PPTIP
လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လုံခြုံစွာရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာများ ဝေမျှရန်
အားလုံးပဲ မင်္ဂလာပါ🙏🏻
PPTIP Page မှပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်။
ယခုတပတ်မှာတော့ လူကုန်ကူးမှုဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့သော
"၂၀၂၁ခုနှစ် စစ်အာဏာာသိမ်းမှုဖြစ်စဉ် နောက်ဆက်တွဲ ရွှေ့ပြောင်းနေထိုင်မှုနှင့် လူကုန်ကူးမှုဖြစ်ရပ်" ဆိုသောခေါင်းစဉ်ဖြင့် ဆောင်းပါးကို တင်ဆက်ပေးလိုက်ရပါတယ်.....
✍️ နိဒါန်း
မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်အပြီး၌ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားတွင် နိုင်ငံတွင်းပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ အပါအဝင် နှင့် နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်နေရသူများ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင်စစ်တပ်မှ ပြန်လည်အသက်သွင်းလိုက်သော စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအကျိူးဆက်အနေဖြင့် နိုင်ငံအတွင်းမှ လူငယ်လူရွယ်များသည် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းများ မြင့်မားလျက်ရှိသည်။ ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ရသော ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြစ်စဉ်များ ပိုမိုများပြားစေရန်အတွက်လမ်းစဖြစ်သည်။ ထိုမျှသာမက စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးမှုကဏ္ဍသည်လည်း နိမ့်ကျလာလျက်ရှိသည်ကို တွေ့ရှိရပြီး လူကုန်ကူးမှုတားဆီးရေးဆောင်ရွက်ချက်များလည်း လျော့ကျလာခဲ့သည်မှာဧကန်ဖြစ်သည်။ စစ်တပ်အနေဖြင့် လူကုန်ကူးခံရသူများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရနိုင်ချေရှိသော အုပ်စုများအကြား လူကုန်ကူးမှုဖြစ်စဉ်များကို စိစစ်အရေးယူဆောင်ရွက်ခြင်းများ မရှိသည်ကိုလည်းတွေ့ရှိရသည်။ စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့၏နိုင်ငံရေးအတိုက်အခံများ၊ ရိုဟင်ဂျာရပ်ရွာများ၊ လူနည်းစုများအကြား ခွဲခြားဖိနှိပ်မှုများပြုလုပ်ခဲ့ပြီး ထိုသူများအကြားတွင်လည်း လူကုန်ကူးမှုဖြစ်စဉ်များသည် မြင့်မားလာလျက်ရှိသည်။ ယခုဆောင်းပါးသည် လူကုန်ကူးမှုဆိုင်ရာ အခြေအနေများနှင့် လက်ရှိမြန်မာနိုင်ငံဖြစ်စဉ်များကို ခြုံငြုံ၍ ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေး
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၉၇ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့သည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စတင်ပြဋ္ဌာန်းခဲ့ရာ ထိုနေ့ကို အစွဲပြု၍ နှစ်စဉ် စက်တင်ဘာလ (၁၃) ရက်နေ့ကို “မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ယင်းဥပဒေအား ၂၀၂၂ခုနှစ်တွင် “လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ” ဖြင့်အစားထိုး၍ ဖျက်သိမ်းခဲ့သည်။
လူကုန်ကူးခြင်း၊ လူမှောင်ခိုခြင်း နှင့် ခေါင်းပုံဖြတ်ခြင်း
ပယ်လာမိုစာချုပ် အပိုဒ် ၃(က)အရ လူကုန်ကူးမှုကို နိုင်ငံတကာဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် -
ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ခေါင်းပုံဖြတ်ရန်အလို့ဌာ ထိုသူ၏ သဘောတူညီချက်ရရှိရန် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း (သို့မဟုတ်) ရပ်တည်ရန်ခက်ခဲသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ်ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီမှုရရှိစေရန် ငွေကြေး (သို့မဟုတ်) အကျိုးအမြတ်ကိုပေးခြင်း (သို့မဟုတ်) လက်ခံရယူခြင်း စသည့်နည်းလမ်းများဖြင့် လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံခြင်းတို့ဖြစ်သည်။
ခေါင်းပုံဖြတ်ခြင်းဆိုသည်မှာ အနည်းဆုံးအားဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် အခြားသူတစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာ ကိစ္စများပြုလုပ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဒာကိုယ်၏အစိတ်အပိုင်းများအားထုတ်ယူဖယ်ရှားခြင်းဖြစ်သည်။
လူမှောင်ခိုခြင်းဆိုသည်မှာ နိုင်ငံသား (သို့) အမြဲနေထိုင်သူမဟုတ်သော လူတစ်ဦးသည် စာချုပ်ဝင်နိုင်ငံတစ်ခုအတွင်းသို့ ငွေကြေးတစ်စုံတစ်ရာ (သို့) ရုပ်ဝတ္ထု အကျိုးအမြတ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရရှိခံစားရန်အလို့ငှာ တရားမဝင် ဝင်ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ခြင်းကိုခေါ်သည်။
ဥပမာ- ထိုင်း၊မလေးရှားစတဲ့နိုင်ငံတွေမှာအလုပ်လုပ်ရန် ပို့ဆောင်ခပေး၍ တရားမဝင်လမ်းကြောင်းကမှ သွားလာခြင်းမျိုးဖြစ်သည်။
(မှတ်ချက်။ ။ လူမှောင်ခိုသွင်းခြင်းသည် သယ်ယူပို့ဆောင်ရေးအပေါ်အခြေခံ၍ နယ်စပ်ရေးရာ ရာဇဝတ်မှုဖြစ်ပြီး၊ လူကုန်ကူးခြင်းသည် ခေါင်းပုံဖြတ်ခြင်းအပေါ် အခြေခံ၍ လူနှင့်ပတ်သက်သော ရာဇဝတ်မှုဖြစ်သည်။)
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေ နှင့် လူကုန်ကူးမှုဖြစ်စဉ်များ
လက်ရှိမြန်မာနိုင်ငံတွင် လူကုန်ကူးမှုဖြစ်စဉ်များ မြင့်တက်လာရခြင်း၏ အကြောင်းအရင်းများတွင် နိုင်ငံတွင်းပဋိပက္ခများနှင့် ပြည်ပသို့ထွက်ခွာ၍ အလုပ်အကိုင် ရှာဖွေမှုများကြောင့်ဖြစ်သည်။ လူကုန်ကူးခံရသူများတွင် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လူကုန်ကူးသူများ၏ အဓိက ပစ်မှတ်သားကောင်များဖြစ်သည်ကိုတွေ့ရသည်။
ထို့အပြင် တိုးတက်လာသော လူ့အသိုင်းအဝိုင်း၌ လူကုန်ကူးမှုများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်လာလျက်ရှိကာ မြန်မာနိုင်ငံတွင် အသက်ငယ်ရွယ်သော မိန်းကလေးများအား ပွဲစားများမှ အဓမ္မထိမ်းမြားလက်ထက်ရန် စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းများပြုလုပ်လျက်ရှိပြီး ယောကျာ်းကလေးများအား ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် အဓမ္မလုပ်အားခေါင်းပုံဖြတ်ခိုင်းစေခြင်းနှင့် Social Media ကိုအသုံးပြု၍ စည်းရုံးရောင်းစားခြင်းများအပါအဝင် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးမှုများကို လုပ်ကိုင်လာကြကြောင်း တွေ့ရှိရသည်။
လူကုန်ကူးမှုပြဿနာကို အချက်သုံးချက် စံနှုန်းထား၍ နိုင်ငံတကာမှ ခွဲခြားသတ်မှတ်လေ့ရှိသည်။ (၁) မူလဇာစ်မြစ်နိုင်ငံ၊ (၂) ဆိုက်ရောက်နိုင်ငံ၊ (၃) ကြားခံနိုင်ငံဟူ၍ သတ်မှတ်ကြသည်။ မူလဇာစ်မြစ်နိုင်ငံဆိုသည်မှာ လူကုန်ကူးမှုဖြစ်ပွားသည့် မူလအရင်းအမြစ် စတည်ရာနေရာ တခုဖြစ်သည်။ ဆိုက်ရောက်နိုင်ငံဆိုသည်မှာ ရောင်းစားရန် ပို့ဆောင်ခံရသည့် နိုင်ငံဖြစ်သည်။ ကြားခံနိုင်ငံဆိုသည်မှာ သတ်မှတ်ထားသော နိုင်ငံမရောက်ခင် ကြားနေရာတစ်ခု၌ အခိုက်အတန့်အားဖြင့် ပုန်းလျှိုးကွယ်လျှိုးထားသည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံသည် နံပါတ်(၁) အုပ်စုဖြစ်သည့် လူကုန်ကူးမှု မူလအရင်းအမြစ် စတည်ရာနေရာ တခုအဖြစ် မှတ်ယူနိုင်သည်။ ထိုမျှသာမက အမေရိကန်နိုင်ငံမှထုတ်ပြန်သော နှစ်စဉ်အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏လူကုန်ကူးခံရမှုအဆင့်သည် အဆင့်-၃ (Tier -3) အဖြစ်သတ်မှတ်ထားကြောင်းတွေ့ရှိရသည်။
ရွှေ့ပြောင်းသွားလာခြင်း
ရွှေ့ပြောင်းသွားလာခြင်းဟုဆိုရာတွင် မိမိဒေသမှ အခြားဒေသတစ်ခုသို့ ရွှေ့ပြောင်းသွားလာခြင်းကို ခြင်းဖြစ်သည်။ လူတွေသည် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းသွားလာခြင်း (သို့မဟုတ်) နည်းလမ်းအမျိုးမျိုးဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်ကြလျက်ရှိသည်။ (ဥပမာအားဖြင့် - ပြည်တွင်း၌သော်လည်းကောင်း ပြည်ပသို့သော်လည်းကောင်း ရွှေ့ပြောင်းသွားလာခြင်း၊ တဦးတည်းသော်လည်းကောင်း မိသားစုနှင့်အတူသော်လည်းကောင်း ရွှေ့ပြောင်းသွားလာခြင်း၊ ရာသီအလိုက် ရွှေ့ပြောင်းသွားလာခြင်းနှင့် တနှစ်ပတ်လုံး ရွှေ့ပြောင်းသွားလာခြင်း) စသည်တို့ဖြစ်သည်။
ရွှေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှုဖြစ်ရပ်
မြန်မာနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေများနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုများသည် နိုင်ငံသားများအတွက် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် ရရာအလုပ်ကို တရားဝင်လမ်းကြောင်းသာမက တရားမဝင်လမ်းကြောင်းအရပါ ရွှေ့ပြောင်းသွားလာ၍ လုပ်ကိုင်ရလျက်ရှိသည်။ ထိုကဲ့သို့အခြေအနေများတွင် လူကုန်ကူးမှုသည် သတိထားရမည့် အရေးကြီးသော အကြောင်းအရာတရပ်ဖြစ်လာသည်။
ရွှေ့ပြောင်းနေထိုင်ခြင်းသည် မြန်မာလူ့အဖွဲ့အစည်း၌သိသာထင်ရှားလျက်ရှိပြီး ကြာရှည်စွာတည်ရှိနေသည့် အရာဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၄.၂၅ သန်းခန့်သည် အခြားနိုင်ငံများ၌ နေထိုင်နေကြပြီး အများစုမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည်။ လတ်တလောအမျိုးသားသန်းခေါင်စာရင်း ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ (၅) ဦးလျှင် (၁) ဦး သည် တသက်တာရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု အစီရင်ခံစာများအရ သိရသည်။
မြန်မာနိုင်ငံတွင် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ရွှေ့ပြောင်းသွားလာမှုများ၌ စီးပွားရေးအရ ရွှေ့ပြောင်းသွားလာသူများ၊ နိုင်ငံတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများ၊ လူမှောင်ခိုကူးခံရသူများနှင့် မှောင်ခိုနည်းလမ်းဖြင့်အခြားနိုင်ငံသို့ဝင်ရောက်သည့်ရွှေ့ပြောင်းသွားလာသူများ၊ လူကုန်ကူးခံရသူများ၊ အဖော်မပါ ကလေးသူငယ်များ၊ မိသားစုနှင့်ကွဲကွာနေသော ကလေးသူငယ်များ၊ နိုင်ငံရပ်ခြားတွင်သောင်တင်နေသူများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ကြောင့် နစ်နာရသူများ၊ ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ စသည်တို့ပါဝင်သည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်း နည်းပါးခြင်းနှင့် လူမှုစီးပွားရေးအခြေအနေနိမ့်ကျမှုများကြောင့်လည်း ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများသည် အလုပ်အကိုင်ရှာဖွေရန်အတွက် အိမ်နီးချင်းနိုင်ငံများသို့ ပွဲစားများမှတဆင့် ပုံမှန်နှင့် ပုံမှန်မဟုတ်သောနည်းလမ်းများဖြင့် ရွှေ့ပြောင်းသွားလာလျှက်ရှိသည်။ ပြည်ပသို့ရွှေ့ပြောင်းလုပ်ကိုင်သူများသည် တရားဝင်နဲ့ တရားမဝင် လမ်းနှစ်သွယ်မှ သွားလာကြရာတွင် တရားမဝင်သွားလာသူများသည် လူကုန်ကူးသူများ၏ ပစ်မှတ်ထားခြင်းကို ခံရလျက်ရှိသည်။ လူမှောင်ခိုကူးမှုသည် ရှုပ်ထွေး၍ ရွှေ့ပြောင်းသွားလာသူများ၏အသက်အန္တရာယ်၊ ကျန်းမာရေးနှင့် လုံခြုံရေးအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းတရပ်ဖြစ်သည်။
နိဂုံး
လူကုန်ကူးမှုသည် တကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရားများကို ကျိုးကြောင်းဆီလျော်စွာ စီမံဆောင်ရွက်သွားမည်ဆိုလျှင် လူကုန်ကူးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးတည်ငြိမ်သောကာလများ၌ပင် ပြည်ပရောက် နိုင်ငံသားတယောက်ချင်းစီ၏ လုံခြုံမှုအား စောင့်ရှောက်ပေးနိုင်ခဲ့မှု နည်းပါးသည်ကိုတွေ့ခဲ့ရသည်။ စစ်အာဏာသိမ်း၍ တိုင်းပြည်မတည်ငြိမ်သော ကာလများတွင် ဆင်းရဲမွဲတေမှုဒဏ်ကို အလှူးအလိမ့် ခံစားနေကြရသူသော နိုင်ငံသူနိုင်ငံသားများသည် တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူများ၊ လူကုန်ကူးသူများ၏ သားကောင်များအဖြစ် ပစ်မှတ်ထားခြင်းခံရလျက်ရှိသည်။ အထူးသဖြင့် အရွယ်ကောင်းသော အမျိုးသမီးငယ်များ၊ ကလေးသူငယ်များသည် လူကုန်ကူးသူများ၏ အဓိကပစ်မှတ်ဖြစ်နေကြောင်း တွေ့ရှိရပြီး ထိုသူများ၏ရန်မှ ကင်းလွတ်နိုင်ရန်၊ လျော့ကျနိုင်ရန် အသိအညာပေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်များစွာလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။
အားလုံးပဲ မင်္ဂလာပါ🙏🏻
PPTIP Page မှပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်။
ယခုတပတ်မှာတော့ လူကုန်ကူးမှုဆောင်းပါးပြိုင်ပွဲတွင် တတိယဆုကို ဆွတ်ခူးရရှိခဲ့သော "လူကုန်ကူးခံရမှုနဲ့ ကျွန်တော်တို့သိတဲ့ Social Norms"ခေါင်းစဉ်ဖြင့် ဆောင်းပါးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှင်။
"လူကုန်ကူးခံရမှုနဲ့ ကျွန်တော်တို့သိတဲ့ Social Norms"
✍🏻လူကုန်ကူးမှုနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ, အစိုးရ၏ အသိပညာပေး ဆိုင်းဘုတ်များမှတဆင့် မြင်နေတွေ့နေခဲ့ရသော်လည်း အလေးမထားမိခဲ့ပါ။ လူကုန်ကူးမှုဆိုတာ ကိုယ်နဲ့မဆိုင်သလို တွေးထင်မိခဲ့ဖူးပါတယ်။ အသက်အရွယ်အရ အလေးမထားမိခဲ့တာ ၉တန်းတက်တဲ့အရွယ်အထိ တိုင်အောင်ပါပဲ။ ကျွန်တော်ကိုးတန်းနှစ်မှာ အခြား အထက်တန်းကျောင်းကိုပြောင်းပြီးတက်ရတယ်။ ကျောင်းမုန့်တန်းမှာ အမြဲဝယ်စားလေ့ရှိတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာရောင်းနေတဲ့ အဒေါ်ကြီးရဲ့ သမီးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ရက်တစ်ရက် ... ကျောင်းခေါင်းလောင်းသံမြည်တာနဲ့ အဲ့ဒီ အစ်မကြီးရောင်းတဲ့ မုန့်ဆိုင်ကို အပြေးသွားရတာအမော။ ဒါပေမယ့် တစ်ရက်မှာတော့ .. အဲ့ဒီအစ်မကြီးကို မတွေ့ရတော့ပါ။ ဆယ်တန်းစာမေးပွဲတွေမဖြေခင်တစ်ရက် မုန့်စားဆင်းချိန်မှာ .. ခါတိုင်းလိုပဲ ရတဲ့အချိန်လေးကို အသုံးချရင်း အပြေးအလွှားမုန့်ဆိုင်အသွား ... အဲ့ဒီမှာ မထင်မှတ်ပဲ ဆိုင်ပိုင်ရှင်အဒေါ်ကြီးနဲ့အတူ အဲ့ဒီအစ်မကြီးကို ပြန်တွေ့လိုက်ရတယ်။ ပုံမှန်နေ့စဉ်ဝယ်စားနေကျ ကျောင်းသားတစ်ယောက်ဆိုတော့ ဆိုင်ရှင်အဒေါ်ကြီးနဲ့ ရင်းနှီးနေတော့ အကျိုးအကြောင်းမေးကြည့်မိပါတယ်။
သူကတော့ သူ့အကြောင်းတွေကို အေးအေး ဆေးဆေးပြောပြနေပေမယ့် နားထောင်နေရသူ ကျွန်တော့်အတွက်တော့ သူမ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ဂရုဏာသက်နေမိခဲ့ပါတယ်။ အဒေါ်ကြီးပြောပြသည်မှာ နေ့စဉ် ဈေးတန်းမှ ရောင်းရငွေဖြင့် မိသားစုရပ်တည်ဖို့ခက်ခဲသည့်အတွက် ... သူမ၏သူငယ်ချင်းမှတဆင့် အလုပ်ရမည်ဟုဆိုသည့်အတွက် တရုတ်နယ်စပ်သို့သွားရောက်ခဲ့တဲ့အကြောင်း, ဟိုကိုရောက်သွားတဲ့အခါမှာ သူငယ်ချင်းဖြစ်သူမှာ ဆက်သွယ်၍ မရတော့ပါတဲ့။ သူငယ်ချင်းမှတဆင့် ချိတ်ဆက်ပေးထားတဲ့ အဒေါ်ကြီးဆိုသူကို မေးကြည့်တဲ့အခါမှ ရောင်းစားခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်ဆိုတဲ့ အကြောင်းတွေပြောနေရင်း ကျောင်းတက်ခေါင်းလောင်းမြည်လာတော့ အရေးကောင်းဒိန်းဒေါင်းဖြတ်ဆိုသလို အပြေးလေးစာသင်ခန်းကို ပြန်ခဲ့ရတာပေါ့။
ရုပ်ရှင်ထဲကလိုပြောရမယ်ဆိုရင် ဇာတ်လမ်းက ကောင်းခန်းရောက်နေပြီဆိုတော့ နောက်ဘာဆက်ဖြစ်မလဲဆိုတာ သိချင်တော့ နောက်ရက်မုန့်စားဆင်းချိန်မျှော်နေခဲ့မိတယ်။ ခေါင်းလောင်းသံမြည်ပြီဆိုတာနဲ့ မုန့်ဈေးတန်းကို အပြေးသွားပြီး အဲ့ဒီနောက် ဘာဆက်ဖြစ်သလဲပေါ့။ သူမဆက်ပြောပြတာက အဒေါ်ကြီးဆိုသူလက်ထဲမှာအကြွေးကျေရန် အနည်းဆုံး တစ်နှစ် လစာမရဘဲ အလုပ်လုပ်ကိုင်ပေးရမည်ဟု ပြောပြလာကြောင်း, အစ်မကြီးယူဆောင်သွားသော မိုဘိုင်းဖုန်းမှာလည်း အသိမ်းခံလိုက်ရတဲ့နောက် အိမ်နဲ့အဆက်အသွယ်လုပ်လို့မရတော့ကြောင်း နေ့ရက်တိုင်းဟာ သူမအတွက်တော့ ငရဲခန်းတွေလိုခံစားခဲ့ရတဲ့အကြောင်းတွေ လုံးစေ့ပတ်စေ့ပြောပြလာခဲ့ပါတယ်။ Drama ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်နေရသလိုမျိုးဆိုပေမယ့် ဒါဟာတကယ်တကယ့်ဖြစ်ရပ်ဆိုတာကိုအတွေးထဲ ရောက်လာချိန်မှာတော့ သူမဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်းကို ကိုယ်ချင်းစာမိနေခဲ့တယ်။ နောက်တစ်ရက်မုန့်စားကျောင်းဆင်းချိန်မှာ နားထောင်နိုင်စွမ်းမရှိတော့ သည်လားမသိပေမယ့် မုန့်ဈေးတန်းကို ကျွန်တော်မသွားဖြစ်တော့ပါ။
သို့ပေမယ့် အတန်းဖော်များမှတဆင့်ပြန်ကြားခဲ့ရသည်မှာ သူမသည် နောက်ပိုင်း တရုတ်ပြည်မကြီးထဲမှာ တရုတ်အမျိုးသားတစ်ဦးနဲ့ အတင်းအဓမ္မလက်ထပ်ခိုင်းခံခဲ့ရသည့်အကြောင်း, တရုတ်စကားကို ပြောနိုင်ဖို့ဆိုသည်မှာဝေးစွ... တစ်လုံးတစ်ပါဒမှ နားမလည်သည့်အတွက် တရုတ်ရဲများကို တိုင်ကြားလို့မရခဲ့သည့်အကြောင်း၊ အခုမှာလည်း အဲ့ဒီတရုတ်အမျိုးသားနှင့်ရခဲ့သော ကိုယ်ဝန်မှာလည်း ၃လရှိနေပြီဖြစ်တဲ့အကြောင်းတွေ……စုံလို့ပေါ့။ မုန်းဈေးတန်းကိုပုံမှန်ရောက်ဖြစ်ပေမယ့် အစ်မကြီးရဲ့ ဈေးဆိုင်ကို မသွားဖြစ်အောင်တမင်ရှောင်နေခဲ့မိတယ်။ ဒီလိုနဲ့ ၂လလောက်ကြာလာပြီး တစ်ရက်မှာတော့ထင်မှတ်မထားဘဲ အစ်မကြီးရဲ့မုန့်ဆိုင်မှာ မဖွင့်တာကို သတိထားမိလိုက်တယ်။ အဲ့ဒါနဲ့ ဘေးနားက အခြားဆိုင်ရှင် အဒေါ်ကြီးတစ်ယောက်ကို မေးမြန်းစပ်စုလိုက်တော့ ကြားသိလိုက်ရသော သတင်းကြောင့် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် အပြစ်တင်နေမိတဲ့အထိ။ အဒေါ်ကြီးပြန်ပြောင်းပြောပြသည်မှာ သူမသည် ကိုယ်ဝန်အရင့်အမာဖြစ်လာချိန်တွင် သူမနှင့်အိမ်ထောင်ကျခဲ့သော တရုတ်အမျိုးသားဆီကို ပြန်သွားပြီတဲ့။ ဘာကြောင့်မို့ သူမကို ရောင်းစားခံခဲ့ရသည့် တရုတ်အမျိုးသားထံပြန်သွားခဲ့လဲဆိုတာ ကျွန်တော်စဉ်းစား၍ မရခဲ့တာအမှန်ပါ။ နောက်ရက်များတွင်လည်း မုန့်စားဆင်းချိန်တိုင်း စားနေကျ သူမဆိုင်မှာ ... မဖွင့်တော့ပါ။ နောင် ကျွန်တော်ဆယ်တန်းအောင်ချိန်,တက္ကသိုလ်တက်နေချိန်အထိ ကျွန်တော့်ခေါင်းထဲမှာ အစ်မကြီးရဲ့ဖြစ်စဉ်ဟာ ပဟေဠိတစ်ခုသဖွယ်ဖြစ်နေဆဲ။
တစ်ရက်မှာတော့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ သူမကို ပြန်တွေ့လိုက်ရတယ်။ သူမကို စောင်းငဲ့ကြည့်ပြီး ရုတ်တရက်နှုတ်ဆက်လိုက်တော့ ရုတ်တရက်မမှတ်မိ။ ကျောင်းမုန့်ဈေးတန်းမှာ ပုံမှန်မုန့်ဝယ်စားနေကျကောင်လေးမှန်း မှတ်မိသွားလေရဲ့။ ဒီနောက်ပိုင်းမှာ သူမ ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ သိလိုက်ရတော့ ဝမ်းနည်းဝမ်းသာဖြစ်ရသေးတယ်။ ကျွန်တော့်ခေါင်းထဲမှာ တစ်လျှောက်လုံး ပဟေဠိဖြစ်နေခဲ့တဲ့ အကြောင်းအရာမှာလည်း အဲ့ဒီနေ့မှာပဲ အဖြေရသွားခဲ့ပါတယ်။ သူမပြောပြသည်မှာ လူကုန်ကူးခံရ၍ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဗိုက်တစ်လုံး ပါလာသည့်အတွက် ပတ်ဝန်းကျင်က လူအများရဲ့ ကဲ့ရဲ့ပြစ်တင်မှုကိုခံခဲ့ရသည့်အကြောင်း၊ ပတ်ဝန်းကျင်၏ ထိုးနှက်မှုများ၏ဒဏ်ကို မခံနိုင်တော့သည့်နောက်ဆုံးမှာတော့ တရုတ်ပြည်မှ သူမအမျိုးသားထံပြန်သွားခဲ့သည့် အကြောင်းတွေ။ အခုပြန်လာသည်မှာလည်း သူမ အမေရုတ်တရက်ဆုံးပါးသွားသည့်အတွက် ခဏတာပြန်လာခြင်းဖြစ်သည့်အကြောင်း, ကိစ္စကုန်တာနဲ့ တရုတ်ပြည်ကိုပဲ ပြန်မှာဖြစ်တဲ့အတွက် တစ်ခါတည်း နှုတ်ဆက်ခဲ့မယ်နော်လို့ဆိုခြင်းကြောင့် ကျွန်တော် ဝမ်းနည်းခဲ့ရတာပါ။
ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာ လူကုန်ကူးခံရ၍ ပြန်လည်လွတ်မြောက်လာသူများကို နွေးထွေးစွာဆက်ဆံ၍ လက်ခံပေးရမည့်အစား, ကဲ့ရဲ့အပြစ်တင်ခြင်း,လူမှုအသိုက်အဝန်းမှ ဖယ်ထုတ်ခြင်းတွေကြောင့် အစ်မကြီးရဲ့ ဘဝရပ်တည်မှုအပေါ်မှာ သက်ရောက်မှုတွေက တွေးကြည့်လို့မရအောင် ပိုမိုဆိုးရွားခဲ့တာအမှန်ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလူအမျိုးအစားထဲမှာ ပါခဲ့တာပေါ့ဗျာ။
နောက်နောင် လူမှုပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကိုယ်တိုင်က လူကုန်ကူးခံရ၍ ပြန်လည်လွတ်မြောက်လာသူများကို လက်ကမ်းကြိုဆိုပြီး ကဲ့ရဲ့အပြစ်တင်နေမည့်အစား ဘဝရပ်တည်ဖို့ အကူအညီမပေးနိုင်ရင်တောင် လူမှုပတ်ဝန်းကျင်မှာ နေရာတစ်ခုပေး၍ဆက်ဆံသင့်ပါတယ်လို့ အကြံပြုရင်း ဆောင်းပါးလေးကို အဆုံးသတ်ခွင့်ပြုပါ။
#လှဝင်းကို
International Day Against Trafficking In Persons
30 July 2024
အတွက် အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲမှာ စာမူပေးပို့ကာပါဝင်ကြတဲ့တစ်ဦးချင်းဆီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီနေ့မှာ ဆုရရှိသူများစာရင်းကိုထုတ်ပြန်ပေးလိုက်ပြီး စာမူများကိုတော့ PPTIP PAGE တွင် မကြာမီမှာတင်ပေးသွားမှာဖြစ်ပါတယ်။
PPTIP PAGE ရဲ့အစဉ်အလာအတိုင်း Human trafficking and safe migration နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေကို လစဉ်ဆောင်ရွက်နေမှာဖြစ်တဲ့အတွက် LIKE and Follow လုပ်ထားစေချင်ပါတယ်။ ☺️👋
အားလုံးပဲ မင်္ဂလာပါ🙏🏻
ကျမတို့ PPTIP Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်...။
📢 ဇူလိုင်လ ၃၀ ရက်နေ့မှာကျရောက်မယ့် World Day Against Trafficking in Persons အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှု ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် PPTiP Page မှ ဆောင်းပါးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။
📢 ပြိုင်ပွဲဝင် စာမူများ နောက်ဆုံးပေးပို့ရမည့် ရက်ကတော့ July.15.2024 ရက်နေ့ ည (၁၂:၀၀) နာရီ ဖြစ်ကြောင်းကိုလည်း ထပ်မံအသိပေးအပ်ပါတယ် ရှင့်။
💪🏻မမေ့လျော့ပဲ စာမူများကို PPTIP page Messenger https://www.facebook.com/messages/t/108529131904322 (သို့မဟုတ်) [email protected]
အီးမေးလ်လိပ်စာသို့ သတ်မှတ်ရက်မတိုင်မှီ အမြန်ဆုံးပေးပို့ကြပါဦး ရှင့်။
🙆🏻ပြိုင်ပွဲဝင် စည်းကမ်းချက်တွေကိုလည်း ဖတ်ဖို့ မမေ့ကြပါနော်💪🏻
ဖော်ပြပါ လင့်မှာ အသေးစိပ်ဖတ်ရှု့နိုင်ပါတယ်။https://www.facebook.com/share/p/AbYygmR7WjFH5aGb/?mibextid=oFDknk
#မတရားမှုတွေကို….
#လူကုန်ကူးမှုတားဆီးကာကွယ်ရေး
အားလုံးပဲ မင်္ဂလာပါ🙏🏻
📌ဇူလိုင်လ ၃၀ ရက်နေ့မှာကျရောက်မယ့် World Day Against Trafficking in Persons အပြည်ပြည်ဆိုင်ရာ လူကုန်ကူးမှု ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် PPTiP Page မှဆောင်းပါးပြိုင်ပွဲတစ်ခု ကျင်းပ ပြုလုပ်သွားမှာပဲဖြစ်ပါတယ် ရှင်။
📝လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လုံခြုံစွာ ရွှေ့ပြောင်းသွားလာရေးဆိုင်ရာ အသိပညာများ မြန်မာပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။
📝လူကုန်ကူးမှု တားဆီးကာကွယ်ရေး သို့မဟုတ်
လုံခြုံစွာ ရွှေ့ပြောင်းသွားလာရေး နှင့်သက်ဆိုင်သော အကြောင်းအရာများကိုသာ ဆောင်းပါးရေးသားရမှာဖြစ်ပြီး တခြားအကြောင်းအရာများ ရေးသားထားတဲ့ စာမူများကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။
📝လူကုန်ကူးမှု (သို့) လုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းနဲ့ ပတ်သက်တဲ့ မိမိရဲ့ ကိုယ်တွေ့ဖြစ်ရပ်များ၊ မိမိပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များအကြောင်း ရေးသားထားသော ဆောင်းပါးများကို ဦးစားပေး ရေးဖွဲ့ဖို့ တိုက်တွန်းလိုပါတယ်။
📝အချက်အလက်၊ အကိုးအကား၊ စကားလုံး အသုံးအနှုန်း မှန်ကန်ဖို့၊ အရေးအသား ပြေပြစ်ဖို့နဲ့ အမုန်းစကားများ မပါဖို့ကိုတော့ ဂရုပြုရမှာပါဖြစ်ပါတယ်... စိတ်ပါဝင်စားတဲ့ မည်သူမဆို ပြိုင်ပွဲဝင်နိုင်ပြီး ပြိုင်ပွဲဝင်သူတစ်ဦးလျင် မြန်မာဘာသာဖြင့် ရေးသားထားသော ဆောင်းပါး (၁)ပုဒ်ပေးပို့ ယှဉ်ပြိုင်နိုင်ပါတယ်။
🎉အကောင်းဆုံးအဖြစ် အရွေးခံရတဲ့ ဆောင်းပါး (၃)ပုဒ်ကိုတော့ ....
🥇ပထမဆု ၁၅၀,၀၀၀ကျပ်(တစ်သိန်းငါးသောင်းကျပ်)
🥈ဒုတိယဆု ၁၀၀,၀၀၀ ကျပ် (တစ်သိန်းကျပ်)
🥉တတိယဆု ၅၀,၀၀၀ ကျပ် (ငါးသောင်းကျပ်) နဲ့ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမှာဖြစ်ပါတယ်။
📌ပြိုင်ပွဲစည်းကမ်းများကတော့
(၁) ကိုယ်ရေးအကျဉ်း၊ ကလောင်အမည်၊ မည်သည့်ပုံနှိပ်မီဒီယာ (သို့မဟုတ်) အွန်လိုင်းမီဒီယာတွင်မှ မဖော်ပြဖူးသေးသော စာမူဖြစ်ကြောင်း ဝန်ခံချက်(၁) နှင့် ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံချက်(၂) များကို ပြိုင်ပွဲဝင်ဆောင်းပါးနှင့်အတူ ပေးပို့ရပါမယ်။
(၂) သန့်ရှင်းသပ်ရပ်စွာရေးသားထားသည့် လက်ရေးစာမူ သို့မဟုတ် Myanmar Unicode (Pyidaungsu Font) ဖြင့် ကွန်ပျူတာစာစီထားသောစာမူ ဖြစ်ရန်လိုအပ်ပါတယ်။ (အနည်းဆုံးA4 တစ်မျက်နှာမှ အများဆုံး ငါးမျက်နှာအထိ)
(၃) လူကုန်ကူးမှု တားဆီးကာကွယ်ရေး သို့မဟုတ် လုံခြုံစွာ ရွှေ့ပြောင်းသွားလာရေး နှင့်သက်ဆိုင်သော အကြောင်းအရာများကိုသာ ရေးသားရမှာဖြစ်ပြီး တင်ပြပုံကိုတော့ မိမိကြိုက်နှစ်သက်သည့် ပုံစံဖြင့် လွတ်လပ်စွာ ရေးသားနိုင်ပါတယ်။
(၄) ဆုရစာမူများကို PPTiP ၏ အသိပညာ ဖြန့်ဝေရေး လုပ်ငန်းစဉ်များအတွက် Facebook Post, You Tube Video, Postcast, Telegram စသည်တို့မှာ အသုံးပြုခွင့်ပေးရမှာဖြစ်ပြီး ဆုရရှိရန်ရွေးချယ်ခြင်း မခံရတဲ့စာမူများကိုလည်း အများပြည်သူ ဗဟုသုတရရှိရန်အကြောင်းအရာခိုင်လုံပါက မိမိတို့ PPTIP page တွင် အလျဥ်းသင့်သလို ဖော်ပြပေးသွားမည်ဖြစ်ပါသည်....
(၅) ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက်ပိုင်း လုံခြုံမှုအတွက် အထူးအလေးထား စီစဉ် ထားသလို ဆုရွေးချယ်ရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တစ်စုံတစ်ရာရှိပါက PPTiP Page ၏ အဆုံးအဖြတ်သာ အတည်ဖြစ်ပါသည်။ (ရွေးချယ်ခံရသူများရဲ့ ကလောင်အမည်ကိုသာ အများပြည်သူသို့ထုတ်ပြန်ပေးမည်)ဖြစ်ပါသည်။
(၆) ပြိုင်ပွဲဝင်စာမူများကို PPTiP Page မှ ဆုစာရင်း မကြေငြာမီအထိ မည်သည့်မီဒီယာတွင်မျှ ပေးပို့ထားခြင်း (သို့) ဖော်ပြထားခြင်း မပြုရပါ
(၇) ပြိုင်ပွဲဝင်သူများသည် ယခုpost ကို Share ပြီး Screenshot ကို ယခု post ၏ comment တွင် ထည့်သွင်းပေးရမည်။
သတ်မှတ်စည်းကမ်းနဲ့ ညီသော စာမူများကိုသာ ဆုရွေးချယ်ရေးအတွက် ထည့်သွင်းစဉ်းစားမှာ ဖြစ်တဲ့အတွက် စာမူတွေကို မပေးပို့ခင် စည်းကမ်းသတ်မှတ်ချက်များ၊ ပေးပို့ရမည့်နည်းလမ်းများကိုသေချာစွာဖတ်ရှုစေလိုပါသည် အကယ်၍စည်းကမ်းချက်များပတ်သက်ပြီး မေးမြန်းလိုပါက PPTiP Page Messenger သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်
📌ပြိုင်ပွဲစည်းကမ်း (၇) ချက်ကို သဘောတူ၊ လိုက်နာနိုင်ပါက စာမူများကို PPTIP page Messenger https://www.facebook.com/messages/t/108529131904322 (သို့မဟုတ်) [email protected]
အီးမေးလ်လိပ်စာသို့ ဇူလိုင်၊ ၁၅၊ ၂၀၂၄ ( ည ၁၂:၀၀ နာရီ )တွင်နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့သူ အားလုံး ပါဝင်ခွင့်ရအောင် ဒီ Post လေးကို Like and Share လုပ်ပေးဖို့ တောင်းဆိုပါရစေ။
#မတရားမှုတွေကို….
#လူကုန်ကူးမှုတားဆီးကာကွယ်ရေး
page – Messenger Link တကယ်ရောက်မရောက် စစ်ကြည့်ရန်။ (နှိပ်လိုက်တာနှင့် PPTiP Page Messenger သို့ ရောက်သွားရန် လိုအပ်သည်။)
Link : https://www.facebook.com/messages/t/108529131904322
ယနေ့ကျရောက်သော ဇွန်လ 12 ရက်နေ့သည် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ (World Day Against Child Labour )နေ့ ဖြစ်ပါတယ်။ ကလေးလုပ်သားကိစ္စကို ကမ္ဘာတစ်ဝှမ်းလုံး သတိထားမိစေဖို့၊ ကလေးလုပ်သား ကိစ္စများ ပပျောက်ရေးအတွက် အရေးယူ ဆောင်ရွက်ကြစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ် ဇွန်လ 12 ရက်နေ့ ကို ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ (World Day Against Child Labour ) အဖြစ် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) ကြီးက သတ်မှတ်ပေးခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာတွင် ကလေးလုပ်သားပြဿနာဟာ နာတာရှည်ရောဂါတစ်ခုလို နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တယ်လို့ပြောရင် လွန်မယ်မထင်ပါ။ နိုင်ငံရေးမတည်ငြိမ်မှုရဲ့ရလာဒ်အဖြစ် စီးပွားရေး၊ ပညာရေးနိမ့်ကျလာပြီး နောက်ဆက်တွဲဒုက္ခတွေကို မြေပြန့်ရော တောင်တန်းဒေသများပါ ခါးစီးခံခဲ့ကြရပါတယ်။ အထူးသဖြင့် ကလေးသူငယ်များအပေါ် သက်ရောက်မှုတွေက ပိုမိုပြင်းထန်လှပြီး ကလေးစစ်သားပြဿနာ၊ ကလေးလုပ်သားပြဿနာတွေဟာ ခေတ်အဆက်ဆက် မဖြေရှင်းနိုင်တဲ့ပုစ္ဆာတစ်ပုဒ်အလား အမွေဆိုးကို လက်ဆင့်ကမ်းခဲ့ကြရရှာတယ်။ လတ်တလောမှာလည်း တချို့သောလက်နက်ကိုင်အဖွဲအစည်းများမှာ ကလေးစစ်သားပြဿနာရှိနေတာမျိုး သတင်းတွေမှာတွေ့နေရပြီး ဒီကိစ္စကို ဦးစားပေးအကြောင်းအရာနဲ့ ကိုင်တွယ်ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။ လွတ်လပ်ပြီး တရားမျှတ တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်သို့ အမြန်ဆုံးရောက်ရှိဖို့ PPTIP အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းရင်း မျှဝေလိုက်ပါတယ်။
အားလုံးပဲ မင်္ဂလာပါ....
👋😊🌱🌿🌱
PPTIP Page ရဲ့ Legal Quiz အစီအစဉ်မှာ အပတ်စဥ် ၁ ကနေ (၁၀) အထိ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ကြသူ အယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ 🙏✍️
ဒီအစီအစဉ်လေးကို စတင်စဥ်က ရက်သတ္တပတ် ၁၀ ပတ်ကြာပဲ ပြုလုပ်ရန် ရည်ရွယ်ထားပေမယ့် အားလုံးက တက်ကြွစွာပါဝင်တဲ့အတွက် နောက်ထပ်တိုးချဲ့ ကျင်းပသွားဖို့ စီစဥ်ထားပါတယ်။
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်အသစ်တွေကို တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် မိမိရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေတွေကိုလည်း Page ကို Like & Follow လုပ်ထားဖို့ မျှဝေပေးစေလို့ပြောရင်း📣
လာမည့်တစ်ပတ် ဒီအချိန်မှာ အစီအစဉ်အသစ်လေးတွေနဲ့အတူ ပြန်လည်တွေ့ဆုံကြရအောင်ပါ....
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာပါ
ပြီးခဲ့တဲ့အပတ် 31/05/2024 (သောကြာနေ့)က Week 10th PPTIP ရဲ့ Facebook Quiz အစီအစဉ်မှာ
“တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ မည်သည့်ကလေးသူငယ်ကိုမျှ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ် သို့မဟုတ် ……. ချမှတ်ခြင်းမပြုရ"
ဆိုတဲ့မေးခွန်းကို ပါဝင်ဖြေဆိုသူ ၁၇ ဦးမှာ အဖြေမှန် (ဂ) ကြိမ်ဒဏ် ကို ရွေးချယ်ခဲ့သူ (၁၀)ဦး ရှိခဲ့ပါတယ်။
မဲနှိုက်ရွေးချယ်ရာမှာ ထွက်ပေါ်လာတဲ့ ကံထူးရှင်(၅)ဦးကတော့....
1. Su Su Hlaing
2. Zin MeMe Tun
3. Myat Noe Thwel
4. ချီးတွင်းထဲက မောင့်ကို ကယ်ပါ
5. Hong Fah
တို့ဖြစ်ပါတယ်။
အဖြေမှန်သူ ကံထူးရှင် ငါးဦးကို ဖုန်းဘေလ်၃၀၀၀ ကျပ်စီ ဖြည့်ပေးသွားမှာဖြစ်တာကြောင့် PPTIP Page ရဲ့ Messenger မှာ မိမိဖြည့်သွင်းပေးစေလိုတဲ့ အော်ပရေတာအမည်ကို ပြောကြားပေးရမှာဖြစ်ပါတယ်။ ( Mytelကဒ်များကို ဖြည့်သွင်းပေးမှာမဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။)
အားလုံးပဲ အချိန်ပေးပြီး အပတ်စဉ် ပါဝင်ပေးတဲ့ အယောက်ချင်းစီကို PPTIP Page မှ အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ PPTIP Page ကို Like and Follow လုပ်ပေးဖို့လည်း မမေ့ပါနဲ့နော် 😊။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
ယခုစကားဝိုင်းဆွေးနွေးပွဲရဲ့ ခေါင်းစဉ်ကတော့ "တော်လှန်ရေးကာလအတွင်းဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့်သလဲ" ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။
ဦးဆောင်ဆွေးနွေးမည့်သူများအဖြစ်
📌ဒေါက်တာဆု (CDM ဥပဒေပါမောက္ခ)
📌ကိုဆောင်းခ (ကွပ်ကဲရေးမှူး - ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်)
📌ဦးသိန်းဦး (တရားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)
📌လွေးပိုးငယ်(အကြံပေး - တအောင်းအမျိုးသမီးအဖွဲ့အစည်း) တို့ကို ဖိတ်ကြားထားပြီး 📌ကိုဘိုဘို မှ Moderator အဖြစ်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ 📢 တော်လှန်ရေးကာလအတွင်း စိုးမိုးနယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေတာမျိုး လုပ်ဆောင်လျက်ရှိသလဲ၊ လက်ရှိ အခြေအနေမှာ အသွင်ကူးပြောင်းရေးဆိုင်တရားမျှတမှုလုပ်ငန်းစဉ်အတွက် ဘာတွေလုပ်ဆောင်နေလဲ။
📢 လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များရဲ့စိုးမိုးနယ်မြေတွေမှာ ဘယ်လိုတရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တယားတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုအရေးယူကိုင်တွယ် ဖြေရှင်းနေပါသလဲ။
📢 အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတွက်ကော ဘယ်လိုစဉ်းစားထားချက်တွေရှိလဲ။ လက်ရှိမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ်ကိုအကောင်ထည်ဖော်ဆောင်ရွက်နေမှုတွေရှိလား။
📢အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ်က ဘယ်လောက်ထိအရေးကြီးလဲ။ ထိုလုပ်ငန်းစဉ်အတွင်း အားလုံးပါဝင်မှုကရော ဘယ်လောက်ထိအရေးပါသလဲ။ ဘာတွေထပ်တိုးလုပ်ဆောင်သင့်လဲ။ စတဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများအနေဖြင့်လည်း Live Session လေးမှာ ပါဝင်ပြီး မေးခွန်းများမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်။ အခုလိုစကားဝိုင်းဆွေးနွေးပွဲလေးတွေလဲ ဆက်လက်ပြုလုပ်ဦးမှာဖြစ်တဲ့အတွက် CCTV page လေးကို like and share ပြုလုပ်ထားပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်။
အားလုံးပဲ မင်္ဂလာပါ🙏
PPTIP Page ၏ 10th Week – Facebook Quiz အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်...။🙏
🕕လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လုံခြုံစွာရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်ပြုလုပ်တဲ့ ဥာဏ်စမ်းမေးခွန်း မေးမြန်းခြင်း အစီအစဉ်ရဲ့ ဆယ်ပတ်မြောက်မေးခွန်းကို တင်ဆက်ပေးလိုက်ပါတယ်။
🏆ဖြေဆိုသူများထဲမှ အဖြေမှန်သူ (၅) ဦးကို မဲနှိုက်ရွေးချယ်ပြီး တစ်ဦးလျှင် ဖုန်းဘီလ် (၃၀၀၀) ကျပ်ကို လက်ဆောင် ချီးမြှင့်မှာ ဖြစ်တာကြောင့် ဒီအစီအစဉ်မှာပါဝင်ဖို့ အားလုံးကိုခင်မင်လေးစားစွာ ဖိတ်ခေါ်ပါတယ်။
"တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ မည်သည့်ကလေးသူငယ်ကိုမျှ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ် သို့မဟုတ် ……….. ချမှတ်ခြင်းမပြုရ"။
(က) ထောင်ဒဏ်ငါးနှစ် (ခ)ထောင်ဒဏ်သုံးနှစ်
(ဂ) ကြိမ်ဒဏ်
📌လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာများကို အပတ်စဉ် ဝေမျှပေးမှာ ဖြစ်တာကြောင့် Pageကို Like & Follow လုပ်ထားပြီး မိမိပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဟု ယူဆရသော ဖြစ်စဉ်များ ကြားသိရပါက Chat Box မှတဆင့် မေးမြန်းအကူအညီတောင်းခံနိုင်ပါတယ် ရှင်။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာပါ
ပြီးခဲ့တဲ့အပတ် 24.05.2024 (သောကြာနေ့)က 9th Week – Facebook Quiz အစီအစဉ်မှာ
“ လူကုန်ကူးမှုတွင် တရားလိုသည်နိုင်ငံတော် ဖြစ်သည်"
ဆိုတဲ့မေးခွန်းကို ပါဝင်ဖြေဆိုသူ ၃၄ ဦးမှာ အဖြေမှန် (ဂ) နိုင်ငံတော် ကို ရွေးချယ်ခဲ့သူ (၉)ဦး ရှိခဲ့ပါတယ်။
မဲနှိုက်ရွေးချယ်ရာမှာ ထွက်ပေါ်လာတဲ့ ကံထူးရှင်(၅)ဦးကတော့....
(1) Wutyi Theint
(2) Scarlett Shoon
(3) Myat Noe Thwel
(4) Zin Mar Pe Myint
(5) Kyaing Kyaing Thin တို့ဖြစ်ပါတယ်။
အဖြေမှန်သူ ကံထူးရှင် ငါးဦးကို ဖုန်းဘေလ်၃၀၀၀ ကျပ်စီ ဖြည့်ပေးသွားမှာဖြစ်တာကြောင့် PPTIP Page ရဲ့ Messenger မှာ မိမိဖြည့်သွင်းပေးစေလိုတဲ့ အော်ပရေတာအမည်ကို ပြောကြားပေးရမှာဖြစ်ပါတယ်။ ( Mytelကဒ်များကို ဖြည့်သွင်းပေးမှာမဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။)
အားလုံးပဲ အချိန်ပေးပြီး အပတ်စဉ် ပါဝင်ပေးတဲ့ အယောက်ချင်းစီကို PPTIP Page မှ အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ဒီနေ့ညနေ (၆)နာရီမှာလည်း ဉာဏ်စမ်းမေးခွန်းအသစ် ထပ်မံ တင်ပေးဦးမှာဖြစ်တဲ့အတွက် ဆက်လက် ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ မိမိအသိမိတ်ဆွေများလည်း ဒီအစီအစဉ်မှာ ပါဝင်နိုင်အောင် သတင်းကောင်းလေးကို ဝေမျှရင်း PPTIP Page ကို Like and Follow လုပ်ပေးကြပါဦးနော်။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာပါ🙏
PPTIP Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်...။
📌လက်ရှိကာလအတွင်း ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်း သွားလာရာတွင် ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်နေရလဲ?
🧳ဘာတွေပြင်ဆင်ထားဖို့လိုလည်းဆိုတာ အချင်းချင်းသိရှိပြီး ကြိုတင်ပြင်ဆင်နိုင်အောင် မိမိအတွေ့အကြုံနှင့် မိမိပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အခြေအနေတွေကို ပြန်လည်မျှဝေပေးဖို့ဖိတ်ခေါ်လိုက်ပါတယ် ရှင်...။🙏
လွတ်လပ်စွာ မေးခွန်းမေးမြန်း ဆွေးနွေးနိုင်ဖို့ Comment ကနေ စောင့်မျှော်နေပါမယ် ရှင်...။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာပါ🙏
PPTIP Page ၏ အပတ်စဉ်သောကြာနေ့တိုင်း
တင်ဆက်နေကျ Facebook Quiz အစီအစဉ်
ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ရှင်...။😊
⚖️လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လုံခြုံစွာ
ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ဗဟုသုတများတိုးပွါး
စေရန်ရည်ရွယ် ပြုလုပ်တဲ့ ဥာဏ်စမ်းမေးခွန်း မေးမြန်းခြင်းအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။
"လူကုန်ကူးမှုကို တရားစွဲဆိုရာတွင်.........သည် တရားလိုဖြစ်သည်။"
(၁) နစ်နာသူ
(၂) မျက်မြင်သက်သေ
(၃) နိုင်ငံတော်
📣ဖြေဆိုသူများထဲမှ အဖြေမှန်သူ (၅) ဦးကို မဲနှိုက်ရွေးချယ်ပြီး တစ်ဦးလျှင် ဖုန်းဘီလ် (၃၀၀၀) ကျပ်ကို လက်ဆောင်ချီးမြှင့်မှာ ဖြစ်တာကြောင့် ဒီအစီအစဉ်မှာပါဝင်ဖို့ အားလုံးကို ခင်မင်လေးစားစွာ ဖိတ်ခေါ်လိုက်
ပါတယ်။🙏
📌လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လုံခြုံစွာ
ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာများကို အပတ်စဉ် ဝေမျှပေးမှာ ဖြစ်တာကြောင့် Page ကို Like & Follow လုပ်ထားပြီး မိမိပတ်ဝန်းကျင်
တွင် လူကုန်ကူးမှုဟု ယူဆရသော ဖြစ်စဉ်များ ကြား
သိရပါက Chat Box မှတဆင့် မေးမြန်းအကူအညီတောင်းခံနိုင်ပါတယ် ရှင်...။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာပါ
ပြီးခဲ့တဲ့အပတ် 17.05.2024 (သောကြာနေ့)က 8th Week – Facebook Quiz အစီအစဉ်မှာ
“ မည်သူမဆို လူကုန်ကူးမှုကို ကျူးလွန်ရာတွင် လူကုန်ကူးခံရသူအား မသန်စွမ်းခြင်းဖြစ်စေသည်အထိ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သေဒဏ်ချမှတ်ရမည်။ “
ဆိုတဲ့မေးခွန်းကို ပါဝင်ဖြေဆိုသူ ၃၄ ဦးမှာ အဖြေမှန် (ခ ) မှန် ကို ရွေးချယ်ခဲ့သူ (၂၅)ဦးရှိခဲ့ပါတယ်။
မဲနှိုက်ရွေးချယ်ရာမှာ ထွက်ပေါ်လာတဲ့ ကံထူးရှင်(၅)ဦးကတော့....
(1) Theint wadi
(2) Htet Soe Lwin
(3) U Ti Pwar
(4) Scarlett Shoon
(5) Zin Mar Aye တို့ဖြစ်ပါတယ်။
အဖြေမှန်သူ ကံထူးရှင် ငါးဦးကို ဖုန်းဘေလ်၃၀၀၀ ကျပ်စီ ဖြည့်ပေးသွားမှာဖြစ်တာကြောင့် PPTIP Page ရဲ့ Messenger မှာ မိမိဖြည့်သွင်းပေးစေလိုတဲ့ အော်ပရေတာအမည်ကို ပြောကြားပေးရမှာဖြစ်ပါတယ်။ ( Mytelကဒ်များကို ဖြည့်သွင်းပေးမှာမဟုတ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။)
အားလုံးပဲ အချိန်ပေးပြီး အပတ်စဉ် ပါဝင်ပေးတဲ့ အယောက်ချင်းစီကို PPTIP Page မှ အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ဒီနေ့ညနေ (၆)နာရီမှာလည်း ဉာဏ်စမ်းမေးခွန်းအသစ် ထပ်မံ တင်ပေးဦးမှာဖြစ်တဲ့အတွက် ဆက်လက် ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ မိမိအသိမိတ်ဆွေများလည်း ဒီအစီအစဉ်မှာ ပါဝင်နိုင်အောင် သတင်းကောင်းလေးကို ဝေမျှရင်း PPTIP Page ကို Like and Follow လုပ်ပေးကြပါဦးနော်။
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေကိုတိုက်ထုတ်ဖို့လိုပါတယ်
အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ🙏
ယနေ့ကျရောက်သော"ကဆုန်လပြည့်နေ့" သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ် ရှင်..။
မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံး ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာ ရှိကြပါစေ။🙏
လွတ်လပ်ပြီး တရားမျှတသော နေ့ရက်တွေကိုအမြန်ဆုံး
ပိုင်ဆိုင်နိုင်ကြပါစေလို့ PPTIP အဖွဲ့ဝင်များမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင်...။🙏
#ကဆုန်လပြည့်နေ့
#တရားမျှတမှုကိုလိုချင်လျှင်မတရားမှုတွေတိုက်ထုတ်ဖို့လိုပါတယ်