Motivazor and Educator
This page is created to motivate people with short videos and writing.
နင့်ကျောင်းသားတွေဘယ်လောက်တိုးတက်လာလဲ မမေးနဲ့... သူတို့ကိုသူတို့တော့တိုးတက်တယ်လို့မြင်တယ်ပေါ့နော်😅😅
ဆရာမဖြစ်တဲ့ကိုယ်က အားမရသေး.. သူတို့တွေနဲ့ ထိုင်းလို “ဖူး…ဖူး..ဖူး…” ဆိုပြီးမှုတ်ချင်နေပြီ... ဘယ်တော့ထိစောင့်ရမှာလဲပြော..... 🥹😁😁
ညပြင်တယ် နေ့သင်တယ်....
စနေနဲ့တနင်္ဂနွေမှာ ကိုယ့်ကိုတွေ့ချင်ရင် ကိုယ်စာသင်တဲ့နေအိမ်မှာလာရှာကြပါ....😅😅😅
10.00-12.00 ဆို ကိုယ့်ရဲ့ VVIP ကျောင်းသားတွေကိုထိုင်းသင်ရ
1.00-3.00 ဆို အင်္ဂလိပ်စာတစ်ချိန်သင်ရ
3.00-5.00 ဆိုရင် ဘေဘီထိုင်းအတန်းရှိ
5.00-7.00 ဆိုရင် ထိုင်းကျောင်းသားကြီးအတန်းရှိ..
7 ထိုးလို့အိမ်ပြန်လို့ရပြီလားဆိုတော့ ..မရသေးပါဘူး... အုပ်ထိန်းသူလာကြိုတာနောက်ကျရင် ကိုယ်လည်းပြန်မရပဲ စောင့်ပေးရ... ကိုယ်မှန်းထားသလောက် ကျောင်းသားတွေမရရင်လည်း မပေးပြန်ပဲစာဆက်သင်ဖြစ်တော့ အိမ်ကို ၉ လောက်တော့ရောက်ပါတယ် 🤣🤣🤣
ကိုယ့်ကျောင်းသားတွေ စာမရရင်(မတိုးတက်လာရင်) ဆရာမတစ်ယောက်အနေနဲ့ “ဘာဖြစ်လို့မတိုးတက်လာတာလဲ” “အိမ်စာပေးတာဘာလို့မလုပ်လဲ” “တစ်ရက်တစ်ရက်ဘာလုပ်နေလဲ” “၂၄ နာရီကိုဘယ်လိုအသုံးချနေတာလဲ” “ဘာလို့ဆင်ခြေတွေပေးနေတာလဲ” ဆိုပြီးမေးဖြစ်တယ်... တကယ်လည်းသိချင်လို့မေးတာပါ... ကျောင်းသားတွေကိုမြန်မြန်ဆန်ဆန်နဲ့ရသွားတတ်သွားစေချင်လို့ ပုံမှန် (တစ်ရက်မပျက်)လေ့လာစေချင်တဲ့စိတ်လေးနဲ့ပါ... 😁😁😁
ကိုယ်ကိုယ်တိုင်လည်း ကျောင်းသားကိုပဲဆူနေလို့မဖြစ်ဘူး... ခရီးသွားတုန်း အလုပ်ရှုပ်တုန်းကဖြစ်သလိုစားထားလို့ ကီလိုပြန်တက်လာလို့ ငြိမ်နေလို့မဖြစ်တော့လို့ healthy food လေးထလုပ်စားရပြီ... မိုးမရပ်မနားရွာနေလို့ အိပ်ယာပေါ်လှဲအိပ်နေလို့မရဘူး... ကျောင်းသားတွေအတွက် သင်ခန်းစာပြင်ဖို့ရယ်.. ကိုယ်လုပ်ချင်တာတွေလုပ်ဖို့အတွက်ရယ် အိပ်ယာပေါ်မှာအလုပ်လုပ်နေရင် moti မတက်တဲ့အပြင် အိပ်ပျော်သွားမှာစိုးလို့ ကော်ဖီဆိုင်ကိုလမ်းလျှောက်သွားပြီးကိုယ်လုပ်ချင်တယ် တစ်ကိုယ်တည်းထိုင်လုပ်... ☕️ 🌧
𝗥𝗮𝗶𝗻 𝗶𝘀𝗻'𝘁 𝗮𝗻 𝗼𝗯𝘀𝘁𝗮𝗰𝗹𝗲 𝘁𝗵𝗮𝘁 𝘀𝗵𝗼𝘂𝗹𝗱 𝘀𝘁𝗼𝗽 𝘆𝗼𝘂 𝗳𝗿𝗼𝗺 𝗱𝗼𝗶𝗻𝗴 𝘄𝗵𝗮𝘁 𝘆𝗼𝘂 𝘄𝗮𝗻𝘁 𝘁𝗼 𝗱𝗼.
မြန်မာအသံထွက်ဖြင့် ဆရာမထွက်ပြ ဖတ်ပြသမျှကို လိုက်ရေးလွန်းသော မိုင်နာ့ကရီးယန်းများအတွက် နောက်ထပ် EP တစ်ခု 🤣🤣🤣
မြန်မာအသံထွက်ဖြင့် ဆရာမထွက်ပြ ဖတ်ပြသမျှကို လိုက်ရေးလွန်းသော မိုင်နာ့ကရီးယန်းများအတွက် 🤣🤣🤣
𝗪𝗼𝗿𝗱 𝗘𝘅𝗽𝗮𝗻𝘀𝗶𝗼𝗻 𝗙𝗶𝘃𝗲_𝗘𝗣2
𝗪𝗼𝗿𝗱 𝗘𝘅𝗽𝗮𝗻𝘀𝗶𝗼𝗻 𝗙𝗶𝘃𝗲_𝗘𝗣1
Because this page is intended to motivate people with short videos, writings, lessons, and learning languages, let's start with five vocabulary words per day.
ကျောင်းသားတွေရဲ့အတင်း(အိမ်စာမလုပ်တဲ့မကောင်းကြောင်း)တွေရေးဖို့မအားသေးတာကြောင့် ဝေါဟာရလေးတွေပဲအရင်လေ့လာကြရအောင်🤣😅😂
ဒီနေရာမှာပေါ့... သင်တန်းပေးတာ ဇကောကရင်လိုမပေးနိုင်လို့မြန်မာလိုပဲပေးခဲ့တယ် တခြားဆရာတွေသင်တန်းပေးချိန်မှာလည်း ဗမာလိုပဲဝိုင်းကူရှင်းပြခဲ့လို့ ဗမာစကားလည်လည်ဝယ်ဝယ်တတ်တဲ့သင်တန်းလာတက်တဲ့ဆရာတစ်ယောက်က “ကရင်ဖြစ်ပြီးဘာလို့ကရင်လို ကောင်းကောင်းမွန်မွန်မပြောနိုင်ရတာလဲ? ကရင်လိုဘာလို့မရှင်းပြနိုင်ရတာလဲ”တဲ့... “အော်.... လုပ်ငန်းခွင်မှာကရင်လိုအသုံးနည်းလို့ပါ ဒီတခါအိမ်ပြန်ရောက်ရင် ကရင်စာပိုပြီးလေ့လာပါ့မယ်... နောက်တစ်ခါတွေ့ရင်ဇကောကရင်လိုရှင်းပြနိုင်အောင်လုပ်ပါ့မယ်”လို့ပြန်ဖြေခဲ့တယ်... 😁😁😁
တကယ်တမ်းက ကိုယ်က ဇကောကရင်မဟုတ် ပိုးကရင်သူလေး... ဒါပေမဲ့ဇကောကရင်ကိုအနည်းအကျဉ်းရေးတတ် ဖတ်တတ်ပေါင်းတတ်တဲ့ basic level လောက်တော့ရှိပါတယ်... ဒါကိုထပ် upgrade ဖို့ပဲကျန်တော့တယ် ☺️☺️☺️
Upgrade လုပ်ဖို့အချိန်လေးနည်းနည်းပဲလိုတာပါ 🥺
💚 February 💚
အဖေနဲ့အမေမွေးရပ်မြေမှာ ကရင်အင်္ကျီလေးဝတ်ပြီး ဆရာမအရမ်းဖြစ်ချင်တာ 😊
အဖေအမေကလည်း သူ့တို့သမီးကိုရွာမှာစာအရမ်းသင်စေချင်တာ 🧑🏫
အခုတော့..... 🥺🥺🥺
လက်ရှိအသက်ရှင်ရပ်တည်နေတဲ့နေရာက ကရင်ကျောင်းတွေတွေ့ရင် ရွာကိုမလွမ်းပဲမနေနိုင်ဘူးကွယ်
ဝါးထရံနဲ့၊ ဖက်မိုးတွေနဲ့လုပ်ထားတဲ့စာသင်ကျောင်းတွေတွေ့ရင် တနေ့ငါအဲ့လိုနေရာမျိုးတွေမှာစာဖြစ်အောင်သွားသင်ဦးမှာ...ဝေးလဲခေါင်ဖျား လူသူအသွားနည်း အထောက်အပံ့နည်းပြီး အခွင့်အလမ်းရဖို့ခက်ခဲခေါင်းပါးတဲ့တောရွာလေးမှာ တစ်သက်မှာတစ်ခါလောက်တော့ အိပ်မက်အတိုင်းစာသင်ဖူးချင်တယ်.... ဒီအိပ်မက်မဖြစ်လာမချင်းကိုဆက်မက်နေဦးမယ်... ဒီအိပ်မက်ဖြစ်လာအောင် တကယ်လုပ်ယူမယ်.. အိပ်မက်တွေအကောင်အထည်ဖော်ဖို့ အတွေ့အကြုံတွေဆက်ရှာလိုက်ဦးမယ်
ကျောင်းပုံတွေတင်ရင်မသင့်တော်လို့ ကျောင်းနားကရိုက်ထားတဲ့ပုံလေးပဲတင်လိုက်ပါတယ်😁
💚 24.08.23 💚
ကျွန်မ ဆရာမတစ်ယောက်ပါ 🧑🏫📝
ကျောင်းသားတွေစာမရတိုင်း ကျောင်းသားတွေရဲ့စိတ်ထဲမှာဘယ်လိုတွေးသလဲ ဘယ်လိုနေသလဲတော့မသိဘူး 🤔🤔
ဆရာမဖြစ်တဲ့ကျွန်မကတော့ သူတို့ဘာလို့မရတာလဲ?? ငါသင်တာမကောင်းတာလား? ငါသင်တာစိတ်ဝင်စားဖို့မကောင်းလို့လား? ဘယ်အပိုင်းကိုသူတို့စိတ်မဝင်စားတာလဲ? စိတ်ဝင်စားအောင်ဘယ်လိုလုပ်ရမလဲ? စိတ်ဝင်စားအောင်ဘယ်လိုတွေပြင်ဆင်သင်ကြားရမလဲ? သူတို့လေးတွေညံ့လို့စာမရတာမဟုတ်ဘူး ငါ့ဘက်ကတစ်ခုခုလိုနေလို့" ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိတိုင်း အဲ့နေ့ အဲ့ည တော်ရုံနဲ့အိပ်မရပဲ နောင်သင်မဲ့သင်ခန်းစာတွေစိတ်ဝင်စားဖို့ကောင်းအောင်ထိုင်ပြင်တော့တာပဲ📝📝📝
I always wonder what students are thinking or how they feel after they finish learning with me. As a teacher, I often ask myself, "Why didn't all my students understand what I taught? Am I not good at teaching? Are my lessons not interesting for them? What parts do they find boring? How can I make things more fun and engaging? How can I prepare and teach in an interesting way? It's not that they can't absorb all because they're not good enough; it's because I need to change something on my side.” Whenever I think about this, I sometimes can't sleep well at night. So, I sit down and plan how to make my future lessons more interesting. 🤨💪
💚 23.08.23 💚
To my students or language learners 🧑🎓
Learning a new language is a big journey. You're on a path that will make your life better in many ways. Every word, sentence, and conversation you learn is like opening doors to new things. You're not just learning words; you're learning about cultures and making connections with others.
Think about the power you have. Each word you learn builds a bridge between languages and cultures. You're not just a student; you're a communicator and someone who can make positive changes.
Imagine a future where you can confidently talk in different languages, understand traditions, and make friends from everywhere. Even when things get tough, remember that challenges help you grow. Each time you overcome a challenge, you become stronger.
Every step you take is important, no matter how small. Don't forget why you started this journey. There are opportunities waiting for you, and you can open new doors and make new connections.
You're showing courage and curiosity by learning a new language. Enjoy the process and celebrate your progress. Every word you learn shapes your future. You're seekers of knowledge, advocates of understanding, and ambassadors of unity. The world is waiting for your contributions. Stay motivated and keep learning. Your journey will make the world a better place.
ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းက ကြီးမားရှည်လျားတဲ့လမ်းခရီးတစ်ခုဖြစ်တယ်။ ကိုယ့်ဘဝကို နည်းလမ်းများစွာနဲ့ ပိုမိုကောင်းမွန်စေမည့် လမ်းကြောင်းပေါ်လျှောက်လှမ်းနေတာလည်းဖြစ်တယ်။ ကိုယ်သင်ယူနေတဲ့စကားလုံးတွေ၊ စာကြောင်းတွေနှင့် စကားပြောတွေတိုင်းဟာ အသစ်အသစ်သောအရာတွေ အခွင့်အလမ်းသစ်တွေကို တံခါးဖွင့်ပေးနေတာပဲဖြစ်ပါတယ်။ ဘာသာစကား စကားလုံးတွေကို သင်ယူနေရုံသာမက၊ ယဉ်ကျေးမှုတွေအကြောင်း လေ့လာပြီး တခြားသူတွေနဲ့လည်းအဆက်အသွယ်လုပ်နေတာဖြစ်တယ်။
ကိုယ့်မှာရှိတဲ့ power တွေ skill တွေကိုသတိရပါ။ သင်ယူနေတဲ့စကားလုံးတိုင်းဟာ ဘာသာစကားများနှင့် ယဉ်ကျေးမှုတွေကြားမှာ ပေါင်းကူးတံတားတစ်ခုတည်ဆောက်ပေးနေတာလည်းဖြစ်တယ်။ ကိုယ်ပြောချင် တတ်ချင်တဲ့ ဘာသာစကားကိုအသုံးပြုပြီးယုံကြည်မှုရှိရှိ ပြောဆိုနိုင်ပြီး ရိုးရာဓလေ့များအကြောင်းကို နားလည်ကာ နေရာတိုင်းမှာ သူငယ်ချင်းမြောက်များစွာဖွဲ့နိုင်တဲ့ အနာဂတ်ကို စိတ်ကူးယဉ်ကြည့်ပါ။ ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်၊ စိန်ခေါ်မှုတွေက ကိုယ့်ကိုတိုးတက်အောင် ကူညီပေးတယ်ဆိုတာကို သတိရပါ။ စိန်ခေါ်မှုတစ်ခုကို ကျော်လွှားပြီးတိုင်း လူကိုပိုပြီး strong လာစေတယ်ဆိုတာမမေ့ပါနဲ့။ အခုကိုယ်လှမ်းနေတဲ့ခြေလှမ်းတိုင်းဟာ ဘယ်လောက်ပဲ သေးငယ်နေပါစေ ခြေလှမ်းသေးသေးကနေပဲစတင်ဖို့အရေးကြီးတယ်။ ဘာကြောင့်ဒီခရီးကို စခဲ့တာလဲဆိုတာကို မမေ့ပါနဲ့။
💚 19 Aug 2023 💚
မိုးသည်းတဲ့မနက်တိုင်း 🌧️☔🌧️
စောင်အထူကြီးအောက်ပါတစ်ယောက်တည်းကွေး 🛌
မနက် ၅ နာရီထပြီးစာဖတ်မယ် alarm ပေးထားပြီး နာရီနိုးစက်အော်ရင် ပြန်ပိတ်ပြီးနောက်ထပ်မိနစ် ၃၀ လောက်ပြန်ဆက်ကွေး.... နိုးစက်နောက်တစ်ခါထပ်အော်ပြန်တော့ နောက်ထပ် မိနစ် ၃၀ ထပ်ပေးပြီးပြန်ဆက်အိပ်ပြန်.... ဒုတိယမိနစ် ၃၀ ပြန်အိပ်တဲ့အချိန်က အတွေးပေါင်းစုံဝင်လာတဲ့အချိန်ပဲ... စုံပလုံစိထွက်နေတဲ့အတွေးထဲကမှ “ခုချိန်ဆို ငါ့အဖေနဲ့အမေ တောထဲကတဲအိမ်လေးမှာ အိပ်ကြတာ အဆင်ကောပြေရဲ့လား? ဒီမိုးတွေကြား နွေးကောနွေးရဲ့လား?”
သေချာပြီအဖေနဲ့အမေအကြောင်းအတွေးရောက်သွားရင် ပြန်အိပ်လို့မရတော့ပဲ အော်တိုအားအင်တွေပြည့်လာပြီးချက်ချင်းစာအုပ်ထဖတ် ရေချိုး သွားတိုက် အလုပ်သွားဖို့ပြင်ဆင်ချင်လာတယ်.....သူတို့ကိုပြန်မတွေ့နိုင်သေးခင်စပ်ကြားမှာ ငါအများကြီးကြိုးစားရမယ် သူတို့ကျန်းမာနေဖို့လိုတယ် သူတို့လိုအပ်တဲ့အချိန် တောင်းဆိုလိုက်တိုင်း ငါပေးနိုင်ရမယ်ဆိုတဲ့အတွေးနဲ့ Motivation တွေဇွတ်တက်လာတယ်... 😅😊😊
၈ လပိုင်းပိတ်ရက်ရှည်မှာခဏပြန်လည်မယ်လို့ပြောတော့ အဖေက “ဒီအခြေအနေနဲ့ ပြန်မလာနဲ့... အဖေတို့ဘယ်မှာနေလည်းဆိုတာ သမီးငယ်သိပေမဲ့ ဒီပစ်ခတ်မှုတွေနဲ့ကြုံရပြီး လမ်းမှာသမီးငယ်တစ်ခုခုဖြစ်လို့ ပျောက်သွားခဲ့သည်ရှိသော် ချိန်းထားတဲ့ရက်အတိုင်းအချိန်အတိုင်းပြန်မလာရင် အဖေတို့ရှာမတတ်ဘူးနော်... တစ်ယောက်တစ်ခြမ်းနေလိုက်တာ စိတ်ပိုချရ စိတ်ပိုချမ်းသာရတယ်” တဲ့… 😥😥😥
ဒီမိုးကုန်ရင်တော့ သူတို့မသိအောင် တိတ်တိတ်လေး surprise တိုက်ပြီး ခိုးပြန်ဖို့စိတ်ကူးရှိပြန်တယ်...😍😍😍
ရေးရင်းရေးရင်မျက်ရည်တွေဘာကြောင့်ကျမှန်းမသိကျလာတယ်....🥹
ခုနောက်ပိုင်းမျက်ရည်တွေကလည်း ကျတာလွယ်လိုက်တာ.....🥹😆😆
ကော့ကရိတ်က အိမ် 🏠
မေမေ 👉 ဟလို......သမီးငယ်ရေ အမေတို့အိမ် လွန်ခဲ့တဲ့ ၂-၃ ရက်က တိုက်ပွဲဖြစ်လို့ ဘေးပိုင်းထိသွားတယ်... အိမ်ခေါင်းရင်းကဦးလေးအိမ်ကတော့ အလုံးကြီးတည့်တည့်ကျလို့ထိသွားတယ်ကွယ်....
သမီးငယ် 👉 သမီးတို့အိမ်အများကြီးထိလားအမေ
မေမေ 👉 အောက်ထပ်ဘေးဘက်တံခါး ထိလို့ပွင့်သွားတယ်လို့ အိမ်နီးနားချင်းကဖုန်းဆက်ပြောတယ် အိမ်ထဲကပစ္စည်းတွေသူခိုးတွေဝင်ခိုးမှာစိုးလို့ ပြန်ရိုက်ပိတ်သင့်တယ်လို့တော့ပြောတယ်
သမီးငယ် 👉 မပြန်ပါနဲ့အမေ အမေလည်းသိပ်နေကောင်းတာမဟုတ်ဘူး တူလေးကလည်းအရွယ်ရောက်လာပြီမို့ ပြန်ရင်လမ်းခုလတ်မှာ စခ ကတွေ့လို့ ပေါ်တာလုပ်ခိုင်းနေဦးမယ်
မေမေ 👉 အမေလည်း မနက်ကတည်းကနေ ပြင်ဆင်ပြီးပြန်သင့်မပြန်သင့် သတင်းတွေစောင့်နားထောင်နေတာ နင့်အဖေပဲအေးတယ် သူဘာမှစိတ်မပူဘူး အိမ်ဘာပဲဖြစ်ဖြစ် အိမ်ထဲကပစ္စည်းဘာဖြစ်ဖြစ်ပဲ သူစိတ်ကိုမဝင်စားတာ
သမီးငယ် 👉 အမှန်ဆို အဖေ့လိုလူမျိုးက ကောင်းတာအမေ အတိတ်မှာဘာပဲလုပ်ခဲ့ စုခဲ့ ဆောင်းခဲ့ ပိုင်ဆိုင်ခဲ့ပါစေ ပစ္စုပ္ပန်မှာပဲနေတယ် ဒီနေ့ ဒီရက် ဒီအချိန်ကိုပဲအာရုံထားတာ အရမ်းကောင်းတယ်အမေ
မေမေ 👉 ဟုတ်တယ် နင်တို့အဖေက အေးချမ်းတယ် ငါပဲပူနေရတာ သားသမီးတွေ (ကျွန်မ မပါ) ရှာကြံစုဆောင်းပြီး တည်ဆောက် ထားတဲ့အိမ်ကြီးရယ် ဝယ်ထားတဲ့ပစ္စည်းတွေအများကြီးမို့ နှမြောမိတယ် ကိုယ့်အတွက်တော့မဟုတ်ပါဘူး နင့်အစ်မတွေကိုယ်စား နှမြောစိတ်ပူမိတာပါ
သမီးငယ် 👉 မပြန်နဲ့နော်အမေ အိမ်နီးနားချင်းက အသိတွေကိုအကူအညီတောင်းကြည့်ပါ သစ်သားပြားတွေနဲ့ပဲဖြစ်ဖြစ် သိရိုက်ပိတ်ခိုင်းလိုက်ပါ... ကုန်ကျစရိတ်တွေကို သမီးငယ်ပေးပါမယ်... သမီးလက်ထဲမှာငွေလှဲရင်တော့ မြန်မာငွေ ၁ သိန်းလောက်တော့ရှိပါတယ် … ၁ သိန်းဆိုလောက်တယ်မဟုတ်လားအမေ... (ရက်၂၀ကျော်လာရင် အော်တို ဘိုင်ပြတ်သူမိမိ 😁😁😁)
မေမေ 👉 အဲ့လောက်မကုန်ဘူး အမေတို့မှာလည်း ရှိပါတယ်.... တို့အိမ်အကြောင်းသမီးအစ်မတွေကိုလည်းအကြောင်းကြားလိုက်ဦးနော်... အမေအကူအညီလိုက်တောင်းလိုက်ဦးမယ်... 😔
22.07.2023 🗓️
လူသိအရမ်းနည်းတဲ့ကျွန်မရဲ့အကြောင်း 😁
ထိုင်းမှာနေလာတာ ၁၃ နှစ်ရှိပြီ
ဟိုသွား ဒီသွား အလုပ်သွား ဆိုင်ကယ်နဲ့သွားပေမဲ့ ယဉ်မောင်းလိုင်စင်လုံးဝမရှိသူပါ...😉
ဒီအကြောင်းကို သိသွားတဲ့ ရင်းနှီးတဲ့သူတွေက “နင့်ကို ပလိပ်တွေမဖမ်းဘူးလား” တဲ့
ဖမ်းတာပေါ့ စစမောင်းတုန်းက ၂ ခါလောက်ဖမ်းခံထိဖူးလို့ တစ်ခါကို ဘတ် ၄၀၀ နဲ့ ဆိုင်ကယ်မောင်းတဲ့ ၈ နှစ်အတွင်း စုစုပေါင်း ဒဏ်ငွေ ၈၀၀ ဆောင်ခဲ့ဖူးပါတယ်... 😌
ယဉ်မောင်းလိုင်စင်မရှိပဲ စာသင်ကျောင်းတွေလိုက်သွားနေတာကို ဒါရိုက်တာကသိသွားတော့ မင်သက်အံ့ဩပြီး ဘာမှပြောမထွက်လောက်အောင်ဖြစ်ပြီး... “How…. How…” ဆိုပြီးမေးတာ.. ကိုယ်ကလည်း "မျက်ခွက်ပြောင်ပြောင်ပဲလို့ ပလိပ်ကိုတွေ့ရင် မကြောက်ဘူး... ဒဏ်ငွေဆောင်ရ 400-500 ပေါ့ I am a cool kid လို့ ပြန်ပြောလိုက်တယ်... “Paw Paw, You should do driving license.” ဆိုပြီး ပြောလွန်းအားကြီးလို့ အခုတော့ တကယ်လုပ်လိုက်ပါပြီ... ဥပဒေကိုချိုးဖောက်လို့ဝလာလို့ ဒီတစ်ခါ ဥပဒေအတိုင်းလိုက်နာလုပ်ဆောင်ပါပြီ... 😂😂😂😂
ည 7.37 မိနစ် ⏰⏰⏰
ဆိုင်ကယ်မောင်းရင်းရုံးကအပြန် တစ်ယောက်တည်း မျက်ရည်တွေကျနေတာ
မိုးကလည်းသည်းကြီးမည်းကြီးရွာနေတာ ငါ့ကိုလှောင်နေသလိုပဲ... အခန််းလည်းရောက် မျက်လုံးတွေလည်းကိုက် ကျောပိုးအိတ်လည်းစို.... တစ်ကိုယ်လုံးလည်းရွှဲ.... အဝတ်မလှဲပဲ တစ်ကိုယ်တည်းဘာ့ကြောင့်မျက်ရည်ကျရလည်းဆိုတာထိုင်စဉ်းစား.....
1. အလုပ်တွေအရမ်းရှုပ်နေလို့ စိတ်ဖိစီးမှုတာကြောင့်လား
2. ကျောင်းစာတွေလုပ်ချိန်နည်းနေလို့လား
3. ကျောင်းစာတွေကိုထင်ထားသလိုကောင်းကောင်းမလုပ်နိုင်လို့လား
4. မိဘကိုလွမ်းတာများလား
5. ထင်သလောက်ဘဝက အဆင်မပြေလို့လား
6. ချစ်သူကိုလွမ်းနေတာများလား
7. ချစ်သူကဂရုမစိုက်လို့များလား
8. ကိုယ်ပိုင်စာဖတ်ချိန်မရှိအောင်နည်းနေလို့များလား
9. အဝတ်မလျှော်ရသေးလို့များလား
10. လျှော်ထားတဲ့အဝတ်တွေမီးပူမတိုက်ရသေးလို့လား
အကြောင်းပြချက်မျိုးစုံရှာကြည့်တယ်... ဒီမျက်ရည်ဘာကြောင့်ကျတယ်ဆိုတာအကြောင်းပြချက်အတိအကျရှာမတွေ့ခဲ့ဘူး.... ထိန်းမရတဲ့အဆုံးရှိုက်ကြီးတငင်အားရပါးရငိုချလိုက်ပါတော့တယ် 😞😞😞
Following 2023 New Year Resolution 📝
2023 New Year Resolution ထဲမှာ “စဉ်ဆက်မပြတ်လေ့လာသင်ယူမယ်” လို့ကိုယ့်ကိုကိုယ်ကတိပေးထားတဲ့အတိုင်း နေ့ရက်တိုင်းမှာ အသစ်အသစ်တွေမရပ်မနားကို လေ့လာသင်ယူနေတယ် 😍😍😍
အထူးဆန်းဆုံးတစ်ခုအနေနဲ့လေ့လာသင်ယူနေတာကတော့ နံရံဆေးသုတ်တာပါပဲ...😁
တစ်ခါမှမလုပ်ဖူးသလို လုပ်မယ်လို့လည်းစိတ်ကူးမထားတဲ့အရာတစ်ခုပါ ဒီအလုပ်က လူပန်းပေမဲ့ ကလေးတွေကိုပျော်စေတော့ လုပ်ရကျိုးတော်တော်နပ်တယ်... 😌😌😌
ခုလည်းကိုက်ခဲပြီး အဖျားနည်းနည်းတက်ပြီးဆေးသောက်နေရတယ်... ရုံးတော့မသွားဘူး ဖေ့ဘွတ်တော့ပွတ်ဖြစ်တယ် စာတော့ရေးဖြစ်တယ် 😜😁😁
ဖုတ်ဖလမှာ ဆေးသုတ်နေတုန်းက အဖေအမေနဲ့ဖုန်းခေါ်ဖြစ်တယ်.... မိဘတွေကိုလည်းပေါ်တင်ပြောပြလိုက်တယ် “ဒီခေတ်မှာ အလုပ်တစ်မျိုးတည်းနဲ့နေမရတော့ဘူးလို့ သင်ယူသင့်တာအကုန်သင်ယူရမယ်..အပိုဝင်ငွေရအောင် နံရံဆေးသုတ်တွေလုပ်သင့်လုပ်ရမယ်လို့” ပြောတာကို အဖေနဲ့အမေကလည်း “ဟုတ်တာပေါ့… တူလေးအကြီးကအိမ်ဆောက် ဒေါ်လေးဖြစ်သူက ဆေးသုတ်ပေါ့” တဲ့… မိဘတွေများ ဘယ်လောက် supportive ဖြစ်သလဲဆိုတာကြည့်ပါ 🤣🤣
ဒီသမီးငယ်ကိုစိတ်လွတ်ကိုယ်လွတ်နဲ့လုပ်ချင်တာပေးလုပ်တာကိုပဲကျေးဇူးတင်မိတယ်😘
👩🏫 မင်္ဂလာပါဆရာမဖောဖော 👩🏫
တစ်ချို့ကခေါ်တယ် တီချယ်ဖော၊ တီချယ်ကစ် 👩🏫
တစ်ချို့ကခေါ်တယ် ချယ်ဖော၊ ချယ်ကစ် တဲ့ 👩🏫
ဘဝကသိပ်ပြီးထူးဆန်းတာပဲ တစ်နိုင်ငံမှာမွေးပြီး နောက်တစ်နိုင်ငံမှာမထင်မှတ်ပဲ ဆရာမ ဆိုတဲ့ရာထူးလာရနေတယ် 😁
လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ တုန်းက အဖေအမေတွေဆီမှာ တက္ကသိုလ်တက်နိုင်ဖို့ ငွေသာရှိခဲ့မယ်ဆိုရင် ခုလောက်ဆိုကိုယ့်မွေးရပ်မြေမှာ ရာထူးတစ်ခုခုတော့ရနေလောက်ပြီ 😜
ကျောင်းစိမ်းလေးဝတ်ပြီးအဖေအမေတို့ကြီးပြင်းလာခဲ့တဲ့မွေးရပ်မြေရွာကျောင်းမှာဆရာမတအားလုပ်ချင်ခဲ့တာ 🥹
ခုတော့ဘောင်းဘီရှည်ကြီးဝတ်ပြီး (တခါတလေဘောင်းဘီတိုနဲ့) ရယ်လိုက်ရင် ကျောင်းသူ/သားတွေ (ဆရာ/မတွေအပါအဝင်ပေါ့) စာတွေမေ့လောက်တဲ့အထိရယ်သံပိုင်ရှင်ဖြစ်ပြီးမနူးမညံ့နဲ့ သူစိမ်းနိုင်ငံမှာ (ခုတော့မစိမ်းတော့ပါဘူး...ကိုယ့်အိမ်လိုတောင်ဖြစ်နေပြီ) ကိုယ့်လူမျိုးတွေကို ကူနေတဲ့ဆရာမလာဖြစ်နေတယ် 🤣🤣🤣
ဝတ်ချင်ခဲ့ဖူးတဲ့ဝတ်စုံကိုချုပ်ပေးတဲ့ညီမလေးနှင်းကိုကျေးဇူးအထူးပါလို့စ် ချစ်တယ်နော် 😘😘😘
အဆိပ်ပင် (ကျွန်မသိတဲ့အဆိပ်ပင်အကြောင်း) 🌵
အဆိပ်ရှိတဲ့အရာတွေမှန်သမျှက ကိုယ်မပတ်သက်လည်း ကိုယ်အနားမှာရှိနေရင် ကိုယ်ပါလိုက်ပြီး မသိမသာ အဆိပ်မိသွားတတ်တယ် အဆိပ်မိနေမှန်းမသိ မိနေပြီး ရုန်းထွက်လို့မရတဲ့အထိဖြစ်သွားခဲ့တဲ့သူတွေအများကြီးပါ အဲ့ဒီထဲမှာကျွန်မလည်းအပါအဝင်ပေါ့
အဆိပ်ပင်လို့ပြောရင် အမျိုးမျိုးရှိပါတယ်
1. လုပ်ငန်းခွင်ထဲကအဆိပ်ပင် - အလုပ်ထဲကသူဌေး/ခေါင်းဆောင်/လုပ်ဖော်ကိုင်ဖက်တွေက တစ်ချိနလုံးဆဲဆိုတိုင်းထွာနေလို့ ကိုယ့်ခေါင်းထဲ ကိုယ့်မသိစိတ်ထဲ ဆဲဆိုနေတဲ့စကားလုံးတွေစုစုလာတတ်ပြီး ကိုယ့်အိမ်သားတွေ ကိုယ်ချစ်ရတဲ့သူတွေအပေါ်မထင်မှတ်ပဲပြန်ပြီးဆဲမိ၊ ဒေါသထွက်မိတတ်တဲအဆိပ်
2. မိတ်ဆွေသူငယ်ချင်းထဲကအဆိပ် - ကိုယ့်အရှေ့မှာအရမ်းချိုသာပြပြီး ကိုယ်တစ်ခုခုလုပ်တော့မယ်ဆို အားပေးသလိုလိုနဲ့ ကိုယ့်ကိုဆွဲချပြီး ကိုယ့်ကိုစိတ်ပူသလိုလိုဟန်ဆောင်ပြီး ကိုယ်အားခဲထားသလို ကြိုးစားသလိုဖြစ်မလာရင် အရမ်းပျော်တတ်တဲ့အဆိပ်ပင်မျိုး
3. မိသားစုထဲကအဆိပ်ပင် - သားသမီးတွေကိုညီတူညီမျှမချစ်လို့ သားသမီးတွေအချင်းချင်းစိတ်ဝမ်းကွဲရတဲ့အဆိပ်၊ မောင်နှမတွေထဲက တစ်ယောက်ယောက်များထူးချွန်နေရင် မနာလိုဖြစ်ပြီး ထူးချွန်နေတဲ့တစ်ယောက်ကို အောာက်မရောက်ရောက်အောင်ဆွဲချနေတဲ့အဆိပ်၊ အောက်ဆွဲချလို့မရရင် အတင်းဝင်ရှုပ်ပြီး တစ်ခုခုအကူအညီတောင်းသလိိုလိုနဲ့ ရှေ့မရောက်အောင်လုပ်နေတတ်တဲ့မောင်နှမအဆိပ်၊ မောင်နှမထဲမှာ ငါကအကြီး နင်ကအငယ်မို့ အကြီးစကားနားထောင်ရမယ်ဆိုတဲ့ old version ကိုအမှီပြုတဲ့အဆိပ်
ဒီလိုအဆိပ်ရှိတဲ့သူတွေနဲ့အနေများရင် သူတို့ရဲ့ Evil Energy တွေကြောင့် ကိုယ့် Endless Energetic Energy တွေကတစ်ဖြည်းဖြည်းခမ်းခြောက်လာပြီး ကိုယ့်ဘဝကသူတို့တွေလိုပဲဖြစ်လာနိုင်တယ်....
အဆိပ်ပင်နားမနေကြသလို ကိုယ်ကိုယ်တိုင်လည်းအဆိပ်ပင်တစ်ပင်မဖြစ်ပါစေနဲ့
အလကားရတဲ့ပညာရေး.. တန်ဖိုးထားသင့်လား? 🤔
စာသင်ရတာအရမ်းပျော် (အသေပျော်) သူ
အလုပ်ဘယ်လောက်ရှုပ်နေပါစေ သူများကိုစာလေးနည်းနည်းသင်ပေးရမှ စားဝင်အိပ်ပျော်တာမျိုး
မျှဝေရတာအရမ်းမြတ်နိုးတဲ့အတွက် ငွေရသည် မရသည်နဲ့မဆိုင်ပဲပေးလိုက်ချင်တာ... ကိုယ်သိကိုယ်တတ်တဲ့အရာကိုမျှဝေလိုက်ခြင်းအားဖြင့် ဘာတစ်ခုမှမနစ်နာသွားဘူး
-ကိုယ်တတ်နေတဲ့ပညာမပျော်သွားဘူး
-ကိုယ့်အသက်မတိုသွားဘူး
-၂၄ နာရီမှာ ၁-၁.၃၀နာရီ လောက်ပေးလိုက်ခြင်းအားဖြင့် တခြားတာဝန်တွေမလစ်ဟင်းသွားဘူး
-ကိုယ့်အသားတွေလည်းမပဲ့သွားဘူး
တခြားသူတွေဆီကနေဘာတစ်ခုမှမမျှော်လင့်ပဲ ပေးရတာမြတ်နိုးသူ ပျော်ရွှင်သူတစ်ယောက်အနေနဲ့ လိုလိုလားလားပေးတာကို “ပေါတယ်” လို့ထင်နေကြတာလား? အလကားရလို့ တန်ဖိုးမရှိဘူးလို့ထင်နေကြတာများလား? အသက် ၁၉ နှစ်ကတည်းကစာစသင်လာတာ အခုဆို ၂၉ နှစ်ပြည့်ခဲ့ပြီ... စာစသင်တဲ့တစ်လျှောက်လုံးမှာ လိုအပ်သူတွေမှန်သမျှကို အလကားပေးလာခဲ့တာ... ခုတော့တဖြည်းဖြည်းနဲ့သိလာပြီ... အလကားပေးတာ ပေါလွန်းတယ်ထင်ပြီး မယူချင်ကြတာ တန်ဖိုးမထားချင်ကြတဲ့သူတွေများလာတော့...အလကားဘယ်တော့မှမပေးတော့ပါလို့ကိုယ့်ကိုယ်ကိုကတိပေးတယ်... တန်ရာတန်ရာယူမှရတော့မဲ့အနေအထားရောက်လာပြီလို့ ကျွန်မနဲ့စာသင်ရတာ ဈေးကြီးတယ်မပြေပါနဲ့...ယူတဲ့ငွေနဲ့မလိုက်အောင်စာသင်ပြသူတစ်ယောက်ပါ (ကိုယ့်ကိုယ်ကိုလည်းမြှောင့်ပင့်ပြောရသေး) 🤣🤣🤣
Things I always wanted to do before the coup in 2021, which I can call my dreams or my bucket lists, I am doing now. I don't know if I can handle it with my always-busy self. But I chose it, so I will do it no matter what.
ကိုယ့်ကိုကိုယ်မှ အားမပေးရင် ကိုယ့်ကိုအားပေးမဲ့သူမရှိလေတော့... ကိုယ့်ကိုကိုယ်ရွေ့ဖို့ ကိုယ်ကိုယ်တိုင်မှမရွေ့ရင် မရောက်တော့ ၂၄ နာရီရွေ့ဖို့အားမွေးရလေသူ 😍
6 လပိုင်းထဲဝင်လာပြီမို့ ကိုယ်ရေးထားတဲ့ ကိုယ့်ရဲ့ New Year Resolusions လေးကိုပြန်ကြည့်ကြည့်တော့
“ငါကဘယ်ဆိုးလို့လဲ... လုပ်နိုင်သား... ပြောထားတဲ့အတိုင်းလုပ်နိုင်သားပဲ" ဆိုတာကိုတော့တွေ့ရတယ်
😁☺️
ကိုယ်အရမ်းချစ်တဲ့အလုပ်ကို ဘယ်လောက်ပဲအလုပ်တွေများနေပါစေ လုပ်ကိုလုပ်ဖြစ်တယ်... မိဘတွေကိုငြင်းဖို့အားတတ်တာရယ် ကိုယ်နဲ့စာသင်ချင်တဲ့သူတွေအားလုံးစာသင်ခွင့်ရအောင် ပေးချင်တဲ့စိတ်ရယ်နဲ့ တစ်ရက် ၂၄ နာရီက ကိုယ့်အတွက်မလောက်ဘူးရယ်... သူတို့လေးတွေရဲ့ဘဝမှာ ဒီဆရာမနဲ့ တစ်ခါတော့ကြုံဖူးပြီး သူတို့ဘဝအတွက် တစ်ထောင့်တစ်နေရာမှာ ပါဝင်ကူညီခဲ့ဖူးတဲ့အခွင့်ရှိတာကိုပဲ ဂုဏ်ယူမိတယ် 🧡
လူသားတိုင်း ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို လုပ်ခွင့်ရှိရင်ကမ္ဘာကြီးကသိပ်ပျော်စရာကောင်းနေမှာ 🧡
🌿 အတိတ်ဆိုတဲ့ အကျဉ်းထောင်ထဲမှာ မိမိကိုယ် မိမိချုပ်နှောင်ထားတတ်ကြတယ်။
🌿 တစ်ချို့အတိတ်ကိုမှတ်တမ်းအဖြစ်သာထားလိုက်ကြ။
🌿အတိတ်ရဲ့ချည်နှောင်မှုကနေရုန်းထွက်ကြ။
🌿အတိတ်ကိုသင်ခန်းစာအဖြစ်မှတ်ယူကြ။
🌿နာကြည်းမှုနဲ့ချည်နှောင်မထားကြနဲ့။
🌿ဒါမှလွတ်မြောက်သူဖြစ်နိုင်မှာ။
မာကျောကျစ်လစ်တဲ့မြေကြီးကို ကိုယ့်အားကိုယ်ကိုးပြီးပွင့်တဲ့ပန်း။ ရုန်းထပြီးပွင့်တဲ့ပန်း။ မြေပေါက်ပန်းပေါ့။ ငါကပြုစုယုယမှ ပွင့်တဲ့ပန်းတွေထက်
ပြုစုစရာမလိုပဲ၊ ယုယစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ပွင့်တဲ့ ဒီပန်းမျိုးကို သဘောကျတယ်။🪻
2023 သင်္ကြန် 💦💦💦
🔹ခုဆို အိမ်မပြန်ရတာ သင်္ကြန် ၄ ကြိမ်တောင်ရှိပြီ
🔹နိုင်ငံရေးအခြေအနေကြောင့် ဘာသာရေးအပေါ်ယုံကြည်မှုတဖြည်းဖြည်းပျက်ပြားလာပြီး ဘာသာမဲ့တစ်ဦးအသွင်တဖြည်းဖြည်းဖြစ်လာခဲ့ပြီ
🔹သင်္ကြန်ကို အတာအိုးတွေနဲ့မကြိုတော့သလို ဘုန်းကြီးကျောင်းသွားပြီးလည်း တကူးတကအလှူမလုပ်ဖြစ်တော့ပဲ လိုအပ်သူတွေကိုပဲပေးဖြစ်လာတော့
တယ်
🔹အသက်တွေလည်းတဖြည်းဖြည်းကြီးလာတာမို့ အရင်ကလိုလည်းကိုယ်စားချင်တာကို အလှူအိမ်လိုက်စားတာတွေလည်းမလုပ်ရဲတော့ပဲ ကိုယ်တိုင်လုပ်စားရတဲ့အသက်အရွယ်ကိုတောင်ရောက်လာပြီ
🔹အရမ်းစားချင်တဲမုန့်လုံးရေပေါ်ကို ဒီနေ့တော့ကိုယ်တိုင်သူငယ်ချင်းနဲ့အတူတူလုပ်စားလိုက်ရပါတယ် 😁😁😁
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘲𝘶𝘪𝘦𝘵 𝘣𝘦𝘤𝘢𝘶𝘴𝘦 𝘺𝘰𝘶'𝘳𝘦 𝘱𝘦𝘳𝘧𝘦𝘤𝘵𝘭𝘺 𝘩𝘢𝘱𝘱𝘺 𝘪𝘯 𝘴𝘪𝘭𝘦𝘯𝘤𝘦.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘸𝘦𝘢𝘬 𝘣𝘦𝘤𝘢𝘶𝘴𝘦 𝘺𝘰𝘶 𝘢𝘷𝘰𝘪𝘥 𝘤𝘰𝘯𝘧𝘭𝘪𝘤𝘵 𝘢𝘯𝘥 𝘥𝘳𝘢𝘮𝘢.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘰𝘣𝘴𝘦𝘴𝘴𝘦𝘥 𝘧𝘰𝘳 𝘣𝘦𝘪𝘯𝘨 𝘱𝘢𝘴𝘴𝘪𝘰𝘯𝘢𝘵𝘦 𝘢𝘣𝘰𝘶𝘵 𝘵𝘩𝘦 𝘵𝘩𝘪𝘯𝘨𝘴 𝘺𝘰𝘶 𝘭𝘰𝘷𝘦.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘳𝘶𝘥𝘦 𝘧𝘰𝘳 𝘯𝘰𝘵 𝘦𝘯𝘨𝘢𝘨𝘪𝘯𝘨 𝘪𝘯 𝘴𝘰𝘤𝘪𝘢𝘭 𝘱𝘭𝘦𝘢𝘴𝘢𝘯𝘵𝘳𝘪𝘦𝘴.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘢𝘳𝘳𝘰𝘨𝘢𝘯𝘵 𝘧𝘰𝘳 𝘩𝘢𝘷𝘪𝘯𝘨 𝘴𝘦𝘭𝘧-𝘳𝘦𝘴𝘱𝘦𝘤𝘵.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘣𝘰𝘳𝘪𝘯𝘨 𝘧𝘰𝘳 𝘯𝘰𝘵 𝘣𝘦𝘪𝘯𝘨 𝘢𝘯 𝘦𝘹𝘵𝘳𝘰𝘷𝘦𝘳𝘵.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘸𝘳𝘰𝘯𝘨 𝘧𝘰𝘳 𝘩𝘢𝘷𝘪𝘯𝘨 𝘥𝘪𝘧𝘧𝘦𝘳𝘦𝘯𝘵 𝘣𝘦𝘭𝘪𝘦𝘧𝘴.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘴𝘩𝘺 𝘸𝘩𝘦𝘯 𝘺𝘰𝘶 𝘤𝘩𝘰𝘰𝘴𝘦 𝘯𝘰𝘵 𝘵𝘰 𝘪𝘯𝘵𝘦𝘳𝘢𝘤𝘵 𝘪𝘯 𝘴𝘮𝘢𝘭𝘭 𝘵𝘢𝘭𝘬.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘧𝘢𝘬𝘦 𝘧𝘰𝘳 𝘵𝘳𝘺𝘪𝘯𝘨 𝘺𝘰𝘶𝘳 𝘣𝘦𝘴𝘵 𝘵𝘰 𝘳𝘦𝘮𝘢𝘪𝘯 𝘱𝘰𝘴𝘪𝘵𝘪𝘷𝘦.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘢 𝘭𝘰𝘯𝘦𝘳 𝘣𝘦𝘤𝘢𝘶𝘴𝘦 𝘺𝘰𝘶'𝘳𝘦 𝘤𝘰𝘮𝘧𝘰𝘳𝘵𝘢𝘣𝘭𝘦 𝘣𝘦𝘪𝘯𝘨 𝘰𝘯 𝘺𝘰𝘶𝘳 𝘰𝘸𝘯. 𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘭𝘰𝘴𝘵 𝘧𝘰𝘳 𝘯𝘰𝘵 𝘧𝘰𝘭𝘭𝘰𝘸𝘪𝘯𝘨 𝘵𝘩𝘦 𝘴𝘢𝘮𝘦 𝘳𝘰𝘶𝘵𝘦 𝘢𝘴 𝘰𝘵𝘩𝘦𝘳𝘴.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘢 𝘨𝘦𝘦𝘬 𝘧𝘰𝘳 𝘣𝘦𝘪𝘯𝘨 𝘢 𝘬𝘯𝘰𝘸𝘭𝘦𝘥𝘨𝘦-𝘴𝘦𝘦𝘬𝘦𝘳.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘶𝘨𝘭𝘺 𝘧𝘰𝘳 𝘯𝘰𝘵 𝘭𝘰𝘰𝘬𝘪𝘯𝘨 𝘭𝘪𝘬𝘦 𝘤𝘦𝘭𝘦𝘣𝘳𝘪𝘵𝘪𝘦𝘴.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘥𝘶𝘮𝘣 𝘧𝘰𝘳 𝘯𝘰𝘵 𝘣𝘦𝘪𝘯𝘨 𝘢𝘯 𝘢𝘤𝘢𝘥𝘦𝘮𝘪𝘤.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘤𝘳𝘢𝘻𝘺 𝘧𝘰𝘳 𝘵𝘩𝘪𝘯𝘬𝘪𝘯𝘨 𝘥𝘪𝘧𝘧𝘦𝘳𝘦𝘯𝘵𝘭𝘺 𝘵𝘩𝘢𝘯 𝘰𝘵𝘩𝘦𝘳𝘴.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘤𝘩𝘦𝘢𝘱 𝘧𝘰𝘳 𝘬𝘯𝘰𝘸𝘪𝘯𝘨 𝘵𝘩𝘦 𝘷𝘢𝘭𝘶𝘦 𝘰𝘧 𝘮𝘰𝘯𝘦𝘺.
𝘛𝘩𝘦𝘺 𝘸𝘪𝘭𝘭 𝘤𝘢𝘭𝘭 𝘺𝘰𝘶 𝘥𝘪𝘴𝘭𝘰𝘺𝘢𝘭 𝘧𝘰𝘳 𝘥𝘪𝘴𝘵𝘢𝘯𝘤𝘪𝘯𝘨 𝘺𝘰𝘶𝘳𝘴𝘦𝘭𝘧 𝘧𝘳𝘰𝘮 𝘯𝘦𝘨𝘢𝘵𝘪𝘷𝘦 𝘱𝘦𝘰𝘱𝘭𝘦.
𝘓𝘦𝘵 𝘵𝘩𝘦𝘮 𝘤𝘢𝘭𝘭 𝘪𝘵 𝘸𝘩𝘢𝘵 𝘵𝘩𝘦𝘺 𝘸𝘢𝘯𝘵, 𝘢𝘯𝘥 𝘤𝘳𝘦𝘢𝘵𝘦 𝘺𝘰𝘶𝘳 𝘰𝘸𝘯 𝘱𝘢𝘳𝘵 𝘵𝘰 𝘱𝘭𝘢𝘺 𝘪𝘯 𝘵𝘩𝘦 𝘸𝘰𝘳𝘭𝘥. ☺️☺️☺️
ဒီအချိန်ရောက်လာရင်
▪️ဒီအချိန်ရောက်လာရင် ရင်ထဲမှာဟာတာတာနဲ့
▪️ဒီအချိိန်ရောက်လာရင် အလုပ်ကလူတွေခွင့်ယူကြပြီလေ
▪️ဒီအချိန်ရောက်လာရင် လူအများစုကချစ်ရသူတွေနဲ့ခရီးထွက်ဖို့ပြင်ကြပြီလေ
▪️ဒီအချိန်ရောက်လာရင် ရပ်ဝေးမှာအလုပ်လုပ်ကြတဲ့သားသမီးတွေ မိဘဆီပြန်ဖို့ပြင်ဆင်ကြပြီလေ
▪️ဒီအချိန်ရောက်လာရင် ပွဲတော်တွေကျင်းပဖို့ ပြင်ဆင်ကြပြီလေ
▪️ဒီအချိန်ရောက်လာရင် (လွန်ခဲ့၄နှစ်ကဆိုရင်) ကျွန်မလည်းအိမ်ပြန်ဖို့ အထုတ်ပြင်၊ အမေအမေအလှူလုပ်ဖို့အတွက် လိုအပ်မဲ့ပစ္စည်းတွေဝယ်၊ မြန်မာငွေတွေကြိုလှဲ......
▪️ခုတော့ ဒီအချိန်ရောက်လာရင် လွမ်းပြီးမိဘတွေရဲ့အဝေးမှာ တစ်ယောက်တည်း.....💔💔💔
မနေ့တုန်းက 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐒𝐲𝐝𝐧𝐞𝐲 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 က အင်္ဂလိပ်စာပရိုဂရမ်မန်နေဂျာဖြစ်တဲ့ Jackson Howard နဲ့ Zoom ကနေအလုပ်အကြောင်းဆွေးနွေးကြဖို့ အကြောင်းဖန်လာတယ်...
𝗝𝗮𝗰𝗸𝘀𝗼𝗻 𝗛𝗼𝘄𝗮𝗿𝗱 : 𝗚𝗼𝗼𝗱 𝗺𝗼𝗿𝗻𝗶𝗻𝗴 𝗣𝗮𝘄 𝗣𝗮𝘄 ဟိုကနုတ်ဆက်ချိန် ….. ကိုယ်က ခုပဲ Zoom ဝင်ရသေးတယ် ကင်မရာတောင်မဖွင့်ရပဲ မြန်မာလို ဟဲ့ Jackson ဝင်လာနေပြီကော ဆိုပြီးရုံးကအစ်ကိုကြီးတစ်ယောက်ကိုလှမ်းပြောရင်း
𝗣𝗮𝘄 𝗣𝗮𝘄 : 𝗠𝗼𝗿𝗻𝗶𝗻𝗴 𝗝𝗮𝗰𝗸𝘀𝗼𝗻. လို့ပြန်ဖြေလိုက်တယ်တယ်
𝗝𝗮𝗰𝗸𝘀𝗼𝗻 𝗛𝗼𝘄𝗮𝗿𝗱 : 𝗣𝗮𝘄 𝗣𝗮𝘄, 𝗻𝗼𝘄 𝗜 𝗰𝗮𝗻 𝗳𝗲𝗲𝗹 𝘁𝗵𝗮𝘁 𝘆𝗼𝘂 𝗮𝗿𝗲 𝘀𝗺𝗶𝗹𝗶𝗻𝗴
အဲ့အချိန်မှာ ကိုယ်က ကင်မရာအဖွင့် သူကအတွေ့ပေါ့....
𝗝𝗮𝗰𝗸𝘀𝗼𝗻 𝗛𝗼𝘄𝗮𝗿𝗱: 𝗜 𝗸𝗻𝗲𝘄 𝗶𝘁. 𝗬𝗼𝘂 𝘄𝗶𝗹𝗹 𝗯𝗲 𝘀𝗺𝗶𝗹𝗶𝗻𝗴. 𝗪𝗵𝗲𝗻 𝗜 𝗵𝗲𝗮𝗿𝗱 𝘁𝗵𝗲 𝘀𝗼𝘂𝗻𝗱 𝗼𝗳 "𝗣𝗮𝘄 𝗣𝗮𝘄", 𝗜 𝗰𝗼𝘂𝗹𝗱 𝗮𝗹𝗿𝗲𝗮𝗱𝘆 𝗶𝗺𝗮𝗴𝗶𝗻𝗲 𝘆𝗼𝘂𝗿 𝘀𝗺𝗶𝗹𝗶𝗻𝗴 𝗳𝗮𝗰𝗲.
Paw Paw : ကြောင်တောင်တောင်နဲ့အပြုံးမပျက်ပေါ့ (သိတဲ့အတိုင်း ဒီပါးစပ်က မပြုံးမရယ်ရင် ဖောဖောမဟုတ်ဘူး) 🤣
မနှစ်က နာရီ ၂၀၀ ပဲ အင်္ဂလိပ်အတန်းကိုတက်ရပေမဲ့ ဒီအပြုံးကိုမှတ်မိနေတဲ့အတွက် ငါတစ်ချိန်လုံး ပေါတောတောတစ်ယောက်လို ရယ်ပြုံးတာမှန်သွားပြီဆိုတာ ပိုပိုသိလာပါတယ် 😅😅
I sometimes wanna be my student. ☺️
တခါတလေ ကိုယ့်လိုစာသင်ပျော်တဲ့ဆရာမရဲ့ တပည့်ဖြစ်ချင်မိတယ်..☺️
ကျောင်းသူ/သားတွေရဲ့လိုအပ်ချက်ပေါ်ပြင်ဆင်ပြီးသင်ကြားတတ်တဲ့မိမိလို ဆရာမနဲ့တကယ်စာသင်ချင်မိတယ် 😆
တချိန်လုံးအပြုံးမပျက် အားအင်အပြည့်နဲ့ စာသင်တတ််တဲ့မိမိလိုဆရာမနဲ့တကယ်စာသင်ချင်တာ 😄
Videos (show all)
Contact the public figure
Telephone
Website
Address
Mae Sot
63110