Htet Myat

Htet Myat

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Myat, Shopping & retail, .

20/03/2024

ကျောက်လုပ်ရင်အရေလိုင်းအားတန်အောင်လုပ်ရမယ်
အရေလိုင်းကိုပိုလုပ်ခိုင်းစေချင်တယ်သူငယ်ချင်းတို့
ကျွန်တော် အမြင်ပေါ့

17/03/2024

အဲဒီလိုကျောက်မျိုးရရင်ဘာရုပ်လုပ်ရင်
စျေးပိုရလဲဒီတိုင်းရောင်းရင်ရောဘယ်လောက်ရနိုင်လဲ
ပြောသွားကြအုံး

17/03/2024
15/03/2024

ကျွန်တော် ဝယ်ထားတဲ့ကျောက်လေး
ဘယ်လောက်နဲ့ ရောင်းထွက်သွားတာထင်လဲ
စျေးလေးမန်းကြည့်ပါအုံး
သူငယ်ချင်းတို့ဝယ်ရင်ရောဘယ်လောက်နဲ့
ဝယ်ပြီးဘယ်လောက်ဆိုပြန်ရောင်းနိုင်မလဲ
မန့်မှာပြောသွားကြပါအုံး

14/03/2024

ထုံဆိုပြီးအထင်မသေးနဲ့

13/03/2024

အရေရဲ့အားသာချက်

Photos from Htet Myat's post 15/06/2023

အောင်ဘာလေ မရမ်းချွမ် ❤😍

လွန်ခဲ့သော 2016-ခုနှစ်က

ဖားကန့်မြို့နယ် လုံးခင်း အုပ်စု
အောင်ဘာလေကျေးရွာ အာလူးမှော် အာလူးခွံ အကာမျိုး ချွမ်နီ( ခ )မရမ်းချွမ်

မှော်ထဲ၌
တစ်နန်းဖြတ်သားကို သိန်းပေါင်း တစ်သောင်းဖြင့် အရောင်းအဝယ် တည့်သွားတယ်လို့ သိရပါတယ်

သိန်းပေါင်း တစ်သောင်းနဲ့
ဝယ်ခဲ့တဲ့ ကျောက်ပိုင်ရှင်က တရုတ်နိုင်ငံမှာ သွား
ရောင်းခဲ့တာ

ရောင်းရသောငွေမှာ သိန်းပေါင်း ငါးသောင်းဖြင့် အရောင်းအဝယ် တည့်သွားသွားတယ်လို့ သိရပါတယ်

သိန်းပေါင်း ငါးသောင်းနဲ့ ဝယ်ရသည့်ကျောက်ကို
တရုတ်နိုင်ငံထဲက ကျောက်ပိုင်ရှင်ကတော့ အချောထည်ပြုလုပ်ပြီး ဈေးကွက်တင်ရောင်းကြည့်တော့

သူဝယ်ရသော ဝယ်ရင်းဈေး သိန်းပေါင်း ငါးသောင်းသည် လက်ကောက်နှစ်ကွင်းဖိုးဖြင့် အရင်းရသွားပြီလို့သိရှိရပြီး ကျန်ရှိသော အစိတ်အပိုင်းများသည် အကျိုးအမြတ်ဖြစ်စေတယ်လို့ သိရပါတယ်

ဘယ်လောက်အထိ အကျိုးအမြတ် ရသွားသလည်းဆိုတာကိုတော့ အတိအကျ မသိရပါဘူး

(ဈေးကွက်နဲ့ တန်ဖိုး အခြေအနေနဲ့ အချိန်အခါ)

JADE Myanmar

Photos from Htet Myat's post 11/01/2022

ကျောက်ရဲ့အခေါ် အဝေါ် လေးတွေတင်ပေးလိုက်ပါတယ်
ကြိုက်တယ်ဆိုရင်Like and follow လေးပေးခဲ့ပါok

10/01/2022

ဖားကန့်မော်ကြီးရယ်မြန်မြန်ပြန်စည်ပါတော့
တရုတ်ပြည်ကြီးလဲမြန်မြန်ဖွင့်ပါတော့🙏🙏🙏

09/01/2022

အဲမျိုးလေးတွေဝယ်ဖူးချင်သေးတယ်

09/01/2022

ဘယ်လောက်စျေးရနိုင်မလဲ
ဖြတ်သားစျေးသိချင်လို့
အောက်မှာစျေးလေးမန်းခဲံပေးအုံး

08/01/2022

ဖြတ်သားလိုင်းလုပ်ချင်တယ်လက်တွဲခေါပေးကြအုံးပေါပေါတို့👉

Photos from Htet Myat's post 21/12/2020

ဖာကန့်ဆိုတာပိုက်ဆံရှာရတာအရမ်းလွယ်တယ်ဆို😁😁😁

Photos from Htet Myat's post 21/12/2020

1863 ခုနှစ်မှာ ကျောက်မျက်ဘူမိပညာရှင်(Gemologists)တွေဟာ ကျောက်စိမ်းမှာ Jadeite ကျောက်စိမ်းနဲ့ Nephrite ကျောက်စိမ်း ဆို
ပြီး နှစ်မျိုးရှိကြောင်းကို ရှာဖွေတွေ့ရှိ
ခဲ့ကြပါတယ်
Nephrite ကျောက်စိမ်းက
တော့ မြန်မာအပါအဝင် နိုင်ငံအချို့
မှာ ထွက်ရှိပေမဲ့ အဓိကအားဖြင့်
တရုတ်နိုင်ငံ(China) မှာ အမြောက်
အများ ထွက်ရှိတာမို့ တရုတ်ကျောက်
စိမ်းလို့လည်း ခေါ်ကြပါတယ်
Jadeite ကျောက်စိမ်းက
တော့ မြန်မာနိုင်ငံ(Myanmar)မှာ
ပဲ အမြောက်အများ ထွက်ရှိတာမို့
မြန်မာ့ကျောက်စိမ်းလို့ ခေါ်ကြပါတယ်
ယခုကျနော်ရေးသားဖေါ်ပြ
မှာကတော့ တရုတ်ကျောက်စိမ်း
(Nephrite)နဲ့ မြန်မာ့ကျောက်စိမ်း
(Jadeite) ရဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်
တရုတ်ကျောက်စိမ်းကို
Calcium ,Magnesium , Iron ,
Silica တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး
Chemical Formula ကတော့
Ca2(Mg.Fe)5 Si8 O22 (OH)2
ဖြစ်ပါတယ်
မြန်မာ့ကျောက်စိမ်းက
တော့ Sodium Aluminium Silica
တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး Chemical Formula ကတော့
Na Al Si2 O6 ဖြစ်ပါတယ်
တရုတ်ကျောက်စိမ်းဟာ
Calcium ပါဝင်ကိန်း(Impurities)
များတာကြောင့် အရောင်မှိန်ပါတယ်
တောက်ပမှု မရှိပါဘူး အစိမ်းရောင်
မွဲခြောက်ခြောက် ဖြစ်နေပါတယ်
အဖြူ အဝါဖျော့ အနီဖျော့ အရောင်
တွေလည်း ရှိပါတယ် သို့သော်
အရောင်စုံတော့ မထွက်ပါဘူး
မြန်မာ့ကျောက်စိမ်းက
တော့ အရောင်စုံ ထွက်ပါတယ် မြန်မာ့
ကျောက်စိမ်းမှာ ခရိုမီယမ်(Chromium) Cr ပါဝင်မှု ရှိလာရင်
တော့ အစိမ်းရောင် ဖြစ်လာပါတယ်
ခရိုမီယမ်ပါတဲ့ အစိမ်းရောင်ကျောက်
စိမ်းကို မြန်မာတွေက အရည်ကျောက်
လို့ခေါ်ပြီး ကမ္ဘာမှာတော့ Imperial
Jade လို့ခေါ်ပါတယ် ခရိုမီယမ် Cr
ပါဝင်မှု မြင့်မားသွားရင်တော့ အစိမ်း
ရောင်ရင့်သွားပြီး အမည်းရောင်
ဖြစ်သွားပါတယ် ဒါကိုပဲ Black Jade
လို့ ခေါ်ကြပါတယ်
ပုံဆောင်ခဲ(Crystal)
ဖွဲ့စည်းမှုမှာတော့ တရုတ်ကျောက်
စိမ်းဟာ အမျှင်လေးများ (Fibers) နဲ့
တိုးကြိတ်ဖွဲ့စည်းထားတာ ဖြစ်လို့
ကျိုးပဲ့ရန် ခက်ပါတယ်
မြန်မာ့ကျောက်စိမ်းကို
တော့ အစေ့ဆန်လေးများ(Grains)နဲ့
တိုးကြိတ်ဖွဲ့စည်းထားတာ ဖြစ်လို့
ကျိုးပဲ့နိုင်ပါတယ်
တရုတ်ကျောက်စိမ်းဟာ
မာခြင်းအဆင့် Mohs Scale 6 to 6.5
ရှိပြီး သိပ်သည်းဆ(Density) 2.9 to 3.03 ရှိပါတယ်
မြန်မာ့ကျောက်စိမ်းက
တော့ မာခြင်းအဆင့် 6.5 to 7 နဲ့
သိပ်သည်းဆ 3.3 to 3.38 ရှိတာ
ကြောင့် တရုတ်ကျောက်စိမ်းထက် ပိုမာ ပိုလေးပြီး အလင်းပေါက်အား
ပိုကောင်း အရောင်ပိုပြီးတောက်ပ
ပါတယ်
ဒါ့ကြောင့်လည်း အစိမ်း
ရောင်ရှိတဲ့ ရတနာတွေထဲမှာ မြန်မာ့
ကျောက်စိမ်းဟာ တန်ဖိုးအမြင့်ဆုံး
ရတနာတပါး ဖြစ်လာရပါတယ်
ဝမ်းနည်းစရာကောင်း
တာတချက်ကတော့ တန်ဖိုးအမြင့်ဆုံး
အစိမ်းရောင် ရတာနာ မြန်မာ့ကျောက်
စိမ်းရဲ့ အဓိက စျေးကွက်ဟာ မြန်မာ
ပြည်မှာ ရှိနေရမည့်အစား တရုတ်ပြည်
ကို ရောက်ရှိသွားခြင်းပါပဲ
မြန်မာ့ကျောက်စိမ်းစျေး
ကွက် မြန်မာပြည်မှာပဲရှိအောင်
မြို့တိုင်း မြို့တိုင်းမှာ ကျောက်ဝိုင်း
တွေ ဖြစ်ပေါ်လာအောင် ကျနော်တို့
ဝိုင်းဝန်းကြိုးစားကြပါစို့

(မှတ်ချက်= တရုတ်ကျောက်စိမ်း
Nephrite Jade သည် ပလွန်
မဟုတ်ပါ ပလွန်ကို Serpentite ဟု
ခေါ်ပါသည် ကျောက်စိမ်းမျိုးနွယ်
မဟုတ်ပါ)

မူရင်းရေးသားသူ နေစိုး ဝှေခါ

Crid လေ့လာစေရန်ရည်ရွယ်ပါသည်

Photos from Htet Myat's post 21/12/2020

ကျောက်ဆိုတာဖြတ်ရဲမှစားရတယ်ဆိုတာ
တာမျိုးလားbrတို့ဟုတ်လား

Photos from Htet Myat's post 21/12/2020

မြန်မာအလှတရားများ

20/12/2020

ကျောက်စိမ်းလုပ်ငန်းကိုစတင်လုပ်ကိုင်ချင်တယ်
စီးပွားရေးအရဆောင်ရွက်ချင်တယ်ဆိုရင်တော့
အရိုင်းကိုဝယ်ဆေးဝယ်ဖြတ်ကံစမ်းတာဟာ
နည်းလမ်းမမှန်ပါဘူး

တကယ်တော့ရေမ ဆေးတို့လုံးစွတ်တို့ဆိုတာ
ကံစမ်းကြတာပါ တကျပ်မှပြန်မရနိင်သလို
အများကြီးပြန်ရတာလဲရှိပါတယ်
ဒါပေမယ့်ချဲထို့းသလိုပေါ့ ပေါက်နိင်ချေနည်းပါတယ်
ကျောက်စိမ်းကိုတကယ်တမ်းလေ့လာမယ်ဆို
အ ရောင်းအဝယ်ကိုအရင်လေ့လာသင့်ပါတယ်
ဘယ်မှာဝယ်မယ် ဘယ်မှာရောင်းမယ်
ဘယ်လိုင်းကိုစလုပ်ပြီးငွေစုမယ်
ငွေများလာရင် ဘယ်လုပ်ငန်းကိုဆက်လုပ်မယ်ဆိုတာ
အစီစဉ် ဆွဲထားသင့်ပါတယ် အသင့်တော်ဆုံးက တော့
အရင်ဆုံးစတင်လုပ်မယ်ဆိုရင် လက်ကောက်လိုင်းက နေ
စတင်သင့်ပါတယ်

ကျောက်တလုံးကို လက်ကောက်ဘယ်န ကွင်းထွက်မလဲ
ဘယ်စျေးတန်တဲ့လက်ကောက်တွေရမလဲ ဆိုတာ
စတင်လုပ်ကိုင်သင့်ပါတယ် အချိန်တော့ပေးရပါတယ်
လက်ကောက်ဖောက်ပြီးရင်သွေးခုံအပ်တာရယ်
ဆေးသွင်းတာရင် ဆေးမ သွင်းတာရယ်

အ ချောထည်လေးရရင် လက်ကောက်ပွဲစားတွေနဲ့
လိုက်ပြီးစျေးကွက်လေ့လာပါ လက်ကောက်သားက နေ
အရည်ပန်းပါတာလေ တွေ အချပ်ရ အသားတန်းအမြင့်
လေးတွေ ၂လိုင်းဆွဲ ၃လိုင်းဆွဲဖြတ်သားလေးတွေ
စတင်လုပ်ကိုင်ကြည့်ပါ ကျွမ်းကျင် သွားတဲ့အခါ
ငွေဆုံးရှုံးမှုနည်းပါပြီး လမ်းကြောင်းပေါ် ရောက်သွား
ပါလိမ့်မယ်

၂လိုင်းဆွဲဆိုတာက တော့ လက်ကောက်.လွတ်
အချပ်သားရတဲ့ဖြတ်သားကိုပြောတာပါ
၃လိုင်းဆွဲက တော့ လက်ကောက်လွတ် အချပ်သားရ
အပွင့်ရဖြတ်သားပါ ဖြတ်သားကို စနှစ်တကျလုပ်ဆောင်
နေရင်းတောင် မှားတတ်ပါတယ်
တချို့လုပ်နေကျအကျင့်မ ကောင်းတဲ့သူတွေက ..ကွင်းတွေ သွေးတဲ့အခါ ကောင်းတာနဲ့
မ ကောင်းတာလဲတတ်ပါတယ်

အပွင့်လိုင်းက တော့ လုပ်ရတာလွယ်မလိုလိုနဲ့
နဲနဲတော့ခက်ပါတယ် ကျောက်အ ကြောင်းနားမလည်ခင်
အပွင့်ကောက်တဲ့အသိတယောက်ခုံမှာတလ လောက်
ထိုင်လေ့လာရင်ရပါတယ် မျိုး ပွင့်ကောက်မှာလား
ပဲ ပွင့်ရွှေလီလိုင်းကောက်မှာလား ပေါ်လိလိုင်းလား
ချွမ်လား အ ရေချွမ်ပေါ်လိ ခုံ့လော့တွေလား
အရွယ် အသားတန်း အနာ အဝါရေ အစိမ်းရေ
ငှက်ပျော်ညွန့် စတဲ့လိုင်းတွေက တော့ လက်တွေ့
အနီးကပ်ထိုင်ကြည့်ရင်းလေ့လာမှသာ အဆင်ပြေတာပါ

အပွင့်မှာဆေးဆိုးထားလား (ကုတ်တက်) လုပ်ထားလား
ဒါတွေကိုဘယ်လိုမြန်မြန်သိနိင်မလဲဆိုတာကိုပါ
လေ့လာသင်ယူပါ မန်းလေးဝိုင်းမှာ တလကို
ဘယ်န ပွင့်ကောက်ရင် ရွှေလီမှာဘယိလောက်
အမြတ်ရမလဲ ဆိုတာ ၂ ခေါက်လောက် ကုန် သွယ်ဖူးရင်
သိနိင်ပါတယ်

ရေမ ဆေးကိုဝယ်ဆေးတာက တော့ ကျောက်မျိုး ရယ်
ချော်ရယ် ကျောက်ကိုသူများတွေက ကိုယ့်ကို လာရောင်း
ရင် ဘယ်လိုဆေးလာတယ်ဆိုတာရယ်
ဆေးချက်ကျန်မကျန် ကိုယ့်ကလုပ်ချက်ထည့်ရင်
စျေးခုန်နိင် မခုန်နိင် ဖြတ်တောက်ဖို့အခွံနဲ့မျိုးကို ကြည့်ပြိး
သိနိင် အောင်သာ ဝယ်ဆေးပါ
ကိုယ်ပညာသင်စဉ် ဆုံးရှုံးခံနိင်သောငွေပမာဏနဲ့သာ
ဝယ်စမ်းပါ အဓိက ကျောက်လုပ်ငန်းကို
လုပ်ကိုင်ချင်ရင်တော့ အပွင့်လိုင်းနဲ့ ဖြတ်သားလိုင်းကို
အဓိကလုပ်ဆောင်ကြပါ

17/12/2020

မထင်ရဘူဗျ ဒီလိုအသားတန်းကို
ဒီလိုအရေမျိုးဝင်တာ😍😍

Videos (show all)

ကျောက်လုပ်ရင်အရေလိုင်းအားတန်အောင်လုပ်ရမယ်အရေလိုင်းကိုပိုလုပ်ခိုင်းစေချင်တယ်သူငယ်ချင်းတို့ကျွန်တော် အမြင်ပေါ့
အဲဒီလိုကျောက်မျိုးရရင်ဘာရုပ်လုပ်ရင်စျေးပိုရလဲဒီတိုင်းရောင်းရင်ရောဘယ်လောက်ရနိုင်လဲပြောသွားကြအုံး
ကျွန်တော် ဝယ်ထားတဲ့ကျောက်လေးဘယ်လောက်နဲ့ ရောင်းထွက်သွားတာထင်လဲစျေးလေးမန်းကြည့်ပါအုံးသူငယ်ချင်းတို့ဝယ်ရင်ရောဘယ်လောက်နဲ့ဝယ်...
ထုံဆိုပြီးအထင်မသေးနဲ့
အရေရဲ့အားသာချက်
ဖားကန့်မော်ကြီးရယ်မြန်မြန်ပြန်စည်ပါတော့တရုတ်ပြည်ကြီးလဲမြန်မြန်ဖွင့်ပါတော့🙏🙏🙏
အဲမျိုးလေးတွေဝယ်ဖူးချင်သေးတယ်
ဘယ်လောက်စျေးရနိုင်မလဲဖြတ်သားစျေးသိချင်လို့အောက်မှာစျေးလေးမန်းခဲံပေးအုံး
ဖြတ်သားလိုင်းလုပ်ချင်တယ်လက်တွဲခေါပေးကြအုံးပေါပေါတို့👉
မော်စီစာရောင်းပေးမယ်အလေးချိန်နှစ်ဆယ်သားရောင်းစျေး700000ပါကြိုက်တယ်ဆိုရင်ဆက်သွယ်ရန်09444393854
ကျောက်စိမ်းလုပ်ငန်းကိုစတင်လုပ်ကိုင်ချင်တယ် စီးပွားရေးအရဆောင်ရွက်ချင်တယ်ဆိုရင်တော့ အရိုင်းကိုဝယ်ဆေးဝယ်ဖြတ်ကံစမ်းတာဟာ နည်း...
မထင်ရဘူဗျ ဒီလိုအသားတန်းကို ဒီလိုအရေမျိုးဝင်တာ😍😍

Website

Address


Rajshahi Division