Win Win Thu

Win Win Thu

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Win Thu, Shopping & retail, .

Photos from Win Win Thu's post 05/09/2023

ဒီပတ်စားဖြစ်တာလေး

04/12/2022

လေ့လာမှတ်သားထိုင်းစကား
🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭
Crd @ Photo

Photos from Win Win Thu's post 04/12/2022

လေ့လာမှတ်သားထိုင်းစကား
🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭
Crd @ Photo

24/11/2022

ဆေးရုံးဆေခန်းသွားတဲ့အခါမှာအသုံး၀င်းမဲ့စကားများ

Photos from Win Win Thu's post 15/06/2022

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဒီပဲယင်းမြို့နယ်မူးကမ်းကြီးကျေးရွာတွင်စကစနဲ့ပျူဝင်ရောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တစ်ဦးကျဆုံး

june:::15

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဒီပဲယင်းမြို့နယ်မူးကမ်းကြီးကျေးရွာတွင်စကစနဲ့ပျူများမနေ့မနက်ကဝင်ရောက်ပီးအိမ်ခြေ ၅၀ ဝန်ကျင်မီးရှို့ခဲ့ပီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလက်နက်ကြီးကျည်ကြောင့် ကျဆုံးခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရှိရ

သီးလုံးနဲ့ ညောင်ကိုင်း မြင်းစီးပျူတွေနဲ့စုပေါင်းပီးဝင်မွှေးစခဘက်ကအသေအပျောက်မသိရသေးပျူ ၁၀၀ ဝန်ကျင်​ကျော်ဝင်ရောက်လာပီး လက်နက်ကြီးများနဲ့ရမ်းသမ်းပစ်ခတ်မူကြောင့် အထိအခိုက်ရှိကြောင်း သိရှိရ

နောက်ဆက်တွဲတင်ပြပေးပါ့မယ်။

ကျွန်တော်တို့သတင်းတင်တာနောက်ကျသွားရင်တောင်ပန့်ပါတယ်။

#ရွှေဘိုမြေပြင်သတင်းအဖွဲ့

Photos from Win Win Thu's post 19/03/2022

အမလေးလေး😲 မရမ်းချိုသီးလေးတွေ 😋🤤
စားချင်လိုက်တာနော်💟 လုပ်နည်း👇🏻

အရည်ပုံစံ
ငံပြာရည် ပုဇွန်ခြောက်မှုန့် (သို့) သကြား (သို့) အချိုမှုန့် ငရုတ်သီးမှုန့် မရမ်းချိုသီးထည့်နယ်စားရုံဘဲနော်

အမှုန့်ပုံစံ
ငရုတ်သီးစိမ်းမှုန့် သကြား ဆားနည်းနည်းရောပြီး
မရမ်းသီး၂ခြမ်းခွဲထည့်လိုက်ရင်ရပါပြီ

Credit photos

26/08/2021

“ထားလိုက်တော့ ”

ဒါဟာကျွန်တော်တို့ လူတစ်ယောက်ကို စိတ်တိုသွားလို့ပဲဖြစ်ဖြစ် အမြင်မကြည်လို့ ကိုယ်မျှော်လင့်သလို
မဖြစ်လာတဲ့အခါတွေမှာ ပြောတတ်တဲ့စကားတခွန်း...

ပြောလက်စ စကားတွေ ရပ်တန့်ချင်တဲ့အခါ...
တဖက်လူအပေါ် မကျေနပ်တဲ့အခါ...
ဒေါသထွက်လွန်းလို့မဟုတ်ပေမဲ့
လက်လျှော့လိုက်တတ်တဲ့ စကားတခွန်း...

ပြောလိုက်တဲ့သူအနေနဲ့လဲ ၀မ်းနည်းရသလို...
အပြောခံရတဲ့ သူအတွက်လဲ စိတ်ခုစရာ စကားကြီးပါ...

ဘာရယ်မဟုတ်ဘူး ပြောလိုက်တဲ့စကားတခွန်းကြောင့်
တဖက်လူနဲ့ ကိုယ့်ကြားမှာ ကတောက်ကဆလေးတွေ
ရှိလာနိုင်ပါတယ်...

ဒါကြောင့် စကားလေးတခွန်းတည်းနဲ့
ခင်မင်မှု မပျက်ပါစေနဲ့ ....♡"

#𝙿𝚒𝚗𝚎

14/08/2021

ကိုယ့်မှာတော့ လူတစ်ယောက်နဲ့ ခင်မင်တယ်ဆိုရင်တောင် အဲ့လူနဲ့ အမြဲတမ်း တစ်ချိန်လုံးကြီး စကားတွေ ပြောမနေချင်တဲ့ အကျင့်ရှိတယ်။

ကိုယ်တိုင်က Own Spaceအရမ်းများတဲ့ လူမိုလို့လားပဲ။ကိုယ့်အတွက်နဲ့တင်ကိုယ့်အချိန်က ပြည့်နေတာ။
အဲ့လိုဆိုလို့ မိသားစု၊သူငယ်ချင်းတွေကိုအချိန်မပေးတဲ့ လူလားဆိုရင် မဟုတ်ပြန်ဘူး တစ်နေ့မှာအချိန်နည်းနည်းတော့ ပေးတတ်ပါတယ်။

သို့ပေမဲ့ တစ်ချိန်လုံးထမင်းစားရေသောက်နေကြောင်းကို မပြောပြတတ်ဘူး။အဲ့ဒါဟာမချစ်လို့လည်း မဟုတ်ဘူး၊မခင်လို့လည်း မဟုတ်ဘူး။ ကိုယ့်ဗီဇပဲ...။တစ်ချိန်လုံးစကားတွေပြောနေရလည်း စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုက ရချင်မှရတာလေ။အပြစ်အနာအဆာတွေ တွေ့ပြီး အချင်းချင်းကတောက်ကဆဖြစ်ဖို့က ပိုရာခိုင်နှုန်းများတယ်။

ပြီးတော့ ကိုယ့်ဆီမှာ လူတစ်ယောက်​က ကိုယ့်အကြောင်းတွေကို လိုတာထက်ပိုသိနေတာကိုမကြိုက်တဲ့အကျင့်ရှိတယ်။ဥပမာ တစ်နေ့တာလုပ်ဆောင်နေသမျှမေးနေတာမျိုး ၊ ဘာလုပ်နေလဲ တစ်ချိန်လုံးလိုက်မေးနေတာမျိုးဆိုရင် ကျဉ်းကျပ်လာရော..။

အဲ့အကျင့်တွေက ကိုယ့်ရဲ့Lifeအရ တဖြေးဖြေးဖြစ်လာတာ။အဲ့လိုဆိုတိုင်းမင်းကအထီးကျန်နေတာလို့ လာပြောလို့မရဘူး။ကိုယ်ပိုင်အချိန်အရမ်းများရုံပဲ။
ရုပ်ရှင်လေးကြည့်နေတာကအစ မအားဘူးလို့ပြောချင်လည်းပြောတတ်တာ..မင်းရုပ်ရှင်ကြည့်နေတာအလုပ်လားလို့ လာမမေးနဲ့ ဒါကျွန်တော့်အတွက်အလုပ်ပဲ။

သို့ပေမဲ့ တစ်ချိန်လုံးအဖက်မလုပ်ပဲနေထိုင်တာတော့မဟုတ်ဘူး။ပြောစရာရှိတာပြော၊လုပ်စရာရှိတာတွေလုပ်ပေးပြီးရင်တော့ ကိုယ့်ဘာသာလေးပဲ နားအေးပါးအေးနေချင်တယ်။

ကိုယ့်မှာအရမ်းကြီးရင်းနှီးတဲ့လူတွေနဲ့ဆိုရင်တော့
ပြောနေတာတွေရှိပါတယ်။အဲ့ဒါဟာ တကယ်ရှားလွန်းတယ်။စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဆိုတာ လုပ်ယူလို့မှမရတာ။

သိပ်မရင်းနှီးတဲ့လူတွေနဲ့ အမြဲစကားပြောနေရတာကို
သိပ်မကြိုက်တတ်ဘူး။ဒါတွေကြောင့်ပဲ တစ်ချို့မိတ်ဆွေတွေနဲ့အင်မတန် ပြဿနာဖြစ်ရတယ်။

တကယ်တော့ တစ်ယောက်နဲ့တစ်ယောက်က Typeတွေမတူကြတာကို မေ့နေကြပုံပါပဲ။
ကျွန်တော်ကတော့ Own Spaceသိပ်များတဲ့ Typeပါ
ပြီးတော့ ကိုယ့်အကြောင်းတွေကို လူတွေသိပ်မသိစေချင်တဲ့Typeပေါ့..။

တစ်ခုတော့ရှိတယ် ကိုယ်ပိုင်ကမ္ဘာထဲဆွဲသွင်းထားတတ်တဲ့လူတွေ..ကျွန်တော် သိပ်ကိုချစ်ရတဲ့လူတွေပေါ့။ဒါဟာ သိပ်ရှားလွန်းပါတယ်။

22/07/2021

မတန်မရာ လူကယ်ပြန်ရာထူး
ယူထားတဲ့ မသာမက
ဒီလိုအချိန်မှာ ဆေးလိုက်မဖြန်းပဲ
ဘယ်နေရာသွား နှစ်ပါးသွားကနေလည်း

တိုင်းပြည်ကိုကယ်တင်နိုင်တာ
ကျွန်တော်တို့ပဲရှိတယ်ဆိုတဲ့
သေချင်းဆိုးကကော
အခုဘယ်သင်္ချိုင်းရောက်နေပြီလည်း

ပိုက်ဆံ ၄၀၀၀၀ ​ဝေတာ
သူ့ပိုက်ဆံမှမဟုတ်တာ
နိုင်ငံတော်ပိုက်ဆံပါဆိုသူတွေကော
အခုကောရကြသေးရဲ့လား
အဆင်မှပြေကြပါရဲ့လား

နိုင်ငံရေးစိတ်မဝင်စားဘူး
ဘယ်သူတက်တက်
ကိုယ်လုပ်မှကိုယ်စားရတာဆိုသူတွေ
ဈေးရောင်းဈေးဝယ်အဆင်ပြေကြရဲ့လား
ကျန်းမာရေးအတွက်ကော
အာမခံချက်ရှိရဲ့လား

အတွေးအခေါ် အသိဥာဏ်
အသုံးမကျတဲ့လူတွေကြောင့်
တိုင်းပြည်ဟာတဖြည်းတဖြည်း
ချောက်ထဲတောင်မဟုတ်တော့ဘူး
အဝီစိထိပါထိုးဆင်းနေပြီ။

Moon crd

20/07/2021

-အဆိုးရွားဆုံး
-အရက်စက်ဆုံး
-အယုတ်မာဆုံး
-ဦးနှောက်မရှိဆုံး
-ဉာဏ်ပညာမရှိဆုံး
-စက်ဆုပ်ရွံရှာဖို့အကောင်းဆုံး
-မနာလိုစိတ်အရှိဆုံး
-သောက်သုံးမကျဆုံး
#စစ်ခေါင်းဆောင်
#စစ်ဘီလူး

Crd

Photos from Win Win Thu's post 20/07/2021

နွားတော့ နွားဘဲ့
လယ်ထွန်လို့လည်း မရ
လှည်းဆွဲလို့လည်းမရ
ဘာမှစောက်သုံးမကျတဲ့ တိရစ္ဆာန်

Crd

16/07/2021

ရှင်သန်ရတာ အနှစ် ၂၀ ဝန်းကျင်ပဲ ရှိသေးတဲ့
ဘဝတစ်ခုမှာတောင် ငါဟာ
လူ့ဘဝကိုအတော်စိတ်ကုန်နေခဲ့ပါတယ်

ဒါကြောင့်လည်း ဘယ်နေရာကိုမဆို
ထွက်သွားဖို့အမြဲ အသင့်ဖြစ်နေခဲ့ပြီး
ဘယ်အရာကိုမှ ထွေထူးပြီး ကြောက်မနေတတ်ခဲ့ဘူး။

သေရဲတာမှသတ္တိမဟုတ်ဘဲ
နေရဲတာလည်းသတ္တိပဲလို့
အံကျိတ်ရင်းရှင်သန်နေထိုင်ခဲ့ရုံပါပဲ

ခက်ခက်ခဲခဲပြန်ထူထလိုက်
လောကဓံက ပြန်ရိုက်ချလိုက်နဲ့
ငါဟာ ဘယ်နေ့အဆုံးသတ်ရမလဲလို့ပဲ
တစ်ခါတလေထိုင်စောင့်နေလိုက်ချင်တယ်

ဒါတောင် ငါဟာ လူသားဆန်ခဲ့တယ်
ကြင်နာတတ်တယ်၊အလုပ်ကြိုးစားတယ်
ရည်မှန်းချက်ကြီးတယ်၊သစ္စာတရားကြီးမားတယ်

တကယ်လို့များ ငါဆိုတဲ့ ကြယ်သာကြွေခဲ့ရင်
ဘယ်သူ့ကိုမှ ထွေထူးပြီးဝမ်းမနည်းစေချင်ပါဘူး
ငါဟာ ကြွေချင်နေတဲ့ကြယ်မိုလို့၊
အအိပ်မက်တဲ့ ကြယ်မိုလို့

သေတာဟာ လွတ်မြောက်ခြင်းလို့
အမြဲတွေးနေတတ်ခဲ့လို့ပေါ့။

- Nayvel -
Motivation

15/07/2021

ရွှေခိုး
ငွေခိုး
လေပါခိုး
စခတွေရဲ့အကျင့်ဆိုး။

Crd

Photos from Win Win Thu's post 13/07/2021

ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ မီးသဂြိုလ်ဖို့အလောင်းတွေတန်းစီနေကြတဲ့မြင်ကွင်း
======
အရင်ကဆို နာ​ရေးကားက တစ်စီးစ နှစ်စီးစ ဒါ​လောက်ပါဘဲ။
ဒီ​နေ့ဆို ရန်ကုန် မှာ ​အောက်စီဂျင်ပြတ်ပြီး​သေဆုံးကြ ​ရောဂါအခံရှိသူ​တွေ အသက်ကြီးပိုင်း​တွေ သံသရလူနာ​တွေ တိုက်ရိုက်သဂြိုလ်ရကြပါတယ်။

မီးသဂြိုလ်စက် အ​ပေါက်မှာ သဂြိုလ်ဘို့ တန်းစီ​နေရတယ် တစ်ခါမျှ မမြင်ဘူးတဲ့ မြင်ကွင်းပါ။

ရပ်ထားတဲ့ လူနာတင်ကားမှန်သမျှကလည်း ကွယ်လွန်သူ​တွေ တင်​ဆောင်လာတဲ့ ကား​တွေပါ သူတို့အလှည့်​ရောက်ဘို့ ​စောင့်​ပေဦး​ပေါ့။

ရန်ကုန်မြို့မှာ ကျီစု သုသာန်၊ ထိန်ပင်သုသာန် နဲ့ ရေဝေးသုဿာန်ဆိုပြီး ၃ ခုရှိပါတယ်။

Credit: ဘိုစိန်

13/07/2021

ကိုယ့်နိုင်ငံက တတိယလှိုင်း စရုံပဲရှိသေးတယ်။
ပြင်သစ်က စတုထ လှိုင်းတဲ့။
ဘာပဲလာလာ အားလုံးကြိုပြင်ဆင်ထားပြီးသားပါ။
ဘာမှ မတတ်နိုင်တော့လို့ ရင်ဆိုင်ရုံပဲ ရှိပါတော့မယ်။
သေရင်သေ မသေရင် ကျန်မယ်။
၂၀၂၃ အထိလို့ လောကီဆရာတွေက မှန်းထားလို့
ဒီရက်ပိုင်းတော့ ပျော်ပျော်နေမယ်။
ဘာသာရေး ပိုလုပ်မယ်။ ချစ်ခင်ရတဲ့သူတွေနဲ့...သင့်”မြတ်”နေမယ်။
ဘာမှ မတတ်နိုင်တော့ဘူး။
သိမိသွားတာက. ကျွန်တော်တို့ အခု ရှေးဆရာတွေထားခဲ့တဲ့ တဘောင်ထဲရောက်နေတာ။
နောက်လူတွေ သမိုင်းရေးဖို့ ပုံပြင်တွေရေးဖို့
ဒိုင်ယာရီထဲ ကျွန်တော်တို့ရောက်နေတာ။
ကျွန်တော်တို့ ဇာတ်ကောင် ဖြစ်နေတာ။💔
crd

12/07/2021

Oxygen တွေခက်ခဲနေပြီ
မုဆိုးမကြီးကိုလုပ်ခိုင်းလိုက်
အဆင်ပြေသွားမယ်

ဘဏ်စနစ်တွေ
အဆင်မပြေတော့ဘူး
ရတယ် မုဆိုးမကြီးတစ်ခွန်းပဲပြောလိုက်
အဆင်ပြေသွားမယ်

ကိုဘစ်‌ကြမ်းလာပြီ
ဆရာဝန်တွေမရှိဘူး
ရတယ် မုဆိုးမကြီးပြန်လာရင်
ဆရာဝန်တွေပါလာလိမ့်မယ်

Volunteer တွေမရှိတော့ဘူး
မုဆိုးမကြီးနဲ့အတူ
ထောင်ထဲကတူတူပြန်လာလိမ့်မယ်

စီးပွားရေးလုပ်ငန်းရှင်တွေ အလှူရှင်တွေ
ဘယ်ပျောက်နေလည်း
ရှိပါတယ် မုဆိုးမကြီးနဲ့အတူတူ

နိုင်ငံမအေးချမ်းတော့ဘူး
ဗုံးတွေပေါက်နေပြီ
မုဆိုးမကြီးကြည့်လိုက်ရင်
ဗုံးတိုင်းက ပန်းပွင့်ဖြစ်သွားလိမ့်မယ်

အဖြေသိနေပြီပဲ‌ဗျာ
ကိုယ့်နေရာကိုယ်နေစမ်းပါ
လင်မရှိတဲ့ မုဆိုးမအဖွားကြီးကို
ခတ်အဆက်ဆက်
ပြိုင်ပြီးရှုံးနေတာ ရှက်တတ်မယ်ဆိုရင်
ရှက်စရာကြီးပါဗျာ

Credit

Photos from Win Win Thu's post 23/06/2021

အဆိုတော်ရေမွန် ( Idiots ) ငှက်ဖျားရောဂါဖြင့် သေဆုံး

@ Bangkok Guide Media

ရော့ခ်ဂီတအဆိုတော် တစ်ဦးဖြစ်သည့် ရေမွန်သည် ယနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းတွင် ငှက်ဖျားရောဂါဖြင့် ဆုံးပါးသွားကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။

အသက် ၃၂ နှစ်အရွယ် အဆိုတော် ရေမွန်သည် ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲ ဝင်သွားခြင်းကြောင့် ဆုံးပါးသွားခြင်းဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းက အတည်ပြုပြောဆိုသည်။

Idiots Band ၏ ပင်တိုင်အဆိုတော် တဦးဖြစ်သည့် ရေမွန်၏ သတင်းနှင့် ပတ်သက်၍ Idiots ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း "မျှော်လင့်မထားတဲ့ သတင်းဆိုးတခုကို ကျနော်တို့ ကြုံလိုက်ရပြီဗျာ။ ကျနော်တို့ရဲ့ Raymond ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond ကောင်းမွန်တဲ့ဘုံဘဝ ရောက်မှာပါ။ သူငယ်ချင်း Rest In Power Brother" ဟု ရေးသားထားသည်။

Source : Irrawaddy
#ဘန်ကောက်လမ်းညွှန်ကိုစိုင် #ရေမွန်

Photos from Win Win Thu's post 22/06/2021

အတန်တန်သတိပေးခဲ့ပါတယ်
ကျတော်တို့သတိပေးနေတဲ့ စကားလုံးလေးတွေ
လက်ရှိအစိုးရဆီကို တည့်တည့်မတ်မတ်
ရောက်သွားရင်သိပ်ကောင်းမှာပဲ
ဘာပဲဖြစ်ဖြစ် ကျတော်သတိပေးခဲ့ပါတယ်

အားလုံးပဲအန္တရာယ်ကင်းကြစေဖို့
ထပ်မံ့ဆုတောင်းပေးပါတယ်😔

မိုးမောက်မြို့ကတော့ သမိုင်းတွင်ပြီ...
အထကကျောင်း စာသင်ချိန် ဗုံးပေါက်..

မည်သည့်အောက်တန်းကျသည့်အဖွဲ့အစည်းက
ပြုလုပ်သည်ဖြစ်​စေယခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချပါတယ်

#မြန်မာ့ခရီးသည်
22.6.2021

22/06/2021

မုံရွာ❗❗❗

ချင်းတွင်းရတနာဈေးမှာ ပစ်နေ❗
https://m.facebook.com/story.php?story_fbid=2957217574605848&id=100009529042053

https://m.facebook.com/story.php?story_fbid=1171268516724806&id=100015250064528

ပြည်ထောင်စုလမ်းမှမုံရွာမြို့အတွင်း
ရဲကားဖြင့်စစ်သားများလက်နက်အပြည့်မောင်းသွား https://m.facebook.com/story.php?story_fbid=1188421144931191&id=100012899509049

https://m.facebook.com/story.php?story_fbid=1171262710058720&id=100015250064528

https://m.facebook.com/story.php?story_fbid=1644173445972373&id=100011391992647

https://m.facebook.com/story.php?story_fbid=199813602042035&id=100060401904961

https://m.facebook.com/story.php?story_fbid=1108197516339005&id=100014463003794

https://m.facebook.com/story.php?story_fbid=525675868570169&id=100033832817497

လိုအပ်သော Linkများရှိရင် ပြန်mentသွားပါဦးဗျ

Photos from Win Win Thu's post 22/06/2021

မနက်က မန္တလေး PDF တပ်ဖွဲ့နေရာကို
စစ်သူပုန်အုပ်စု ဝင်စီးရာမှာ ကိုယ့်လူရင်းတွေပါနေတော့
စိတ်ပူပြီး မေးခဲ့ပေမယ့် တစ်နာရီကျော်လောက်
အဆက်အသွယ်မရဘူး။

မန္တလေးမှာ လမ်းတွေပိတ်ဆို့ ခုခံခဲ့ကြချိန်ကလည်း
တရားဥပဒေစိုးမိုးရေးကွန်ယက် တည်ထောင်စဉ်က
ပါဝင်ခဲ့ကြတဲ့ ညီငယ်အချို့ Defence team မှာ
ထိပ်ဆုံးကပါဝင်ခဲ့ကြပြီး အသက်ပေးခဲ့ကြရပြီးပြီ။

ခုလည်း အဝိုင်းခံရတယ်ဆိုတော့
သူတို့တွေကို ပြေးမြင်စိတ်ပူပြီး လှမ်းမေးမိတယ်။

တော်တော်ကြာမှ အဖွဲ့က မိတ်ဆွေအချို့နဲ့
အဆက်အသွယ်ရတယ်။ သူတို့ ဘေးလွတ်ရာကို
ရောက်နေပါပြီတဲ့။ အချို့လည်း ပုန်းခိုပြီးလာနေကြပါပြီ
စိတ်ချရပါပြီတဲ့ ဆိုတော့ ....

ဒါနဲ့ ကိုယ့်လိုပဲ သူတို့ကို စိတ်ပူနေကြတဲ့သူတွေ
စိတ်အေးရအောင် လွတ်လာကြပြီဖြစ်ကြောင်း
တင်ပေးလိုက်တယ်။
ခဏကြာတော့ ဒီသတင်းကို ဂျင်းပါဆိုပြီး
တင်သူတွေက SS ယူပြီးတင်၊ မန့်မှာ လာဆဲသူကဆဲနဲ့
နားမလည်နိုင်အောင် ဖြစ်ရတယ်။

တကယ်သိလားဆိုတော့လည်း တစ်ယောက်မှ
သိတဲ့သူမပါဘူး။ လွတ်တဲ့သူတွေလည်း တကယ်လွတ်လာလို့
ကိုယ်နဲ့ ပြောနေကြပြီ။ ခံစစ်စည်းမှာ ခုခံရင်း
ကျန်နေခဲ့သူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့
အများစုက လွတ်မြောက်သွားလို့ စိတ်ချရတဲ့
နေရာ ရောက်နေကြပြီ အဲ့အချိန်မှာ ....

ထားပါတော့ ဒီအချိန်မှာ ဒီလို ပြဿနာမျိုးတွေကို
ရှောင်တာကောင်းပါတယ်။ လိုင်းပေါ်မှာ
ဆဲရုံသက်သက် တော်လှန်ရေးလုပ်နေတဲ့
လူတွေကြားမှာ ကျတော်လည်း ဝင်မရောချင်ပါဘူး။
ဒီတော့ ကျတော့မိတ်ဆွေတွေကို အဝေးကနေ
လိုအပ်တဲ့ လက်နက် ရိက္ခာ တက်နိုင်တဲ့ဘက်က
ကူညီမယ်။ CRPH ရံပုံငွေအတွက် ဩဇီရောက်
မြန်မာတွေရဲ့ ဈေးရောင်းပွဲတွေကနေ
တတ်နိုင်တဲ့ဘက်က ထောက်ပံ့မယ်။
အဝေးကနေ ကူနိုင်တာ ကူမယ်။

လိုင်းပေါ်ကနေ အာသာဖြေနေရတဲ့ တော်လှန်ရေးအဆင့်မှာ
ကျတော် ဝင်မပါတော့ပါဘူး။ ဒီအချိန်မှာ
ရန်များတာ အမုန်းပွားတာ သွေးကွဲတာ သွေးခွဲတာတွေလည်း
မမြင်ချင် မကြားချင်ဘူး။ ဒါမျိုးလုပ်ရပ်တွေ အရင်ကတည်းက
ရှောင်နေတာ ခုချိန် ပိုရှောင်ပါတော့မယ်။

ကျတော်မိတ်ဆွေတွေကို နူတ်ဆက်ခဲ့ပါတယ် ....
တစ်နေ့တော့ လိုင်းပေါ်မှာဖြစ်စေ မြေပြင်မှာဖြစ်စေ
ပြန်ဆုံကြပါဦးမယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် အရေးတော်ပုံ အောင်ကိုအောင်ရမည်။

Photo: မန္တလေး PDF စစ်စစ် ကျတော့်မိတ်ဆွေရင်းတွေဖြစ်ပါတယ်

ZN.H 🇦🇺

Photos from Win Win Thu's post 22/06/2021

ဒီနေ့ MDY caseရဲ့ အဓိက ဒလန်ပါ
သူ့ရဲ့ကားနဲ့ ကိုယ်တိုင်မနက်၇နာရီထဲက စခ တွေကို လိုက်ပြပေးနေတာပါ
ကားနံပါတ်က MDY. 7/7416
ဟွန်ဒါဖစ် အဖြူရောင်ပါ
နာမည်က (နေနီအောင်)
မိသားစုလည်းရှိပါတယ်
အိမ်လိပ်စာက /55 လမ်း 111 E လမ်း/ မှာပါ
ဒလန် အကြီးစားပါ
သူသုံးတဲ့ fbအကောင့်တွေကိုလည်းတင်ပေးထားပါတယ်
သူ့မိသားစုပုံတွေရော အကုန်ပါပါတယ်

Copyယူပြီး ပြန်တင်ပေးစေချင်ပါတယ်

ဖျက်လည်ပြန်တင်တယ်🖕🖕🖕ပဲ

19/06/2021

လာမပြောနဲ့ ရတဲ့ပန်းပန်မှာပဲ...
how cute🥰

အရေးတော်ပုံအောင်ရမည် 🌺

09/06/2021

ကိုဒန်ပေါက်တို့ တမေးတည်း လာမေးနေတဲ့ ဟန်ငြိမ်းဦး(ခ) စိုးနိုင်ရဲ့ အသိုက်သိရပြီ။

နေပြည်တော်နားမှာ သဲကောလေး၊ သဲကောကြီးဆိုတဲ့ ရွာရှိတယ်။ သဲကောလေးရွာဆိုတာ သူ့ရွာပဲ။ အဲ့မှာ သူ့မိသားစုရှိတယ်။ သူ လက်ရှိ ရှိနေမနေ မသိဘူး။ လေးလပိုင်းထိ အဲ့မှာ ရှိတယ်။

လက်ရှိ ရှိတယ်လို့ သိရတဲ့ နေရာကတော့ အမှတ်၂၆၊မြေညီ၊ လသာ ၁၈ လမ်း အောက်ဘလောက်တဲ့။ ပုံမှန် အဲ့အိမ်ရှေ့မှာ Honda Insight ကားအဖြူရောင် 1M-6136 ကို တာလဗက်အုပ်ပြီး ရပ်ထားလေ့ရှိတယ်။

အိမ်ကိုတော့ ဘာမှမလုပ်နဲ့။ အဲ့အိမ်က သူ့အိမ်မဟုတ်ဘူး။ ဒေါ်မျိုးမမဆိုတဲ့ အမျိုးသမီးက ပေးနေထားတယ်လို့ သိရတယ်။ ဘယ်လိုသက်ဆိုင်လဲတော့ အိုင်မသိဘူး။

၃၄ လမ်းမှာ Rapper အင်္ကျီလိုမျိုး ကြောင်ကျားကျားတွေဝတ်ပြီး ရေသန့်လိုက်ပို့တတ်တယ်လို့ သူရေသန့်ပို့နေကျအိမ် ငါးအိမ်လောက်က သတင်းပေးလာတယ်။

ဘယ်လိုလဲ…. ဝဋ်ဆိုတာ ခံစားလို့ကောင်းလား။ မြိန်ရဲ့လား။

စိုးနိုင်တော့ ဗိုက်ခွေးနမ်းတော့မှာပဲ။
ဒန်ပေါက်တွေ တဝကြီးစားရတော့မှာ။

အာဏာသိမ်းတာ ကြိုက်တယ်ဆို
လုပ်ချင်တာ လုပ်လို့ရပြီဆို
ဘယ်သူကမှ မထိရဲတော့ဘူးဆို

အာဏာရှင်စနစ်အောက်က မလုံခြုံမှုနဲ့ အကြောက်တရားကို မြည်းစမ်းရတာ ချိုရဲ့လား။

စောင့်ကြည့်မယ်… ရေသန့်ပို့ရဲသေးလားဆိုတာ
🙂

စာကြွင်း- ဒီပုံက လက်ရှိရုပ်
ဦးထုပ်စောင်းထားတတ်တယ်။ လက်မှာ တက်တူးရှိတယ်။ မေးစေ့မှာ ဘယ်သူနဲ့မှမတူတဲ့ စောင်မွှေးနှစ်ပင်နဲ့ မှဲ့တစ်ပြားရှိတယ်။

ရှာရလွယ်စေဖို့

05/06/2021

😊အလိမ်ခံရလည်း ပြုံးနေတယ်
အစော်ကားခံရလည်း ပြုံးနေတယ်😊
ယုတ်မာတာခံရလည်း ပြုံးနေတယ် 😊
အရမ်းကြီး သဘောထားကြီးလို့တော့ 😊
မဟုတ်ပါဘူး ကိုယ်မလုပ်တာတွေ
ကိုယ်မဟုတ်တာတွေ လိုက်ပြောနေတော့
ကိုယ်နာစရာမလိုဘူးလေ😊

ဝဋ် ဆိုတာက တုံ့ပြန်တဲ့အခါ
ပိုပြီးတိကျတယ် ပြတ်သားတယ်
မျက်နှာမလိုက်ဘူး တောင်းပန်လို့မရဘူး
ငွေပေးလို့လည်းမရဘူး 😊
ကိုယ်လုပ်သမျှ မကောင်းမှုတွေကို
တစ်ချိန်ချိန်မှာ ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ် 😊

ငါတော့ မကောင်းတာ အကုန်လုပ်တယ်
ငါ အမြဲ နိုင်နေတယ်လို့ထင်ပြီး
မာန်တက်မနေပါနဲ့ 😊

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ်ခံ ဆိုသလို
သူကြိုက်တာ သူလုပ်
သူဖြစ် သူခံပါလိမ့်မယ် 😊

30/05/2021

မိန်းမယုတ်
👉👉👉

👉လောကမှာ
အလှတရားနဲ့ဘယ်လောက်ပြည့်စုံတဲ့
မိန်းမဖြစ်ပါစေ။
လူ့စည်းကမ်း.လူ့ကျင့်ဝတ်တွေကို
ချိုးဖောက်လို့
မကောင်းတဲ့အကျင့်စရိုက်ဆိုးတွေနဲ့
ကိုယ့်ဘဝသာယာမူအတွတ်
သူတစ်ပါးချစ်သူ/သူတစ်ပါးမိသားစုကို
ဲပြိုကွဲအောင်ဖျက်ဆီးခဲ့ရင်
မိန်းမယုတ်ပါပဲ။

👉မိန်းမသားတစ်ယောက်ရဲ့တန်ဖိုးက
သိက္ခာနဲ့ကိုယ်ကျင့်တရားပါ။
မိန်းမချင်းတူပေမယ့်
သိက္ခာနဲ့ကိုယ်ကျင့်တရားမတူရင်
တန်ဖိုးချင်းလည်းမတူနိုင်ပါဘူး။

👉ကိုယ့်ရဲ့တန်ဖိုးကိုလေးစားတဲ့မိန်းမက
ချမ်းသာချင်တဲ့စိတ်နဲ့
ကိုယ့်ရဲ့သိက္ခာနဲ့ကိုယ်ကျင့်တရားကို
ဘယ်တော့မှရောင်းမစားဘူး။
ကိုယ့်ဒူးကိုယ်ချွန်ပြီး
သမာအာဇီဝကျကျနဲ့
ကိုယိ့ဘဝကိုတိုးတက်.မြင့်မားအောင်
ုကြိုးစားတယ်။

👉မိန်းမတစ်ယောက်က
ချမ်းသာချင်တဲ့စိတ်ကြောင့်ဖြစ်ဖြစ်
အစဉ်မပြေလို့ပါဆိုတဲ့
အကြောင်းပြချက်ကြောင့်ဖြစ်ဖြစ်
အချစ်စစ်နဲ့ချစ်ခဲ့မိလို့ပါဆိုတဲ့
ခံစားချက်ကြောင့်ဖြစ်ဖြစ်
သူတစ်ပါးချစ်သူ/သူတစ်ပါးခင်ပွန်းကို
ုပြစ်မှား/ကျူးလွန်တာ
မိန်းမကောင်းတွေရဲ့
စရိုက်လက္ခဏာမဟုတ်ဘူး။

👉သူတစ်ပါးချစ်သူ/
သူတစ်ပါးခင်ပွန်းကိုမက်မောတာဟာ
ကိုယ့်ရဲ့သိက္ခာနဲ့ကိုယ်ကျင့်တရားကို
မြောင်းပုတ်ထဲလွှတ်ပြစ်လိုက်တာနဲ့
အတူတူပဲမို့ရှက်စရာပါ။

👉လောကမှာ
အလှတရားနဲ့ဘယ်လောက်ပြည့်စုံတဲ့
မိန်းမဖြစ်ပါစေ။
လူ့စည်းကမ်း.လူ့ကျင့်ဝတ်တွေကို
ချိုးဖောက်လို့
မကောင်းတဲ့အကျင့်စရိုက်ဆိုးတွေနဲ့
ကိုယ့်ဘဝသာမူအတွတ်
သူတစ်ပါးချစ်သူ/သူတစ်ပါးခင်ပွန်းကို
ုပြိုကွဲအောင်ဖျက်ဆီးခဲ့ရင်
မိန်းမယုတ်ပါပဲ။

(ကိုယ်တိုင်ရေးစာစုများ)
6th January.2021.
Credit🎀Nan Khin May Win
စာကိုကူးယူလျှင်မူရင်းရေးသားသူအား
Credit ပေးပါ။

24/05/2021

(သူများဆီက မ လာတာနော်
ဖြစ်လာမယ့် ပြသာနာ ကျမ တာဝန်မယူဘူး )

နေခြည်ဦးပြင်ထားတဲ့နို့ကလည်း
ပြည်သူ့ပိုက်ဆံနဲ့ပြင်ထားတဲ့အတွက်
ပြည်သူပိုင်နို့ပါ
တစ်နည်းအားဖြင့်ပြောရရင်
တွေ့တဲ့နေရာမှာ ဆွဲညှစ်လို့ရပါတယ်....😅
Crd....😁😂🤣

19/05/2021

တွဲတဲ့လက်တွေမြဲချင်ရင်
မဲတဲ့လက်ကိုတွဲပါ:)

Crd

09/05/2021

"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

📕📒📗လေးစားစွာဖြင့် 🖍🖍🖍📗📒📕
အရှင်ဇဝန သူ့စိတ်ကြိုက် စာပေများ 📖

03/05/2021

✍ "ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်ပါ"😇

🌺 လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ (၃) ခု

✍ ၁။ ပညာမတတ်တာ
✍၂။ ဆင်းရဲတာ
✍၃။ ချစ်တာ

အဲ့ဒီ သုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ (၃) ခု

✍ ၁။ ယုံကြည်မှု
✍၂။ မျှော်လင့်ချက်
✍၃။ ရိုးသားမှု

လက်လွှတ်လိုက်လေလေ (နောင်တ)ရလေလေမို့ပါ

လောကမှာ ဆိုင်းငံထားလို့မရတဲ့ အရာ (၃) ခု

✍ ၁။ အသက်
✍ ၂။ အချိန်
✍၃။ ချစ်ခြင်း တရား

ဆိုင်းငံ့ထားလေလေ ဝေးကွာလေလေမို့ပါ

လောကမှာ ဆောင်ထားရမယ့် အရာ (၃) ခု

✍ ၁။ ရိုးသားမှု
✍၂။ လေးစားမှု
✍၃။ ခင်မင် ဖော်ရွေမှု

ဆောင်ထားလေလေ (နောင်တ) ကင်းလေလေမို့ပါ

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ (၃) ခု

✍ ၁။ လိုမွ တမ်းတတဲ့သူငယ်ချင်း
✍၂။ ကွယ်ရာမကောင်းပြောတဲ့ မိတ်ဆွေ
✍၃။ နှုတ်မစောင့်စည်းသော အပေါင်းအသင်း

ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။

လောကမှာ နောက်ကိုမရွေ့သင့်တဲ့ အရာ (၃) ခု

✍ ၁။ အလှုအတန်း
✍၂။ မိဘ ကျေးဇူး ဆပ်ခြင်း
✍ ၃။ တရား ဘာဝနာ

နောက်ရွေ့လေလေ နောင်တရလေလေ မို့ပါ

လူတိုင်းအတွက်အကျိုးရှိမယ်လို့
ကျွန်တော် ထင်ပါတယ်
လူတိုင်းဖတ်လိုသောစိတ်သိလိုသော
စိတ်နဲ့ ကျွန်တော် တင်ပေးရခြင်းဖြစ်ပါတယ်ဗျာ😇

03/05/2021

တစုံတယောက်ကပြောခဲ့ဖူးတယ် ..မင်း တခုခုကိုအရမ်းစွဲလမ်းနေတဲ့အခါ လက်လွှတ်ကြည့်လိုက်ပါ..တကယ်လို့ သူကမင်းဆီကိုပြန်ရောက်လာမယ်ဆိုရင် ထာဝရမင်းပိုင်ဆိုင်တဲ့အရာ ဖြစ်သွားပြီ
သူက မင်းဆီပြန်မရောက်လာဖူးဆိုရင်တော့ အစတည်းက မင်း မပိုင်ဆိုင်ခဲ့ဖူးလို့ပဲ

Indecent Proposal (1993)

01/05/2021

ရည်စားဘဝ ကော်ဖီဆိုင်ထိုင်
စကားပြောရင်တောင် အသံလေးကမထွက်ဘူး
လူချင်းပူးထိုင်တာတောင် 😁😁

သူ့အသံ မနည်းနားထောင်ရတယ်
နူးညံ့လိုက်တာလို့ ကြိတ်ကျေနပ်မိတယ်.
အအေးသောက်သောက် ကော်ဖီသောက်သောက် တစ်ဝက်ပဲ...
အကုန်မသောက်နိုင်ဘူး
သြော် မဆိုးဘူး
အစားအသောက်လဲ နည်းရှာတယ်ပေါ့.
လမ်းသွားရင်း ကားဟွန်းသံများကြားရင်တောင်
ရင်ဘတ်လေးဖိထားတာ
ကြောက်တတ်ရှာသူလေးပါလားပေါ့ 😪😪.
ဘော်ဒီကလဲ ကိုယ့်ထက်သေးတယ်
အသက်ကလဲငယ်တယ်
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်
အားနွဲ့သူလေးပါလား ပေါ့ 🤣.
စကားသံက ဝဲတဲတဲ
မျက်လုံးချင်းတောင် ယှဉ်မကြည့်ရဲ
ဘုရားတက်ရင်တောင် ကိုယ့်ဖိနပ်လေးကိုင်
ကိုယ့်တစ်ရက်မတွေ့ရင်တောင်
မျက်ရည်လေးကျ ချစ်တတ်လိုက်တာပေါ့ 💘.
ဒီလို
ဒီလို...နဲ့..
လက်ထပ်လိုက်ကြတယ်
လက်ထပ်ပြီး ၁ နှစ်ကြာပြီးတဲ့အခါ....
သောက်သံက မိုက်မလိုဘူး
အိမ်ထဲက လှမ်းပြောရင်တောင် လမ်းထိပ်က
လက္ဘရည်ဆိုင်ကနေတောင် ကြားရတယ် 🤗.
အစားအသောက်ဆို ကိုယ်ကမစားရသေးဘူး
သူကနောက်တစ်ပွဲထပ်မှာပြီ
လမ်းသွားလို့သူ့နောက်ကကားက ဟွန်းတီးရင်
ဖေယိုးမတား ကျော်ချင်ကျော်လေ စပမို့တီးနေလား.
ကိုယ်များခရီးသွားရင် ပြန်လာမယ်ဆို ကြိုပြော
လူကအားတာဟုတ်ဘူး တဲ့ 🙄.
အာ့တာကြောင့်ပြောတာ ယွကျားတေဘွ
အခွံလှတယ်ဆိုပြီး အသီးကိုအရမ်းမစားနဲ့
အထဲမှာ ပလဲနေတတ်သလို.
ဆူးပေါ်ဖက်ကျလဲ ဆူးပဲကျိုးတယ်
ဖက်ပေါ်ကျလဲ ဆူးပဲကျိုးတယ် ဆိုတာ
ယူတို့သိဖို့လိုပါတယ်




.

ဘေးအိမ်က လင်မယား အကြောင်း ပြောပါတယ် 🤣
😂
😂
😂
.

Credit Original
.t.m

29/04/2021

ယောက်ကျားဖောက်ပြန်ရင်
မိန်းမက ခွင့်လွှတ်ပေးဖို့ရွေးချယ်တယ်

မိန်းမဖောက်ပြန်ရင်
ယောက်ကျားက ကွာရှင်းဖို့ရွေးချယ်တယ်

ယောက်ကျားတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူ့မိန်းမပဲဖစ်လိမ့်မယ်

မိန်းမတစ်ယောက်
အိပ်ယာထဲဖျားပီးလဲနေရင်
သူ့ကိုပြုစုတဲ့သူက
သူမရဲ့ အမေဖစ်နေဖို့များတယ်

ယောက်ကျား လေဖြတ်သွားရင်
မိန်းမက ရူးမတတ်ဖစ်နေပီးပြုစုလိမ့်မယ်

မိန်းမလေဖြတ်သွားရင်
ယောက်ကျားကို မြင်တောင်မမြင်ရတော့ဘူး

ဒါကြောင့် မိန်းမတစ်ယောက်
ကျန်းမာဖို့ အရမ်းအရေးကြီးတယ်
သိပ်လဲကြောက်ဖို့ကောင်းတဲ့
လက်တွေ့ဘဝတစ်ခုပဲ

ဆေးရုံထဲမှာ
လူကြီးအဖိုးကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
အဖွားကြီးတွေဖစ်လိမ့်မယ်

ဒါပေမဲ့
အဖွားကြီးတွေကို
တွန်းလှဲတွန်းပေးတာ
များသောအားဖြင့်
သမီး ဒါမှမဟုတ် nurse တွေဖစ်လိမ့်မယ်

လက်တွေ့ဘဝဟာ တခါတလေ လက်မခံနိုင်ချင်စရာကောင်းလောက်အောင်ကို ရက်စက်လွန်းတယ်

ဒါကြောင့်
မိန်းမတစ်ယောက်
ကိုယ့်ကိုယ် ချစ်ပါ
ကိုယ့်ကိုယ် တန်ဖိုးထားပါ
ဒီလောကကြီးမှာ
မိမိသာလျှင် တန်ဖိုးအရှိဆုံးပါ ♥️💚

Photos from Win Win Thu's post 26/04/2021

မကြာခင်ရောက်လာတော့မဲ့မိုးရာသီ🌧⛈🌨

အဝေးမှာနေပေမဲ့ငယ်ငယ်ကစားဖူးတဲ့🐟🦐🦀

အစားအစာလေးတွေမမေ့နိုင်ပါဘူး😔

26/04/2021

မအလ ပြည်ပခရီးစဉ်ဘာမှမဖြစ်ဘူးဆိုထဲက ဘယ်နိုင်ငံမှအားကိုးလို့မရတာ အဖြေထွက်ပြီးသားပါ ကိုယ်တိုင်ဖြုတ်မှ ရပါတော့မယ်

Photos from Win Win Thu's post 23/04/2021

Sexual assault ကိစ္စ confirmed ဖြစ်ပါတယ်

ပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ကြတဲ့အပြင်
ပေါင်နှစ်ခြမ်းကားခိုင်းပြီး ပေါင်ကြားအလယ်ကို ခြေထောက်တွေနဲ့ကန်ပါတယ်
အမျိုးသမီးငယ်ပါဆိုရင် သွေးတောင်စီးကျနေပါတယ်တဲ့
သံပိုက်တွေနဲ့လည်း သေအောင်ရိုက်တယ်
ပုခုံးပေါ်တွေလည်း တက်ခွပြီးတော့ ဆံပင်တွေ ဆောင့်ဆွဲပါတယ်တဲ့

ဒါအမျိုးသမီး အပြစ်မဲ့ပြည်သူကို သူတို့ ဆက်ဆံတဲ့ပုံစံပါ

ခင်ဗျားတို့ ကြောက်သွားဖို့ ခေါင်းငုံ့ခံနေဖို့ ပြောပြတာမဟုတ်ဘူး
အပျော်တွေရပ်တော့
စိတ်ကို ပြန်တင်တော့
ဒီလို ခွေးတိရိစ္ဆာန်တွေကို ပိုပြီး ဆန့်ကျင်တိုက်ထုတ်ဖို့ ပြင်ဆင်သင့်ပြီဆိုတာ သဘောပေါက်သင့်ပြီ

April 22
Source- RFA
©️

22/04/2021

ကိုယ်ထမင်းကိုစားပြီးကိုယ့်သမိုင်းကိုရေးနေတာမို့..
ပတ်ဝန်းကျင်ကိုအဖက်လုပ်ပြီးတကူးတကဂရုစိုက်မ​နေတတ်ဘူး..

အဖေနဲ့အမေကျွေးထား.မွေးထားတာတွေက.
သူများအတင်းအဖျင်းတွေအောက်ကျရူံးနေဖို့အတွက်မှမဟုတ်တာ..

ကိုယ့်အိမ်မက်တွေဆီရောက်အောင်သွားပြီး..
အောင်မြင်ဖို့ကအဓိကမို့.
ပတ်ဝန်းကျင်ကိုအာရုံထဲထည့်မနေနိုင်ဘူး..

ကိုယ့်အတင်းပြောတဲ့သူကိုတော့မှတ်ထားတယ်.
ဘာလို့လည်းဆိုနောက်တစ်ခါအ့လိုလူမျိုးနဲ့..
မပက်သက်မိအောင်လို့..

လေးစားလျှက်..
မူရင်း..credit
လမင်းမေ ~L. M. May

20/04/2021

အလောဘွန်ကို သိမ်းလိုက်ပြီးလို့ သတင်းလွှင့်
KIA တွေ ဒေါခီး
မအလ ၈၀၀ အလောဘွန်ကို သိမ်းဖို့ ရောက်လာ
၅၀၀ မြေဩဇာဖြစ်
၃၀၀ ထွက်ပြေး

သေချာလား မမေးနဲ့
မင်းအောင်လှိုင်ဆိုတာ မအလပါဆိုတာထက်တောင်
ဆယ်ဆသေချာတယ်။

🎶ကချင်မြေကိုလာပါ့... တကယ့်ဆော်တယ်နော့်
🎵🎶

04/04/2021

ကျောက်မြောင်းမှာ ကလေးတွေကို ဖမ်းခေါ်သွားတာ အယောက် (၂၀) လောက်ပါသွား

အသက်မပြည့်သေးတဲ့ ကလေးလေးတွေကိုလဲ နားရင်းအုပ် ဆံပင်ဆောင့်ဆွဲ
ထွက်တောင်းပန်နေတဲ့ အန်တီကိုလဲ ဆဲဆိုပြီးပြောနေတယ်

1:30 PM
4.4.2021

Photos from Win Win Thu's post 29/03/2021

တောင်ဒဂုံ စစ်ကား10စီးလောက်ရှိတယ်
လူအပြည့်ဘဲအနီအပတ်တွေနဲ
ဒီိညအသေဖိမဲ့ပုံပဲ အရင်ညတွေကဒီလောက်မလာဘူး
ဒီနေ့ညအတွက်အရမ်းစိုးရိမ်တယ် ကူညီကြပါ

source-သစ်ဆိုင်ကွေ့ဘက်မှ အမ

Edit:စစ်ကားကြားထဲမှာ
taxiတစ်စီးကြားညှပ်ပါလာတယ်

Videos (show all)

လယ်ဂဏန်းကြော်လေး

Telephone

Website