Glorious Gems
3rd generation premium Mogok natural rubies, sapphires & colored gems & jewelry supplier. Quality gems and jewelry, making, casting and designs
အပြာရောင်အဆင်းရှိသော ကျောက်မျက်တို့၏ သရဖူဆောင်း ကျောက်မျက် သို့မဟုတ် အညံ့အပြာ။
Electric blue spinels.
Vietnam, is a country in the eastern mainland in Southeast Asia on the edge of the peninsula known as Indochina. It has mountainous terrain, long coastline, forests, wetlands and has some of the most electric blue spinels.
After red, blue spinels are the most valuable. The vivid blue spinels are characterised by a high concentration of cobalt. There are two major spinel deposits in Vietnam, Luc Yen and Quy Chau, which were discovered at the end of the 1980s. The Luc Yen deposits have mostly been mined since the 1990s. Geologically, marble appears to have been related to the spinels in Vietnam. Blue spinel is found in a layer of marble more than 500 meters thick. The mining sites are mined by a handful of locals, and are extracted using hand tools.
CVD လူလုပ်စိန် အကြောင်းကို ယခင်နှစ် June လ တုန်းက တခါ သတိပေးဖူးပါတယ်။ ယနေ့ ပြည်တွင်းမှာ ဖြစ်လာမယ့် ပြဿနာတွေကို ကြိုမြင် နေလို့ပါ။
ထင်တဲ့ အတိုင်းပဲ ပြဿနာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ပေါ်လာပြီး အချိန် အတိုင်းအတာ တခု ထိ ဆက်လက် အချင်းများဖွယ်ရှိပါတယ်။
အဖြေကတော့ရှင်းပါတယ်။ ယခင်နှစ်က ရေးခဲ့သလိုပါပဲ။ အစဉ်အလာ မရှိတဲ့ covid နဲ့ အတူ မွေးဖွားလာပြီး online sales နဲ့ ကြီးပြင်း/ ကြီးပွါးလာတဲ့ ပေါ်ပင် ဆိုင်များမှာ ဒီလို ပြဿနာတွေ အရင်းခံ ဖို့ရာ ရှိပါတယ်။ ethic နဲ့ integrity မရှိရာကပဲ ဒီလို ပြဿနာ ဖြစ်တယ်လို့ပြောရမှာပါ။
CVD market ဟာ တကမ္ဘာလုံးမှာ ထိုးဖောက်လာတာမို့ ဒါဟာ consumer တွေ အတွက် ရွေးချယ်စရာ option တခု တိုးလာတာပဲရှိတာပါ။ ဒါဟာ သဘာဝ earth mined diamond market ကို အထိုက်အလျောက်သက်ရောက်မှုရှိပေမယ့် ဆိုးရွားလှတဲ့ အခြေအနေ မဟုတ်ပါဘူး။ Consumer များအနေနဲ့ မိမိတို့ ရွေးချယ်မှု အရပဲ man made စိန်၊ သို့မဟုတ် သဘာဝ တွင်းထွက်စိန်ကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။
CVD production သည်လည်း CVD ကို သဘာဝ ပါလို့ လှည့်ဖျားပြီး ထုတ်လုပ်တာမဟုတ်သလို အချို့ ထုတ်လုပ်သူများဆိုရင် cvd ဖြစ်ကြောင်းကို laser inscription ထိုးပြီးတော့ကို ထုတ်လုပ်ပါတယ်။ သမာသမတ်ရှိတဲ့၊ consumer protection law enforcement အပြည့်အဝရှိတဲ့ နိုင်ငံများမှာ retail ရောင်းချ သူများကလဲ cvd ကို ရိုးသားစွာပဲ အမှန်အတိုင်းပြောပြီး ရောင်းချပါတယ်၊ (သဘာဝ ပတ်ဝန်းကျင် မပျက်စီးကြောင်း၊ စျေး သက်သာမှု၊ အရည်အသွေး အရောင် လှပမှု)အစရှိသဖြင့် အားသာချက်များကို ပြောပြီး ရောင်းချဖို့သာ ရှိတာပါ။
CVD market နေရာရလာခြင်း ဟာ သဘာဝ စိန်များကို ဆင်မြန်းသူ long term investment အတွက် စုဆောင်းသူတို့ အဖို့ စိုးရိမ်ဖွယ်ရာမရှိပါ။ ကျောက်မျက်ရဲ့ ဂုဏ်သတ္တိဟာ ရှားပါးဂုဏ် (rarity) ဖြစ်ပါတယ်။ သဘာဝ စိန် ထုတ်လုပ်မှု ဟာ အကန့်အသတ် limitations ရှိသလို အထိန်းအကွပ် control လဲ ရှိပါတယ်။ သဘာဝစိန် တူးဖော်ထုတ်လုပ်သူ စိန် company ကြီးများကလည်း နှစ်ရှည် ကာလရှည် မဟာဗျူဟာများနဲ့ စိန်လောကကို ကျားကန်ပေးထားပါတယ်။
တဖက်မှာတော့ cvd ဟာ ကိုကိုတို့ စတင် ကြားဖူးချိန် စမ်းသပ်ဆဲကာလများကဆိုရင် သဘာဝစိန်ထက်ကို တန်ဖိုးကြီးမားရာကနေ အခု နှစ် အတော်အတန် အကြာ cvd စီးပွါးဖြစ် ထုတ်လုပ်နိုင်လာတဲ့အချိန်မှာ သဘာဝစိန်ရဲ့ ၁၀ ပုံ တပုံ စျေးအောက်ကို ရောက်ရှိလာပါပြီ၊ အိမ်နီးချင်း နိုင်ငံကြီးများရဲ့ နည်းပညာ မြင့်မားလာမှု၊ ထုတ်လုပ်မှု စားရိတ် သက်သာမှု၊ competitive mass production ဖြစ်တာကြောင့် ထုတ်လုပ်ရာမှာ ထိန်းချုပ်မှု မရှိနိုင်တာတို့ကြောင့် CVD စိန်များရဲ့ စျေးနှုန်းဟာ များမကြာမီ အတွင်း အပြိုင်အဆိုင်ကို ဒီထက် သက်သာ ဒီထက် ပေါများလာမှာဖြစ်ပြီး နောင်တချိန်မှာတော့ ဒီ CVD synthetic စိန်သည် cz များလို၊ moissanite များလိုပဲ resale value မရှိသလောက်နဲပါး သော အလှသုံး လူလုပ်ကျောက်မျက် များနေရာ ကို ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။
ထို့အတွက်ကြောင့် စိန်ကို ရတနာတပါး အဖြစ် စုဆောင်းဝယ်ယူသူများ အနေနဲ့ CVD ကြောင့် panic မဖြစ်ပဲ သမာသမတ်ရှိတဲ့ စျေးနှုန်းမှန်ကန်တဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိတဲ့ သဘာဝစိန် supplier / retailer များဆီကနေ ဆက်လက် အားပေးရင်း ဂုဏ်ကျက်သရေ ဆက်လက်တိုးပွါးကြပါစေ လို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မေတ္တာဖြင့်
ကိုကိုမျိုး
ယခင်နှစ် CVD အသိပေး post ဖတ်ရန်
https://www.facebook.com/721556373/posts/10159812610291374/?d=n
ကိုယ့် သူငယ်ချင်း မိတ်ဆွေ အပေါင်း အသင်းများရော၊ Glorious Gems ရဲ့ followers များရော မိမိတို့ရဲ့ အိမ်သူသက်ထား၊ ချစ်သူ ဇနီး များကို ပဲ ရတနာ တွေ ဆင်မြန်းပေးနေရတာ ပင်ပန်းလာပြီ ဆိုရင် အခုတခါ ပြန်ပြီး ပူဆာ နိုင်ဖို့ အတွက် new idea လေးပါ၊ တချို့သော ချစ်မမ ၊ ချစ်နှမ လေးများလဲ မိမိတို့ရဲ့ ချစ်သူ ကိုကို မောင်လေးများကို အလန်းဇယား နဲ့ bling bling ဖြစ်စေချင်တယ် ဆိုရင်လဲ တာဝန် ယူပေးပါရစေ။
High end အနေနဲ့ မိုးကုတ် သဘာဝ sapphire ရောင်စုံ၊ spinel ရောင်စုံ များကို အသုံးပြုပြီး လုပ်လို့ရသလို ၊ အခြား ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံထွက် သဘာဝ ဖရဲအူ၊tourmaline နှင့် အခြားကျောက်မျက်များကို အသုံးပြုပြီးတော့လဲ စျေးနှုန်း သင့်တင့်စွာ ပြုလုပ်ပေးလို့ ရနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Photo credit: Homme Oro
2024 မှာ မြ အပွင့်ကောင်း၊ ပွင့်ကောက်တွေ စုကြပါစို့။
2023 auction လေလံပွဲများတွင် စံချိန်တင်ရောင်းချ နိုင်ခဲ့သည် သဘာဝ စိန်ပွင့်ကြီးများ။
The Most Extraordinary Diamond Auctions of 2023 The definitive list of the most valuable, most incredible, and record-breaking diamonds and diamond jewelry sold at auction in 2023.
Perfect sapphire set for holiday season
💕🎄💝
3 ct total Burmese natural no/heat sapphires & natural diamonds earrings
-1.45 & 1.55 ct pair
1.65 ct sapphire & diamond halo ring
-1.65 ct Burmese natural n/h sapphire
Diamonds D color Vvs clarity
18K white gold
Diamonds total weight- 1.61 ct
2.02 ct
Burmese sapphire
AIGS and AGL certified
No heat, natural
Mogok Myanmar genuine sapphire
Malee cut rubies of fine clarity & color….
Perfect for eternity bands
Available @ mogkok gems
Upcoming ruby project
Ruby size- 3.4 ct natural
Cut- step cushion cut
Color- vivid red (PGB type)
Certification- GRS
County of origin- Burma (mogok)
ရှေးစိန် ကိုမှ တမြတ်တနိုး heirloom jewelry အဖြစ် တန်ဖိုးထား ဝတ်ဆင်ကြတဲ့ စိန်ချစ်သူများ အတွက် ရတောင့်ရခဲ့ ၃၃.၈၈ ရတီ ရှိတဲ့ နားကပ် တစုံကို တင်ပြပေးလိုက်ပါတယ်။
Heirloom jewelry ကို တခုတ်တရ အမြတ်တနိုး ဝတ်ဆင်သူများ နဲ့ စုဆောင်းသူများကတော့ old money လို့ခေါ်တဲ့ ဘိုးစဉ်ဘောင်ဆက် ကြွယ်ဝချမ်းသာကြသော မိသားစု များနဲ့ တော်ဝင် မျိုးနွယ်များ ဖြစ်ကြပါတယ်။ ထို့အပြင် heritage နဲ့ vintage jewelry ကို မြတ်နိုးသူများလဲ ယခုနောက်ပိုင်း old mine cut များကို စုဆောင်းလာကြတာ ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။
Old mine cut diamond များ market မှာနေရာ ပြန်ရလာတာ ဝမ်းမြောက်ဖွယ်ရာပါ။ တချ်န်ကဆိုရင် ရှေးစိန် ပြန်ရောင်းစျေးကွက်တခု ဖြစ်ထွန်းခဲ့ပြီး ထိုရှေးစိန်များကို ခေတ်စိန်များအဖြစ် ပြန်လည် သွေးခဲ့ကြပါသေးတယ်၊ နှမြောစရာ ကောင်းလှပြီး ရှေးစိန် အပွင့်ကြီး တော်တော်များများ ပျောက်ပျက်သွားခဲ့ပါတယ်။
ရှေးစိန်ဟာ အာဖရိက မှာ စိန် မိုင်းများ စတင် မတွေ့ရှိမီ က ရှိခဲ့ဘူးတဲ့ ဘရာဇီး နဲ့ အိန္ဒိယ စိန်မိုင်းများမှ တူးဖော်ရရှိခဲ့တဲ့ စိန်များ ဖြစ်ပါတယ်။ ကမ္ဘာ့ စိန် သမိုင်းမှာ ထင်ရှားတဲ့ koh-I-noor စိနိ၊ Hope စိန်၊ Great Mogul စိန် အစရှိသဖြင့် စိန်ကြီးများဟာ အိန္ဒိယ စိန်မိုင်းများမှ စိန်များ ဖြစ်ကြပါတယ်။ ထိုစိန်မိုင်းများ ယခုအခါ တိမ်ကောသွားပြီ ဖြစ်ပါတယ်။
ရှေးစိန်ရဲ့ ထူးခြားတဲ့ဝိသေသက မျက်နှာမောက်တာ (higher crown)၊ ပယ်ကျဉ်းတာ (smaller table)၊ ချွန်းပေါက်တာ (open culet) တို့ပဲ ဖြစိပါတယ်။ အရည်အားဖြင့် ဝါဆီ အသွေးလေးရှိပြီး cushion/ cushion round cut လေးဒေါင့်ဆန်တဲ့ ဝန်းဝိုက်သော အနေအထားရှိပါတယ်။
မြန်မာပြည်မှာ ချွန်းဖက်ကို မျက်နှာထား ဝတ်လေ့ ရှိခဲ့ကြပြီး ဖက်ထုပ်ပုံစံ ရှိတာကြောင့် ဖက်ထုပ်စိန် ဆိုပြီး ခေါ်ဝေါ်ခဲ့ကြပါတယ်။
မြန်မာ ဘုရင် မင်းတုန်းမင်းတရားကြီး ရွှေတိဂုံဘုရား ထီးတော် စိန်ဖူးတော်အထွဋ်မှာ တင်လှူ ပူဇော်ခဲ့တဲ့ ၈၄ ရတီ ကျော်ရှိတဲ့ စိန်ပွင့်ဟာ ထင်ရှားတဲ့ ဥပမာဖြစ်ပါတယ်။
မြန်မာမင်းများလက်ထက်တော် အခါက တော်ဝင် မိသားစုများ ၊ အခွင့်ထူးခံများသာ ဝတ်ဆင်ခွင့် ရရှိခဲ့ပြီး
ကိုလိုနီခေတ်ဦးမှ စတင်ကာ အိန္ဒိယ စိန်ကုန်သည်များ လာရောက် အခြေချကာ တွင်ကျယ်စွာ တင်သွင်းခဲ့ပြီး ရှေးခေတ် ငွေကြေးချမ်သာသူများ တမြတ်တနိုး ဝတ်ဆင်ကြရာမှ စိန်စျေးကွက် ဖြစ်ထွန်းလာခဲ့ပါတယ်။
Old mine cut ရှေးစိန်များဟာ အလင်းယိုင်မှု ဝိသေသ ထူးခြားမှု လဲရှိတာကြောင့် လငးလက်တောက်ပမှု မှာလဲ တမူထူးခြားပြီး စွဲမက်ဖွယ် အလှကို ပိုင်ဆိုင်ပါတယ်။ ထို့အတွက် ရှေးစိန်များကိုလဲ မြတ်နိုးဂုဏ်ယူစွာ ဆင်မြန်းကြဖို့ တိုက်တွန်းအပ်ပါတယ်။
မေတ္တာဖြင့်
Glorious Gems
Supporting family & friends
Please be there and do not miss the fantastic sales at jewelry mall.
Divine beauty of Columbia emeralds
Color- vivid green (Muzo green type)
Clarity Treatment- minor oil type
Cut- emerald cut
Carats- 5.35 pair
County of origin- Columbia
Certification - Swiss lab certified
Price - POA
Our kind of greens
Columbia emeralds
Vivid green color
(Muzo green type)
Swiss labs certified
Minor treatment
6 ct pairs
Shout out to my newest followers! Excited to have you onboard!
Yadanar Kyaw, သီရိ ကလျာ, Ko Linn, Su Wai Hein, Nan Myint Yi, Nyein Nyein
International & local gems labs are always go hands in hands together with people who are involved in the gems trade.
We need to support each other for the betterment of the industry.
Shout out to my newest followers! Excited to have you onboard!
Hein Zax, Thein Ko Ko
အပြာ အဖြောင့်လေးတွေနဲ့ ကစားမယ့် နားကပ်၊ လက်စွပ် set လေး။
1.5 ct ဝန်းကျင်လေးတွေ ဆိုတော့ ထသွား ထလာ အဆင်ပြေပါမယ်။
Cutting က cushion ပုံကျ သွေးထားပြီးသားမို့ ပြန်ပြင်စရာ မလို၊ လောလောဆယ် ၃ ပွင့်ပဲ လက်ထဲမှာရှိတော့ EPR မှာ တခုတော့လျော့ရပါတယ်၊ ခု ကိုယ်ရောက်နေတာက Newyork ဖြစ်နေတော့ ဆွဲသီးနဲ့ လက်စွပ်ရွေးဆိုရင် လက်စွပ်ကိုပဲ ဦးစားပေးလိုက်ပါတယ်၊ ဒီမှာက ကြိုး နဲ့ ဆွဲသီးက ဆွဲလေ့ဆွဲထ နဲတယ်လေ။
နားကပ် လက်စွပ် စုံလေးဆို ပို အဆင်ပြေပါတယ်။
Design ရွေးချယ်ရာမှာလဲ ဒီက market က understated ဘက်ကို preferred ပိုဖြစ်ကြပါတယ်၊ ဆိုလိုတာက အရမ်း ထင်ပေါ်တာ၊ ပြူးပြဲတာမျိုး သိပ်မဝတ်ကြပါဘူး၊ ဒါ့ကြောင့် timeless design ဖြစ်တဲ့ halo setting designs လေးပဲ ရွေးဖြစ်ပါတယ်။
Halo setting လေးကို ကျောက်ပတ်လည်မှာ shared prongs လေးနဲ့ ခတ်မယ်။
တခါ လက်စွပ် ကွင်းရိုးလေးမှာတော့ မညိအောင် surface prongs လေးနဲ့ စိန်ထည့်ပါမယ်။
ဒီနေရာမှာ စိန်ရွေးချယ်မှု ပါ ထည့်ပြောချင်ပါတယ်။ US market ရဲ့ စိန် သုံးစွဲမှုနဲ့ ဝယ်လိုအားက တော်တော်များပါတယ်။ သို့သော် သူတို့ရဲ့ consumer behavior က လက်ဝတ်ရတနာကို investment အနေထက် accessories အနေနဲ့ ဝတ်တာဖြစ်လို့ ဝတ်တာကြာသွားရင်လဲ accessories လိုပဲ depreciation တွက်ပုံရပါတယ်။ ဒါကြောင့် Asian market လို စိန်ကောင်းမသုံးပါဘူး။ သာမန်ရောင်းတန်း ဆိုင်ပေါ်တင်သမျှတွေ၊ Macy’s လို ကုန်တိုက်တင်သမျှတွေဟာ အရောင်သာဖြူပြီး အနာများတဲ့ SI clarity ကနေ I clarity အဆင့်ရှိတဲ့ ဖြူနာများပဲ သုံးကြပါတယ်။
စိန်က ဖြူတယ်၊ မီးရောင်နဲ့ဆို လက်အား အသင့်အတင့်ရှိတယ် ဆိုရုံ ဖြူနာစိန်များကိုပဲ စိန်ရယ်လို့ သတ်မှတ် ဝတ်တဲ့ တိုင်းပြည်ပါ။
ကိုယ်လို color stone က်ိုမှ natural ပဲ ကိုင်တဲ့သူ အတွက်ကတော့ ဘယ်လိုမှကို လက်မခံနိင်တဲ့ အနေအထားပါ။ natural ruby sapphires သုံးသူမို့ ကျောက်မှာ ပါတဲ့ inclusions ကို လက်ခံရပြီးပြီမို့ ဒီကျောက်ကို ရံတဲ့ စိန်ကိုတော့ inclusions ဘယ်လိုမှ လက်မခံနိုင်ပါ။
သို့အတွက် ကိုယ်တိုင်အထည်များ ခတ်ပြီဆိုရင်တော့ ၊ target market ကလဲ auction သို့မဟုတ် high end user market ကိုပဲ ရည်ရွယ်တာကြောင့်။ colorless D E F color နဲ့ clarity IF to VVS grade စိန်ကိုပဲ ဆက်သုံးပါတယ်။ ကိုယ့် clients တွေကိုတော့ တဖြည်းဖြည်းချင်း educate လုပ်ပြီး ဒီ စိန်အညံ့သုံးတဲ့ US ရဲ့ trend ကို ကြိုးစား ပြောင်းယူရမှာပါ။ ပစ္စည်းချင်း ယှဉ် တဲ့ အခါ စိန် အကောင်းသုံးထားတဲ့ လက်ရာကောင်း အထည်တခုရဲ့ လှပ သေသပ်မှုဟာ သိသိသာသာကို ကွာပါတယ်။
ရွှေကတော့ 18k white gold နဲ့ပဲ ခတ်ပါတယ်။ ဒီမှာ တချို့က 14 k က ပိုမာတာကြောင့် တပွင့်စိန်ထည်တွေကို 14k နဲ့ ခတ်တာလဲ ရှိတယ်လို့ သိရပါတယ်။
ခုထိတော့ 14k မသုံးဖြစ်သေးပါဘူး။
အထည်လေး ပြီးသွားရင် end result and looks လေး ပြန် share ပေးပါဦးမယ်။
Truly yours
Mogok Gems
(နယူးယောက် ရုံးခွဲ)
Business matching hours 🥳
Our kind of PGB Red
(ခိုသွေးရည် ပတ္တမြား ဟု ဆိုရာဝယ်)
Pigeon blood Red ဒါမှ မဟုတ် ခိုသွေးရည် အနီရောင် ပတ္တမြား။
မြန်မာ့ ပတ္တမြား တပွင့် နိုင်ငံတကာ စံချိန်စံညွှန်း နဲ့ အညီ ခိုသွေး အဖြစ် သတ်မှတ်ခံရဖို့ ဆိုတာ လွယ်ကူလှတယ် တော့ မဟုတ်ပါဘူး။
တကယ်လို့ ရခဲ့ပြီ ဆိုရင်လဲ သူ့ရဲ့စျေးနှုန်းဟာ ရတနာတန်းဝင် စျေးနှုန်း တခု အဖြစ် ရရှိမှာဖြစ်ပါတယ်။
ထိုသို့သတ်မှတ်ရာမှာ အရင်အခါ များမှာ ပြောခဲ့သလိုပဲ C ငါးလုံး နဲ့ ချိန်ထိုးပြီး သတ်မှတ်လေ့ရှိပြီး ပြည်တွင်းမှာ misleading လုပ်ပြီး (အထူးသဖြင့် online live salesများ) မှာလို pG ရည် pG ရည် ဆိုပြီး အရောင် color တခုတည်းနဲ့ သတ်မှတ်တာ မဟုတ်ဘူး ဆိုတာ တခါတည်း ပြောပြပေးချင်ပါတယ်။
Covid အစောပိုင်း ကာလ များမှာ online live sales တွေ စ ခေတ်စားလာပြီး ပြည်တွင်း လက်ဝတ်ရတနာရောင်းဆိုင် အချို့ဟာလဲ အများ နည်းတူ online ရောင်းချရာမှာ ရတနာ လောက မှာ ထဲထဲ ဝင်ဝင် ကျွမ်းကျင် လိမ္မာမှု နည်းသော show biz မှ influencer များ၊သရုပ်ဆောင် များနဲ့ အပြိုင်အဆိုင် ရောင်းချကြပါတယ်။
အဲ့အခါမှာ သူတို့လဲ တတ်သလောက် မှတ်သလောက်နဲ့ ရောင်းချကြရမှာ pG အရည် ၊ pG အရည် လို့ တွင်တွင် အော်ပြီး ရောင်းကြရာကနေ ဝယ်ယူသူများ ရဲ့ နားထဲကိုလဲ ဒီ PG အရည် ဆိုတာ စွဲသွားပါတော့တယ်။
နောက်ပိုင်း client များ အနေနဲ့ ကျောက်လာမေးတဲ့ အခါ တကယ့်ကုန်သည် များ အခက်ကြုံရပါတော့တယ်။
အခက်ခဲဆုံး မေးခွန်းကတော့ ဘာလို့ ထိုထိုသော ဆိုင်တွေမှာ pG ပတ္တမြားတွေ အပုံလိုက် ရှိနေပြီး ကိုယ်တွေဆီမှာ မရှိရတာလဲ နဲ့ စျေးနှုန်းက ဘာလို့ ကိုယ်တွေဆီမှာ အဆမတန်( online sales နဲ့ ယှဉ်ရင်) များနေရသလဲ ဆိုတာပါပဲ။
တခါတလေ ဘာပြန်ဖြေလို့ဖြေရမှန်း မသိအောင်ကို ဆွံ့အ သွား တဲ့ အခိုက်အတံ့ တွေ ရှိခဲ့ပါတယ်။
ပြည်တွင်းပြည်ပ အတွေ့အကြုံရင့် ကျောက်ကုန်သည်ကြီးများ လက်ထဲမှာတောင် PGB grade ရတနာတန်းဝင် ပတ္တမြားဟာ ၅ ကလပ် 5ct အထက်ဆိုရင် တနှစ်လုံးနေမှ တပွင့် trade လုပ်နိုင်ဖို့ မလွယ်တဲ့ အနေအထားပါ။
1 to 3 ct ဝန်းကျင်တောင် တနှစ်မှာ ကိုင်ရတယ့် အပွင့် လက်ချိုးရေလို့ရပါတယ်။
ဘာလို့လဲဆိုရင် နိုင်ငံတကာတန်းဝင် lab များ ဖြစ်တဲ့ GRS, AGL, SSEF, Gubelin Lab ကြီးများဟာ ပတ္တမြား တပွင့်ကို PGB ဘယ်သူမှ လွယ်လွယ်ကူကူ မပေးပါဘူး၊ color အပြင်၊ သန့်ရှင်းမှု clarity၊ သွေးကွက် အချိုးကျ မှု cut၊ ထို့အပြင် carat ၊ country of origin၊ သဘာဝ natural ဟုတ် မဟုတ် စသဖြင့် factors ပေါင်းများစွာ စုပေါင်း ထည့်သွင်းစဉ်းစားပြီးမှသာ PGB red လို့ခေါ်တဲ့ ခိုသွေးရည် အဆင့် အနီရောင် ပတ္တမြား တပွငိ့ ဖြစ်လာနိုင်တာ ဖြစ်ပါကြောင်းနဲ့
ထိုထိုသော ရှားပါး ဂုဏ်သတ္တိ များ စုပေါင်း ပြီး မှ ရရှိလာသော ရတနာ တန်းဝင် ပတ္တမြား အပွင့်များ၏ တန်ဖိုး သည်လည်း online live sales များ၊ online post များမှ pG ခေါ်နေကြသောရောင်းတန်း ပတ္တမြားများ၏ စျေးနှုန်းများနှင့် လည်း အဆ ပေါင်း များစွာ ကွာခြားပါကြောင်း တင်ပြ အစီရင် ခံအပ်ပါကြောင်း။
မေတ္တာဖြင့်
Mogkok gems
ကျောက်ကောင်း တပွင့်ရဲ့ အလှကို အကောင်းဆုံး ပေါ်လွင်စေဖို့ ရတနာ တစ်ခု ပြုလုပ်ဖို့ရာ မှန်ကန်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေ အဆင့်ဆင့် ဖြတ်သန်းဖို့ လိုအပ်ပါတယ်။
သို့မှသာ fine jewelry လို့ သတ်မှတ်လို့ရမယ့် ဘောင်ဝင် တန်းဝင် လက်ဝတ်ရတနာ တခု ဖြစ်လာမှာပါ။
ဖြတ်သန်းရတဲ့ stage တွေထဲက အချို့ကို အလျင်းသင့်သလို edit အဆင့်ဆင့်လုပ်ရင်း ရေးပေးပါဦးမယ်။
မေတ္တာဖြင့်
Mogok Gems
(နယူးယောက် ရုံးခွဲ)
AIGS certified
Royal blue grade
Burmese natural sapphire
Cut- round brilliant cut
Carat- 2.02ct
Sets in diamonds and 18k white gold.
ပတ္တမြား ၃ ကလပ် အသန့် မဆိုထားနဲ့၊အငြိ ပတ္တမြား ၃ကလပ်ကိုတောင်
အစားမဟုတ်ရင် ဈေးတွေမြင့်နေသလို
အစားပတ္တမြားတွေလည်း
ဈေးကောင်းနေတာပါ။
ငွေတန်ဖိုး အရမ်းကျသွားတော့ အရောင်းအဝယ်လုပ်ရာမှာ
တော်တော် စဉ်းစားရကြပ်လာတယ်
Customer တွေက သိန်း ၃၀၀၀ ပတ်ချာလည်လောက် သုံးပြီး
အနီ ကို ၃ကလပ် ဝန်းကျင် ဆိုဒ် ရချင်တယ် ကွာလတီကလည်း ညံ့လို့မရ အလတ်တန်းစား ဆိုရအောင်လည်း သိန်း
၃၀၀၀ ဝန်းကျင် နဲ့ ကျောက်တွေက မသန့်ဘူး
(၃၀၀၀ မဆိုထားနဲ့ ၊ ၃ ကလပ် ပတ္တမြား သိန်း သောင်း ဂဏန်း ကျောက်တောင် အပြစ်မလွတ်တာ၊ ချွန်း ဆွဲတာ၊ ပယ်သေးတာ၊ ခါး အရှရှိတာ၊ တောစာပါတာတွေ ရှိတယ် )
ထောင် ပိုင်း သုံးမယ်ဆို အတွင်းငြိမယ် ဂေါ်ပါမယ် အသားထွေးမယ် အသားချွဲမယ်
စတဲ့ အချက်တွေ နဲ့ မလွတ်ဘူး
ကျောက်သန့်တာ ရချင်ရင် ၁ ကလပ်ကျော်ထိတော့ ရနိုင်တယ် ဆ်ိုပေမယ့် စျေးတန်း နဲ့ ရချင်တဲ့ ကျောက် က အဆင်ကို ပြေ မနေတာ
တခုမဟုတ် တခုနဲ့ ညိနေရော
ကျောက်သမားတွေက ခု နောက်ပိုင်း ဘယ်လို ဖြစ်လာလဲ ဆိုတော့ ကျောက်ကြည့်ရာမှာ မျက်စေ့ ချကြည့်နေရတယ် ခွင့်လွှတ်ပြီး ဝယ်နေရတယ်
အဝယ်သမား အဝတ်သမားတွေက ကျောက် သဘော နားမလည်တော့ ဒီ သဘောတရားတွေ ကို ပြောပြရတာ
ခက်တယ်
ကျောက်သားတင်း ကျောက်ရည်လှတဲ့ ကျောက်ဆို အတွင်းပြစ် နဲနဲကို ခွင့်လွှတ်ရတယ်
ကျောက်သား ချွဲရင် ကျောက်ရည် လှပါတယ် အရွယ်မဆိုးဘူး လို့ ခွင့်လွှတ်ရပြန်တယ်
ကျောက်ရည် တော့ လှတယ် အသားလည်းတင်းတယ် ဂေါ်လေးပါနေတော့ ခွင့်လွှတ်ရပြန်တယ်
နားမလည် ခွင့်မလွှတ်တတ်သူတွေဆို မရောင်းရဲဘူး
မသိတဲ့ သူ ထက် သိတဲ့သူတွေ ဝယ်ရင် ပို ခေါင်းအေးမိတာ အမှန်ဘဲ
4.2 ct total 4 pcs
Mogok natural rubies
Color- ခါးထက် to red
No heat/ no treat
DM for price
Power of red 🥰
Mogok Gems’s red spinels collection
3.4 ct Ruby, mogok natural, unheated
GRS certified PGB type .
Rubies above 3 ct of this color and clarity are rare to find these days and regards as a sound investment for future as mogok rubies prices have increased up sharply and drastically in recent years.
Pls see first comment for the GRS certificate.
One fine pair of Burmese natural ruby.
Gems grade, good clarity, good luster and color saturation.
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
New York, NY
11368
Opening Hours
Monday | 10am - 6pm |
Tuesday | 10am - 6pm |
Wednesday | 10am - 6pm |
Thursday | 10am - 6pm |
Friday | 10am - 2pm |
Saturday | 11am - 3pm |
New York, 10036
New York City Diamond District jeweler Firenze Jewels is a leading supplier of the world's finest wedding & engagement rings. http://www.FirenzeJewels.com
18 East 48th Street 14th Floor
New York, 10017
ASHI is one of the premier diamond jewelry manufacturers servicing over 1,000 of the finest retailers
48 West 48th Street
New York, 10036
I continue to design and produce unique jewelry for women who wish and desire to feel as unique and special as a woman should. These are designs that beg to be noticed, as they com...
New York
After 30 years in the NEW YORK CITY Diamond District,I have created an exquisite line for all to pur
2 W 46th Street
New York, 10036
OSCARGAMA JEWELRY DESIGN STUDIO Custom jewelry Design - Affordable Engagement Rings - Vintage Inspire
580 Fifth Avenue, Suite 801
New York, 10036
We Sell Natural Coloured Diamonds and White Diamonds...... .Proud Member Of : The New York Diamond Dealer's Club,(DDC), Life Time Member of Polygon, Rapnet, International Watch and...
New York, 10036
Phyllis Bergman's resume is impressive on many levels--business owner, industry leader, mentor--but perhaps her most impressive feat is 50 years of happy, successful marriage. How ...
55 W 47 Street Suite 1040
New York, 10036
Garnet Impex is a platform for Gemstone Beads, Cabochons , Pearls , Diamond Beads, Silver Findings. You can find many new varieties in our shop.
ShineOn, WeWork, 115 W 18th Street
New York, 10011
We allow you to discover amazing Original, Handmade, and Personalized products from independent artists, all designed, assembled, and shipped from the U.S.A.
New York
Hello, my name is Ann and I am a Paparazzi Independent Consultant. I sell amazing $5 accessories.