ကျန်းမာရေးဗဟုသုတနှင့် ဆေးနည်းများ
လူသားတို့ ကျန်းမာရေးအတွက် ဆေးနည်းများကို online သုသိုလ် အဖြစ်ပြန်လယ်မျှဝေချင်းဖြစ်ပါတယ်
Copy
******
ဒီအပင်လေးတွေက(မှိုနားတို)
ငယ်ငယ်ကစာတွေမှာသင်ရတယ်။
အလေ့ကျပေါက်တာပါ။ (မသိသူကျော်သွားသိသူဖော်စား)
အပင်စိုက်သူအတော်များများ ဒီအပင်တွေ့ရင် ပေါင်းပင်ဆိုပြီး
နှုတ်ပစ်လိုက်ကြတယ်။ တကယ်လည်း ဒီအပင်တွေရှိနေရင်
ကိုယ့်အပင်မသန်တော့ဘူးလေ။
တကယ်တော့ အင်မတန်အဖိုးတန်တဲ့ ဆေးဘက်ဝင်အပင်ပါ။
မှိုနားတိုလို့ ခေါ်ပါတယ်။ အသည်းပုံအရွက်၃ရွက်ဆိုင်
၄ ရွက်ဆိုင် နှစ်မျိုးလုံး စွမ်းပါတယ်။
ဆီးကျောက်တည်တာ
သည်းခြေအိတ်ကျောက်တည်တာ
အပူကြီးပြီး တက်တတ်တဲ့ကလေးတွေ
အရမ်းထိရောက်ပါတယ်။
၃ခွက်၁ခွက်တင် ကျိုသောက်သောက်
အတို့အမြှုပ်အဖြစ်စားစား
အနာတွေကို အရည်ညှစ်လိမ်းလိမ်း
လိုသလို သုံးနိုင်ပါတယ်။
ကိုယ်တွေ့ထောင်းသောက်ဖို့
ကျောက်ငရုပ်ဆုံထဲထည့်ထောင်းပြီး
မအားလို့ နောက်မနက်မှကြည့်မိတာ
ငရုပ်ဆုံဖင်အောက်ခြေကကျောက်တွေမွကျေကုန်ပါရော။
ကျည်ပွေ့နဲ့ တချက်ထောင်းတာ ပွင့်ထွက်သွားတော့တာပဲ။
ဒါနဲ့ ဆက်စပ်တွေးမိပြီး
အရိုးကျီးပေါင်းတက်တဲ့နေရာတွေကို
မှိုနားတိုအရည်ညှစ်ပြီး လိမ်းကြည့်တယ်။
တပတ်လောက်အတွင်း သိသိသာသာ လျော့သွားတယ်။
တွေ့ရင် နှုတ်မပစ်ပါနဲ့။
အဖိုးတန်အပင်လေးတွေပါ။
ဆေးမေတ္တာ(ဒေါ်ခင်စန်းရီ)
မေတ္တာဖြင့်ပြန်လည်မျှဝေသည်
Molly
ဝဋ်ကြွေးကြီးတဲ့မြန်မာပြည်
နိုင်ငံခြားက Date ကုန်ခါနီး စားသောက်ကုန်တွေ
သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့
ပုံနှိပ်လောကမှာတောင်ရှိတယ်။
ဘီစကစ်ဗူးတွေ ပါကင်အသစ်၊
Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။
နောက်ပြီး ယခုဝင်နေတဲ့
ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို
အောက်လမ်းက ဝင်လာတာပဲ။
နောက်ပြီး
ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို
အောက်လမ်း ထိုင်းနိုင်ငံကနေ
ဗဟိုစံပြငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။
ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။
မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။
ဘာဖြစ်လို့ မြန်မာတွေ
အသက်တိုကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။
အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့
မြန်မာဟာ အလွန်လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတခုလို ဖြစ်နေတာမို့
သူတို့နိုင်ငံမှာ ဥပဒေနဲ့
တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့
လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး
အဲ့ဒီပစ္စည်းပေါင်းစုံကို
မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။
စားသောက်ကုန်၊ ဆေးဝါးမျိုးစုံလုပ်ငန်း အပါအဝင်
အတုတွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။
နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။
စစ်နိုင်သမျှစက်တွေကလည်း
ခေတ်မီ ဓာတုဆေးတွေများသမို့
မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။
တခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့အခါမှာလည်း
နာမည်ကြီး တံဆိပ်တွေအပါအဝင်
စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ
လူကိုဥပဒ်ပေးတဲ့ဓါတ်တွေပါတာ
FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ
မြင်သိ ကြားတွေ့ကြရမှာပါဘဲ။
သစ်သီးသစ်ရွက်တွေနဲ့ ပတ်သက်တာမှန်သမျှ
မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊ မြန်မြန်သီး၊
နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။
မြန်မာပြည်ထဲ ဖြန့်တယ်။
အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်
ရာသီမရွေးရတယ်။
ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။
များများ ချိုချင်လား ရတယ်။
ဥပမာ ခရမ်းချဉ်သီးဆိုရင်
ပွဲရုံတွေက အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။
စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှ
အချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။
အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။
ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ
မှန်သမျှ ဂျင်းတွေချည်းဘဲ။
ထိုင်းဖက်နယ်စပ်မှာ
ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း
မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။
နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက
အချိုမှုန့်တွေ။
၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။
ဗုံးဗောလအော ဟင်းတွေထဲထည့်
ဆီးချိုတွေတက်။
အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့
အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။
အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံး
ရောဂါတွေ ဖြစ်ပြီး သေကြရ။
သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း
၄၀၀ လေါက်ဆို တပုလင်းရတယ်။
ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင်
၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။
ပြီးတဲ့အခါ ဗမာဆေးများများနဲ့
ကွမ်းယာ ပါးစပ်ထဲထည့်ပြီး
ဆေးပေ့ါလိပ်တရှိုက်၊ နှစ်ရှိုက်
အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ
တရက်စာ ဖူလုံပြီ။
ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။
အဲလို အပေါစား အရက်တွေသောက်တော့
မြန်မြန်သေကြတာပေါ့။
အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း
နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။
တနေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး
ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ
ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား
ဖတ်မိသေးတယ်။
အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့
အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။ 92' အပါအဝင်။
အိန္ဒိယကနေ တလတလကို
ဒေါ်လာ သန်းချီပြီး ပေးဝယ်နေရတယ်။
အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။
ကွမ်းလည်း အလားတူပဲ။
ဒါတွေကို မှီခိုစားသောက်နေကြတဲ့ ဒီနိုင်ငံကလူတွေမှ
ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ်
ရောဂါ မရရင် ဘယ်သူတွေရမလဲ။
နောက်ပြီး ဆန်ကို
အဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ
ကစီဓါတ်များတော့ အဆီများလာသလို၊
အငန်ဆိုလည်းကြိုက်၊
အစပ်ဆိုလည်း လက်မလွတ်စေရဘူး။
စားသောက်ပုံ စားသောက်နည်းဟာ
အသက်ရှည်ဆုံး နိုင်ငံတွေနဲ့
ဆန့်ကျင်ဖက် ဖြစ်နေတယ်။
အသက်ရှည်တဲ့ နိုင်ငံတွေရဲ့
အစားအစာကို လေ့လာကြည့်ရင်
ပထမဆုံး ဖျော်ရည် အရည်တခုကို
စ သောက်ကြတယ်။
ပြီးတဲ့အခါ
အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊
နောက်ဆုံးမှာ main food ဖြစ်တဲ့
သား ငါး အသီးအရွက်ကို စားကြတယ်။
ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။
မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ
အူလမ်းကြောင်းကို ဖျော်ရည်တခုခုနဲ့
အရင်သောက်ပြီး ခံထားကြလေ့ရှိတယ်။
ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ
ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို
အဓိကထားစားကြတယ်။
ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။
ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ
အရပ်ရှည်ကြတယ်။
ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။
ခံနိုင်ရည် အားကောင်းကြတယ်။
ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့
နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့
ဥပမာယှဉ်ပြီး ပြောရတာပါ။
စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့
ငယ်ငယ်က သင်ခဲ့ရတဲ့စာက
စပြီး လွဲလာနေသလိုမျိုးပဲ။
မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ
သွားတိုက်ရင် အပူထွက်သွားတဲ့အတွက်
သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။
မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။
ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊
ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ
သွားတွေ ပိုးစားယိုင်နဲ့ပြီး
အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင်
အသေစော၊ အသက်တိုရတာ။
ဒါတွေကအစ အခြေခံကို
လွဲမှားနေသယောင်ဘဲလို့မြင်တယ်။
အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။
ညစာစားပြီးမှ သွားတိုက်ကြရမှာ။
ဒါတွေကအစ ပြင်မှရမယ်။
လူတဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တနိုင်ငံလုံးပြင်မှ
ကျန်းမာ၊ အသက်ရှည်ကြမယ်။
ဘယ်လိုပြင်ရမလဲဆိုရင်
အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။
စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့
တောသည်လေးတွေဆီက
မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။
အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့
အသီးကို ရှာစားပါ။
အသားငါးလည်း လတ်ဆတ်တာကိုစားပါ။
အချိုရည် လုံးဝ မသောက်ပါနဲ့။
အသီးကို ဖျော်သောက်ပါ။ အငန်လျော့။
အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။
နောက် အရေးအကြီးဆုံးက ဆီ။
ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ
သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး
ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။
စျေးထဲကဆီတွေ မစားပါနဲ့။
ဈေးထဲကဆီအကုန်နီးပါး(၉၉%)က
စားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့
ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကို
ပြုပြင်ထားတဲ့ဆီအတုတွေပါ။
ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။
နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။
မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။
နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။
အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။
အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး
လုံးဝ မသုံးပါနဲ႔။
ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။
အရည်သောက်
အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။
မြန်မာတွေ အသက်ရှည်စေဘို့
စဉ်းစားမိသမျှဝေခြင်းပါ။
အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ
လာဘ်တစ်ပါးပါ။
ကျန်းမာရေးအသိ ကိုယ်စီ ရှိကြစေချင်ပါတယ်။
ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး
အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ
ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး
ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။
မြန်မာပြည်က အစားအသောက်တွေဟာ
သဘာဝ အနေအထားကနေ
အမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တနေ့တခြား
ကြောက်စရာ ကောင်းလာနေပါတယ်။
အားလုံးသိကြတဲ့အတိုင်း၊
ရောဂါအားလုံး ရဲ့ အခြေခံဟာ
အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။
ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။
အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့
Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။
ဒီရောဂါဟာလည်း
တနေရာတည်းမှာ ဖြစ်ခဲလှပါတယ်။
ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ
ဖြစ်နေလေ့ရှိပါတယ်။
ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊
Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင်
Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ
အရမ်းများလာနေပါတယ်။
အရင်က အတော်လေးရှားပါးတဲ့
ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။
အသက် ၁၅ နှစ် Melanoma at the a**l area
နောက်တစ်ယောက် ဒူးက အနာမကျက်လို့
အသားစ ယူပြီး စစ်လိုက်တဲ့အခါ
Anaplastic Non-Hodgkins lymphoma ပါတဲ့။
နောက်တစ်ယောက်က
ဗိုက်အတွင်း lymphoma
အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ
များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။
နောက်တစ်ယောက်က Pancreatic cancer.
အစားအသောက်ကြောင့်ဖြစ်တဲ့
အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင်
ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။
နောက်တခု သတိထားမိတကတော့
နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း
အတော်များများ Autoimmune ရောဂါတွေ
ဖြစ်နေကြပါတယ်။
သွေးဖောက်စစ်သူတွေ အတော်များများမှာ
ရှိနေကြပါတယ်။
ပြန်သုံးသပ် ကြည့်တော့၊
အများစုဟာ နိုင်ငံခြား ရောက်နေကြပေမဲ့
ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။
ထမင်း ဟင်း ပါဘဲ။
နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ
လူကြုံနဲ့သော်လည်းကောင်း၊
ကိုယ်ကိုယ်တိုင်သော်လည်းကောင်း
တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး
freezer ထဲ မှာ ထည့်ပြီး
တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။
ငပိကြော်၊ ငါးခြောက်ကြော်၊
လဘက်၊ အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ
စသည် ဖြင့် ဖြစ်ပါတယ်။
ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း
အဓိက ကတော့ အစားအသောက် ပါ။
ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။
ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊
သတိလေးကပ်ပြီး၊ ဉာဏ်အကူလဲ လိုပါလိမ့်မယ်။
ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ်
ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။
ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန်
အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ
ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။
အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ
ဗဟုသုတ ခေါင်းပါးနေကြတာက တကြောင်း၊
လောဘ ဦးဆောင်နေတာက တကြောင်း၊
ရသတဏှာကို မကျော်လွန်နိုင်တာက တကြောင်း၊
အစိုးရအနေနဲ့ အစားသောက်တွေအပေါ် ကြပ်မတ်မှု
ထိထိရောက်ရောက် မရှိတာက တကြောင်း၊
ဖြစ်လာမဲ့ အန္တရာယ်ကို
သဘောမပေါက်တာက တကြောင်း၊
တိုင်းပြည် ဆင်းရဲတာက တကြောင်းတို့ကြောင့်
ဖြစ်ပါတယ်။
မိမိနှင့် မိမိ၏ မိသားစုကို
ဉာဏ်သုံး၊ သတိကပ်ပြီး
စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။
(အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး)
' မိန်းမကိုယ်ဘာကြောင့်နံသလဲ '
မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။
အမျိုးသမီးအချို့ဟာ သဘာ၀အရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တခုတော့ အမြဲရှိပါတယ်။
ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာ သာမန်ပြောင်းလဲမှုလား၊ ရောဂါကြောင့်လားဆိုတာ ခွဲခြားသိဖို့ လိုနေပါပြီ။
မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ
ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓာတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆ၇ာ၀န်ပြသင့်ပါတယ်။
ချိုအီလွန်းသောအနံ့
ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ အောက်ခံဘောင်းဘီ၊ ဓာတုဗေဒနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ ရက်လုပ်တဲ့ အောက်ခံဘောင်းဘီ ၀တ်ဆင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဘောင်းဘီတွေကြပ်ပြီး လေ၀င်လေထွက် မကောင်းရင် အနံ့ပိုပြင်း တတ်ပါတယ်။ အဲ့ဒီအခါ ဆပ်ပြာခပ်ပျော့ပျော့နဲ့ ဆေးပေးခြင်း၊ အောက်ခံအ၀တ် မကြာခဏလဲပေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီမယ့် ကိစ္စတွေတော့ မလုပ်ပါနဲ့။
မိန်းမကိုယ်ဟာ ဘယ်အခါမှာ ငါးညှီနံ့ရနိုင်သလဲ
ကျန်းမာရေးသိပ်မကောင်းတဲ့အခါမျိုးမှာ ဒီအသုံးအနှုန်းနဲ့ သင့်တော်ပါတယ်။
သိပ်ပြီးဆိုးတဲ့အနံ့ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယား ပိုး၀င်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ vaginosis နဲ့ trichomoniasis ဆိုပြီး ၂မျိုး ရှိပါတယ်။ vaginosis ကတော့ မိန်းမကိုယ်တွင်းမှာ ဘက်တီးရီးယား ဟန်ချက်မညီခြင်းနဲ့ ဆက်စပ်နေပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့မဟုတ်ပေမယ့် ဆက်ဆံဖော်အသစ်တွေ့တဲ့အခါ ပိုဖြစ်စေနိုင်ပါတယ်။
တဆေးနံ့
Yeast ပိုး၀င်ခြင်းတိုင်းမှာ အနံ့မရတတ်ပါဘူး။ တခြားလက္ခဏာတွေဖြစ်တဲ့ အဖြူဆင်းခြင်း၊ ယားယံခြင်းတို့ကြုံမှ သတိထားမိတတ်ပါတယ်။ တခါတရံ ပေင်မုန့်နံလို ရတတ်ပေမယ့် မှိုနံ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့ရခြင်းတခုကပဲ Yeast ပိုး၀င်ခြင်းကိုပြတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် vaginosis ရောဂါဖြစ်ခြင်း၊ မိန်းမကိုယ်ကို ယားယံစေတဲ့ တခြားရောဂါပိုး၀င်ခြင်း စတာတွေနဲ့ ခွဲခြားနိုင်ပါတယ်။
ပုပ်သောအနံ့
မိန်းမကိုယ်ကနေ ပုပ်တဲ့အနံ့ကို ရုတ်တရက် ဆိုးဆိုးရွားရွား ရလာရင် သားဖွားမီးယပ်ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြီးခဲ့တဲ့ ဓမ္မတာကိစ္စအတွက် tampon သုံးပြီး မေ့ကျန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့သားဖွားမီးယပ်ဆရာ၀န်ဟာ ကြာရှည်စွာ မေ့ထားခဲ့တဲ့ tampon ကို ထုတ်ယူပေးနိုင်တာကြောင့် ချိန်းဆိုပြသဖို့ မရှက်ပါနဲ့။
မိန်းမကိုယ်အနံ့ ဖြစ်ရခြင်း အကြောင်းများ
တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း
အမျိုးသမီးတွေမှာ ပိုမိုရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေရှိပြီး အမြဲဂရုစိုက်ဖို့ မလွယ်ကူပါဘူး။ မိန်းမကိုယ်အနံ့ဟာ သန့်ရှင်းရေးကိစ္စကလွဲလို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ဆေးကြောဖို့ မမေ့ပါနဲ့။ အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဆပ်ပြာကို သုံးပါ။ အိမ်သာ၀င်၇င် ရှေ့ကနေနောက်ကို ဆေးကြောပါ။ ရေမချိုးဖြစ်၇င်တောင် အတွင်းခံကို နေ့စဉ်လဲပါ။
ဘက်တီးရီးယားကြောင့်ဖြစ်သော vaginosis
မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားတာများရင် ဖြစ်တတ်ပါတယ်။ အရည်ဆင်းခြင်းဟာ ဒီပြသနာရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ အနံ့လည်း ရတတ်ပါတယ်။ ဒီရောဂါကို မကုခင်မှာ တခြားရောဂါ အမျိုးအစားတွေ မဟုတ်ဘူးဆိုတာ သေချာစေရပါမယ်။ ကုသမှုမှာ မိန်းမကိုယ်လိမ်းတဲ့ ဂျဲယ်အဆီများ၊ ပဋိဇီ၀ သောက်ဆေးများ ပါ၀င်ပါတယ်။
Trichomoniasis ရောဂါ
လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ကပ်ပါးပိုးကြောင့်ဖြစ်တတ်ပြီး အမျိုးသားများရော အမျိုးသမီးများမှာပါ တွေ့နိုင်ပါတယ်။ ရောဂါဖြစ်တိုင်းမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်က အရည်ဆင်းတာ၊ ဆီးသွားရင် အစိမ်းရောင်သမ်းပြီး အမြှုပ်တွေ ဖြစ်နေတာ၊ ဆီးသွားရင်ပူတာ၊ လိင်ဆက်ဆံစဉ် နာကျင်တာ၊ လိင်အင်္ဂါ ယားယံတာ စတာတွေ ရြှိမရှိ စစ်ဆေးရပါမယ်။ ရောဂါရှာဖွေခြင်းကတော့ စစ်ဆေးတဲ့နေရာမှာ ကပ်ပါးပိုး ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ကုသပြီးချိန်မှာလည်း ပြန်ဖြစ်တတ်ပါတယ်။
မိန်းမကိုယ် Yeast ပိုး၀င်ခြင်း
Candida လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်း၊ ယားခြင်း၊ အရည်ဆင်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိန်းမနဲ့ ယောက်ျားကြား ကူးစက်နိုင်ပါတယ်။ မှိုစွဲပျောက်စေတဲ့ဆေးတွေလိမ်းခြင်း၊ သောက်ခြင်းနဲ့ ကုသနိုင်ပါတယ်။
လိင်ဆက်ဆံခြင်းမှ ကူးစက်သော ရောဂါများ
Chlamydia နဲ့ Gonorrhea ၂မျိုးစလုံးဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်းမြှ အလွယ်တကူ ကုသနိုင်ပေမယ့် သေချာမကုသရင် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့ဟာ ရောဂါလက္ခဏာပြတာရှိသလို မပြဘဲလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပြည်လို အရည်ဆင်းခြင်း စတာတွေ ဖြစ်လာပြီဆိုရင် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ဒီအခြေအနေ မဖြစ်အောင် လိင်မှုကိစ္စ ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ဆက်ဆံနေစဉ် အကာအကွယ်သုံးခြင်း စတာတွေ လိုက်နာရပါမယ်။
တင်ဆုံရိုးကွင်း အင်္ဂါများ ရောင်ရမ်းခြင်း
ဒီရောဂါဟာလည်း လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန် စတာတွေကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားခြင်း၊ အရည်ဆင်းခြင်း၊ ၀မ်းဗိုက်နဲ့ ဆီးစပ်အောင့်ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဆီးသါားဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး မကုသဘဲထားလိုက်ရင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာ ဥပမာ-မြုံခြင်း ဖြစ်နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ
HPV ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ကင်ဆာ ဖြစ်ပွားစေပါတယ်။ ဒီကင်ဆာဟာ သားအိမ်အောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာတဲ့ သိားမ်ခေါင်းကင်ဆာ လက္ခဏာတွေကတော့ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း၊ အနံ့ဆိုးသေ အရည်များဆင်းခြင်း၊ ဆီးစပ်နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။ လိင်ဆက်ဆံဖော် အများကြီးရှိရင်၊ ငယ်ရွယ်စဉ်မှာ လိက်ဆက်ဆံရင်၊ ဆေးလိပ်သောက်ရင်၊ ကိုယ်ခံအားကျဆင်းရင်၊ တခြား လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါရှိရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပါားနှုန်း မြင့်တတ်ပါတယ်။ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။
မိန်းမကိုယ်ကင်ဆာ
မိန်းမကိုယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပါတယ်။ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ပိုဆိုးလာတဲ့အခါ ထုံးစံမဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ၀မ်းချုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေရှိရင် ဆရာ၀န်ပြသသင့်ပါတယ်။ ကင်ဆာ စတင်ဖြစ်ပေါ်တဲ့နေရာကို မူတည်ပြီးတော့ မိန်းမကိုယ်ကင်ဆာကို လေးမျိုးခွဲခြားနိုင်ပါတယ်။ ကိုယ်၀န်ပျက်ကျခြင်းကို ကာကွယ်တဲ့ဆေးတွေ သုံးတာများရင်၊ လိင်ဆက်ဆံဖော်များရင်၊ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။
မိန်းမကိုယ်ကင်ဆာလို့ ရောဂါအမည်တပ်လိုက်ပြီဆိုရင် ဆရာ၀န်ဟာ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။
မိန်းမကိုယ်နှင့် အူမကြီးဆက်နေခြင်း
ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်နဲ့ အူမကြီးကို ဆက်တ့အပေါက် ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ၀မ်းသွားတဲ့အခါ၊ လေလည်တဲ့အခါ မိန်းမကိုယ်ထဲကို ရောက်သွားတတ်ပါတယ်။ ဒီရောဂါဟာ ကသိကအောင့် နိုင်ပြီး ဆက်ဆံရေးပျက်ယွင်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာ၀န်ကို ပြသဖို့ ခက်ပေမယ့် ခွဲစိတ်ဖို့ လိုအပ်တတ်တာမို့ ပြရပါမယ်။
ဒီပြသနာရဲ့ တခြားလက္ခဏာတွေကတော့ အနံ့ဆိုးတဲ့အရည်များ မိန်းမကိုယ်မှဆင်းခြင်း၊ မိန်းမကိုယ်နေရာမှနာခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း၊ မိန်းမကိုယ်မှ ၀မ်းသွားခြင်း၊ လေလည်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Crohn ရောဂါ၊ ဆီးစပ်နေရာတွင် ကင်ဆာကုသခြင်း၊ ခွဲစိတ်ခြင်း စတာတွေဟာ ဒီအနာကို ဖြစ်ပေါ်စေပါတယ်။
_
Credit …
" ကျွန်မ ဆေးနည်းပေးချင်ပါတယ် "
ယုံတဲ့သူရှိသလို ဟုတ်ပါ့မလားဆိုတဲ့မယုံတဲ့သူတွေလဲ
ရှိပါလိမ့်မယ် …
တစ်ကယ်လက်တွေ့မို့ ပေးတာပါအများသိကျတဲ့
ကင်ဆာရောဂါဆေးနည်းပါ ။
တစ်နည်းအားဖြင့် အမြစ်ပွားနာပေါ့ ဒီကင်ဆာရောဂါ
ဟာ သိတယ်ဆိုတာနဲ့ အချိန်လွန်သွားပါပြီ ။
လပိုင်းပဲ ခံပါတော့မယ် ကျမအဖေရဲ့ သူငယ်ချင်းပါ ။
အသည်းကင်ဆာနဲ့ ဆေးရုံတတ်နေရတာဆရာဝန်
ပြောကြားချက်အရ အသည်းက သေးသေးလေးပဲရှိ
တော့တယ်လို့ဆိုပါတယ် ။
ဆေးရုံကနေ အခြေနေမဟန်တော့လို့ပြန်ပြီးတော့
ဆင်းလာရပါတယ် ။
အဲ့ဒီ့မှာ ကျမအဖေကို ဆရာဝန်ကမြန်မာ့ဆေးမြီးတို
ညွှန်ပေးလိုက်ပါတယ် ။
အဲ့ဒီံ့ဆေးနည်းနဲ့ ပျောက်ကင်းသွားတာပါ …
အဲ့ဒါဘာလဲဆိုတော့ ကသစ်ပင်လို့ခေါ်တဲ့ တစ်နည်း
အားဖြင့် ကသစ်ဆူးပေါက်လို့လဲ ခေါ်ပါတယ် ။
ကသစ်ပင်ရဲ့ ပင်စည်က ဆူးတွေအပြည့်ပါ ။
ကသစ်ရွက်မှာ ရှိတဲ့ အကျောတွေမှာပါ ဆူးတွေရှိပါ
တယ် ။
ကသစ်ရွက်ကို ဘာလုပ်ရမလဲဆိုတော့ !
ကသစ်ရွက် ရင့်ရင့်ကို ရေသန့်သန့်နဲ့ဆေးပါ ပြီးရင်
ငရုတ်ဆုံထဲ ထည့်ထောင်းပါ ။
အရွက်ကြေတဲ့အထိ ဆူးတွေ ကြေတဲ့အထိ ထောင်း
ရပါမယ် ။
ပြီးရင် ပိတ်ဖြူ သန့်သန့်နဲ့ လက်ဖက်ရည်ပန်းကန်လုံး
တစ်လုံးစာလောက် ရအောင် အရည်ညှစ်ချပါ ။
အဲ့ဒီအရည်ကိုတစ်နေ့လျင် သုံးကြိမ်မနက် နေ့လည်
ည သုံးကြိမ် သောက်ပေးပါ ။
ကင်ဆာရောဂါပျောက်ကင်းမယ်လို့ ယုံကြည်ပါတယ် ။
လက်တွေ့ပျောက်ဖူးလို့ ဆေးနည်းတင်ပေးရခြင်းဖြစ်
ပါတယ် ။
ဖြစ်နေတဲ့သူတွေများရှိရင်တွေ့ခဲ့ရင် မျှဝေပေးကြပါ
အန္တရာယ် မရှိပါဘူး
စာရှည်သွားရင်လည်း ခွင့်လွှတ်ပေးပါ
အနာရောဂါ ကင်းဝေးကျပါစေရှင်
Credit Soung Chrry Post
Via
ကားသမား အများစု ဖြစ်တက်သော
ကျောက်တည်ခြင်း ၊ ခါးနာခြင်း ၊ ဆီးပြဿနာ
နှင့်
ကျန်းမာရေး
ယခု တစ်ပတ် ဆွေးနွေးချင်တာက. ကားသမား အများစု ဖြစ်လေ့ဖြစ်ထ. ရှိတဲ့ ကျောက်ကပ်နှင့် ဆီးပြဿနာ
ပဲ ဖြစ်ပါတယ်။
အချက် နှစ်ချက်နဲ့ ဆွေးနွေးသွားပါမယ်။
၁။ ကားသမား အများစု ဟာ ကွမ်းစားသူများပါတယ်။
တချို့ ကွမ်းကို အချိန်ပြည့်ပါးစပ်ထဲ မှာ ထည့်ဝါးနေသူတွေ ရှိပါတယ်။
ထိုအခါ ထုံးဓာတ်က. အမြဲ ဝမ်းတွင်းမှာ နည်းနည်းချင်းဆီ စိမ့်ဝင်နေတက်တာပါ။
ထို့အခါ ကြာလာသည်နှင့် အမျှ ကျောက်တည် လာတက်ပါတယ်။ ဒါက. ပထမ. တစ်ချက်ပါ။ဒုတိယ. တစ်ချက်က. ပထမ. အချက်ကို သွားထောက်ပံ့ တာပါ။
၂။ နောက်တစ်ချက်က. ကားပေါ်မှာ ဆီးအောင့်ထားချင်ပါ။ ကားသမားဆိုတော့ ကားပေါ်မှာ ပူတယ်။ ရေခဏခဏ. သောက်တယ်။ယခု လို ဆောင်းရာ သီဆိုလျှင် ပိုပြီးတော့တောင် ဆီးသွားချင်သေးတယ်။
ဒါကို သွားချင်ပါလျက် အောင့်ထား ခြင်းက. ကျောက်တည် ခြင်းကို အထောက်အပံံ့ ဖြစ်သွားစေတာပါ။ ကျန်တော် ဆီးအောင့်ထားခြင်း ဆွေးနွေးတုန်းကလို ပဲ။
ဆီး ဆိုသည်မှာ ခန္တာကိုယ် ရဲ့ အပူနှင့် အဆိပ် အတောက် စုဝေးမှု ဖြစ်တဲ့အတွက် စွန့်ထုပ်မှု မပြုပဲ
အချိန်အကြာကြီး ထိန်းထားလျှင် ခန္တာကိုယ်ကို အန္တရယ် ပြုစေနိုင်တာပါ။
ဒါ့ကြောင့် ကွမ်းစားခြင်း က. ထုံးဒဏ် ရယ် ဆီးမသွားခြင်းက. အဆိပ် ရယ်က.
၁။ ညောင်းညာ ခြင်း
၂။ ခါး နာခြင်း။
၃။ ကျောက်ကပ် ရောဂါ ဖြစ်စေနိုင်ခြင်း။
၄။ ကျောက်တည်ခြင်း။
၅။ ဆီးရောဂါ များနှင့် ဆီးအောင့်ခြင်းများ ဖြစ်စေတက်ပါတယ်။
ဒါကြောင့် ကားသမား များအနေ ဖြင့် ဆီးသွားချင်လျှင် အောင့်မထားပါနှင့်။
ကွမ်းစား ခြင်း တက်နိုင်သမျှ လျော့ချပါ။
နောက်တစ်ချက် ကွမ်စားသူ များ ကားသမား အနေဖြင့် အုန်းစီမ်းရည် ကို တက်နိုင်သမျှ တစ်ပတ် နှစ်ရက် သုံးရက်လောက် အချိုရည် သောက်မည့်အစား
အုန်းစိမ်းရည် သောက်ပေးပါ။
အုန်းစိမ်း ရည်ရဲ့ အကျိုးအာနိသင်က. ကျောက်ကပ် ကို ပြန်လည် ကောင်မွန် အောင်လုပ်ဆောင်ရာ မှာ အထောက်အကူ ပြု စေပါတယ်။
နောက်တစ်ခုက. တစ်ပတ် တစ်ရက်လောက် ကျောက်ဖယုံသီး ချည်ရည် ချက် စားပါ။
ကျောက်ဖယုံ သီးက. ကျောက်ကပ် နှင့် ဆီးအတွက်
ပြိုင်းဘက်ကင်း ဓာတ်စာ ပါ။
🛑မိမိခန္ဓာကိုယ်ကိုကြည့်ပြီး
ကိုယ်တွင်းရောဂါများအား
ခန့်မှန်းခြင်း 🛑
🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်..
အဆုတ်
နှလုံး ရောဂါ
ရှိနိုင်သည်။
🎈၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..
ဆီးချိုရောဂါ
ကျောက်ကပ်ရောဂါ
ရှိနိုင်သည်။
🎈၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..
သွေးတိုးရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ
ရှိနိုင်သည်။
🎈၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..
အစာအိမ် နှင့်
သည်းခြေအိတ် ရောဂါ
ရှိနိုင်သည်။
🎈၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..
စိတ်ကျရောဂါ
အသည်းအားနည်းရောဂါ
ရှိနိုင်သည်။
🎈၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ..
ရင်သားကင်ဆာ
ဖြစ်နိုင်သည်။
🎈၇. လက်မောင်း ခြေသလုံး
ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော
မိန်းခလေးများ..
သားအိမ်
အသည်း
သရက်ရွက်
ရောဂါရှိ နိုင်ပါသည်။
🎈၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက
လိင်ပိုင်းဆိုင်ရာရောဂါနှင့်
အသည်းအဆီဖုံးရောဂါ
ရှိနိုင်ပါသည်။
🎈၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊
ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..
ဂေါက်ရောဂါ ကဲ့သို့
အဆစ်မြစ်ရောင်ရောဂါ
ရှိ နိုင်ပါသည်။
🎈၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..
အသည်းရောင် အသားဝါ
B ပိုး C ပိုး
ရှိနိုင်ပါသည်။
🎈၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..
သားအိမ်ကင်ဆာ
ဖြစ်နိုင်ပါသည် ။
🎈၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက..
ဆီးကျိတ်ကြီးခြင်း
ကျောက်ကပ် နှင့်
ဆီးကျိတ်ကင်ဆာ
ဖြစ်နိုင်သည်။
🎈၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.
သွေးအားနည်းရောဂါ
အဆုတ်ရောဂါ
ရှိနိုင်ပါသည်။
🪴အသက်ကိုဥာဏ်စောင့်တာမို့
သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင်
အချိန်မှီကာကွယ်နိုင်ကြပါစေ။❤️
ပြောင်းလဲကုန်ပြီ •••••
ဖုန်းရှိပေမယ့်
ဘေလ်ဖိုး မတတ်နိုင်ကြတော့ဘူး။
ကားရှိပေမယ့်
သွားဖို့ မတတ်နိုင်ကြတော့ဘူး။
မီးစက်ရှိပေမယ့်
နှိုးဖို့ မတတ်နိုင်ကြတော့ဘူး။
ပြောချင်တာတွေရှိပေမယ့်
ပြောဖို့ မတတ်နိုင်ကြတော့ဘူး။
အမှန်တွေသိပေမယ့်
ပြဖို့ မတတ်နိုင်ကြတော့ဘူး။
အမှားတွေမြင်ပေမယ့်
ထောက်ပြဖို့ မတတ်နိုင်ကြတော့ဘူး။
အသက်တွေရှိမယ့်
အဓိပ္ပါယ်ရှိရှိ ရှင်သန်ဖို့ မတတ်နိုင်ကြတော့ဘူး။
ဘဝတွေဟာ ရှင်လျှက်နဲ့ သေနေကြပြီ။
Crd #သာသနာနွယ်ဆရာတော်
Omicron ကူးစက်ခံရရင် ဘာလို့အသံပျောက်တာလဲ 🦠
အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရွိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ
အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မေသမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့
#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ္က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ
#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်
#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက္က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့
#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရွိတယ္လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ
#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန္က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တျခားDecongestantလိုမျိုး
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်
ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကေတာ့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်
ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသြားမွာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ
ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်
Dr. Hadee Maung (9.2.2022)
P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့။
ဇီးပင်ပေါ်မှာသာ ပေါက်တဲ့
ရွှေနွယ်ရိုး ပင်လေး ထခုန်မိပါသေး
အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ယင်
ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့
တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေ
လက်လျှော့နေရတဲ့ ရောဂါ
ရေဖျဉ်းရောဂါ ပျောက်ပါတယ်
ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ
ပျောက်ပါတယ်
အားလုံး ကျန်းမာ ချမ်းသာကြပါစေ
ဂုဏ်နှင့်စွမ်းရည်
၄င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။
#ရောဂါအလိုက်အသုံးပြုပုံ
အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက်
၄င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။
အသည်းအားနည်း/အားပျော့ခြင်းအတွက် ၄င်းရွှေနွယ်ကို ပြုတ်၍ ၄င်းပြုတ်ရည်သက်သက်ကို၄င်း ။ အခြားဆေးဘက်များနှင့်၄င်းသောက်မူ အသည်းကို များစွာအားပေး၏။
#သွေးဖောက်ပြန်ရောဂါ
၄င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် ၅-ကျပ် ။ ရေ ၆၀-ကျပ်သားနှင့် ထက်ဝက်ခန်းအောင် ကျို၍ ၄င်းဆေးတွင် ပျားရည်သင့်တော်ရုံစပ်၍ တခွက်စာ ကြွေဇွန်းကြီး ၃-ဇွန်းမျှ တနေ့ ၃-ကြိမ်သောက်ပါမူ သွေးဖောက်ပြန်သောရောဂါများ ပျောက်ကင်း၏။
#ဝမ်းရောင် ဝမ်းကြောတင်းရောဂါ
ဝမ်းရောင် ဝမ်းကြောတင်း အစာမကြေ လေချဉ်တက်ခြင်းဖြစ်မူ ၄င်းဆေးရွှေနွယ်ကို ကျက်ကျက်ကျို၍ ဝမ်းဗိုက်ကို လိမ်းပေးမူ ဖော်ပြပါရောဂါများနှင့်တကွ ဝမ်းဗိုက်နာကျင်ခြင်းများ ပျောက်ကင်း၏။
#မကျက်နိုင်သောအနာဟောင်းများ
ဆေးရွှေနွယ်မှုန့် ချင်းခြောက်မှုန့် ၂-မျိုး ဆတူပြုပြီးလျှင် ထောပတ်နှင့်ဖျော်၍ အနာအို အနာဟောင်းများသို့ လိမ်းပေးမူ အသားနုများတက်၍ အနာများအကျက်မြန်လိမ့်မည်။
#ယားနာမျိုးစုံ
၄င်းဆေးရွှေနွယ်ကို ညက်စွာကြိတ်၍ ရေနှင့်မပျစ်မကျဲ ဖျော်၍ ယားနာများကို လိမ်းပေးမူ မြန်စွာပျောက်ကင်း၏။
#အရေပြားလိမ်းဆေး
အရေပြားရောဂါများ အခြားအတွင်းဆေးများစားသော်၄င်း။ မစားသော်၄င်း အဆိုပါရွှေနွယ်ကို ပြုတ်၍ ရေချိုးပေးခြင်း လူးပေးလိမ်းပေးခြင်း ပြုလုပ်ပါမူ များစွာအကျိုးရှိ၏။
#ရေငတ်ရောဂါ
အဖျားအားကြီး၍ ရေငတ်ခြင်း ကျောက် ဝက်သက်စသောရောဂါ ဝမ်းရောဂါဖြစ်၍၄င်း ရိုးရိုးရေငတ်ရောဂါများကို၄င်း ရွှေနွယ်ကို ပြုတ်၍ ရေသဘောသောက်မူ ရေငတ်ရောဂါများ ပျောက်ကင်း၏။
#သွေးဆိုးပွားရောဂါ
သွေးသားမစင်ကြယ်ခြင်း ယားယံခြင်းတို့အတွက် ရွှေနွယ်ကို ကျို၍သောက်မူ သွေးသားစင်ကြယ်စေ၏။
#ဝမ်းဗိုက်ထိုးကျင်ခြင်း
အောက်သို့ လေမစုန်ဘဲ ဝမ်းဗိုက်တင်းကြပ်နာကျင်မူ ရွှေနွယ်ကိုကျို၍ ဝမ်းဗိုက်တွင် လိမ်းပေး၍ အဝတ်နှင့်ပတ်ထားမူ အောက်သို့လေစုန်၍ ဝမ်းဗိုက်နာခြင်း ပျောက်ကင်း၏။
မူရင်တင်သူကို
Credit ပေးပါသည်။
Covid-19 Omicron ကူးစက်ခံရပါက
ဖြစ်လေ့ရှိတဲ့ရောဂါ လက္ခဏာများ
#ခြေလက်ထုံကျင်လာသလို_ဖြစ်နေသူများအတွက်_လက်တွေ့ဆေးနည်း
မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေ တင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုး ဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီး ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။
ဒီဆေးနည်းလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ် နေရသူများဖြစ်ကြတဲ့ ရုံးသမားများ၊စက်ချုပ်သမားများ၊ စားဝတ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲမှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။
အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။
နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်...။
တစ်ခြားနည်းတွေ လည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင်တစ်ခြားသူများကိုနည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။
#ဆေးပြုလုပ်ပုံ
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက်၊ စပါးလင်၊ သံပုရာသီးတို့ပဲဖြစ်ပါတယ်။
ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။
ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကိုသံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။
ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက်ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ်။
သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများ ပျောက်သွားပါလိမ့်မယ်။
#မှတ်ချက်
စပါး လင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။ ။
ထုံနာကျဉ်နာဘေးမှ ကင်းဝေးကြပါစေ။ ။
ဂျူး လူမျိုး တို့ ရဲ့ မှတ်သားစရာ စကားများ
၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။
၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ဝင်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။
၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။
၄။ လူ့ ဘဝခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။
၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ်။
၆။ သင့်ရဲ့ အိမ်နီးနားချင်း မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့၊ သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ။
ရ။ သင်တစ်ဘဝလုံးမှာ တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်မယ် အဲဒါကတော့ သင်အိုသွားခြင်းပါပဲ။
၈။ သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ။
၉ ။ အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ။ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။
၁၀။ ကြိုးစားပြီးမှ နောင်တရရင် ရပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး။
Credit to Original Writer