာ သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သို့ပေမဲ့ သီးပင်စားပင်တွေကို အိုးတွေနဲ့ စိုက်ပျိုးတာဟာ ပြင်ပစိုက်ခင်းတွေမှာ စိုက်ပျိုးတာနဲ့ အနည်းငယ်ကွာခြားမှု ရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်အပင်တွေကို အိုးနဲ့စိုက်ပျိုးတဲ့အခါ နေရောင်ခြည်ထိတွေ့မှုရရှိအောင်နှင့် ကြမ်းတမ်းသော ရာသီဥတုဒဏ်မှကာကွယ်ရန်အတွက် မတူညီသောနေရာများသို့ အလွယ်တကူရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် အပင်စိုက်ပျိုးထားတဲ့ မြေဆီလွှာအရည်အသွေးကို အပြည့်အဝထိန်းချုပ်နိုင်ပြီး အပင်များအတွက် အကောင်းဆုံးမြေဆီလွှာကို ရွေးချယ်နိုင်ကာ အပင်များကို ပိုမိုကျန်းမာသန်စွမ်း စေနိုင်ပါတယ်။ အိုးနဲ့စိုက်ပျိုးတဲ့ အပင်များဟာ မြေဆောင် ပိုးမွှားများနှင့် ရောဂါများကို ခံနိုင်ရည်နည်းပေမဲ့ အပင်ပိုးကျပါက သီးခြားခွဲကာ ကုသရန် ပိုမိုလွယ်ကူစေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ အိုးနဲ့စိုက်ပျိုးလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်အပင်တွေထဲကမှ ခရမ်းချဥ်အပင်တွေကို အိုးနဲ့စိုက်ပျိုးတဲ့အခါ သိထားသင့်တဲ့ အချက် ၅ ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ အရွယ်အစားကြီးတဲ့ အိုး ကို အသုံးပြုစိုက်ပျိုးပါ
ခရမ်းချဥ်ပင်တွေကို အိုးနဲ့စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှု ရရှိစေဖို့အတွက် ပထမဆုံးလုပ်ဆောင်သင့်တဲ့ အရာကတော့ ခရမ်းချဉ်ပင်အတွက် လုံလောက်တဲ့ရေနဲ့ အာဟာရဓာတ်တွေ လက်ခံရရှိစေဖို့ အရွယ်အစားကြီးတဲ့ ပုံး (သို့မဟုတ်) အိုးတွေကို ရွေးချယ်အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အိုးနဲ့စိုက်ပျိုးမယ့် ခရမ်းချဥ်ပင်တွေမှာ အပင်တစ်ပင်အတွက် အနည်းဆုံး ၁ စတုရန်းပေကျယ်တဲ့ အိုးတစ်လုံး လိုအပ်တာဖြစ်ပြီး ၂ စတုရန်းပေရှိတဲ့ အိုး (သို့မဟုတ်) ပုံးတွေဆိုရင်တော့ ပိုပြီးကောင်းမွန်ပါတယ်။ မြင်သာအောင်ပြောရရင် ရေ ၅ ဂါလံ ဆန့်တဲ့ပုံးတွေဆိုရင်တော့ ပိုပြီးပြည့်စုံတဲ့ အရွယ်အစားဖြစ်ပါတယ်။ အမြစ်တွေဟာ အစိုဓာတ်ရရှိနေဖို့ လိုအပ်ပေမယ့်လည်း ရေဝပ်နေတာမျိုး မဖြစ်စေဖို့အတွက် အသုံးပြုမယ့် အိုး (သို့မဟုတ်) ပုံးတွေဟာ ရေဆင်းအားကောင်းဖို့ လိုအပ်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတာ ဖြစ်တဲ့အတွက် ရေစိမ့်ဝင်နိုင်မှုကောင်းဖို့နဲ့ အာဟာရရှိစေဖို့အတွက် အပေါ်ယံမြေသား ၁ လက်မခန့်ကိုတော့ သဘာဝမြေသြဇာ (သို့မဟုတ်) အရည်အသွေးကောင်းတဲ့ စပ်မြေတွေ ထည့်ပေးထားသင့်ပါတယ်။
၂။ ခပ်နက်နက် စိုက်ပါ
ဟင်းသီးဟင်းရွက် ပျိုးပင်အများစုကို အိုးတွေနဲ့စိုက်ပျိုးတဲ့အခါ တူညီတဲ့အတိမ်အနက်မှာ ထားရှိစိုက်ပျိုးကြပေမယ့် ခရမ်းချဥ်အပင်တွေကတော့ ခြွင်းချက်ပါပဲ။ ခရမ်းချဥ် ပျိုးပင်တွေကိုစိုက်ပျိုးတဲ့အခါ အောက်ခြေမှာရှိတဲ့ အရွက်အနည်းငယ်ကို ဖယ်ရှားပြီး ပုံမှန်ထက် အနည်းငယ်ပိုနက်အောင် တွင်းတူးပြီးစိုက်ပျိုးသင့်ပါတယ်။ အထူးသဖြင့် အပင်ရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ မြေအောက်မှာ ရှိသင့်တယ်လို့ ဆိုကြပါတယ်။ ခရမ်းချဥ် ပျိုးပင်တွေကို ခပ်နက်နက်စိုက်တဲ့အခါ ၎င်းတို့ရဲ့ မြေအောက်ကိုမြုပ်နေတဲ့ ပင်စည်အစိတ်အပိုင်းတစ်လျှောက်မှာ အမြစ်တွေထွက်ရှိလာမှာ ဖြစ်ပြီး ခိုင်မာတဲ့အမြစ်စနစ်နဲ့ ကျန်းမာသန်စွမ်းတဲ့ အပင်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
၃။ ရေကို တသမတ်တည်း ပုံမှန်လောင်းပေးပါ
ခရမ်းချဥ်ပင်တွေကို ရေလောင်းတဲ့အခါ တနေ့တာလုံး ရေဓာတ်ဖြည့်တင်းနိုင်ဖို့အတွက် မနက်ခင်းအစောမှာ ရေလောင်းပေးသင့်ပါတယ်။ ရေလောင်းတဲ့အခါ အပင်ပေါ်ကို လောင်းတာထက် မြေဆီလွှာကို တိုက်ရိုက်လောင်းပေးသင့်ပါတယ်။ အပင်တစ်ပင်လုံးကို ရေလောင်းတဲ့အခါ အရွက်တွေအပေါ်မှာ အစိုဓာတ်ရှိနေမှာဖြစ်တာကြောင့် မလိုလားအပ်တဲ့ မှိုရောဂါတွေ ကျ‌ရောက်လာနိုင်ပါတယ်။ မြေဆီလွှာမှာ အစိုဓာတ်ရှိနေဖို့ လိုအပ်ပေမယ့် ရေဝပ်မယ်ဆိုရင်တော့ အမြစ်ပုပ်တဲ့ ပြဿနာဖြစ်ပေါ်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။ နွေရာသီလို ပူပြင်းတဲ့ အချိန်တွေနဲ့ လေပြင်းတိုက်တဲ့ နေ့တွေမှာဆိုရင်တော့ ၁ ရက်လျှင် ၂ ကြိမ် ရေလောင်းပေးနိုင်ပါတယ်။ အကယ်လို့ ခရမ်းချဥ်အပင်ဟာ လိုအပ်တာထက် ရေနည်းနည်းလေးပဲ ရရှိမယ်ဆိုရင် အပင်ညှိုးနွမ်းပြီး အားပျော့လာကာ ခရမ်းချဥ်သီးပုပ်ခြင်း (ထိပ်ပုပ်၊ ဖင်မဲပုပ်) ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အကယ်လို့ ရေလောင်းတာ ပုံမှန်မဟုတ်ဘဲ နည်းလိုက် များလိုက် ဖြစ်တဲ့အခါမှာတော့ ခရမ်းချဥ်သီးတွေ ကွဲအက်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။
၄။ အာဟာရကျွေးပါ
အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဟာ ပြင်ပစိုက်ခင်းတွေမှာ စိုက်ပျိုးထားတဲ့ အပင်တွေထက်ကို အာဟာရဓာတ်တွေ ပိုလိုအပ်ပါတယ်။ အထူးသဖြင့် ခရမ်းချဥ်ဟာ အာဟာရစားသုံးမှုများတဲ့ သီးနှံဖြစ်တာကြောင့် ၂ ပတ်လျှင် ၁ ကြိမ်ခန့် အာဟာရထည့်ပေးဖို့ လိုအပ်ပါတယ်။ အပင်တွေအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ရရှိအောင်ကျွေးပေးဖို့ လိုအပ်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတာကြောင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရာမှာ အသုံးပြုနိုင်တဲ့ အသင့်သုံးစပ်မြေတွေကိုလည်း ထည့်ပေးနိုင်ပါတယ်။ အချို့သော စပ်မြေတွေကတော့ အာဟာရဓာတ် မျိုးစုံပါဝင်ပြီးသား ဖြစ်တာကြောင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ အကယ်လို့ စပ်‌မြေတွေမှာ ဓာတ်မြေသြဇာတွေ မပါဝင်ဘူးဆိုရင်တော့ ဘက်စုံသုံး အာဟာရဓာတ် ဖြေးဖြေးချင်းထုတ်လွှတ်ပေးတဲ့ မြေသြဇာ (slow-release fertilizer) တွေ အသုံးပြုနိုင်ပါတယ်။ သဘာဝနည်းလမ်းအနေနဲ့ဆိုရင် သောက်ပြီးကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေ၊ မြေဆွေးတွေကို ခရမ်းချဥ်အပင်တွေမှာ ထည့်ပေးနိုင်ပါတယ်။ ကော်ဖီအမှုန့်ကို အသုံးပြုခြင်းဖြင့် နိုက်ထရိုဂျင်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ကော်ဖီအမှုန့် လက်ဖက်ရည်ပန်းကန်လုံး ၅ - ၆ ခွက်ကို ရေ ၅ ဂါလံမှာ ရောမွှေပြီး ခရမ်းချဉ် အပင်ခြေတစ်ဝိုက်မှာ ကော်ဖီမှုန့်ဖျော်ရည် ၁ - ၂ ခွက် လောင်းပေးနိုင်ပါတယ်။
၅။ နေရောင်ခြည် ကောင်းစွာရရှိအောင် လုပ်ပေးပါ
ခရမ်းချဉ်အပင်တွေဟာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြား တစ်နေ့လျှင် အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ နေရောင်ခြည်အပြည့်အဝ ရရှိဖို့လိုအပ်ပါတယ်။ ခရမ်းချဥ်စိုက်ပျိုးထားတဲ့ အိုးတွေကို တစ်နေ့တာလုံး နေရောင်ခြည် ကောင်းစွာရရှိတဲ့နေရာမှာ ထားရှိစိုက်ပျိုးသင့်ပြီး အကယ်လို့ ရာသီဥတုအခြေအနေ ပြောင်းလဲခဲ့ပါက အလင်းရောင်ကောင်းစွာ ရရှိတဲ့နေရာကို ရွှေ့ပြောင်းပေးသင့်ပါတယ်။ ခရမ်းချဥ်အပင်တွေဟာ သဘာဝအရ ပူနွေးတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ အကယ်လို့ ပတ်ဝန်းကျင်အပူချိန်ဟာ တဖြည်းဖြည်း လျော့နည်းလာမယ်ဆိုရင်တော့ အအေးဒဏ်ကနေ အကာအကွယ်ပေးနိုင်မယ့် နေရာမျိုးကို ရွှေ့ပြောင်းပေးသင့်ပါတယ်။ အကယ်လို့ အပူချိန်ဟာ ၃၂ ဒီဂရီစင်တီဂရိတ်အထက်ကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ အရိပ်ရအောင် အကာအကွယ်ပြုလုပ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်အရမ်းပြင်းတဲ့အခါမှာ ခရမ်းချဥ်ပင်ရဲ့ အပွင့်နဲ့ အသီး ဖြစ်ပေါ်မှုကို ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။
greenway


#စိုက်ပျိုးမွေးမြူရေး

#ခရမ်းချဉ်

05/09/2024

ပိုးသတ်ဆေးဘူးနဲ့ အထုပ်တွေမှာပါတဲ့ GHS ဆိုတာဘာလဲ?
GHS အရှည်ကတော့ A Global Harmonized System for the Classification and Labeling of Chemicals ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အဆိပ်သင့်မှု အဆင့်အတန်းဖြစ်ပါတယ်။ သူ့အတိုင်းကို အရှည်ပြန်ရင်တော့ ဓာတုပစ္စည်းတွေရဲ့ အဆိပ်သင့်မှုအဆင့်အတန်းအလိုက် အုပ်စုခွဲတဲ့ စနစ်၊ အညွှန်းတပ်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Global ဖြစ်တဲ့အတွက်ကြောင့်မို့ ကမ္ဘာတစ်ခုလုံးက ဒီစနစ်ကို အသုံးပြုကြရပါတယ်။
ဒါတွေကို သိထားရင် ဘာကောင်းကျိုးရမလဲဆိုတော့ ကိုယ်တွေ သုံးနေတဲ့ ပစ္စည်းတွေဟာ ဓာတုနဲ့ လွတ်ရဲ့လားဆိုတာကို တစ်ချက်ကြည့်တာနဲ့ သိနိုင်ပါတယ်။ နောက်တစ်ခုက ဓာတုဆေးနဲ့ ထိတွေ့နေကြရတဲ့ တောင်သူတွေအနေနဲ့ သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို သတိထားနိုင်မှာဖြစ်ပါတယ်။
သူတို့မှာ အဆိပ်သင့်မှုအဆင့်အတန်းတွေ၊ ပေါက်ကွဲနိုင်မှုအဆင့်အတန်းတွေနဲ့၊ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ အဆင့်အတန်းတွေအလိုက် ခွဲခြားစိတ်ဖြာပါတယ်။
နောက်ပြီးတော့ အညွှန်းတပ်ပေးပါတယ်၊ အရောင်အလိုက်လည်း ရှိသလို ရုပ်ပုံဖော်ပြချက်တွေကိုလည်း သူတို့ သတ်မှတ်ထားတဲ့ အဆင့်အလိုက် သတ်မှတ်ပေးပြီးတော့ အညွှန်းတပ်ပါတယ်။ ပြီးတော့ ဒီဓာတုပစ္စည်းကို ဘယ်ကို ဘေးကင်းအောင်ကိုင်တွယ် အသုံးပြုရမလဲဆိုတာကိုပါ တစ်ခါတည်း အညွှန်းစာသတ်မှတ်ပေးပါတယ်။
ထုတ်ပိုးမှု ကိုလည်း သတ်မှတ်ပေးပါတယ်။ ထုတ်ပိုးမှုက ဓာတုပစ္စည်းကို ဘေးကင်းလုံခြုံမှုရှိအောင် ထုတ်ပိုးနိုင်စွမ်းရှိ မရှိဆိုတာကို လည်း တစ်ခါတည်းစစ်ဆေးပြီး ဘယ်ပစ္စည်းနဲ့ ထုတ်ပိုးပေးရမလဲဆိုတာကို သတ်မှတ်ပေးပါတယ်။
အတော်များများကို ကိုလုပ်ပေးနိုင်တာကြောင့်မို့
ဘေးကင်းလုံခြုံမှုကို တိုးတက်ကောင်းမွန်လာစေတယ်။
နိုင်ငံတကာကို တင်ပို့မှုမှာလည်း ပိုမိုမြန်ဆန်လာစေနိုင်တယ်။
ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်းလုံးဝသေချာလာစေပါတယ်။
ဆိုတော့ သူတို့ သတ်မှတ်ချက်ကို လေ့လာကြည့်ရအောင်
အရောင်သတ်မှတ်ချက်အလိုက်ဆိုရင်
GHS အုပ်စု (၁) နဲ့ (၂) က အဆိပ်သင့်မှု အပြင်းထန်ဆုံးဖြစ်ပါတယ်။ ဆိုတော့ သူတို့ကို ပိုးသတ်ဆေးထုတ်တွေ ဘူးတွေမှာ အနီရောင်နဲ့ ပြပါတယ်။ ဆိုလိုတာက အဆိပ်ပြင်းထန်လို့ သတိထားပြီး သုံးဖို့ ဖြစ်ပါတယ်။
နောက် တစ်ခုကတော့ အဝါရောင်ဖြစ်ပါတယ်။ အနီရောင်လောက် မဆိုးပေမဲ့ အဆိပ်ဖြစ်မှု များနေပါသေးတဲ့ အုပ်စုပါ။ အုပ်စု (၃) ကို အဝါရောင်နဲ့ ဖော်ပြထားလို့ ဆေးဘူးမှာ အဝါရောင် ရုပ်ပုံလေးတွေပါတဲ့ စာတန်းကိုရှာကြည့်နိုင်ပါတယ်။
အဆိပ်ဖြစ်မှု အဆင့်အ (၄) နဲ့ (၅) ကိုတော့ အပြာရောင်နဲ့ ဖော်ပြပါတယ်။ အပြာရောင်မှာလည်း ဘေးကင်းတာတော့မဟုတ်ပါဘူး၊ သူတို့ လုပ်ထုံးလုပ်နည်းနဲ့ ကိုင်တွယ်သင့်တဲ့ နည်းလမ်းတွေကို အတိအကျလိုက်နာသင့်ပါတယ်။
နောက်ဆုံး အဆင့်ကတော့ GHS (-) ဖြစ်ပါတယ်။ သူ့ကိုတော့ အစိမ်းရောင်နဲ့ ပြပါတယ်။ အဆိပ်သင့်မှု အဆင့်အတန်းနည်းလို့ပါ။ ဘယ်လိုကြောင့် အဆိပ်သင့်မှုနည်းတာလဲဆိုရင် စိုက်ပျိုးရေးမှာဆိုရင် အပင်တွေအတွက် ထုတ်ထားတဲ့ ဟော်မုန်းဆေးလိုမျိုးတွေပါ။ ဓာတုဖြစ်ပေမဲ့လို့ ပတ်ဝန်းကျင်ကိုရော ကိုင်တွယ်တဲ့သူကိုရော ထိခိုက်မှု နည်းလို့ ဒီအဆင့်သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
ပုံလေးတွေကို လေ့လာကြည့်ရအောင်လားခင်ဗျာ
သူမှာကလည်း အဆင့်လိုက်အတိုင်း လုပ်ဆောင်ရမဲ့ သတိထားရမဲ့ အချက်လေးတွေကို တစ်ပုံချင်းစီဖော်ပြထားပါတယ်။
ထားသိုသိမ်းဆည်းတဲ့နေရာမှာဆိုရင် ကလေးများ လက်လှမ်းမမီသော နေရာတွင် ထား။
ဆေးရောစပ်တဲ့အခါမျိုးတွေမှာဆိုရင်လည်း
ပိုးသတ်ဆေးရည်ကိုရောစပ်တဲ့အခါမှာ သတိပြုဖို့ ပိုးသတ်ဆေးမှုန့်ကို ရောစပ်တဲ့အခါမှာ သတိပြုဖို့
အကြံပြုချက်တွေအနေနဲ့လည်း ဖိနပ်စီးပါ။ မျက်နှာဖုံး တပ်ပါ။ လက်အိပ်စွပ်ပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။ သုံးစွဲပြီးတိုင်းမှာလည်း ရေနှင့်ဆပ်ပြာကို သုံးပြီး သေချာစွာ ဆေးကြောသန့်စင်ပါ။ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမပြုရ။ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည်။ စတဲ့ အညွှန်းလေးတွေကို မြင်ရမှာဖြစ်ပါတယ်။
greenway


#စိုက်ပျိုးမွေးမြူရေး

01/09/2024

မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ရေး
မြေပဲသီးနှံကို မိုးရာသီမှာစိုက်သည်။ ဆောင်းရာသီတွင်လည်းစိုက်သည်။ အများစုစိုက်ပျိုးသည်က မိုးရွာသွန်းမှုနည်းပါးသောဒေသများဖြစ်သည့် စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖြစ်သည်။
မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာအသုံးပြုမှု၊ ပေါင်းမြက်၊ ရောဂါ၊ ပိုးမွှားကြိုတင်ကာကွယ်မှု စသည် ပြည့်စုံမှန်ကန်အောင် လုပ်ကိုင်ဆောင်ရွက်နေတာတွေ တွေ့မြင်ရပါသည်။
မြေပဲသီးနှံအထွက်နှုန်းမိတ်ဖက်
မြေပဲသီးနှံစိုက်ပျိုးရာတွင် အထွက်ကောင်းဖို့အတွက် အထွက်နှုန်းမိတ်ဖက်တွေကောင်းအောင် အလေးထားလုပ်ကိုင်ရမှာဖြစ်သည်။ အထွက်နှုန်းမိတ်ဖက် (၄) ချက်ရှိသည်။
၁။ ယူနစ်ဧရိယာတစ်ခုအတွင်းရှိ အပင်ဦးရေ
၂။ တစ်ပင််ပါအောင်တောင့်အရေအတွက်
၃။ အဆံထွက်ရာခိုင်နှုန်းနှင့်
၄။ အစေ့ (၁၀၀) အလေးချိန်တို့ ဖြစ်ပါသည်။
တောင်သူလယ်သမားကြီးများသည် စိုက်ပျိုးသမျှသီးနှံတိုင်း အထွက်ကောင်းလိုသည်။ အားသွန်ခွန်စိုက်ကြိုးပမ်းကြမှာဖြစ်သည်။ မြေပဲသီးနှံ အထွက်နှုန်းကောင်းရေးကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။
မျှော်မှန်းအထွက်ရရှိရေး
နည်းစနစ်တွေ မည်မျှပင်ကောင်းနေပါစေ။ မျှော်မှန်းအထွက်ကို ပုံသေရရှိနိုင်သည်လို့ ပြောနိုင်ပါမည်လား။
ယခုအချိန်အခါတွင် သီးနှံများအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုအဟန့်အတားကို ရင်ဆိုင်နေရတာ ကမ္ဘာနှင့်အဝှမ်းဖြစ်ပါသည်။
မြေပဲစိုက်ပျိုးရာတွင် မိုးရေကိုသာ အားကိုးစိုက်ပျိုးရသည်ဖြစ်ရာ သီးနှံအတွက် လိုအပ်ချိန်တွင် မိုးရွာသွန်းမှုနည်းပါးပြီး အစိုဓာတ်မလုံလောက်မှုကြောင့် သီးနှံဖြစ်ထွန်းမှုနည်းကာ မျှော်မှန်းအထွက်ကို ရရှိနိုင်ခြင်းမရှိတာ နှစ်စဥ်လိုလိုကြုံတွေ့နေရကြောင်း သိရှိရပါသည်။
မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကိုစိုက်ပျိုးရေး
မြေပဲသီးနှံအောင်မြင်ဖြစ်ထွန်းဖို့ဆိုလျှင် ရာသီဥတုဖေါက်ပြန်နေသော ယနေ့အချိန်အခါကာလ၌ မိုးခေါင်ဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပျိုးသင့်ပါသည်။ စိုက်ပျိုးလိုက်သော မြေပဲမျိုးသည် ဒေသရေမြေဖြစ်ထွန်းရန်လိုသည်။ မိုးခေါင်ခံဖို့လိုသည်။ မြေတွင်း အစိုဓာတ်နည်းသည့်အခြေအနေအတွက် သင့်တော်သည့်မျိုးဖြစ်သင့်ပါသည်။
မိမိဒေသနှင့်သင့်တော်သည့် စိုက်ပျိုးနေကျ သခင်မစွန့်သည့်မြေပဲမျိုးကို ဆက်လက်စိုက်ပျိုးနေတာတွေ ရှိနိုင်ပါသည်။ အထွက်နှုန်းမြင့်မားခြင်းမရှိသော်လည်း အထွက်တစ်စုံတစ်ရာရသမျှနှင့် ကျေနပ်နေမှုများလည်း ရှိနိုင်ပါသည်။
မိုးခေါင်ဒဏ်ခံမြေပဲမျိုးများတွင် စံထားရလောက်သော သုတေသနပြု ထုတ်ဝေထား သည့် မြေပဲမျိုး (၃) မျိုးကို အသိပေးလိုပါသည်။ အချို့တောင်သူများ လက်မလွတ်တမ်း စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ အဆိုပါမျိုးများမှာ (၁) ဆင်းပဒေသာ-၆၊ (၂) မကွေး-၁၀ နှင့် (၃) ဆင်းပဒေသာ-၁၂ တို့ ဖြစ်ပါသည်။
ဆင်းပဒေသာ-၆ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်ပါသည်။ အရည်အသွေးလက္ခဏာအချို့ကို ဖေါ်ပြရလျှင်-အပင်ပုံစံမှာ ပင်ထောင်ဖြစ်ပြီး အသက်ရက်- ၁၀၅ မှ ၁၁၀ ဖြင့် နှုတ်သိမ်းနိုင်သည်။
တစ်ပင်တွင်အောင်မြင်သော အတောင့်- ၁၅ မှ ၂၀ ပါပြီး တစ်တောင့်ရှိအစေ့အရေအတွက်မှာ- ၂ မှ ၁ ဖြစ်သည်။ အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းသည် ၇၄ ဖြစ်ပြီး အစေ့(၁၀၀)တွင် ၄၀ ဂရမ်အလေးချိန်ရှိကာ ဆီပါဝင်မှုရာခိုင်နုန်းသည် ၄၉ မှ ၅၁ ဖြစ်ကြောင်း သိရပါသည်။
မကွေး-၁၁ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်သော မြေပဲမျိုးဖြစ်သည်။ အဆံထွက်ကောင်းသောမျိုးဖြစ်သည်။ မြေပဲမျိုး၏အပင်ပုံစံမှာ- ပင်ထောင်မျိုးဖြစ်သည်။ အပင်များ၏ ၅ဝ ရာခိုင်နှုန်း ပန်းပွင့်သည့်ရက်မှာ၂၅ ရက်သားတွင်ဖြစ်ပြီး အပင်သက်တမ်း ၁၀၅ ရက်ခန့်တွင် နှုတ်သိမ်းနိုင်သည်။
တစ်တောင့်တွင်အစေ့ ၂ မှ ၁ စေ့ ပါလေ့ရှိပြီး အစေ့ခွံအရောင်မှာ ပန်းရောင်ဖြစ်သည်။ အဆံထွက်ရာခိုင်နှုန်းမှာ ၇၅ ဖြစ်ပြီး အစေ့ ၁၀၀ တွင် ၃၈ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နုန်းမှာ ၅၀ ဖြစ်ကြောင်း သိရပါသည်။
ဆင်းပဒေသာ - ၁၂ မြေပဲမျိုး
မိုးခေါင်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှုနည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်သောမျိုးဖြစ်ကြောင်း သိရပါသည်။ မြေပဲမျိုး၏အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက် ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ အစေ့ ၁၀၀ တွင် ၃၀ မှ ၄၀ ဂရမ် အလေးချိန််စီးကာ ဆီပါဝင်မှုရာခိုင်နှုန်းမှာ ၄၇ ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးရေချိန်နည်းပါးသည့် အပူပိုင်းဇုန်ဒေသများတွင်စိုက်ပျိုးသော မြေပဲသီးနှံ စိုက်ပျိုးကြီးထွားစဥ်ကာလအတွင်း ရက်ရှည်ကြာ မိုးပြတ်လပ်မှုများနှင့် ကြုံတွေ့နိုင်သည်ဖြစ်ရာ စိုက်ပျိုးစဥ်ကပင် သင့်တော်သည့် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသောမျိုးကို အသုံးပြုခြင်းဖြင့် မြေပဲသီးနှံစိုက်ပျိုးအောင်မြင်ကြစေလိုပါသည်။
အစိမ်းရောင်လမ်း



#စိုက်ပျိုးမွေးမြူရေး

30/08/2024

ခဲဆိပ်သင့်မြေများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် “ဗက်တီဗာ” မြက်အစွမ်း
အချို့သော မြေဆီလွှာများထဲတွင် (Heavy metal) ခေါ်သော အန္တရာယ်ပြုဓါတ်စင်များဖြစ် သည့် (ခဲ၊ ကယ်စီယမ် များပြားစွာပါဝင်သော ဇင့် ) တို့ သည် သီးနှံပင်အတွင်း အဆိပ်ဖြစ်စေ သောကြောင့် စိုက်ပျိုးရေးအတွက် ကာကွယ်ကုသနည်းအဖြစ် ဗက်တီဗာမြက်ကို (Vetiver grass) စိုက်ပျိုးမှုကို မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
“ဗက်တီဗာမြက်အစွမ်း”
စိုက်ပျိုးမြေများတွင် ရေတိုက်စားမှု (၄) မျိုး တွေ့ရပါသည်။ အပေါ်ယံမြေလွှာတိုက်စားခြင်း၊ မြောင်းငယ်အသွင် တိုက်စားခြင်း၊ သေးငယ်သောချောက်အသွင် တိုက်စားခြင်း၊ မြောင်းကြီးအ သွင်တိုက်စားခြင်း ဟူ၍ (၄) မျိုးတွေ့ရှိရသည်။ ထိုကဲ့သို့ ရေတိုက်စားမှုများကြောင့် အပေါ်ယံ မြေအချို့ လွန်စွာတိုက်စားသွားပါက ချောက်အထိဖြစ်သွားကာ သီးနှံပင်စိုက်ပျိုးထုတ်လုပ်၍ မရ သည်အထိ ပျက်ဆီးဆုံးရှုံးသွားစေပါသည်။ ဗက်တီဗာမြက်ဆိုသည်မှာ အိန္ဒိယနိုင်ငံအတွင်း မြေ တိုက်စားမှုများမှ ထိန်းသိမ်းကာကွယ်ရာတွင် ရာစုနှစ်ပေါင်းများစွာဖြင့် အောင်မြင်စွာ အသုံးပြု ခဲ့သော အိန္ဒိယတောင်ပိုင်း မြက်မျိုးရင်းတစ်မျိုးဖြစ်သည်။ စိုက်ပျိုးသောအခါ မြေသားပေါ် မူတည်ပြီး အမြစ်များသည် (၂ - ၄) မီတာ (၆ပေခွဲ မှ ၁၃ ပေ) ခန့်အထိ အောက်သို့ ရှည်လျားဆန့်ထွက်နိုင်ပြီး အရွက်နုများကို တိရစ္ဆာန်စာအဖြစ် အသုံးပြု၍ အရွက်ရင့်များကိုမှာ အမြင့် ၅ ပေလောက်ထိရှည်လျားဖြောင့်တန်းစွာ ထွက်ရှိသောကြောင့် အိမ်အမိုး အဖြစ်အသုံးပြု နိုင်သော မြက်တစ်မျိုးဖြစ်သည်။
နှစ်ရှည်ပင်ဖြစ်ပြီး ကောင်းစွာဖွံ့ဖြိုးရန် အချိန် (၆) လခန့်လိုအပ်ပြီး နှုတ်ပယ်ဖျက်ဆီးခြင်း မခံရ ပါကနှစ် (၅၀) ထက်ပို၍ ရှင်သန်နိုင်ကြသည်။ ၎င်းမြက်သည် အစေ့မှအပင်မပေါက်နိုင်သော ကြောင့် အခြားမြက်များကဲ့သို့ မလိုလားအပ်သော ထိန်းမနိုင်သိမ်းမရမျိုးပြန့်ပွားမှုမျိုး မတွေ့ရှိ ရပါ။
ဗက်တီဗာမြက်ကို နိုင်ငံအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းအားဖြင့် သစ်တော သစ်ပင်များပြုန်းတီးမှု၊ သတ္တုတူးဖော်ထုတ်လုပ်မှု၊ မြေပြုပြင် ခုတ်ထွင်းရှင်းလင်းမှုတို့ကြောင့် အကာကွယ်မဲ့နေသော မြေပြင်များကို မိုးရေတိုက်စားပြုန်းတီးမှု (ချိန်ခါမဲ့မိုး ရွာသွန်းခြင်း) ခံရ ခြင်းမှ ကောင်းစွာအကာအကွယ်ပေးသည့်အပြင် စိုက်ပျိုးရာဒေသတစ်ဝိုက်တွင် ယုတ်လျော့သွား သော မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးမှု ကိုလည်းဖြစ်စေပါသည်။
အထူးသဖြင့် မြေတိုက်စားပြုန်းတီးခံရသော နေရာများတွင် ရေပြင်ညီအတန်းလိုက်၊ မြက်ရိုး တန်း ဖြစ်လာစေရန်နှင့် တစ်ပင်နှင့်တစ်ပင်ကြား ၆ လက်မခွာ စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွား ချိန်တွင် အချင်းချင်းပူးယှက်ကာ တစ်ဆက်တစ်စပ်တည်းဖြစ်လာသည့် အရွက်နှင့်အမြစ်များ ကြောင့် သဘာဝမြေထိန်းနံရံတစ်ခုကဲ့သို့ ဖြစ်လာပြီး မိုးရွာမှုကြောင့် တိုက်စားခံရသည့် သဲနုံးမြေ တို့ကို မိုးရေနှင့်အတူမျောပါမသွားစေရန် တားဆီးပေးပြီး မိုးရေစီးနှုန်းကို လျော့ကျစေသည့်အတွက် မြစ်ချောင်းရေစီးတို့ကြောင့် မြေတိုက်စားခံရမှုများကို အကာအကွယ်ပေးနိုင်ပါသည်။
ထို့အပြင် ဗက်တီဗာမြက်ရွက်နုများကို နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ဘဲ စသည့်မွေးမြူရေးတိရစ္ဆာန် အစားအစာအဖြစ် အသုံးပြုပြီး၊ အရွက်ရင့်လာပါက အမျှင်ကြမ်းပါ ထွက်သဖြင့် အိမ်အမိုးနှင့် လက်မှုပစ္စည်းများပြုလုပ်ရာတွင် အသုံးဝင်ခြင်း၊ အရွက်အောက်ခြေကို လောင်စာအဖြစ် အသုံး ပြုနိုင်ခြင်း၊ အမြစ်မှရသောအဆီသည် မျက်နှာပြင်အရေပြား နုပျိုစေခြင်း၊ အခြားအရေပြား ယောင်ရမ်းမှု သက်သာစေခြင်း၊ အနာသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဗက်တီဗာ မြက်အနံ့က စိတ်ကိုတည်ငြိမ်စေခြင်း၊ ခြနှင့် အခြားအင်းဆက်ပိုးများကို တားဆီးနိုင်ခြင်းနှင့် အဆီကို ရေမွှေးနှင့် အခြားထုတ်ကုန်များအတွက် ကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ နိုင်သောကြောင့် ရေရှည်တွဲဖက် မြေနဲ့ မြက် ဟု ခေါ်ဝေါ်တင်စား (ဂုဏ်ယူစွာဖြင့်) တင်ပြလိုက် ပါသည်။
ဦးထင်အောင်ရှိန် (ဘိုးရာဇာ)


#စိုက်ပျိုးမွေးမြူရေး

#ဗက်တီဗာမြက်

28/08/2024

ဆိတ်စာပင်နှင့် အာဟာရဓာတ်အကြောင်း
ဆိတ်သည် စားမြုံ့ပြန်တတ်သော ကျွဲ၊ နွားများနှင့် နှိုင်းယှဉ်လျှင် စပ်စုတတ်သော တိရစ္ဆာန်မျိုးလည်းဖြစ်သည်။ နွားနှင့် သိုးများမစားသော အပင်များကိုပင် ဆိတ်တို့စားလေ့ရှိကြသည်။ ထို့ပြင်ဆိတ်များမှာ သွားရင်းလာရင်း ခရီးရှည်တစ်လျှောက် ရှာဖွေစားတတ်သည့် အလေ့လည်းရှိကြပါသည်။ ထို့သို့သော အလေ့အထကြောင့် လိုအပ်သော အာဟာရဓာတ်ကို ပြည့်မီအောင် ဖန်တီးတတ်သည့် သဘောရှိပါသည်။
ဆိတ်စားသောအစာမှာ အပင်မြင့်များ၊ အပင်ပုများ၊ ခြုံပုတ်များ၊ မြက်များဖြစ်ကြသည်။ အစာမျိုးစုံကို လက်ခံတတ်သော်လည်း အများသိထားသော လက်ခံထားသည့်အချက် မတူညီဘဲ ဆိတ်တို့သည် ချေး(ဂျီး)များတတ်သော အလေ့ရှိသည်။ ဆိတ်တစ်ကောင်ကစားသော အစာကို အခြားတစ်ကောင်က ကြိုက်နှစ်သက်ချင်မှ နှစ်သက်တတ်ကြသည်။
အခြားဆိတ်တို့ တက်နင်းထား၍ မြေကြီးပေနေသောအစာများကို မစားကြပါ။ ဆိတ်များသည် အစာတစ်မျိုးဘဲ စားနေရခြင်းထက် အစာမျိုးစုံစားရခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် သဘာဝအရ ပို၍ကြီးထွားဖြစ်ထွန်းပါသည်။
ဆိတ်မွေးမြူရေး ပိုမိုဖြစ်ထွန်းသည့် အပူပိုင်းဒေသများတွင် အစာကြမ်းများ ပေါများသည်။ ဆိတ်များသည် သိုး၊ နွားတို့ထက် အစာကြမ်းကို Protein အဖြစ် ပြောင်းလဲရာတွင် သာလွန်မှုရှိသည်။ ဆိတ်ငယ် အပေါ် နှုတ်ခမ်းသည် လိုသလိုရွေ့လျားနိုင်ခြင်းကြောင့် အပင်မျိုးစုံကို ဆွတ်ခူးစားတတ်သည့် အလေ့အထရှိပြီး အာဟာရပြည့်မီအောင် ရွေးချယ်စားနိုင်စွမ်းရှိသည်။
ထို့ကြောင့် ဆွတ်ခူးစားရသော အစာသည် ဆိတ်၏ အကြိုက်အတွေ့ဆုံးအစာဖြစ်ပါသည်။ ရာသီဥတုအပြောင်းအလဲနှင့် ဆိတ်ကောင်ရေအနည်းအများသည် ဆိတ်များ စားသုံးမှုပမာဏကို လွှမ်းမိုးတတ်သည်။ နွေရာသီတွင် ဆူးခြုံပင်များကို အစားများ၍ မိုးရာသီ၌ မြက်၊ ပဲနွယ်ပင်များကို အစားများပါသည်။
ယေဘုယျအားဖြင့် (၈၀)ရာခိုင်နှုန်းသော အစာမှာ စားသောက်ရန် အခြေအနေမပေးပါကလည်း မြက်နှင့် အခြားသော အပင်၊ အရွက်များ၊ ကောက်ရိုးများကို စားနိုင်ကြပါသည်။ မြန်မာနိုင်ငံ၌ ရရှိနိုင်သော ဆိတ်စာ အရွက်များမှာ-
ငှက်ပျောရွက်၊ ပိန္နဲရွက်၊ ပီလောပီနံရွက်၊ မြေပဲရွက်၊ ဇီးရွက်၊ ဇီးသီး၊ ပေါက်ပန်းဖြူရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ညောင်ချဉ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ပိုးစာရွက်၊ ပဲစဉ်းငုံရွက်၊ အစေ့၊ တမာရွက်၊ ထနောင်းရွက်၊ ထနောင်းသီး။
နှမ်းမှော်၊ ပဲမျိုးစုံရွက်၊ မယ်ဇလီရွက်၊ အဝေရာရွက်၊ မြင်းခွာ၊ ကရေဒီ၊ စီးရီးယားရွက်၊ ပိတ်တင်းကပ်၊ ကန္တာသီး၊ ကန္တာရရွက်၊ ဇီးခလောက်ရွက်၊ ခံပင်၊ သန်းပင်၊ ဇင့်နီပင်တို့ကို ဆိတ်များ ကြိုက်နှစ်သက်ကြသည်။
ဆိတ်မှာ ဇီးသီးများကို အလုံးလိုက်ကောက်စားကြပြီး ညဘက်နားနေချိန်၌ စားမြုံ့ပြန်ခြင်းဖြင့် အခွံကိုချေဖျက်ပြီး ဇီးစေ့ကို ပါးစပ်မှ ပြန်လည်ထွေးထုတ်ကြပါသည်။ ၎င်းဆိတ်စားဇီးစေ့၏ (၁) တင်းဈေးနှုန်းမှာ သဘာဝဇီးစေ့ထက်စာလျှင် ဈေးပိုရပါသည်။
သစ်ပင်ခြုံပုတ်များတွင်နေသည့် အစိမ်းရောင်ပိုးကောင် ဘောက်ဖတ်များကို ဆိတ်များကြောက်ရွံ့ပါသည်။ ဆိတ်သည် ဘောက်ဖတ်ကိုက်လျှင် သေဆုံးနိုင်ကြပါသည်။
ဆိတ်များ အကောင်ကြီး အရွယ်ရောက်မြန်နိုင်ရန်အတွက် ဖြည့်စွက်စာများအဖြစ်-
ဆန်ကွဲ၊ ဖွဲနု၊ ကုလားပဲခွံ၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ဇီးခွံ၊ ပဲစိမ်းစုံမှော်၊ ပဲမျိုးစုံမှော်ပဲဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ လုံးညှပ်အစေ့အဆံ အားလုံးကျွေးမွေးနိုင်ပါသည်။
ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျှမ်းမျှ-
အစာနု (၁၀.၃၅) ကျပ်သားခန့် ကျွေးမွေးနိုင်ပါသည်။
အာဟာရဓာတ်မချို့တဲ့စေရန် သတ္တုဓာတ်များ ကျွေးမွေးရန်လိုအပ်ပါသည်။ အစာတွင် ကယ်လ်စီယမ်နှင့် ဖော့စဖောရပ်ပါဝင်မှု အချိုးအစားမှန်ကန်ရန် အရေးကြီးပါသည်။
ဆိတ်များ ကလေးမွေးပြီး ဖြစ်တတ်သော နို့ရှိန်ဖျားရောဂါသည် calcium (ကယ်လစီယမ်) ချို့တဲ့မှုကြောင့်ဖြစ်ပြီး ဆိတ်မကိုယ်ဝန်ဆောင်စဉ်ကပင် ကြိုတင်ကျွေးမွေးထားရပါမည်။ ထို့အတူ Magnesium (မက်ဂနီစီယမ်) ချို့တဲ့မှုကြောင့် အကြောသေခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း အစရှိသော ရောဂါများလည်း ဖြစ်တတ်ပါသည်။
ထို့ကြောင့် သီးရွက်စုံစားဆိတ်များကို လိုအပ်သော ဖြည့်စွက်အစာနှင့် သတ္တုဓာတ်များ ထည့်သွင်းကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့မှုမရှိဘဲ မျိုးပွားဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
ဦးဇော်(dof)
Ref: The Farmer Journal



#စိုက်ပျိုးမွေးမြူရေး
#ဆိတ်မွေးမြူရေး

28/08/2024

ဆိတ်များအတွက် အာဟာရပြည့်၊ အကြီးမြန်စေမည့်..ဆိတ်အစာလုံး ပြုလုပ်နည်း
ဆိတ်အစာလုံး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-
ဂျုံဖွဲ(သို့မဟုတ်)ပြောင်းမှုန့် - ၁ပိဿာ ၂၀ ကျပ်သား
ဖွဲနု - ၁ပိဿာ ၂၀ ကျပ်သား
EM- ၄၈ စီစီ
သကာရည်-၃၆ စီစီ (မရပါက ထန်းလျက် ၁၀ ကျပ်သားကို ကျိုထည့်ပါ)
ရေ- ၁၁၁၆ စီစီ (ရေသန့်တစ်ပုလင်းကျော်ကျော်)တို့ ဖြစ်ပါတယ်။
ပြုလုပ်နည်းမှာ -
- အထက်ပါ ပါဝင်ပစ္စည်းများကို သမအောင်မွှေပါ။ လက်ဖြင့် နယ်ပါ။
- ပြီးလျှင် အလုံးလေးများဖြစ်အောင်လုံးပြီး လေလုံအောင် ပလတ်စတစ်အိတ်ထဲ ထည့်ရပါမည်။
- ထို့နောက် နေရောင်တိုက်ရိုက်မရသော နေရာတွင် ၃၊ ၄ ရက် လောက် ထားပေးရပါမည်။
- ၃၊ ၄ ရက်ကြာလျှင် အစာလုံးလေးများပေါ်တွင် အဖြူဖတ်လေးများပွင့်လာပြီး အနံ့လည်း မွှေးလာပါမည်။
- ၄ ရက်နောက်ပိုင်းတွင် ဆိတ်များကို စတင်ကျွေးနိုင်ပါပြီ။
ကျွေးရမည့်ဆိတ်အရွယ်မှာ-
- ဆိတ်လတ်နှင့် ဆိတ်ကြီးများကို ကျွေးနိုင်ပါသည်။ ဆိတ်တစ်ကောင်လျှင် အစာလုံး ၃ ကျပ်သားမှ ၅ ကျပ်သားအထိ ကျွေးနိုင်ပါသည်။
ကျွေးနည်းမှာ -
- အခြားဆိတ်စာ ၁ ပိဿာကုန်လျှင် အစာထဲတွင် အထက်ပါ အစာလုံးကိုပါရောပြီး ကျွေးနိုင်ပါသည်။ ( ဥပမာ-ဆိတ်တစ်ကောင်စာအတွက် အစာလုံး ၃ ကျပ်သားကို မြက်နှင့်ရောပြီးကျွေးလို့ရပါသည်။)
အကျိုးကျေးဇူးများမှာ -
- ဆိတ်များစားသော အစားအစာများထဲမှ ကောင်းသောအာဟာရတန်ဖိုးများကို ဆိတ်၏အူလမ်းကြောင်းက ကောင်းစွာ စုပ်ယူလာနိုင်ပါမည်။
- ဆိတ်များအစာချက်နှုန်း ကောင်းမွန်လာပြီး အသားအရေစိုပြည်ကာ ကြီးထွားနှုန်း မြန်လာပါမည်။
- အစာမှ အသားဖြစ်နှုန်း မြင့်လာပါမည်။
- ခန္ဓာကိုယ် ခုခံစွမ်းရည်မြင့်လာပြီး ရောဂါဖြစ်ပွားမှု နည်းလာပါမည်။
- စွန့်ပစ်သောမစင်အနံ့ကင်းလာပြီး ပတ်ဝန်းကျင် အနံ့အသက် ကင်းစင်လာပါမည်။
- အဆိုပါဆိတ်ချေးကို စိုက်ပျိုးရေးတွင် မြေသြဇာအဖြစ် အသုံးပြုလျှင်လည်း အထူးကောင်းမွန်ပါသည်။
greenway



#စိုက်ပျိုးမွေးမြူရေး
#ဆိတ်မွေးမြူရေး

28/08/2024

ဆိတ်စာချဉ်ဖတ်ပြုလုပ်ရာတွင် သိရှိထားသင့်သောအချက်အလက်များနှင့် အကျိုးများ
ချဉ်ဖတ်သည် လေမဲ့သောနေရာတွင် ကစော်ပေါက်အောင် စနစ်တကျ စီမံသိုလှောင်ထားခြင်းဖြင့် ရရှိလာသော ဆိတ်အစားအစာပင်ဖြစ်သည်။ ချဉ်ဖတ်ထည့်၍ ချဉ်ဖတ်ပုံ (သို့မဟုတ်) ချဉ်ဖတ်ကျင်းပြုလုပ်ရသည်။ ကစော်ပေါက်မှုသည် သိုလှောင်ထားသော အစာစိမ်းများ၏ အာဟာရဓာတ်တန်ဖိုးနှင့် ရေပါဝင်မှုကို တည်တံ့အောင်ထိန်းသိမ်းနိုင်သည်။
ချဉ်ဖတ်သိပ်ရာတွင်
(၁) ချဉ်ဖတ်ထည့်ရန် နေရာရွေးချယ်ခြင်း
ချဉ်ဖတ်ပြုလုပ်မည့် သီးနှံများကို ချဉ်ဖတ်ထည့်ရန် နေရာကို သယ်ယူရန် လွယ်ကူမည့်နေရာမျိုးဖြစ်ရမည်။ ချဉ်ဖတ်သိပ်မည့် သီးနှံကိုခုတ်စဉ်းဖြတ်တောက်ခြင်းမပြုမီ လျင်မြန်စွာမညှိုးနွမ်း၊ မခြောက်သွေ့စေရန် ရိတ်သိမ်းသည့်နေရာနှင့် ချဉ်ဖတ်ထည့်မည့်နေရာ နီးကပ်မှုရှိရမည်။ ချဉ်ဖတ်ကျွေးမွေးသည့်နေရာနှင့် ချဉ်ဖတ်ထည့်သည့်နီးရာ နီးကပ်မှုရှိရမည်။
(၂) သကြားနှင့် ကစီဓာတ်ပါဝင်မှု
လက်တစ်အက်စစ်နှင့် လက်တစ်အက်စစ်ထုတ်လုပ်သော ဘက်တီးရီးယားများသည် အပင်များတွင် ပါဝင်သည့်သကြားကို ကောင်းစွာအသုံးပြုနိုင်ပေသည်။ အပင်များကိုခုတ်ဖြတ်နင်းသိပ်ခြင်းကြောင့် ယိုစီးထွက်ပေါ်လာသောအရည်များတွင် သကြားနှင့် ကစီဓာတ်ပါဝင်လာသဖြင့် ကစော်ပေါက်ရန် လွယ်ကူသည်။ နွားစာမြက်တွင် သကြားဓာတ်ပါဝင်မှုနည်းသဖြင့် ချဉ်ဖတ်ပြုလုပ်လျှင် သကာရည်များထည့်ပေးရမည်။
(၃) ချဉ်ဖတ်နင်းသိပ်ခြင်း
ချဉ်ဖတ်ကောင်းရရှိရန် ကောင်းစွာနင်းသိပ်ပေးရန် လိုအပ်ပါသည်။ လေခိုအောင်းမှုနည်းလျှင် ချဉ်ဖတ်အရည်အသွေး ကောင်းလေဖြစ်သည်။ ကြီးမားသော ချဉ်ဖတ်ကျင်းများ၌ ထွန်စက်များဖြင့် ဖိနင်းသိပ်ရပါသည်။ ချဉ်ဖတ်ကျင်းငယ်များ ချဉ်ဖတ်ပုံများကို အရှည် (၁-၂) လက်မ အရွယ်အစားဖြတ်တောက်ပေးနိုင်ပါက နင်းသိပ်ရာတွင် ကျစ်လစ်သိပ်သည်းပါသည်။ သေးငယ်စွာ ဖြတ်တောက်ခြင်းဖြင့် သိုး၊ ဆိတ်များစားသုံးရာတွင် လွယ်ကူပြီး အလေအလွင့်နညးပါသည်။
ချဉ်ဖတ်ထဲသို့ ပူးတွဲထည့်ရန်ပစ္စည်း
ချဉ်ဖတ်ထဲသို့ ထည့်ပေးရန်အသင့်လျော်ဆုံးပစ္စည်းမှာ သကာရည်ပင်ဖြစ်သည်။ သကာရည်ကို ခုတ်စင်းထားသော အပင်ရိုးတံများ (ချဉ်ဖတ်စာ)၏ ၄% ခန့် ထည့်ပေးရပါသည်။ ချဉ်ဖတ်စာတစ်တန်လျှင် သကာရည်ပေါင်း ၈၀ ခန့်ထည့်ပေးရပါသည်။ ဂါလံရည် ၄၀ ဝင် သကာရည်ပုံးတစ်ပုံးသည် ချဉ်ဖတ် ၈ တန်အတွက် လုံလောက်သည်။ သကာရည်ထည့်ပေးခြင်းဖြင့် ချဉ်ဖတ်၏ ကစီဓာတ်မြင့်မားလာစေရန် သာမက အရသာနှင့် အရည်အသွေးပါ တိုးတက်ကောင်းမွန်လာသဖြင့် သိုး၊ ဆိတ်များ နှစ်သက်စွာ စားသုံးကြသည်။ သကာရည်ကို ရေ ၅၀ % ရောစပ်၍ ချဉ်ဖတ်စာပေါ်တွင် သမအောင် ပက်ဖျန်းပေးရမည်။ ၆ လက်မထု အလွှာရောက်တိုင်း သကာရည်ကို နှံ့စပ်အောင် ပက်ဖျန်းပေးရသည်။
ဖုံးကာခြင်း
မြေပြင်ပုံစနစ်၏ ပုံသဏ္ဌာန်မှာ အတိအကျမရှိနိုင်ပေ။ ပိုင်ရှင်၏ အကြိုက်နှင့် နေရာဒေသပေါ်လိုက်၍ ပြောင်းလဲနိုင်ပါသည်။ ချဉ်ဖတ်ပုံ၏နံဘေးသည် အနည်းငယ်စောင်း၍ ဆင်ခြေလျှောသဏ္ဌာန် အခြေကျယ်ကာ အပေါ်သို့ကျဉ်းမြောင်းသွားပေသည်။ သို့မှသာ မြေသားဖြင့် ဖုံးကာရာတွင် မြဲမြံကပ်ညိနေမည်။ ကောင်းစွာဖုံးကာခြင်းသည် နင်းသိပ်ခြင်းကဲ့သို့ပင် လေခိုအောင်းမှုကို ကာကွယ်ပါသည်။ ချဉ်ဖတ်စာများကို ဖုံးကာထားခြင်းဖြင့် ပြင်ပလေဖြင့် ထိတွေ့ခွင့်မရပဲ ချဉ်ဖတ်၏ အပေါ်ယံမျက်နှာပြင်သည် တည်တံ့ခိုင်မြဲနေမည်။ ပလတ်စတစ်ဖျင်စနှင့် ဖုံးအုပ်ထားခြင်းဖြင့် လေမိုးဒဏ်မှကာကွယ်ပေးနိုင်ပါသည်။ မြေသားဖြင့် မဖုံးအုပ်မီ ၂ လက်မထုရှိသော ကောက်ရိုးခြောက်များဖြင့် ခင်းပေးရပါသည်။
ချဉ်ဖတ်၏ အရည်အသွေး
အရည်အသွေးကောင်းမွန်သော ချဉ်ဖတ်တွင်
(၁) အရောင်အဆင်းအားဖြင့် စိမ်းဝါရောင်ရှိခြင်း
(၂) ရှာလကာရည်နံ့ (သို့) စူးရှဆိုးဝါးသောအနံ့မျိုး ကင်းရှင်းလျက် အနံ့ကောင်းမွန်ခြင်း
(၃) အဖြူစက်၊ အဖြူပြောက်များကင်းမဲ့ခြင်း (မှိုမတက်ခြင်း)
(၄) အက်ဆစ်ပြင်းအား ၄.၂ ရှိခြင်း
(၅) အက်ဆစ်စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းရှိခြင်း
(၆) အရသာကောင်းမွန်ခြင်း (သိုး၊ ဆိတ်များ) ဆွဲငင်စားသုံးခြင်းစသည့် အရည်အသွေးရှိခြင်း
ဆိတ်စာချဉ်ဖတ်ပြုလုပ်ထားရှိခြင်း၏ အကျိုးများ
(၁) ချဉ်ဖတ်သည် အာဟာရတန်ဖိုးနှင့် စိုထိုင်းဆ (ရေပါဝင်မှု) ကိုထိန်းသိမ်းထားနိုင်သည်။
(၂) အခြားအစာများကဲ့သို့ ကောင်းနိုးရရာ အပိုင်းမျးကိုသာ ရွေးချယ်စားခြင်းမရှိပဲ တစ်ညီတစ်ညာတည်း သမစွာစားရသည်။
(၃) အာဟာရနည်းပါးသော အပိုင်းများသည်လည်း ပို၍ အရသာကောင်းမွန်လာသည်။
(၄) ကာလအတန်ကြာ ထိန်းသိမ်းသိုလှောင်ထားနိုင်သည်။
(၅) ပြောင်းခြောက်၊ မြက်ခြောက်ကဲ့သို့ နေရောင်ခြည်ဖြင့် လှန်းသည့်စနစ်နှင့် မတူပဲမိုးရာသီ၌ ပြုလုပ်နိုင်ပါသည်။
(၆) ကုန်ကျစရိတ်နည်းပါးသည်။
(၇) နှံစားပြောင်းမှာ တစ်ကြိမ်ထက်ပို၍ ရိတ်သိမ်းနိုင်သဖြင့် ချဉ်ဖတ်အထွက်နှုန်းပိုသည်။
(၈) သိုလှောင်ထားသောအစာများ မီးဘေးအန္တရာယ်မှ ကင်းဝေးသည်။
greenway



#စိုက်ပျိုးမွေးမြူရေး
#ဆိတ်မွေးမြူရေး

Photos from Aunty Gyi Farming and Agricultural Products's post 28/08/2024

ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၄)
နို့ပေးဆိတ်များကို ဖော်ပြပါဇယားတွင် အကြံပြုချက်အတိုင်း ကျွေးမွေးမှုသည် ချင့်ချိန်နိုင်ရန် ဖော်ပြခြင်းသာဖြစ်ပြီး ထုတ်လုပ်ပေးသော နို့ထွက်ရှိမှုအပေါ်မူတည်ပါသည်။ နို့တစ်ကီလိုတိုးမြှင့်တွထုတ်လုပ်တိုင်း(၀.၃ မှ ၀.၅)ကီလိုဂရမ် အစာနု တိုးမြှင့်ကျွေးရန် လိုအပ်ပါသည်။
သားမပေါက်မီနှင့် သားပေါက်ပြီးဆိတ်မကို အစာနုကျွေးမွေးမှုအတွက် အောက်ဖော်ပြပါအချက်များကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါသည်။
၁။ ဇီးဆိတ်မ သားပေါက်ရန်အတွက် တစ်ပတ်အလိုတွင် အစာနုကျွေးမွေးမှုကို လျှော့ချရပါမည်။ ဇီးရင့်ကာလတွင် (၀.၅)ကီလိုဂရမ်ကျွေးမွေးခဲ့ပါက (ဝ.၂ - ဝ.၃)ကီလိုဂရမ်ထိ လျှော့ချရပါမည်။
၂။ သားပေါက်ပြီးရက် သီတင်းပတ်(၂)ပတ်အတွင်း တစ်နေ့ (၀.၂-၀.၄) ကီလိုဂရမ် ကျွေးမွေးရပါမည်။
၃။ သားပေါက်ပြီး(၂)ပတ်အကြာတွင် နို့ထွက်နှုန်းအပေါ်မူတည်ပြီး အစာနုကျွေးနှုန်း တိုးမြှင့်ရပါမည်။
၄။ နို့ထုတ်လုပ်မှုအပေါ်မူတည်ပြီး အစာနုတိုးမြှင့်ကျွေးမွေးမှုကို အစာစားသုံးနိုင်မှုပမာဏအပေါ်မူတည်ပြီး ပြန်လည်လျှော့ချပေးရန် လိုအပ်ပါသည်။
အသားဓာတ်ပါဝင်မှု(၁၄%, ၁၅%, ၁၆%) ရှိသော စပ်စာနမူနာအား ဇယားတွင် ဖော်ပြထားရှိပါသည်။ နို့ညှစ်ဆိတ်မများကို တစ်ကောင်ချင်းမှတ်တမ်းဖြင့် နို့ညှစ်အစာ ကျွေးမွေးရပါမည်။အစာကျွေးမွေးမှုစနစ် မှန်ကန်မှုရှိမှသာ နို့ထုတ်လုပ်မှုအမြင့်ဆုံးရရှိခြင်းနှင့် အစာစရိတ်ကုန်ကျမှု တွက်ခြေကိုက်ပါမည်။
ခြံတစ်ခြံအတွင်းရှိဆိတ်အားလုံးသည် အစာနုလိုအပ်ချက် မတူညီနိုင်ပါ။ ဆိတ်မတစ်ကောင်သည် နို့ခမ်းကာလဖြစ်နေချိန်တွင် အခြားဆိတ်မတစ်ကောင်သည် နို့ပေးချိန်ဖြစ်နိုင်ပါသည်။ ဆိတ်တစ်ကောင်သည် ကြီးထွားဆဲကာလတွင် အခြားဆိတ်သည် သားပေါက်နေတတ်ပါသည်။
ဆိတ်မ(၂)ကောင်သည် အသက်တူ၊ ခန္ဓာကိုယ်အရွယ်တူဖြစ်နေပြီး နို့ထုတ်လုပ်ပေးမှု တူညီနေသည့်တိုင် အစာနုလိုအပ်ချက် ကွာခြားနိုင်ပါသည်။
greenway



#စိုက်ပျိုးမွေးမြူရေး
#ဆိတ်မွေးမြူရေး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท โฆษณาและการตลาด ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

စတော်ဘယ်ရီ mass production....
ကြက်သွန်။။။
ဒီစက်မျိုးတွေသုံးဖူးတဲ့သုရှိလားမသိဘူး။ အဆင်ပြေလား... သုံးရတာ
သိန်း ၁၅၀ လောက်တော့ရှိမယ်ထင်တယ်... စိုက်ပျိုးရေးသုံးဆေးဖျန်းဒရုန်း
Smart Agriculture ဆိုတာကတော့ စိုက်ခင်းတွေထဲမှာ အာရုံခံ ကိရိယာတွေ၊ စိုက်ပျိုးရေးမှာသုံးတဲ့ ဒရုန်းတွေကို အသုံးပြုပြီး စိုက...
အုန်ချိုမွှေးခြံ....
သင်္ဘောစိုက်ခင်း....
သစ်သီးခြံဆေးဖျန်း.....
သရက်Aunty Gyi Farming and Agricultural Products #စိုက်ပျိုးသုတ @followers
အပင်ခြေမှာ မြေဩဇာထည့်တဲ့နည်းလေးပါ။ အလေအလွင့်မရှိတော့ဘူးပေါ့....Aunty Gyi Farming and Agricultural Products#စိုက်ပျိုးသုတ...

ที่อยู่

Bangkok

Bangkok บริษัท โฆษณาและการตลาดอื่นๆ (แสดงผลทั้งหมด)
Mini Me Advertising Co ., Ltd. Mini Me Advertising Co ., Ltd.
53/23 ซ. ลาดพร้าว 15 แขวงจอมพล เขตจตุจักร
Bangkok, 10900

Creative agency

CMYK Group: Design, Web, SEO, Print CMYK Group: Design, Web, SEO, Print
4, 6 Charoenkrung 36, Bangrak
Bangkok, 10500

http://cmyk.group - Graphic Design, SEO, Website Design & Development, Digital Marketing, Printing,

Press A Card Press A Card
เลขที่ 229 ถนนสุขุมวิท 71 ซอยปรีดีพนมยงค์ 31 คลองตันเหนือ วัฒนา
Bangkok, 10110

We specialize in printing wedding invitation card with letterpress. We incorporate modern design with classic traditional handcraft print.

BKKMENU.com BKKMENU.com
ถนน อินทราภรณ์
Bangkok, 10310

'The Curated Guide To EAT / GO / PLAY / SHOP' BKKMENU is a part of the curated lifestyle media

Verve - Public Relations Consultancy Verve - Public Relations Consultancy
FYI Center
Bangkok, 10110

Verve is full of Great Energy, Enthusiasm and Talents. Wouldn't you love to be our fans?

Readyplanet Readyplanet
Readyplanet Public Company Limited 51 Major Tower Rama 9/Ramkumhang 17th Floor Unit 1701/1706 Rama 9 Road, Huamak, Bangkapi
Bangkok, 10240

Readyplanet Public Company Limited All-in-One Sales & Marketing Platform Company

Syndacast Syndacast
219/17, The Pride At Asoke Towers, Sukhumvit 21, Klongtoey Nua, Wattana
Bangkok, 10110

Asia's leading digital marketing agency that works with global and local brands in Asia Pacific.

Asia Media Studio Asia Media Studio
FICO Corporation, Asok
Bangkok, 10110

Intelligence made visible

Pimplus PR Pimplus PR
84 Sukhumvit 62 Bangjak Prakanong
Bangkok, 10260

Full Service PR Agency & Guest Invitation Center in Bangkok, Thailand.

360 innovative co.,ltd 360 innovative co.,ltd
111 Praditmanutham Road, Ladprao
Bangkok, 10230

360 innovative services:- - Digital Creative & Production - Digital Marketing Solutions - Website/Ca

Web Wednesday Thailand Web Wednesday Thailand
Bangkok

กลุ่มจิตอาสาจัดงาน networking & party จัดเมื่อว่างตรงกันปีละ 1-2 ครั้ง เข้างานฟรี เบียร์ฟรี

conscious conscious
51/5 Oasis Loft, Sukhumvit 64 Road , Bangjak, Prakanong
Bangkok, 10260

visual communication design