A Lwann Pyay

A Lwann Pyay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Lwann Pyay, Barbecue Restaurant, .

Photos from A Lwann Pyay's post 07/06/2023

အလွမ်းပြေ မာလာ ငါးကင်...

ညနေဘက် ဘီယာလေးနဲ့ chill မလား?
အပြင်မထွက်ချင်လို့ ပါဆယ် မှာမလား?

ကြိုက်ရာကိုရွေး စီစဥ်ပေးမယ်...

အစပ်နဲ့ အထုံစိ အကုန်ညှိလို့ရတာ အလွမ်းပြေ...

ဟလိုလိုက်နော်.... 😍😍😍

19/05/2023

အလွမ်းပြေ ပေ့ချ် ကလေး actvie သိပ်မဖြစ်လို့ ဆိုင်ပိတ်သွားဘီထင်တဲ့ ကာကာတို့ရေ...

မင်မင်ပြန်လာပါဘီနော်...

အင်ဂါနေ့ တရက်ကလွဲရင် ကျန်တဲ့ရက်တွေ ပုံမှန် အတိုင်းဖွင့်ပါတယ်လို့....

အလွမ်းပြေမှာ ထမင်းစားရင် ချပေးတဲ့ Complimentry Vege Plate လေး ကြိုက်ရဲ့လား...? 😋😋😋😋😋

Photos from A Lwann Pyay's post 09/04/2023

Hello 😍 အလွမ်းပြေ ဆိုင် ရဲ့ ချစ်သောကာကာ တို့ရေ...

ကျနော်တို့ အလွမ်းပြေ ဆိုင်မှာ မြန်မာတို့ရဲ့ နှစ်သစ်ကူးသကြန် အစားစာလေးဖြစ်တဲ့ သကြန် ထမင်းလေးကို စားသုံးနိုင်ပါပြီနော်....
တိုင်းတပါးရောက်နေပေမဲ့ အမိမြန်မာပြည် အငွေ့အသက်လေးနဲ့ မြန်မာရိုးရာ သကြန် ရသလေးကို တွဲ ပြီး ဖော်ကြူးထားတဲ့ သကြန် ထမင်း လေးကို မြည်းစမ်းဖို့ အတွက် ဖိတ်ခေါ်လိုက်ပါတယ်နော် 😍

ဆိုင်မှာ ကိုယ်တိုင် စိတ်တိုင်းကျ လာသုံးဆောင်နိုင်သလို မိမိအိမ်မှာပဲ စာသုံးချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်... 0994783479 ကို ဆက်သွယ်မှာယူ သုံးဆောငျနိုငျပါတယျခငျဗြာ...😍
Deli ခလေးကတော့ အနီးဝေးပေါ်မူတည်ပြီး ကုန်ကျမှာဖြစ်ပါတယ်ခင်ဗျ 😊

23/03/2023

အလွမ်းပြေ ရဲ့ အချစ်တော် ကာကာ❤ တို့ရေ
နေ့လည်ခင်း နေပြင်းလို့ အပြင်မထွက်ချင်ဘူး စားစရာ လေးတွေ မှာစားပြီး သဘာဝအသီးဖျော်ရည် အအေးသောက်ချင်တယ် ဆိုရင်...

ဟယ်လို! .....
လို့သာ တချက် လှမ်းထူးလိုက်ပါ...

နေ့လည်စာ မြန်မာထမင်းဟင်း နဲ့ အတူ
ရရှိနိုင်တဲ့ အသီးဖျော်ရည်များကတော့...
စတော်ဘယ်ရီ 🍓 ဖျော်ရည်
သင်္ဘောသီး ဖျော်ရည်
နာနတ်သီး 🍍ဖျော်ရည်
ဖရဲသီး 🍉ဖျော်ရည်
ထောပတ်သီး 🥑ဖျော်ရည်
သခွားမွေး 🍈 ဖျော်ရည်
တို့နဲ့အတူ.....

စိတ်ကြည် ခံတွင်းရှင်း စေမည့်
ချိုချဥ်ဖန်စပ် အရသာမျိုးစုံနဲ့
အလွမ်းပြေ ရဲ့ အချဥ်ပေါင်းသုပ် ကိုလည်း
စားကြည့်ကြပြီးပြီးလား....ဗျ။

ဟယ်လို လို့သာ တချက် ခေါ်လိုက်ပါ...
စားစရာလေးတွေ ကာကာ ❤ တို့ရှေ့ အရောက်ပို့လိုက်ပါ့မယ်နော်....။

🕡...
နေ့လည်ခင်း ပူပြင်းလို့ အခန်းအောင်းခဲ့သမျှ
ညနေ နေရီရီအချိန်လေးမှာ အညောင်းပြေလမ်းလျှောက် ဘီယာလေးသောက် အမြည်းလေးစား သူငယ်ချင်း မိတ်ဆွေတို့နဲ့ ကြိတ်ဝိုင်းလေး ဖွဲ့မယ်ဆိုရင်လည်း အလွမ်းပြေ က ကြိုဆိုလျက်ပါ နော်...။

အသုပ်အမျိုးမျိုး
ကိုရိီးယားအကင်အမျိုးမျိုး
တရုပ်အစားစာ
ဆိတ်လက်ဖက်ထောင်း
အမဲစွပ်ပြုတ်
စတဲ့ အရသာရှိရှိ ဟင်းလျားများကို မြည်းစားရင်းနဲ့
ပူအိုက်စပ် နွေရက်ညများကို အေးမြစွာဖြတ်သန်းဖို့ အတွက်....

အလွမ်းပြေ မိသားစုမှ
နွေးထွေးစွာ ဖိတ်ခေါ်လျက်ပါ...။

Photos from A Lwann Pyay's post 21/02/2023

ဝက်မျှစ်ချဥ်ချက်လေး အားပေးသွားကြတဲ့ ကာကာတွေကဆော့ ခုချိန်လောက်ဆို တစ်ရာကို နှစ်ဆယ် တိုးနဲ့ အပီယူနေကြလောက်ပြီ...

ဝက်ပေါင်သား ရယ် ဝက်ရိုးရယ်ကို နူးအိနေအောင်ချက်ထားတာပါ.... 😍😍😍

နေ့လည်စာ မ မှီလိုက်တဲ့သူတွေအတွက် ညစာ မှီသေးတယ်နော်. 😁

21/02/2023

ယနေ့ဆိုင်ဖွင့် သည်....

အလွမ်းပြေအချစ်တော်များ ပုံမှန်အတိုင်း အားပေးနိုင်ပါတယ်ဗျ....

မိတ်ဟောင်း၊ မိတ်သစ်များကို ကျေးဇူးတင်ပါတယ်,. .

ပုံ
အလွမ်းပြေမိသားစု

Photos from A Lwann Pyay's post 17/02/2023

အလွမ်းပြေအချဥ်ပေါင်း ရပီဝေ့....

နွေလယ် နေ့လည်ခင်းနွေကို အလွမ်းပြေရဲ့ ခံတွင်းရှင်း အာသာပြေ အချဥ်ပေါင်းလေး စားရင်း ကျော်ဖြတ်ကြမယ်....

နေပူလို့အပြင်ထွက်ရမှာ ပျင်းရင် ဟလိုလိုက်နော်... 😍😍😍

#အလွမ်းပြေ #ရိုးရာစာ #နှလုံးသားဖြင့်serveလုပ်သည်

31/01/2023

အာလုံးပဲ အစဥ်အလာမပျက်တဲ့ မဂ်လာနံနက်ခင်လေးပါ...

ကွီးတို့ ခါတိုင်း ပုံမှန်ပိတ်ရက်က အဂ် ါ နေ့ပါ...

ဒါပေမယ့် ဒီတစ်ပါတ်ကိုတော့ ပိတ်ရက်ကလေးကို ဗုဒ္ဓဟူးနေ့ကို ပြောင်းထားပါတယ်...

ဘာလို့လဲဆိုတာ သိတဲ့သူများရှိမလား...?

နောက်အပါတ်တွေ ဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ပိတ်သွားမှာပါ....

ဆို​ေတာ့ ကာ.... ဒီကနေ့ အင်ဂါနေ့ ဆိုင်ဖွင့်ပါတယ်နော်......

ကျေးဇူးတင်ပါတယ် ခင်ဗျ.

Photos from A Lwann Pyay's post 27/01/2023

အားလုံးပဲ မင်ဂလာပါ...

ကွီး ဒီတစ်ခေါက် ရောင်းချင်တာလေးက ကျား၊မ၊ LGBT မရွေး လူကြိုက်များမယ့် အန့့ံလေးတွေနဲ့ ထုတ်ထားတဲ့ authentic hand made perfume လေးတွေပါ....

Handmade ဆိူလို့ လုံးဝ အထင်မသေးလိုက်နဲ့နော်.... ပေးရတဲ့ price နဲ့အရမ်းတန်ပြီး တကယ်ဆို fresh ဖြစ်သွားစေမယ့် scent လေးတွေမို့ အားပေးစေချင်တာ....

ကွီး ကိုယ်တိုင် သုံးကြည့်ပြီး အရမ်းကြိုက်လို့ ဆိုင်မှာ ယူရောင်းပေးတာပါ....

ပြီးတော့ ရလာတဲ့ profit ကလည်း ချစ်ရတဲ့ ကိုကြီး Uri ကနေပြီးတော့ စစ်ဘေးရှောင်တွေ အတွက် မို့ ရည်ရွယ်ချက်ကောင်း လေးတစ်ခုမှာ ပါဝင်ရင်း Luxury ဆန်တဲ့ ရန့ံတွေကို သောင်းဂဏာန်းစျေးလောက်နဲ့ တန်လွန်းလို့ ကြော်ငြာပေးတာနော်..

Limted stock မို့လို့ valentine အမှီ လက်ဆောင် ပေးချင်တဲ့ ချစ်ရသောသူတွေအတွက် အချိန်မှီလေးပဲနော်...

အလွမ်းပြေ ဆိုင်မှာ ချစ်ရသူတွေနဲ့ ညဘက် chill ရင် အန့လေးတွေ စမ်းဖို့ tester လည်း ထား ထားပေးပါတယ်နော်... အားမနာတမ်း စမ်းကြည့်လိုက်ပါ...

ကွီးကတော့ White Sapphire ဆိုတဲ့ Unisex အန့ံ လေးကိုအရမ်း ကြွေနေပြီ...

26/01/2023

အလွမ်းပြေမှာ ဒီနေ့ ငါးသလောက်ပေါင်းရတယ် ဟေ့...😁😁😁😁😁

ငါးသလောက်ပေါင်းလညိးစားချင်တယ်...

ကွကိုယ် ပေါင်းဖို့လည်း အချိန်မပေးနိုင်ဘူး...

ဒါဆိုရင် အလွမ်းပြေ ကိုသာ လာခဲ့လိုက်တော့...

မလာချင်ဘူး ဟုတ်လား... ? Hello လေးသာလုပ်လိုက်... ဒလီကအဆင်သင့်...

ဆောင်းအကုန်နွေမကူးခင် လေးရူးလေ က တဖြူးဖြူး နဲ့ ငါးသလောက်ပေါင်းလေးစားပြီး ယူ လိုက်လို့ကတော့... 😁😁😁

လောကနိ္ဗ္ဗာန်ပဲ... 😋😋😋

19/01/2023

ချစ်တို့ရေ....

တနေ့တနေ့ မနက်စာ ဘာစားရ ရင်ကောင်းမလဲ စဥ်းစားရခတ်နေသလား....

အလွမ်းပြေက မန္တလေး မြီးရှည်ကို စား...

ပုံမှပြထားတဲ့ portion လေးအတိုင်းကိုမှ တစ်ပွဲ ၅၀ ဘတ်

ကြက်သား နဲ့ ဝက်သား ၂ မျိုးရပါမယ်နော်...

အိပ်ယာထနောက်ကျတဲ့ ချစ်လေးတို့လည်း brunch အနေ နဲ့စားရင် နေ့လည်စာ လွတ်ပါတယ်လို့... 😁 အစားပုတ်ရင်တော့ နှစ်ပွဲမှာချလိုက်တော့ 😁😁😁

😋😋😋😋

16/01/2023

နန်းကြီးသုပ်ကောင်းကောင်းလေး စားချင်လား....

အလွမ်းပြေကိုလာခဲ့နော်....

နန်းကြီးသုပ်မှာ ဖြစ်တက်တဲ့ အဓိက ဆီတွေအိုင်ထွန်းပြီး အီဆောင့် မနေအောင် သေချာဂရုစိုက်ထားတယ်နော်.......

ဒါတောင် မရသေးဘူး အီသေးတယ် ဆို သံပုရာသီးလေးညှစ်လိုက်... ဟင်းချိုရည်လေးသောက်လိုက်....

ကဲ... ပြီးပြည့်စုံ တဲ့ မနက်ခင်းအတွက်
နန်းကြီးသုတ်နဲ့ ​ှေ့ရှ့ကိုဆက်... 😁😁😁

ဆိုင်မလာချင်တဲ့ အိပ်ပူတ်လေးနွေလည်း ဟလိုလိုက်နော်....

#နှလုံးသားဖြင့်serveလုပ်သည်
#အလွမ်းပြေ

15/01/2023

Sunday Special Menu

စူပါဆန်းဒေး ရဲ့ ညနေခင်းလေးမှာ ဝက်နံရိုးမီးတောက်လေးနဲ့ မြည်းကြမယ်...

ဆောင်းညနေခင်းရဲ့ အေးစက်မှုကို ဝက်နံရိုးမီးတောက် ပူပူလေးနဲ့ ဖြိုခွင်းမယ်...

အပြင်ဆိုင်ထိုင်ရင် ဒီလိုအရိုးပါတဲ့ ဟင်းလျာတွေစားရင် ချစ်ရတဲ့ သူတွေက အရိုးအတုံးကြီးရင် ကိုက်ရတာ ကာယအိန္ဒြေ ပျက် အရိုးနဲ့ သွားဖုံးခေါက်မိ ချော်ထိုးမိ လို့ ရှက်တက်တဲ့သူတွေအတွက် အရိုးအတုံးကို သေးပြီး များများထည့်ထားပေးနယ်နော်.... 😁😁😁

ဘီယာ ကစ်ရင်း ချစ်သူနဲ့လာ chill တဲ့ couple တွေလည်း မိမိတို့ရဲ့ Date Night မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်မှာ မပူနဲ့တော့နော်...

အလွမ်းပြေက မျှော်နေပြီနော်....

#အလွမ်းေြပ

15/01/2023

Today special menu....

ဒီကနေ့ စူပါ ဆန်းဒေး မှာ အုန်းထမင်းလေး စားရင်း အမုန်းသတင်းတွေ မကြားချင်နဲ့ ချစ်ရသောတွေအတွက်....

အုန်းထမင်း စားရင်း အီလည် မူးဝေမှာ မပူနဲ့.. သရက်ချဥ်သုတ်လေးနဲ့ ချဥ်ပေါင်ဟင်းရည်ကလည်း complimentry sife dish အနေ နဲ့ ထည့်ပေးမှာနော်....

ဆီနွေ ရွှဲအိ မနေအောင် လည်း သေချာလေး ပြင်ပေးထားပါတယ်နော်...

ပုံထ​ဲကအတိုင်း Set menu ဆိုရင် 85bth ကျသင့်မှာဖြစ်ပြီး
အုန်းထမင်းသက်သက် လိုက်ပွဲဆိုရင် တစ်ပွဲ 20bth ပါဗျ...

အပြင် မထွက်ချင်တဲ့သူတွေ လည်း ဟလိုလိုက်နော်....

ချစ်တဲ့
အလွမ်းပြေ

14/01/2023

မနက်ဘက် အိပ်ယာစောစောမထချင်ဘူး...

နေ့ခင်းဘက် အပြင်ထွက်ရမှာ ပျင်းတယ်...

ညဘက် ပုလိပ် ကိစ္စ စိတ်မချဘူး....

အိုးးး မူးလိုက်တာ....

အလွမ်းပြေကလည်းမှာစားချင်တယ်...

ဆိုင်ထိုင်ဖို့အခွင့်မသာတဲ့သူ၊ စိတ်မပါတဲ့သူ၊ အိပ်ယာထဲကနေကို မှာစားလို့ရနေပြီနော်...

ပို့ရမယ့် လိုကေးရှင်းအပေါ် မူတည်ပြီး ဒလီခ ကျသင့်မှာ ဖြစ်ပါတယ်....
အလွမ်းပြေတည်ရှိတဲ့ နေရာကတော့ Robinson ကုန်တိုက်အနီးဖြစ်လို့ အချက်အချာကျပါတယ်နော်....

မဲဆောက်မှာ ရှိတဲ့ ဒလီလုပ်နေတဲ့ ညိုကီတို့လည်း ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်နော်....

ဒလီခလေးတော့ ကြည့်ကြပ်ယူပေါ့... 😁

တော်ကြာ ဒလီခ အတောင်းကြမ်းရင် အလွမ်းပြေက ဒလီခ အယူကြမ်းတယ် ဆိုပြီး မဲဆောက်ဟစ်တိုင်မှာ အဝုန်းခံရမဆိုးလို့ပါ...

📌📌📌အီကား စကားချပ်.....။📌📌📌

ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပြီး အဂ်ါ နေ့တိုင်း ဆိုင်ပိတ်ပါတယ် ခင်ဗျ...

မနက်စာ မီနူး နေ့လည် ၁၂ အထိသာ၊
နေ့လည်စာမီနူး နေ့လည် ၁၁ နာရီဝန်းကျင်မှစတင်၊
ညစာ မီနူး ည ၁၀ နာရီ ကစ်ချင်းပိတ်တယ်ဗျ

12/01/2023

Don't forget to take mirror selfie when u visit to Ah_Lann_Pyay.

ဆိုင်ကလေးရဲ့ လိုအပ်ချက်လေးတွေရှိရင် မင်မင့် ဖုန်း 0994854332 ကိုလည်း တိုက်ရိုက် ကွန်ပလိန်းလို့ရပါတယ်...

ချက်ဘောက်စ်ကနေလည်းလာပြောလို့ရပါတယ်... ကွန်မန့်ဘောက်စ် မှာလည်း လာပြောလို့ရပါတယ်.....

အလွမ်းပြေရဲ့အမာခံ အသည်းလေးတွေ ကိုသတိရနေတယ်နော်....

အလွမ်း​ပြေ ဆိုတဲ့ နံမည် လေးကြားလိုက်တာနက်

အရသာရှိသောဆိုင်
စျေးနှုန်းသင့်တင့်သောဆိုင်
ဆားဗစ်ကောင်းသောဆိုင်
ကာကာတို့ရဲ့ အသံကို အမြဲနားစွင့်သောဆိုင်
ကွန်ပလိန်းလာရင် Responsibility ရှိသောဆိုင်
Chill လို့ကောင်းသောဆိုင်
Comfortable ဖြစ်သောဆိုင်
ချစ်ရသူတွေနဲ့ အလွမ်းပြေ သောဆိုင်

စတဲ့အချက်လေးတွေကိုပဲအဓိက ထား improve ဖြစ်အောင်ကြိုးစား နေပါတယ်လို့...

#အလွမ်းေြပ #ရိုးရာစာ

10/01/2023

📌📌📌📌📌 မနက်ဖြန် ကစပြီး အလွမ်းပြေမှာ မနက်စာ ပြန်ရပီဟေ့.... 📌📌📌📌📌

မနက် ၆ နာရီမှ နေ့လည် ၁၂ နာရီထိ ကို မနက်စာ
မုန့်ဟင်းခါး
အုန်းနို့ခေါက်ဆွဲ
နန်းကြီးသုတ်
ရှမ်းခေါက်ဆွဲ
ဆန်စီး
မြီးရှည်
တိုဟူးကြော်
လဘက်ရည်
ကော်ဖီနဲ့
စီလုံတီး တို့ကို လာရောက်အားပေးနိုင်ပါပြီ ဗျို့......

Photos from A Lwann Pyay's post 08/01/2023

ကဲ😍😘😊
ဘော်ဒါတို့ရေ လွမ်းနေကြပြီလား😎
လွမ်းစရာ မရှိ လွမ်း😖
ဘယ်ကို လွမ်းလို့ လွမ်းမှန်း မသိ လွမ်း🤗🤗
ပက်ပက်စက်စက် လွမ်း နေကြရင်😏
ဘဝ အမောတွေပြေဖို့🤗🤗🤗
ရှေ့ဆက် plan တွေ ချဖို့📝📝📝📝

ကျွန်ုပ်တို့ရဲ့💚 အလွမ်းပြေ 💚မှာ ဆုံကြရအောင်ပါ👌👌
တစ်ယောက်ပဲ လာမလား🙋‍♂️
ချစ်ရသူနဲ့ လာမလား💏
ဘော်ဒါတွေ နဲ့ လာကြမလားဗျာ🙋🙋‍♂️🙎‍♂️🙍🤦‍♂️💁‍♂️
ငြိမ့်ညောင်းတဲ့ တေးသွား နှင့် စားဖွယ်စုံကြားမှာ ခဏလောက် စီးမြောလိုက်ကြရအောင်ပါ 💪💪💪💪
မြန်မာထမင်း ❤
အသုတ်မျိုးစုံ ရတယ်ဗျာ💛
ယမကာလေးနဲ့ အပြုတ်မျိုးစုံရတယ်ဗျာ 💜
ရိုးရာ အထူးဟင်းလျာများ🖤
ရေခဲမုန့်နဲ့ အအေး💚
တရုတ် အရွက်ကြော်မျိုးစုံဗျာ💙
ကဲ☺☺
ဘာလိုသေးလဲ❓❓❓❓
လတ်လတ်ဆတ်ဆတ်
ပူပူလေး ချက်ချင်း စားရအောင်👨‍🍳👩‍🍳👨‍🍳👩‍🍳
ခဏတော့စောင့်ဗျိုး🖐🖐🖐
စိတ်တိုင်းကျရဖို့ ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားပါမယ်👍👍👍
ဘော်ဒါတွေခေါ်လာဖို့ လူကြီးမင်းတာဝန်ယူပါ🤝
လိုအပ်ချက်လေးတွေ ရှိရင် ကျွန်ုပ်တို့ကို ပြောပါ🙏
ကောင်းရင် မိတ်ဆွေတွေကို လက်ဆင့်ကမ်းပေးပါဗျာ👏👏👏
လိုရင် ဖုန်းဆက်နော်☎☎☎☎📞
လိပ်စာက တော့ အိပ်ယာမထခင် ကတည်းက မှတ်ထားဗျို့😄😄😄
ဘဝ အလွမ်းတွေ ပြေပျောက်ဖို့💪💪💪
အလွမ်းပြေ မှာ ဆုံကြစို့👌👌👌

01/01/2023

အားလုံးပဲ ​ေပျာ်စရာ နှစ်သစ် မဂ်လာ အခါသမယ မှာ
စိတ်ကျန်းမာရေး ကိုယ်ချမ်းသာရေး
စိတ်ချမ်းသာရေး ကိုယ်ကျန်းမာရေး

အလိုဆန္ဒမှန်သမျှ ပြီးမြောက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခိုက်ပါတယ်...

အသက်ရှူတိုင်း ငွေဝင်ပါစေ....
လွမ်းမိတဲ့သူရှိတိုင်း အလွမ်းပြေပါစေ...လို့.....

ဘိုင်းသဝေး ဒီနေ့ဆိုင်ပိတ်တယ်နော်....

07/12/2022

ကချင်ရိုးရာ အစားအစာ တစ်ခုဖြစ်တဲ့ စီပါ ဟင်းရွက်စုံ မီနူးလေးနဲ့ မိတ်ဆက် ပေး လိုက်ပါဘီနော်...

ကာကာတွေ လာမှ ခုမှာ ခုချက် လက်လက်ဆတ်ဆတ် မို့ စီပါစားဖူးတဲ့သူတွေ အလွမ်းပြေစေမှာ သိပ်ကို သေချာတာပေါ့.....

04/12/2022

အရင်က ဆန်းဒေး sunday တိုင်းဆိုင်ပိတ်ရက်သက်မှတ်ထားပေမယ့် ဒီတစ်ပါတ်တော့ မန်းဒေး monday ကို ပြောင်းပိတ်ထားတယ်နော်....

အလွမ်းပြေမှကြိုဆိုပါတယ် ဗျ.....

Photos from A Lwann Pyay's post 01/12/2022

ကျန်းမာရေးအတွက် ကောင်းကျိုးတွေများပြားလှတဲ့ Organicစစ်စစ် နေကြာပင်ပေါက် ကြော် လေး အလွမ်းပြေ မှာရနေပြီနော်....

နေကြာပင်ပေါက်များသည် အာဟာရပါဝင်မှုများပြားပြီး ကျန်းမာရေးအတွက် အလွန်အကျိုးရှိသည်။ 1/4 ခွက်တွင် နေကြာပင်ပေါက်တွင် အဆီ 16 ဂရမ်၊ ပြည့်ဝဆီ 2 ဂရမ်၊ ပိုလီမပြည့်ဝဆီ 8 ဂရမ်နှင့် မိုနိုမပြည့်ဝဆီ 6 ဂရမ်၊ ဘိုဟိုက်ဒရိတ် 6 ဂရမ်၊ 2 ဂရမ်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ် ၆ ဂရမ် ပါဝင်ပါတယ်။နေကြာပင်ပေါက်မှာပါတဲ့ အဆီတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေဖြစ်ပါတယ်။ သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

ဒါတင်မကဘူး။ နေကြာပင်ပေါက်တွင် ကယ်လ်စီယမ်နှင့် သံဓာတ် မြင့်မားသည်။ နေကြာပျိုးပင် 1/4 ခွက် တွင် သင့်နေ့စဉ် သံဓာတ် ပမာဏ၏ 8% ခန့် ပါဝင်ပါသည်။ သင့်နေ့စဉ် ကယ်လ်စီယမ်စားသုံးမှု၏ 2% အထိ။ အာဟာရတန်ဖိုးမြင့်မားသောအပင်ဟု မှတ်ယူ၍မရပါ။

နေကြာညွှန့်

နေကြာညွှန့် စမ်းသုံးကြည့်မှ အကျိုးများမယ်။

ဤနေကြာပင်ပေါက်သည်။ ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိသော အစားအစာအဖြစ် သတ်မှတ်ထားသည်။ GABA (gamma aminobotyric acid) ဟုခေါ်သော ဓာတ်တစ်မျိုး ပါရှိသောကြောင့် ကင်ဆာ၊ ဆီးချိုရောဂါကဲ့သို့သော ရောဂါများစွာကို ကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ထိန်းပေးသည်။ ဦးနှောက်ဆဲလ်များကို အာဟာရဖြည့်တင်းပေးသည်။ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပါ။ အရေပြား၊ မျက်လုံးအား အာဟာရဖြစ်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါသည်။

23/11/2022

အလွမ်းပြေမှာ ရေခဲမုန့် ရပီဟေ့...

သားသားမီးမီး နဲ့အတူလာတဲ့ family တွေပဲစားမလား?

ချစ်ချစ်နဲ့ အတူတူလာတဲ့ couple တွေပဲ စားမလား ?

အသဲကွဲ stress ပိလို့ သကြားဓာတ်လိုတဲ့ single တွေပဲ စားမလား?

ချစ်သူကို အလွမ်းပြေဖို့ LDRS တွေပဲ စားမလား?

ဘလိုပဲစားစား... ဘသူပဲစားစား... ရင်ထဲကို အေးမြချိုမြိန်စေမယ့် အလွန်းပြေရေခဲမုန့်..

စျေးသက်သက်သာသာနဲ့ Luxury ဆန်ဆန် plating လှလှ နဲ့ စား ချင်ရင် လာခဲ့နော်.....

Photo: ခုရိုက်ခုတင် 😁

Photos from A Lwann Pyay's post 23/11/2022

အလွမ်းပြေမှာ

ဆိုင်ထိုင်စား ပုံစား လေးသာမက
ဒီလို အလှူ မဂ်လာ ပွဲများ အတွက်လည်း
လူ ၅၀၊ ၁၀၀ စာ မျိုး အော်ဒါ မှာလို့ရပါတယ်နော်....

ဒါလေးကတော့ ဒီနေ့ အိမ်သစ်တက် မဂ္်လာ ပွဲအတွက် အော်ဒါ ချက်ပေးဖြစ်တာလေးပါ....

အလွမ်းပြေ ကိုရွေးချယ်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် နော်...

စီးပွားဥစ္စာ ဒီရေအလား တိုးပွားပါစေ 🙏🏻🙏🏻🙏🏻

အိုးသစ် အိမ်သစ် န့ဲ မိသားစု ကျန်းမာ ပျော်ရွှင်စေကြောင်း ဆုမွန်ကောင်း တောင်း ပေးလိုက်ပါတယ်နော်....

15/11/2022

အလွမ်းပြေ လက်ရာများ

😋😋😋

Photos from A Lwann Pyay's post 14/11/2022

နေ့လည်နေ့ခင်း ပူပူလောင်လောင် မှာ
ရင်ထဲကို အေးမြသွားစေမယ့်
အလွမ်းပြေရဲ့ Fresh Juice နဲ့ Cut Fruits လေးတွေက အဆင်သင့်ပါနော်.....

ညစာ စားရင်း ဘီယာ ေသာက်တဲ့ သူငယ်ချင်း တွေကြားထဲ Sugar Drink ရယ်ဒိမိတ် တွေလည်း မသောက် ချင်ဘူးဆိုတဲ့ သဲလေးတို့ အပြင် သားသား၊ မီးမီး၊ ဦးဦး၊ ကိုကို၊ ဒေါ်ဒေါ်၊ မမ များ အတွက်

မြန်မာပြည် အလွမ်းပြေ Fresh Juice လေးက အသင့် တော် ဆုံး ပဲနော်....

ရနိုင်တာတွေကတော့

စတော်ဘယ်ရီ ဖျော်ရည်
သဘော်သီး ဖျော်ရည်
သရက်သီး ဖျော်ရည်
နာနတ်သီး ဖျော်ရည်
ေထာပါတ်သီး ဖျော်ရည်
ငှက်ပျောသီး ဖျော်ရည်
ဖရဲသီး ဖျော်ရည် အပြင်

ကျောက်ကျော
မန်ကျည်း
ဇီး
တို့လည်းရနိုင်ပါဘီ နော်....

Online ကနေလည်း မှာလို့ရပါတယ် ဗျ

14/11/2022

၁၉ လမ်းနဲ့ မြန်မာပြည်က Night Life ကိုလွမ်းနေတဲ့ သဲလေးတို့အတွက်

"ယမကာ လုလင်အမြည်း" လေး အလွမ်းပြေမှာ ရပါပြီနော်....

ကဲ ဘာတွေ တွေဝေနေသလဲ 😁 ခုပဲလာလိုက်တော့နော်....

11/11/2022

😁😁😁

11/11/2022

😍😍😍

Videos (show all)

😁😁😁
😍😍😍
အလွမ်းပြေရဲ့ special menu ဝက်သားတုတ်ထိုး လေး ရယ်ဒီပါနော်....😋😋😋

Telephone

Website

Opening Hours

Monday 10:00 - 22:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 17:00 - 22:00