ဒေါက်တာတင့်ဆွေ စာမျက်နှာ

ဒေါက်တာတင့်ဆွေ စာမျက်နှာ

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်

Photos from ဒေါက်တာတင့်ဆွေ စာမျက်နှာ's post 13/03/2024

ပွင့်ချပ် ပွင့်ဖတ်
၁။ ပွင့်ပပ် - ဆရာရှင့် အဲလိုတွေဖတ်ရလို့ပါ ဆရာ့အယူအဆလေးသိပါရစေ
ပွင့်ပပ်လို့ရေးတာ မှားတယ်။ ပွင့်ဖတ်လို့ ရေးရတယ်။
၂။ အလှအပသုံးပစ္စည်း အရောင်းကြော်ငြာတခုမှာ ပွင့်ဖက်လေးလို လို့ရေးတာ မှားတယ်။
ပွင့်ဖက်လို့ရေးတာ မှားတယ်။ ပွင့်ဖတ်လို့ ရေးရတယ်။
ပပ်
အသားပပ်သည်
ပပ်ကြားအပ်
ပပ်သေးထ
ဖပ်
ဖပ်ဖပ်စို
ဖတ်
ကွမ်းဖတ်
ချဉ်ဖတ်
စာအံစာဖတ်
နံ့သာဖတ်
နိမိတ်ဖတ်
ပဲဖတ်
ဖတ်ဖတ်ကျ
ဖတ်ဖတ်မော
ဖတ်လတ်ဖတ်လတ်
ဝါဂွမ်းဖတ်
ဟင်းဖတ်
အဖတ်တင်
အရည်အဖတ်
အမွေးစုတ်ဖတ်
ပေါက်ဖတ်ကောင်
နှမ်းဖတ်
နှမ်းဖတ်ချဉ်
ပွင့်
ပွင့်ချပ်
ပွင့်ငုံ
ပွင့်ဆံ
ပွင့်တံ
ပွင့်ဖတ်
ပွင့်မုံ
ပွင့်လန်း
ပွင့်ဝတ်
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာ -
ပွင့်
ပွင့်ချပ်
ပွင့်ဆိုင်
ပွင့်ဖတ်
ပွင့်ဖြူ
ပွင့်ရိုက်သည်
ပွင့်လင်း
ပွင့်လန်း
ပွင့်လျာ လို့သာ ပါတယ်။ ပွင့်ပပ် မပါ။ ပွင့်ပပ် မမှန်ပါ။
ဒေါက်တာတင့်ဆွေ

13/03/2024

ဖူးညွန့်ကိုက်စီ
အဖူး အညွန့် အကိုက် အညှောက် ရွက်သစ်
လေးချိုးသဖြန်
ရှစ်ခွင်တိုင်း၊
မှုန်မှိုင်းတဲ့ပတ်လည်။
သဇင်ကြွင်းငယ်နှင့်
အင်ကြင်းသန္တာညွန့်ငယ်တို့
ဖူးညွန့်ကိုက်စည်။
ဘမရာရွှေပိတုံးငယ်တို့
ခြွေသုံးကြဝတ်ရည်
ညွတ်ကြည်ဘွယ့်ဖော်ကွဲ။
ယင်းသည့်နေ့ဆိုင်
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် စျာန်ယိုင်ဘဲလျှောရတယ်
ရာသီတွင်စာညီပြောပေပ
ကြော၍သာမြဲ။ ။ (ဦးကြင်ဥ)
ဒေါက်တာတင့်ဆွေ

13/03/2024

Hepatitis A အသည်းရောင် အေ
ဆရာရှင့် အသဲရောင်အသားဝါအေပိုးက ဘယ်လောက်ကြာအောင် ကုရမလဲ သိချင်ပါတယ်ဆရာရှင့် ဆေးစစ်တာ ဘီပိုးစီပိုးတော့မရှိပါဘူးရှင် နုံးချိနေတာမျိုးတော့မရှိပဲ အသားနဲ့ မျက်လုံးတွေ တအား ဝါနေပါတယ်ဆရာရှင် ကုရင် အရှင်း ပျောက်မပျောက်လဲ သိချင်ပါတယ်ရှင့်
မေးခွန်းပါလူနာကို စစ်ဆေးခြင်းမပြုဘဲတော့ အသဲရောင် အေ ဟုတ် မဟုတ် မပြောနိုင်သေးပါ။
အသည်းရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၆ မျိုးရှိသည်။ A, B, C, D, E, G တို့ဖြစ်ကြသည်။
Hepatitis A အသည်းရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။
ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရသည်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။
• ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
• အသည်းရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။
ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသည်းရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။
အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။
ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသည်းအားဆေး သောက်ပါ၊ ထိုးပါ၊
Jaundice ဂျွန်းဒစ် https://dr-tint-swe.blogspot.com/2021/10/jaundice.html
ဒေါက်တာတင့်ဆွေ

13/03/2024

"တုပ်ကွရိုကျိုး ရှိခိုးဦးတင်"
မနေ့ညက ‘ဦးတင်ပါတယ်ဘုရား’ အသုံးကို တင်ပြခဲ့ပါတယ်။ ထပ်ဖြည့်ပါဦးမယ်။
‘ရှိခိုးဦးတင်’ လို့ တွဲသုံးလေ့ရှိတယ်။ အနန္တောအနန္တ ငါးပါးကို အရိုအသေပြုတဲ့ အသုံးစကားဖြစ်တယ်။
‘ဦးတင်ပါတယ်ဘုရား’ လို့သာရေးခြင်းဟာ မပြည့်စုံပါ။ အမှန်က ဦးချကြရတာ။
ဦးဦးဖျားဖျား တင်သပူဇော်တာ။ ဦးချပြီးမှ စားတာ။
နတ်တင်တာမှာတော့ ‘ရှိခိုး’ စာလုံးပါလေ့မရှိပါ။
အခြေအနေအရ မတ်တတ်အနေအထားမှာ နဖူးမှာလက်စုံတင်တာကိုတော့ ‘ဦးတင်’ လို့သုံးရင်တော့ မမှားလောက်ပါ။
ပြည့်ပြည့်စုံစုံ အရိုအသေပြုခြင်းမှာ ထိုင်ပြီး ထိခြင်းငါးပါနဲ့ ပြည့်စုံရပါသတဲ့။
‘ရှိခိုး’ ကို ‘ရှစ်ခိုး’ လို့မှားရေးတာတွေ မကြာခဏတွေ့တယ်။ နောက်ခံက ဆေးရောင်စုံဒီဇိုင်းတွေနဲ့။ မှားတာမှန်သမျှ လူကြိုက်ကလည်း များသေးတာ။
- ဆရာအား ရိုသေစွာ ရှိခိုးဦးတင်လျက်ပါ
- ရိုသေလေးမြတ်စွာ ရှိခိုးဦးတင်ပါ၏ဘုရား
- ရှိခိုးဦးတင်ပူဇော်အပ်ပါသည်ဘုရား
- ဆရာတော် သံဃာတော် အရှင်သူမြတ်အပေါင်းကို လက်ဆယ်ဖြာထိပ်မှာမိုးလျက် ရှိခိုးဦးတင်ပါသည်ဘုရား
- သင်ဆရာ မြင်ဆရာ အားလုံးကို ဂုဏ်ပြုဦးတင်ရှိခိုးလျက်ပါ
- အဝေးကနေရှိခိုးဦးတင်လျက်ပါမေမေ
လောကသာရ ဆုံးမစာပျို့
၆။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍။ ။ ခပ်သိမ်းမယွင်း ငြိမ်းစေမင်း။
"သွေးဖြူမေတ္တာပန်းလင်္ကာ"
ဝန္ဒေမာတရံ...
မိခင်မှန်သမျှကို
ဦးချရိုကျိုး၊ ရှိခိုးဦးတင်
အလင်္ကာစောင်းဖြင့်
ညွတ်ပျောင်းကော်ရော်
ပူဇော်ပါသည်....မိခင်
အို...မိခင်။
မာတာပီတုဂုဏော၊ အနန္တောပါတဲ့
မြတ်သော အနန္တငါးပါးတွင်
မဟာလူသား၊ ဘုရားနဲ့တူယှဉ်
အဖထက်အလျင်
ထိပ်ကတင်တဲ့ ကျေးဇူးရှင်
တုပ်ကွရိုကျိုး၊ ရှိခိုးဦးတင်
အလင်္ကာစောင်းဖြင့်
ခညောင်းကော်ရော်
ပူဇော်ပါ၏မိခင် အို....မိခင်။
မိဂဓာရုံ၊ သမင်ပေါတဲ့တောရဂုံတွင်
ဗောဓိပင်ရင်း၊ ပယ်ရှင်းကိလေသာ
အဝိဇ္ဇာမှောင်ခွင်း၊ အလင်းကိုမြင်
တရားစက်ဘီး၊ လှည့်အပြီးမှာ
မဟာလူသား၊ ဘုရားသခင်
တာဝတိံသာ၊ ကြွကာသွားလို့
အမိနတ်သားကို၊ တရားဦးနဲ့
ကျေးဇူးမြင့်မြတ်၊ ဆပ်ခဲ့ရာတွင်
အကမ္ဘာသာ၊ ကမ္ဘာသင်္ချေ
များထွေကျေးဇူး၊ မကျေဘူးတဲ့
အထူးဆိုထုံး၊ တလုံးနို့ဖိုး
ကျေနိုင်ရိုးလား၊ ဆိုရိုးအစဉ်
ဗုဒ္ဓမိခင်၊ ထိုမိခင်မှ စ,ကာ
ရာဟုလာမိခင်၊ ကဏှာဇာလီ
သာကီတို့ရဲ့မိခင်၊ ဇာနည်တို့မိခင်
ပန်းချီပန်းပု၊ အနုပညာရှင်
ကဗျာ ဂီတ၊ ဒဿနရှင်
သိပ္ပံဝိဇ္ဇာ၊ မဟာပညာရှင်
ကာယလုပ်သား၊ ဉာဏလုပ်သား
အားလုံးတို့ရဲ့မိခင်...
မိခင်၊ မိခင် မိခင်....
မိခင်ဟူသမျှ၊ တုပ်ကွရိုကျိုး
ရှိခိုးဦးတင်၊ အလင်္ကာစောင်းဖြင့်
ညွတ်ပျောင်းကော်ရော်
ပူဇော်ပါ၏ မိခင်....
အို....မိခင်။ ။ (မောင်စွမ်းရည်)
သရုပ်ဖေါ် ဗဂျီအောင်စိုး
ဒေါက်တာတင့်ဆွေ

13/03/2024

နှလုံးသွေးပျက်သော တေးတပုဒ်
ပို့ပေးလို့ ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
ဆရာသုခ ခေတ်က တတိုင်းတပြည်လုံးမှာ မြန်မာစာရေးတာ မှန်တယ်။
အခုတော့ စာရေးဆရာ ကိုဒုက္ခ၊ ကဗျာဆရာ မဒုက္ခ ခေတ်ရောက်ပြီ။
ဒုက္ခပေးသူတွေနဲ့ ဒုက္ခကိုကြိုဆိုသူတွေ များတယ်။
ဒုက္ခအရေးအသားကို ဝယ်ယူအားပေးသူတွေလည်း များတယ်။
ဒေါက်တာတင့်ဆွေ

13/03/2024

Baby's Cough ကလေးငယ်တွေချောင်းဆိုးရင်
မဂ်လာပါဆရာကလေး ၆ လပါဆရာ ညဘက်ချောင်းတအားဆိုးလို့ သက်သာအောင်နည်းလမ်းတွေ မျှဝေပေးစေချင်ပါတယ်ဆရာ
Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် https://dr-tint-swe.blogspot.com/2021/07/babys-cough.html
Children and Cough ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/02/children-and-cough.html
Coughing and Children ကလေး ချောင်းဆိုးခြင်း https://dr-tint-swe.blogspot.com/2022/03/coughing-and-children.html
6 ကို ၆ လို့ ပြင်လိုက်တယ်။ ဆောရီး။ ၁-၂-၃-၄ ရေးတတ်သူ ရှားပါးကုန်ပြီ။
ဒေါက်တာတင့်ဆွေ

13/03/2024

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ
(ကန်တော့)
မဂ်လာပါ ဆရာ လူနာက အသက် ၄၆ နှစ် ကလေး ၃ ယောက်မိခင်ပါ။ သူက ဝမ်းသွားရင် တခါတရံ စအိုကနေ (ကန်တော့ ပါဆရာ) တစ်စို့စို့ (တစ်ဆို့ဆို့)ဖြစ်ပြီး ပြန်သွင်းလိုက်ရင် ပြန်ဝင် သွားပြီး တခါတလေ အဲ့အလုံးလေးတွေက လက်ထဲမှာပဲ့ပြီးကျန်ခဲ့ပါတယ်လို့ပြောပါတယ်။ အနီရောင် အသားစလေးတွေလိုပုံစံမျိုးပါတဲ့ဆရာ။ ပထမ ကလေး ကိုယ်ဝန် ၆ လ လောက်မှာ စဖြစ်လို့ နယ်ကဆေးခန်းမှာ ပြဖူးပါတယ်။ ဆရာဝန်က အူလမ်းကြောင်းက အသားပိုလို့ပြောပါတယ်။ အခုနောက်ပိုင်း ပြန်ထွက်လာလို့ပါဆရာ။ လူနာက ဆေးရုံ ဆေးခန်း နဲ့ ဝေးတဲ့နေရာမှာ ရောက်နေလို့ပါ။ ကျေးဇူးပြုပြီး ညွှန်ပြပေးပါ ဆရာ ရှင့်။ လူနာက အဲ့လိုမျိုး ဖြစ်ရင် လန့်လန့်သွားတယ်လို့ပြောပါတယ်ဆရာ။ ဘာရောဂါ မှန်းလည်းမသိ ဘာဆေးသောက်ရမှန်းလည်း မသိလို့ပါတဲ့ဆရာ။
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ https://dr-tint-swe.blogspot.com/2021/05/piles-q-and.html
Daflon 500 mg လိပ်ခေါင်းဆေး https://dr-tint-swe.blogspot.com/2021/07/daflon-500-mg.html
Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း https://dr-tint-swe.blogspot.com/2021/10/piles-and-pregnancy.html
Sitz bath ရေနွေးထိုင်နည်း https://dr-tint-swe.blogspot.com/2021/07/sitz-bath.html
တခါတရံရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ

13/03/2024

ဖက် နဲ့ ဖတ် မှားရေးနေသူတွေ အတော်ပေါတယ်
တယောက်က ပို့ပေးသည်။
ရန်ကုန်မြို့ရဲ့ shopping centre ကြီးမှာ ကြော်ငြာထားတာ တွေ့လို့ပါ ဆရာ ပွင့်ဖက်ဆိုတာ မှားနေတယ် ထင်ပါတယ်
ပွင့်ဖတ်လို့ ရေးရတယ်
ဖက် နဲ့ ဖတ် မှားရေးနေသူတွေ အတော်ပေါတယ်။
ဖတ် နဲ့ ဖက် မှားရေးတာတွေ အများကြီး https://burmese-spelling.blogspot.com/2023/06/blog-post_893.html
ပွင့်ဖတ်လို့ ရေးရတယ်
ဖက် နဲ့ ဖတ် မှားရေးနေသူတွေ အတော်ပေါတယ်။
စားစရာတွေကို တဝမ်းပူစသတ်နဲ့ရေးရင် မျိုချရခက်ပါမည်။ ဒါပေမဲ့ မှားရေးတာမှန်သမျှ ရောင်းကောင်းကြသတဲ့။
ဒေါက်တာတင့်ဆွေ

13/03/2024

ကလိမ်ကကျစ်လို့ ရေးရတယ်
တယောက်က ပို့ပေးသည်။
၁။ ကလိန်ကကျင့်နဲ့ ခုတုံးလည်း မလုပ်ဘူး - မှားနေသည်။ ကလိမ်ကကျစ်လို့ ရေးရတယ်။
၂။ ကလိန်ကကျစ် - ဒါရိုက်တာ-ဇမ္ဗူထွန်းသက်လွင် သရုပ်ဆောင်-နေမျိုးအောင်၊ ခိုင်နှင်းဝေ၊ စံပယ်မိုး၊ ပုလဲဝင်း ထုတ်လုပ်ရေး-ကြောင်ကမ္ဘာ - မှားနေသည်။ ကလိမ်ကကျစ်လို့ ရေးရတယ်။
ကလိမ်ကကျစ် = လိမ်လည်လှည့်ဖြားသည်။
သင်တို့ထဲမှ မည်သူသည် ကျွန်ုပ်ကို ကလိမ်ကျသွားပါဘိသနည်း။
ကလိမ်ကကျစ် Music Video ကို ပရိတ်သတ် တော်တော်များများက ကြိုက်ကြတယ်ဆိုလို့ အရမ်းဝမ်းသာပါတယ်ဗျာ။
ကလိမ်ကကျစ်ဖူးစာ
ကလိမ်ကကျစ် တေးသီချင်း
ကလိမ်ကကျစ်တွေ ပညာရှင်ဖြစ်နေတယ်
ကလိမ်ကကျစ် ခေါင်းဆောင်များ
ကလိမ်ကကျစ်ကျတတ်တဲ့ ချွေးမအကြီး
မသာအိမ်က ကလိမ်ကကျစ် ဖဲသမား မြိုင်ရာဇာတွတ်ပီ
မြန်မာစာ မှန်အောင်မရေးတတ်တဲ့ ကလိမ်ကကျစ်တွေများနေပြီ။
ဒေါက်တာတင့်ဆွေ

13/03/2024

ကျေးဇူးလို့ ရေးရတယ်
ကွန်မင့်တခုက ကြေးစူးပါ တဲ့။ သေချာအောင် ဖေါင့်ပြောင်းဖတ်တော့ ကျေးစူးပါ တဲ့။
ကျေးဇူးလို့ ရေးရတယ်။
ကျေးဇူးကန်းသည်
ကျေးဇူးဆပ်သည်
ကျေးဇူးရှင်ကို မပြစ်မှားရ
ကျေးဇူးရှိသည်
ကျေးဇူးတင်သည်
မိဘကျေးဇူး ဆပ်လို့မကုန်
ကျေးဇူးရှင်များ တဆင့်စကားကိုကြားရပြန်ပါသည်
စုံညီယုံကြည် မမြရင်လေး မာပါသည် သာပါသည်
ကိုကိုတွေဆုတောင်းလာရသည် စုံညီယုံကြည် ကျေးဇူးရှင်များ တဆင့်စကားကိုကြားရပြန်ပါသည်
စုံညီယုံကြည် မမြရင်လေးမာပါသည် သာပါသည်
ကြည်ကြသော် အလွန်ကောင်းမနော်
တုံးကျော်မရဲ့ တုံးကျော်မရဲ့ မရဲ့ မြရင် လေဘာတီ
တုံးကျော်မ https://wwwyoutubecom/watch?v=qQgIrF4vHWg
တုံးကျော်မ https://www.youtube.com/watch?v=_wM3WLbwYSg
ပေ(တစ်)ရာ မဟုတ်။ အလွန်(တစ်)ရာ မဟုတ်။
အင်မတန်ကျေးဇူးတင်ပါသည် အလွန်တရာကျေးဇူးတင်ပါသည် (တုံးကျော်မ သီချင်း)
ဒေါက်တာတင့်ဆွေ
၁၃-၃-၂၀၂၀

13/03/2024

တရာ့ကိုး တရာ့တဆယ်
တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်လို့ရေးနေတာတွေ့တာနဲ့ တရာ့ကိုးတရာ့တဆယ်ကို သတိရလို့။
ရှုမဝမဂ္ဂဇင်းမှာ ဗန်းမော်တင်အောင်ရေးတဲ့ မိုးလိုက်လို့ရွာ။ ဝတ္တုကိုတင်ပြချင်လို့ မဟုတ်ပါ။ စာကရှည်တယ်။ ဝတ္တုထဲမှာ သည်လိုတွေပါတယ်။
အစိုးရအဖွဲ့ဟောင်း ပြုတ်ကျ၍ဖြစ်စေ၊ ထွက်ပြေး၍ဖြစ်စေ၊ အစိုးရအဖွဲ့သစ်တခု တက်လာသောအခါတိုင်း ကျေးတော်မျိုး ကျွန်တော်မျိုး ဆင်းရဲသားလယ်သမားများက အခွန်တော် ထပ်၍ထပ်၍ ဆက်သွင်းခြင်းပြုရသည်။ သို့နှင့်လည်း အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ခွင့်ကို မရပြန်သေးဘဲ ကံဘောက်ရွာကလေးကို အစိုးရတဖွဲ့နှင့်တဖွဲ့ တိုက်ခိုက်ကြသောအခါတိုင်း စစ်မြေပြင်ပြုလုပ် ကြပြန်သောကြောင့် ကြပ်ပြားသည် ရပ်ပြစ်ရှစ်ပါးထက် ဆိုးဝါးသော ထိုရွာကို ကျောခိုင်း၍ အင်းတအင်း၌ တံငါဝင်ရောက်လုပ်ကိုင်ခြင်း ပြုခဲ့ရလေသည်။ ယင်းသို့ အင်းသူကြီးတဦးထံတွင် တံငါလုပ်ကိုင်ရင်း ရန်ကုန်မှ ပုလဲဆွာမိ၏ ငါးပွဲစား တမီလ်ကုလားများနှင့် အဆက်အသွယ် ရရှိကာ ကြပ်ပြားသည် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
ရန်ကုန်မြို့ (၂၇) လမ်းကြားရှိ ကော်ရင်ဂျီနှင့် ကလယ်ကုလားများ စုပေါင်းနေထိုင်လျက်ရှိကြသော ကုလားရွာ သို့မဟုတ် ကုလားကွက်သစ်ထဲတွင် ထမင်းလခ ပေးစားနေထိုင်ရင်း သူ ထမင်းလခပေး စားနေထိုင်သော အိမ်ရှင်ကလယ်ကုလား ဖျား၍ သေဆုံးသွားပြီးနောက် ခြောက်လခန့်အကြာတွင် ၎င်း၏ မုဆိုးမ ကလေးသုံးယောက်မိခင်က ကဇော်မူး မူးနှင့် ထမင်းလာစားသော ကြပ်ပြားအား လိမ္မာပါးနပ်စွာ ဖမ်းဆီးလိုက်သဖြင့် ကြပ်ပြားသည် ထိုကလယ်ကုလားမကြီး၏ ရင်ခွင်တွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ကြပ်ပြားသည် ထိုမိန်းမနှင့် သားကလေးတယောက် ရရှိခဲ့လေသည်။
ကျနော့်ဘဝတလျှောက်လုံးမှာ ခဏခဏ ကံဆိုးခဲ့ဖူးပါတယ်အကို၊ ဒါပေမယ့် ဒီတခါလောက် တခါမှ ကံမဆိုးခဲ့ဖူး ပါဘူးဗျာ ဟူ၍ အစချီကာ ကြပ်ပြားသည် ၎င်းနာနာကြည်းကြည်း ခံလာခဲ့ရဟန်ရှိသော ဒဏ်ရာဒဏ်ချက်များကို တခုမကျန် လှန်ကာပြ လေတော့သည်။
ဗိုလ်ချုပ်နေဝင်းအစိုးရ တက်လာပြီးနောက် ရန်ကုန်မြို့တော်ကြီးတွင် စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်နေထိုင်လျက်ရှိကြသော တဲအိမ်များနှင့် ကွက်သစ်များကို ရွှေ့ပြောင်းဖျက်သိမ်း ရေးနှင့် ဘဝဂ်သို့တက်နေသော ကုန်ဈေးနှုန်းများ ချပေးရေး တို့အတွက် ပြင်းပြင်းထန်ထန် တွန်းထိုး လုပ်ကိုင်ခြင်းပြုလိုက်သောအခါ ကြပ်ပြားသည် နေ့ချင်းညချင်းဆိုသလို အိုးမဲ့အိမ်မဲ့ နှင့် အခြေမဲ့အနေမဲ့ လူတယောက်၏ ဘဝသို့ ရောက်ရှိသွားလေသည်။ (၂၇) လမ်းရှိ ကုလား ကွက်သစ်တွင် တဲတဆောင် မီးတပြောင်နှင့် နေထိုင်လျက်ရှိရာမှ ထိုကွက်သစ်ကို ဒရကြမ်းဖျက် သိမ်းလိုက်သည်နှင့် တပြိုင်နက် ကြပ်ပြားတို့ မိသားဘသားတစုသည် အိုးမဲ့ အိမ်မဲ့ဖြစ်သွား ကြလေသည်။
ရန်ကုန်မြို့တော်ဝန်သစ် ဗိုလ်မှူးကြီးထွန်းစိန်က အသစ်တည်ထောင်နေသော ဥက္ကလာပအရပ်တွင် မြေတကွက် ပေးသော်လည်း ဥက္ကလာပအရပ်တွင် အိမ်တလုံးဆောက် နိုင်ဖို့ နေသာသာ ပြောင်းရွှေ့စရာ စရိတ်ပင် အငှားကူလီ ကြပ်ပြားတို့လင်မယားသည် မတတ်နိုင်ရှာကြချေ။
လူမမယ်ကလေး လေးယောက်နှင့် ကြပ်ပြားတို့လင်မယားသည် ဘာလုပ်၍ ဘာကိုင်ရ မှန်းမသိအောင် ချာချာလည်နေစဉ် ၎င်း၏ ညာဘက်ခြေမတွင် ငါးရိုးစူးသော အနာက တဖြည်းဖြည်းရင်းကာ ခူနာကဲ့သို့ဖြစ်လာသဖြင့် ကြပ်ပြားသည် မိမိကိုယ်ကို သတ်သေလိုက်ချင် အောင် ဖြစ်ခဲ့ရလေသည်။ ဤကဲ့သို့ ခြေမတွင် ငါးရိုးစူးသော အနာကြီးက တဖက်နှင့် အဘယ်သို့မျှ မကြံတတ်မစည်တတ်ဖြစ်ကာ (၂၇) လမ်းကြားထဲတွင် ဒုက္ခပင်လယ်ဝေနေခိုက် လှည်းကူးဘက်ရှိ သစ်စက် တစက်တွင် ဒိုင်းဆရာဖြစ်နေသော ၎င်းမယား၏ ယခင် ခဲအိုက ရန်ကုန်သို့လာရင်း လမ်းကြုံသဖြင့် ခွေးနေစရာ မရှိသလို ဖြစ်နေသော ကြပ်ပြားတို့ လင်မယားနှင့် ကလေးများကို ၎င်းတို့သစ်စက်မှ ပျဉ်လာပို့သော မော်တော်ကားကြီးနှင့် ခေါ်ဆောင်ပေးသွားသဖြင့် လောလောဆယ်အားဖြင့် ကြပ်ပြားသည် သက်သာရာရသလို ဖြစ်သွားလေသည်။
ထို့ကြောင့် ကြပ်ပြားသည် တနေ့တခြား စိတ်ညစ်ညူးလာရသည်။ အနေအထိုင်ရ ကျဉ်းမြောင်း ကျပ်တည်းလာသည်။ သို့ရာတွင် ၎င်း၏ ခြေမကအနာကြီးသည် ကောင်းစွာပျောက်ကင်းခြင်း မရှိသေးသဖြင့် အောင့်အည်းတွယ်ကပ်၍ နေခဲ့ရသည်။ သို့ရာတွင် တညသ၌ ၎င်း၏မယားက ၎င်း၏လင်ငယ်က ပေးလိုက်ဟန်ရှိသော ငွေတဆယ်တန်တရွက်ကို ကြပ်ပြားအား လှမ်း၍ပေးရင်း လှည်းကူးမှ အမြန်ဆုံးထွက်ခွာသွားဖို့ အလန့်တကြားပြောဆိုခြင်း ပြုလေသည်။ ထိုသို့ ထွက်သွားခြင်း မပြုပါက ၎င်း၏ခဲအိုက တနည်းနည်းဖြင့် ရန်ရှာသတ်ဖြတ်လိမ့်မည်အကြောင်းကိုလည်း ပုံကြီးချဲ့ ပြောဆိုလေသည်။ ထို့ကြောင့် ခက်ခဲလှသော အသက်တချောင်းကို မိန်းမတယောက်အတွက်နှင့် အကျိုးမဲ့ အပျက်စီး မခံနိုင်သောကြပ်ပြားသည် ၎င်း၏ သားကလေး တယောက်ကို အဆုံးခံကာ ငွေတဆယ်နှင့် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောထားကာ ရန်ကုန်သို့ပြန်လာခဲ့လေသည်။
လှည်းကူးသို့ တလသာသာခန့်မျှ သွားရောက်နေထိုင်လျက်ရှိသည့်အခိုက် ရန်ကုန် မြို့တော်၏ အခြေအနေသည် အဘယ်မျှပြောင်းလွဲတိုးတက်၍ နေသည်ကို ကြပ်ပြား မသိချေ။ ပြည်သူ့လမ်းမကြီးများပေါ်တွင် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လောက်အောင် ပြုသူများ၊ လမ်းမကြီးဘေးတွင် တာဝန်မဲ့ အပေါ့စွန့်သူများ၊ လမ်းမကြီးပေါ်တွင် အရက်မူးကာ သိုင်းကွက် နင်းသူများ၊ အလုပ်မရှိအကိုင်မရှိ ဖြစ်နေသူများနှင့် ကျော်စောသတင်းဖြစ်နေသော သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ အလစ်သုတ်နှင့် မိန်းမထိန်းများကို ဒရကြမ်းဖမ်းဆီးရှင်းလင်းခြင်း ပြုနေသော ရန်ကုန်မြို့တော်သစ်သို့ ၎င်း၏ အသက် တချောင်းကို ရှာကြံမွေးမြူရန် ကြပ်ပြားသည် ငွေလေးတဆယ်ကိုကိုင်၍ ခြေမတွင် ပျောက်ကင်းခြင်း မရှိသေးသော အနာကြီးနှင့် ရောက်ရှိ၍လာလေသည်။
လှည်းကူးမှ ဘတ်စ်ကားနှင့် လိုက်လာခဲ့ပြီးနောက်၊ ရန်ကုန်သို့ရောက်လျှင် ကြပ်ပြားသည် သူ့အား ကျောတနေရာစာနှင့် ထမင်းတဆုပ် ပေးကမ်းကျွေးမွေးနိုင်မည့် အသိမိတ်ဆွေဟောင်းများကို လိုက်လံစုံစမ်း ရှာဖွေရလေသည်။ သို့ရာတွင် တယောက် တလေမျှ မတွေ့ရတော့ချေ။ တနေကုန်အောင် လိုက်လံရှာဖွေ၍ တယောက်တလေမျှ အစအန မတွေ့ရှိရသောအခါ ကြပ်ပြားသည် အားငယ်သလိုဖြစ်လာသည်။ ရန်ကုန်သို့ပြန်ရောက်သော ပထမနေ့၌ ကြပ်ပြားသည် အိပ်စရာ ကျောတနေရာစာမျှ ရှာဖွေ၍ မတွေ့ရှိရသဖြင့် နောက်ဖေးလမ်းကြားတခုတွင် ငုတ်တုတ်မိုးလင်းသွားခဲ့ရသည်။
ဒုတိယနေ့တွင် သူ၏ ခြေမအနာသည် ပြန်၍ထလာသည်။ နေအတော် မြင့်လာသောအခါ မခံမရပ်နိုင်အောင် ကိုက်ခဲ နာကျင်လာလေသည်။ ထို့ကြောင့် နာကျင်ခြင်းကို သက်သာသွားစေရန်အတွက် သူသည် နိုင်ငံတော်အစိုးရ၏ လမ်းဘေး အရက်ဖြူဆိုင်တဆိုင်သို့ဝင်ရောက်ကာ တကျပ်ဖိုးခန့်မျှ ဝယ်ယူသုံးစားခြင်းပြုလေသည်။ တကျပ်ဖိုးခန့်မျှ သုံးစားပြီးသည့်နောက် နာကျင်ခြင်းသည် လျော့ပါးမှုမရှိပြန်သေးသည့်အတွက် နောက်ထပ်၍ ပြားငါးဆယ်ဖိုးထပ်၍ ချလိုက်ပြန်လေသည်။ ပြားတရာ့ငါးဆယ်ဖိုးခန့် အရက်ဖြူကို ဝမ်းဗိုက်ထဲသို့ ထည့်သွင်းပြီးစီးသောအခါ နာကျင်ခြင်းသည် လျော့ပါးကာ ဝမ်းထဲ၌လဲ ဆာလောင် လာသဖြင့် ကြပ်ပြားသည် အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထိုသို့ အရက်ဖြူဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် ထမင်းဆိုင်တဆိုင်ကို လိုက်လံရှာဖွေလျက်ရှိစဉ် ကြပ်ပြားသည် ရန်ကုန် ပုလိပ်အဖွဲ့ကြီး၏ လက်ဝယ်သို့ ကျရောက်သွားခဲ့ရခြင်း ဖြစ်လေသည်။
မင်းမှာ ဘာအပြစ်မှ မရှိဘဲနဲ့ ပုလိပ်က ဘာပြုလို့ ဖမ်းပြီး၊ ဘာပုဒ်မနဲ့ ထောင်ချလိုက် တာလဲကွ ကြပ်ပြားရဲ့ဟု ၎င်းပုလိပ်များလက်အတွင်းသို့ ကျရောက်ခဲ့ရခြင်းအကြောင်းကို တိတိကျကျသိရှိလိုသဖြင့် တချိန်လုံးငြိမ်သက်စွာ နားထောင်နေရာမှ ကောက်၍ ကျွန်တော်က မေးလိုက်မိသည်။
ပုလိပ်တွေက မော်တော်ကားကြီးကိုရပ်ပြီး ဈေးသည်တွေကို ဖမ်းနေတုန်း သူတို့အနားက ဖြတ်ပြီး ထမင်းဆိုင်တခုကို သွားရာက ဘုမသိဘမသိနဲ့ ကျနော့်ကို မော်တော်ကားကြီးအပေါ် ဆွဲတင်လိုက်တာပဲအကို။
မင်းက ဘာမှ ပြန်မပြောဘူးလားကွ။
ပြောပါတယ်အကို၊ ခင်ဗျားတို့ ကျနော့်ကို ဘာအပြစ်ရှိလို့ ဖမ်းတာလဲလို့မေးတော့၊ ရာဇဝတ်အုပ်က ခွေးမသားကုလား အရက်မူးလာပြီး ဘာ စကားများနေရတာလဲအော်တယ်။ နောက်ပြီးတော့ မင်းတရားသူကြီး ရှေ့ ရောက်တော့မှ မင်းမေးချင်တာကိုမေး လို့လဲပြောသေးတယ်။
ရုံးကျတော့ တရားသူကြီးကို မင်းက မပြောဘူးလား။
တရားသူကြီးက ပြောလို့ နားမထောင်ပါဘူးအကို၊ ပုလိပ်ပြောတာ အကုန်လုံးယုံတာပဲ။
ဒါထက် မင်းကို ဘာပုဒ်မနဲ့ ထောင်ချလိုက်သလဲကွ။
တရာ့ကိုး၊ တရာ့တဆယ်။
အခုတော့ တရာ့ကိုးတရာ့တဆယ်လို့ မရေးကြတော့ အလုပ်အကိုင်ခက်ခဲသူတွေကတော့ ဒုနဲ့ဒေး။ သတ်ပုံပြောင်းပေမဲ့ လူ့ဘဝမပြောင်းနိုင်ပါတကား။
(မာယာကနေ တစိတ်တပိုင်း ကူးယူထားတာသာဖြစ်ပါတယ်။ ကျေးဇူး။)
ဒေါက်တာတင့်ဆွေ

13/03/2024

မယ်ခွေရေးတဲ့ ပေးတဲ့ သင်ခန်းစာ
ဆရာခင်ဗျ မယ်ခွေ၏ လက်ဆောင်ကဗျာကို အခြေခံပညာအဆင့်သင်ရိုးမှာ ထည့်သွင်းသင်ကြားခြင်းသည် ကလေးငယ်များအတွက် ဆေးလိပ်ကို ဦးစားပေးကာ အတုယူမှားစေပါသလား၊ သို့မဟုတ် အင်း၀ခေတ် မိန်းမပျို၏ မေတ္တာကို သိရှိစေလိုခြင်းဖြစ်သလားခင်ဗျ။ ထိုကဗျာကို ထည့်သွင်းသင်ကြားခြင်းက မည့်သိုအကျိုးရလဒ်များ ဖြစ်ပေါ်စေနိုင်ပါသလဲ။
ဟုတ်။ ကျွန်တော်ကတော့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးမှာ တာဝန်ရှိသူ မဟုတ်ပါ။
မြန်မာပြည်မှာသာမက တိုင်းပြည်တိုင်းမှာ ဆေးလိပ်အတော်ကို သောက်ကြတယ်။ ပညာပေးတွေလုပ်နေတော့ အရင်ကထက် နည်းလာပါတယ်။
မယ်ခွေကဗျာကို မြန်မာစာမှာ သင်တယ်။ မြန်မာစာဆိုတာ ဟိုး ပုဂံခေတ်ကနေစတယ်လို့ အကြမ်းသဘော ပြောလို့ရတယ်။
မြန်မာစာပေသမိုင်းက ရှည်တယ်။ ခေတ်ကြီး ၉ ခေတ်လို့ပြောချင်တယ်။
၁။ ပုဂံခေတ်
၂။ ပင်းယ ခေတ်
၃။ အင်းဝ ခေတ်
၄။ တောင်ငူ ခေတ်
၅။ ညောင်ရမ်း ခေတ်
၆။ ကုန်းဘောင် ခေတ် ပဌမပိုင်း
၇။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း
၈။ လွတ်လပ်ရေးကြိုပမ်းမှုနဲ့ လွတ်လပ်ရေးရစကာလခေတ်၊
၉။ စစ်အာဏာသိမ်းပြီးခေတ်။
မြန်မာစာပေ တဖြည်းဖြည်း တိုးတက် စည်ပင် ကောင်းမွန်လာပါတယ်။
မြန်မာ့သမိုင်းကို သင်တဲ့အခါမှာလည်း ပျူခေတ်နဲ့ ပုဂံခေတ်တွေကနေ စသင်ရတယ်။ အဲတော့ သမိုင်းစာတွေထဲမှာ အနော်ရထာလည်းပါမယ်။
မြန်မာစာအကြောင်းမှာ မြစေတီကျောက်စာနဲ့ မယ်ခွေလည်း ပါရပါမယ်။
၁။ ဆေးတံတို
ဆေးတံတို တညှိုလောက် ရော့သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်၊ သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့၊ ညိုနွဲ့ရဲ့လေး။
၂။ ဆေးလိပ်လက်ဆောင်
မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။
မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။
ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊
ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။ ။ (မယ်ခွေ)
ကလေးတွေကို ငါ့အဖွားကတော့ ဖက်ဆေးလိပ်ကြီး ပါးစပ်ကမချဘူးလို့ ပြောတာဟာ လိမ်ပြောတာလည်း မဟုတ်။ ကလေးတွေကို ဖက်ဆေးလိပ်သောက်ခိုင်းရာလည်း မကျလောက်ပါ။
မယ်ခွေကဗျာကို သတ်ပုံပြင်ပြီး သင်ပေးနေခြင်းကတော့ စာပေကိုလည်းဖျက်၊ ကလေးတွေရဲ့ ပညာရေးကိုလည်း ဖျက်ရာကျတယ်လို့ ကျွန်တော်ကတော့ အခိုင်အမာ ယူဆပါတယ်။
ဒေါက်တာတင့်ဆွေ

13/03/2024

Shower ရေချိုးတာ ကောင်း
၁။ ဒီနေ့ကီမိုဆေးသွင်းပြီးမနက်ဖြန်ထပ်သွင်းရမှာပါ ဒီနေ့သွင်းတာချွေးတေွအရမ်းထွက်လာလို့ဆေးသွင်းတုန်းရေချိုးလို့ရမရသိချင်ပါတယ်ရှင်သွင်းဖူးသူများပြောပြပေးပါလားရှင့်
ရေချိုးနိုင်တယ်။ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်က ရေမချိုးပါနဲ့လို့ မှာသူကလွဲရင် လူတိုင်း နေကောင်းသူ၊ နေမကောင်းသူတွေ ရေးချိုးနိုင်တယ်။
ခေါင်းလျှော်ဘို့ လိုအပ်သူတွေလည်း ခေါင်းလျှော်နိုင်တယ်။ (ကန်တော့) လစဉ်ရာသီလာနေစဉ်မှာလည်း လိုအပ်တဲ့ရက်မှာ ခေါင်းလျှော်နိုင်တယ်။ (ကန်တော့) ကလေးမွေးပြီးလည်း လိုအပ်တဲ့ရက်မှာ ခေါင်းလျှော်နိုင်တယ်။
လူတိုင်း နေကောင်းသူ၊ နေမကောင်းသူ၊ (ကန်တော့) ကလေးမွေးထားသူ၊ လစဉ်လာနေသူ လက်ဆေး + ရေချိုးတိုင်း ဆပ်ပြာသုံးနိုင်တယ်။ ဆပ်ပြာနဲ့ မတည့သူကလွဲရင် သုံးရမယ်။
ရေကို ထိုင်သောက်သောက်၊ ထသောက်သောက်၊ ကုတင်ပေါ်မှာသောက်သောက် သောက်နိုင်တယ်။
သောက်ရေအိုးထဲကရေဖြစ်ဖြစ်၊ ရေသန့်ဖြစ်ဖြစ် သန့်ရှင်းတဲ့ရေ သောက်နိုင်တယ်။
သောက်ရေအိုးထဲကရေဖြစ်ဖြစ်၊ ရေသန့်ဖြစ်ဖြစ်၊ လမ်းဘေးရေချမ်းစင်ကရေဖြစ်ဖြစ်၊ မိုးရေဖြစ်ဖြစ်၊ မြစ်ရေဖြစ်ဖြစ်ကို ရေနွေကြမ်းတည်နိုင်တယ်။
(ကန်တော့) ဝမ်းပျက်သူ + ချွေးထွက်များသူ + အန်သူတွေ ရေ + ဓာတ်ဆားရေ သောက်သင့်တယ်။
ရေချိုး + ခေါင်းလျှော် + ရေသောက်တာကို အလကားနေရင်း ရန်ရှာနေတဲ့ အယူအဆအမှားကို ပယ်ဖျောက်ကြပါ။ အမှားတွေ တင်နေသူတိုင်းကို ဘလော့သင့်တယ်။
Bathing Myth ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ်
၂။ အိုမီခရွန်စဖြစ်တဲ့နေ့ကနေ ၃ ရက်မြောက်နေ့မာ(နေ့မှာ) ရေချိုးလို့ရလားဆရာ
၃။ Covid ဖြစ်တဲ့သူက ဘယ်နှစ်ရက်နေမှရေချိုးရတာလဲ ဒေါက်တာ
ကိုဗစ်ကူးစက်ခံရသူတွေ ခံစားရတာ မတူပါ။ တချို့ ကူးစက်မှန်းမသိ။ တချို့အိမ်မှာသာနေထိုင်ရ၊ တချို့က ဆေးရုံတက်ရ။ တချို့ ဆေးရုံ ICU မှာကုသရတယ်။ ဆေးရုံကဆင်းလာသူ၊ အိမ်မှနေရင်း သက်သာလာသူတွေလည်း တယောက်နဲ့ တယောက် မတူပြန်။ တချို့မှာ လနဲ့အမျှ ခံစားရတာတွေရှိကြတယ်။ ရေချိုး ခေါင်းလျှော်ခြင်းဆိုတာ တကိုယ်ရေသန့်ရှင်းရေးသာဖြစ်တယ်။ ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ်လို့ ခဏခဏ (ခဏခဏ) တင်ပြနေတယ်။
Bathing and Health ရေချိုးခြင်းနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/bathing-and-health.html
Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း https://dr-tint-swe.blogspot.com/2021/10/bathing-and-blood-pressure.html
ချေးညှော်သန့်အောင် ရေချိုးပါ https://dr-tint-swe.blogspot.com/2021/10/blog-post_42.html
Lifestyle and Hygiene ရေချိုး လက်ဆေး သန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/06/lifestyle-and-hygiene.html
Bathing Myth ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ် https://dr-tint-swe.blogspot.com/2021/10/bathing-myth.html
ညစ်ညစ်ပေပေနေသူ မြန်မာပြည်မှာ ပိုများသလား မသိ။ သုတေသနတော့ မလုပ်ဘူးပါ။ မေးခွန်းထဲက ပြောဆိုသူအနား မကပ်သင့်။ အနံ့အသက် ကောင်းမည်မဟုတ်။ ကန်တော့။
မှာကို မာလို့ရေးနည်းကိုလည်း ရေချိုးပေးပါလေ။
ဒေါက်တာတင့်ဆွေ

13/03/2024

အိပ်မက်ထဲကမိန်းကလေး
ညတုန်းကတွေ့ရတဲ့ ကောင်မလေးတယောက် ပျောက် ပျောက်သွားလို့ လိုက်ရှာနေတယ်။
အခုခေတ်မှာ -
ကောင်မလေးတယောက် တကယ်ကို ပျောက်သွားပြီ။
နေရာ 'တစ်' ကာ တဲ့။
မြန်မာစာ မျက်ရည် ‘တစ်’ လည်လည်နဲ့။
ဒေါက်တာတင့်ဆွေ

13/03/2024

ဟင်းချက်နည်းတော့ မပြင်တတ်လို့ စာရေးတာကိုသာ ပြင်ပါသည်
၁။ ပုဇွန်ဆိပ်လေးနဲ့မန်းကြည်းရွက်ချက်နည်း စပ်ချဉ်ချက်တောချက်လေးချက်နည်းလေး ပြောပြမယ်ရှင့်
သတ်ပုံပြင်ပြီး တင်ပါမည်။ ပုဇွန်ဆိပ်လေး(ပုစွန်ဆိတ်လေး) နဲ့ မန်းကြည်း(မန်ကျည်းရွက်) ချက်နည်း။ ကျေးဇူး + ဆောရီး။
၂။ စပ်ချဉ်ချက် တောချက်လေးချက်နည်းလေးပြောပြမယ်ရှင့် ဆီထမင်းစားဇွန်းတစ်ဇွန်း(တဇွန်း)ထည့်ပီး(တည့်ပြီး) ပူလာပီ(ပူလာပြီ)ဆို အနေတော်လှီးထားတဲ့ ကြက်သွန်နီတစ်လုံး(တလုံး) ခရမ်းချည်သီး တစ်လုံး(တလုံး) ထည့်ပီး(ထည့်ပြီး) နှစ်မိနစ်ခန့်မွှေပါ မန်းကြည်းရွက်(မန်ကျည်းရွက်)ထည့်ပါ ဆား/ငပိ/အရောင်တင်မှုန့်/ ငရုတ်သီး ကြမ်းမှုန့်/ငရုတ်သီးစိမ်း/ပုဇွန်ဆိတ် ထည့်ပီး(ထည့်ပြီး) နှစ်မိနစ်ခန့်မွှေပါ ရေအနည်းငယ် ထည့်ပီး (ထည့်ပြီး) တည်ထားပါ ဆူလာပီး(ဆူလာပြီး) ဟင်းအရသာကျပီ(ကျပြီ)ဆို ရပါပီ(ရပါပြီ)ရှင့်
၃။ မန်ကြည့်ရွက်(မန်ကျည်းရွက်)က ကြာကြာတည်လေအချဉ်ဓာတ်ပိုလာတတ်လို့ ဟင်းအိုးမချခင်အပေါ့ အငန် ပြန်မည်းပါ(မြည်းပါ) ငပိလေးနည်းနည်းထည့်ပေးပါရှင့် လေးစားလျှက်(လျက်) (win family)
မန်းမှုတ်သည်
မန်းရည်ငန်းရည်
အနာမန်းတက်
မန္တလေး
မန်းရတနာပုံနေပြည်
မန်းတင် (စာရေးဆရာ)
မန်းချောင်း
မန်းဆေး
ပုစွန် (ဦးသာမြတ်သတ်ပုံကျမ်း)
ပုစွန် (မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်)
ပုစွန် (ကဝိဓဇသတ်ပုံကျမ်း)
ပုဇွန် (ဂုဏ်ထူးဦးသိန်းနိုင်)
သတ်ပုံပြင်တဲ့အတွက် ဆောရီး။
မန်းလေး = နားမကောင်း၊ ဆားများတဲ့မြို့ (ကန်တော့)
ဒေါက်တာတင့်ဆွေ

13/03/2024

မတ်လ ၁၃ ရက်
ဖုန်းမော် အရိုးတွန်မယ့်နေ့
ဖုန်းမော်က ၁၉၈၈ ခုနှစ်မှာ ကျဆုံးတော့ အသက် ၂၃ နှစ်။
ဖုန်းမော်က ၁၉၆၅ ခုနှစ်မှာမွေးမယ်ထင်တယ်။ အခု ၂၀၂၄ ဆိုရင် ဖုန်းမော်အသက် ၅၉ နှစ်လို့ပြောရတော့မယ်။ ဖုန်းမော်တွေ၊ စိုးနိုင်တွေ အားလုံး အသက် ၆၀ ထဲရောက်ကြပြီ။
နယူးဒေလီမှာ နှစ်တိုင်း ဖုန်းမော်နေ့ကျင်းပကြတယ်။ ကွယ်လွန်သူ ရသေ့တောင် ALD အမတ် ဦးသာနိုးက စကားပြောတော့ အားရပါးရ မောင်ဘုန်းမော်လို့ အသံထွက်တာ အခုထိ မမေ့သေးပါ။
ဒေါက်တာတင့်ဆွေ

13/03/2024

ဖိနပ် နဲ့ ဘိနပ်က မူကွဲ
ဖိနပ်က အမှန်ပဲလားဆရာ
စာထဲမှာ ပါရှိ။
အဲလို မေးတတ်ကြတယ်။ စာကိုမဖတ်ဘဲ မေးသူတွေလည်းရှိတယ်။ စာဖတ်ပြီး စာလုံးပေါင်းမတူတာတွေထဲက ဘယ်ဟာကို ရွေးမလဲ မသဲကွဲလို့လည်း မေးကြတယ်။
မြန်မာစာနဲ့ ပြောစကားထဲမှာ တခုတည်း တလုံးတည်းသာ အမှန်ယူမှာတွေရှိသလို မူကွဲစာလုံးတွေလည်း ရှိတယ်။ မူလွဲနဲ့ မူမှားတွေလည်း ရှိတယ်။
ဖိနပ် နဲ့ ဘိနပ်က မူကွဲ။
ဖတ်စာနဲ့ ဘတ်စာ မူကွဲ။
အဘေနဲ့ အဖေ မူကွဲ။
ပဌမ နဲ့ ပထမ မူကွဲ။
ဘ နဲ့ ဖ သုံးတာ ရောထွေးနေတယ်။ ကျွန်တော်တို့ ပဥ္စမတန်းမှာ ဒေါင်းဘတ်စာသင်ခဲ့ရတယ်။
တခု မှန်။ တစ်ခု လျှာရှည်။
ကောင်းမှု မှန်။ ကောင်မှု့ ကုသလိုပိုမရ။
ဘုရားတဆူ မှန်။ ဘုရားတစ်ဆူလို့ရေးတာနဲ့ နိဗ္မာန်အမြန် မရောက်။
ကိုလိုနီစနစ် ဆန့်ကျင်တိုက်ပွဲဝင်သူ ဘိနပ်သိမ်းမောင်
ဒေါက်တာတင့်ဆွေ

13/03/2024

ငပိတစ်
ငပိတစ်ဆိုတာ ဘာကိုပြောတာလဲ၊မသိလို့ပါဆရာ။
ငပိတစ်ဆိုတာ ငပိကောင်ကို တုံးတစ်ထားတာ။ အညာဒေသမှာ စားသုံးကြတယ်။
အညာမှာ ငါး၊ ပုစွန် စတဲ့ရေထွက်ကုန်တွေက အောက်အရပ်ကလာမှသာ စားသုံးကြရတာများတယ်။ မြစ်ချောင်းအင်းအိုင်တွေကလည်း သူ့အချိန်အခါနဲ့သူ ရပေမဲ့ တနှစ်စာ မဖူလုံပါ။ ငါးခြောက်၊ ပုစွန်ခြောက်၊ ဒုံးခြောက်၊ ငပိ၊ ငပိကောင်အမျိုးမျိုးကို ဝယ်ယူသိုမှီးထားကြလေ့ရှိတယ်။
ငါးပိကောင်ကလည်း အမျိုးမျိုး၊ ငါးခြောက်ကလည်းအဖုံဖုံ။
ငါးပိကောင်အမျိုးအစားကိုရွေးပြီး ငပိချက်ထဲထည့်ချက်တာလည်း ရှိတယ်။ ငပိတစ်လို့ ခေါ်တယ်။ အဲလိုချက်တဲ့အခါ များသောအားဖြင့် အသားထူပြီး၊ ဆားငန်တာကို သုံးကြလေ့ရှိတယ်။
တချို့က ငပိချက်ထဲ ပုစွန်လေး တကောင်စ နှစ်ကောင်းလည်း ထည့်ချက်ပါသေးတယ်။
- ဒီနေ့ချက်စားတာ ငါးဘတ် ငပိတစ်လေးပါ ...
- မန်ကျည်းသီးစိမ်းငပိတစ် ချက်နည်းနှင့် ...
- အချဉ်​ဟင်းတ​ခွက်​ ငါးပိတစ် ...
- ငါးပိတစ်ချက် ငါးကြင်း သို့မဟုတ် ငါးမြင်း သို့မဟုတ် ငါးတန်ကို ဆားနဲ့နယ်ပြီး ရေခဲသေတ္တာထဲမှာ တရက်လောက် သိပ်ထားပါတယ်။
- ငပိတစ်ချက် ငါးပိတစ်/ငါးဆားနယ် ၅၀၀ ဂရမ် ခရမ်းချဉ်သီး ၃၀၀ ဂရမ် ပါးပါးလှီးထားပါ
- စစ်ကိုင်းငါးကြင်းငပိတစ်
ကျွန်တော်က စားရုံသာ စားတတ်တယ်။ ပိုသိလာရင် ဖြည့်ပါဦးမယ်။
ဒေါက်တာတင့်ဆွေ

13/03/2024

တို့တော
ပဌမတန်း မြန်မာဖတ်စာ
တခါတလေ ညောင်စေးနှင့် ငှက်ခါးထောင်ကြသည်။
တခါတလေကို မှန်အောင်မရေးတတ်သူတွေ ပဌမတန်းစာ ပြန်သင်ပါလေ။
ဒေါက်တာတင့်ဆွေ

13/03/2024

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ
(ကန်တော့ )
Neuroendocrine Carcinoma Lung Cancer ခံစားနေရသော လူနာအတွက် Etoposide+ Carboplatin Chemotherapy treatment နဲ့ ကုသမှု ခံယူနေပါတယ် ရှင် ထမတကြိမ် chemo တုန်းက Taxol+ Carboplatin (၁-ကြိမ်)နဲ့ Paclitaxel + Carboplatin (၅-ကြိမ်) င်းပြီး ထားပါတယ် ဆရာ ခုပထမတကြိမ် chemoမှာတော့ လူနာရဲ့ biopsy မရလိုက်ပါဘူး ဆရာရှင့်ပထမတကြိမ်နဲ့ ဒုတိယအကြိမ် chemo ကြားမှာ Erlotinib သောက်ဆေးကို ၃-လခွဲလောက် သောက်ထားပါသေးတယ်ရှင့် လူနာက ၆၅ နှစ်အရွယ် အမျိူးသမီးပါ ယခု ‌ဆေးသွင်းနေဆဲ ကာလအတွင်း ဆီးအောင့်/ဆီးကျင် ဖြစ်နေလို့ပါရှင် ရောဂါရဲ့ နောက်ဆက်တွဲ ပျံ့နှံ့ မှုကြောင့်လား သိချင်ပါတယ် ဆရာရှင့်
အမျိုးသမီးတိုင်း ဆီးလမ်းပိုးဝင်တာ အဖြစ်များတယ်။ အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ်။ ရောဂါကပြန်တာ ဟုတ် မဟုတ်ကတော့ စစ်ဆေးမှသာ သိပါမယ်။
• Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ https://dr-tint-swe.blogspot.com/2021/01/women-and-urinary-tract.html
• Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/05/urinary-tract-infection.html
• UTI treatment ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ https://dr-tint-swe.blogspot.com/2021/01/uti-treatment.html
ဒေါက်တာတင့်ဆွေ

13/03/2024

ကျီးစေတမန်
ထနောင်းပင် ပျို့ အိမ်ရှေ့က
တဆွေ, နှစ်ဆွေ သာတောင့်သာ၊
ကျီးမြတ်လိမ္မာ။
မောင်ကြီးတို့အောက်မြို့ရွာ၊သာပါစ မေး၊
သာပါတယ် ဗုံရှေပွဲနဲ့
ကဆုန်ဆို ညောင်ရေထဲမှာ
ခဲ့ကျပ်လို့ လေး။ ။
ဒဂုန်မြေ ပင်လယ်ဖျားက
လူထွားကြီး ပျိုတို့မောင်၊
ညှိုးရှာလိမ့်ယောင်။
ကြံတိုင်းရယ်ဆောင်၊ အောင်ပါစ မေး။
အောင်ပါတယ် တောင်ရှေဆွဲလို့
ကဆုန်ဆို ညောင်ရေပွဲမှာ
နွှဲခဲ့လို့ လေး။ ။
အညာသူ ပျိုဖြူယက်တဲ့
ပန်းသုံးခက် ပွင့်ပုဝါ၊
ခါတော်မှီ မောင်ဆင်ရအောင်
ပို့ပ လျင်စွာ။
ကျီးညိုမြ အလိမ္မာ၊ သည်ခါမှသူကမေး
မ,လေး စမ္ပယ်ဖြူရဲ့၊
မောင်ဒွေး ဘယ်ပုံယူပ
ဒဂုန်သူ လက်ဆောင်ကမ်းတဲ့
တကျွန်းလာ ခြုံထည်ဆန်းကို
တို့အရှင် လူကြော့ကြမ်းမှာ
လွှမ်းတဲ့ လို့ လေး။
ဗန်းမော်-ညိုနွဲ့
ရှုမဝမဂ္ဂဇင်း ၁၉၅၂ မေလ

13/03/2024

တလပါဆရာ
သားက တလပါဆရာရှင့်။ လေပြွန်အားပျော့တာလို ကလေးအထူးကုက ပြောလိုက်ပါတယ်ရှင့်။ ဘာမှလုပ်ပေးလိုမရဘူးလိုပြောလိုက်လိုပါ။ စိုးရိမ်ရပါသလားဆရာရှင့်။
ဆောရီး။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ကသာ သူ့လူနာအခြေအနေကို ပိုသိပါမယ်။ ကျွန်တော်က မေးခွန်းကိုသာ ဖတ်ရတယ်။
ကိုယ်ဝန်ဆောင်စဉ်က သိခဲ့ရင် ဆေးပေးနိုင်တယ်။ သိဘို့လည်း ခက်တယ်။ ပျောက်ဘို့တော့ မလွယ်ပါ။ ဆေားရီး။
တလရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
Dr. တင့်ဆွေ

13/03/2024

ဦးတင်ပါသည်ဘုရား
လို့ ရေးတာတွေ ခဏခဏတွေ့ရတယ်။ ဘာဆိုလိုသလဲ မရှင်းလင်းပါ။
ကျွန်တော်က ငယ်စဉ်ကတည်းက ရွာမှာရော မန္တလေးမှာပါ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်။ အဲလို မပြောကြပါ။
ဘုရင့်ခေတ်မှာ သံတော်ဦးတင်တယ်လို့ သုံးပါတယ်။
ထမင်းဝိုင်းမှာ အသက်အကြီးဆုံးလူကို ဦးချစားတဲ့ ယဉ်ကျေးမှု အခုထိရှိတယ်။
ဆွမ်းတော် တင်သည်။
ဘုန်းတော်ကြီးတွေကို လျှောက်ထားပါသည်။
တင်ပါ့ဘုရား။
မှန်ပါ့ဘုရား။
ကန်တော့ပါဘုရား။
ဦးတင်ပါသည်ဆိုတာ လျှောက်ထားပါသည်။
ဦးချပါသည်၊ ဦးချလိုက်ပါသည် အရှင်ဘုရားလို့ ရှင်းအောင်ရေးတာက ပိုပြီး သင့်မှန်ပါမယ်။
ဒေါက်တာတင့်ဆွေ

13/03/2024

တကယ်ပါ
ငန်းခဲ့တယ်
ငန်းဆိုတာ ဘန်းစကား၊ မိန်းကလေးနောက်လိုသည်။
ဂေါ်သည်ကလည်း အတူတူ။
တစ်ကယ်ပါဆိုရင် “မတစ်ရေ ကယ်ပါဦး”
ဒေါက်တာတင့်ဆွေ

13/03/2024

ပဌမတန်း မြန်မာဖတ်စာ
တို့ချောင်း
တခါတခါ ရေကြက်များကို တွေ့ရ၏။
ချောင်းဝတွင် စပါးစက်တခုရှိသည်။
ဟိုတဖက်ကို မမြင်ရပါ။
တခါတခါ ရေလူး၍မူးသည်။
ဒေါက်တာတင့်ဆွေ

13/03/2024

Baby Colic ကလေးဗိုက်နာရင်
ဆရာခင်ဗျာ ကျနော် သမီး တလနှင့် ၈ရက်သားကလေးမှာ ညနေတိုင်း ကော့ထိုးပြီးငိုပါတယ် air X အစက်ချ ဆေးရည်တနေ့လေးကြိမ်တိုက်တာလည်းမသက်သာပါခင်ဗျာ ဝမ်းကတော့ ၃ရက်မှ တခါလောက်ဘဲ သွားတယ်ခင်ဗျ ဘာဓာတ်ချို့တဲ့ပြီး ဘာဆေးတိုက်သင့်ပါသလဲ ဆရာခင်ဗျာ။ ကျေးဇူးတင်ပါတယ်
Baby Colic ကလေးဗိုက်နာရင် https://dr-tint-swe.blogspot.com/2021/06/baby-colic.html
Gripe Water ကလေး လေဆေး https://dr-tint-swe.blogspot.com/2021/06/gripe-water.html
တလ၊ တနေ့၊ တခါ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
Dr. တင့်ဆွေ

13/03/2024

ဥနှဲပင်
ဥနှဲပင် (အုန်းနှဲပင်) အစွမ်းပုံသဏ္ဍာန်အကြောင်းတင်ထားတာ တွေ့တယ်။ ကျေးဇူး။ စာကို (တစ်) မူနဲ့ရေးထားလို့ အသုံးမပြုပါ။ (ဥ) သတ်ပုံကိုသာ တင်ပြပါမယ်။
ကျွန်တော်ငယ်ငယ် ဇာတိမင်းရွာ ယာခင်းတွေကြားက ကန်းသင်းရိုးမှာ ဥနှဲပင်ရှိတာကို အမှတ်ရပါတယ်။ အခု မရှိလောက်တော့ပါ။

ကြက်ဥ
ငှက်ဥ
မျိုးဥ
လိင်ဥ
ဝှေးဥ
သစ်ဥ
အက်ဥပဒေ
ဥကင်တော်ဖွင့်
ဥကင်ဖွင့်
ဥကြက် = နိမိတ်ထူး
ဥက္ကဌ
ဥချိုးငှက်
ဥတလုံး တကောင်ကြွက်
ဥတုဇရုပ်
ဥတုရာသီ
ဥတေနမင်း
ဥတဲ = တံခါး
ဥတ္တရာယဉ်
ဥဒည်းတောင်
ဥဒဟို
ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား
ဥဒါန်းကျူး
ဥဒါန်းမကျေ
ဥဒါန်းမကြေ
ဥဒါဟရုဏ်
ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်
ဥဒေါင်းငှက်
ဥနှဲပင်
ဥပစာနည်
ဥပစ္ဆေဒကကံ
ဥပဇ္ဈဥသျှစ်သီး
ဥပဇ္ဈာယ်ဆရာ
ဥပဒေ
ဥပဒေသ
ဥပဒ်ဘေး
ဥပဓိရုပ်
ဥပပတ်နတ်
ဥပပါတ်
ဥပမာ ဥပမည်း
ဥပမေယျဒဥပမယ်ဒဥပမည်
ဥပရာဇ်မင်း
ဥပါဒါန်
ဥပါဒိဏ်
ဥပါဒ်
ဥပါဒ်ဌီဘင်
ဥပါပျံ (ဥပ္ပာတ်ပျံ)
ဥပါဘီလူး
ဥပါယ်တံမျဉ်
ဥပါယ်တမျည်
ဥပါသကာ
ဥပုသ်သီတင်း
ဥပေက္ခာ
ဥဗျိုင်း
ဥဘတောဗျည်း
ဥဘုတ်ငှက်
ဥမင်လိုဏ်ခေါင်း
ဥမွန်းပင်
ဥယျာဉ်
ဥယျောဇဉ်စကား
ဥရူတိုင် (အိမ်)
ဥသဘနွား
ဥဿဘယားကျောက်
ဥသျှစ်ပင်
ဥသျှောင်ကျင်
ဥသြငှက်
ဥဿာပဲခူး
ဆီကိုရေချိုး ဆေးရိုမီးလှုံဆိုတာဆိုကားထဲက ဆေးရိုးဆိုတာ ဥနှဲရိုးကို အများဆုံးသုံးကြတယ်။
ဒေါက်တာတင့်ဆွေ

13/03/2024

ဘိနပ် ဖိနပ်
အခုခေတ်မှာ ဖိနပ်လို့ရေးကြတယ်နော် ဘယ်ဟာအမှန်လဲခင်ဗျ
ဘိနပ်၊ ဖိနပ်၊ နှစ်မျိုးလုံး ရေးနေကြတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ ဖိနပ်။
မြန်မာအဘိဓာန် (၁၉၉၁) မှာ ဖိနပ်။
ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။
ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း (၁၉၅၃) မှာ ဖိနပ်။
ဟိုအရင်က ဘ စာလုံးပေါင်းကို ပိုပြီး သုံးခဲ့တယ်။ ဥပမာ မိဘ။ ဘခင် = ဖခင်။ ဘတ်စာ = ဖတ်စာ။ ဘားကောင်ကသေး။
ဖိ
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း။
ပိအောင်ဖိသည်
ဖိစီး
ဖိနပ်ချွတ်
ဖိနပ်တရန်
ဖိနှိပ်
ဖိနှိမ်
ဖိဖိစီးစီး
ဖိသိပ်
ဘိ
ကောင်းပါဘိ
ခက်ပါဘိ
ငှက်ထောင်သည့်ဘိ
ငေါက်ငန်းပါဘိ
ဆိုပါဘိ
ဆိုဘိတောင်း
ဆိုဘိလော
နေပါဘိ
နေဘိလော
ပြောပါဘိ
ပြောဘိတောင်း
ဘိစီးနှိပ်စက်
ဘိထောင်သည်
ဘိနပ် = ဖိနပ်
ဘိလပ်မြေ
ဘိလပ်ရည်
ဘိလိယက်
ဘိသိက်သွန်း
အဘိဓာန်ကျမ်း
အဘိသင်္ခါရမာရ်
အဘိသိက်သွန်းဖျန်းသည်
ဒေါက်တာတင့်ဆွေ

13/03/2024

Hernia ဟာနီယာ အမျိုးမျိုး
အရင်တခါ ဟာနီယာစာကို တနှစ်သားလေးအူကျတဲ့ပုံတင်လို့ ဖေါစ်ဘွတ် ကွန်မြူနတီစတင်းဒတ်က ဘယ်နှစ်ရက် ဘယ်နှစ်ပတ်လဲမသိ ဘလော့တယ်။
Hernia ဆိုတာ အမျိုးမျိုးရှိပါတယ်။ အများစု သိကြတာတော့ ပေါင်ခြံမှာ ဗိုက်ထဲကအူ သို့မဟုတ် အူမြှေးတွေ ကပ်ပယ်အိတ်ထဲ ကျလာတာ ဖြစ်တယ်။ Inguinal hernia လို့ ခေါ်တယ်။ ကျတဲ့စားလုံးနဲ့ က်ိုက်ညီတယ်။ အမျိုးသားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်တယ်။ ၃ ယောက်လောက် ခွဲပေးခဲ့ရဘူးတယ်။
နောက်တမျိုးက အရပ်ခေါ် ချက်ဖေါင်း။ ချက်စူ။ မွေးစကလေးတွေ ငိုတဲ့အခါ ချက်က စူဖေါင်းလာတာ။ Umbilical hernia လို့ ခေါ်တယ်။ ကျတာ မဟုတ်ပါ။ စူထွက်တာ။ ဒီလိုရောဂါလည်း ခွဲပေးခဲ့ရဘူးတယ်။
နောက်တမျိုးက ဗိုက်ခွဲပေးထားတဲ့ ခွဲတဲ့နေရာနေရာကနေ ပျောက်ကင်းပြီးမှ စူထွက်လာတာ။ ဒီလိုရောဂါလည်း ခွဲပေးခဲ့ရဘူးတယ်။
ခွဲပြီးနောက် ချုပ်ရိုးမဖြုတ်ခင် ဗိုက်ပွင့်ထွက်တာက တမျိုး။ ဟာနီယာလို့ မခေါ်ပါ။ အရေးပေါ်ခွဲပေးရတာတွေ ရှိတယ်။
နောက်တမျိုးက အစာအိမ်ထိပ်ပိုင်းနေရာက ရင်ခေါင်းပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားထားတဲ့ Diaphragm ခေါ် ကြွက်သားကြီးရဲ့ အထက်က အစာမျိုပြွန်ဆင်းလာရာအပေါက်ဝကနေ ကျွံတက်တာ။ ခွဲမပေးဘူးပါ။
Specific types of hernias ဟာနီယာအမျိုးမျိုး
1. Inguinal hernia အင်ဂွိုင်နယ် ဟာနီယာ (ပေါင်ခြံ) ၇၅% ရှိတယ်။
2. Femoral hernia ဖီမိုရယ် ဟာနီယာ (ပေါင်ထိပ်)။
3. Hiatal hernia ဟိုင်ယေးတပ်စ် (အစာအိမ်ထိပ်ပိုင်း) ဟာနီယာ။
4. Congenital diaphragmatic hernia မွေးရာပါ ဒိုင်ယာဖရင်မက်တစ် ဟာနီယာ။
5. Incisional hernia အင်ဆီရှင်နယ်လ် (ခွဲစိတ်ချုပ်ရိုး) ဟာနီယာ။
6. Umbilical hernia အမ်ဘီလီကယ်လ် (ချက်) ဟာနီယာ။
7. Ventral hernia ဗင်ထရယ်လ် ဟာနီယာ (အမှတ်စဉ် ၅ + ၆)။
8. Perineal hernia ပယ်ရီနီရယ်လ် ဟာနီယာ (ဝမ်းဗိုက်အင်္ဂါများ တင်ပါးဆုံတွင်း)။
9. Uterine prolapse သားအိမ်ကျခြင်း (ကျွံခြင်း)။ လူနာအများကြီးကို ခွဲစိတ်ပေးခဲ့ဘူးပါတယ်။
ကျတယ်၊ ကျွံတယ်၊ စူတယ်၊ တက်တယ် စကားလုံးတွေကို ဟာနီယာအမျိုးအစားအလိုက် သုံးရပါတယ်။
ဆေးပညာသုံး ဝေါဟာရတွေကို မြန်မာဘာသာပြန်တွေ ရှိပေမဲ့ စံကိုက်သတ်မှတ်မှု မရှိပါ။ ကျွန်တော်လည်း ကျွန်တော့သဘောအရ အင်္ဂလိပ်ကနေ မြန်မာလိုနဲ့ မြန်မာလိုကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတယ်။
ဒေါက်တာတင့်ဆွေ

Telephone