Jojo’s Little Kitchen

Welcome to Jojo’s Little Kitchen 🤗

Count your blessings name them one by one😇🙏🏼

10/31/2024

ငါပဲ🤣😆

10/31/2024

International ကလေးဖြည့်စွက်စာ group တစ်ခုက senior မေမေတစ်ယောက်ရဲ့ ၈လရွယ် baby လေးကိုကျွေးတဲ့ menu လေး

ဒီမေမေတွက်လဲ အသုံးတည့်တာနဲ့ အားလုံးတွက် ပြန် share ပေးတာပါ..

Photos from Jojo’s Little Kitchen's post 10/31/2024

ချက်ကျွေးဖြစ်တာလေးတွေ တင်ဖို့ ကျန်နေသေးလို့😆🤭
ရိုးရှင်းလေးပါပဲ😋😋

ကြိတ်ပြီး သားလေးတွေ ဓါတ်ပုံရိုက်ဖို့ အမြဲမေ့​😅

Purée ပဲကျွေးနေတုန်းပါရှင့်

ဘာလေးပဲချက်ကျွေးကျွေး အမြဲ အားရပါးရစားပေးတာ ကျေးဇူးပါ ချစ်ဆုံးလေးရေ🥰🥰😘

#ဖြည့်စွက်စာ

Photos from Jojo’s Little Kitchen's post 10/30/2024

Red lentils purée for my 7 months old baby girl 👧🏻

ဒီတစ်ခေါက်တော့ ပဲနီလေး ကို ကြက်ပေါင်းရည်လေးနဲ့ ချက်ထားပါတယ်

ပါဝင်ပစ္စည်း

~ပဲနီလေး
~ကြက်ပေါင်းရည်
~ခရမ်းချဉ်သီး
~မုန်လာဥနီ
~zucchini
~ကြက်သွန်ဖြူ
~garlic powder & onion powder
~olive oil

ချက်နည်း~

~ ပဲနီလေးကို နူးအောင် ရေနဲ့အရင်တည်ထားပါမယ်

~ပဲနီလေးနူးလာပြီဆိုရင် ပန်ကန်တစ်ခုထဲကို လှယ်ထားပါမယ်

~နူတ်နုတ်စင်း ထားတဲ့ ကြက်သွန်ဖြူကို olive oil အနည်းငယ်နဲ့ဆီသပ်ပါမယ်

~ နောက်ပြီး ကျန်တဲ့ ပါဝင်ပစ္စည်း (ခရမ်းချဉ်/ဥနီ/zucchini)တွေကိုထည့်ပါမယ်

~ ၃မိနစ်လောက်ချက်ပြီးတာနဲ့ စောစောက ချက်ထားတဲ့ ပဲနီလေး ရယ် ကြက်ပေါင်းရည်ရယ် seasonings 🧂 (ကြက်သွန်ဖြူ/နီ မှုန့်) ထည့်ပါမယ်

~အရည်လေးလဲ နည်းနည်းခမ်းပြီ အသီးနှံတွေလဲ နူးလာပြီဆိုရင် မီးပိတ်ပါမယ်

~ blender နဲ့ပဲ ကြိတ်ကြိတ် ဇွန်းလေးနဲ့ပဲ ခြေခြေ မေမေတို့ ကြိုက်နှစ်သက်သလို ကျွေးနိုင်ပါတယ်

Jojolay ကိုတော့ puree လေးပဲ ကျွေးတုန်းမို့ blender နဲ့ ကြိတ်ပါတယ်

ဒါလေးလဲ Jojolay အရမ်းကြိုက်ပါတယ်ရှင့်
ခုချိန်ထိ ဒီမေမေ ချက်ကျွေးသမျှကို စားပေးတဲ့တွက် ကျေးဇူးပါ သမီးလေးရေ🥰

အဆင်ပြေကြပါစေရှင့်

#ဖြည့်စွက်စာ



#ပဲနီလေး

10/29/2024

Breakfast

ကစွန်းဥနဲ့ သစ်တော်သီးပေါင်း ကြိတ်
ဒိန်ချဉ် ကို prune juice နဲ့ ရော ထားပါတယ် & 🍊

Jojolay အရမ်းကြိုက်

Yogurt တော့ တစ်ဝက်ပဲကျွေးပါတယ်



#ဖြည့်စွက်စာ

Photos from Jojo’s Little Kitchen's post 10/28/2024

Avocado pudding for my 7 months old girl 👧🏻

ထောပတ်သီးပူတင်း ကိုပထမဆုံး အကြိမ် လုပ်ကျွေးထားတာလေးပါ

ပါဝင်ပစ္စည်း-

~ထောက်ပတ်သီး
~formula 2oz
~ကြက်ဥ အနှစ်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို blender နဲ့ ရောကြိတ်ပေးပါတယ်

ရေနွေးပွတ်ပွတ်ဆူတည်ထားတဲ့ ပေါင်းတဲ့ အိုးထဲကို အပေါ်က ဇကာခံပြီး ဖန်ခွက်လေးတွေနဲ့ ၂၀ မိနစ် ပေါင်းပါတယ် (မီးအေးအေးနဲ့)

နူးအိပြီး စားလို့လဲကောင်း ဘေဘီလေးတွေတွက် အာဟာရလဲရှိ
မေမေတို့အတွက်လဲ လုပ်ရတာလွယ်တဲ့ ထောပတ်သီး ပူတင်းလေးကို လုပ်ကျွေးကြည့်ကြနော်😃

Jojolay တော့ အရမ်းကြိုက်ပါတယ်ရှင့်😋😋

အဆင်ပြေကြပါစေရှင့်😇🙏🏼

#ဖြည့်စွက်စာ #ထောပတ်သီးပူတင်း

10/24/2024

အဲ့လိုပဲ 😁😅

Photos from Jojo’s Little Kitchen's post 10/24/2024

~အရင်ပတ်က စားခဲ့တဲ့ ရိုးရိုးရှင်းရှင်းသတ်သတ်လွတ် ညနေစာ~

အရင်ပတ်က သမီးလေး ဝမ်းနည်းနည်းမာတာကြောင့် ဒီမေမေ သိပ်မပျော်ပါ🥺

ဒါကြောင့် ဝမ်းချုပ်/ဝမ်းမာစေတတ်တဲ့ (သမီးလေးစားနေကြဖြစ်တဲ့ )binding food (oat cereal/ rice cereal/ထမင်း/အာလူး/ငှက်ပျောသီး) စတာတွေကို ခန အနားပေးလိုက်ပါတယ်..

ပြီးတော့ probiotic ပါတဲ့ yogurt ကို ကျွေးပါတယ်..

ကလေးတွေရဲ့အစာခြေစနစ်က ကောင်းကောင်းအလုပ်မလုပ်သေးတဲ့အတွက် လေထိုးလေနာ/ ဝမ်းချုပ်/ ဝမ်းလျှောဝမ်းပျက် ဖြစ်တဲ့ကလေးတွေ ကို probiotic ပါတဲ့ yogurt ကျွေးဖို့ ကလေးဆရာဝန်တွေက recommend ပေးထားပါတယ်

ဒီမေမေလဲ မနက်ပိုင်း မှာ yogurt လေးကျွေးလိုက်
နေ့လည်မှာ အရည်ရွှမ်းတဲ့ အသီးတွေ /orange လေးတွေကျွေးလိုက်နဲ့
ညနေစာကိုတော့ ထမင်းမပါ တဲ့ vegetable combination လေးတွေပဲကျွေးလိုက်ပါတယ်

ချက်ပြုတ်နည်းကတော့ လွယ်ပါတယ်

~နူးဖို့ခက်တဲ့ အသီးတွေကို အရင်ပေါင်းပြီး ကျက်ခါနီးပြီဆိုမှ
~ဟင်းနုနွယ်လေးကို ၂မိနစ်လောက် ရောပေါင်းလိုက်ပါတယ်
~အပျစ်အကျဲက ကိုယ်လိုသလောက် ရေလေးထည့်ပြီး blender ထဲကြိတ်ပါတယ်

အဆင်ပြေကြပါစေရှင့်😇🙏🏼


#ဖြည့်စွက်စာ

.

10/23/2024

သစ်ရွက်တွေကြွေနေပြီ🍂🍁🍂🍁
အပြင်ထွက် ဓါတိပုံရိုက်ဖို့ လေအရမ်းတိုက်တာနဲ့ အိမ်ထဲမှာပဲ သစ်ရွက်လေးနဲ့ 📸

Everything is new to her🍂🍁

Photos from Jojo’s Little Kitchen's post 10/23/2024

7 လအရွယ် Jojo lay အတွက် ညနေစာ

ဒီ menu မှာ ထမင်းလေးရယ် အသားတစ်မျိုးမျိုးရယ်ထည့်ကျွေးလဲ ရပါတယ်နော်

ကျမတော့ ကြက်သားပဲစမ်းကျွေးဖူးပါသေးတယ်

လောလောဆယ်တော့ ထမင်းကို ခဏ နားပေးထားပါတယ်🥲

အခုထိ ဘာလေးပဲကျွေးကျွေး စားပေးလို့ ကျေးဇူးပါ သမီးရေ🥰

ပါဝင်ပစ္စည်း အားလုံးကို ပေါင်းပြီး အပျစ်အကျဲတွက် ရေလေး ရောပြီးကြိတ်ပါတယ်

အဆင်ပြေကြပါစေရှင့်😇🙏🏼



#ဖြည့်စွက်စာ

10/22/2024

🍊 စားတာလား စော့တာလား မသဲကွဲဘူး😅😅

10/19/2024

#ဝမ်းချုပ်တတ်တဲ့ဘေဘီလေးတွေအတွက်

Hello မေမေတို့ရေ

သားသားမီးမီးလေးတွေ ဖြည့်စွက်စာ စစားပြီဆိုတာနဲ့ တချို့ ဘေဘီလေးတွေက တစ်နေ့ကို ဝမ်း ၂-၃ ခါလောက် သွားတယ် တစ်ချို့ဘေဘီလေးတွေကြပြန်တော့ ဝမ်းချုပ်ကြတယ်😒

ဝမ်းသွားတဲ့ ဘေဘီထက် ဘေဘီလေးတွေ တစ်ရက်လောက် ee မပါရင် စိတ်ပူကြတာ မေမေတွေတိုင်းလို့ထင်ပါတယ်🥺

ဖြည့်စွက်စာကျွေးရင် အစာအုပ်စုတွေစုံအောင်ကျွေးနေရဲ့သားနဲ့ နောက်ပြီး fiber များတဲ့ အစားစာတွေရယ် ဝမ်းပျော့/ဝမ်းမှန် စေတဲ့ အသီးအနှံတွေ fluids တွေလုံလောက်သောက်ခိုင်း/ကျွေးနေရက်နဲ့ ဝမ်းချုပ်ကို ချုပ်တတ်တဲ့ ဘေဘီလေးတွေရှိတာ အများကြီးမြင်ဖူးပါတယ်😒😒

ဒါကြောင့် ဝမ်းချုပ်တတ်တဲ့ ဘေဘီလေးတွေရဲ့ မေမေတို့ တွက် သမီးလေးရဲ့ ဆရာဝန် recommend ပေးတဲ့ juice လေးနဲ့ မိတ်ဆက်ပေးမယ်နော်

သမီးရဲ့ဆရာဝန်က Apple juice(ပန်းသီးjuice), Pear juice (သစ်တော်သီး juice) prune juice (ဇီးသီး juice) အဲ့ ၃မျိုးထဲက တစ်မျိုးမျိုးကို ရေ 1oz juice 1oz ဖျော်ပြီး တိုက်ခိုင်းပါတယ်

ဒီဖက်မှာတေ့ာ market တွေမှာ prune juice နဲ့ Apple juice က ရှာရလွယ်တော့ prune juice (ဇီးသီး juice )ကို ဝယ်ပြီး အိမ်မှာဆောင်ထားပါတယ်

မြန်မာနိုင်ငံမှာ ဒါမျိုး juice brand ရှိမရှိဆိုတာတော့ မသိပါဘူးနော်
Prune Juice မရှိရင် ပန်းသီး juice လဲရသလို သစ်တော်သီး juice လဲရပါတယ်ရှင့်

တကယ်လို့ အဲ့ဒါတွေ ရှာဖို့/ရဖို့ ခက်ခဲရင်လဲ ဇီးသီး အခြောက်ကို ရေနွေးလေးနဲ့ပြုတ်ပြီး puree လေးလုပ်ကျွေးလို့ရပါတယ်
နောက်ပြီး ပြုတ်ပြီး ရလာတဲ့ အရည်ကိုလဲ တိုက်လို့ရပါတယ်နော်
(မပြုတ်ခင် သန့်စင်အောင် ဆေးကြောပေးဖို့တော့လိုပါမယ်နော်)

အဆင်ပြေကြပါစေရှင့်😇🙏🏼

Sharing is caring 😃

#ဝမ်းချုပ်

10/16/2024

ခုမှ ကြက်ဥ စကျွေးမဲ့ မေမေတွေအတွက်ပါနော်

ဒီမေမေလဲ သမီးလေးကို ဒီနေ့ကြက်ဥစကျွေးပါတယ်

အောက်ကပုံကတော့ ဘယ်လိုချက်ထားတဲ့ ကြက်ဥက ကလေးတွက် safe ဖြစ်လဲဆိုတာ ပါ

ကျမကတော့ hard boiled egg နဲ့ စမ်းထားပါတယ်

အဆင်ပြေကြပါစေရှင့်😇🙏🏼



#ကြက်ဥ

10/16/2024

7 လ ပြည့်သွားပြီဖြစ်တဲ့ Jojolay ရဲ့ ညနေစာ

၆လ တုန်းကကျွေးခဲ့သလို purée လေးပဲကျွေးနေတုန်းပါ

ပါဝင်ပစ္စည်း
-ဆန်
-mixed vegetables (ပဲသီး/ပြောင်းဖူး/ပဲလုံး/ဥနီ)
-ကြက်သွန်ဖြူ (၁မွှာ)
-သံလွင်ဆီ (ကြိုက်ရာဆီ သုံးနိုင်ပါတယ်)

~ကြက်သားကို ၁၀ မိနစ်လောက်အရင်ပြုတ်ပါတယ်

~ ၁၀ မိနစ်လောက်ပြုတ်ပြီးသား ကြက်သားကို အရည်သွန်ပြီး ရေအသစ်ရယ် ကြက်သွန်ဖြူ ရယ်နဲ့ တခါပြန်ချက်ပါတယ် (အသားနံ့ နံမှာစိုးလို့ပါ)

~ နောက်ပြီး ဆန်ထည့် ပြီးရင် mixed vegetables ထည့်ပြီး ကျက်တဲ့ထိတည်ပေးပါတယ်

~အားလုံးကျက်ပြီဆိုရင် blender ထဲကို သံလွင်ဆီလေး နည်းနည်းနဲ့ ရောကြိတ်ပါတယ်

အဆင်ပြေကြပါစေရှင့်😇🙏🏼

#ဖြည့်စွက်စာ
#ညနေစာ
#ကလေးဖြည့်စွက်စာ

Photos from Jojo’s Little Kitchen's post 10/15/2024

Jojo lay ကို ၆ လ တစ်လလုံး ကျွေးခဲ့တဲ့ dinner menu လေးတွေပါ

Day 22 ထိ formula ထည့်ဖျော်ကျွေးပါတယ်

Day 24 ကနေစပြီး formula မထည့်တော့ပါဘူး
(မေမေတို့ ထည့်ဖျော်ကျွေးချင်ရင်လဲ ရပါတယ်နော်)

ကျမတော့ ရိုးရိုးဆန် ပဲသုံးပါတယ်ရှင့်

မေမေတို့တွက်အသုံး ဝင်မယ်ဆို feel free to share ပါနော်😃

အဆင်ပြေကြပါစေရှင့်😇🙏🏼


#ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ
#ညနေစာ

10/14/2024

Time flies 🥺
Can’t believe that my little one is 7 months old now 🥰🌈

Photos from Jojo’s Little Kitchen's post 10/14/2024

Jojolay ၆ လတုန်းက စားခဲ့တဲ့မနက်စာလေးတွေပါ

ဘေဘီ ၇လ ၈ လထိ purée စားတုန်းဆို ကြွေးလို့ အဆင်ပြေပါတယ်နော်

Purée မကြိုက်တော့ဘူးဆို ခြေပြီးကြွေးလို့ရပါတယ်



#ဖြည့်စွက်စာ
#ကလေးဖြည့်စွက်စာ
#မနက်စာ

10/10/2024

မနက်ကနေ ညနေထိ ၂ယောက်တည်းနေတာများတာဆိုတော့ နည်းနည်းလေးမှကို အပျောက်မခံတာ🥺

သူ့နားက ထပြီဆိုတာနဲ့ လှည့်လှည့်ကြည့်တာပါဆို🤣

10/10/2024

Happiness is when your little one latterly relief from constipation 🥺🥰🥰

Photos from Jojo’s Little Kitchen's post 10/09/2024

Homemade chicken powder for my little one🙂

နောက်ပတ်ဆို ၇ လလဲ ပြည်တော့မယ်ဆိုတော့ အသားဓါတ် တစ်မျိုးနဲ့ မိတ်ဆက်ပေးဖို့ အတွက် စဉ်းစားရာကနေ ကြက်သားလေးနဲ့ အရင်မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်

ဒါကြောင့် ကြက်သားကို အသီးနှံတွေနဲ့ပေါင်းပြီး အစို/အခြောက်(အမှုန့်) လုပ်ပြီးကျွေးကြည့်ပါတယ်😋😋

Dr.မာမီ ရဲ့ ကြက်သားမှုန့် လုပ်နည်းအတိုင်း လုပ်ထားတာပါရှင့်

(ကျမလုပ်ထားတာ မရှင်းရင် Dr.မာမီ page မှာ ဝင်လေ့လာပါနော် မေမေတို့😃)

ကြက်သားမှုန့်လုပ်နည်း⤵️

▶️ကြက်သားကို ကြက်သွန်ဖြူလေးနဲ့အရင်နူးအောင်
ပြုတ်ပြီး blender နဲ့ ကြိတ်ပါတယ်

▶️ကြိတ်ပြီးသားကို အိုးထဲ ဆီနည်းနည်းထည့်ပြီး (ကျမ တော့ olive oil သုံးပါတယ်)လှော်ပါတယ် (အဆက်မပြတ်မွှေပေးပါတယ်)

▶️နည်းနည်းကြွတ်လာတဲ့ အနေထားရောက်ရင် blender နဲ့ တစ်ခါ ပြန်ကြိတ်ပါတယ် (ပိုညက်လာပါတယ်)

▶️နောက်ဆုံးတစ်ခေါက် ပြန်လှော်ပေးပါတယ်

ကြက်သားမှုန့်ရဲ့ final result ကတော့ ညက်ပြီး မွနေရောပဲ🤭
အသားမချက်တဲ့ချိန်တွေမှာ ဒီအမှုန့်လေးကို ဖြူးပြီး ကျွေးန်ိုင်ပါတယ်နော်🙂

အဆင်ပြေကြပါစေရှင့်🙏🏼😇

#ဖြည့်စွက်စာ


#ကြက်သားမှုန့်

10/07/2024

နောက်ပတ်ဆို ၇ လပြည့်တော့မယ့် ဆရာမကြီးရဲ့ first time snack..

Ge**er ကထုတ်တဲ့ ငှက်ပျောသီးနဲ့မက်မွန်းသီး wafer ပါ

ပါးစပ်ထဲရောက်သွားရင် အလိုလို အရည်ပျော်သွားပါတယ်
မုန့်က အပြားကြီး design နဲ့လုပ်ထားတော့ ကလေးတွေအတွက် ကိုင်ရတာ အဆင်ပြေပါတယ်
နောက်ပြီး သွားဖုံးယားတတ်တဲ့ ကလေးတွေတွက် လုပ်ထားတော့ ပိုပြီးတော့ အဆင်ပြေပါတယ်

စားတာနည်းနည်း စော့တာများများပေါ့😆
ဟိုဖက်လှည့်ပြီး ဘာကြည့်မှန်းမသိ😃😃



#ဖြည့်စွက်စာ

10/07/2024

Hello မေမေတို့ရေ

Jojo lay က အခုရက်ပိုင်း ဝမ်း သိပ်မမှန်သလို ဖြစ်ချင်နေတာနဲ့ ကျွေးဖြစ်တာလေးတွေကို sharing လုပ်ပေးချင်ပါတယ်နော်
ဖြည့်စွက်စာ လဲ အစုံ (အသီး/ရွက်)ကျွေးပါတယ်🥺

ဝမ်း texture ကတော့ ပုံမှန်အတိုင်းကောင်းပေမဲ့
ee က တစ်ရက် ပါပြီး နောက်ရက် မပါလို့ ဒီမေမေ နည်းနည်း စိတ်ပူတာနဲ့ research နည်းနည်းလုပ်ပြီး ဒီမှာ ရလွယ်တဲ့ အသီးလေးတွေကို ကျွေးဖြစ်ပါတယ်

Letter (P) နဲ့ စတဲ့ အသီးလေးတွေက ဝမ်းချုပ်တဲ့ ကလေးတွေ တွက် အဆင်ပြေပါတယ်နော်
ဥပမာ- pear( သစ်တော်သီ) papaya( သင်္ဘောသီး) peach (မက်မွန်သီး) prune (ဆီးသီး) plum (မက်မန်းသီး) တို့ပါ

ဒါကြောင့် market ကနေ ရှာလွယ်တဲ့ သစ်တော်သီးနဲ့ မက်မွန်သီးဝယ်ပြီး အိမ်မှာ အသင့်ရှိတဲ့ ပန်းသီး ၃ မျိုး ကို ရောပေါင်းပြီး formula လေးနဲ့ ရောဖျော် ကျွေးဖြစ်ပါတယ်

စားပြီး ၂-၃ နာရီကြာတော့ ee ပါ ပါလေရော🤭

မေမေတို့က ကိုယ်သာ ဝမ်းမမှန်ရင်နေပါစေ baby lay တွေ ee တစ်ရက်လောက် မပါရင် စိတ်ပူတတ်တာနော်😃 ဟိဟ်

အဆင်ပြေကြပါစေရှင့်🙏🏼😇





#ဖြည့်စွက်စာ

Photos from Jojo’s Little Kitchen's post 10/04/2024

Menu အသစ်လေးတွေပြန်ထည့်ထားပါတယ်ရှင့်

10/02/2024

ကိုယ်ခွဲမရှိတဲ့ သူတို့သာ အသိဆုံး🥺

Photos from Jojo’s Little Kitchen's post 09/28/2024

Jojo lay ရဲ့ ၆ လ breakfast menu လေးပါရှင့်🥣
ဒီ Breakfast တမျိုးစီ တိုင်းမှာ formula ထည့်ပါတယ်ရှင့်

ဒီ breakfast idea လေးတွေကို အသက် ၆ လကနေ ~၇လ~၈လ~ ထိကျွေးလို့ အဆင်ပြေပါတယ်နော်

(Jojolay ကို ၅ လကျော်လောက်ကတည်းက အစုံ ကျွေးပီးသား/တည့်မတည့် စမ်းပြီးသားမို့ အခု အသက် ၆ လမှာ တည့်မတည့် မစမ်းတော့ပါဘူး ~ မကျွေးဖူးသေးတဲ့ အစာသစ်ဆိုရင်တော့ စမ်းပါတယ်ရှင့်)

တစ်မျိုးကို ၂ ရက်ဆက်တိုက်လောက် ကြွေးပြီး / တစ်ပတ်ခြား ပြီးလဲ ပြန်ကြွေးပါတယ်

၆လ ပြည့်တဲ့နေ့ကနေစပြီး breakfast နဲ့ dinner ၂ခါ ကျွေးပါတယ်( snack တော့ မကြွေးသေးပါဘူး)

နို့ကိုတော့ အဓိက ထား တိုက်နေတုန်းပါရှင့်

Feel free to share 🙂

အဆင်ပြေကြစေရှင့် 😇🙏🏼


#ဖြည့်စွက်စာ
#ကလေးဖြည့်စွက်စာ
#မနက်စာ

Want your business to be the top-listed Clothing Store in Liverpool?
Click here to claim your Sponsored Listing.

Videos (show all)

🌺🌺🌼🌼 လှလို့
Jojo lay ကို ၆ လ တစ်လလုံး ကျွေးခဲ့တဲ့ dinner menu လေးတွေပါDay 22 ထိ formula ထည့်ဖျော်ကျွေးပါတယ်Day 24 ကနေစပြီး formula မ...
6လ24 ရက်မှာ ကြက်သား ပထမဆုံးအကြိမ် စမ်းကြွေး .. ကြက်သားနဲ့ အသီးနှံလေးပေါင်း ကြိတ်ချက်နည်းလေးပါ.. ကလေးပိုးရင်းနဲ့ ချက်ရ ရိ...
🤣🤣🤣 အိမ်ကသမီးလဲ နာနာနာနာနာ ဒါဒါဒါဒါဒါ ပဲ🤣🤣🤣  #reelsviralfb #babylove #credit
#ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ #jojolay #jojofamily
ဒီနေ့ ၆ လပြည့် အမှတ်တရ photo shoot by mommy❣️😘 #jojolay #6monthsold #babygirl #jojofamily
၆လ ပြည့်ဖို့ ၄ ရက် အလိုမှာ blueberries သီးကို မနက်စာ အနေနဲ့ကြွေးဖို့ ပြင်ဆင်ထားတာလေးပါ..                                ...
#jojolay #jojofamily #ချစ်ဆုံးလေး #babygirl
တခြားအသီးနှံ ၄/၅ မျိုးလောက်စမ်းကြွေးပြီးအခု အစိမ်းရောင် အသီးတမျိုးဖြစ်တဲ့ ပဲသီးကို ပထဆုံး စမ်းကြွေးဖြစ်တာလေးပါ..        ...
#mommylife #jojolay #jojofamily #cutebaby #happykids #babygirl
သူငယ်ချင်းတွေနဲ့ ခနတာတွေ့ဆုံခြင်း #kids #happykids #friends #church #cutebaby #jojolay
လှလိုက်တာ 🦚🦚🦚2020 တုန်းက National Kandawgyi Gardens - အမျိုးသားကန်တော်ကြီးဥယျာဉ် ရောက် အမှတ်တရ  #PyinOoLwin #peacock #my...

Website

Address


Liverpool, NY

Other Liverpool clothing stores (show all)
Lady Heather's Embroidery Lady Heather's Embroidery
Liverpool

Unique hand embroidered gifts! Jewelry, holiday ornaments, framed art, and now offering Ugly Dolls.

Kali's Boutique Kali's Boutique
Vine Street
Liverpool, 13088

Welcome! My name is Kali and I am your personal stylist for Hello Pink Boutique! 🤍

Seams Sew Right Seams Sew Right
7625 Admiral Drive
Liverpool, 13090

Master tailor/ Professional seamstress 25+ years experience Clothing and home decor alterations

INTI Peruvian Store INTI Peruvian Store
Liverpool, 13088

Thảo dược USA - Cải thiện đau đầu, mất ngủ & xương khớp Thảo dược USA - Cải thiện đau đầu, mất ngủ & xương khớp
106 Ontario Place
Liverpool, 13088

DreamHousetshirt is an exclusive store for the world’s best animal themed apparels such as lion, d

Debbie Unique Design A&D Custom Made Debbie Unique Design A&D Custom Made
Chestnut Hill Drive
Liverpool, 13088

Face Mask confection and more!

Dsz.scarf Dsz.scarf
7651 Morgan Road Liverpool, New York(NY)
Liverpool, 13090

CNY Klosetware Group CNY Klosetware Group
Old Liverpool Road
Liverpool

We sell clothing bags sneakers shoes purses and accessories. Style reboot at your fingertips

Kloset ware CNY Kloset ware CNY
300 Old Liverpool Road
Liverpool, 13088

Klosetware Klosetware
Liverpool, 13088

Clothing and apparel online boutique for bust women

Cuse Shirts Cuse Shirts
Liverpool, 13090

Cuse Shirts is an affordable custom T-shirt and apparel print shop!

Salt City Vintage Salt City Vintage
Liverpool

We have a passion for all things vintage and decorating or repurposing items.