The Kap

NGO Training services, Baseline & Evaluation assessments, MEAL systems & policy, and social research

Main Services - Providing various training, consultancy, research, mapping and briefing, and other analysis papers for Humanitarian and social contexts.

Photos from The Kap's post 07/08/2024

The Kap မှာ ဖွင့်လှစ်လျက် ရှိသော
မကြာခင် ပြီးဆုံးတော့မှာဖြစ်တဲ့ သင်တန်းတွေမှာ NGO/INGO နယ်ပယ်အသီးသီးကသာမက
NGO နယ်ပယ်ကို စတင်၀င်ရောက်လိုတဲ့ ဆရာ၊ ဆရာမတွေဟာ commitment ကိုယ်စီ၊ အိပ်မက်ကိုယ်စီနဲ့ တက်ရောက်လျက် ရှိကြပါတယ်..

ဒီ သင်တန်းတွေပြီးသွားရင်လည်း နောင်ထပ်နောက်ထပ် batch အသစ်တွေ ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်လို့ Page Messenger မှာ သင်တန်းလာရောက် စုံစမ်းနေကြတဲ့ ဆရာ၊ဆရာမတွေကို သတင်းကောင်းပါးလိုက်ပါရစေနော်။

ယခုလက်ရှိ သင်တန်းအပ်လို့ရသေးတဲ့ သင်တန်းတွေကတော့ registration မကြာခင် ပိတ်တော့မဲ့ NGO လုပ်ငန်းခွင်အတွက်
Logistics &Supply Chain Management Training နဲ့ August လကုန်ခါနီးမှာ ဖွင့်မဲ့
Effective Admin & HR Management သင်တန်းတွေပဲ ဖြစ်ပါတယ်။

သင်တန်းအပ်နှံဖို့ အခွင့်အရေး (3) ရက်သာ ကျန်တော့သော Logistics & Supply Chain Managent Training Batch 2 👇👇👇
https://www.facebook.com/share/p/suwEgu9ZUkkD4X35/?mibextid=oFDknk

Effective Admin & HR Managment Training Batch 5 👇👇👇
https://www.facebook.com/share/p/VH1JhbXykTkeaPJu/?mibextid=oFDknk

သင်တန်းအပ်နှံဖို့ စိတ်၀င်စားပါက The Kap Page Messenger ကနေ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

06/08/2024

မြန်မာပြည် အပါအဝင် အာရှနိုင်ငံများမှ
NGO အလုပ်ခေါ်စာများ နှင့် Internship opportunities များ
NGO jobs and Internship opportunities in Asia
Updated on 6th August,2024

အောက်ပါ NGO အလုပ်အကိုင်များနှင့် ပတ်သက်ပြီး capacity building training များတက်ရောက်ရန် စိတ်ဝင်စားပါက အောက်ပါ link များတွင် လေ့လာနိုင်ပါသည်။

သင်တန်းအပ်နှံဖို့ အခွင့်အရေး (3) ရက်သာ ကျန်တော့သော Logistics & Supply Chain Managent Training Batch 2 👇👇👇
https://www.facebook.com/share/p/suwEgu9ZUkkD4X35/?mibextid=oFDknk

Effective Admin & HR Managment Training Batch 5 👇👇👇
https://www.facebook.com/share/p/VH1JhbXykTkeaPJu/?mibextid=oFDknk

(1) Field Logistics Assistant, Monghsu Township, Southern Shan State, RI
Closing Date – (13th August 2024)
_ ( https://themimu.info/sites/themimu.info/files/jobs/RI_VA-Field_Logistics_Assistant_Monghsu_13_Aug_24.pdf)
source from http://themimu.info

(2)Logistics Assistant,NayPyiTaw/Yangon,MRCS
Closing Date – (8th August 2024)
_ ( https://themimu.info/sites/themimu.info/files/jobs/MRCS_VA_for_Logistics_Assistant_25-8-2024_to_8-8-2024.pdf)
source from http://themimu.info

(3) Admin, HR, and Logistics Officer, Hsipaw, MRCS
Closing Date – (8th August 2024)
_(https://themimu.info/sites/themimu.info/files/jobs/MRCS_VA_for_Admin_HR_and_Logistics_Officer_25-7-2024_to_8-8-2024.pdf)
Source from http://themimu.info

(4)Logistics Assurance Officer,Philippines, ICRC
Closing Date – (13th August 2024)
_(https://reliefweb.int/job/4078616/logistics-assurance-officer)
Source from https://reliefweb.int/jobs

06/08/2024

Logistics & Supply Chain Management Training
registration ပိတ်ရန်
(3) ရက်သာလိုတော့သည်

05/08/2024

ဝါသနာနဲ့ဝမ်းစာ ထပ်တူကျဖို့ တကယ်လိုအပ်သလား ???

ခေတ်တွေပြောင်းလာတာနဲ့အမျှ အတွေးအခေါ်တွေဟာလည်း ပြောင်းလဲလာကြပါတယ်။ သာမန်ဘဝတစ်ခုမှာ ရှင်သန်ကြီးပြင်းမယ်၊‌ ကျောင်းတက်မယ်၊ ဘွဲ့ယူမယ်၊ ငွေရှာမယ်၊ စားသောက်နေထိုင်မယ်၊ အသက်တွေကြီးလာမယ်၊ အရွယ်အိုလွန်ပြီး သေဆုံးသွားကြဖို့ထက် တဆင့်ပိုလာကြတယ်။

မိမိရှင်သန်မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာကြတယ်၊ တွေးခေါ်လာကြတယ်၊ အဓိပ္ပာယ်ဖွင့်လာကြတယ်၊ ပြောင်းလဲချင်လာကြတယ်။ အသက်ရှင်ဖို့အတွက် ဝမ်းရေးပြည့်ဖို့ အဓိကကျသလို ဘဝကြီးက အဓိပ္ပာယ်ရှိဖို့၊ ရှင်သန်စရာကောင်းဖို့၊ ဖြစ်ချင်တာတွေ ကိုယ်ဝါသနာပါတဲ့ အရာတွေကို ဦးစားပေးဖို့လည်း တွေးတောလာကြတယ်။ ဒီနေရာမှာ မိမိဖြစ်ချင်တာတွေနဲ့ မိမိဝါသနာပါတာတွေကို သိတဲ့သူတွေရှိကြသလို “ဝါသနာ”ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်တောင် မသိသေးတဲ့လူငယ်တွေ၊သိခွင့်မရသူတွေလည်း ရှိကြပါတယ်။

“ဝါသနာ”ဆိုတာ ဘာလဲ?
“ဝါသနာ”ဆိုတဲ့ ဝေါဟာရကို “စွဲမြဲသောအလေ့အကျင့်” လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဝါသနာဆိုတာ တစ်စုံတစ်ခုကို အကျိုးအမြတ်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အချိန်ပေးပြီး စွဲစွဲမြဲမြဲ လုပ်တတ်တာ၊ အဲ့ဒီအရာကို လုပ်နေရရင် ပျော်နေပြီး ထမင်းမေ့ ဟင်းမေ့တဲ့အထိ လုပ်နေတတ်တာမျိုးကို ဝါသနာလို့ ခေါ်ပါတယ်။ ဝါသနာဆိုတဲ့နေရာမှာ တချို့အရာတွေက ဝါသနာအရင်းခံပြီး ဝမ်းစာဖြည့်တင်းလို့ ရပေမဲ့ တချို့သောအရာ‌တွေကတော့ ဝါသနာဆိုတဲ့ အမည်နာမအောက်မှာ အပျော်တမ်းသက်သက်အဖြစ်သာ ချန်လှပ်ထားခဲ့ရပါတယ်။ တနည်းအားဖြင့် ဝမ်းစာဖူလုံဖို့ အထောက်အပံ့ မပေးနိုင်ဘူးပေါ့နော်။

ကမ္ဘာပေါ်မှာ အောင်မြင်ချမ်းသာ သွားကြတဲ့ ထိပ်တန်းပုဂ္ဂိုလ်‌တွေဟာ ဝါသနာကို အရင်းခံပြီး အလုပ်လုပ်ကိုင်တာကြောင့်လို့ ဆိုကြပါတယ်။
ဉပမာ- အားလုံးရဲ့ အချစ်တော် ဘာလာလာ ဘန်းတဲ့ ဇူဇူး(Mark Zuckerberg ) ဆိုရင် uni students တွေအတွက် social media website အသေးစားလေး စမ်းတီထွင်ရာကနေ ယနေ့မှာ တစ်နှစ်ကို $70 billion dollar ကျော်ထိ ဝင်ငွေရတဲ့ Facebook Platform ဖြစ်လာခဲ့ပါတယ်။ ဝါသနာကြောင့် codingအပိုင်းကို ကျောင်းစာတွေမှာ သင်တာထက် ပိုလွန်ပြီး လေ့လာခဲ့တယ်၊ သာမာန်ထက်ပိုပြီး စူးစမ်းချင်လာတယ်၊ အခက်အခဲတွေရှိရင်လည်း ကျော်ဖြတ်နိုင်ဖို့ ကြိုးစားလာတယ်။ ဒီအရာတွေကပဲ သူ့ကို အောင်မြင်တဲ့ဘဝရောက်အောင် တွန်းပို့ခဲ့တာပါပဲ။

ဝါသနာပါတဲ့ အလုပ်ကိုသာ လုပ်နေရရင် ပင်ပန်းတဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိလာသလို၊ စိတ်ပျက်ငြီးငွေ့လာမှာကိုလည်း မပူရတော့ဘူးပေါ့။ ဒါကြောင့် အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်က “ကိုယ်နှစ်သက်တဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ရှာပါ။ အဲ့လိုဆိုရင် တစ်ရက်မှ အလုပ်လုပ်စရာမလိုတော့ဘူး” လို့ ဆိုထားပါတယ်။ တကယ်တော့ ကိုယ်လုပ်တဲ့အလုပ်က ကိုယ်ဖြစ်ချင်တဲ့ ဝါသနာနဲ့ ထပ်တူကျတယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ သို့သော် ရှင်သန်ခြင်းရဲ့ ခေါင်းစဉ်အောက်မှာ ဝမ်းရေးအတွက် မိသားစုအတွက် အဓိက ရုန်းကန်ကြရသူတွေလည်း မနည်းမနောရှိကြပါတယ်။ ကိုယ်ဖြစ်ချင်တာတွေကို ခေါက်ထားပြီး ဖြစ်သင့်တာတွေကိုသာ ရှေ့တန်းတင်နေရသူတွေလည်း ဒုနဲ့ဒေးပါ။

💁ဒီလိုလူတွေအတွက်ရော ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ ပြီးပြည့်စုံမှု မရှိတော့ဘူးလား?

💁အောင်မြင်မှုအတွက် လျှောက်လှမ်းကြိုးစားခွင့် မရတော့ဘူးလား?

💁ဝါသနာအရင်းခံမှ အောင်မြင်လာမှာလား?

💁ဝါသနာနဲ့ ဝမ်းစာ ထပ်တူကျဖို့ တကယ်ပဲ လိုအပ်သလား?

ဒီအကြောင်းအရာတွေအပေါ် စာဖတ်သူမိတ်ဆွေတို့ရဲ့
အမြင်နဲ့ သဘောထားတွေကိုလည်း ဆွေးနွေးပေးသွားကြပါဦး....

(TheKap'volunteer)

04/08/2024

Job Satisfaction ဆိုတာ လုပ်ငန်းခွင်မှာ ရှိနေတဲ့ သူတယောက်အဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အားလပ်ရက် အနည်းငယ်က လွဲရင်
အိမ်မှာထက် ရုံးမှာ တနေ့တာ အချိန်ပိုကုန်ဆုံးရတဲ့ သူတွေအတွက်ပဲ ဖြစ်ဖြစ်၊ Work from home လုပ်ကိုင်နေရတဲ့ သူတွေ အတွက်ပဲ ဖြစ်ဖြစ် workload တွေ burden မဖြစ်ဘဲ Job Satisfaction သာ ရှိနေမယ်ဆိုရင် အဖွဲ့အစည်းရဲ့ Performance Result တွေက အမြဲ မြင့်မားနေမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Job Satisfaction ရဖို့အတွက် စီမံရေးရာဌာန နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (Admin & HR Department) တွေဟာ ဝန်ထမ်းတွေရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်များနဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရတဲ့ ဌာနများဖြစ်ပါတယ်။

ဒီသင်တန်းမှာတော့ စီမံရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနတွေရဲ့ ဝန်ထမ်းများ အခြေခံလုပ်ဆောင်ရမည့် တာဝန်အားလုံး၊ လုပ်ငန်းခွင်ထဲမှ လုပ်ဖော်ကိုင်ဖက်များ၊ သက်ဆိုင်ရာရုံးအဖွဲ့အစည်းများမှ ဆက်သွယ်ဆောင်ရွက်ရမဲ့သူများနှင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်နိုင်စေရန်နည်းလမ်းများ၊ ဝန်ထမ်းများ၏ရပိုင်ခွင့်အကျိုးအမြတ်များကို စီမံခန့်ခွဲပေးခြင်း နှင့် အလုပ်သမားဥပဒရဲ့ ပြဌာန်းချက်များနှင့်အညီ စည်းကမ်းချမှတ်ခြင်း စတဲ့ အခန်းဏ္ဍများစွာထည့်သွင်းထားပြီး စနစ်တကျ ဖွဲ့စည်းထားသော သင်ရိုးညွှန်းတမ်းနဲ့ သင်​ကြားပေးမှာ ဖြစ်လို့ Admin/HR အ​နေနဲ့ တာဝန်ထမ်းဆောင်မဲ့သူများနှင့် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်မဲ့သူများ အနေဖြင့် လက်တွေ့ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

စီမံရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ရေးရာ သဘောတရားများကို ရှင်းလင်းတင်​ပြခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အမေးအဖြေများနှင့် အိမ်စာများအတွက် ရှင်းလင်းပြတ်သားသော သင်ရိုးညွှန်းတမ်းနှင့် စာတွေ့သင်ကြားပေးမှုများသာမက လက်တွေ့ရင်ဆိုင်ဖြေရှင်းနိုင်မည့် အတွေ့အကြုံများကိုပါ NGO လုပ်ငန်းခွင် အတွေ့အကြုံ (10) နှစ်ကျော် ရှိတဲ့ သင်တန်းဆရာမှ မျှဝေပေးသွားမှာ ဖြစ်တဲ့ အတွက် လုပ်ငန်းခွင်အတွက် အထောက်အပံ့ကောင်းများစွာ ရရှိလာမှာ ဖြစ်ပါတယ်။

📜သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်မှာလား ?
🔺သတ်မှတ်ထားသော အောက်ပါ စံချိန်စံညွန်း ၊ စည်းကမ်းများနှင့် ကိုက်ညီမှသာလျှင် သင်တန်းသား / သူများအနေဖြင့် သင်တန်းပြီးဆုံးပြီး သင်တန်းဆင်းလက်မှတ် (Certificate) ရရှိမှာဖြစ်ပါတယ်။

(၁) သင်တန်း ပြီးဆုံးသည် အထိ တက်ရောက်နိုင်ရမည်။ မီးပျက်၊အင်တာနက်မရပါက ခွင့်တိုင်လို့ရပါတယ်။ Zoom record ကို session တစ်ခု ပြီးတာ နဲ့ တင်ပေးမှာမို့လို့ zoom record video ကြည့်ပြီး နောက်နေ့သင်ခန်းစာကို အမီလိုက်နိုင်ပါတယ်။

(၂) သင်တန်းသား / သူများအနေဖြင့် အတန်းထဲမှ ဆရာ၊ ဆရာမများပေးအပ်သော အိမ်စာ ၊ assignment များအားလုံးကို ပြီးဆုံးအောင် တင်ပြနိုင်ရမည်။ ဒီလိုလုပ်ခြင်းကလည်း သင်တန်းသူ ၊ သင်တန်းသားများ သေချာ ကျွမ်းကျင်တတ်မြောက်ပြီး လက်တွေ့ အသုံးချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
* သို့မှသာ certificate ပေးအပ်မည့် စာရင်းထဲတွင် အကျုံးဝင်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ *

🤝မိမိတို့ရဲ့ အလုပ်ပတ်ဝန်းကျင်ကို ပျော်ရွှင်စရာကောင်းပြီး ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေတဲ့ လုပ်ငန်းခွင်ကောင်းတစ်ခုအဖြစ် ဖန်တီးချင်တယ်ဆိုရင်၊

🤝လုပ်ငန်းကျွမ်းကျင်ရုံသာမက စိတ်နေသဘောထားတည်ကြည်ဖြောင့်မတ်ပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ အလုပ်လုပ်နိုင်တဲ့ Amdin ကောင်း၊ HR ကောင်းတွေ အဖြစ် Professional ကျကျ ရပ်တည်လိုတယ်ဆိုရင်တော့ ဒီ သင်တန်းက သင့်အတွက်ပါ။

သင်တန်းအပ်နှံလိုပါက The Kap Page Messenger ကနေတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

Photos from The Kap's post 03/08/2024

ယနေ့ စတင်ဖွင့်လှစ်လိုက်တဲ့
Effective Donor Report Writing Training Batch 2 မှာတော့

NGO,INGO တွေရဲ့ Project, Program, MEAL,Medical Bakcground ကိုယ်စီက MEAL officer, Project /Program officer, Manager, Field Supervisor စတဲ့ နယ်ပယ်အသီးသီးက ဆရာ၊ဆရာမတွေ အပြင် Local CSO တွေက Founder & Director တွေ၊ Project တစ်ခုလုံးနီးပါးကို ဦးဆောင်နေရတဲ့သူတွေ၊ (3) (4) နှစ်ကနေ (8) နှစ် (10) နှစ်ကျော် NGO အတွေ့အကြုံ ရှိသူတွေ၊ တခြားသူတွေရဲ့ Donor Report ကို proof reading လုပ်တဲ့နေရာမှာ ပါဝင်ဆောင်ရွက်ရသူတွေ၊ program field ပိုင်း career ပြောင်းချင်တဲ့သူတွေ ၊ capacity build up အတွက် သင်တန်းလာတက်သူတွေပါ မကျန် ရည်မှန်းချက်ကိုယ်စီနဲ့ လာရောက်တက်ရောက်လျက် ရှိကြပါတယ်။

သူတို့တွေရဲ့ တူညီတဲ့ မျှော်မှန်းချက်တွေကတော့
" Donor Report " ကို formal ကျကျ၊ format နဲ့ သေချာ စနစ်တကျ ရေးတတ်သွားရုံမက
Findings တွေကို Report မှာ ဘယ်လိုရေးပြီးတော့ Report ရေးတဲ့အခါ ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ ရှိတယ်ဆိုတာကို ဒီ သင်တန်းကာလအတွင်းမှာ သိရှိသွားဖို့ပဲ ဖြစ်ပါတယ်။

အများစုကတော့ The Kap ကို NGO နဲ့ဆိုင်တဲ့ သီးသန့် Page တစ်ခုအနေနဲ့ facebook ကနေ စသိတာ ဖြစ်ပြီးတော့ သင်တန်းတွေတက်ရင်း ဆက်ဆက်တက်ဖြစ်သွားကြတာ၊ အသိတွေ ပြောလို့တက်ဖြစ်တာ၊ မိမိအဖွဲ့အလိုက် စီစဥ်ပေးတဲ့ The Kap သင်တန်းတွေတက်ဖူးရာကနေ လာတက်ဖြစ်သွားတာက များပါတယ်။

The Kap နဲ့ ပတ်သက်ပြီးတော့ တခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ story တွေလည်း ရှိနေပါသေးတယ်။ Facebook Friends တွေက သူတို့တက်မဲ့ သင်တန်းဆိုပြီး share တာကို မြင်လို့ စိတ်ဝင်တစား ဝင်ကြည့်ရင်းနဲ့ တက်ဖြစ်သွားတာ၊ အဖွဲ့က supervisor တက်ခိုင်းတဲ့အခါ တက်မယ်ဆိုပြီး ပြောလိုက်ပေမဲ့ ကိုယ်တိုင် registration လုပ်ရမယ်လို့ မထင်လိုက်ဘဲ သူအပ်ပေးမယ်ထင်လို့ Batch 1 တုန်းက လွဲခဲ့ရပြီးတော့ အခု Batch 2 မှာမှ လာတက်ဖြစ်သွားတာ စတဲ့စတဲ့ The Kap နဲ့ ရေစက်ဆုံကြပုံကတော့
ကြည်နူးစရာတွေပါ။ The Kap ကို like & share လုပ်ပေးတဲ့ follower တွေရော၊ recommend ပေးပေးကြတဲ့ သင်တန်းသားဟောင်းတွေ၊ အဖွဲ့အစည်းတွေ၊ supervisor တွေရော The Kap မှ အစဥ်အမြဲ ကျေးဇူးတင်လျက် ရှိပါတယ်နော် 😍😍😍

Photos from The Kap's post 02/08/2024

ယနေ့ " Best Practices for Effective Donor Report Writing " Free webinar မှာ အချိန်ပေးပြီးတော့ sharing လုပ်ပေးပါသော ဆရာ စောလင်းချယ်နဲ့ တကွ
အယောက် (90) ကျော်အောင် စိတ်ပါဝင်စားစွာ တက်ရောက်ရုံမက
မေးခွန်းများနဲ့ ပါဝင် ဆွေးနွေးပေးကြပါသော ဆရာ၊ဆရာမများအားလုံးကို
The Kap Team မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

Sharing Session တွင် ဝေမျှပေးခဲ့သော power point အား
Telegram Group မှာ ဖော်ပြပေးသွားမှာ ဖြစ်လို့
The Kap Telegram Group ကို အောက်ပါ link ကနေတဆင့်
Join ထားပေးကြပါနော် 👇👇👇
https://t.me/+ydccC2W7KhgxZDM1

02/08/2024

ဒီည (8:00 pm) မှာ Webinar join ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

လုပ်ငန်းခွင်မှာဖြစ်စေ ဘယ်နေရာမှာမဆို
အစပိုင်း အရာရာ အဆင်ပြေချောမွေ့စွာ
မလုပ်ဆောင်နိုင်သေးခင် ဦးစွာပထမ
" Practice makes Perfect " ဆိုတဲ့ အတိုင်း အလေ့အကျင့်ကောင်းတွေ မွေးမြူဖို့လိုပါတယ်။ ပြီးရင်တော့ လိုက်နာကျင့်သုံးရပါမယ်။

Donor တွေနဲ့ အဓိက ထိတွေ့ဆက်ဆံရတဲ့ Donor Report ရေးတဲ့ အခါမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလို အလေ့အကျင့်ကောင်းတွေ tips တွေကို Free Webinar မှာ ဝေမျှပေးသွားမဲ့ သူကတော့ The Kap မှာ ဖွင့်လှစ်လျက်ရှိသော NGO လုပ်ငန်းခွင် အတွက် Effective Donor Report Writing သင်တန်းတွေရဲ့ Trainer ဆရာ စောလင်းချယ် ဖြစ်ပါတယ်။

ဆရာဟာ NGO/INGO ရဲ့ Program management ပိုင်းကို (၁၅) နှစ်ကျော် (senior management positions များဖြင့် ၁၂ နှစ်ကျော်) အတွေ့အကြုံရှိသူဖြစ်ပြီး development, humanitarian နဲ့ peacebuilding sector တွေမှာ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Program management ပိုင်းဖြစ်လို့ reporting ကို ကိုယ်တိုင်ရေးသားခြင်း၊ သူများရေးထားတာကို စီစစ်ခြင်း စတာတွေကို တောက်လျှောက်လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေ အပြင် short term, long term donor မျိုးစုံနဲ့ ဆက်ဆံ အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ program development consultant အနေနဲ့ အချိန်ပိုင်းအလုပ်တွေအပြင် အရပ်ဖက် အဖွဲ့အစည်းတွေအတွက် program development advisor အနေနဲ့ အလုပ်လုပ်ပေးနေပါတယ်။

🤝 Donor Report တွေကနေ Donor နဲ့ ယုံကြည်မှု ဘယ်လို တည်ဆောက်ကြမလဲ...

🤝 ထိရောက်ကျစ်လစ်တဲ့ Donor Report တစ်ခု ဆိုတာ စကားလုံးတွေ၊ဝါကျတွေနဲ့ ဖွဲ့နွဲ့ရေးတာထက် မှန်ကန်တိကျပြီး တသမတ်ထဲ ဖြစ်ရုံမက အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တိုးတက်မှုတွေနဲ့ သက်ရောက်မှုတွေ ပါရမယ် ဆိုတဲ့အကြောင်း...

🤝Donor Report တွေမှာ ပွင့်လင်းမြင်သာမှု ပေါ်လွင်အောင် ဘယ်လို ရေးသားကြမလဲ...

🤝Donor Report ရေးတယ်ဆိုတာ တစ်ဦးတစ်ယောက်ထဲ လုပ်ရမဲ့ အရာမဟုတ်ဘဲ Team တစ်ခုလုံးက တာဝန်အသီးသီး ခွဲဝေယူပြီးတော့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ပူးပေါင်းအားထုတ်ရမဲ့ အရာဆိုတာ...

🤝 Donor Report ရေးတဲ့အခါ အဖွဲ့အစည်းအနေနဲ့ မိမိတို့ လုပ်ခဲ့တဲ့အရာတွေ ချရေးရုံသာမကဘဲ proposal မှာ ဖော်ပြထားတဲ့ ကတိကဝတ်တွေနဲ့ စီမံကိန်း/ချက် ပန်းတိုင်ရောက်မရောက်၊ တိုးတက်မှုအခြေအနေ၊ သတ်မှတ်ထားသော ရေတိုရလဒ်/ ရေရှည်ရလဒ်များ ဘယ်လိုရရှိကြောင်း၊ မရရှိကြောင်း စတဲ့ အရာတွေကို နှိုင်းယှဥ်ရေးသားဖို့ လိုတယ် ဆိုတဲ့ အကြောင်း.... အစရှိတဲ့ အကြောင်းအရာတွေကို ထည့်သွင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို အလေ့အကျင့်ကောင်းတွေကို အချိန်ကုန် လူပင်ပန်းခံပြီးတော့ မွှေနှောက်ရှာဖွေနေဖို့ မလိုဘဲ ကိုယ့်ရဲ့နေ့စဥ်ဘဝထဲက အချိန်တစိတ်တပိုင်း ပေးရုံနဲ့ (10) နှစ်ကျော် NGO လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ ဆရာဆီကနေ လေ့လာဆွေးနွေးနိုင်ဖို့
ဒီ Free Webinar ကို လာရောက်လှည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီ Free Webinar ကို မည်သူမဆို လာရောက်လေ့လာနိုင်မှာ ဖြစ်ပြီးတော့ Webinar မစခင် တစ်ရက်အလိုမှာ Zoom Link ကို The Kap Page မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာမဲ့ ဩဂုတ်လ (2) ရက်နေ့၊ သောကြာနေ့
မြန်မာစံတော်ချိန် ည (8) နာရီမှာ ပြန်လည်ဆုံတွေ့ကြပါမယ်‌နော်။

တခြားသူငယ်ချင်း မိတ်ဆွေများလည်း ဒီ information ကို လက်မလွှတ်လိုက်ရလေအောင် share လုပ်ပေးပြီး ဝေမျှပေးလိုက်ကြရအောင်ပါ။

August (3) ရက်နေ့၊ စနေနေ့ည မှာ ဖွင့်လှစ်သွားမဲ့ Donor Report Writing Batch 2
သင်တန်းအကြောင်း စိတ်ဝင်စားပါက 👇
https://www.facebook.com/share/p/fHJeZgUZBV4uRJvt/?mibextid=oFDknk

02/08/2024

Effective Donor Report Writing Training Batch 2 Registration ယနေ့ နောက်ဆုံး ဖြစ်ပါသည်
👇🏻👇🏻👇🏻

Photos from The Kap's post 01/08/2024

အိပ်မက် ရည်မှန်းချက်ကိုယ်စီနဲ့ The Kap မှာ ရေစက်ဆုံကြရင်း တစ်လကျော်ကြာ အတူတကွ MEAL technical skills တွေ သင်ယူသွားကြမဲ့ Basic MEAL batch -13 & Intermediate MEAL batch-9 မှ ဆရာဆရာမများနှင့် အမှတ်အရပုံရိပ်များ

The Kap သင်တန်းတွေကို တက်ရောက်ဖို့ Recommendations တွေ အားရပါးရပေးကြတဲ့ The Kap မှ သင်တန်းသားဟောင်းဆရာဆရာမများအားလုံးကို အထူးကျေးဇူးတင်လျှက်ပါ။
မကြာမကြာ The Kap alumni knowledge sharing မှာ ဆုံကြမယ်နော်ဆရာဆရာမတို့ရေ 😍🥰

01/08/2024

FRIDAY Night , 8 PM Myanmar Time,
Free Webinar အတွက် zoom link လေး
share ပေးလိုက်ပါပြီနော်...🙋🏻‍♀️

Webinar မှာ ပြောသွားမဲ့ အကြောင်းအရာတွေ အကြောင်း သိရှိလိုပါက 👇🏾👇🏾👇🏾
https://www.facebook.com/share/p/XspQSTRh58jnHF4A/?mibextid=oFDknk

The Kap is inviting you to a scheduled Zoom meeting.

Topic: Best Practices for Effective Donor Report Writing!
Time: Aug 2, 2024 08:00 PM Rangoon

Join Zoom Meeting
https://us06web.zoom.us/j/85638056144?pwd=k3aD0vss0aSazKE2R1mjotU9cGSWq1.1

Meeting ID: 856 3805 6144
Passcode: 700168

01/08/2024

သင်တန်းဖွင့်လှစ်ရန် (၂) ရက်သာလိုတော့သည်။

Donor Report ရေးမဲ့ အချိန်ရောက်တိုင်း
Stress မပိစေဖို့ …
Donor report writing skill ကို
မြှင့်တင်လိုသူတိုင်းအတွက်
Effective Donor Report Writing Training Batch-2

တောင်းဆိုထားကြတဲ့အတိုင်း စနေ၊တနင်္ဂနွေ ညပိုင်း အတန်းအနေနဲ့ ဖွင့်လှစ်ထားပါတယ်နော်။

အဖွဲ့အစည်းနှင့် အလှူရှင်များအကြား ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုနှင့် ယုံကြည်မှု တည်ဆောက်ရန်ရည်ရွယ်ပြီး၊ NGO အဖွဲ့အစည်းတိုင်း ၃ လတစ်ကြိမ်/၆ လတစ်ကြိမ်/ တစ်နှစ်တစ်ကြိမ် စသဖြင့် ရေးသားရတဲ့ document ဆိုတာ အလှူရှင်အစီရင်ခံစာ ( Donor Report Writing)ပဲ ဖြစ်ပါတယ်။

အစီရင်ခံစာရေးသားတဲ့အခါ အဖွဲ့အစည်းတွေအနေနဲ့ အလှူရှင်များမှရရှိသော ရန်ပုံငွေများအပါအဝင် အရင်းအမြစ်များကို ဘယ်လို အသုံးပြုနေကြောင်း ၊ စီမံကိန်းတိုးတက်မှုအခြေအနေများ၊ Plan ထားသည့်အတိုင်း အရင်းအမြစ် (resources) များကို အသုံးပြုပြီး စီမံကိန်း/ချက် ပန်းတိုင်ရောက်မရောက်၊ တိုးတက်မှုအခြေအနေ၊ သတ်မှတ်ထားသော ရေတိုရလဒ်/ ရေရှည်ရလဒ်များ ဘယ်လိုရရှိကြောင်း၊ မရရှိကြောင်း စတဲ့စတဲ့ အကြောင်းအရာများ ထည့်သွင်းရေးသားရပါတယ်။

အတိုချုပ်ပြောရမယ်ဆိုရင် အရင်းအမြစ် (resources) များကို Plan ထားတဲ့အတိုင်း၊ proposal တွင်ဖော်ပြထားသည့်အတိုင်း အကျိုးခံစားခွင့်ရှိသူများအတွက် မည်သို့မည်ပုံ အကျိုးသက်ရောက်မှုရှိကြောင်းကို သက်သေပြရန် ရေးသားရသည့် အရေးကြီးသည့် document တစ်ခုလည်း ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်က ပွင့်လင်းမြင်သာမှုရှိရုံမက သမာသမတ်ကျတာ ထင်ဟပ်တဲ့ Report တွေဟာ Donor တွေနဲ့ ရေရှည်ဆက်ဆံရေးကို ခိုင်မြဲအားကောင်းစေပါတယ်။

💼ဒီ သင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ?
NGO/INGO များတွင် အတွေ့အကြုံရှိပြီးသော Junior သမားများ၊ အတွေ့အကြုံရှိရုံသာမက Mid Level Management ရှိသော သူများသာ ရွေးချယ် တက်ရောက်သင့်တဲ့ သင်တန်း ဖြစ်ပါတယ်။

သင်တန်းတွင်သင်ကြားပေးမည့်အကြောင်းအရာများ

MODULE 1: Introduction to Donor Reporting & Type of donor reports

MODULE 2: Understanding Donor Requirements

MODULE 3: Data Collection and Management

MODULE 4: Roles of Staff or Departments

MODULE 5: Writing the Narrative

MODULE 6: Financial Reporting

MODULE 7: Visual Aids and Presentation

MODULE 8: Review and Submission

MODULE 9: Tips and Tools for Improving Your Report Writing

ဒီသင်တန်းပြီးမြောက်သွားတဲ့အခါ Donor Expectation နဲ့ ကိုက်ညီပြီး ယုံကြည်မှု မြင့်မားစွာ တည်ဆောက်နိုင်မဲ့ ကွာလတီအပြည့် Report များ တင်ပြလာနိုင်မယ်။ Reporting Process တစ်ခုလုံး ချောမွေ့လာပြီး အဆုံးသတ်မှာတော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ စိတ်ချယုံကြည်ရတယ် ဆိုတဲ့ မိမိအဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို Donor Report တွေကနေတဆင့် တည်ဆောက်လို့ရသွားမှာပါ။

သင်တန်းအပ်နှံလိုပါက The Kap Page Messenger ကနေ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

31/07/2024

လုပ်ငန်းခွင်မှာဖြစ်စေ ဘယ်နေရာမှာမဆို
အစပိုင်း အရာရာ အဆင်ပြေချောမွေ့စွာ
မလုပ်ဆောင်နိုင်သေးခင် ဦးစွာပထမ
" Practice makes Perfect " ဆိုတဲ့ အတိုင်း အလေ့အကျင့်ကောင်းတွေ မွေးမြူဖို့လိုပါတယ်။ ပြီးရင်တော့ လိုက်နာကျင့်သုံးရပါမယ်။

Donor တွေနဲ့ အဓိက ထိတွေ့ဆက်ဆံရတဲ့ Donor Report ရေးတဲ့ အခါမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလို အလေ့အကျင့်ကောင်းတွေ tips တွေကို Free Webinar မှာ ဝေမျှပေးသွားမဲ့ သူကတော့ The Kap မှာ ဖွင့်လှစ်လျက်ရှိသော NGO လုပ်ငန်းခွင် အတွက် Effective Donor Report Writing သင်တန်းတွေရဲ့ Trainer ဆရာ စောလင်းချယ် ဖြစ်ပါတယ်။

ဆရာဟာ NGO/INGO ရဲ့ Program management ပိုင်းကို (၁၅) နှစ်ကျော် (senior management positions များဖြင့် ၁၂ နှစ်ကျော်) အတွေ့အကြုံရှိသူဖြစ်ပြီး development, humanitarian နဲ့ peacebuilding sector တွေမှာ လုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Program management ပိုင်းဖြစ်လို့ reporting ကို ကိုယ်တိုင်ရေးသားခြင်း၊ သူများရေးထားတာကို စီစစ်ခြင်း စတာတွေကို တောက်လျှောက်လုပ်လာခဲ့တဲ့ အတွေ့အကြုံတွေ အပြင် short term, long term donor မျိုးစုံနဲ့ ဆက်ဆံ အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ program development consultant အနေနဲ့ အချိန်ပိုင်းအလုပ်တွေအပြင် အရပ်ဖက် အဖွဲ့အစည်းတွေအတွက် program development advisor အနေနဲ့ အလုပ်လုပ်ပေးနေပါတယ်။

🤝 Donor Report တွေကနေ Donor နဲ့ ယုံကြည်မှု ဘယ်လို တည်ဆောက်ကြမလဲ...

🤝 ထိရောက်ကျစ်လစ်တဲ့ Donor Report တစ်ခု ဆိုတာ စကားလုံးတွေ၊ဝါကျတွေနဲ့ ဖွဲ့နွဲ့ရေးတာထက် မှန်ကန်တိကျပြီး တသမတ်ထဲ ဖြစ်ရုံမက အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တိုးတက်မှုတွေနဲ့ သက်ရောက်မှုတွေ ပါရမယ် ဆိုတဲ့အကြောင်း...

🤝Donor Report တွေမှာ ပွင့်လင်းမြင်သာမှု ပေါ်လွင်အောင် ဘယ်လို ရေးသားကြမလဲ...

🤝Donor Report ရေးတယ်ဆိုတာ တစ်ဦးတစ်ယောက်ထဲ လုပ်ရမဲ့ အရာမဟုတ်ဘဲ Team တစ်ခုလုံးက တာဝန်အသီးသီး ခွဲဝေယူပြီးတော့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ပူးပေါင်းအားထုတ်ရမဲ့ အရာဆိုတာ...

🤝 Donor Report ရေးတဲ့အခါ အဖွဲ့အစည်းအနေနဲ့ မိမိတို့ လုပ်ခဲ့တဲ့အရာတွေ ချရေးရုံသာမကဘဲ proposal မှာ ဖော်ပြထားတဲ့ ကတိကဝတ်တွေနဲ့ စီမံကိန်း/ချက် ပန်းတိုင်ရောက်မရောက်၊ တိုးတက်မှုအခြေအနေ၊ သတ်မှတ်ထားသော ရေတိုရလဒ်/ ရေရှည်ရလဒ်များ ဘယ်လိုရရှိကြောင်း၊ မရရှိကြောင်း စတဲ့ အရာတွေကို နှိုင်းယှဥ်ရေးသားဖို့ လိုတယ် ဆိုတဲ့ အကြောင်း.... အစရှိတဲ့ အကြောင်းအရာတွေကို ထည့်သွင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို အလေ့အကျင့်ကောင်းတွေကို အချိန်ကုန် လူပင်ပန်းခံပြီးတော့ မွှေနှောက်ရှာဖွေနေဖို့ မလိုဘဲ ကိုယ့်ရဲ့နေ့စဥ်ဘဝထဲက အချိန်တစိတ်တပိုင်း ပေးရုံနဲ့ (10) နှစ်ကျော် NGO လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ ဆရာဆီကနေ လေ့လာဆွေးနွေးနိုင်ဖို့
ဒီ Free Webinar ကို လာရောက်လှည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီ Free Webinar ကို မည်သူမဆို လာရောက်လေ့လာနိုင်မှာ ဖြစ်ပြီးတော့ Webinar မစခင် တစ်ရက်အလိုမှာ Zoom Link ကို The Kap Page မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာမဲ့ ဩဂုတ်လ (2) ရက်နေ့၊ သောကြာနေ့
မြန်မာစံတော်ချိန် ည (8) နာရီမှာ ပြန်လည်ဆုံတွေ့ကြပါမယ်‌နော်။

တခြားသူငယ်ချင်း မိတ်ဆွေများလည်း ဒီ information ကို လက်မလွှတ်လိုက်ရလေအောင် share လုပ်ပေးပြီး ဝေမျှပေးလိုက်ကြရအောင်ပါ။

August (3) ရက်နေ့၊ စနေနေ့ည မှာ ဖွင့်လှစ်သွားမဲ့ Donor Report Writing Batch 2
သင်တန်းအကြောင်း စိတ်ဝင်စားပါက 👇
https://www.facebook.com/share/p/fHJeZgUZBV4uRJvt/?mibextid=oFDknk

30/07/2024

သင်တန်းတက်နေရင်း
ပထမဆုံး NGO အလုပ် ရသွားတဲ့
𝗘𝗳𝗳𝗲𝗰𝘁𝗶𝘃𝗲 𝗗𝗼𝗻𝗼𝗿 𝗥𝗲𝗽𝗼𝗿𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 𝗕𝗮𝘁𝗰𝗵 𝟭 မှ
ဆရာမ 𝐒𝐚𝐧 𝐇𝐭𝐞𝐭 𝐇𝐭𝐞𝐭 𝐇𝐥𝐚 👩‍💼

" ကျွန်မကို အင်တာဗျူးတဲ့အချိန်မှာ 𝗗𝗼𝗻𝗼𝗿 𝗥𝗲𝗽𝗼𝗿𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 သင်တန်းကိုတက်ရောက်နေဆဲဖြစ်ပြီး ဆရာလင်းချယ်ရဲ့ သင်ကြားပေးမှုတွေကို ကျွန်မ ရရှိသလောက် ပြန်ပြီး ဆွေးနွေးပေးခဲ့ပါတယ်။ အခု အလုပ်ရောက်တဲ့အခါမှာလဲ ကျွန်မကိုရွေးချယ်လိုက်တာက 𝗗𝗼𝗻𝗼𝗿 𝗥𝗲𝗽𝗼𝗿𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 ကို လေ့လာနေတဲ့သူဖြစ်တဲ့အတွက်ရယ်၊ program ပိုင်းကို စိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက် ဦးစားပေးပြီး ရွေးချယ်ခဲ့တယ်ဆိုတာကို ပြန်ပြီးသိခဲ့ရပါတယ်။

အခုလက်ရှိအလုပ်မှာ ကျွန်မကဝင်တာ တစ်ပတ်ပဲ ရှိသေးတဲ့အတွက် ကျွန်မ ရဲ့ Admin & HR role အပြင်ကို Donor report နဲ့ပတ်သတ်ပြီး ဆရာမတွေဆီကနေ လေ့လာဖို့နဲ့ ကျွန်မသင်တန်းကနေရရှိထားတဲ့ အတွေ့အကြုံတွေဗဟုသုတတွေကို ပြန်ပြီး ဝေမျှလို့ရမလား မေးကြည့်တဲ့အခါ ဆရာ၊ဆရာမ တွေက လက်ခံပေးတဲ့အပြင်၊ ကျွန်မက ဒီ့ထက်ပိုပြီး program ပိုင်းကိုစိတ်ဝင်စားရင် ထဲထဲဝင်ဝင်လေ့လာခွင့်ဆက်လက်ပြီး ပေးမယ်လို့ ကြားသိရတဲ့အတွက် ကျွန်မအတွက် အများကြီးအထောက်အကူဖြစ်သလို ကျွန်မတက်ခဲ့တဲ့ 𝗗𝗼𝗻𝗼𝗿 𝗥𝗲𝗽𝗼𝗿𝘁 𝗪𝗿𝗶𝘁𝗶𝗻𝗴 ဟာလဲ အများကြီး အသုံးဝင်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်။ သင်တန်းမှာ ဆရာက တကယ့်ကို စေတနာ ထားပြီး သင်ကြားပေးတဲ့အချက်ကိုလည်း အကြိုက်ဆုံးပါ။

ကျွန်မလေ တကယ့်ကို ရွေးချယ်မှုမှန်ကန်သွားတယ်လို့ ခံစားမိတယ်။ အခုဆိုရင် ကျွန်မက NGO တစ်ခု မှာ Admin & HR Officer ရာထူးနဲ့ ပထမဆုံး အလုပ်ရသွားပါပြီ။ ဒီအဖွဲ့အစည်းမှာလဲ M&E အပိုင်းနဲ့ပတ်သက်ပြီး လိုအပ်နေတာမို့ M&E basic course ကို အခု The Kap မှာပဲ ပြန်ပြီးတက်နေပါတယ်ရှင်။ ဆက်လက်ပြီးလဲ MEAL advance level ထိိကို တက်ရောက်အုန်းမှာပါ။

ရှေ့ဆက်ပြီး The Kap ကနေ ရရှိထားတဲ့ knowledge ကို အဖွဲ့အစည်းမှာပြန်လည်အသုံးချပြီး ကျွန်မမျှော်မှန်းထားတဲ့ အနေအထားထိ ရောက်အောင် တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

နောက်အခု M&E သင်တန်းဆက်တက်နေတာကိုလည်း အဖွဲ့အစည်းအနေနဲ့ ဝမ်းသာအားရ လက်ခံပေးကြတဲ့အပြင် တကယ်လိုအပ်နေတဲ့နေရာဖြစ်လို့ သင်တန်းအတွေ့အကြုံတွေကို ယူလာခဲ့ပေးဖို့ ကမ်းလှမ်းတာလဲ ခံရတဲ့အတွက် တကယ့်ကို M&E basic course အတွက်လဲ သင်ယူရမှာ အတက်ကြွဆုံးဖြစ်နေပါပြီ... "

The Kap မှာ သင်တန်းတက်ရောက်နေဆဲမှာပဲ သင်တန်းမပြီးခင် ဆရာမရဲ့ ပထမဆုံး NGO အလုပ်ကို ရရှိသွားတဲ့အတွက် Congratulations ပါ ဆရာမရေ။ ဆရာမရဲ့ NGO Job Journey မှာ တစိတ်တပိုင်း ပါဝင်ခွင့်ရတဲ့အတွက်လည်း The Kap Team အနေနဲ့ အရမ်းကို ဝမ်းသာ ဂုဏ်ယူရပါတယ်။ နောက်ထပ် နောက်ထပ် ဒီလို success story တွေ အများကြီးကိုလည်း The Kap မှ ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားလျက် ရှိပါတယ်။

ဆရာမ တက်ရောက်ခဲ့တဲ့
Donor Report Writing သင်တန်းက
သင်တန်းအပ်နှံဖို့ အခွင့်အရေး (4) ရက်ပဲ ကျန်ပါတော့တယ်နော်...
သင်တန်းအကြောင်း စိတ်ဝင်စားပါက 👇
https://www.facebook.com/share/p/fHJeZgUZBV4uRJvt/?mibextid=oFDknk

30/07/2024

Intermediate MEAL Training
Batch 9 သင်တန်းအပ်နှံဖို့ အခွင့်အရေး ယနေ့ နောက်ဆုံး ဖြစ်ပါသည် 👇🏻👇🏻👇🏻

29/07/2024

MEAL/M&E career ကိုဘဲ တစ်စိုက်မတ်မတ်သွားမယ်လို့ရည်ရွယ်ထားတယ်ဆိုရင်…
မကြာခင်ဖွင့်မဲ့ Applied MEAL training (Intermediate Level) အတန်းက သင့်အတွက်ဘဲဖြစ်ပါတယ်။

👉ဒီသင်တန်းကို
Logical framework concept ကိုနားလည်ထားပြီး၊ Theory of Change (TOC) ကို ကိုယ်တိုင် develop လုပ်တတ်ချင်တဲ့လုပ်ငန်းခွင်ဝင်ပြီး ဆရာဆရာမတွေ၊

👉MEAL/ M&E framework ကို သေချာ လေ့လာချင်တယ်၊

👉MEAL/M&E field မှာ လုပ်ရင် မသိမဖြစ်သိရမဲ့ M&E tools တွေကို သေချာသိချင်တယ်

👉MEAL ရဲ့ common data collection tools တွေကိုလဲ သေချာ လေ့လာချင်တယ်

👉Accountability Mechanisms/ Comunity Feedback Response Mechanisms Process တစ်ခုလုံးကို ကိုယ်တိုင် တည်ဆောက်ချင်တယ်ဆိုတဲ့ ဆရာဆရာမများအတွက် ရည်ရွယ်ထားပါတယ်။

👉MEAL မှာ အနဲ့ဆုံး လုပ်ငန်း အတွေ့အကြုံ (၃) နှစ်ရှိပြီး logical framework အကြောင်းနားလည်ထားတယ်/

👉 MEAL Basic Level ကို တက်ရောက်အောင်မြင်ထားပြီးသောဆရာ ဆရာမများ အတွက် သင့်လျော်ပါတယ်။

👉သင်ကြားမှုကို zoom နဲ့ face to face သင်ကြားပေးမဲ့ အပြင် ၊ သင်တန်းပြီးဆုံးတဲ့အခါ Certificate အပါအဝင် သင်ကြားသွားတဲ့ course materials တွေပါရရှိမှာဖြစ်ပါတယ်။

👉 မီးမလာ အင်တာနက်မရရှိတဲ့နေ့ရက်တွေ အတွက်လည်း သင်ခန်းစာ လိုက်မမှီမှာ စိတ်မပူရလေအောင် Zoom record ထားရှိပေးထားမှာဖြစ်ပါတယ်။

👉လူဉီးရေ အကန့်အသတ်နဲ့ သင်ကြားပေးတဲ့ Applied MEAL training (intermediate level) Batch- 9 တက်ချင်တယ်ဆိုရင်တော့ page messager မှာ contact လုပ်ပြီးအပ်နှံလို့ရပါပြီ။

&E

29/07/2024

Basic MEAL Training Batch 13
Registration ပြည့်သွားပြီ မလို့ သင်တန်းအပ်လို့ မရတော့ပါဘူးရှင့်

29/07/2024

ဘဝမှာလိုချင်တာတွေကို အရယူနိုင်ဖို့အတွက် SMART Goal Strategy ကို ဘယ်လိုအသုံးချရမလဲ?

လူတိုင်းလူတိုင်းဟာ ဘဝမှာ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရှင်သန်ကြရပါတယ်။ သာမန်လခစားဝန်ထမ်းပဲဖြစ်‌စေ၊ ဘယ်လိုလူတန်းစားပဲ ဖြစ်နေပါစေ မျှော်မှန်းထားကြတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီကိုယ်စီ ရှိကြစမြဲပါပဲ။ ဒီလိုမျိုး လိုချင်တဲ့ရည်မှန်းချက်‌တွေနဲ့ ရောက်ချင်တဲ့ပန်းတိုင်တွေဆီကို လျှောက်လှမ်းကြတဲ့နေရာမှာ ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်လာဖို့ဆိုရင် နည်းမှန်လမ်းမှန် ဖြစ်ဖို့လိုတယ်နော်။

ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးဖြစ်စေ၊
ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်လာဖို့ဆိုရင် “SMART” Goal Strategy ကို ဘယ်လိုအသုံးချမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

S - specific

တိကျခိုင်လုံမှုရှိရမယ်၊ရှင်းလင်းပြတ်သားရပါမယ်။ ပန်းတိုင်အကြီးကြီးတစ်ခုကို သာမန်ကာလျှံကာ ချမှတ်လိုက်တာမျိုးထက် တဆင့်ချင်းစီ သေးသေးလေးကအစ စီစဉ်ရပါမယ်။ ဉပမာ “ငါရာထူးတိုးချင်တယ်” ဆိုတာမျိုးမဟုတ်ဘဲ “ငါနောက်၆လအတွင်း …..ရာထူးတိုးရဖို့အတွက် လိုအပ်တဲ့….သင်တန်းတွေကို ထပ်တက်မယ်၊ projectတွေမှာ ဘယ်လိုမျိုး အင်တိုက်အားတိုက် ပါဝင်မယ်” စသဖြင့် တိကျပြတ်သားမှု ရှိရပါမယ်။

M - measurable

တိုင်းတာနိုင်ရပါမယ်။ သင်တန်းတွေ တက်တယ်ဆိုတဲ့ နေရာမှာ “သင်တန်းဘယ်နှခုတက်မှာလဲ? တစ်နေ့ကို သင်ခန်းစာဘယ်နှစ်ခုပြီးအောင် လေ့လာမှာလဲ? သင်တန်းဘယ်နှစ်ခုပြီးရင် ကိုယ်ဘယ်လောက် တိုးတက်လာမှာလဲ? စသဖြင့် small stepsလေးတွေပြီးမြောက်တိုင်း ထွက်လာတဲ့ရလဒ်တွေက သိသာတဲ့ သို့မဟုတ် တိုင်းတာလို့ရတဲ့ အနေအထားမျိုး ဖြစ်ရပါမယ်။

A - achievable

အမှန်တကယ် ဖြစ်နိုင်ချေရှိတဲ့ Goal ဖြစ်ရပါမယ်။ တစ်လကို ၃သိန်း ၄သိန်းလောက်ပဲ ဝင်ငွေရှိတဲ့သူက နေ့ချင်းညချင်း Billionaire ဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေနော်။ ပြောရမယ်ဆိုရင် ဒါက Goalမဟုတ်ဘဲ Wishသက်သက်သာ ဖြစ်ပါတယ်။ မဖြစ်နိုင်တာကြီးကို ဖြစ်လာဖို့ မျှော်လင့်နေမယ်ဆိုရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုလျော့နည်းလာပြီး စိတ်ဓာတ်ကျလာဖို့ပဲ ရှိတာ‌ကြောင့် Goalတစ်ခု ချမှတ်‌တော့မယ်ဆိုရင် ကိုယ်တကယ်လုပ်နိုင်တဲ့ အရာဖြစ်ဖို့ သတိ‌ပြုပါ။

R - relevant

ဆီလျော်မှု ရှိရပါမယ်။ ဆိုပါစို့ ကိုယ်က အသက်၃၀မှာ တစ်လကို သိန်း၁၀၀ ဝင်‌ငွေရှိပြီးတော့ မိသားစုကို ပြန်လည်ထောက်ပံ့နိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ် ဆိုရင် ခုနက “နောက်၆လအတွင်း ကိုယ်လိုချင်တဲ့ ဒီ …..ရာထူးတိုးရမယ်” ဆိုတဲ့ Goalက အသက်၃၀မှာ ဖြစ်လာရမယ့် Future Goalအတွက် အထောက်အပံ့ပြုပေးတဲ့အရာ ဖြစ်ဖို့လိုပါတယ်။

T - (time-bound)

Deadline ရှိရပါမယ်။ ပန်းတိုင်တွေတော့ ချမှတ်ထားပါရဲ့၊ ဖြစ်ချင်တာတွေလည်း ရှိပါရဲ့ သို့ပေမယ့် အချိန်အတိုင်းအတာတစ်ခုအတွင်း အောင်အောင်မြင်မြင် ပြီးမြောက်ရမယ်ဆိုပြီး မကန့်သတ်ထားဘူးဆိုရင် ကောက်ရိုးမီးလို အစပိုင်းတော့ သင်တန်းတွေ အားတက်သရောတက်လိုက် နည်းနည်းလေးကြာလာရင် အကြောင်းအမျိုးမျိုးပြပြီး ပျက်လိုက် အသိစိတ်ပြန်ဝင်လာမှ ပြန်တက်လိုက်နဲ့ တဝဲလည်လည်ဖြစ်ပြီး လိုရာမရောက်ဖြစ်နေရပါလိမ့်မယ်။

ဒါကြောင့် ဘယ်လိုပန်းတိုင်မျိုးမဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကိုယ်လိုချင်တာရဖို့ ကြိုးစားတော့မယ်ဆိုရင် ဒီလို Stradegyကောင်းကောင်းတစ်ခုကို အသုံးပြုပြီး planအတိုင်း တဆင့်ချင်းစီ အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

(TheKap’volunteer)

Photos from The Kap's post 28/07/2024

ဒီနေ့ရဲ့ ‘On-ground challenges in MEAL’ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲလေးမှာ Local NGO/ INGO & UN အဖွဲ့အစည်းများစွာရဲ့ MEAL team က ဆရာဆရာမများအပြင်၊ Logistics, Project implementation ကို lead လုပ်နေတဲ့ဆရာဆရာမများစွာလည်း တက်ရောက်လာကြပါတယ်။

ကိုယ့်အတွေ့အကြုံတွေကို အခြေခံပြီး MEAL activities လုပ်ရင်းကြုံတွေ့နေရတဲ့ challenges တွေကိုဘယ်လိုဖြေရှင်းနေလဲ၊ ဖြေရှင်းခဲ့ကြလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးပြောပြပေးသွားကြတဲ့ MEAL မှ ဆရာဆရာမအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်။

နောက်လရဲ့ Alumni Knowledge sharing session မှာပြန် ဆုံကြမယ်နော်။

အားလုံး good night ပါနော်။

27/07/2024

MEAL/M&E သမားများအတွက် လုပ်ငန်းခွင်စိန်ခေါ်မှုအခက်အခဲတွေကို အတူတကွ ဝိုင်းဝန်းအဖြေရှာနိုင်ရန်ရည်ရွယ်ချက်ဖြင့်

ဒီလရဲ့ The Kap Alumni free knowledge sharing session မှာတော့
MEAL training alumni community များအတွက် MEAL/M&E field ထဲမှာ နေ့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို အခြေပြုပြီး ဖြေရှင်းနည်းများကို အတူတကွ ရှာဖွေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဆွေးနွေးမဲ့ အစီအစဉ်ကို The Kap MEAL trainer များမှ facilitate လုပ်ပေးသွားမှာဖြစ်ပါတယ်။

ကဲ့ The Kap MEAL training alumni ဆရာဆရာမများ ကိုယ်နေ့စဉ်လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ MEAL နဲ့ ပတ်သက်တဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို list လုပ်ထားပြီး မနက်ဖြန် zoom မှာဆုံပြီး ဆွေးနွေးကြမယ်နော်။

Zoom link ကို Alumni group ထဲမှာ share ထားပေးမှာမို့ alumni group ကို မ ဝင်ရေသးတဲ့ ဆရာဆရာမများရှိလျှင် The Kap page messager ကိုဆက်သွယ်လို့ရပါတယ်ရှင့်။

ဆရာဆရာမ အားလုံးဘဲ မနက်ဖြန် မှာ ဆုံကြမယ်နော်။

knowledge sharing session

26/07/2024

NGO/INGO တွေရဲ့ Logistic & Supply Chain Management အပိုင်းမှာ Professional ကျကျ ၀င်ရောက်လုပ်ကိုင်ဖို့ ရည်မှန်းထားပြီ ဆိုရင်တော့ ဒီသင်တန်းက သင့်အတွက်ပါ။

NGOs/INGOs အလုပ်ခေါ်စာတွေမှာ
Logistics & Supply Chain နဲ့ ပတ်သက်တဲ့ staff, coordinator, assistant, officer စတဲ့ position တွေကို အလုပ်ခေါ်စာတွေမှာ တွေ့လို့
စိတ်ဝင်စားပေမဲ့ အတွေ့အကြုံမရှိတော့ ဘယ်လိုလျှောက်ရမယ်မှန်း မသိလမ်းပျောက်ကာ စမ်းတဝါးဝါး ​ဖြစ်နေပါသလား?
ဒါဆိုရင်တော့ ဒီ သင်တန်းကိုသာ တက်ရောက်လိုက်ပါ။

ဒီ သင်တန်းကို ဘယ်သူတွေတက်ရောက်သင့်သလဲ?
✅ထိရောက်မှန်ကန်တဲ့ နည်းဗျူဟာများဖြင့် NGO/INGO များရှိ Logistic & Supply Chain Management အပိုင်းတွင် Professional ကျကျ စတင် ၀င်ရောက်လုပ်ကိုင်ဖို့ ရည်မှန်းထားသူများ၊

✅ခုမှစ အလုပ်ဝင်နေတဲ့ junior သမားများ မည်သူမဆို တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။

NGOs/INGOs တွေမှာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါ အရေးပေါ် အခြေအနေ၊ ပုံမှန် အခြေအနေတွေပေါ် မူတည်ပြီးတော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ cost-effective ဖြစ်အောင် အချိန်မီနဲ့ ရေရှည်ပို့ဆောင်ရရှိနိုင်ဖို့ လမ်းကြောင်းတွေကို စီစဉ်ရပါတယ်....

👉ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဒုက္ခရောက်နေတဲ့သူတွေ ဘေးကင်းရာ ရွေ့ပြောင်းပေးတာ၊ အရေးပေါ်လိုအပ်တဲ့အခါ လိုအပ်တဲ့နေရာတွေမှာ လိုအပ်နေတဲ့ communities အတွက်ချက်ချင်း အကူအညီပေးနိုင်ဖို့ ထောက်ပံ့ရေး အကူအညီ ပစ္စည်းတွေ (ဥပမာ- အစားအစာ၊ဆေးဝါး၊ မရှိမဖြစ် အသုံးအဆောင်တွေ အစရှိသဖြင့်) ကို Supplier တွေထံကနေ ကြိုတင်စုဆောင်းတာ၊ သိုလှောင်တာ၊ အလေအလွင့်မရှိ၊ မပျက်စီးအောင် အမြဲ ထိန်းသိမ်းတာ၊ ဒါတင်မက လိုအပ်သလောက် ပမာဏကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ cost-effective ဖြစ်အောင် အချိန်မီနဲ့ ရေရှည်ပို့ဆောင်ရရှိနိုင်ဖို့လမ်းကြောင်းတွေကို စီစဉ်ရတာ၊ Challenge အရမ်းဖြစ်တဲ့ အခြေအနေတွေမှာ ဘယ်လို ရုန်းကန်အကောင်အထည်ဖော်ရတာ.. စတဲ့
စတဲ့ လုပ်ငန်းတွေကို ထိရောက်မှန်ကန်တဲ့ အစီအစဥ်တွေ၊ နည်းဗျူဟာတွေနဲ့ Professional ကျကျ ကိုယ်တိုင် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ဖို့အတွက်ဆိုရင် " Logistics and Supply Chain Management " skills ရှိမှ ရမှာဖြစ်ပါတယ်။

👉ဒီသင်တန်းမှာ သင်ပေးမဲ့အကြောင်းအရာတွေကတော့
• Navigating Supply Chains in Humanitarian Contexts
• Exploring the distinctions between Supply Chain and Logistics
• Components of Supply Chain in International NGOs
• Foundations of Procurement Management
• Essentials of Asset Management
• Fleet and Transport Management Basics
• Warehouse Management Fundamentals
• Integrating People, Processes, and Technology တွေဘဲဖြစ်ပါတယ်။

သင်တန်းအပ်နှံလိုပါက The Kap Page Messenger ကနေတဆင့်
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง วาณิชย์ ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

NGO လျှောက်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် မရှိမဖြစ် Essential Skill တစ်ခုက Microsoft Excel ကျွမ်းကျင်မှုဘဲ ဖြစ်ပါတယ်။ဘာကြော...
စိတ်ကျန်းမာရေး (mental Health) ဆိုတာ...#thekap #training #research #consultancy #mentalhealth
NGO မှာ Internship လုပ်ရင် ဘာခံစားခွင့်တွေရှိလဲ...Video ထဲမှာ 🇮🇳 နိုင်ငံရဲ့ နောက်ခံ ရေခဲတောင် ရူခင်းတွေကို ဗဟုသုတအနေနဲ့ ...
ကမ္ဘာတစ်ဝှမ်းက NGO အလုပ်ခေါ်စာ၊ internship နှင့် volunteer အလုပ်ခေါ်စာတွေကို ရှာဖွေနည်း #ngojobs #worldwide
" နှစ်သစ်ကူးရုံးပိတ်ရက် အသိပေး ကြေညာခြင်း "
ထိုင်းနိုင်ငံအတွင်း NGO အလုပ်အကိုင်အခွင့်အလှမ်းရှာဖွေနေသူများအတွက် မသိမဖြစ် သိထားရမည့်အချက်များ - အပိုင်း-၄ (နောက်ဆုံးပိ...
ထိုင်းနိုင်ငံအတွင်း NGO အလုပ်အကိုင်အခွင့်အလှမ်းရှာဖွေနေသူများအတွက် မသိမဖြစ် သိထားရမည့်အချက်များ - အပိုင်း-3အပိုင်း - ၁, ...
ထိုင်းနိုင်ငံအတွင်း NGO အလုပ်အကိုင်အခွင့်အလှမ်းရှာဖွေနေသူများအတွက် မသိမဖြစ် သိထားရမည့်အချက်များ - အပိုင်း-၂ အပိုင်း (၃) ...
ထိုင်းနိုင်ငံတွင်း NGO အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေသူများအတွက် ရည်ရွယ်ပါသည်။
ထိုင်းနိုင်ငံက NGO sector မှာ အလုပ်ရှာနေသူများအတွက် ရည်ရွယ်ပြီး  အလုပ်ခေါ်စာရှာနည်း၊ အလုပ်ခေါ်စာတွေမှာ ပါတဲ့ ဘယ်အချက်တွေ...
ထိုင်းနိုင်ငံက NGO sector မှာ အလုပ်ရှာနေသူများအတွက် ရည်ရွယ်ပြီး  အလုပ်ခေါ်စာရှာနည်း၊ အလုပ်ခေါ်စာတွေမှာ ပါတဲ့ ဘယ်အချက်တွေ...
Voices from Admin HR Batch 2 !

เว็บไซต์

ที่อยู่


Chiang Mai

หน่วยงานให้คำปรึกษา อื่นๆใน Chiang Mai (แสดงผลทั้งหมด)
F.Keen Accounting Services รับทำบัญชี F.Keen Accounting Services รับทำบัญชี
Chiang Mai, 50140

รับทำบัญชี (รายเดือน/รายปี) ตรวจสอบบัญชี จดทะเบียนนิติบุคคล ทะเบียนพาณิชย์ รับยื่นภาษี ประกันสังคม

The Unicorn The Unicorn
Chiang Mai, 56489

เที่ยวกัน 5G

CoachAnchaคอร์สสอนออนไลน์สำหรับวัยเกษียณแบบจับมือทำครูส้มโอส่งออกAEC CoachAnchaคอร์สสอนออนไลน์สำหรับวัยเกษียณแบบจับมือทำครูส้มโอส่งออกAEC
704/1 หมู่1 ตำบลริมใต้ อำเภอแม่ริม
Chiang Mai, 50180

เรียนรู้การทำธุรกิจออนไลน์แบบจับมือทำรวดเร็วครบจบในวันเดียว

York Cnx. York Cnx.
Chiang Mai, 50100

ศูนย์แนะแนวการศึกษาต่อต่างประเทศ

Rosebud Visa Rosebud Visa
ลัดดารมย์ Chiang Mai
Chiang Mai, 50300

Rosebud Visa Services is the best visa agency in Chiangmai, Thailand Education visa LTR visa Retirement Visa American Visa Schengen visa We handle your needs with care and profess...

ที่ปรึกษาธุรกิจ ใจเหนือ - Jai Nuea Business consultant services ที่ปรึกษาธุรกิจ ใจเหนือ - Jai Nuea Business consultant services
Chiang Mai, 50130

ทีมงานที่ปรึกษา SMEs ผู้ให้คำแนะนำอย่?

Pyi Kyaw Kaung Pyi Kyaw Kaung
Huaykaew Soi 3
Chiang Mai, 50300

ထိုင်းနိုင်ငံ ရွှေ့ပြောင်းအခြေချ အ?

CAMT CARE CAMT CARE
หน่วยพัฒนาคุณภาพนักศึกษาวิทยาลัยศิลปะ สื่อ เเละเทคโนโลยี มหาวิทยาลัยChiang Mai
Chiang Mai, 50200

CAMT CARE เป็นหนึ่งช่องทางที่จะช่วยเหลือ

The Way to CFP The Way to CFP
บ้านเอื้ออาทรหนองหอย 2
Chiang Mai, 50000

จริงใจ เข้าใจ บริการที่ดีอย่างต่อเนื่อง ก้าวหน้าด้วยการแนะนำปากต่อปาก

ศูนย์ไกล่เกลี่ยข้อพิพาทภาคประชาชนตำบลดอยหล่อ ศูนย์ไกล่เกลี่ยข้อพิพาทภาคประชาชนตำบลดอยหล่อ
ที่ทำการองค์การบริหารส่วนตำบลดอยหล่อ
Chiang Mai, 50160

ศูนย์ไกล่เกลี่ยข้อพิพาทภาคประชาชน?

Mymillionair Cnx LeaderGroup Mymillionair Cnx LeaderGroup
ศูนย์ขยายงานลีดเดอร์กรุ้ป (บ ซัมซุงประกันชีวิต ประเทศไทย (มหาชน) จำกัด)
Chiang Mai, 50200

บริการให้คำปรึกษาด้านการเงิน วางแผนการเก็บออม การรักษาพยาบาล