DCC - Dream Car Club
Nearby autos & automotive services
Eeuu, Texas City
Riyadh 11424
Broadway, New York
Flushing Avenue, New York
New York
Sunamgonj, Sylhet
Kadugannawa
Highland Park Road, New City
Chambers Street, New York
Blue Water Boulevard, Odenton
Broadway, New York
Grand Street, New York
New York
Dream Vehicles & Automotive knowledge
Mukesh Ambani 's copy structure 🤣
ကားဆီဈေးတွေ အရမ်းတက်နေလို့
ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲ🤔💥
၁။ ကားအရှိန်မြန်စေရန် အချိန်တိုအတွင်း
လီဗာကိုဖိနင်းခြင်း၊ ပြီးနောက်ရုတ်တရက်
ဘရိတ်အုပ်ခြင်း။ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း။
(ထိုသို့မောင်းနှင်ခြင်းသည် မြို့တွင်းဆီစားနှုန်း 8% နှင့် ဟိုင်းဝေလမ်းတွင် ၃၀% ပိုမို ကုန်ကျစေပါတယ်)✅
၂။ Overload တင်ဆောင်ခြင်း။ သတ်မှတ်ထားသော အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းဟာလည်း
ဆီစားနှုန်းကိုတိုးစေနိုင်ပါတယ်။
(အင်ဂျင် အကျမြန်စေပါတယ်။)✅
၃။ အဲကွန်းကို Temperature အဆုံး ၊
Fan အဆုံးထိ အသုံးပြုခြင်း ကလည်းဆီစားနှုန်းကို ၁၀% မှ ၁၅% လောက်ထိ ပိုမိုကုန်ကျစေပါတယ်
( Air Con ကို Temp Button ကိုအသုံးပြုပြီး လိုအပ်သော Temp လောက်သာပေးထားသင့်ပါတယ်။)✅
၄။ ကားတာယာလေပေါင်ချိန် ကလည်းဆီစားနှုန်းကိုပြောင်းလည်းစေပါတယ်။ သတ်မှန်ထားသော
လေပေါင်ချိန်အတိုင်း ထားပေးခြင်းက ဆီစားနှုန်းကို
၃% လောက်သက်သာစေပါတယ်။
(မိမိကား တာယာဆိုဒ်နှင့် လေပေါင်ချိန်ကို
Driver ဘက်အခြမ်း တံခါးဘောင်တွင် အများဆုံး
ဖော်ပြပေးထားပါတယ်။)✅
၅။ Highway လမ်းများပေါ်တွင် Cruise Control ဖြင့်
မောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို
ပုံမှန်မောင်းနှင်ခြင်းထက် သက်သာစေပါတယ် ။✅
၆။ မိမိကားအရှိန်က ကီလို ၆၀ ကျော်လာလေ
ဆီစားနှုန်းမြင့်တက်လာလေဖြစ်ပါတယ်။ (မြို့တွင်းမှာတော့ ကီလို ၆၀ အောက်သာ မောင်းနှင်သင့်ပါတယ်။)♻️
၇။ Air Cleaner Filter များကိုပုံမှန် လဲပေးခြင်းက
ဆီစားနှုန်းကို လျော့နည်းစေပါတယ်။✅
၈= air con ပိတ်ပြီးတံခါးဖွင့်မောင်းခြင်းဖြင့်လည်း သင့် ကားဆီစားနူန်းကိုလျော့ကျစေပါတယ်😛
အခုဝေမျှပေးထားတဲ့ အကြောင်းအရာလေးတွေကို
ကြိုက်နှစ်သက်ရင် like & shareခဲ့ဖို့မမေ့နဲ့နော်🙏🔥
Engine တလုံးရဲ့ ရေလည်ပတ် ပုံ သရုပ်ပြ
ကားဈေးတွေ ကျတော့မှာလား????🤔🤔
မိတ်ဆွေတို့ ဘယ်လိုမြင်ကြလဲ
ဆွေးနွေးပေးသွားကြပါဦး။
*** အင်ဂျင် ကွန်ပရတ်ရှင်းဖိအား မလုံရင် ဘာဖြစ်မလဲ
(Engine Compression Testing) ***
ကားအင်ဂျင်တစ်လုံး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အင်ဂျင်လုံရပါတယ်။ အင်ဂျင်လုံတယ်ဆိုတာ အင်ဂျင်ကွန်ပရတ်ရှင်း (Compression) ကောင်းတဲ့ အခြေအနေကို ပြောတာပါ။ Compression ကျနေတဲ့ အင်ဂျင်တစ်လုံးဟာ လည်ပတ်မှု မတည်ငြိမ်တော့ဘူး။ အင်ဂျင်ပါဝါ ကျလာပြီး ဆွဲအား မကောင်းတော့ဘဲ ဆီပိုကုန်ပါတယ်။ အင်ဂျင်ရဲ့ Fuel Efficiency ကျဆင်း လာပါတယ်။ အင်ဂျင် Performance လည်း ကျပါတယ်။ အင်ဂျင်ဝိုင် ပိုစားမယ်။ မီးခိုးထွက်မယ်။
ဓာတ်ဆီအင်ဂျင်ပဲဖြစ်ဖြစ်၊ ဒီဇယ်အင်ဂျင်ပဲဖြစ်ဖြစ် အင်ဂျင် Compression မှန်နေဖို့ လိုပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ အင်ဂျင် Compression 100 psi (Pound Per Square Inch) အနည်းဆုံးလိုအပ်ပါတယ်။ အင်ဂျင်ဒီဇိုင်းအရွယ်အစားနဲ့ ထုတ်လုပ် သူရဲ့ပုံစံကို လိုက်ပြီး ကွန်ပရတ်ရှင်းဖိအား Pressure 140 psi ကနေ 220 psi လောက်အထိ အမျိုးမျိုးရှိတတ် ပါတယ်။ ဒီဇယ်အင်ဂျင်ဆိုလျှင် Compression Ratio ပိုမြင့်တာကြောင့် Pressure ပိုများပါတယ်။ Compression Pressure 350 psi နဲ့ အထက်မှာပဲရှိပါတယ်။
Four Stroke အင်ဂျင်အမျိုးအစားမှာ (Valves) ဗားအဖွင့်အပိတ်တိုင်မင် (Timing) ကိုကမ်ရှပ် (Camshaft) က ဆောင်ရွက် ပေးပါသည်။ Intake Stroke မှာ အင်ဂျင်ဆလင်ဒါထဲကို လေနဲ့ ဓာတ်ဆီအရောအနှောတွေက ဗားပွင့်နေတာကြောင့် ၀င်လာပါတယ်။ Intake Stroke မှ Inlet Valve က ပွင့်နေပြီး Compression Stroke စပြီး မကြာခင်မှာ ဗားပြန်ပိတ် သွားပါတယ်။ ဆလင်ဒါထဲ ၀င်လာတဲ့လေနဲ့ လောင်စာအရောအနှောကို ပစ္စတင်က ဖိသိပ်ပြီး တွန်းတင်လိုက်တာကြောင့် ထုလည်သေးသွားပါတယ်။ ဓာတ်ငွေတစ်ခုကို ထုထည်သေးအောင် ဖိသိပ်လိုက်လျှင် ဖိအား Pressure တက်လာပါတယ်။ အပူချိန်လည်း မြင့်တက်သွားပါတယ်။ Compression Stroke ဆုံးခါနီးအချိန်မှာ မီးပလပ်က မီးပွားပွင့်သွားတာနဲ့ ပေါက်ကွဲမှုဖြစ်ပြီး ပစ္စတင်ကို တွန်းကန်ချ လိုက်ပါတယ်။
ဒီလိုမျိုး အင်ဂျင်အတွင်းမှာ ပေါက်ကွဲပြီး ပစ္စတင်ကို တွန်းလိုက်တဲ့အားကြောင့် ကရိုင်းရှပ်ကို လည်စေပါတယ်။ လည်အားကို ဖလိုင်းဝှီး (Fly Wheel) က အားထိန်းထားပြီး ဆလင်ဒါများကို Firing Order တိုင်မင်အတိုင်း တစ်လုံးပြီး တစ်လုံး ပေါက်ကွဲ လည်ပတ်စေပါတယ်။ ဆလင်ဒါအတွင်းမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်အကောင်းဆုံးဖြစ်ဖို့ အင်ဂျင် Compression ကောင်း ရပါတယ်။ အင်ဂျင်ဝိုင်စား၊ ဆီစားပြီးကျနေတဲ့ အင်ဂျင်တစ်လုံးမှာ ကွန်ပရတ်ရှင်းကျနေ တတ်ပါတယ်။
အင်ဂျင်တစ်လုံးမှာ ဆလင်ဒါလေးလုံး ရှိတယ်ဆိုပါစို့။ အသုံးပြုသက်တမ်း ကြာလာလျှင် Compression ဖိအားက ဆလင်ဒါ တစ်လုံးနဲ့တစ်လုံး မတူညီနိုင်တော့ပါဘူး။ ဆလင်ဒါတစ်လုံးချင်းစီရဲ့ ဖိအား ကွာခြားနေတာ (၁၅) ရာခိုင်နှုန်းထက် မပိုသင့် ဘူး။ ဒါကို စစ်ဆေးဖို့ အင်ဂျင် Compression Test လုပ်ဖို့ လိုလာပါတယ်။ အင်ဂျင်ကျူးနင်း (Tune-up) လုပ်ရတဲ့အချက် တွေထဲမှာ အင်ဂျင် Compression စစ်ဆေးတာလည်း အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုပါပဲ။ Compression Test လုပ်ကြည့်မှ အင်ဂျင်ရဲ့ အခြေအနေကို အကြမ်းအားဖြင့် သိနိုင်မယ်။ ယာဉ်ပိုင်ရှင်လက်စွဲစာအုပ် (Owner’s Manual) ထဲမှာအင်ဂျင် Tune-up လုပ်သင့်တဲ့ ကာလအပိုင်းအခြား (Intervals) ကို ဖော်ပြထားလေ့ရှိပါတယ်။
ကားအင်ဂျင်တစ်လုံး ဘာကြောင့် Compression ကျတာလဲ။ အင်ဂျင်လုံတယ်ဆိုတာ ဘာလဲ။ အင်ဂျင်ကျရင် ဘာဖြစ်နိုင် သလဲ။ အင်ဂျင်တစ်လုံး Compression ပုံမှန်ရှိပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ပုံမှန်လည်ပတ်နေတဲ့ အင်ဂျင်။ မီးခိုး မလိုက်တဲ့ အင်ဂျင်၊ ဆီစားမများတဲ့ အင်ဂျင်ကို အင်ဂျင်လုံတယ်လို့ ဆိုနိုင်ပါတယ်။ အင်ဂျင်လုံတယ်ဆိုတာ Compression ကောင်းတဲ့ အခြေအနေပါပဲ။ ဗားတွေ လုံရတယ်။ ဂတ်စ်ကတ် လုံရတယ်။ ပစ္စတင် Ring ကွင်းနဲ့ ဆလင်ဒါစလစ် လုံရတယ်။ အင်ဂျင် Compression Stroke မှာထုတ်လုပ်သူသတ်မှတ်ထားတဲ့ Compression Pressure ရှိရပါတယ်။
အင်ဂျင်အသုံးပြုတဲ့ သက်တမ်းကြာလာလျှင် Piston Rings ကွင်းတွေစားပြီး ဆလင်ဒါနံရံတွေ စားလာပါတယ်။ Ring ကွင်းနဲ့ စလစ်ကြားမှာ ကွာဟချက်များလာရင် လေမလုံနိုင်တော့ပါဘူး။ နောက်ပြီး အင်ဂျင် Head ထဲမှာရှိတဲ့ Intake Valve တွေနဲ့ Exhaust Valves တွေပါ။ ဗားဆီး၊ ဗားဂိုက်တွေ စားပြီး ချောင်မယ်။ ဗားအထိုင် မျက်နှာပြင်တွေ ပွန်းစားပြီး လေမလုံတော့ရင် အင်ဂျင် Compression ကျပါတယ်။ နောက်ပြီး အင်ဂျင်ဘလောက်နဲ့ အင်ဂျင် Head ကြားမှာ Seal ဖြစ်စေဖို့ ရှိနေတဲ့အရာက ဂတ်စ်ကတ် (Gasket) ပါ။ ဂတ်စ်ကတ်မလုံရင်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။
နောက်တစ်ချက်က ဗားတွေကို အဖွင့်အပိတ် လုပ်ပေးတဲ့ ကမ်ရှပ် (Camshaft) တိုင်မင်နဲ့ ဗားရော့ကာအမ်းတွေပါပဲ။ ဗားအဆုံးအထိ မပွင့်တာ၊ ဗားထောက်နေတာ၊ ဗားကောက်နေတာတွေကြောင့်လည်း အင်ဂျင် Compression ကျနိုင်ပါ တယ်။ Air Cleaner လေစစ်ပိတ်နေလို့ အင်ဂျင်အသက်ရှူကျပ်နေရင်လည်း အင်ဂျင် Compression ကျနိုင်ပါတယ်။ Spark Plug အထိုင်ဝါ ရှာမကောင်းလို့ အရစ်တင်းကျပ်တာ လျော့နေလို့လည်း အင်ဂျင် Compression ကျနိုင်ပါသေးတယ်။
အင်ဂျင် Compression Pressure ဖိအား ဘယ်လောက်ကျနေပြီလဲ။ ဘာတွေ ခြားနားနေသလဲ။ ဘာတွေ ထူးခြားနေသလဲ။ Compression ဖိအားက မကျဘဲနဲ့ ပိုပြီးများနေသလား။ ဆလင်ဒါလေးလုံး (သို့မဟုတ်) ခြောက်လုံးမှာ ဘယ်အလုံးက Pressure လုံး၀ကျနေတာလဲ။ ဒါတွေကိုသိဖို့ ဆလင်ဒါတစ်လုံးချင်းကို Compression Test လုပ်ဖို့ လိုအပ်ပါတယ်။ အင်ဂျင် Compression စစ်ဆေးကြည့်မှ အင်ဂျင်ချွတ်ယွင်းချက် ဖြစ်နေတဲ့ အခြေအနေကို သိနိုင်ပါတယ်။
ကားအင်ဂျင်မှာရှိတဲ့ တချို့ဆလင်ဒါတွေ Compression ကျနေပြီး ဆလင်ဒါတစ်လုံးကတော့ ထူးထူးခြားခြား Compression ဖိအား အလွန်မြင့်တက်နေတယ်ဆိုရင် တစ်ခုခုမှားနေလို့ပါ။ အင်ဂျင် Combustion Chamber ထဲမှာ ကာဗွန်ချိုးတွေ အများကြီး ကပ်နေတာကြောင့် Compression ဖိအား မြင့်တက်နေခြင်း ဖြစ်ပါတယ်။ ကာဗွန်ချိုးဘာကြောင့် တက်လာလဲ။ ပလပ်မီးအား မကောင်းတာလည်း ပါတယ်။ သုံးတဲ့ဓာတ်ဆီက အရည်အသွေးညံ့တာလည်း ပါတယ်။ အပြည့်အဝ မီးလောင်တာမျိုး မဖြစ်ပေါ်တော့ ကာဗွန်တွေ ချိုးကပ်တာ တဖြည်းဖြည်းများလာတယ်။ ဒီလိုဖြစ်တာ အင်ဂျင်အတွက် မကောင်းတဲ့လက္ခဏာပါ။ Compression ဖိအားဆိုတာ များတိုင်းလည်း မကောင်းဘူး။ နည်းနေရင်လည်း မကောင်းဘူး။ ရှိသင့်တဲ့ ဖိအားလောက်ပဲပုံမှန်ရှိနေသင့်တယ်။
Compression ဖိအားကျတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်က အင်ဂျင်မီးခေါက်သံ (Detonation) ဖြစ်မယ်။ Preignitionလို့ခေါ်တဲ့ ပလပ်က မီးပွား မပွင့်ခင်ကတည်းက ကြိုတင်ပြီး ပေါက်ကွဲ မီးလောင်တာမျိုး ဖြစ်ပြီး အင်ဂျင်အတွင်း အပူချိန် မြင့်တက်လာမယ်။ အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ တုန်ခါ ကြမ်းတမ်းနေမယ်။ အင်ဂျင်ပါဝါ ကျဆင်းမယ်။ မီးခေါက်သံထွက်တာ၊ အင်ဂျင်အပူလွန်ကဲတာတွေဖြစ်ရင် အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေ ပျက်စီး ထိခိုက်သွားနိုင်တယ်။
အင်ဂျင် Compression မြင့်တက်လွန်းနေတဲ့ ဆလင်ဒါထိပ်က မီးလောင်ပေါက်ကွဲခန်းထဲမှာရှိတဲ့ ကာဗွန်ချိုးတွေ အရည် ပျော်သွားအောင် Decarbonizing ဓာတုဆေးရည် Chemical တွေ သုံးပြီး ကုစားရပါတယ်။ ဓာတုဆေးရည်နဲ့မရနိုင်ရင် အင်ဂျင် Head ဖွင့်ပြီး Head Servicing လုပ်ပေးဖို့လိုပါတယ်။ အင်ဂျင် Compression Test ဘယ်လို စစ်ဆေးမလဲ။ Compression Gauge တစ်စုံလိုပါတယ်။ အင်ဂျင်အေးနေရင် စစ်ဆေးမှု မမှန်နိုင်ပါဘူး။ အင်ဂျင်ပူနေတဲ့ အခြေအနေမှာ ရှိရပါတယ်။ အင်ဂျင်ဝိုင်ချောဆီလည်း ပူနေပြီး အင်ဂျင်အတွင်းပိုင်းမှာ လည်ပတ်နေတဲ့ အခြေအနေမျိုးဖြစ်ရမယ်။ အင်ဂျင် Compression Test လုပ်နေစဉ် ဆလင်ဒါတစ်လုံးချင်းကို ဖိအား Pressure ဘယ်လောက်ရှိသလဲဆိုတာ တိုင်းတာကြည့်ပြီး နှိုင်းယှဉ်စစ်ဆေးတာပါ။
အင်ဂျင်ဆလင်ဒါတိုင်းမှာရှိတဲ့ Plug များကို Plug Spanner နဲ့ ချွတ်ပါ။ Spark Plug တပ်ဆင်တဲ့ အပေါက်မှာပဲ Compression Gauge ကိုတပ်ဆင်ပြီး အင်ဂျင် ကရိုင်းရှပ်ကို လှည့်ပေးရပါတယ်။
ဓာတ်ဆီအင်ဂျင်ဖြစ်တာကြောင့် မီးအန္တရာယ်ကင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။ အင်ဂျင်မီးပေးစနစ်က မီးပွားမထွက်အောင် Ignition Fuse ကို ဖြုတ်ထားပါ။ Ingition Control Module ကို ဝါယာ အဆက်အသွယ် ဖြတ်တောက်ထားပါ။
🔸 Fuel System အလုပ်မလုပ်နိုင်အောင် ဓာတ်ဆီပန့် (Fuel Pump)
ဖျူးစ်ကို ဖြုတ်ထားပါ။-
🔸 သရော်တယ် တံခါးကို အဆုံးဖွင့်ထားပါ။
🔸 ကားသော့ဖွင့်ပြီး စက်နှိုးမော်တာဆွဲ၍ အင်ဂျင်ကို ဆယ်ပတ်ခန့်
လည်အောင် လှည့်ပေးပါ။
🔸 ဆလင်ဒါတစ်လုံးချင်းစီ၏ ဖိအားပမာဏကို မှတ်သားထားပါ။ဆလင်ဒါ
တစ်လုံးချင်းစီ၏ Compression ဖိအား ကွာခြားမှုသည် (၁၀)ရာခိုင်နှုန်းထက်
မပို့သင့်ပါ။
🔸 Compression ဖိအားသည် အနည်းဆုံး 100 psi ရှိရပါမည်။
ထိုပမာဏထက် နည်းနေပါ အင်ဂျင် မလုံတော့ပါ။
တစ်ခါတစ်ရံ Compression ဖိအားလုံး၀မပြသော အခြေအနေမျိုးနှင့် ကြုံရတတ် သည်။ အင်ဂျင် Compression လုံး၀ကျင်ဆင်းနေသော အကြောင်းရင်းများမှာ -
🔸 ပစ္စတင်ပျက်စီးနေခြင်း
🔸 ဗားမလုံခြင်း၊ ဗားကောက်နေခြင်း၊ ဗားထောက်နေခြင်း
🔸 ဗားစပရိန် ကျိုးနေခြင်း
🔸 ပစ္စတင် Ring ကွင်းကျိုးနေခြင်း
🔸 ဂတ်စ်ကတ်မလုံခြင်း၊ ပြတ်နေခြင်း
🔸 အင်ဂျင် Head Bolt ချောင်နေခြင်း
🔸 ကမ်ရှပ် (Camshaft) ပွန်းစားမှုများလွန်၍ ဗားမပွင့်နိုင်ခြင်း
🔸 ဗား Seat အထိုင်လုံး၀မလုံတော့ခြင်း
အင်ဂျင်တစ်လုံး Compression ကျခြင်း၊ မမှန်ခြင်း Compressor Pressure မြင့်တက်နေခြင်းများသည် ချွတ်ယွင်း အားနည်းချက်ရှိသော အခြေအနေများ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ အင်ဂျင်တစ်လုံးရဲ့ လုပ်ဆောင်ချက်များ မမှန်တော့ဘဲ အင်ဂျင် ပါဝါစွမ်းအားများသည် ကျဆင်းနေပါမည်။ Compression Test လုပ်ကြည့်မှသာ ချွတ်ယွင်း အားနည်းချက်များကို သိနိုင်ပြီး လိုအပ်တာတွေကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။
credit - ဆရာမာစတာ(စက်မှု)
#ကားအကြောင်း
ကျင့်သားရ မောင်းနှင်မှု
Used to ဖြစ်လာမှုနဲ့အတူ
ပူးတွဲပါလာသော
ယာဥ်မတော်တစ်ဆ ထိခိုက်မှုများ -->>
- အမြန်လမ်းမှာ
ခပ်စိတ်စိတ် ဖြစ်လာနေပါပြီ။
---
* ယာဥ်ပေါ်ပါသူအားလုံး
ခါးပါတ်ပတ်ထားပါ။
* မှန်ပိတ်မောင်းမောင်း
မှန်မပိတ် ပဲ မောင်းမောင်း
မိမိကားရဲ့ အမြန်နှုန်းကို
ခန့်မှန်းတတ်ရမည်။
* အမြန်လမ်းကိုစမောင်းပြီဆိုပါစို့!
မြို့တွင်းမှာ မောင်းတာထက်
ပိုမြန်ရသည်မှာ သေချာသည်။
စမောင်းမောင်း ချင်း
သတိထားကြသည်။
ဂရုစိုက်ကြသည်။
၁၅ မိနစ်လောက်ကြာအပြီးတွင် လမ်းအထာနဲ့ကားအထာ နေသားကျသွားပြီဟု
ခံစားမိရလိမ့်မည်။
လမ်းလည်းရှင်း / ကားလည်းရှင်းလာသောကြောင့်
စိတ်လက်ပေါ့ပါးလာမည်။
စိတ်ချလက်ချ ပိုဖြစ်လာမည်။
မြို့တွင်းမှာလိုအရှောင်အတိမ်း ဂျက်ဆီဂျိမ်းဘို့မလို
ဘရိတ်လည်း ခဏခဏမနင်းရတော့ လုပ်စရာအလုပ်သိပ်မရှိတော့။
ကြာလာသည်နဲ့အမျှ ပျင်းစရာကောင်းလာသည်။
ကီလို ၁၀၀ အေးဆေးပါ
ဖြစ်လာမည်။
ဘယ်လောက်မောင်းမောင်း
ဘယ်လောက်ကြာကြာ
ရှေ့မြင်ကွင်း
ဘေးမြင်ကွင်း
နောက်မြင်ကွင်း
ဒီအတိုင်းတွေချည်းပဲမို့
ထူးခြားမလာ၊
ထူးခြားလာသည်က
မိမိကားရဲ့ မြန်နှုန်းက
မသိမသာ ပိုမြန်လာတတ်သည်ကို ကားမောင်းသူကိုယ်တိုင်မသိနိုင်တော့ပေ။
*** ထို့ကြောင့်
Over Km များနဲ့အဖမ်းခံရတာများကြလေသည်။
----
ရန်ကုန် - နေပြည်တော် -
မန်း အမြန်လမ်းဆိုသော်လည်း
2 Lane သာရှိသောလမ်းဖြစ်ပါသည်။
ကွန်ကရစ်အခြေခံလမ်းဖြစ်သည်။
ကတ္တရာလမ်းအားလုံးမဖြစ်သေးပေ။
အရင်ထက်တော့ ကတ္တရာပိုခင်းလာပါပြီ။
---
မိမိကား ဘယ်လောက်မြန်နေပြီလဲဆိုတာ ဒိုင်ခွက်မကြည့်ပဲ
လမ်းဘေးက မိုင်တိုင်များနဲ့အကဲခတ်ကြည့်သော်
၁မိနစ် = ၁မိုင်လောက်ခရီးပေါက်နေသည်ကို တွေ့ရပေမည်။
--
ပေးချင်တဲ့ သတင်းစကား
ခုမှ လာပါပြီ။
သေချာ မှတ်သားထားပါလေ။
---
တစ်မိနစ်တိုင်း ၁မိုင်ရောက်နေတဲ့ကားလေး
၁နာရီ=မိုင်၆၀ ပေါ့။
Km နဲ့ သက်လားသော် 100km နီးနီးရှိနေမည်။
-------
သတ်မှတ်မိုင်နှုန်းကိုပဲစံထားတွက်ပြရသော်
100 Kmh = 62.5 Mph
အတိအကျရပါမည်။
----
လမ်းအကျယ် သည် ၂၅ပေခန့်ပဲရှိနိုင်ပါသည်။
ဖော်မြူလာလေးတစ်ခုတွက်ချင်လို့ ၂၂ ပေထားလိုက်မည်။
---
တစ်နာရီ = 60မိုင်မောင်းနေတဲ့ကားတစ်စီးနဲ့ ပုစ္ဆာတွက်လိုက်မည်။
-
၁နာရီ မိုင် ၆၀သွားနေတဲ့ကား
၁မိနစ် မှာ = ၁မိုင်
၁စက္ကန့် မှာ = ၈၈ ပေ
သွားနေတာ / ပြေးနေတာ
သေချာနေပြီ ခင်ဗျာ -!
---
တွက်လို့လွယ်အောင်
လမ်းအကျယ် ၂၂ ပေဆိုတော့--??
---
မတော်တစ်ဆ ထိခိုက်မယ်
ဘေးဆွဲသွားမယ်
ဆိုပါက
၁စက္ကန့်မှာ ၈၈ပေ
အတိုင်းသွားတာမို့
လမ်းအကျယ်ရဲ့ ၄ဆလောက် ရောက်သွားမှာအသေအချာမို့
SUV / 4wd ကားများ
ဝေးဝေးကိုလိမ့်သွားတာမြင်ဘူးကြမှာပါ။
--
၁စက္ကန့် အတွင်းပြင်ဆင်
ချိန်မရပါ။
ဖြစ်ပြီးမှ အိပ်မက်လိုပြန်သိရသူတွေချည်းရှိကြပါသည်။
---
ကွန်ကရစ် နဲ့ ကားတာယာ
သနပ်ခါးတုံး နဲ့
ကျောက်ပျဥ် လိုပဲ သတိထားပါ။
----
နိဂုံးချုပ်ကတော့
၁စက္ကန့်ကို ၈၈ ပေ သွားနေတာ သင်သိထားပါ။🤔
Credit to Thet Win Fb
💥သတိပြုဆင်ခြင်ဘေးကင်းပါစေရန်ရည်ရွယ်
မျှဝေခြင်းဖြစ်ပါသည်။
ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်"
မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ
"လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"
မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန် တကျွီကျွီ
မြည်တာက ဘရိတ်ရှုးအသားနဲ့
ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန်
တဂျောက်ဂျောက်မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ်
( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်
အသံထွက်နေတယ်၊
ဘရိတ်မှေးထားရင်
ပျောက်တယ်ဆိုတာက
ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခု
ရောက်လာချိန်မှာ
တစ်စီးလုံးတုန်လာတာ၊
ရှေ့ယက်ကားတွေမှာဆိုရင်
အတွင်းဒူးဆစ်ခွက်တွေ
စားနေတာကြောင့်
အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင်
ညာမောင်းဆိုရင်
ဘယ်ဘက်က
ဂန်းရှပ်ဖ် ရိုက်သံကြားရ၊
ဘယ်မောင်းဆို ညာဘက်က
ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း
တဒုန်းဒုန်းတဒိုင်းဒိုင်း
ဖြစ်နေတာကတော့
ရှော့ဘားတွေ
ထောက်တန်းဘွတ်တွေ
ရှော့ဘားအထိုင်တွေ
မကောင်းတာကြောင့်
ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊
ဘောဂျွိုင်းအသံတွေ
မြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့
သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ
ကားမောင်းနိုင်ကြပါစေဗျာ။
Credit.Original
ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ
ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။အဲကွန်းအလွန်အကျွံမသုံးပါနဲ့
ကားတစ်စီးရဲ့အဲကွန်းကိုအလွန်အကျွံအသုံးပြုခြင်းကလည်းကားရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။ ကားအဲကွန်းကို နံပါတ်အမြင့်ဆုံနဲ့ဖွင့်ထားလို့ အတွင်းခန်းမှာအေးနေပေမယ့် ကားရဲ့အပြင်ဘက်အစိတ်ပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက်မြင့်နေတဲ့အတွက် ကားအပူချိန်ကိုမြင့်တက်နေစေပါတယ်။ အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ၊ အဲကွန်းကို သုံးလိုက်၊နားလိုက်မကြာခဏလုပ်ပေး တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။
၂။ဘက်ထရီသေချာတွဲပါ
ဘက်ထရီကလစ်တွေကိုသေချာတွဲဆက်ထားပါ။ ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဘက်ထရီကြိုးတွေကဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ် ခုတည်းမှာ ကြိုးတွေစုပြုံပြီးတပ်ထားရင်အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကိုသေချာ တပ်ဆင်ပါ။ငုတ်တစ်ခုကြိုးတစ်ချောင်းသာတပ်ဆင်ပေးပါ။ကြိုးဆက်ရှိနေတဲ့ ၀ါယာကြိုးဟောင်း၊ကြိုးအစွေးတွေ အသုံးပြုခြင်းရှောင်ပါ။
၃။အင်ဂျင် Coolant ရေသတိပြုပါ
ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ရက်လွန်နေရင် စွမ်းဆောင်ရည်ကင်းမဲ့သွားပါတယ်။အင်ဂျင်ကိုအအေးပေးဖို့အထောက်အကူမပြု တော့တဲ့အပြင် အင်ဂျင်ကိုပါပျက်ဆီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင်လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေပါတယ်။ အင်ဂျင်Coolant ရည်ကိုအမြဲစစ်ဆေးပေးသင့်ပါတယ်။
၄။တာယာလေဖိအားစစ်ဆေးပါ
တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအားပမာဏကိုတာယာအရွယ်အစားအလိုက်၊ကားအ မျိုးအစားအလိုက်သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက် လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့လေဖိအားအောက် အနည်းငယ်လျော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာ တွေရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။
၅။အင်ဂျင်ရေတိုင်ကီသတိပြု
အင်ဂျင်ရေတိုင်ကီထဲမှာရေအလုံလောက်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ရေတိုင်ကီ တွေထဲမှာ ရေဝင်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကိုသယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားလျော့ကလာစေပါတယ်။ဒါဆိုရင်တော့အင်ဂျင်အပူချိန်မြင့်တက်လာပါလိမ့်မယ်။အဲဒါကြောင့်ကားအင်ဂျင် ရေတိုင်ကီထဲက ရေပမာဏကိုအမြဲစစ်ဆေးပေးသင့်ပြီးလိုအပ်ပါကဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။
အထက်ပါနည်းလမ်းတွေအပြင် ကားကိုရပ်နားချိန်မှာ အရိပ်အတွင်းရပ်နားတာ၊မောင်းနှင်နေချိန်မဟုတ်ဘဲအဲ ကွန်းဖွင့်သုံးတာတွေကိုရှောင်ရှားတာ စတဲ့အချက်တွေဖြင့်ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။
ကားတစ်စီး၏ မရှိမဖြစ် fluid (၆) မျိုး
ကားတွေကို စတင်တီထွင်တဲ့အချိန်ကစလို့ အခုချိန်ထိလူတွေဟာ ကားမောင်းရတာ ပိုချောမွေ့ပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
အခုခေတ်ရဲ့ နောက်ဆုံးပေါ်ကားတွေမှာတောင် ကားဘယ်လောက်ကောင်းကောင်း သေချာဂရုစိုက်မွမ်းမံနေမှသာ ချောချောမွေ့မွေ့မောင်းနှင်နိုင်ပြီး ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်...
ဒါကြောင့် ကားတွေမှာ ဂရုစိုက်ဖို့ အလိုအပ်ဆုံးက essential fluids တွေဖြစ်ပြီး ဘာလို့အရေးကြီးလဲဆိုတော့ သူတို့ကိုမှန်ကန်တဲ့ level ရောက်အောင် အမြဲ check up လုပ်နေရုံနဲ့ ကားမောင်းနှင်ရတာ အဆင်ပိုပြေစေပြီး အင်ဂျင်လည်ပတ်မှုစနစ်ကိုလည်း အထောက်အကူအများကြီးပြုလို့ပါ။
1. အင်ဂျင်ဝိုင်
FUEL ပြီးတာနဲ့ အင်ဂျင်ဝိုင်က ကားအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးအပါဆုံး fluid ဖြစ်ပါတယ်။ အင်ဂျင်ထဲက အစိတ်အပိုင်းတွေအကုန်လုံးဟာ အင်ဂျင်အလုပ်လုပ်နေတာနဲ့အမျှ လည်ပတ်လှုပ်ရှားနေရတာပါ။ ဒါကြောင့် သူတို့ကို ချောချောမွေ့မွေ့လည်ပတ်စေဖို့ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ပြီးလဲလှယ်ပေးရပါမယ်။
2. Coolant
အင်ဂျင်ဟာ combustion တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပေါ်တဲ့အတွက် အပူတွေအများကြီးထွက်ပါတယ်။ Antifreeze ခေါ် Coolant တွေက engine ကအပူတွေကိုစုပ်ယူပေးတဲ့အပြင် overheating မဖြစ်အောင် အပူကို radiator ကတစ်ဆင့် ဖြတ်စီးပြီး ထွက်စေပါတယ်။
3. Power Steering Fluid
Classic car မောင်းဖူးရင် ကား steering အရမ်းလေးတာကို သတိထားမိမှာပါ...
နောက်ပိုင်း modern cars တွေကတော့ power steering upgrade လုပ်ထားပြီး ဘယ်လိုအရှိန်မျိုးမှာမဆို အလွယ်တကူကွေ့နိုင်အောင် ပြုလုပ်ထားပါတယ်။
Power steering system က hydraulic တွေပဲများပါတယ်၊ ကွေ့တဲ့အချိန်မှာ pressurized fluid သုံးပြီး တစ်ချို့ model အသစ်တွေမှာတော့ electric steering သုံးတတ်ပါသေးတယ်။ Steering fluid ကိုလည်း ကွေ့ရလွယ်အောင် ၊ Steering မလေးပဲ smooth ဖြစ်ဖြစ်မောင်းနိုင်အောင် အချိန်တန်ရင် စစ်ဆေးလဲလှယ်ပေးရပါတယ်။
4. Brake fluid
ကားမှာ ဘရိတ်အရေးကြီးတာကတော့ အထူးတလည် ရှင်းပြစရာမလိုပါဘူး။ နောက်ပိုင်းကားတွေမှာ hydraulic brakes တွေသုံးပါတယ်၊ pedal ပေါ်ကိုနင်းလိုက်တာနဲ့ plunger ဟာ ဘရိတ်ဆီကိုဖိအားပေးတာကြောင့် brake pads တွေ အလုပ်လုပ်ကာ ကားကိုနှေးစေ/ရပ်စေပါတယ်။ ချက်ချင်းမရပ်တန့်သွားပဲ နှေးတာ သို့မဟုတ် တစ်ခုခုပုံမှန်မဟုတ်ပဲဖြစ်နေတာ ဆိုရင် ဘရိတ်ဆီကို ပထမဆုံးစစ်ဆေးရပါမယ်။
5. Transmission fluid
Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေလည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့စေဖို့ ချောဆီကဲ့သို့ဆောင်ရွက်ပေးပါတယ်။ တစ်ခါထည့်ပြီး တစ်သက်လုံးလဲလှယ်စရာမလိုဘူးဆိုပေမယ့် ဂီယာပြောင်းတိုင်း ထူးဆန်းတဲ့အသံတွေထွက်တာ၊ လျှောလျှောရှုရှူမဖြစ်တာတွေရှိလာရင်တော့ ကားနဲ့မကိုက်ညီတာကြောင့် ပြောင်းလဲအသုံးပြုလိုက်ပါ။
6. Windshield washer fluid
ကားအတွက် ဘာမှအကျိုးမပြုဘူးလို့ထင်ရပေမယ့် တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့အရေးပါပါတယ်။ အားလုံးထဲမှာ စစ်ဆေးရလည်းအလွယ်ကူဆုံးဖြစ်ပါတယ်။
Credit Original Upload
ABS က ဘာလဲ ဘယ်လို အလုပ်လုပ်တာလဲ လာလာမေးနေကြလို့။
ABS ( Anti-lock Braking System) အကြောင်း လေး အနည်းငယ် ပြောပေးသွားပါ့မယ်။
ယနေ့ခေတ် မော်တော်ကားများ၊ ဆိုင်ကယ်များမှာ ABS စနစ်ကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ ABS ဆိုတာ Anti-lock Braking System ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ မော်တော်ကားမှာအသုံးထားတဲ့ ABS စနစ်ဟာ မော်တော်ကားကို ရပ်တန့်စေရန်အတွက် ဘရိတ်နင်းလိုက်တဲ့အခါ ဘီးများလုံးဝမလည်ဘဲ လမ်းချော်ရပ်တန့်ခြင်းမှ ကာကွယ်တဲ့စနစ်ဖြစ်ပါတယ်
ABS မပါသောကားများမှာ အန္တရာယ်တခုခုကြုံလာလို့ ဘရိတ်ကို အဆုံးထိ ရုတ်တရက်နင်းလိုက်တဲ့အခါ ကားဘီးများလုံးဝမလည်တော့ဘဲ လော့ဖြစ်ပြီး ကားဘီးစလစ်ကြောင့် လမ်းချော်တတ်ပါတယ်။ ဒါကြောင့် ကားရဲ့ဘရိတ်စနစ်မှာ ABS စနစ်ကို ထည့်သွင်းအသုံးပြုတာဖြစ်ပါတယ်။
ဘရိတ်နင်းလိုက်တဲ့အခါ ABS စနစ်က miliစက္ကန့်အတွင်း ဘရိတ်ကိုအကြိမ် များစွားဖမ်းလိုက် လွှတ်လိုက်လုပ်ပေးပြီး ကားအရှိန်ကို လျော့နည်းစေကာ ကားမောင်းသူမှ ကားကိုပိုမိုထိန်းချုပ်နိူင်အောင် ကူညီပေးပါတယ်။
ABS စနစ်မှာ Skit Control ECU (ABS ECU)၊ Pump Motor (ABS မော်တာ)၊ Valve Solenoid (ဆိုလိုနှိုက်)၊ Wheel Speed Sensor (ဘီးလည်ပတ်မှုအာရုံခံဆင်ဆာ) တို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ Skit Control ECU ၊ Pump Motor နဲ့ Valve Solenoid တွေကို တစုစည်းတဲ့ တပ်ဆင်အသုံးပြုထားတဲ့အတွက် ABS မော်တာမှာပြသနာရှိတာဖြစ်ဖြစ်၊ ဆိုလိုနှိုက်တွေမှာ ပြသနာရှိနေတာဖြစ်ဖြစ် ABS အုံလိုက်လဲရင် ပိုကောင်းပါတယ်။
ကားဘီးတွေရဲ့လည်ပတ်မှုကို အာရုံခံပြီး ABS ECU ကို Speed Sensor တွေက သတင်းပို့ပါတယ်။ ဘရိတ်နင်းလိုက်တဲ့အခါမှာ ကားဘီးတွေရဲ့လည်ပတ်နှုန်းပေါ်မူတည်ပြီး ဘရိတ်ဆီရဲ့ဖိအားကို လိုသလိုထိန်းချုပ်ပြီး ကားကိုရပ်တန့်စေပါတယ်။
ABS စနစ်မှာ ချို့ယွင်းချက်ဖြစ်လာပြီဆိုရင် ဒိုင်ခွက်မှာ ABS မီးလင်းလာပါတယ်။ မီးလင်းလာရင် ABS စနစ်က အလုပ်မလုပ်တော့တဲ့အတွက် လမ်းချော်ခြင်း၊ ကားဘီးတုန့်ခနဲ့ရပ်တန့်ခြင်းတွေဖြစ်ပြီး အက်ဆီးဒင့်ဖြစ်နိူင်ပါတယ်။ ဒါကြောင့် နီးစပ်ရာ ကားဝပ်ရှော့မှာ အမြန်ဆုံးပြုပြင်ပေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။
ကားဈေးကွက်အပေါ်သက်ရောက်နိုင်မှု့။
➖➖➖➖➖➖➖➖➖➖➖➖➖
1️⃣ SKD လို့ ကားလောကမှာ ခေါ်ဝေါ်တဲ့
တပ်ဆင်ထုတ်လုပ်မှု့ကို MIC( ရင်းနှီး
မြှုပ်နှံမှု့)မှ နှစ်အလိုက်ခွင့်ပြုအစီးရေ
၏ ရာခိုင်နှုံးတစ်ခု(ဥပမာ-၅၀%)သာ
ထုတ်လုပ်တပ်ဆင်ဖို့ ခွင့်ပြုမိန့်အရင်
ပေးပါတယ်။(ခွင့်ပြုလို့ရသော Brand)
MIC ခွင့်ပြုမိန့်ရသော အစီးရေပမာဏ
ကိုသာ စီးပွားကူးသန်းဝန်ကြီးဌာန မှ
တင်သွင်းခွင့်လိုင်စင်ထုတ်ပေးခြင်းမျိုး
ယခုဆောင်ရွက်ပေးနေခြင်းပါ။
2️⃣CBU လို့ ကားလောကမှာ ခေါ်ဝေါ်တဲ့
ကားအစင်းလုံးလိုက်တင်သွင်းခွင့်ကို
တော့ ကားမှအစပြုလို့
ကားများပါအပါ လူစီးအသုံးပြု
Passenger ကားများအား တင်သွင်းခွင့်
ယခုကာလ #လုံးဝ( #လုံးဝ)ခွင့်ပြုပေး
ထားခြင်း မရှိသေးပါ။(အချိန်တစ်ခုမှ
သာခွင့်ပြုဖို့စဥ်းစားပေးပါလိမ့်မည်။)
3️⃣လုပ်ငန်းသုံးကားအမျိုးအစားအတွက်
ကားအသစ် တစ်မျိုးတည်းကို သာ
(လုပ်ငန်းသုံးကား) အစီးရေ အကန့်
အသတ်ဖြင့် တင်သွင်းခွင့်ပြုထားပေး
နေခြင်းပါ။
4️⃣ EV လို့ ကားလောက ခေါ်ဝေါ်ကြတဲ့
လျှပ်စစ်ကားတပ်ဆင်/တင်သွင်းခြင်း
ကို တော့ မူဝါဒရေးဆွဲ ပြင်ဆင်အပြီး
တွင်မည်သို့ တင်သွင်းရမည်ကို ထုတ်
ပြန်ချိန်မှသာတိကျရေးရာပါလိမ့်မည်။
(တင်သွင်းခွင့်ပြုပါရန် တောင်းခံနေ
သော Company အချို့ရှိနေပါသည်။)
5️⃣ မည််သို့ပင်ဆိုစေကာမူ တင်သွင်းခြင်း
ထက် တပ်ဆင်ထုတ်လုပ်ခြင်း ထုတ်
လုပ်နိုင်မည့် လုပ်ငန်းစဥ်ကိုသာ ဦးစား
ပေးဆောင်ရွက်အကောင်အထည်ဖော်
စတင်ဖို့ ဝန်ကြီးဌာနအနေဖြင့် ဆန္ဒရှိနေ
ပါသည်။(တင်သွင်းဖို့အခွင့်အရေးနည်း)
6️⃣ တပ်ဆင်ထုတ်လုပ်ခွင့်ပြုသော Brand
SKD သမားများအနေဖြင့်လည်း တင်
သွင်းခွင့် လိုင်စင်(ပါမစ်)သက်တမ်း
တစ်ခု အတွင်း(ဥပမာ- ဘတ်ဂျက်နှစ်
အကုန်အပြီး)အပြီးပြတ်တင်သွင်းနိုင်
ဖို့ ဘက်စုံကြိုးပမ်းရမည့်
တစ်ခုသည် စိန်ခေါ်မှု့တစ်ရပ်ပင်ဖြစ်
ကောင်းဖြစ်လာနိုင်ပါလိမ့်မည်။
7️⃣ မူရင်းထုတ်လုပ်ရောင်းချသောနိုင်ငံ၏
ရောင်းချပင်ရင်းဈေးသည်မှာလည်း
ယခုကာလတွင် မြင့်တတ်လျှက်ရှိနေ
ပါသည်။
#အချုပ်အားဖြင့်ကားဈေးကွက်ကိုသုံးသပ်ရမည်ဆိုခဲ့သော် -
▶️ SKD ကားအသစ်များ၏ ဈေးအဖွင့်သည် ယခင် ကာလဈေးအဟောင်းထက် အနည်းငယ်သောပမာဏ ပိုမိုမြှင့်တင်ဖွင့်လာနိုင်ပြီး ကားအစီးရေ ပမာဏအချို့ ဈေးကွက်အတွင်းသို့ ထွက်ရှိလာနိုင်၍ အသုံးပြုပြီးသော SKD ကားဟောင်းများသည် ယခုကာလဈေး အောက် အနည်းငယ်(ပမာဏတစ်ခု) အောက်ဆင်း ရောင်းချလာနိုင်ပါလိမ့်မည်။
▶️ JDM ခေါ် ဂျပန်ကားအဟောင်း(ညာမောင်း)များသည် လိုအပ်ချက်အရ ဝယ်ယူအသုံးပြုနေရသောကားများသည်
ဈေးကွက်အပြောင်းအလဲ မကြမ်းနိုင်ဘဲ
ရောင်းရ၊ဝယ်ရခက်လာသောအခြေအနေ
တွင် ငွေကြေးလိုအပ်ချက်အရသာ ဈေးချရောင်းလာနိုင်ပြီး အဝယ်လိုအပ်ချက်အရ
#ဈေးပေး ဝယ်ယူရမည့် ကာလဖြစ်လို့လာနိုင်ပါလိမ့်မည်။
☑️ #မှတ်ချက်
မိမိ့အသုံးပြု၍ #အသုံးဝင်နေသော မည်
သည့်ကားမှ လေလှိုင်းထဲမှ လေသံဖမ်း
တရားနာ၍ မလိုအပ်ဘဲရောင်းချခြင်းမျိုး
မပြုခြင်းဖြင့် ကားပေါ်နေသူမှဆိုက္ကားပေါ်
မရောက်ရှိအောင် ကူညီခြင်းဖြင့်ကုသိုလ်
ယူတော်မူကြကုန်လေသတည်း။
ကျော်စွာထွန်းမြင့်။
(နေပြည်တော်)မှ
ရေးသားနေသည်။
၂၂.၉.၂၀၂၂
ကားဈေး ကတော့ အေးအေး
လေးနဲ့ဆင်းလာပါပြီး
ဒီနေ့ဈေးက ၆/၇လပိုင်းကဝယ်ထားတယ်ကားဆို အရင်းရနိုင်ပါတယ်
၈/၉လပိုင်းမှာ ဝယ်လိုက်တယ်ကားဆိုရင်တော့ ၅သိန်း/၁၀သိန်း အရှူံး
ခံနိုင်ရင် ရောင်းထွက် ပါတယ်
ကျွန်တော့ဆိုလို ချင်တာက ကားဝယ်ရောင်းများကိုပါ ၄/၅လပိုင်းကမှ ကားဝယ်စီးတယ်ဆိုရင် တော့ အခုနေပြန်ရောင်းရင် မြတ်နိုင်ပါသေးတယ်
ကောင်းတော့ ကောင်းတယ် ဗျ
ဘာလို လဲဆိုတော့ ၈/၉လဆန်းက
အများစု ကား ဝယ်လိုမရလို ဈေး တွေ
သူ့ထက်ငါပေးရင်း
အိမ်စီးကား အများစု အရောင်းမရှိ
တစ်စီးတစ်လေး ဝယ်ရောင်းကဝယ်လို့ရခဲ့ရင်လည်း နောက်ဝယ်ရောင်းက အမြတ်ပေးပြီးပြန်ဝယ် ပြန်ဝယ်နဲ့ ဝယ်ရောင်းလက် ထဲမှာဘယ် ၇၅သိန်းလောက် တက်သွားပါတယ်
ကိုတွေ့ Toyota wish Xz 2003
Pearlwhite/Kတန် ကို ၂၂.၈.၂၀၂၂
မနက် ၃၁၂သိန်းဖြစ် ဝယ်ရောင်းထံမှ ဝယ်ရောင်းပြန်ဝယ်ပြီ
၂၆.၈.၂၀၂၂နေတွင် ထိုကားကိုဘဲ
ဝယ်ရောင်ထံမှ ဝယ်ရောင်းကပြန်ဝယ် ၃၄၈သိန်းဖြစ် ထိုကားကိုဘဲ ၂.၉.၂၀၂၂နေတွင် ၃၇၅ ဖြစ် ဝယ်ရောင်းမှ ပြန်ဝယ်ပြီ ကနေ ၄၁၅သိန်း ခေါ်ဈေးဖြစ် ရောင်းနေတာ ပြန်မထွက်ပေးပါဘူး ၈လပိုင်း မှာ ဝယ်ရောင်းအချင်းချင်းဝယ်ရောင်း ပြန်ပြန်ဝယ်နေကြ ရောင်းနေရင်ကို ကားဈေး တွေပါလာတာ ဒီနေတော့ အိမ်စီး
အများစု ငါကားလေးပြန်ရောင်း
ရင် ဘယ် လောက်ရနိုင်လဲ
ဆိုပြီးဖုန်ဆက်မေးလာသူ ၄/၅ဦးရှိပါတယ် onlineပေါ် မှာလဲ
သူထက်ငါ ကားအရောင်း post
တင်နေတာ တွေနေရပါတယ်
ပိုဆိုးတာ သိသာတာ ကတော့
Honda fit ge6တွေပါ
၇/၈လဘိုင် မှာ အရောင်း မရှိသ
လောက် ရှားပါးပြီး ဒီနေမှာတော့
Model စုံ အရောင်စုံ လိုင်းပေါ်မှာ
တွေ နေရပါပြီး
အခြေ အနေလေးတော့ စောင့်ကြည့်
ရအုံးမည်
Soe than ကန်တော်ရိပ်
🔹 ကားတာယာ အကြောင်း🔹
အလွိုင်း (Alloy)
အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
တာယာဆိုသည်မှာ
တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ် သည်။
ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။
195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။
65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။
R သည် Tire Construction ဖြစ်သည်။
91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။
စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။
Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစသည်။
A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။
Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ် သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။
🔹 တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်🔹
ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို
အသုံးပြု့ သူတွေလည် မသိတဲ့အတွက်
တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ
ဒါမှမဟုတ်
မိမိဘာသာ စစ်ဆေးပြီးဝယ်တာက
ပိုပြီးစိတ်ချရပါတယ်
ဥပမာ= 65 HR13 =ကားသမားတွေ
ခေါ်တာကတော့ နောက်ဂဏန်းကို
ယူပါတယ် 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်)
ရှေ့က HRကျတော့ သိတဲ့လူရှိသလို
ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ
H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်
R=တာယာအမျိုးအစား
တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ...
1= ထုတ်လုပ်သည့် နိူင်ငံ
2= ထုတ်လုပ်သည့် ခုနှစ်
3= ဥတုသုံးပါး သုံးလို့ရလား
4= မြန်နှုန်းခံနိူင်ရည်
5= EECအသိမှတ်ပြုကုဒ်
6= အမျိုးအစား
တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ....
L = ၁နာရီ 75မိုင်
M = ၁နာရီ 81မိုင်
N = ၁နာရီ 87မိုင်
P = ၁နာရီ 95မိုင်
Q = ၁နာရီ 100မိုင်
R = ၁နာရီ 105မိုင်
S = ၁နာရီ 113မိုင်
T = ၁နာရီ 118မိုင်
H = ၁နာရီ 130မိုင် *
♦ မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏
အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်
၁။ ကလပ်နင်းချိန် ပြသော အချက်ပြမီး
၂။ ဘရိတ်နင်းချိန်ပြသော အချက်ပြမီး
၃။ စတီရာရင် လော့ချအချက်ပြမီး
၄။ မီးကြီးထိုး အချက်ပြမီး
၅။ တာယာ လေပေါင် ဖိအားနည်း အချက်ပြမီး
၆။ ဘေးမီးဖွင့် အချက်ပြမီး
၇။ မီးကြီး၊တွဲမီး၊Signalမီးသီး ပြသနာရှိ အချက်ပြမီး
၈။ ဘရိတ်မီး ပြသနာရှိ အချက်ပြမီး
၉။ နှင်းတောမောင်းနှင် အချက်ပြမီး
၁၀။ ထူးခြားသတင်း အချက်အလက် အချက်ပြမီး
၁၁။ ဒီဇယ် အပူပေး အချက်ပြမီး
၁၂။ ရေခဲမှတ် အချက်ပြမီး
၁၃။ စက်နိုးခြင်း ပြသနာရှိ အချက်ပြမီး
၁၄။ ကားထဲ သော့ မရှိ အချက်ပြမီး
၁၅။ သော့ထဲက ဓာတ်ခဲ အားနည်း အချက်ပြမီး
၁၆။ ရှေ့ကားနဲ့ နီး အန္တရာယ်ရှိ အချက်ပြမီး
၁၇။ ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် အချက်ပြမီး
၁၈။ မီးကြီးချိန် အချက်ပြမီး
၁၉။ မီးကြီးချိန် ထောင့်ချိုးချိန်ညှိ အချက်ပြမီး
၂၀။ ကားနောက် စပွိုင်လာ-အမှီး ပြသနာရှိ အချက်ပြမီး
၂၁။ အမိုးဖွင့် ပိတ် ပြသနာရှိ အချက်ပြမီး
၂၂။ ရှေ့ လေအိတ် ပိတ် အချက်ပြမီး
၂၃။ လက်ဆွဲ ဘရိတ် အချက်ပြမီး
၂၄။ ရှေ့ နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၅။ ပါဝါ စတီရာရင်(steering) စနစ် ပြသနာရှိ
အချက်ပြမီး
၂၆။ နောက် နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၇။ ဝိုက်ဘာရေနည်း အချက်ပြမီး
၂၈။ ဘရိတ်ရှူးပြားပါး အချက်ပြမီး
၂၉။ လီဘာနင်းရန် မလို အရှိန်ထိန်း အချက်ပြမီး
၃၀။ ဘယ်/ညာ အချက်ပြမီး
၃၁။ အလင်းနှင့် မိုး အာရုံခံ ဆင်ဆာ ပြသနာရှိ အချက်ပြမီး
၃၂။ ဆီfilter ရေရှိ အချက်ပြမီး
၃၃။ လေအိတ်ပိတ် အချက်ပြမီး
၃၄။ စက် သို့ လျှပ်စစ် ပြသနာရှိ အချက်ပြမီး
၃၅။ မီးကြီးချ အချက်ပြမီး
၃၆။ လေစစ် လဲရန် အချက်ပြမီး
၃၇ ။ ပါကင်ထိုးအာရုံခံ အချက်ပြမီး
၃၈။ ဒီဇယ် - PDF filter ပြသနာရှိ အချက်ပြမီး
၃၉။ နောက်တွဲ ချိတ် ပလပ်လွတ် အချက်ပြမီး
၄၀။ ကားအောက်ပိုင်း လေအိတ် ပြသနာရှိ အချက်ပြမီး
၄၁။ လမ်း အချက်ပြ ထောက်ပံ့ စနစ် အချက်ပြမီး
၄၂။ အိတ်ဇော ခဲမှတ် ပြသနာရှိ အချက်ပြမီး
၄၃။ ထိုင်ခုံ ခါးပတ် အချက်ပြမီး
၄၄။ ပါကင်ထိုး အချက်ပြမီး
၄၅။ ဘက်ထရီ charging ပြသနာရှိ အချက်ပြမီး
၄၆။ ဆီစားနည်း အချက်ပြမီး
၄၇။ ကုန်းဆင်း ထောက်ပံ့ အချက်ပြမီး
၄၈၊ အင်ဂျင် အပူလွန်ကဲ အချက်ပြမီး
၄၉။ Anti-log brake စနစ် ပြသနာရှိ အချက်ပြမီး
၅၀။ လောင်စာဆီစစ် ပိတ် အချက်ပြမီး
၅၁။ တံခါးဖွင့် အချက်ပြမီး
၅၂။ ရှေ့ဘောနပ်ဖွင့် အချက်ပြမီး
၅၃။ ဆီ ဖြည့်ရန်လိုအပ်သော အချက်ပြမီး
၅၄။ အော်တို ဂီယာဘောက်စ် ပြသနာရှိ အချက်ပြမီး
၅၅။ အရှိန်ထိန်းချုပ်ခြင်း အချက်ပြမီး
၅၆။ ကားအောက်ပိုင်း ပြသနာရှိ အချက်ပြမီး
၅၇။ ရှေ့ မှန် လေပေး အချက်ပြမီး
၅၈။ ကားတည်ငြိမ်မှုထိန်း အချက်ပြမီး
၅၉။ နောက်တံခါးဖွင့် အချက်ပြမီး
၆၀။ အင်ဂျင်ဝိုင် ဖိအားနည်း အချက်ပြမီး
၆၁။ အော်တို Wiper အချက်ပြမီး
၆၂။ အင်ဂျင် ပြသနာရှိ အချက်ပြမီး
၆၃။ မိုးရေ အာရုံခံ အချက်ပြမီး
၆၄။ နောက်မှန်လေပေး အချက်ပြမီး
#အချက်ပြမီး
အခုမှ auto gear ကားစမောင်းမယ်ဆိုရင် ဒီအချက်လေးတွေဂရုပြုပါ
၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။
locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။
၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။
parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။
သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။
၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။
အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။
manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။
ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။
နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။
၄။ အဲလိုပါပဲ မီးပိုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက်် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။
ဒါ့အပြင် plainဂျီး လီီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိိုကုန်သွားပါပြီ။
၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင်် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။
ပြီးတာနဲ့ ဒုံးဆို D ကိိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည််း အမြန်ဆုံးပွန်းစားစေပါတယ်။
transmission band ဆိိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလိို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။
ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ််း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။
လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုုန်တာပါ။
မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …
အခုမှ auto gear ကားစမောင်းမယ်ဆိုရင် ဒီအချက်လေးတွေဂရုပြုပါ
၁။ auto gear က Parking (P) ကိုထိုးတော့မယ်ဆိုရင် ကားကိုလုံးဝဘရိတ်နင်းပြီးရပ်သွားမှ ထိုးပါ။ P ကိုထိုးလိုက်တာနဲ့ transmission ကို သော့ခတ်လိုက်သလိုပါပဲ။
locking pin လို့ခေါ်တဲ့ သံချောင်းဟာ transmission က ဂီယာအသွားတွေကြားထဲ ထိုးပိတ်လိုက်ပါတယ်။ ကားမရပ်သေးဘဲ P ထိုးလိုက်ရင် အဲ့ lock pin ကျိုးနိုင်ပါတယ်။
၂။ အပေါ်ကအချက်လိုပါပဲ auto gear ကို reverse (R) မှ drive (D) ကိုပြောင်းတာဖြစ်ဖြစ် D မှ R ပြောင်းတာဖြစ်ဖြစ် ကားကို ဘရိတ်နင်းပြီး ရပ်သွားမှ ပြောင်းရပါမယ်။
parking ထိုးတဲ့အချိန် ဖြစ်တတ်ပါတယ်။ ကားရှင်းလို့အမြန်ထွက်/ဝင်လုပ်တဲ့အခါ သတိထားဖို့လိုပါတယ်။ ကားရှေ့ရွေ့နေတုန်း R ထိုးတာဖြစ်ဖြစ် နောက်ရွေ့နေတုန်း D ပြန်ထိုးတာဖြစ်ဖြစ်လုပ်မိရင် transmission ထိခိုက်စေပါတယ်။
သဘောက ကားရပ်ပြီးမှ ဂီယာပြောင်းရမှာဖြစ်လို့ transmission က brake လုပ်ရမယ့်အလုပ်ကိုလုပ်ပေးရလို့ပါ။
၃။ ကုန်းဆင်းတွေမှာ neutral မထိုးရပါ။ အငှားယာဉ်မောင်းတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံအနေနဲ့ ဆီစားသက်သာအောင် ကုန်းဆင်းမှာ free ရိုက်တာ အပြစ်မပြောပါဘူး။
အမေရိကန်မှာတောင် အဲ့လိုလုပ်ကြလို့ ပြည်နယ် ၁၅ ခုမှာ ကုန်းဆင်း ဂီယာ N မထိုးရ ဥပဒေ ပါထုတ်ပြန်ထားပါတယ်။ ကုန်းဆင်း N ထိုးရင် ဆီစားသက်သာတာမှန်ပေမယ့် ကားရဲ့ ပြည့်ဝတဲ့ ထိန်းချုပ်မှုမရတော့ပါဘူး။
manual ကားတွေ free ရိုက်တဲ့အခါ safe မဖြစ်သလိုပါပဲ။ ကား ကွန်ပျုတာ ECU ဟာ N မှာရပ်နေတယ်လို့ သိရှိတဲ့အတွက် ကားသွားနေတဲ့ အရှိန်အတိုင်း ဆီမပေးတော့ပါဘူး။
ဆီစားလျော့သွားပေမယ့် transmission အတွက်လိုအပ်တဲ့ ချောဆီ အဝင်အထွက်လျော့နည်းစေပြီး ဂီယာဘောက်စ် အတွင်းပိုင်း ပွတ်တိုက်မှုကနေ ပျက်စီးနိုင်ပါတယ်။
နောက်ပိုင်းကားတွေမှာတော့ ကုန်းဆင်းမှာ D နဲ့သွားရင်တောင် auto ဆီဖြတ်ပေးတဲ့ နည်းပညာတွေ ပါပါတယ်။
၄။ အဲလိုပါပဲ မီးပိုင့်တွေမှာ စောင့်တဲ့အချိန် N ကိုမထိုးရပါဘူး။ မီးပိုင့်မှာ D နဲ့ brake နင်းပြီးစောင့်နေတာထက် ဆီစားသက်သာတာ မှန်ပေမယ့် မီးစိမ်းလို့ သတိမေ့ပြီး N နဲ့လီဗာနင်း ထွက်တဲ့အခါ ကားကမရွေ့ဘဲ အင်ဂျင်သံဂျီးထွက်လာမှ ချက်ချင်း သတိရပြီး D ကိုတန်းထိုးရင် transmission ထိပါမယ်။
ဒါ့အပြင် plainဂျီး လီဗာနင်းမိလိုက်တဲ့ အတွက် ခြွေတာထားတဲ့ ဆီထက်ပိုကုန်သွားပါပြီ။
၅။ နောက်ဆုံးအချက်ကတော့ လူငယ်တွေအနေနဲ့ Fast & Furious ဇာတ်ကားတွေကြည့်ပြီး ကားမထွက်ခင် ဂီယာကို N မှာအသင့်ထားပြီး တ ဗြဲဗြဲနဲ့ လီဗာကြွေးထားမယ်။
ပြီးတာနဲ့ ဒုံးဆို D ကိုတန်းထိုးပြီး အမြန်ထွက်တဲ့ လုပ်ရပ်တွေဟာ transmission bands တွေကိုလည်း အမြန်ဆုံးပွန်းစားစေပါတယ်။
transmission band ဆိုတာကတော့ အင်ဂျင်နဲ့ transmission အချိတ်/အဖြုတ်မှာ ဂီယာအုံတွေကို လိုသလို ဆွဲဖမ်းပေးရတဲ့ စတီးလက်ကောက်တွေပါ။
ဂီယာN အခြေအနေမှာ transmission ဘက်ခြမ်းက ဂီယာအုံကို band ကဆွဲဖမ်းထားပြီး အင်ဂျင်ဘက်ခြမ်း (torque converter ရဲ့ impeller အခြမ်း) ကတော့လည်နေပါမယ်။
လီဗာနင်းထားပြီးD ကိုတန်းထိုးတာနဲ့ band ကဆွဲဖမ်းထားတဲ့ ဂီယာအုံကို high rpm နဲ့ဆွဲလှည့်လိုက်လို့ band တွေပွန်းစား ကုန်တာပါ။
မိမိရဲ့စနစ်မကျမှုနဲ့ ဆီတစ်ပေါက် နှစ်ပေါက်ခြွေတာမိခြင်းရဲ့နောက်ကွယ်မှာ ဂီယာဘောက်အကြီးစားပြင်ဆင်မှုတွေဖြစ်ပေါ်စေနိုင်ပါကြောင်းဖြင့် …
crd:
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Rajshahi Division
179ม. 6 ซอย เทศบาล 35 ต. ค่ายบกหวาน อ. เมืองหนองคาย จ. หนองคาย
Rajshahi Division, 43100
EZI Care หนองคาย (ศูนย์ฟอกเกียร์ EZI)
LOT 1759 LORONG 15, TAMAN TUNKU INDUSTRIAL Estate, JALAN KUCHING
Rajshahi Division, LOT1759LORONG15,TAMANTUNKUINDUSTRIALESTATE,JALANKUCHING
Rajshahi Division
# SILVERADO #GMC #DODGE #FORD #NISSAN #TOYOTA #HYUNDAI y más 346 301 1203 346) 301-1203
JL. A YANI RT. 001 DESA MABURAI KECAMATAN MURUNG PUDAK
Rajshahi Division, 71511
Info Pemesanan : ARDI MITSUBISHI Sales Consultant TLP/WA : 081381115689 (Melayani pembelian seluruh