Saw Min Awng

Saw Min Awng

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saw Min Awng, Grocers, .

Photos from Saw Min Awng's post 22/07/2024

ရခိုင်မှာ နီခါ မစားဖူးခရေ..ဆလတ်တုတ်.ဟင်း..😋😋😋
ကမ္ဘာလုံးကို အိုးထဲမှာ ထည့်ပစ်ယင့်.😋😝😜

Photos from Saw Min Awng's post 20/07/2024

ပုဇွန်ချက်စော်မှာ မှိုင်းစရီကို အမြိုးထည့်လိုက်တေ😂

17/07/2024

ပွဲနိန့်ခါ တွိ့ကတ်ပါဖို့.. အားလုံးသူ...
တစ်ယောက် ၃၀၀ ဘတ်..
ဖေသာ စကေ ချီးကတ်ဘလင်း..ပွဲကြည့်လားဖို့.😂

12/07/2024

တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်လာတယ်
လူတွေကို မေ့တတ်လာတယ်
ဘဝမှာ ကိုယ်နဲ့မထိုက်တန်တဲ့
အရာတွေ များလာတယ်။

ပြောစရာ စကားတွေ မဲ့လာတယ်
ခေါ်စရာအသံတွေ နည်းလာတယ်
ကိုယ့်ကို နားလည်နိုင်တဲ့သူတွေ ရှားလာတယ်။

လူ့ဘဝဆိုတာ
ငယ်ငယ်က ပွဲတော်ထဲမှာ လျှောက်လည်ရင်း
ကိုယ်လိုချင်တာတွေကို ငေးရုံပဲငေးပြီး
အမှောင်ထုထဲ
ခေါင်းငိုက်စိုက်ချ တိတ်တိတ်လေး
ပြန်ရသလိုလား...။

-စစ်ငြိမ်း-

12/07/2024

ပန်းပွင့်ချေတိကို ငေးကြည့်ယင်း..မီးဖြစ်တေ.
ငါရို့ အဂင့် ကမ္ဘာခြားလားခဗျာလ် လား.လို့..

ပန်းပွင့်ချေတိက စကား ပြန်မပြောလေ😥

Photos from Saw Min Awng's post 19/06/2024

မြောက်ဦးမာ အာရက္ခပြည်သူ့အစိုးရက အစ္စလာမ်ဘာသာရီးပွဲတော် ကုရ်ဘာနီနိ အထိမ်းအမှတ် မူဆလင်အိမ်ထောင်စုတိကို ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

APM၊ ဂျုန် ၁၉ / ၂၀၂၄

မြောက်ဦးမြို့နယ်မာ အစ္စလာမ်ဘာသာရီးပွဲတော် ကုရ်ဘာနိနိ အထိမ်းအမှတ် ဂျုန် ၁၈ ရက်နိက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ဦးဆောင်ရေ အာရက္ခပြည်သူ့အစိုးရစွာ မူဆလင်အိမ်ထောင်စုတိအား ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်းခကြောင်း သိရပါရေ။

အဆိုပါအခမ်းအနားများကို မြောက်ဦးမြို့နယ်ကျေးရွာတချို့မာ ကျင်းပပြု လုပ်ခကတ်ပြီးကေ ယင်းအခမ်းအနားတိသို့ အာရက္ခပြည်သူ့အစိုးရတာဝန်ဟိပုဂ္ဂိုလ်များ၊ မူဆလင် ဂေါင်းဆောင်များနန့် မူဆလင်မိသားစုဝင်များ တက်ရောက်ခကတ်ပါရေ။

အခမ်းအနားများကို အာရက္ခနိုင်ငံတော်တေးခြင်းနန့် ဖွင့်လှစ်ခကတ်ပြီးနောက် မူဆလင်အိမ်ထောင်စုတိကို ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းခြင်း၊ပြစ်ဒဏ်ကျ မူဆလင် အကျဉ်သားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နန့် ပြန်လွှတ်ပီးခြင်းရို့ကို အာရက္ခပြည်သူ့အစိုးရက ပြုလုပ်ပီးခပါရေ။

အာရက္ခပြည်သူ့အစိုးရက အဂုပိုင် အစ္စလာမ်ဘာသာဝင်ရို့၏ ရက်ကြီးရက်မြတ် ကုရ်ဘာနီနိကို အသိအမှတ်ပြု ဂုဏ်ပြုပီးစွာ၊ မူဆလင်အိမ်ထောင်စုတိကို ဆန်ရိက္ခာလှူဒါန်းစွာ၊ ပြစ်ဒဏ်ကျ မူဆလင်များအား လွတ်ငြိမ်းခွင့်ပြုစွာတိအပေါ် ဝမ်းမြောက်ဂုဏ်ယူပြီး လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ပါကြောင်း မူဆလင် ဂေါင်းဆောင်ရို့က တုံ့ပြန်ပြောဆိုခကတ်ပါရေ။

အလားတူ အာရက္ခပြည်သူ့အစိုးရအနီနန့် အာရက္ခပြည်အတွင်း မူဆလင်များနီထိုင်ရာ တခြားမြို့နယ်တိမာလည်း ကုရ်ဘာနီနိအထိမ်းအမှတ်အဖြစ် မူဆလင်အိမ်ထောင်စုများအား ဆန်နန့် ရိက္ခာများလှူဒါန်းခြင်း၊ အသားနန့် ငွေကြေးများပီးအပ်လှူဒါန်းခြင်း၊ မူဆလင်အကျဉ်းသားများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပီးခြင်းတိကို လုပ်ဆောင်နီကြောင်း သတင်းရဟိပါရေ။

Website Link >>
https://arakanprincess.media/wp-01jdfkdsfk/

19/06/2024

ရခိုင်နယ်ရှိ ရခိုင်မျိုးနွယ်စု( ၇ ) မျိုးတို့နေထိုင်ရာဒေသများ... ။

ရခိုင်လူမျိုး။
ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများတွင် လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ(၃)ခရိုင်မြို့နယ်ကျေး ရွာများတွင် အများဆုံးနေထိုင်ကြသည်။

ကမန်လူမျိုး။
သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ဝန်းကျင်တွင် နေထိုင်ကြပါသည်။

မြိုလူမျိုး။
ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့်ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များ လေးမြို့ ချောင်းများတွင် ချင်းပြည်နယ်ပလက်ဝမြို့နယ်
နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင် ကြသည်။

ဒိုင်းနက်သဣမလူမျိုး။
ဒိုင်းနက်(၈)မျိုးအနက် လက်ဝဲတောင်ဒိုင်းနက်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များ တွင် နေထိုင်ကြသည်။ မောင်ညိုတောင်ဒိုင်းနက်တို့သည် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်တို့တွင် နေထိုင်ကြသည်။ ဒိုင်းနက်လူမျိုး
ကျန်ဒိုင်းနက်တို့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် လေးမြို့ ချောင်းများတွင် ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေမြောက်ဘက် ရခိုင်တောင်ရိုးပိုင်းတွင် အများဆုံး နေထိုင် ကြသည်။

မရမာကြီးလူမျိုး။
မရမာကြီးတို့သည် ရခိုင်ပြည်နယ်တွင် အစဉ်အမြဲ နေထိုင်သူများဖြစ်ကြပြီး စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် မြို့ပေါ်နှင့် ကျေးရွာအသီးသီးတို့တွင် နေထိုင်ကြသည်။

ခမီလူမျိုး။
ခမီတိုင်းရင်းသားတို့သည် ရခိုင်ပြည်
နယ်အနှံ့နှင့် ကစ္ဆပ္ပနဒီမြစ်အထက်၊ အောက်လေးမြို့မြစ်တစ် လျှောက်၊ ဘင်္ဂလားဒေ့ရှ်အရှေ့ဘက်၊ စစ်တကောင်းတောင်တန်း နယ်စပ်ဒေသ တစ်လျှောက်တွင် ပြန့်နှံ့နေထိုင်ကြသည်။ ထို့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဘူးသီးတောင် မြို့နယ်မြောက် ပိုင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်း၊ ကျောက်တော်မြို့နယ် အနောက်ပိုင်း တောတောင်ဒေသ များတွင်လည်း ပြန့်နှံ့နေထိုင်ကြပါသည်။ တချို့မှာ ရခိုင်ရိုးမအရှေ့ ဘက်၊ မကွေးတိုင်းတွင် ပြန့်နှံ့ နေထိုင်ကြသည်။

သက်လူမျိုး။
ရခိုင်ပြည်နယ်၏ တောင်ရိုးနယ်များဖြစ်သော ဝေလာတောင်ကျေးရွာ၊ ခမောင်းဆိပ်၊ အောင် ချမ်းသာကျေးရွာ၊ တပ်ချောင်းကျေးရွာ၊ မင်္ဂလာညွန့်၊ တမန်းသား၊ သက်ကိုင်ညှာ၊ ရန်အောင်မြင်၊ အောင်ဇေယျ၊ လေးမိုင်မန်ကျည်းကုန်းကျေးရွာတို့ တွင်လည်းကောင်း၊ ဘူးသီးတောင် မြို့နယ် ကျွန်း ပေါက်၊ ကထီးလှ၊ ဂုပ္ပီ(အောင်ဇေယျ) ကျေးရွာတို့တွင် လည်းကောင်း၊ ရသေ့တောင် မြို့နယ် အောင်ဆိပ်၊ ချွတ်ပြင်၊ ချောင်းဝ၊ တောင်ရင်းတောင်တန်းရပ်ကွက် တို့တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်၊ ဆင်ချဆိပ်၊ မြို့သစ်ရပ်ကွက်များတွင် လည်းကောင်း၊ စစ်တွေမြို့ပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြန့်ကျဲနေထိုင်လျက်ရှိကြပေသည်။

တိုင်းရင်းသားလူမျိုးများဝန်ကြီးဌာနဝက်ဘ်ဆိုက်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ကိုယ့်လူမျိုးကိုချစ်ရင် သူများလူမျိုးကိုတန်ဖိုးထားပါ
ကိုယ့်လူမျိုးရိုးရာကိုချစ်ရင် သူများလူမျိုးရိုးရာကိုတန်ဖိုးထားပါ
ကိုယ့်လူမျိုးယဉ်ကျေးမှုကိုချစ်ရင် သူများလူမျိုးယဉ်ကျေးမှုကိုတန်ဖိုးထားပါ
ကိုယ့်လူမျိုးစာပေကိုချစ်ရင် သူများလူမျိုးစာပေကိုတန်ဖိုးထားပါ
ကိုယ့်လူမျိုးဘာသာစကားကိုချစ်ရင် သူများလူမျိုးဘာသာစကားကိုတန်ဖိုးထားပါ
ကိုယ့်လူမျိုးဓလေ့ကိုချစ်ရင် သူများလူမျိုးဓလေ့ကိုတန်ဖိုးထားပါ

ဒါမှသာလျင် စစ်မှန်တဲ့ အမျိုးချစ်သူ စစ်မှန်တဲ့လူမျိုးချစ်သူများဟု
ဆိုထိုက်ပေသည်။တကယ်တော့ ကျွန်တော်တို့အားလုံးဟာ
အပြန်အလှန်တန်ဖိုးထားမှု အပြန်အလှန်လေးစားမှုနှင့်ထိုက်တန်ပါတယ်။


#ရခိုင်ဌာနေလူမျိုးစု
#ရခိုင်မျိုးနွယ်စု
#ရိုးရာယဉ်ကျေးမှုများ
#ရိုးရာဝတ်စားဆင်ယင်မှုများ
#ရခိုင် #ခမီ #သက် #မြို #မရမာကြီး #ကမန် #သက္ကမ
Post - Arakkha Zin Myo

16/06/2024

Advance Notice and Emergency Announcement Regarding Maungdaw Township

June 16, 2024

The Arakan Army has completely seized nearly all the SAC’s military camps in Maungdaw Township, located near the Bay of Bengal. Surrounding and cutting off the remaining SAC’s camps in and around Maungdaw Township have also been accomplished.

The SAC force has long been using Maungdaw Township as a base for military operations and has prepared extensively for urban warfare. As further assaults on these remaining camps are imminent, residents of Maungdaw Township are urged to avoid staying in areas such as roads and houses from which the SAC forces have fortified positions, the locations which could be targeted by the snipers from top of the buildings, and any place where the SAC forces are present.

Due to concerns for the safety of the residents of Maungdaw, the United League of Arakan/Arakan Army urgently advises all residents to evacuate Maungdaw immediately, starting from 9 PM on June 16, 2024.

United League of Arakan

DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

Photos from Saw Min Awng's post 16/06/2024

အချစ်ခံရဖို့ ကံမပါစော်ရာ.
စားဖို့သောက်ဖို့ ပူစရာကားမလို 😋😋

အစ်ကိုကြီး ခိုင်လင်းစံပါးက. ပီးလိုက်စွာ.

ဆွဲဗျာ လူရို့ တစ်ယောက်လေ့ မပီး. 😂😋

16/06/2024

မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၁၀) ရက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်

ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည်။

မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်အပ်ပါသည်။


16/06/2024

ကျနော် ချဲပေါက်ရေလို့ မပြောမိပါကာ.။
၅၀၄ တစ်ရာဖိုး ၅သောင်းရာ ရရေလို့ ပြောစွာပါ.။

ဆိုလိုရင်းက..ချဲ တစ်ရာဖိုး ပေါက်ကေ. ၅သောင်းရာ ရရေ.. ကျနော်က. ၅သောင်း မကရေ တန်ဖိုးဟိရေ အရာကို ရယူခွင့် ရခရေအတွက်နန့်..နည်းရေလို့ ပြောစွာပါ.။

မုန့်ဖိုးလာတောင်းရေ လူတိကို မှတ်ထားပါရေ.
ကျနော် အောင်မြင်ချိန်မှာ မုန့်ဖိုးအကြွီးတင်ကျန်နီရေလို့ မှတ်ထားအုံးမေ.😊😍

Photos from Saw Min Awng's post 15/06/2024

အေနိန့်လေ့ ညက ပိုင်ဗျာလ်..
မပြောင်းလဲပါ.ငါ့အချစ်တိလေ့..

အေနိန့်တော့ ညကပိုင် အိုးကပ်ချေမဟုတ်ဗျာ.
ချိုင်သီးချေနန့် အရေစွပ်ပီစွပ်ပချေ.😋😋

14/06/2024

နောက်ခံကို တစ်ခေါက် ကြည့်လိုက် 😊

သိလူ ဖြေ.. ညက သိမ်းပလိုက်တေ နီရာထဲကယေ.😊


၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယ ရက်သတ္တပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို မိမိတို့မှ အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

ဇွန်လ ဒုတိယပတ်အတွင်း၌လည်း မောင်တောမြို့နယ်အတွင်းရှိ

(၁) “နခခ (၄) တပ်ရင်းဌာနချုပ်” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊

(၂) “အလယ်သံကျော်စခန်း” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊

(၃) “မောရဝတီဗျူဟာ” အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊

(၄) “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏ အခြားသော စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်။

တိုက်ပွဲများအတွင်း ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

Photos from Saw Min Awng's post 14/06/2024

ငါးတိဟင်းတိအများနန့် စားရဖို့မလို.
စားချင်ရေပိုင်ချက်ပနာ စားလိုက်ရကေ.စားခြီရေ
မမတိအများကြီးနန့် ချစ်သူမဖြစ်ချင်.
မင်းတစ်ယောက်နန့်ရာ. သံသရာဘဝအဆက်ဆက် ချစ်လားချင်ရေ.

#အာလူချေနန့်ခရမ်းသီး

Photos from Saw Min Awng's post 24/05/2024

စစ်ကောင်စီအား တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသောအဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့၏ ရက္ခိုင်ပြည်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်

Photos from Saw Min Awng's post 24/05/2024

ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်

Photos from Saw Min Awng's post 24/05/2024

အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်းကာလသည် (၁) နှစ် နှင့် (၇) လနီးပါးကြာမြင့်ခဲ့သည်။

အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အာရက္ခတပ်တော်

ဓါတ်ပုံ - အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ

23/05/2024

ရခိုင်ပြည်၏ ထိန်းချုပ်မှု ဆုံးရှုံးသွားသဖြင့် မြန်မာစစ်အစိုးရသည် ဘာသာရေးမုန်းတီးမှုကို လှုံ့ဆော်ပေးသည့် အပန်းဖြေစခန်းများ ဖြစ်သည်။

Photos from Saw Min Awng's post 23/05/2024

မင်းနန့်အတူ..စိတ်ကူးရှိရေ.
အီးအီးချမ်းချမ်း နန့် ဘဝအဆုံးထိ..

ဂုဏ်ပကာသနတိမလို..မင်းရှိကေ.ပြည့်စုံရေ

20/05/2024

ဟေဟေ..ဆုပီးစွာ လု့ပနာ ပီးပစ်ခရေငါ😂

19/05/2024

ဘောလုံးပွဲ နှစ်ပွဲလားစွာ..တစ်ပုံတည်းရာ ရိုက်ခရရေ😍

17/05/2024

( မာရယုမင်းသည် အဇ္ဇုနမင်းကြီးနန့် ဣန္ဒမာယုရို့၏ သားတော် )

မာရယု
~~~
မဇ္ဇ္ဇိမဒေသ
ကပိလဝတ် ပြည်
မျိုးသာဂီနာမ
အဇ္ဇုန ဟု
ဒေသတလွှား
ပြိုင်စံချားဗျာလ်
ဆယ်ပါးမင်းကျင့်
ညီမျှခြင်းနန့်
စိုးစံမင်းလုပ်
အုပ်ချုပ်ခချိန်
တစ်သောင်းခြောက်ထောင်
မောင်မမဟေ
ငြီငွီးလာ၍
ရင်သွီးအစစ်
မင်းသားဖြစ်တေ
ဓမ္မဒေသန
သားတော်မဟာ
နန်းအပ်ခါဖြင့်
ဟိန်မဝန်တာ
တောဂေဟာသို့
ရသေ့ဝတ်ခါ
တရားရှာလေ့
နောင်ဖြစ်လတ္တံ
နတ်များအမြင်
ဖန်ဆင်းဟန်ပြင်
တတောမပျော်
တေတာင္မမြီ
ပျော်မှုမဲ့ကင်း
ရှိကိုဆင်းကာ
နဒီဂစ်စပ
မြစ်ညာအနား
ရောက်သည့်အခိုက်
ကိုယ်စိတ်နှလုံး
ချမ်းမြေ့အစုံ
ဤအရပ်သည်ကား
ငါ့၏ဘုဗ်မိ
အမှန်ဖြစ်မည်
တွေးတောဆင်ခြင်
ညာဏ်မြင်အသိ
ပညောင်ပင်အောက်
တရားထုတ်ဗျာလ်
မြတ်စောသီလ
ဆောက်တည်ခရေ
ဲဘုရင့်ဘုန်းကံ
ချိန်ဝါသန်၍
ဣန္ဒမာယု
ပင်စိုးနတ်မ
နီမရခါ
မျောက်ဖြစ်ဆောင်ယင်း
ဝလံသစ်သီး
ရှာပီးခူးရေ
ကာလချိန်ကြာ
ဆက်ကပ်လာမှ
တခါရုပ်သွင်
နတ်မသျှင်အား
မြင်ဖူးကာလ
ရှိ ခုနှစ်ဘဝ
လင်ဖြစ်ခရေ
ရီစက်မကုန်
အဂုဆုံလေ့
တွီကြုံဖန်များ
မိတ္တာပွားလျှက်
ကြည့်နုချစ်ခင်
ရစ်တုံငင်၍
အကြင် လင်မယား
ပေါင်းဖက်ခဂေ
ဘုန်းကံကြီးမား
သားတော်တပါး
မွီးဖွားသန့်စင်
နာမေပညတ်
* မာရယု * မှတ်~~~

မှတ်ချက်
ရခိုင်လုမျိုးမှန်ဂေ မာရယုမျိုးဆက်ဖြစ်တေတွက် မာရယုသွီး ဟိရမေ

အဇ္ဇုန မာရယု { နန်းမြို့ }

Photos from Saw Min Awng's post 12/05/2024

လေးစားဂုဏ်ယူရပါရေ အာရက္ခစစ်သည်အပေါင်းရို့.♥️
မူဆလင်လူမျိုး ၇၀၀၀ ကျော်AAနယ်မြေထဲစစ်ခိုလှုံ
အာရက္ခတပ်တော်AA မှလူမျိုးဘာသာမခွဲခြားဘဲကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား

12/05/2024

မင်းလည်း တစ်ချိန်တုန်းက
အမှားတွေ ကျူးလွန်ထားသလို
ငါလည်း တစ်ချိန်တုန်းက
အမှားတွေကို ကျူးလွန်ထားခဲ့တာပဲ

ဒါကို သံသယကင်းကင်းနဲ့
ခွင့်လွှတ်နားလည်ပြီး
ငါတို့နှစ်ယောက် ဘယ်တော့မှလက်တွဲမဖြုတ်ပဲ
ဘဝကိုရှေ့ဆက်မယ်ဆိုရင်
အနာဂါတ်တွေက လှပနေမှာမဟုတ်လား

အပြစ်အနာဆာရှိတိုင်းသာ
စွန့်ပစ်ရမယ်ဆိုရင် အချစ်စစ်မှမဟုတ်တာအချစ်ရယ်.😘

💫NZ💫

05/05/2024

ဗမာမျိုးခြားလက်အောက် ရခိုင်ကျွန်သက်တမ်း ဇာလောက်ရင်နာဖို့ကောင်းလည်အမျိုးရို့ ရခိုင်မှန်ကေ မကျော်လားကေ့
= = = = = = = = = = = = = = = = = = = = = = = = = =
ဧပြီ ၂၆

၁ . ခရစ်သက္ကရဇ် (၁၇၈၄)မွ(၁၈၂၄)ခုနှစ်ထိ ဗမာပဒေသက္ကရဇ်နယ်ချဲ့တို့လက်အောက်ခံ (၄၀)နှစ်

၂ . ခရစ်သက္ကရဇ်(၁၈၂၄)မွ(၁၉၄၂)ခုနှစ်ထိ ဗြိတိသျှနယ်ချဲ့တို့လက်အောက်ခံ(၁၁၈)နှစ်

၃ . ခရစ်သက္ကရဇ် (၁၉၄၂)မွ(၁၉၄၅)ခုနှစ်ထိ ဂျန်ပန်ဖက်ဆစ်လက်အောက်နှစ်ပေါင်း(၃)နှစ်

၎ . ခရစ်သက္ကရဇ် (၁၉၄၅)မွ(၁၉၄၈)ခုနှစ်ထိ ဗြိတိသျှနယ်ချဲ့ လက်အောက်ခံ ဒုတိယအကြိမ်း(၃)နှစ်

၅ . ခရစ်သက္ကရဇ် (၁၉၄၈)မွ (၂၀၁၆)ယနေ့ထိ ဗမာနယ်ချဲ့လက်အောက် နှစ်ပေါင်း(၆၇)နှစ်
_______________________________
စုစုပေါင်းသက်တမ်း(၂၃၂)နှစ် မကြာခင်(၂၃၃)နှစ်ပြည့်တော့မည်

ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကိုသိမ်းပိုက်စဉ် ရခိုင် သက္ကရာဇ် (၁၁၄၆)မွ(၁၁၅၀)ကာလအတွင်း သတ်ဖြတ်ခံရတဲ့ ရခိုင်ပြည်သူ များစာရင်း
**********************************
၁ ပေါင်းတုတ်အပြင်ရပ်....၁၀၀၀
၂. အရိုးတောင်အရပ်......၁၀၀၀
၃. စံကားတောင်အရပ်.....၇၀၀၀
၎. သရက်အုပ်အရပ်.....၁၀၀၀
၅. မြောက်ဦးပရိစ္ဆေဒ....၃၇၀၀၀
၆. ပခွက်ထဲမှအချေ.....၁၀၀၀၀
၇. ဘုရားပေါ်.ဒိုင်းကျီး မောင်းဆွဲ . ငရဲကောက်. ခေါင်းဖြူတောင်. ရတနာပြင်. လက်ပြင် ပုရိန် ကိုးဆယ့်ကိုးတောင်(လေးမြို့ချောင်း)...၉၀၀၀
၈. သံတြဲ. ကျောက်ဖြူ .ရမ်းဗြဲ. မာန်အောင် ၁၈၅၀၀၀
-------------------------------------------------
စုစုပေါင်းအသတ်ခံခဲ့ရလူဦးရေ....၂၅၁၀၀၀

အထက်ဖော်ပြစာရင်း မျိုးချစ်အာဇာနည် သူရဲကောင်းဗိုလ်ချင်းပျံတော်လှန်စဉ်ကာလအတွင်းဗမာစစ်ရာဇဝင်ကောင်းများဖြစ်ကြသောမြို့ဝန် ကျော်ထင်နှင့် ဗန္ဓုလတို့သတ်ဖြတ်ခဲ့ကြသောလူစာရင်းမပါသေးဘူး

မှတ်တမ်းအရသတ်ခံခဲ့ကြရသော ရခိုင်ပြည်သူ/သားစုစုပေါင်းမှာ ခုနစ်သိန်း(၇၀၀၀၀၀)ကျော် ရှိကြောင်းသိရှိရပါသည်။

လူသားများပြစ်မှု့ကိုကျူးလွန်သော ရာဇဝင်ပြစ်မှုကြီးပင်ဖြစ်သည် ဤသမိုင်းဖြစ်ရပ်မှန်များကို ငါတို့မမေ့အပ် သမိုင်း၏တောင်းဆိုချက်အရကမ္ဘာကျော်သော်လည်း ဥဒါန်းမကျေသည့်သွေးမော်ကွန်းသစ်ကို ငါတို့ထပ်မံရေးထိုးကြရပေဦးမည်။

မျက်မှောက်ကာလအတွင်းယဉ်ကျေးသော ကမ္ဘာကြီး၏ကန့်ကွက်တားစီးနေသည့်ကြားမှ မတရားလက်မဲ့ မိမိပြည်သူအချင်းချင်းအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်နေမှုများကိုကြည့်ခြင်းအားဖြင့် ဗမာပြည်၌စစ်အာဏာရှင်ပဒေသရာဇ်စနစ်သည် ယနေ့တိုင်အောင် တည်တံ့ခိုင်းမြဲနေမှာ ထင်ရှားနေပေသည်။

အီးမြရေ လျပာသို့ မအီးနိုင်ငါရင်ထဲမှာ ဘီစီ(၃၀၀၀)အတိကကိုယ့်ပြည် ကိုယ့်မင်းကိုယ့်ထီးနန်းကို လွမ်းတမ်းတမိရေ
ရင်ကွဲပက်လက်ငါဖြစ်လတ်တေ နှစ်ပေါင်း(၅၀၀၀)ကျော်ကြာခိုင်မာခရယ် မင်းအဆက်ဆက် ဥသြရီသောက်မုနိပျောက်လို့ထီးနန်းပျောက် စည်းကြီးပေါက်တေ ဒီဇင်ဘာ(၃၁)ရက်ဆုတ္လျပာသို မမိနိုင်ယင်းအချိန်အတိတ်က မီးတိုက်ခံရ ထီးနန်းလှနန့်စေတီပုထိုး ဘုရားကျောင်းကန် ကျန်းဂန်စာပီ ဗုဒ္ဓအမွီးနန့် များပညာရှင်အရင်လတ်လတ်သီအောင်သတ်ဖြတ် မောင်ဝိုင်းလက်မှာ ကူပါကယ်ပါ လက်ထောင်ကာနန့်မြစ်နားကမ်းစ ရီမြုပ်သတ်တေ လူသားဒိုင်းကာ လိုသုံးရာဟု ဗမာ ယိုးဒယားစစ်ပွဲကြားမှာ(၆၀၀၀)ရခိုင်တဖြိုင်ဖြိုင်လဲရက်ရက်စက်စက်သူရို့သတ်တယ် တင်းဝါးပန်းခိုင် တမြိုင်မြိုင် ရခိုင်အလောင်းစုစုပေါင်း အစုလိုက်အပုံလိုက် မသာဖြစ်ခ ထိုဘဝကို ဇာပိုင်မိထားနိုင်ဖို့လဲ.....

အခုအချိန်ခါများဗမာက လက်ဟိ ရခိုင်ပြည်မဏ္ဍိုင်ကို ဘယ်သူနှုတ်ယူ ညာဖဲ့နန့်ယူ မြီပေါ်မြီအောက် ခြုံပေါက်မကျန် ရေနံဓာတ်ငွေ့ လိုဖဲ့ပနာ သံယံဇာတ အဝဝနန့် ဆန်ရီစပါး အသားငါးမကျန် ဂေါင်းပုံဖြတ်ထုတ် ခဲဝါယုတ်ကိုပိုင် မြန်မာဗမာဖြစ်ဖို့ဟု လူမျိုနှောအရောင်ဆိုးရေ တိုင်းခြားရောက်လာ မျိုးလေးဖြန့်နန့် ပြည်တွင်းရခိုင်စည်းလုံးနိုင်မှ လခြမ်းရခိုင် မယိုင်လဲအောင် တော်လှန်တိုက်ထုတ် အမျိုးယုတ်ကို နိုင်မည်မုချအောင်ပွဲလှနန့် ကမ္ဘာအလယ်ဝင်ဆန့်မည်တည်း။

:

01/05/2024

မဟာချိုင်မှာ ရည်းစားမရလို့..
ဘန်ဘော်ကို ရောက်နီပါရေ..

30/04/2024

မှို ရ မျက်ခွက် 😍

တစ်ခုမဟုတ်. ဟိုစော်ချေကို ကြည့်ပနာ
အတွေးတိဝင်နီစွာ..😂
ချစ်တေဆိုရေ စကားကို
ဇာနားက စလို့ပြောရဖို့မှန်းမသိလို့..
မပြောလိုက်ရ😎

Photos from Saw Min Awng's post 29/04/2024

အေနီရာကို အေဂု့မှ ရောက်ဖူးရေ..

ဒမော ဘန်ခဲ ဆိုလား.😍

Telephone

Website