Videos by Mae Fah Luang Agency, Kyaing Tong. ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ်ကို အခမဲ့ကျောင်းလျှောက်ကူညီပေးပါသည်။
Morning Glory at MFU: Peaceful Sunrise and Flag Raising! Video credit: @Victor Chiew
Hello အားလုံးပဲ မင်္ဂလာပါ😊 အရင်တစ်လပြောတဲ့အတိုင်း MFU မှာရှိတဲ့ major နဲ့ ပတ်သက်ပြီးမေးထားတဲ့မေးခွန်းတွေကိုစုပြီး major အလိုက် ကျောင်းတက်နေတဲ့ မြန်မာကျောင်းသူကျောင်းသားများကို interview ထားတဲ့ video ပါ။ ကိုယ်စိတ်ဝင်စားတဲ့ major ကနေ စကြည့်လို့ရပါတယ်။ Business Administration 00:21 Hospitality Industry Management 04:55 Tourism Management 10:38 Economic 23:03 Accounting 33:09 Aviation Business Management 37:58 Logistics and Supply Chain Management 45:06 Software Engineering 51:08 Computer Engineering 55:34 Multimedia Technology and Animation 01:03:17 Public Health 01:06:58 Beauty Technology 01:14:31 English 01:20:10 Thai Language and Culture for Foreigners 01:25:53 Postharvest Technology and Logistics (Dual Degree) 01:33:27 International Development 01:37:13 Interview တဲ့မေးခွန်းတွေက အများစုမေးကြတဲ့မေးခွန်း ဖြစ်ပါတယ်။ Major Interview questions 1. Self-introduction (Name, Major, Year) 2. ဒီ major ကိုဘာကြောင့်ရွေးတာလဲ။ 3. ဒီ major က ဘာတွေသင်တာလဲ။ 4. MFU မှာ ဒီ major ရဲ့ သင်ကြားမှုပုံစံကဘယ်လိုလဲ။ 5. ဒီ major တက်ရတာအဆင်ပြေလား။ (Experience Sharing) 6. MFU မှာ ဒီ major တက်ချင်ရင် ဖြစ်နိုင်တဲ့ Challenge ကို ဘယ်လိုကြိုတင်ပြင်ဆင်ထားရမှာလဲ။ 7. MFU မှာ ဒီ major တက်ရင် ဘာ opport
International students တို့ visa သက်တမ်းတိုးခြင်း၊ ရက် ၉၀ report တင်ခြင်း တို့ အတွက် Chiang Rai Immigration Office သို့သွားရန် MFU မှ လစဥ် Bus ကား စီစဉ်ပေးပါသည်။ Note: Student Visa သက်တမ်း ၁ ခါတိုးလျှင် ၁ နှစ်သက်တမ်းရသည်။ Visa သက်တမ်းမကုန်ခင် 45 ရက်အတွင်း သက်တမ်းသွားတိုးနိုင်သည်။ Visa extension fee: 1,900 Baht. သက်တမ်းကျော်နေထိုင်ပါက ၁ ရက် ဒဏ်ငွေ Baht 500 ပေးရမည်။ ရက် ၉၀ ၁ ခါ 90 days report တင်ရပါသည်။ သက်တမ်းမကုန်ခင် 14 ရက်အတွင်းသက်တမ်းတိုးနိုင်သည်။ 90 days report: no fee. သက်တမ်းကျော်ပြီး report မတင်ပါက ဒဏ်ငွေ 2000~5000 Baht ပေးရပါမည်။
မြန်မာပြည်မှာ ဆေးကျောင်း M.B.B.S ဘွဲ့ရထားပြီး MFU မှာ M.Sc. Dermatology ကို တက်ခဲ့ပြီး ဘွဲ့လာယူသည့် ဆရာဝန် အစ်ကိုအစ်မတို့ကို Interview ခြင်း။ Note: MFU ရဲ့ School of Anti-Aging and Regenerative Medicine က Bangkok campus မှာ တက်ရပါတယ်။ ကျန်တဲ့ School က Chiang Rai main campus မှာ တက်ရပါတယ်။ ဒီ School အောက်မှာ major ၃ ခု ရှိပါတယ်။ M.Sc. Dermatology (ဒီ major တက်ရန် MBBS ဘွဲ့လိုသည်) M.Sc. Anti-Aging and Regenerative Medicine (ဒီ major တက်ရန် MBBS ဘွဲ့လိုသည်) M.Sc. Anti-Aging and Regenerative Science (Bachelor ဘွဲ့ ၁ ခုခုရှိရင်တက်လို့ရပါတယ်) *** MFU မှာ ဆေးကျောင်း Bachelor ကို ထိုင်းနိုင်ငံသားပဲလက်ခံပါတယ်။ International Student တက်လို့မရပါ။ ***
MFU မှာ Master ဘွဲ့ရတဲ့ မြန်မာအစ်ကိုအစ်မ ကို interview ခြင်း။ M.Sc. Food Science and Technology M.B.A. Business Administration Note: M.B.A. Business Administration major က အခု MFU မှာ မရှိတော့ပါ။ M.B.A. International Logistics and Supply Chain Management တော့ရှိပါတယ်။