Sunshine book store online စာအုပ်အရောင်းဆိုင်

✅1ရက်2ရက်အတွင်းအမြန်ပို့ဆောင်ပေးသည်။ 🇹🇭ထိုင်းနိုင်ငံနေရာအနှံ့သို့အိမ်ရာရောက်ပို့ပေးသည်။🚛

26/09/2024

📚 ပင်လယ်ပြာနဲ့ တံငါအို
✍️ မောင်ဆုရှင်

ဒီစာအုပ်လေးကတော့
အမေရိကန်စာရေးဆရာကြီး
Ernest Hemingway(အားနက်စ် ဟဲမင်းဝေး)
ရေးသားထားတဲ့ "The. Old. Man. and. the. Sea"
ဆိုတဲ့ စာအုပ်လေးကို ဆရာမောင်ဆုရှင်က ဘာသာပြန်ထားတာပဲဖြစ်ပါတယ်။မူရင်းစာ​ရေးဆရာ
ဟဲမင်းဝေးရဲ့နောက်ဆုံးရေးသားခဲ့တဲ့ဝတ္ထုလည်းဖြစ်ပါတယ်။ဟဲမင်းဝေးဟာကလေးဘဝကတည်းက ငါးဖမ်းခြင်းနှင့်အမဲပစ်ခြင်းကိုအလွန်အာရုံစိုက်တဲ့သူလည်းဖြစ်ခဲ့တယ်တဲ့။အဲဒါကြောင့်လည်းဒီဝတ္ထုထဲမှာ ငါးဖမ်းတာကိုစာဖတ်သူမျက်လုံးထဲ ရှင်းရှင်းလင်းလင်းမြင်သာအောင်ရေးထားတာကိုလည်းတွေ့ရမှာပါ။

ဒီစာအုပ်ဟာဆိုရင် တံငါသည် အဘိုးအိုတစ်ယောက်ဟာ ငါးဖမ်းတဲ့ ဇာတ်ကွက်တစ်ကွက်ထဲကိုပဲအသားပေးရေးထားတာပါ။သူဟာဆိုရင်
ရက်ပေါင်း(၈၄) ရက် ငါးဖမ်းထွက်ခဲ့တာတောင်
ငါးတစ်ကောင်မျှ မရခဲ့ပါဘူး။လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတယ်ဆိုတဲ့အတိုင်း အဘိုးအိုဟာလည်း ငါးရကို ရ ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို
ဆုပ်ကိုင်ထားတယ်။ဒီလိုနဲ့တစ်နေ့မှာ သူ့လှေထက်တောင်နှစ်ပေပိုရှည်တဲ့ ငါးကြီးတစ်ကောင်ဟာ
သူ့ငါးမျှားချိတ်ကို လာဟပ်ပါတော့တယ်။
ပင်လယ်ပြင်ကျယ်ကြီးထဲမှာ နှစ်ဦးနှစ်ဖက်ဘယ်သူ့အကူအညီမှမပါဘဲ ငါးကြီီးနဲ အဘိုးအိုတို့ရဲ့
အားပြိုင်မှုကို တွေ့ရပါတယ်။တစ်ရက်နဲ့တစ်ညကြာအပြီးမှာတော့ အဘိုးအိုဟာ ငါးကြီးကို ဖမ်းမိနိုင်ခဲ့ပါတယ်။သူ့လှေကလေးက သေးနေတော့ ငါးကြီးကိုသူ့လှေဘေးမှာ ကပ်ချည်ပြီး ဖမ်းလာခဲ့ရတယ်။

ဒီငါးကြီးကို ဖမ်းတဲ့နေရာမှာလည်း သူ့ဟာသူ
လွယ်လွယ်ကူကူ ရခဲ့တာမဟုတ်ပါဘူး။သူ့လက်တွေစုတ်ပြတ် ကျောတွေအလွန်အမင်းနာ တစ်ခါတစ်ရံမှာ မူးဝေသွားတဲ့အထိ သူဟာ အလျော့မပေးဘဲ
ဇွဲကြီးစွာနဲ့ လုပ်ဆောင်ခဲ့တာပါ။အဘိုးအိုဟာ
ငါးကြီးကို မိလာခြင်းဟာ ဟုတ်မှဟုတ်ပါလေစလို့
သဲကွဲဖို့ သူ့မျက်လုံးကို ငါးကြီးဆီမှာပဲ အာရုံစိုက်ထားလိုက်ပါတယ်။

ဒီလိုနဲ့ ငါးကြီးရဲ့ သွေးတွေကို အနံ့ခံပြီး ငါးမန်းတွေဟာ ငါးကြီးကိုစားဖို့ လိုက်လာကြပါတယ်။ငါးမန်းတွေနဲ့ တိုက်ခိုက်ရင်း အဘိုးအိုဟာ သူ့ရဲ့ မှိန်း၊ဓား
စတဲ့လက်နက်တွေဟာဘာမှမကျန်ဘဲဖြစ်သွားတယ်

' #လူဆိုတာအရှုံးပေးဖို့လူဖြစ်လာတာမှမဟုတ်ပဲ၊
လူတစ်ယောက်ဟာ အသက်သေချင်သာသေသွားရမယ်၊အရှုံးမပေးရဘူး' ဆိုတဲ့ အဘိုးအိုရဲ့
ပြောစကားအတိုင်း. ဘယ်လို အခက်အခဲတွေနဲ့
ရင်ဆိုင်ရပါစေ အရှုံးမပေးဘဲ ဇွဲနပဲကြီးစွာ
ရင်ဆိုင်သွားတဲ့ အဘိုးအိုကို တွေ့ရမှာပါ။

လူရယ်လို့ ဖြစ်လာတာနဲ့အမျှ မျှော်လင့်ချက်ကို
ဘယ်တော့မှ အားမလျှော့ဘဲ ဘယ်လောက်ပဲ
ခက်ခဲနေပါစေ ​ အနိုင်မခံ အရှုံးမပေးဘဲ
ရင်ဆိုင်သွားပုံ၊ အဘိုးအိုဟာ အသက်ပင်ကြီးသော်ငြားလည်း လုံ့လမလျှော့ဘဲ ဇွဲကြီးစွာ
လုပ်ဆောင်နိုင်ခဲ့ပုံ၊ အလွန်ကြီးမားတဲ့ ငါးကြီးကို
ဖမ်းမိပြီး..နောက်ဆက်တွဲ ရင်ဆိုင်ခဲ့ရတဲ့
အခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမှာလဲ။
သူ့ရဲ့ အိမ်အပြန် ခရီးမှာရော ငါးကြီးဟာ
သူနဲ့အတူ ပါလာပါ့မလား..........

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#မောင်ဆုရှင်
#ပင်လယ်ပြာနဲ့တံငါအို

26/09/2024

အမေရိကန် တိုင်း မဂ္ဂဇင်းက ရွေးချယ်ခဲ့သည့် ၂၀ ရာစု
အကောင်းဆုံး စာအုပ် ၁၀၀ ထဲက တစ်အုပ်။

- သည်စာအုပ်ဟာ ကျွန်တော် ထင်သလို လမ်းသရဲ
အကြောင်း ရေးထားတာ မဟုတ်ဘူး။ နယူးရော့ မြေအောက် လောက အကြောင်းကို ရေးထားတာလည်း မဟုတ်ဘူး။ စာမေးပွဲ ကျလို့ ကျောင်းထုတ်ခံရတဲ့ အတွက် အိမ်ကို မပြန်ရဲတဲ့ ကျောင်းသားလေး တယောက် အကြောင်း ရေးထားတာကို သွားတွေ့ရတယ်။ အိမ်မပြန်ရဲတော့ နယူးရော့ မြို့ကြီးထဲ ပါလာတဲ့ ပိုက်ဆံလေး
ကုန်အောင် လျှောက်သွား၊ ပြီးတော့ အိမ်ပြေး လုပ်မယ်လို့ စိတ်ကူးနေတဲ့ လူငယ်လေး တယောက်။

ဒါပေမဲ့ လမ်းသရဲလည်း မဟုတ်၊ အိမ်ပြေးလည်း မဟုတ်၊
လောကကြီးကို မကျေနပ်နေတဲ့ ကောင်လေး တယောက်။
သူ မကျေနပ်နေပုံဟာ ကျွန်တော်တို့ ငယ်ငယ်တုန်းက
လောကကြီးနှင့် ပတ်ဝန်းကျင်ကို မကျေနပ်ပုံနှင့် သွားတူနေတယ်။ ခုခေတ် လူငယ်တွေ ပတ်ဝန်းကျင်နှင့် လောကကြီးကို မကျေနပ်ပုံနှင့် သွားတူနေတယ်။ နောင်လည်း အဲဒီ အရွယ်မှာ ရှိနေတဲ့ လူငယ်ကလေးတွေရဲ့ မကျေနပ်ပုံမျိုးနှင့် သွားတူနေတယ်။ နောက်တော့ အိမ်က မပြေးဖြစ်တော့ဘဲ လောကကို သူ သဘောပေါက်သွားတယ်။ ပတ်ဝန်းကျင်နှင့် လိုက်လျောအောင် သူ နေတတ်သွားတယ်။

လူငယ် တယောက်ရဲ့ ခံစားမှု
လူငယ် တယောက်ရဲ့ ပေါက်ကွဲမှု
လူငယ် တယောက်ရဲ့ မကျေနပ်မှု
လူငယ် တယောက်ရဲ့ ဘဝင်မြင့်မှု
လူငယ် တယောက်ရဲ့ ဘဝ အမြင် ပြောင်းမှု
ဒါတွေ အားလုံးကို တွေ့နိုင်တယ်။
ကျွန်တော် အဲဒီ ဝတ္ထုကို ကြိုက်သွားတယ်။
ကျွန်တော်တို့ လူငယ်တွေ ဖတ်စေချင်လာတယ်။

( ဆရာ မြသန်းတင့် အမှာစာမှ )

👉 ာအုပ်အရောင်းဆိုင် မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#လေလွင့်သူ
#မြသန်းတင့်

26/09/2024

နာကျင်ရလေလေ ပိုစွဲလမ်းလေလေဆိုသလိုပေါ့ ။

အရက်တစ်ခွက်လောက်တောင်မှမချိုတဲ့အချစ်
ဆေးလိပ်တစ်လိပ်စာလောက်တောင်ခံစားလို့မကောင်းအချစ် ဒါကိုမှ ရူးရူးမိုက်မိုက်ကျွန်မက ကိုးကွယ်ခဲ့သတဲ့လေ ။ ကျွန်မဘဝမှာ ပတ်သတ်ခဲ့ဖူးတဲ့ယောကျာ်းခုနှစ်ယောက်ရှိတယ် ။ ကျွန်မအတွက်လိုအပ်တဲ့သူတွေရော ကျွန်မကိုလိုအပ်တဲ့သူတွေရောပေါ့ ။ ဒါပေမဲ့ကျွန်မအားလုံးနဲ့လွဲခဲ့တယ် ။
ဒါဟာ ကံပါသလောက်ဆိုရင် အဲ့ဒီကံတွေကိုကျွန်မဆွဲဆန့်ချင်တယ် ချစ်တဲ့သူတွေနဲ့ပျော်ပျော်ပါးပါးကြီး ကျွန်မ အိုမင်းသွားချင်တယ် ။ ဘယ်သူ့ဘယ်သူကိုမှ မထားခဲ့ပဲနဲ့ပေါ့ ။ နာကျင်ရမှာကြောက်လို့ဖက်
တွယ်မိလေလေ ဖက်တွယ်နေလို့ကို နာကျင်ရလေလေ ။အဲ့ဒီနာကျင်ရတာလေးကို သိပ်ကောင်းတဲ့ အရသာ လေးလို့ထင်မိလာလေလေ ကျွန်မဘဝဟာ ဒါဏ်ရာဒါဏ်ချက်တွေ များလာလေလေပါပဲ ။

နောက်ဆုံးတော့
ချန်ခဲ့တဲ့သူတွေဟာလည်းမျက်ရည်နဲ့မျက်ခွက် ။
ကျန်ခဲ့တဲ့သူတွေကလည်းမျက်ရည်နဲ့မျက်ခွက် ။

ဒီလိုနဲ့ပဲ ကျွန်မလက်ခံလိုက်ပါတယ်
သူမချစ်တာတွေရော
ကိုယ်မချစ်ခဲ့တာတွေကိုရောပေါ့ …..

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#မယ်ညို
#သူမနှင့်အချစ်ဆိုသောအရာများ

25/09/2024

မောင့်နွေဦး တဲ့...။

စာအုပ်နာမည်လေးနဲ့ စာအုပ်မျက်နှာဖုံးလေးလှသလို အတွင်းစာတွေကလည်း စာဖတ်သူတို့ကို အေးချမ်းမှုလေးပေးမယ် ကြည်နူးမှုတွေခံစားရမယ်လို့ ထင်ရင်တော့ စာဖတ်သူတို့ အထင်လွဲမှားနေပါပြီ...။

ဒီစာအုပ်လေးဟာ ဆရာမ မယ်ညို ရဲ့ သုံးအုပ်မြောက် စာအုပ်လေး...။ဒီစာအုပ်လေးမှာလည်း
မယ်ညို ဟာ မယ်ညို ဖြစ်နေစဲပါပဲ....။

ကာရန်ဦး ဆိုတဲ့နွေဦးခင် ရဲ့အချစ်ဦးရယ်...။
ဘုန်းသိုက်ဆိုတဲ့ နွေဦးခင်ရဲ့ ဘဝလက်တွဲဖော်ရယ်...။
ထင်မှတ်မထားတဲ့အပြောင်းအလဲတွေရယ်...။
ထင်မှတ်မထားတဲ့အခြေအနေတွေရယ်...။

နွေဦးခင် ဆိုတဲ့ အမျိုးသမီးလေးရဲ့ အချစ်နဲ့ဘဝ ကိုသေချာ ရေးပြထားပြီး ခံစားရတဲ့ ဝေဒနာတွေ ..နာကျင်မှုတွေနဲ့ ဇာတ်ကောင်တွေကို ရုပ်လုံးကြွလာအောင် ဖန်တီးထားပါတယ်...။

ဒီစာအုပ်လေးကို ဖတ်ပြီးသွားတဲ့အခါ
"ချစ်၍လည်းမစွဲနဲ့...မုန်း၍လည်း မစွဲနဲ့" ဆိုတဲ့
မြတ်ဗုဒ္ဓရဲ့ ဩဝါဒအတိုင်း
အတိတ်ဟာအတိတ်ပဲဖြစ်ကြောင်း...
အတိတ်ကိုအတိတ်မှာထားခဲ့သင့်ကြောင်း..
ပစ္စုပ္ပာန်မှာသာ ရှင်သန်နေထိုင်သင့်ကြောင်း စတဲ့အတွေးတွေအသိတွေကိုရမှာအသေအချာပါ...။


#မောင့်နွေဦး
#မယ်ညို

25/09/2024

မင်းကို မေ့သွားပြီလို့
ငါတခြားတစ်ယောက်ကို ပြောပြတော့
သူက ငါ့မျက်လုံးတွေကို ကြည့်ပြီး ရယ်နေလေရဲ့...

လူတစ်ယောက်ကို သတိရတယ်ဆိုတာ
သူ့အကြည့်၊သူ့အပြုံးတွေကို
နေရာတကာ မြင်နေမိတာမျိုးလား

ဒါမှမဟုတ်
ညတွေမှာ သူ့နာမည်ကို သွေးရူးသွေးတမ်း
အော်ခေါ်နေမိတာမျိုးလား

တောင်းပန်ပါတယ်
ရူးကြောင်ကြောင် သတိရခြင်းတွေက လွဲရင်
ငါ မင်းကို ထိခိုက်စေလိုစိတ် မြူမှုန်မျှ
မရှိခဲ့ပါဘူးကွယ်.......

ပျော်နေပေးပါ ကလေးရေ....
ပျော်နေပေးပါ...
ကိုယ်တို့ဝေးသွားရတာ တန်အောင်လို့လေ
မင်းပျော်နေပေးပါ......


#ချစ်မိသူသာလျှင်
#မယ်ညို

Photos from Sunshine book store online စာအုပ်အရောင်းဆိုင်'s post 25/09/2024

🇹🇭 ထိုင်းနိုင်ငံအတွင်းက 🇯🇵 ဂျပန်စာလေ့လာနေတဲ့ စာချစ်သူတွေအတွက် LMB ,N5 , N4 , N3 စာအုပ်လေးတွေ ရောက်လာပါပြီးနော်😊🥰

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှာစာအုပ်များ မှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/





ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

Photos from Sunshine book store online စာအုပ်အရောင်းဆိုင်'s post 25/09/2024

ထိုင်းနိုင်ငံအတွင်းက ကိုရီးယားစာလေ့လာနေတဲ့ စာချစ်သူတွေအတွက် ဆရာမချမ်းမြမြသော်နဲ့ ဆရာမဒေါ်လဲ့ရည်ထွဏ်းရဲ့ စာအုပ်လေးတွေ ရောက်လာပါပြီးနော်😊🥰

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ မှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/

#ကိုရီးယားစာအုပ်
#ဆရာမချမ်းမြမြသော်
#ဒေါ်လဲ့ရည်ထွဏ်း

ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

25/09/2024

✨ခွင့်လွှတ်ခြင်းသာ စိတ်ကျန်းမာ၏

• " ခွင့်လွှတ်ခြင်း " ဆိုတဲ့ လှပတဲ့စိတ်ထားလေးက လူသားတွေအတွက် စိတ်ကျန်းမာရေး ပိုကောင်းလာအောင် အထောက်အကူပေးပါတယ်။ စိတ်ကျန်းမာရေးကောင်းတဲ့အတွက် ရုပ်ကျန်းမာရေးလည်း ကောင်းစေပါတယ်။ ခွင့်လွှတ်တတ်သူမို့ လူအများအလယ်မှာ လူချစ် လူခင်ပေါ်များတဲ့ တုံ့ပြန်မှုရလဒ်ကတော့ စိတ်ကျန်းမာခြင်း ၊ ကိုယ်ကျန်းမာခြင်း ၊ လူမှုဆက်ဆံရေးကောင်းခြင်း ၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ထိန်းချုပ်နိုင်တဲ့စွမ်းရည် (EQ) မြင့်ခြင်းဆိုတဲ့ ကောင်းကျိုးတွေကို ရရှိလာနိုင်ပါတယ်။ အဲဒီကောင်းကျိုးတွေကြောင့်ပဲ လူမှုပတ်ဝန်းကျင်မှာ ပျော်ရွှင်အောင်မြင်တဲ့ ဘဝတွေကို ရရှိလာနိုင်ပါတယ်။

• " ခွင့်လွှတ်ခြင်း (Forgiveness) ဆိုတာ နာကြည်းစိတ် ၊ မကျေနပ်စိတ် ၊ ရန်ငြိုးထားတဲ့စိတ် စတဲ့ မကောင်းတဲ့ စိတ်သဘောထားတွေ ၊ ရန်လိုတဲ့ အပြုအမူတွေကို ရပ်ဆိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုရန်ပြုသူနဲ့ မထိုက်တန်တဲ့ မေတ္တာ ၊ စေတနာတွေကို သူ့အပေါ်မှာ ထားနိုင်တဲ့စိတ်မွေးတာပါ " လို့ စိတ်ပညာရှင် Robert Enright က အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတဲ့ စိတ်ထားလေးကို တခြားသူကိုပေးဖို့ မလွယ်ကူလှလို့ ကြိုးစားလေ့ကျင့်ယူကြဖို့လိုပါတယ်။ ခွင့်လွှတ်ခြင်းကြောင့်ရလာတဲ့ ကောင်းကျိုးတွေက အများကြီးမို့ ကိုယ့်စိတ်လေးကို ထိန်းချုပ်လေ့ကျင့်နိုင်အောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။

◼ ဒီစာအုပ်လေးထဲမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ မြှင့်တင်ပေးခြင်းဆိုင်ရာအကြောင်းအရာများ ပါ၀င်ပြီး။ လူငယ်ထုနှင့်ပတ်သက်လို့ လူမှုပြဿနာလျော့နည်းစေရေး ၊ လူငယ်တို့ရဲ့ ဆိုးသွမ်းမှုနှင့် မိသားစုဆက်နွှယ်မှု ၊ သိစိတ်အားနည်းမှုတို့ကို ဆွေးနွေးရေးသားထားပါတယ်။

◼ဒါ့အပြင် ဆီးချိုရောဂါနဲ့ စိတ်ကျခြင်းဆိုင်ရာ ဆက်စပ်မှု မိမိစိတ်ကို ထိန်းချုပ်ခြင်းနှင့် စိတ်ကျန်းမာရေးကောင်းမွန်စေရန် သတိပဋ္ဌာန်အကြောင်း ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ၊ပူဆွေးသောကကို စီမံကိုင်တွယ်ခြင်းဆိုင်ရာ ဗုဒ္ဓစိတ်ပညာ အကြောင်းအရာများ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် မိဘအုပ်ထိန်းသူတို့ သတိပြုရန် ဆွေးနွေးမှုများ ပါ၀င်ပါတယ်။

◼ ဆရာမ မြမြဆွေ(စိတ်ပညာ)ရဲ့ စိတ်ပညာအသိ ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထားတဲ့ ဒီစာအုပ်လေးဟာ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အစားမရွေးဖတ်သင့်တဲ့စာအုပ်​လေးဖြစ်ပါတယ်ခင်ဗျာ။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/

#မြင့်မြင့်​ဆွေ
#မိမိစိတ်ကိုထိန်းချုပ်ခြင်းဆိုင်ရာအနုပညာ

ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

24/09/2024

📖 အကြာဆုံးစစ်ပွဲ မြန်မာပြည် (၁၉၄၁ - ၁၉၄၅)
✍️ မြသန်းတင့်

🌿ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်
မြင်ကွင်းကျယ် စစ်သမိုင်းကျမ်းကြီး။ သမိုင်းကျမ်းဟု ဆိုငြား ရသမြောက်ဝတ္ထုတပုဒ်နှယ် စွဲမက်ဖွယ် တင်ပြချက်။

🌿မူရင်းစာရေးသူ လူဝီအယ်လင်က စစ်ဆိုတာ ဘယ်လိုရှိတယ်လို့ ပြောချင်တာကြောင့်
ရေးရပါတယ်လို့ ဆိုထားတဲ့ စာအုပ်။

🌿ဆရာမြသန်းတင့်က သူ ဖတ်ဖူးသမျှ မြန်မာပြည်
စစ်ပွဲအကြောင်းရေးတဲ့ စာအုပ်တွေထဲမှာ
ဒီစာအုပ်က အစုံလင်ဆုံးပဲလို့ ညွှန်းထားတဲ့ စာအုပ်။

🌿 ၄ နှစ်မျှသာ ကြာသော မြန်မာပြည်တိုက်ပွဲသည်
ဘာကြောင့် အင်္ဂလိပ်တို့အတွက် အကြာဆုံးစစ်ပွဲဟု
ဆိုရပါသလဲ။

🌿ဂျပန်တို့ကရော သူတို့အတွက် အပျော်ဆုံးစစ်မြေပြင်က ဂျာဗားကျွန်းဖြစ်ပြီး၊ အဆိုးဆုံးစစ်မြေပြင်က မြန်မာပြည် ဖြစ်ပါသည်ဟု
ဘာကြောင့် ပြောရသလဲ။

🌿ထိုအကြောင်းကို ဘက်စုံထောင့်စုံ ရှုထောင့်စုံကနေ
အသေးစိတ် ရေးပြထားတဲ့ စာအုပ်။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/

#မြသန်းတင့်
#အကြာဆုံးစစ်ပွဲ

ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

24/09/2024

မြန်မာဝတ္ထုရှည်ကြီးများရဲ့သမိုင်းမှာ အစောဆုံးလို့ဆိုရမယ့် ဝတ္ထုရှည်ကြီးဖြစ်ပြီး ၁၉၅၈ ခုနှစ် စာပေဗိမာန်ဝတ္ထုရှည်ဆု ရရှိခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။

ဆရာသိန်းဖေမြင့်ဟာ ဒီဝတ္ထုကြီးကို လေးနှစ်ကျော်ရေးသားခဲ့ခြင်း ဖြစ်ပြီးခေါင်းစဉ်ကိုတော့ 'အရှေ့ကနေဝန်းထွက်သည့်ပမာ တို့ခေတ်ကိုတော့ရောက်ရမည်မှာ မလွဲပါ' ဟူသော တို့ဗမာသီချင်းမှ စာသားကိုယူ၍ အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဝတ္ထုရဲ့နောက်ခံမှာ ၁၉၃၄ မှ ၁၉၄၂ ခုနှစ်အထိ လွတ်လပ်ရေးအရေးတော်ပုံသမိုင်းကို ဖော်ကျူးထားပါတယ်။ အလွှာအသီးသီးမှ ဇာတ်ကောင်များဖြစ်တဲ့ ကမာရွတ်က ဘူးသီးကြော်သည်မကြီးအကြေင်း၊ မဂိုလမ်းက ကုန်သည်ကြီးဒေါ်မြမှီအကြောင်း၊ မီးရထားအလုပ်သမားနှင့် တောင်သူလယ်သမားများအကြောင်း၊ သခင်နှင့်ကျောင်းသားခေါင်းဆောင်များအကြောင်းနဲ့ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ တက်ဘုန်းကြီးသိန်းဖေ၊ ကိုလှရွှေ၊ ကိုလှဖေ စသည်ဖြင့် စုံလင်အောင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်အိမ်အိမ်ခိုင်ခိုင်ဖြင့် ဖတ်ရှုရမယ့် ဆရာသိန်းဖေမြင့်ရဲ့ လက်ရာကောင်းဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#သိန်းဖေမြင့်
#အရှေ့ကနေဝန်းထွက်သည့်ပမာ

Photos from Sunshine book store online စာအုပ်အရောင်းဆိုင်'s post 23/09/2024

ထိုင်းနိုင်ငံအတွင်းက စာချစ်သူတွေအတွက် ကြိုက်နှစ်သက်တဲ့ စာအုပ်လေးတွေကို တစ်နေရာထဲမှာပဲ ရွေးချယ်မှာယူလို့ရအောင် တစ်စုတစ်စည်းထဲ တင်ပြလိုက်ပါတယ်ခင်ဗျာ😊🥰......

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

" ဘဝကမှောင်နေတယ်ထင်ရင် စာဖတ်ပါ

အလင်းမြင်ရပါလိမ့်မယ် "

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

23/09/2024

လူတိုင်းမှာ အကျင့်ကောင်းနဲ့ အကျင့်ဆိုးတွေ ရောပြီးရှိကြပါတယ်။ သူဌေးအကျင့်နဲ့ ဆင်းရဲသားအကျင့်လို့ ဆိုနိုင်ပါတယ်။ သူဌေးဆိုတာ ငွေတစ်ခုတည်းပဲကြွယ်ဝတာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး၊ ဆက်ဆံရေး ၊ လူမှုရေး စတာတွေမှာလည်း ပြည့်စုံကြွယ်ဝတာဖြစ်ပါတယ်။

အကျင့်တစ်ခုကိုဖျက်ရတာ မလွယ်ပါဘူး။ ဦးနှောက်ကအကျင့်တွေကို အကာအကွယ်ပေးနေပါတယ်။ အကြောင်းကစွမ်းအင်မသုံးရလို့၊ လောင်စာဆီသက်သာလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါကိုလှည့်စားပြီး မကောင်းတဲ့အကျင့်တွေကို ဖျက်လို့ရပါတယ်။ ဘယ်လိုလုပ်ရင်ရတယ်ဆိုတဲ့အကြောင်း သုတေသနတွေ့ရှိထားတာတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

သင့်ဘဝ သင့်အခြေအနေ သေချာပေါက်ပြောင်းလာပါလိမ့်မယ်။ သာမန်လူ ၁၇၇ ယောက်က ဘယ်လိုနည်းတွေနဲ့သန်းကြွယ်သူဌေးတွေဖြစ်လာကြပုံကို ဒီစာအုပ်မှာ သုတေသနလုပ်ပြီးမျှဝေထားပါတယ်။

ဒီစာအုပ်ကို ရေးသားသူဟာ ကြိုးစားပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာတဲ့ သူတွေရဲ့ အကျင့်တွေကို နှစ်အတန်ကြာ ကြိုးစားပမ်းစား သုတေသနလုပ်ရာကနေ သာမန်လူတွေက သန်းကြွယ်သူဌေးဖြစ်လာစေတဲ့ အကျင့်ကောင်းတွေကို ခွဲခြားသိရှိလာခဲ့ပါတယ်။ အောင်မြင်မှုဆိုတာ လူကုံထံတွေ၊ ချမ်းသာတဲ့လူတွေဆီကိုပဲ လက်ဆင့်ကမ်းပေးရမယ့် ကန့်သ,တ်ချက်တစ်ခု မဟုတ်တော့ပါဘူးဆိုတာကို သူက ယုံကြည်ထားပါတယ်။

ဘဝမှာ သင်ဟာ ဘယ်နေရာမှာရှိနေပါစေ ဒီစာအုပ်က သင့်ကို အောင်မြင်မှုဆီကို လမ်းပြပေးမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးရင် သင်သိလာမှာတွေက ဒါတွေပါပဲ~

◼ ကျွန်တော်တို့ဆီမှာ ဘာကြောင့်အကျင့်တွေရှိရသလဲ
◼ ချမ်းသာမှု၊ ဆင်းရဲမှုတွေ ဖြစ်စေတဲ့ အကျင့်တွေ
◼ အိုင်ကျူမြင့်စေတဲ့ အကျင့်တွေ
◼ ရောဂါတွေ လျော့ကျစေပြီး အသက်ရှည်စေတဲ့ အကျင့်တွေ
◼ စိတ်ဓာတ်ကျတာကို ဖယ်ထုတ်ပစ်ပြီး ပျော်ရွှင်မှုတိုးလာစေမယ့် အကျင့်တွေ
◼ ဘဝမှာ သင့်ရဲ့ အဓိကရည်ရွယ်ချက်ကို တွေ့ရှိစေဖို့ နည်းလမ်းကောင်းတွေ
◼ အကျင့်မြန်မြန်ပြောင်းစေဖို့ အရာတွေ စတဲ့ ကောင်းခြင်းအဖြာအဖြာတွေကို သိရှိရမှာဖြစ်ပါတယ်။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#အကျင့်တွေပြောင်းရင်ဘဝလည်းပြောင်းမယ်
#မျိုးလွင်(MBA)

23/09/2024

📚 မင်းဟာစကြဝဠာရဲ့အရှင်သခင်
✍️ အရှင်ဣဒ္ဓိပါလ (တောင်တွင်း)

မင်မင် ကို ခဏခဏ လာမေးနေကြတဲ့ စာအုပ်လေး ပြန်ရပါပြီနော် ။ အကြိမ်ကြိမ် ထုတ်ဝေလည်း အမြဲတမ်း ရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ စာအုပ်လေးမို့ လက်မလွတ်ရအောင် အခုပဲ မှာယူလိုက်တော့နော် ။

“ ဒီစာအုပ်လေးကိုဖတ်ဖူးပြီး ကိုယ်တိုင်အသုံးချတတ်တဲ့ သူတိုင်းကတော့ တကယ်ကို အကျိုးရှိတယ်ဆိုတဲ့အကြောင်းကို Review လေးတွေ Comment လေးတွေမှာ ဖတ်ဖူးကြမယ် ထင်ပါတယ်နော် ။ မဖတ်ဖူးကြ‌သေးရင်တောင် တကယ်ကို အကျိုးရှိတဲ့ စာအုပ်လေးဖြစ်တာမို့ ဖတ်ကြည့်ဖို့အတွက် မင်မင်က အကြံပေးချင်ပါတယ်ခင်ဗျာ ။

“ ညှို့ငင်အားနိယာမ ” ကိုသာ သင် အကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင်တော့ ယခု သင့်လက်ထဲမှာကိုင်ထားတဲ့ ဒီစာအုပ်ဟာ သင့်ကို “စကြာဝဠာရဲ့အရှင်သခင်” ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ် ။

စကြဝဠာကြီးဟာ ကျွန်ုပ်တို့အားလုံးအတွက် လိုတရ Supermarketကြီး တစ်ခုပါပဲ ။ ဒီSupermarketကြီးထဲမှာ သင် လိုချင်တာကို တောင်းဆိုလိုက်ပါ။

အရေးကြီးဆုံးတစ်ချက်က သင် မလိုချင် မပိုင်ချင်တဲ့ပစ္စည်းတွေကို မမျှော်လင့်ပါနဲ့ ။ မတွေးပါနဲ့ ။ထပ်ခါထပ်ခါ မစဉ်းစားပါနဲ့ ။ ဆွဲငင်အား နိယာမဟာ
သင့်ရဲ့အတွင်းစိတ်မှာ အင်အားအကြီးဆုံးအဖြစ် ဖြစ်တည်နေပါတယ်.....”

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#အရှင်ဣဒ္ဓိပါလ
#မင်းဟာစကြာဝဠာရဲ့အရှင်သခင်

22/09/2024

လူဆိုတာက မပြောင်းလဲဘဲ ဒီအတိုင်းပဲ အမြဲတမ်းနေနေရင် မတိုးတက်တော့ပါဘူး။
ဆိုက်ကားနင်းတဲ့သူတစ်ယောက်က တစ်သက်လုံးဆိုက်ကားပဲ နင်းတော့မယ်ဆိုရင် သူ့တစ်သက် ကားဝယ်စီးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်တိုးတက်အောင်မြင်ချင်ရင် အပြောင်းအလဲကို လုပ်ကိုလုပ်ကြရပါမယ်။အပြောင်းအလဲလုပ်ကြရာမှာလည်း အတင်းတွန်းရွှေ့ပြောင်းလဲရင်လည်း အလုပ်မဖြစ်တတ်ပါဘူး။နူးညံသိမ်မွေ့စွာနဲ့ တဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းခြင်း ပြောင်းလဲမှသာ အလိုရှိတဲ့ အရာတွေကို ရရှိနိုင်မှာပါ။

နူးညံသိမ့်မွေ့စွာပြောင်းလဲတာက နှေးကွေးတာမှန်ပေမယ့် ဘဝခရီးအတွက် ထိရောက်အသုံးဝင်လှပါတယ်။
တိုးတက်အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ စနစ်တကျရှိလှတဲ့ ပြောင်းလဲမှုတွေ ကျွန်တော်တို့တတွေ လုပ်ကိုလုပ်ကြရပါမယ်။

လူရယ်လို့ဖြစ်လာရင် အသက်ရှင်နေထိုင်ဖို့အတွက် လူတိုင်း အလုပ်လုပ်ကြရပါတယ်။ဒါပေမယ့် အလုပ်လုပ်တဲ့ လူတိုင်းက ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ပျော်ရွှင်ကြရဲ့လားဆိုရင် လူအများစုကတော့ ပျော်တယ်လို့ ဖြေကြမှာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းခွင်ဆိုတာက စိတ်အပန်းဖြေတဲ့နေရာ၊ပျော်ပွဲစားထွက်တဲ့ နေရာမှ မဟုတ်တာ။
ဒါကြောင့် ပျော်ရွှင်စရာမရှိဘူးလို့ ထင်ရပေမယ့် လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်ကြတဲ့သူ တစ်ချို့ကိုတော့ တွေ့ဖူးကြမှာပါ။

အဲ့လူတွေက လုပ်ငန်းခွင်ထဲမှာ ဘာလို့ ပျော်နေကြလဲဆိုရင် သူတို့ဝါသနာပါတဲ့ နှစ်သက်တဲ့ အလုပ်ကို လုပ်နေကြရလို့ ပျော်နိုင်ကြခြင်းဖြစ်ပါတယ်။ကိုယ်လည်း အလုပ်ထဲမှာ ပျော်ရွှင်တဲ့သူတစ်ယောက် အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ပိုက်ဆံရရင်ပြီးရော တွေ့ရာအလုပ်မျိုးကို လုပ်တာမျိုး မဟုတ်ဘဲ ကိုယ်တကယ်ဝါသနာပါတဲ့၊ကိုယ်နဲ့အံဝင်ခွင်ကျ ဖြစ်မယ့် အလုပ်ကိုသာ အချိန်ပေးပြီး ရွေးချယ်လုပ်ကိုင် သင့်ပါတယ်။ဒါမှသာ လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်တဲ့သူ၊အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

စီးပွားရေးနယ်ပယ်ထဲမှာပဲကြည့်ကြည့်၊
အားကစားနယ်ပဲထဲမှာပဲ ကြည့်ကြည့် ဘယ်နယ်ပယ်ထဲမှာပဲကြည့်ကြည့် အောင်မြင်တဲ့သူတိုင်း ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်ခဲ့ရတဲ့ သူတွေချည်းပါပဲ။ကမ္ဘာကျော်တဲ့ အားကစားသမားတစ်ယောက်ဟာ သာမန်လူတစ်ယောက်လိုပဲ နေထိုင်မယ် လေ့ကျင့်မယ်ဆိုရင် ကမ္ဘာကျော်လာစရာအကြောင်း မရှိပါဘူး။နဖူးကချွေး ခြေမထိမကဘဲ အဝစိထိကျအောင် လေ့ကျင့်ခဲ့ရသလို သူများနဲ့မတူတဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်သာ အအောင်မြင်ဆုံးအားကစားသမားတစ်ယောက် ဖြစ်လာရတာပါ။ထိုနည်းတူ အောင်မြင်တဲ့စီးပွားရေးသမား တစ်ယောက်ဟာလည်း သူများအိပ်ချိန်မှာ မအိပ်၊သူများနားချိန်မှာ မနားဘဲ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ နဲ့ နေ့နေ့ညည ကြိုးစားအလုပ်လုပ်ခဲ့လို့သာ အအောင်မြင်ဆုံးစီးပွားရေးသမားတစ်ယောက် ဖြစ်ခွင့်ရခဲ့တာပါ။သက်တောင့်သက်သာနဲ့သူလိုငါလိုပဲ လုပ်ခဲ့ ကြိုးစားခဲ့မယ်ဆိုရင် သူလိုငါလိုလူတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါပဲ။

ဒါကြောင့် အလုပ်တစ်ခုလုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန်လုပ်ပါ။ပြင်းပြင်းထန်ထန်လေ့ကျင့်ပါ။မခိုမကပ်ဘဲ လုပ်ပါ။ကိုယ့်ကိုကိုယ် မညှာပါနဲ့။ဒါမှသာ အောင်မြင်မှုရဲ့ထိပ်ဆုံးကို ရောက်နိုင်မှာမဟုတ်ပါလားခင်ဗျား။

#အပြောင်းအလဲကိုစီမံခြင်း စာအုပ်မှ

(ရေးသားသူလေးစားစွာcrd ပေးပါသည်)💙🙏

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/

Line 👉 0619014022


#​ကောင်းလွန်း
ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

22/09/2024

“ခေါင်းဆောင်ဆိုတာ အနာဂတ်အမြင်ရှိမှ မောင်းနှင်သူ(Driver) ဖြစ်မယ်။ အနာဂတ်အမြင်မရှိရင် ကိုယ်တိုင် ဝင်ကစားရတဲ့ ကစားသမား (Player) ပဲဖြစ်လိမ့်မယ်။”

Visionary Leader (အမြော်အမြင်ရှိတဲ့ခေါင်းဆောင်) တွေဟာ အများအတွက် ဘာလုပ်ရမလဲ၊ အများလုပ်ချင်လာအောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပဲ ဦးစားပေးပြီး စဉ်းစားတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ထာဝရခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မာတင်လူသာကင်းဂျူနီယာက “I have a dream” လို့ ပြောခဲ့ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒီအိပ်မက်ဟာ သူ့အတွက် မဟုတ်ဘူး။ သူ့သားသမီးတွေ၊ သူ့ဆွေမျိုးတွေအတွက်မဟုတ်ဘူး။ ပြည်သူပြည်သားအများအတွက် ဖြစ်တယ်။

အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေဟာ သူတို့နေရာ၊ သူတို့ကမ္ဘာကို သူတို့အတွက် ကောင်းအောင်လုပ်မယ့် အစား သူများတွေအတွက်ကောင်းအောင် ကြိုးစားသူတွေဖြစ်တယ်။ သူတို့က အများအတွက် အလုံးစုံစဉ်းစားကြပေမဲ့ “ဘယ်လိုလုပ်ကြရအောင်” ဆိုတဲ့ နည်းလမ်းပိုင်းမှာတော့ အားနည်းတတ်ကြပြန်တယ်။

ဒါကြောင့် Visionary Leader ရဲ့ အတွေးအမြင်ကို လမ်းညွှန်သဖွယ်ခံယူပြီး အကောင်အထည်ဖော်ရေးကိုတော့ တတ်ကျွမ်းသူတွေက တာဝန်ယူရမှာပါ။ လမ်းညွှန်မှုဟာ မြေပုံဖြစ်တယ်ဆိုရင် အဲဒီမြေပုံပေါ်မှာ သွားသာ၊ လာသာရှိအောင် လမ်းဖောက်ပေးရမှာက နောက်လိုက်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ လမ်းဖောက်ရာမှာ လိုအပ်မယ့် လူသူ၊ စက်ယန္တရား၊ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး စတာတွေကတော့ ခေါင်းဆောင်နောက်က လိုက်ကြမယ့် နောက်လိုက်တွေက စီစဉ်ပေးရမှာပါ။

Visionary Leader က သူ့ရဲ့ နောက်လိုက်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေကို တက်ကြွနေအောင် လုပ်ပေးရမှာပါ။ အဲဒါကို Vitality လို့ခေါ်ပါတယ်။ လုပ်လည်း လုပ်နိုင်ကြတယ်။ အဲဒီလို လုပ်နိုင်ရတဲ့အကြောင်းရင်းကတော့ အဲဒီ ခေါင်းဆောင်အမျိုးအစားတွေဟာ တစ်ချိန်လုံး အနာဂတ်ကိုပဲ မျှော်ကြည့်နေလို့ ဖြစ်ပါတယ်။

အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဟာ အပြောင်းအလဲကာလမှာ ပေါ်လာလေ့ရှိပါတယ်။ သူတို့ဟာ အပြောင်းအလဲကို စိတ်အားထက်သန်သူတွေလည်း ဖြစ်ကြပါတယ်။ အဟောင်းဖြစ်စဉ်တွေကြောင့် အခက်အခဲကြုံချိန်မှာ အပြောင်းအလဲကို ထင်ထင်ရှားရှားလုပ်နိုင်တာက အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေသာ ဖြစ်ပါတယ်။ သူတို့ကို Transformational Leadership ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း တွေ့နိုင်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံရေးနယ်ပယ်မှာရော စီးပွားရေးနယ်ပယ်မှာပါ တွေ့နိုင်ပါတယ်။

ဆရာကောင်းလွန်းရဲ့ “အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု” စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ခေါင်းဆောင်အမျိုးအစားများ၊ ခေါင်းဆောင်မှုအရည်အသွေး၊ ခေါင်းဆောင်မှုကို ပျိုးထောင်နည်း၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအတတ်ပညာဆိုင်ရာ ဆောင်းပါး ၃၆ ပုဒ်ကို ဖတ်ရှုမှာဖြစ်ပါတယ်။

နယ်ပယ်အသီးသီးကခေါင်းဆောင်တွေ၊ စီးပွားရေးနဲ့ လုပ်ငန်းခွင်မှာ ဦးစီဦးဆောင်တာဝန်ယူနေတဲ့ လုပ်ငန်းရှင်၊ အမှုဆောင်အရာရှိတွေနဲ့ မန်နေဂျာတွေ၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ခေါင်းဆောင်မှုပညာကို လေ့လာနေသူတွေ၊ ခေါင်းဆောင်မှုပညာရပ်ကို စိတ်ဝင်စားသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/

Line 👉 0619014022


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#အမြော်အမြင်ရှိတဲ့ခေါင်းဆောင်မှု


#ကောင်းလွန်း

22/09/2024

အလုပ်တစ်ခုကို မစကြည့်သေးဘဲနဲ့… ဒီအလုပ်က ကိုယ်နဲ့ အဆင်ပြေမလားဆိုတာ သေချာမသိနိုင်ဘူး ‼️….

အလုပ်မလုပ်ဘူးတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ စိတ်ကူး အိပ်မက်တွေကို သွားပြောပြရင် “မဖြစ်နိုင်ဘူး”လို့ပဲဖြေလိမ့်မယ်…

လုပ်ငန်းတိုင်းကို စခဲ့ကြတဲ့သူတွေက အတွေ့အကြုံ သုံညကနေပဲ စခဲ့ကြတယ်…. အသိညာဏ်ဆိုတဲ့ ဦးနှောက်ထဲကို ရေအိုးထဲကရေတွေ ဖြည်းဖြည်းချင်းဖြည့်ခဲ့ကြသလိုပဲ … အတွေ့အကြုံတွေကို သုံညကနေ တစ်… တစ်ကနေ တစ်ရာရအောင်စုဆောင်းယူခဲ့ကြတယ်…

လုံလောက်တဲ့ အသိပညာ အတွေ့အကြုံရလာတဲ့အခါမှာ “လုပ်သမျှ အမှားနည်းလာပြီး အောင်မြင်ခြင်း အသီးပွင့်ကို စတင်ခံစားလာရပါတယ်” ….

တစ်ခုခုကို စဖို့တွေဝေနေရင် ဆုံးရှုံးမှာကြောက်နေရင် အမြတ်ဆိုတာ ရှိမလာသလို အောင်မြင်မှုဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး…

“ရဲရဲစပါ ရဲရဲပြန်ထပါ… သုံညကနေ အတွေ့အကြုံတွေ လုံလောက်လာတဲ့အခါ စလုပ်ခဲ့မိတဲ့ ကိုယ်ကိုယ်ကို ကျေးဇူးတင်မိနေမှာပါ” 💪

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#အောင်မြင်ရေးအနှစ်သာရများ

20/09/2024

လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။

လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။

မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။

နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။

မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။

ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။

သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#မိုင်မိုင်းနမ့်စန်
#တန်ဖိုး

20/09/2024

ကိုယ့်တာဝန်ကို ကိုယ် ယူတတ်ရမယ်

အမေက အမြဲဆုံးမတဲ့စကားတစ်ခွန်းရှိတယ်
ကိုယ့်တစ်ယောက်ရဲ့တာဝန်ကို ကိုယ်ယူတတ်ရမယ်တဲ့

ကိုယ့်ရဲ့တာဝန်ဆိုတာ
ကိုယ့်အတွက်အသုံးစရိတ်
စားဝတ်နေရေး
ငွေရေးကြေးရေး
ကျန်းမာရေး
အဆုံး အသက်ကြီးလာတဲ့အခါတောင်
မိမိလုပ်နိုင်နေသရွေ့ မိမိတစ်ကိုယ်ရေတစ်ကာယကို
တာဝန်ယူနိုင်ရမယ်တဲ့

ဒါဟာ သူတစ်ပါးကိုလည်း ဝန်မပိစေသလို
သူတစ်ပါးကိုအားမကိုးရရင် ဘယ်သူ့မျက်နှာမှ
ကြည့်ပြီးလည်း ရှင်သန်နေစရာမလိုဘူးပေါ့။

သူတစ်ပါးကိုမှီခိုပြီးရှင်သန်တယ်ဆိုတာ
သူ့မျက်နှာကြည့်ရမယ် သူငြိုငြင်ခံရမယ်
ဒါတွေဟာ မဖြစ်ခဲ့ရင်တော့ကောင်းပေမဲ့
ဖြစ်လာတဲ့အချိန်မှဆို ကိုယ်က ကိုယ့်ခြေထောက်ပေါ်ကို
ဘယ်လိုရပ်တည်ရမှန်းသိတော့မှာမဟုတ်ဘူး

မိမိကိုယ်ကိုအားကိုးတတ်ဖို့ဆိုတာလည်း
အချိန်တစ်ခုယူပြီးကြိုးစားတည်ဆောက်ရသေးတယ်

ဒါကြောင့် အချိန်နေရာမရွေး သူတစ်ပါးကို
အားကိုးဖို့ထက် မိမိကိုယ်ကို အားကိုးဖို့ကိုပဲ
ပိုကြိုးစားပါ

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada အကောင့်မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#ခံစားချက်များရဲ့လှပခြင်း

19/09/2024

ချမ်းသာကြွယ်ဝမှုဆိုတာ လူတိုင်းလိုချင်ကြတဲ့အရာ ဖြစ်ပါတယ်။ အဲဒီလို ချမ်းသာကြွယ်ဝမှုကို ရယူ၊ ထိန်းသိမ်းရာမှာ စိတ်ဆင်းရဲနေရရင်တော့ အဆင်မပြေနိုင်ပါဘူး။ သင့်ကို စိတ်ငြိမ်းချမ်းပျော်ရွှင်စွာနဲ့ ချမ်းသာကြွယ်ဝမှုကို ရှာဖွေနိုင်အောင် Neuro-Linguistic Programming (NLP) က ကူညီပေးနိုင်ပါတယ်။

“အသုံးချစိတ်ပညာ” တစ်မျိုးဖြစ်တဲ့ NLP ဟာ ၁၉၇၀ ကျော်လောက်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေး၊ ခေါင်းဆောင်မှုနဲ့ Coaching နယ်ပယ်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။

Neuro-Linguistic Programming (NLP) ပညာရဲ့ ထူးခြားချက်ကတော့ လူတွေကို သူတို့ကိုယ်သူတို့ မအောင်မြင်အောင် ဟန့်တားထားတဲ့ အတွင်း၊ အပြင် အတားအဆီးတွေကို သူတို့ကိုယ်တိုင် ကျော်လွှားနိုင်အောင် ကူညီပေးနိုင်ပြီး ထူးထူးခြားခြား အောင်မြင်ပျော်ရွှင်နိုင်စေမယ့် မဟာဗျူဟာတွေကိုပါ အသုံးပြုလာနိုင်စေခြင်း ဖြစ်ပါတယ်။

NLP စာအုပ်မှာ အဓိက ပါဝင်တဲ့အပိုင်းတွေကတော့ -

အပိုင်း (၁) မှာ မိတ်ဆက်ခြင်းနဲ့ NLP ကြိုတင်ယူဆချက်များစွာကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတဲ့အတွက် NLP ပညာတွေကို မလေ့လာခင်မှာ အားကောင်းတဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ရရှိစေနိုင်ပါလိမ့်မယ်။ ဒီယုံကြည်မှုတွေဟာ သင့်ကို ဆထက်ပိုး အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို ရရှိစေနိုင်မယ့် အယူအဆတွေလို့လည်း ပြောနိုင်ပါတယ်။

အပိုင်း (၂) မှာတော့ မဖြစ်နိုင်တာတွေကို ဖြစ်လာနိုင်စေမယ့် NLP အသုံးချနည်းလမ်းတွေကို ထည့်သွင်းပေးထားပါတယ်။ လူမှုဆက်ဆံရေး၊ မကောင်းတဲ့ အတွေး၊ ယုံကြည်မှုနဲ့ စိတ်ခံစားမှုနဲ့ အပြုအမူများကို ဖယ်ရှားခြင်း၊ ပုံစံတကျ ဟောပြောခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အပြုအမူအသစ်ကို ဖန်တီးခြင်း စသဖြင့် ကဏ္ဍမျိုးစုံပါဝင်ပါတယ်။

အပိုင်း (၃) မှာတော့ ပညာရေး၊ စီးပွားရေး၊ ခေါင်းဆောင်မှု၊ နည်းပြခြင်း၊ မိဘအုပ်ထိန်းမှု၊ အချစ်ရေး၊ စျေးကွက်ဖော်ဆောင်ခြင်း၊ အရောင်းကဏ္ဍတွေမှာ NLP ကို ဘယ်လိုအသုံးပြုမလဲ၊ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေ ရရှိအောင် ဘယ်လိုတွေ လုပ်ရမလဲစသဖြင့် NLP ကို ထိထိရောက်ရောက် အသုံးပြုနိုင်စေမယ့် အကြံပြုချက်များစွာကို ထည့်သွင်း‌ဖော်ပြထားပါတယ်။

👉 online စာအုပ်အရောင်းဆိုင်မှ မှာယူလိုပါက 👇

🇹🇭 ထိုင်းနိုင်ငံအတွင်း နေရာအနှံ့ အိမ်ရာအရောက် ဝန်ဆောင်ခ free ဖြင့်ပို့ဆောင်ပေးနေပါတယ်နော် 🚚🚚

📚 စာအုပ်ရောက်မှ ငွေချေချင်သူများအတွက်လဲ ပစ္စည်းရောက်ငွေချေ ( COD )ဖြင့် ပို့ဆောင်ပေးပါတယ်ခင်ဗျ ☺️

Lazada မှ စာအုပ်များမှာယူလိုပါက 👇

https://s.lazada.co.th/s.98hrt

Tik Tok အကောင့်မှ စာအုပ်များကို ကြည့်ရန် လင့် 👇

tiktok.com/


ြန်မာစာအုပ်ဆိုင်
#မြန်မာဘာသာပြန်စာအုပ်
#ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
ာဖြင့်စိတ်ငြိမ်းချမ်းပျော်ရွှင်စွာကြီးပွားတိုးတက်ခြင်း
#နိုင်ဝင်းအောင်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายของ ใน Nonthaburi?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

🇹🇭 ထိုင်းနိုင်ငံအတွင်းက ဘာသာစကား​တွေကို ​လေ့လာချင်​နေတဲ့ စာချစ်သူ​လေး​တွေအတွက် LMB စာအုပ်​လေး​တွေ ပြန်ရပါပြီး​နော် 🥰
#Sunshinebookstore #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#Sunshinebookstore #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#Sunshinebookstore #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#Sunshinebookstore #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#Sunshinebookstore #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်
#Sunshinebookstore #ခက်​ဇော် #ထိုင်းနိုင်ငံအတွင်းမြန်မာစာအုပ်ဆိုင်

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

สามัคคี
Nonthaburi
11120

ร้านหนังสือ อื่นๆใน Nonthaburi (แสดงผลทั้งหมด)
MissSha MissSha
Nonthaburi, 11120

New story New knowledge MissSHA is the shop and community for family get some new books for your kid

ชอบการอ่านLoveBook ชอบการอ่านLoveBook
สำเร็จพัฒนา
Nonthaburi, 10330

จำหน่ายหนังสือทั่วไป หนังสือการ์ตูน และหนังสือเด็ก สินค้าใหม่และมือสอง

B2S Thailand B2S Thailand
50/1211 หมู่ที่ 9 อาคารศูนย์การค้าบีไฮฟ ยูนิต B103, B104, B113, B114 ต. บางพูด อ. ปากเกร็ด จ. นนทบุรี
Nonthaburi, 11120

Books Buddy Books Buddy
101/799
Nonthaburi, 1100

จำหน่ายหนังสือดีราคาถูก

ทีมนายอินทร์ นนทบุรี ร้านหนังสือโดนใจ ใครๆก็อ่าน ทีมนายอินทร์ นนทบุรี ร้านหนังสือโดนใจ ใครๆก็อ่าน
ห้างเดอะมอลล์งามวงศ์วาน
Nonthaburi, 11000

ร้านหนังสือนายอินทร์ จำหน่ายหนังสื

ทีมนายอินทร์ ภูเก็ต กระบี่ พังงา ร้านหนังสือโดนใจ ใครๆก็อ่าน ทีมนายอินทร์ ภูเก็ต กระบี่ พังงา ร้านหนังสือโดนใจ ใครๆก็อ่าน
108 หมู่ 2 ถนนบางกรวย-จงถนอม ตำบลมหาสวัสดิ์ อำเภอบางกรวย จังหวัดนนทบุรี
Nonthaburi, 11130

เพจสาขาร้านนายอินทร์ที่แนะนำหนังส?

ทีมนายอินทร์ แจ้งวัฒนะ  ร้านหนังสือโดนใจ ใครๆก็อ่าน ทีมนายอินทร์ แจ้งวัฒนะ ร้านหนังสือโดนใจ ใครๆก็อ่าน
ห้างโฮมโปรแจ้งวัฒนะ
Nonthaburi, 11120

ร้านหนังสือนายอินทร์ จำหน่ายหนังสือ

B2S Thailand B2S Thailand
189 อาคารศูนย์การค้าเดอะวอล์ค ราชพฤกษ์ ชั้น 2 ห้อง 231 หมู่ที่ 2 ตำบลบางขุนกอง อำเภอบางกรวย
Nonthaburi, 11130

หนังสือมือสอง ราคาถูกสุดสุด หนังสือมือสอง ราคาถูกสุดสุด
Nonthaburi, 21110

ขายทุกสิ่งอย่าง ขายหนังสือมือสองราคาถูกสุดสุด สภาพดี ซื้อเอง อ่านเอง มีอย่างละเล่ม หมดแล้วหมดเลย

B2S Thailand B2S Thailand
บริษัท บีทูเอส จำกัด (สาขาโรบินสันรัตนาธิเบศร์)
Nonthaburi, 11000

GoldenBook GoldenBook
บางกรวย
Nonthaburi

ร้านหนังสือ หนังสือใหม่มือ1 มีหลากหลายแนว ราคามิตรภาพ​ ดูแลดังครอบครัว

Naiin Roadshow Naiin Roadshow
108 หมู่่ 2 ถนนบางกรวย-จงถนอม ตำบลมหาสวัสดิ์ อำเภอบางกรวย จังหวัดนนทบุรี
Nonthaburi, 11130

เพจสาขาร้านนายอินทร์ที่ออกบูธงานแฟร์ต่างๆ และขายหนังสือราคาประหยัด ซึ่งปกเก่าบางปกมีเฉพาะในงาน