Conect Solutions

Let us help to create your moments and memories

Photos from Conect Solutions's post 02/09/2024

ထိုင်းနိုင်ငံအတွင်း လည်ပတ်စရာနေရာလမ်းညွှန် (၂) - " ကန်ချနဘူရီမြို့ (Kachanaburi) "

🛤ကန်ချနဘူရီမြို့ (Kachanaburi) သည် ထိုင်းနိူင်ငံအနောက်ပိုင်း ရှိ သမိုင်းဝင် အမှတ်တရများ၊ သဘာဝအလှများနှင့် ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ကျော်ကြားသော ဆွဲဆောင်မှုရှိသော ခရီးသွားမြို့တော် ဖြစ်ပါသည်။

🛤ဒီမြို့သည် ဒုတိယကမ္ဘာစစ်အတွင်းတည်ဆောက်ခဲ့သည့် River Khwae Bridge (ကွေမြစ်တံတား) နှင့် သေမင်းရထားလမ်း တို့ကြောင့် လူသိများပြီး Hellfire Pass အမှတ်တရ ပြတိုက် နှင့် ကန်ချန်းဘူရိ စစ်သင်္ချိုင်း တို့က ယနေ့အထိ သမိုင်းဝင်နေရာများအဖြစ် ကျန်ရှိနေသည်။

🏞ကန်ချနဘူရီမြို့ သည် သမိုင်းဆိုင်ရာအရာများအပြင် ထိုင်းနိုင်ငံ၏ အလှဆုံး သဘာဝအလှအပများကိုလည်း စူးစမ်းနိုင်သော တံခါးပေါက်ဖြစ်ပါသည်။ အဲရာဝန်အမျိုးသားဥယျာဉ် (Erawan National Park) သည် ကွေမြစ် (River Khwae) ရဲ့ အဆင့် ၇ ဆင့်ရှိသော ရေတံခွန်ဖြင့် ထင်ရှားပြီး သဘာဝချစ်သူများအတွက် မသွားမဖြစ်သွားသင့်သော နေရာဖြစ်သည်။

ကန်ချနဘူရီမြို့ (Kachanaburi) အတွင်း လည်ပတ်နိူင်တဲ့နေရာတွေကတော့
✅Erawan Waterfall
✅Death Railway Museum & War Cemetery
✅Mallika R.E. 124
✅River Khwae Bridge
✅Death Railway
✅Skywalk Kachanaburi City
✅The Village Farm To Café
✅Safari Park


📌နောက်လည်း နောက်ထပ်တစ်နေရာ တင်ပေးဦးမှာ ဖြစ်လို့ Page လေးကို follow and share လေးလုပ်ပေးခဲ့ဦးနော်

☎️အကယ်၍ မင်မင် ရဲ့ CONECT SOLUTIONS မှ ကားအငှားဝန်ဆောင်မှုများ အသေးစိတ်သိချင်လိုလျှင်
Page Messenger
Viber No. +95 9 421063924
Line No. +66 065 515 0705 မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ

#ကန်ချနဘူရီ #ခရီးသွားလမ်းညွှန်

Photos from Conect Solutions's post 29/07/2024

🚘Like & Share, Follow လုပ်ရုံနဲ့ ရရှိမယ့် ဩဂုတ်လအတွက် အထူး Promotion (10% Discount)

🏙ဘန်ကောက်မြို့ထဲမှာ နေရတာ မွန်းကြပ်ပြီး တစ်နေရာရာကို ခရီးထွက်ချင်နေပြီလား?
🏕တောင်တန်းတွေ ကြည့်ချင်လား?
🏖ပင်လယ်ကြီးကို ကြည့်ပြီး အနားယူချင်လား?

🚗ဒါကြောင့် မင်မင်တို့ CONECT SOULTIONS ၏ ကားအငှားဝန်ဆောင်မှုကို အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ် ကာစတန်မာများ (customers) အတွက် အထူး Promotion အစီအစဉ်လေးတစ်ခုရှိကြောင်း ကြေညာမောင်းခတ်ပါရစေခင်ဗျ ...📣 (၁၀ % Discount)

🚩မင်မင်တို့၏ page စာမျက်နှာကို like & follow လုပ်ပြီး ယခု post ကို Like & Share (Public) နဲ့လုပ်ထားကြောင်း screenshot ပို့ပေးရုံနဲ့ ဘန်ကောက်မြို့ပြင် ခရီးစဥ်များ အားလုံး ကို (၁၀%) လျော့ဈေး ရရှိပါမှပဲဖြစ်ပါတယ်

🚩ဒ့ါအပြင် မင်မင်နဲ့ မွေးလတူတဲ့ သြဂုတ်လ မွေးဖွားတဲ့သူတွေအတွက် ထပ်မံ (5%) Discount

☘ ပရိုမိုးရှင်း (Promotion) ကာလကတော့ ဩဂုတ်လ အကုန်အထိပါခင်ဗျ

အောက်ပါစျေးနှုန်းများမှာ (၄) ယောက်စီး နှင့် (၆) ယောာက်စီး ကားအမျိုးအစားအတွက် ခရီးစဥ်စျေးနှုန်းဖြစ်ပါတယ်။ လမ်းကြေး / ဆီဖိုး / ယာဉ်မောင်း/ လည်ပတ်တာပါ ပါဝင်ပြီးဖြစ်ပါတယ်ခင်ဗျ

🤙CONECT SOLUTIONS မှ အခြားဝန်ဆောင်မှုများ အသေးစိတ်သိချင်လိုလျှင်
✅Page Messenger
✅Viber No. +95 9 421063924
✅Line No. +66 065 515 0705 မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ

💙ယခုအချိန်ထိ မင်မင်တို့ကို ရွေးချယ်ပေးတဲ့ customers များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ 🙏🙏

🚨ယခုပဲ Page နဲ့ Post လေးကို like & share လေးလုပ်ပြီး ၁၀% လျော့ဈေး ရယူလိုက်ပါ..

#ကားအငှားဝန်ဆောင်မှု

19/07/2024

📢 ထိုင်းနိုင်ငံ သို့ လာရောက်နိုင်သော ဗီဇာအမျိုးအစားများ - အပိုင်း (၁)

🇹🇭 (၁) ဆိုက်ရောက်ဗီဇာ (Visa on Arrival)
ဆိုက်ရောက်ဗီဇာနဲ့ လာမယ်ဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီး ခရီးဆောင်အိတ်လေးဆွဲပြီး ထွက်လာရုံပါပဲ.. နေထိုင်ခွင့် ၁၄ ရက်ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေက:

- လေယာဉ် အသွားအပြန်လက်မှတ်
- ဟိုတယ်ဘိုကင် (Hotel Booking)
- Show money (ဘတ် ၂၀,၀၀၀ - ၂၅,၀၀၀ ခန့်)
ဆက်နေထိုင်ချင်လို့ သက်တမ်း (၁) လတိုးချင်တယ်ဆိုရင် ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှာ ထောက်ခံစာရယ်၊ နေထိုင်တဲ့နေရာကနေ TM30 ရယ် ယူပြီး IT square မှာ သွားတိုးလို့ရပါတယ်။

IT square - https://maps.app.goo.gl/sHWZVyDECDHm8td6A
Myanmar Embassy - https://maps.app.goo.gl/PHeiWv9puKXRtvSA7

--------------------------------------------------------------------------

🛂 (၂) တိုးရစ်ဗီဇာ (Tourist Visa)
တိုးရစ်ဗီဇာ ကတော့ ရန်ကုန်က ထိုင်းသံရုံးမှာ ရက်ချိန်းယူပြီး လျှောက်ထားရမှာဖြစ်ပါတယ်၊ ဗီဇာကြေးကတော့ ဒေါ်လာ ၄၀ ပေးသွင်းရမှာပါ။ နေထိုင်ခွင့်ကတော့ (၆၀) ရက် ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေက:

- လေယာဉ် အသွားအပြန်လက်မှတ်
- ဟိုတယ်ဘိုကင် (Hotel Booking)
- Bank Statement (မြန်မာငွေ သိန်း ၂၀ - ၂၅ သိန်း)
- Show money (ဘတ် ၂၀,၀၀၀ - ၂၅,၀၀၀ ခန့်)
ဆက်နေထိုင်ချင်လို့ သက်တမ်း ၁ လတိုးချင်တယ်ဆိုရင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှာ ထောက်ခံစာရယ်၊ နေထိုင်တဲ့နေရာကနေ TM30 ရယ် ယူပြီး Government Complex မှာ သွားတိုးလို့ရပါတယ်။

ရန်ကုန်ရှိ ထိုင်းသံရုံး ဗီဇာယူရင် ဘိုကင်ယူရန် တင်ရမယ့် လင့် - https://www.thaiconsularyangon.com/visa/
Government Complex တည်ရှိရာနေရာ- https://maps.app.goo.gl/qQDW7JEq7bYJXE6v8

--------------------------------------------------------------------------

🎓 (၃) ကျောင်းသားဗီဇာ (Non-Immigrant ED visa)
ကျောင်းသားဗီဇာ ကလည်း ရန်ကုန်က ထိုင်းသံရုံးမှာ ရက်ချိန်းယူပြီး လျှောက်ထားရမှာဖြစ်ပါတယ်၊ ဗီဇာကြေးကတော့ ဒေါ်လာ ၈၀ ပေးသွင်းရမှာပါ။ ကနဦးနေထိုင်ခွင့်ကတော့ ၉၀ ရက်ပါ. ပြီးမှ သက်ဆိုင်ရာ ကျောင်းတက်မယ့် နှစ်အလိုက် ကျောင်းနဲ့ နီးစပ်ရာ လူဝင်မှုကြီးကြပ်‌ရေးရုံးမှာ (၁) နှစ်ချင်းစီတိုးသွားရပါမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေက:

- လေယာဉ် အသွားလက်မှတ် (အပြန်လက်မှတ် မလိုပါ)
- တက်မယ့်ကျောင်းက ထုတ်ပေးတဲ့ကျောင်းစာရွက်စာတမ်းများ
- ဟိုတယ်ဘိုကင် (Hotel Booking) (သို့) အိမ်ငှားစာချုပ်
- Bank Statement (မြန်မာငွေ သိန်း ၂၀ - ၂၅ သိန်း)
- Show money (ဘတ် ၂၀,၀၀၀ - ၂၅,၀၀၀ ခန့်)
-------------------------------------------------------------------------

❗❗အကြံပေးချက်:
- လေဆိပ်က Immigration Counter မှာ အရာရှိက စာရွက်စာတမ်းတွေမလိုအပ်ရင် အကုန်မပြပါနဲ့. Passport ပဲ အရင်ထုတ်ပေးလိုက်ပါ. ပြီးမှ အရာရှိကထပ်တောင်းမှ စာရွက်စာတမ်းတွေ ထုတ်ပေးပါ.
- တိုးရစ်ဗီဇာ(သို့) ဆိုက်ရောက်ဗီဇာ နဲ့လာတဲ့ ယောကျာ်းလေးလူငယ်ဆိုရင် သုဝဏ္ဏဘူမိလေဆိပ်ပဲ ဆင်းဖို့ အကြံပြုပါတယ်၊ ဒွန်မောင်းလေဆိပ်က တော်တော်ရစ်တတ်ပါတယ်။
- ဟိုတယ် ဘိုကင် ကို ဒီ website တွေကနေလုပ်လို့ရပါတယ်၊ ‌တချို့ ဟိုတယ်တွေဆို ‌ဟိုတယ်ရောက်မှ ငွေရှင်းလို့ရပါတယ်၊
Agoda website- https://www.agoda.com/?cid=1844104&ds=JT5k0kUQepLdr8Fk
Booking website - https://www.booking.com/

📍အကယ်၍ လူကြီးမင်းတို့ အနေဖြင့် ဘန်ကောက်မြို့အတွင်း လေဆိပ်အကြိုအပို့၊ ထိုင်းနိင်ငံအတွင်းလည်ပတ်ရန် ကားနှင့် ယာဉ်မောင်းငှါးရမ်းချင်တယ်ဆိုရင် ကျွန်မတို့ CONECT SOLUTIONS ကို
🤙Page Messenger
🤙Viber No. +95 9 421063924
🤙Line No. +66 065 515 0705 မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ရှင့်🙏🙏

#လေဆိပ်အကြိုအပို့ #ဘန်ကောက်

မိတ်ဆွေများခရီးစဥ်အောင်မြင်ပါစေရှင်! 🌏✈️

11/06/2024

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ Chatuchak weedend market မှာ မီးလောင်မှုကြောင့် သေဆုံးသွားသော တိလေးများ အားလုံး ကောင်းရာမွန်ရာ ရောက်ကြပါစေ

နောက်ဘဝတွေလဲ အဲ့လိုချုပ်နှောင်ခြင်းခံရသော ဘဝမျိုး ပြန်မရောက်ပါစေနဲ့ …

May all the departed souls find peace. 🙏

02/06/2024

ထိုင်းနိုင်ငံကိုလာရင် ဗီဇာလျှောက်စရာမလိုပဲ Visa on arrival (ဆိုက်ရောက်ဗီဇာ) ကို ယခင် (၁၄)ရက် ကနေ ရက်(၆၀) နှင့် ရက် (၉၀) အထိ ထိုင်းအစိုးရကနေ နိုင်ငံအလိုက်အသီးသီးတိုးမြှင့်ပေးလိုက်ပါပြီ..

အောက်က ပုံလေးကတော့ Visa on arrival (ဆိုက်ရောက်
ဗီဇာ) ကို ရက်တိုးမြှင့်ပေးလိုက်တဲ့ နိုင်ငံစာရင်းပါ.

🇲🇲ပုံလေးရဲ့ အောက်ဆုံးလေးမှာ တော့ Visa on arrival (ဆိုက်ရောက်ဗီဇာ) ကို ၁၄ ရက်ပဲ မပြောင်းမလဲ ဆက်လက်
ရရှိနေမယ့် ကျနော်တို့ရဲ့ FA မြန်မာနိုင်ငံကြီးပဲဖြစ်ပါတယ် 😅😅

16/05/2024

🚗ဘန်ကောက်မြို့မှာ အေးဆေးငြိမ့်ငြိမ့်လေး ကိုယ်ပိုင်ကားလေးနဲ့ လည်သလို သွားချင်တယ်ဆိုရင်တော့ ကျနော်တို့ CONECT SOLUTIONS မှ ဝန်ဆောင်မှု ပေးရန် အသင့် ရှိပါတယ် ခင်ဗျ.

🚕ဘန်ကောက်မြို့တွင်း လူကြီးမင်းတို့ သွားချင်တဲ့နေ‌ရာတွေကို တစ်ရက်အသုံးပြုချိန် (၁၀) နာရီ မပြည့်မချင်း မြန်မာယာဥ်မောင်းနဲ့ စိတ်ကြိုက်လိုက်ပို့ပေးမှာမို့ သွားချင်တဲ့နေရာကို ဘာသာစကားအခက်အခဲမရှိပဲ သွားလာနိုင်ပါပဲ ဖြစ်ပါတယ်.

စျေနှုန်း - တစ်ရက် ဘတ် ၂၅၀၀ (ကားအသုံးပြုချိန် ၁၀ နာရီ)
ကားအမျိုးအစား - ၄‌ ယောက်စီးကား ( Sedan)

📍 အကယ်၍ အသုံးပြုချိန် (၁၀) နာရီ ထက်ကျော်လွန်သွားလျှင်တော့ ၁နာရီကို ဘတ် ၃၀၀ ကျသင့်မှာပဲဖြစ်ပါတယ် ခင်ဗျ.

ကျနော်တို့ CONECT SOlUTIONS မှ ရရှိသော အခြားဝန်ဆောင်မှုများ
➡️ လေဆိပ်ကြိုပို့ (ဒွန်မောင်း/သုဝဏ္ဏဘူမိလေဆိပ်)
➡️ဘန်ကောက် - ပတ္တရားကမ်းခြေ
➡️ဘန်ကောကက် - ဟွဟင်းကမ်းခြေ
➡️ဘန်ကောက် - ခေါင်ရိုင်မြို့
➡️ဘန်ကောက် - ကန်ချနဘူရီမြို့
➡️ဘန်ကောက် - အယုဒ္ဓယမြို့

အထက်ပါခရီးစဥ်တွေအတွက် ကိုယ်တိုင်မောင်း (သို့မဟုတ်) ယာဉ်မောင်းအပါ ကားများကို စိတ်ကြိုက်အလိုရှိသလို ငှားရမ်းနိုင်ပါတယ်ခင်ဗျ. 🙏

ဖုန်းနံပါတ် - +66 0655150705
Viber နံပါတ် - +95 9 421 063 924

#ဘန်ကောက် #လေဆိပ်ကြိုပို့

Photos from Conect Solutions's post 13/05/2024

ထိုင်းနိုင်ငံအတွင်း လည်ပတ်စရာနေရာလမ်းညွှန် (၁) - "Khao Yai (ခေါင်ရိုင်)"

ဒီနေ့ မင်မင်အနေနဲ့ မျှ‌‌‌ဝေပေးချင်တာနေရာလေးကတော့ တိုးရစ်တွေ မများသေးတဲ့ Thai Locals (ထိုင်းဒေသခံ) အများဆုံးလည်ပတ်ကြတဲ့ လျှိုဝှက်နေရာလေး " Khao Yai (ခေါင်ရိုင်) " ဆိုတဲ့ နေရာလေးပဲဖြစ်ပါတယ်

⛰ခေါင်ရိုင် (Khao Yai) ဆိုတာ စကားလေးရဲ့ အဓိပ္ပါယ်ကတော့ ကြီးမားတဲ့တောင်တန်းများ ( Big Mountains) ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်အောင် အဆိုပါဒေသဟာ ကြီးမားလှတဲ့ တောင်တန်းတွေဝန်းရံနေတာပဲ ဖြစ်ပါတယ်။ ခေါင်ရိုင် (Khao Yai) က ထိုင်းနိုင်ငံရဲ့ အလယ်ပိုင်းမှာ တည်ရှိပြီး ဘန်ကောက်ကနေဆို (၂ - ၃) နာရီလောက် ကားမောင်းသွားရတဲ့ နေရာလေးပဲံဖြစ်ပါတယ်.

⛰မင်မင် ထိုင်းနိုင်ငံအတွင်း သွားလည်ခဲ့တဲ့ နေရာတွေထဲမှာ အကြိုက်ဆုံးနေရာလေးလည်းဖြစ်ပါတယ်၊ တောင်တန်းတွေကြားထဲမှာ တစ်ယောက်ထဲအေးဆေးအနားယူ Chill ချင်လဲရသလို ကိုယ့်ချစ်သူလေးနဲ့ အမှတ်တရတွေ ကို ဖန်တီးလို့လည်းရပါတယ်.. မိသားစု (သို့) သူငယ်ချင်းတွေနဲ့ Camp လုပ်ပြီး Adventure ဆန်ချင်လဲရတဲ့ ဘာမဆို အဆင်ပြေတဲ့ နေရာလေးပါပဲ 💕💕
ပြီးတော့ အလှဓာတ်ပုံရိုက်ဖို့ Instagram places တွေ တော်တော်များတာပါ. ဘယ်နေရာကြည့် ဓာတ်ပုံရိုက်ချင်စရာနေရာတွေချည်းပါပဲ...ကော်ဖီဆိုင်တွေ ပန်းဥယျာဥ်တွေ အများကြီးရှိတာပါ 📸📸

🚗အထင်ကရလည်ပတ်စရာနေရာတွေကတော့

၁) Khao Yai National Park ( ခေါင်ရိုင် အမျိုးသားဥယျာဥ်)
၂) Ban Tha Chang Spring
၃) Hokkaido ပန်းခြံ
၄) Primo Piazza
၅) Caravans club at Khai Yai
၆) PB Valley Vineyard and Winery ဝိုင်ခြံ
၇) Pirom Cafeအစရှိသဖြင့် တခြား ကော်ဖီဆိုင်တွေ၊ ပန်းဥယျာဥ်တွေ အခြားအများကြီးရှိပါသေးတယ်

📌တစ်ခုရှိတာကတော့ နယ်မြို့လေး ဖြစ်တဲ့ အတွက် ညဘက်စားဖို့ ကြိုဝယ်ထားဖို့ပါပဲ၊ ညဘက် ၈ နာရီလောက်ဆို ဖွင့်တာ 7/11 ပဲရှိ ပါတယ်. ထို့အပြင် တစ်နေရာနဲ့ တစ်နေရာ က အနည်းငယ်ဝေးတော့ Public Transportation တို့မရှိတဲ့အတွက် ခေါက်ရိုင် (Khao Yai) မှာ ဆိုင်ကယ်အချိန်နဲ့ ငှားတာ ( သို့) ဘန်ကောက်မှာထဲက ကားငှားသွားတာ တို့ကပိုအဆင်ပြေပါတယ်။

မင်မင်တို့အနေ နဲ့ အကြံပြုချင်တာက အနားလည်းယူပြီး နေ‌ရာတွေလည်း စုံအောင်သွားချင်တယ် ဆိုရင်တော့ အနည်းဆုံး ၁ ညအိပ် ၂ ရက်ခရီး သွားတာ အကောင်းဆုံးပါပဲ၊

📌📌အောက်က ပုံတစ်ခုချင်းဆီအောက်မှာ နေရာ‌အကြောင်းလမ်း‌ညွှန်လေးတွေ အသေးစိတ်ရေးပေးထားပါတယ် ခင်ဗျ.. 📌📌

💌နောက်အပတ်လည်း နောက်ထပ်တစ်နေရာ တင်ပေးဦးမှာ ဖြစ်လို့ Page လေးကို follow and share လေးလုပ်ပေးခဲ့ဦးနော် 💌

☎️အကယ်၍ မင်မင် ရဲ့ CONECT SOLUTIONS မှ ကားအငှားဝန်ဆောင်မှုများ အသေးစိတ်သိချင်လိုလျှင်
🤙Page Messenger
🤙Viber No. +95 9 421063924
🤙Line No. +66 065 515 0705 မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ 🙏🙏

#ခေါင်ရိုင် #ဘန်ကောက် #ခရီးသွားလမ်းညွှန်

Photos from Conect Solutions's post 10/05/2024

လူကြီးမင်းတို့ ထိုင်းနိုင်ငံ ရောက်ရင် နေ့ချင်းပြန် ခရီးတိုလေးတွေ သွားချင်ပါသလား??

ကျနော်တို့ CONECT SOLUTIONS မှ လူကြီးမင်းတို့ အနေနဲ့ လည်ပတ်စရာ နေရာ တွေကို ရှာဖွေ စဥ်းစားမလိုအောင် ဘန်ကောက်မြို့ကနေ ဆို ကားနဲ့သွားရင် ၁ နာရီကျော်၊ ၂ နာရီကျော် လောက်ပဲ သွားရတဲ့ မြို့တွေဖြစ်တဲ့

🛖ထိုင်းနိုင်ငံရဲ့ မြို့တော်ဟောင်း အယုဒ္ဓယမြို့
🏖ပင်လယ်ကမ်းခြေရှိတဲ့ ပတ္တရားမြို့ မှာ လည်ပတ်စရာ အထင်ကရနေရာလေးတွေကို မျှဝေပေးလိုက်ပါတယ် ခင်ဗျ

📌လူကြီးမင်းတို့ ခရီးသွားဖို့ အတွက် ကားငှားလိုအပ်လျှင် လည်း ကျနော်တို့ CONECT SOLUTIONS မှ ဝန်ဆောင်ပေးပါတယ် ခင်ဗျ

🚗ဘန်ကောက် မှ အယုဒ္ဓယမြို့ နေ့ချင်းပြန် - ၃၅၀၀ ဘတ်
(သတ်မှတ်ထားသောခရီးစဥ်အချိန် 10 နာရီ)
🚗ဘန်ကောက် မှ ပတ္တရားမြို့ နေ့ချင်းပြန် - ၄၅၀၀ ဘတ်
(သတ်မှတ်ထားသောခရီးစဥ်အချိန် - 12 နာရီ)

⏰သတ်မှတ်ထားသောအချိန်ထပ်ကျော်လွန်ခဲ့လျှင် 1 နာရီကို 300 ဘတ်နှုန်းကျသင့်မှာဖြစ်ပါတယ် ခင်ဗျ.

ကားအမျိုးအစား - ၄ ယောက်စီး ( sedan အမျိုးအစား )

⭐️အထက်ပါ ‌စျေးနှုန်းများမှာ ကားဆီ၊ လမ်းကြေး၊ ယာဥ်မောင်း အပါအပြီး ဖြစ်ပါတယ် ခင်ဗျ

အဆိုပါမြို့တွေမှာ လည်ပတ်ချင်တဲ့နေရာတွေကိုတော့ လူကြီးမင်းတို့ အနေနဲ့ စိတ်ကြိုက် ရွေးချယ်သွားလာနိုင်ပါတယ် ခင်ဗျ

☎️အသေးစိတ်မေးမြန်းလိုပါက ဆက်သွယ်ရန်
ထိုင်းဖုန်းနံပါတ် - + 66 065 515 0705
Viber နံပါတ် - +95 9 421063924

04/05/2024

ရွှေမြန်မာတို့ရေ မဂ်လာပါခင်ဗျ 🙏🙏

မိမိကိုယ်တိုင်အတွက်ဖြစ်စေအတွက်၊ မိမိရဲ့ သားသမီး / ဆွေမျိုးတို့အတွက်ဖြစ်စေ ထိုင်းနိုင်ငံရောက်တာနဲ့
🔑လေဆိပ်မှာ ဟိုတယ်သွားဖို့ ကားငှားဖို့အတွက်စိတ်ပူနေရပါသလား?
🔑လေဆိပ်က ထွက်တာနဲ့ တခြားမြို့ လိုရာခရီး ကို တန်းသွားချင်ပါသလား?
🔑ဘန်ကောက်မြို့ ကနေ တစ််နေရာရာကို အလုပ်ကိစ္စ (သို့) အ‌ပျော် ခရီးသွားဖို့ ကားရှာနေပါသလား?

🚗ဒီလို စိတ်ပူပန်နေရတာတွေကို ကျွန်တော်တို့ CONECT SOLUTIONS မှတာဝန်ယူဖြေရှင်းပေးပါရစေ

🚗connect solutions မှ စိတ်ချရတဲ့ မြန်မာယာဉ်မောင်းများကိုယ်တိုင် ဧည့်သည်တော်အလိုရှိရာခရီးကို လိုက်ပို့‌‌‌‌‌‌ပေးမှာ ဖြစ်ပါတယ်

🚗ထို့အပြင် ထိုင်းနိုင်ငံ visa အကြောင်း သွားလာရေးအကြောင်း နေရာထိုင်ခင်းအကြောင်း အစရှိသည်များကို ဧည်သည်တော် တို့သိချင်တယ်ဆိုရင် CONECT SOLUTIONS မှတစ်ဆင့် အကြံပြုချက်များ ရယူနိုင်ပါတယ်

📋အောက်ပါစျေးနှုန်းများမှာ ၄ယောက်စီး (Sedan) ကားအမျိုးအစားနှင့် ခရီးစဥ်အသွားတစ်ကြောင်းစာ အတွက်ဖြစ်ပါတယ်ခင်ဗျ..
📋လမ်းကြေး / ဆီဖိုး / ယာဉ်မောင်း ပါဝင်ပြီးဖြစ်ပါတယ်ခင်ဗျ
📋ခရီးစဥ်််အသွားအပြန်အတွက် ငှားရမ်းချင်လည်း ရပါတယ်ခင်ဗျ.

📍အကယ်၍ လူကြီးမင်းတို့ အနေဖြင့် ဘန်ကောက်မြို့အတွင်း လည်ပတ်ရန် ကားနှင့် ယာဉ်မောင်းသီးသန့် ငှါးရမ်းချင်တယ် ဆိုရင် တော့ တစ်ရက် (၁၀နာရီ) ကို ဘတ် ၁၅၀၀ နှင့် ငှါးရမ်းလို့ရပါတယ် ခင်ဗျ.

ကျွန်တော်တို့ CONECT SOLUTIONS မှ ဝန်ဆောင်မှုများ အသေးစိတ်သိချင်လိုလျှင်
🤙Page Messenger
🤙Viber No. +95 9 421063924
🤙Line No. +66 065 515 0705 မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ 🙏🙏

#လေဆိပ်အကြိုအပို့ #ဘန်ကောက်

Conect Solutions 29/04/2024

ထိုင်းနိုင်ငံ မှာ ကားဝယ်‌မယ်ဆိုရင် ဘာတွေလိုအပ်မလဲ!! 🚗

အောက်ပါ စာရွက်စာတမ်းတွေ ဝယ်သူဘက်က လိုအပ်ပါတယ်
1. Passport
2. Non-immigrant visa (long term visa) : Non-B visa + work permit or student visa or etc.....
3. certificate of residence: From the Immigration Bureau
4. Thai Driving License

📍 အဓိကအားဖြင့် ကားဝယ်တော့ မယ်ဆိုရင် အဓိကအားဖြင့် ထိုင်းယာဥ်မောင်းလိုင်စင် နှင့် long term visa တစ်ခုခု ရှိဖို့ လိုအပ်ပါတယ်။

📍 နေထိုင်ကြောင်းထောက်ခံစာ ( certificate of residence) ကတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး (Thai immigration Bureau - Government Complex) မှာ passport, visa copy, 2 photo, TM-30, အိမ်ငှားစာချုပ်ရ် ကားဝယ်ဖို့ပြောပြီး လျှောက်လို့ရပါတယ်. လျှောက်ပြီးရင် Thai immigration Bureau ဘက်မှ (၁၀) ရက် သို့မဟုတ် (၁၅) ရက်အတွင်း နေထိုင်ကြောင်းထောက်ခံစာ ( certificate of residence) ကို စာတိုက်ကနေနေထိုင်ရာအိမ်ကို ပြန်ပို့ပေးပါတယ်

📍 အထက်ပါ အချက်အလက်များစုံလင်ပြီဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာ car showroom သို့မဟုတ် used car showroom တွေမှာ ဝယ်လို့ရပါတယ်။ များသောအားဖြင့် ကားအ‌ရာင်းစင်တာတွေက ဝယ်ယူသူဘက်မှ စာရွက်စာတမ်းစုံရင် ပိုင်ရှင်လွှဲပြောင်းတာကို အကုန်အကျခံတာဝန်ယူလုပ်ပေးပါတယ်.

📍 ထို့အပြင် ကားတန်ဖိုးရဲ့ တစ်စိတ်တစ်ပိုင်းကို ချန်ထားပြီး ကားပိုင်ဆိုင်မှုစာအုပ် (car ownership book) မှာ ကိုယ့်နာမည်ပြောင်းပြီးမှ ကျန်ငွေကို ပေးချေလို့ရပါတယ်.

📍 ကားအ‌ရောင်းစင်တာတွေက များသောအားဖြင့် ၆ လ သို့မဟုတ် ကီလိုမီတာ ၃၀၀၀၀ ထိ အင်ဂျင်နဲ့ ဂီယာ ကို အာမခံပေးပါတယ် သို့ပမယ့် အာမခံတဲ့အချိန်ကတော့ ကားအရောင်းစင်တာအလိုက် ကွဲပြားမှု ရှိနိုင်ပါတယ်။

📍 ထိုင်းမှာ ကားလိုင်စင်အခွန်ဆောင်တာက တစ်နှစ်တစ်ခါ ဝင်ရတာဖြစ်ပြီး ကားသက်တမ်း ၇ နှစ်အထက်ဆိုရင် အသိအမှတ်ပြုထားတဲ့ကားဝပ်လျော့ (car inspection stations ) မှာ စစ်ဆေးထားတဲ့ ကားစစ်ဆေးပြီးလက်မှတ် (Vehicle Inspection Certificate) ပါရမှာဖြစ်ပြီး ၇ နှစ်နှင့်အောက် ဆိုရင်တော့ ကားအာမခံပဲ ဝယ်ပြီး Department of Land Transportမှာ တန်းလိုင်စင်ဝင်အခွန်ဆောင်လို့ရပါတယ်.

📍 ဘယ်အချိန်လိုင်စင်ဝင်ရမလဲဆိုတာကတော့ ကားမှန်မှာကပ်ထားတဲ့ car registration sticker ပန်းရောင်လေးမှာ ကြည့်လို့ရပါတယ်.

📍 ဒီအကြောင်းအရာတွေကတော့ မင်မင်တို့ ကားဝယ်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းစဥ်လေး တွေကို ပြန်လည်မျှဝေ ခြင်းဖြစ်ပါတယ်. လိုအပ်သည်များရှိရင် တတ်သိနားလည်သူများအနေဖြင့် comment မှာ ဖြည့်စွက်‌ရေးသားပေးလို့ရပါတယ်ခင်ဗျ ✌️✌️

📍 အခုလိုမျိုး ထိုင်းနိုင်ငံနဲ့ပက်သက်တဲ့ ဗဟုသုတတွေ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ page လေး follow လုပ်ပေးကြပါဦးနော်..🥰🥰

Conect Solutions

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง สำนักงานตัวแทนจัดการท่องเที่ยว ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

Let’s go with CONECT..  #khaoyai #advanture #travelphotography #thailand #carrentalservice

เบอร์โทรศัพท์

ที่อยู่

Bangkok

บริษัทท่องเที่ยว อื่นๆใน Bangkok (แสดงผลทั้งหมด)
Photography School Asia Photography School Asia
Charoen Krung Road
Bangkok

PHOTOGRAPHY SCHOOL ASIA offers you Courses, Classes, Tours and photography workshops in Bangkok, Tha

TREND TOUR Thailand TREND TOUR Thailand
Bangkok

LOVE THAILAND

J and W service Visa Consultant in Thailand J and W service Visa Consultant in Thailand
Bangkok, 10560

ให้คำปรึกษาและรับทำวีซ่าไปต่างประเทศทั่วโลก ปรึกษาก่อนได้ 064-5199791 ( นินา )

Mossa Passo Model Massage Mossa Passo Model Massage
Rachada-Thapra 7/1
Bangkok, 10600

ติดต่อสมัครงาน Tel & WhatsApp.084-5876-777 Line: mossapasso | | รา

World Surprise Travel World Surprise Travel
91/1 Soi Anumanratchathon, Decho Road, Suriyawongse, Bangrak
Bangkok, 10500

"Our world is still full of Surprises. Let's travel!" Tel : 0-2634-8877 บริการท่องเที่ยวต่างประเทศ

TM THAI MARKETING TM THAI MARKETING
Zummart Lounge 597 Floor 3, Sukhumvit 33/1, Klongtoey-Nua, Wattana
Bangkok, 10110

Pilgrimage Village Resort Hue, Vedana Lagoon Resort Danang & Mikazuki Hotel Thailand Representative.

Blue Smile Travel Blue Smile Travel
392/10 Soi Penpat1 , Mahalard Road, Phraborommaharatchawang, Phranakorn
Bangkok, 10200

Airlines, trains, cruise and other transportation and accommodation booking services. Private and group tours in Thai, Eng, French and Spanish available. Free quotes to all inqu...

Self Drive New Zealand Self Drive New Zealand
Bangkok

หาข้อมูลและแบ่งปันประสบการณ์การขั?

Francesco's Francesco's
Bangkok, 10260

Let's make your dream holiday a reality

True World Travel Page2 True World Travel Page2
193 Kori Building 4th Floor Zone A, Chareonkrung 69, Yannawa, Sathorn
Bangkok, 10120

แทนเพจ True World Travel 📍ใบอนุญาตประกอบธุรกิจนำเที่ยวเลขที่ 11/10378