From Burma

From Burma

Myanmar Fashion clothing and Food. Ship to all 50 states(အမေရိကန် ပြည်နယ်အကုန်လုံးပို့ပေးပါတယ်)

Photos from From Burma's post 20/06/2024

အသစ်လေးတွေ မတင်တာကြာပြီမို့ ဒီတစ်ခေါက်တော့ ချစ်ဖို့ကောင်းပြီး ရိုးရိုးလေးနဲ့ ဆန်းနေစေမယ့် ဒီဇိုင်းလေးမိတ်ဆက်ပေးပါမယ်

အရောင်လိုင်း၄ရောင်ရပါမယ်နော်

Sixe chart -S M L
price -$40
S- ရင် 32 ခါး 26 တင် 34~36
M- ရင် 34 ခါး 28 တင် 36~38
L - ရင် 36 ခါး 30 တင် 38~40

ဝယ်ယူအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰

Photos from From Burma's post 27/05/2024

မျက်စိအေးနေရော 🥰💙

Photos from From Burma's post 27/05/2024

Purple 💜

Photos from From Burma's post 26/05/2024

နှင်းဆီရဲလေးလို လှ နေရော 🌹

Photos from From Burma's post 26/05/2024

ဒီအချိန်ဆို ဗိုက်ကဆာပြီ 🤤

Photos from From Burma's post 26/05/2024

အညိုရောင်လေးတွေ ကြိုက်ရင် ဒါမျိုးလေးတွေ ချုပ်ဝတ်နော် 🤎

Photos from From Burma's post 30/04/2024

ဒီတစ်ခေါက်တော့ ဝမ်းဆက်က်ုမှ ကောင်းကောင်းလေးကြိုက်တဲ့သူတွေအတွက် အပေါ်ပိုင်းဇာလေးကိုမှ ယဉ်ယဉ်လေးနဲ့ အမြင်ဆန်းပြီးထင်းစေမယ့် ဒီဇိုင်းလေးရပါမယ်

အထည် အနည်းငယ်ဘဲ ရမယ်နော်

One set - $55
Size. S M L

Cb for more info

#မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ # fromburma

25/04/2024

ဗယာကြော် မွမွကျွတ်ကျွတ်လေး😋😋😋
ညကတည်းကကုလားပဲဆန်ချိန်ခွက်လေးနဲ့နှစ်ခွက်လောက်ကိုရေစိမ်ထားခဲ့ပါတယ်…
စိမ်ထားတဲ့ပဲလေးကိုရေဆေးပြီးငရုပ်ဆုံလေးမှာထောင်းမထောင်းရင်ကြိတ်..
ကျွန်မကအကုန်ရောကြိတ်မှာပါ..
ကြိတ်တဲ့အထဲကိုကြက်သွန်ဖြူငါးမွာလောက် ဂျင်းလက်တဆစ်လောက်နဲ့ကြက်သွန်နီးတလုံးရောကြိတ်ပါတယ် အိမ်ကသားကအသီးအရွက်သိပ်မစားလို့မုန်လာဥနီတလုံးလောက်ပါရောပြီးထည့်ကြိတ်လိုက်ပါတယ်..
ပြီးရင်ပျဉ်းတော်သိမ်ရှိရင်ပါပါးလှီးထည့်မရှိရင်ရှမ်းနံနံလေးညှပ်ထည့် ငရုပ်သီးစိမ်းလေးညှပ်ထည့်
အချိုမုန့် ဆားက ပဲအနေအထားကိုကြည့်ထည့်ပါ
အချိုမုန့်မစားရင်ကြက်သားမုန့်ထည့်ပါ မုန့်ဖုတ်ဆော်ဒါ လက်ရည်ဇွန်းတဇွန်းလောက်ထည့်
ကြက်ဥတလုံးလောက်ထည့် တကယ်လို့ကြက်ဥမထည့်ချင်ရင်ရေလေးနည်းနည်းထည့်ပါ..
ပဲကျက်မုန့်ထမင်းစားဇွန်းလေးဇွန်းလောက်ထည့်
မဆလာကြိုက်ရင်နည်းနည်းထည့်ပြီးအားလုံးရောမွေပါ..
ပြီးရင်မိနစ်နှစ်ဆယ်လောက်အဖုံးလေးအုပ်ပြီးခဏထားလိုက်ပါ..
ပြီးရင်ဆီပူပူမှာကိုယ်ကြိုက်တဲ့အရွယ်အစားလေးတွေလုပ်ပြီးကြော်ပါကြော်တဲ့အချိန်မီးမပြင်းပါနဲ့
အနေတော်လေးနဲ့ကြော်ပါ..
မွရွနေတဲ့ဗယာကြော်လေးတွေရပါပြီ..

Credit
Kay K Kitchen 👩‍🍳

US အတွင်း မြန်မာအစားအသောက်လေးတွေ မှာချင်တယ်ဆို page ထဲ ဝင်ကြည့်လို့ရပါတယ်နော်
$100 ဆို shipping free ပါ
https://www.facebook.com/share/p/Wvb2NadT1Uk3EQZA/?mibextid=CTbP7E

Photos from From Burma's post 25/04/2024

မင်္ဂလာပါရှင့်🙏
မြန်မာအစားသောက်လေးတွေ အသစ်ရောက်ပါတယ်နော်
ပုံလေးတွေမှာ ဈေးနှုန်းတွေ ထည့်ပေးထားပါတယ်

$100နဲ့အထက်ဆို free ပို့ပေးပါတယ်ရှင့်

24/04/2024

အိမ်မှာလုပ်စားလို့ရအောင် save ထားတာလေး ပြန်မျှဝေပေးလိုက်တယ်နော်…

ဖာလူဒါ လုပ်နည်း

နွေရာသီ ပူပြင်းတဲ့ ရာသီဥတုမှာ လုပ်စားနိုင်ဖို့ ဖာလူဒါ လုပ်နည်းလေးပါ။ ဖာလူဒါက အိန္ဒိယစတိုင် လုပ်နည်းပါ၊ အိန္ဒိယမှာတော့ ဖာလူဒါထဲကို ပင်ပွား၊ စမိုင်ဖတ်၊ သာကူစေ့၊ နွားနို့၊ သကြားရည် တို့ထည့်ပြီ လုပ်ကြပါတယ်။ ၀တ်ရည်ကတော့ ရန်ကုန်မှာ စားနေကျစတိုင် ဖာလူဒါ လုပ်နည်းကို ရှယ်ပေးထားပါတယ်။ ရာသီဥတု ပူပူလေးမှာ ဖာလူဒါ အေးအေးလေး လုပ်စားကြည့်ရအောင်…
--------------------------------
ပါ၀င်ပစ္စည်းများ

နွားနို့- ခွက်၄ခွက် (၈၀၀ မီလီလီတာ)
မုန့်လက်ဆောင်းဖတ် – ၁ခွက်
အနီရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)

အဝါရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
အစိမ်း(သို့) ခရမ်းရောင် ဂျယ်လီ – ခွက်တ၀က် (အတုံးသေးများတုံးထားပါ)
သာကူစေ့ – ခွက် ၁ခွက်
နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ပူတင်း – ၂တုံး
Vanilla ရေခဲမုန့် – ၁ဗူး
-------------------------------
အနီရောင် သကြားရည်တွင် ပါ၀င်ပစ္စည်းများ

အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
--------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတ၀က်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။

၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။

၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။

၄။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ပြီနောက် သကြားရည်အတွက် ပါ၀င်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၆။ နွားနို့ ၈၀၀ မီလီလီတာ ကို ဒယ်ထဲ ထည့်ပြီ မီးအတင့်သင့်ဖြင့် မိနစ် ၂၀ခန့် နွားနို့ တ၀က်ခန့် ခမ်းသွားသည်အထိ ပျစ်အောင် တည်ထားပေးပါ။

(သို့) နွားနို့ ပွက်ပွက်ဆူအောင် တည်ထားပြီ ကော်မှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ကို ရေဖြင့် ရောမွှေပြီ လောင်းထည့်ပေးပါ၊ နွားနို့ အနည်းငယ် ပျစ်လျှင် မီးပိတ်လိုက်ပါ။

ရ။ ပြီနောက် နွားနို့ကို အခန်းအပူချိန်ဖြင့် ခေတ္တအအေးခံပြီ ရေခဲသေတ္တာအောက်ထပ် ထည့်ပြီ အအေးခံထားပါ။
-------------------------
ဖာလူဒါ ပြုလုပ်နည်း

၁။ အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ အနီရောင် သကြားရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။

၂။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်(စားပွဲတင်ဇွန်း ၁ဇွန်း၊ ဂျယ်လီ ရောင်စုံ(၁မျိုး စားပွဲတင်ဇွန်း တ၀က်စီ)၊ သာကူ၊ ပူတင်း(တုံး၀က်)၊ နွားနို့(ခွက်တ၀က်)ထည့်ပေးပါ။

၃။ နောက်ဆုံး ရေခဲမုန့်(1 Scoop)အပေါ်မှ တင်၊ နို့စိမ်း(သို့) နို့စိမ်း(စားပွဲတင်ဇွန်း ၂ဇွန်း) ဆမ်းပေးပါ။

၄။ အားလုံံးကို သမအောင် အနည်းငယ် ရောမွှေပါ

📌 DONE📌


တခြား မြန်မာအစားအစာတွေ ဝယ်ချင်ရင်လည်း $50 ဖိုးနှင့်အထက် shipping free မို့ ဝင်ကြည့်လို့ရပါတယ်

https://www.facebook.com/share/p/Wvb2NadT1Uk3EQZA/?mibextid=CTbP7E

Photos from From Burma's post 24/04/2024

မိုးကုတ်မျှစ်ချဉ်ဟင်းရည်

ရေနွေးပူပူနဲ့ အချိန်(၃)မိနစ်သာရှိရင် အရသာရှိတဲ့ ရွှေပန်းပွင့် မိုးကုတ်မျှစ်ချဥ်ရည်ဟင်းတစ်ခွက်ကို ထမင်းစားပွဲပေါ်တင်နိုင်ပါပြီ 🥣

🌿 သဘာဝမျှစ်ခြောက်နုနုလေးတွေနဲ့ လန်းဆန်းတဲ့ ချဥ်ရည်ဟင်းအရသာကို ပေးစွမ်းမှာဖြစ်လို့ စိတ်ထဲ နုံးအိအိဖြစ်နေရင် ရေနွေးဆူဆူနဲ့ (၃)မိနစ်ပဲအချိန်ပေးပြီး အအီပြေ အနုံးပြေ လန်းဆန်းတဲ့ မိုးကုတ်မျှစ်ချဥ်ဟင်းရည်ကို အခုပဲ‌သောက်သုံးလိုက်တော့နော် 💕✨

https://www.facebook.com/share/p/Wvb2NadT1Uk3EQZA/?mibextid=CTbP7E

ဒေါ်လာ70ဖိုးနဲ့အထက် free shipping ပို့ပေးပါတယ်ရှင့်

Photos from From Burma's post 21/04/2024

ဒီတစ်ခါတော့ နွေရာသီနဲ့လိုက်ဖက်တဲ့ ပုံမှန်ချည်သားထက်ပိုအေးတဲ့အင်းချည်သား ဝမ်းဆက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်

ယဉ်ယဉ်လေးနဲ့ ပေါ့ပေါ့ပါးပါးဘုရားသွားကျောင်းတက် လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးလေးပါရှင့်

အရောင်လိုင်း၆ရောင်ရပါမယ်နော်

တစ်ထည်ဝယ်ရင် $5 နှစ်ထည်ဝယ်ရင် free ပို့ပေးပါတယ်ပါနော်

Sixe chart -S M L
price -$40
S- ရင် 32 ခါး 26 တင် 34~36
M- ရင် 34 ခါး 28 တင် 36~38
L - ရင် 36 ခါး 30 တင် 38~40

ဝယ်ယူအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰

Photos from From Burma's post 18/04/2024

မင်္ဂလာပါရှင့်

စိတ်ကြိုက်ရွေးချယ်စရာ အရောင်လိုင်းလေးတွေ ၁၀ရောင်တောင်ရှိပါမယ်နော်

ဇာ အပါးလေးက ကျက်သရေရှိရှိနဲ့ အမြင်အေးစေတဲ့အပြင် ပေါ့ပါးလှပနေစေမယ့်အပြင် ချိတ်လုံချည်လေးက အမရပူရချည်သားလေးမို့ တထည်တော့ ဝယ်ထားရမယ့် အဆင်လေးပါနော် 🤍

တစ်ထည်ဝယ်ရင် $5 နှစ်ထည်ဝယ်ရင် free ပို့ပေးပါတယ်ပါနော်

Sixe chart -S M L
price -$50
S- ရင် 32 ခါး 26 တင် 34~36
M- ရင် 34 ခါး 28 တင် 36~38
L - ရင် 36 ခါး 30 တင် 38~40

ဝယ်ယူအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰

Photos from From Burma's post 17/04/2024

ထမင်းနဲ့ နယ်စားမလား
နှစ်ပြန်ကြော်နဲ့ သုပ်စားမလား
တစ်ထုပ်ထဲနဲ့ အားလုံး အဆင်ပြေပြီး အရသာလည်းကောင်းတဲ့ ရှူးရှဲထုပ်လေးတွေ ၁၀ ထုပ် ၁တွဲ ကိုမှ $7.99 နဲ့ မှာလို့ရပါပြီနော်။

$70 နဲ့ အထက်ဆို shipping freeပါ။

#ရှူးရှဲ #လက်ဖက်

Photos from From Burma's post 15/04/2024

မင်္ဂလာပါရှင့် 🙏

Top လေးမှာ လက်အတွန့်လေးက ကြည့်လိုက်တာနဲ့ထင်းနေရော ဘိုဆန်ဆန်လေးနဲ့ လူငယ်ဆန်ပြီး ပွဲတိုးတဲ့အပြင်ထင်းနေစေမယ့် သုံးမျိုးset ချိတ်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်

Size
S,M,L ရပါမယ်

Price
Set-$60

S- ရင် 32 ခါး 26 တင် 34~36
M- ရင် 34 ခါး 28 တင် 36~38
L - ရင် 36 ခါး 30 တင် 38~40

ဝယ်ယူအားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰

Photos from From Burma's post 15/04/2024

မုန့်လုံးရေပေါ် လုပ်နည်း..... 🤗🤗

သင်္ကြန်ခါ ဆိုတော့ အိမ်မှာ လုပ်စားလို့ရအောင် ရာသီစာ မုန့်လုံးရေပေါ် လုပ်နည်းလေး ပြန်မျှဝေ ပေးလိုက်ပါတယ်

-----------------
မြန်မာနှစ်ကူးအခါ လုပ်စားလေ့ရှိတဲ့ ရာသီစာတစ်ခုပေမဲ့လည်း မြန်မာများအတွက်ကတော့ အချိန်အခါမရွေး နှစ်သက်မှာစားသုံးကြတဲ့ မုန့်လေးပဲဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ လွယ်ကူပြီး မုန့်နှစ်အချိုးမှာ ပုံစံနှစ်မျိုးပြုလုပ်လေ့ရှိပါတယ်။ ကောက်ညှင်းနဲ့ပဲ သီးသန့်လုပ်နိုင်သလို အချို့မှာအစေးဓာတ်လျော့နည်းစေရန် ဆန်မှုန့် လေးချိုးတစ်ချိုးရောပြီး ပြုလုပ်ကြပါတယ်။

ပါဝင်ပစ္စည်း🍡
******
ကောက်ညင်းမှုန့် - ၄၀၀ ဂရမ်
ဆား - ဇွန်းတစ်ဝက် လက်ဖက်ဇွန်း
ထန်းလျက် - ၁၅၀ ဂရမ်
အုန်းသီး - တစ်လုံး

ပြုလုပ်ပုံအဆင့်ဆင့်
*********
(၁) ကောက်ညင်းမှုန့်ကို ဆားထည့်ပြီး ရေဖြေးဖြေးစီထည့်ကာ မုန့်နှစ်လုံးလို့ရသောအနေထားထိ နယ်ပေးပါ🤔

(၂) ပြီးလျှင် အဖုံးအုပ်ပြီး မိနစ်(၃၀)ခန့် နှပ်ထားပေးပါ

(၃) ထန်းလျက်ကို အခဲသေးသေးလေးများ စိတ်ထားပါအုန်းသီးခြစ်ထားပါ။ ရေနွေးအိုး အဆင်သင့်တည်ထားပါ။ ရေအေး (၁)ဇလုံအသင့်ထားပါ😁

(၄) အားလုံးအသင့်ဖြစ်ပါက မုန့်လုံးစတင်လုံးနိုင်ပါပြီ

(၅) မုန့်နှစ်ကို အနေတော်အလုံးလေးများ ပြုလုပ်ပြီး အနည်းငယ် ဖိပြားပြီး ထန်းလျက်ခဲထည့်ကာ လုံအောင်ပြန်ပိတ်ပြီး လုံးပေးပါ😉😉

(၆) ရေနွေးအိုးပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်ပြုတ်ပါ🥰

(၇) ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ်ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေဆေးဇလုံတွင် စိမ်ထားပေးပါ🤩

(၈) အေးသွားသောမုန့်လုံးကို ဆယ်ယူရေစစ်ပြီး အုန်းသီးဆံလေးများဖြူး၍ သုံးဆောင်နိုင်ပါပြီ🤗🤗

Photos from From Burma's post 15/04/2024

✨Classic ဆန်ပြီး ကျော့ရှင်းစေမယ့် ကျက်သရေရှိပြီးဆန်းတဲ့ ဇာပွဲတက်ဒီဇိုင်းလှလှလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🌸

တစ်ထည်ဝယ်ရင် $5 နှစ်ထည်ဝယ်ရင် free ပို့ပေးပါတယ်ပါနော်

One set - $60
Size. S M L

S- ရင် 32 ခါး 26 တင် 34~36
M- ရင် 34 ခါး 28 တင် 36~38
L - ရင် 36 ခါး 30 တင် 38~40

အသားလည်းအရမ်းကောင်းပြီး အပြင်မှာထက် ဝတ်လိုက်ရင်ပိုလှပါတယ် 💯

Cb for more info

#မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ

Photos from From Burma's post 13/04/2024

ထမင်းစားတိုင်း ခံတွင်းမြိန်စေမယ့်
ပုစွန်ကျားငပိထောင်း

အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပွဲပေါ်မှာ အများဆုံးတွေ့ရတတ်တာက ဆီပြန်ဟင်း၊ အရွက်ကြော်၊ ငပိရည်၊ တို့စရာတွေပါပဲနော်။ ငပိရည်ကစားလို့ကောင်းပေမယ့်လည်း တခါတလေ အရည်ဟင်းလေးတွေအတွက်တော့ ငပိထောင်းနဲ့မှ ပိုစားလို့ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပုစွန်ငပိထောင်းလေးပြင်ဆင်ပုံအဆင့်ဆင့်လေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
ပုဇွန်ကျ ား – ၆ ကောင် (အရွယ်တော်)
ငပိစိမ်းစား – ၂ ဇွန်း (ဟင်းစားဇွန်း)
ငရုတ်သီးစိမ်း – ၁၅ တောင့် (အစပ်စားနိင်သလောက်)
ကြက်သွန်ဖြူသေး – ၁ လုံး
ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
သံပုရာသီး – ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

ပုဇွန် ၊ ငရုပ်သီး ၊ ကြက်သွန်ဖြူ လှော်ထားပါ ။
ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ ဖြင့်
အနံ့့မွှေ း လာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ ။
ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ ။
ညက်လျင် ပုဇွန်များ ထည့်ထောင်း ပါ ။
ပြီးလျင် ကြက်သွန်ဖြူများ ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီများ ရွှ ဲရွှ ဲလောင်း ပြီး စိမ်ထားပါ ။ စား ခါနီး မှာသံပုရာ ၊ မန်ကျည်းနှစ်များ ဆမ်းပေး ပါ ။

Credit: Soe’s Cooking Collection

—————————————-
US မှာနေတဲ့ သူတွေ/ အချိန်မပေးနိုင်တဲ့သူတွေအတွက်လည်း ဘဝသစ် ငါးပိထောင်းကို $5 နဲ့ pageမှာ မှာလို့ရပါတယ်

$50 နဲ့အထက်ဆို all state shipping free လည်းရှိတာမို့ ကြိုက်တာလေးတွေ့ရင် cb ထဲ လာမှာလိုက်တော့နော်

#ငါးပိထောင်း

Photos from From Burma's post 13/04/2024

🙏မင်္ဂလာပါရှင် 🙏

"FROM BURMA" page မှ ပထမဆုံးမြန်မာအစားသောက် ရောင်းချပေးတဲ့အနေနဲ့ဈေးသက်သက်သာသာလေးနဲ့ ဝယ်ယူရရှိနိုင်တဲ့ မြန်မာအစားသောက်လေးတွေဖြစ်ပါတယ်ရှင့်

$100နဲ့အထက် ဝယ်ယူသူတိုင်း Free shippingပို့ပေးမှာမို့ ဝယ်ယူအားပေးကြဖို့ဖိတ်ခေါ်ပါတယ်ရှင့်💯👏👏(states 50လုံးပို့ပေးပါတယ်နော်)

pageအသစ်လေးမို့ ဈေးသက်သက်သာသာလေးနဲ့ရောင်းပေးထားပါ့တယ်ရှင့်

Photos from From Burma's post 23/09/2023

Sunset♥️

Photos from From Burma's post 13/09/2023

သီတင်းကျွတ်အမှီ ချုပ်ဖို့ ဒီဇိုင်းလေးတွေ

#မြန်မာဝတ်စုံ

Photos from From Burma's post 05/08/2023

လက်ပြတ်လေးတွေ ဘယ်လိုချုပ်ရမှန်းခေါင်းစားနေရင် ဒီလိုလေးတွေချုပ်နော် 🥰

#မြန်မာဝတ်စုံ

Photos from From Burma's post 03/08/2023

အခုလို ပူတဲ့ ရာသီမှာ ဘယ်လို ဝတ်ရမှန်း မသိဘူး ဆိုတဲ့ အသဲတို့အတွက် ပေါ့ပေါ့ပါးပါး ဝတ်လို့ရတာလေးတွေ ဒီဇိုင်းပေါင်း ၅၀ ကျော် ရှာတင်ပေးထားတယ်နော်..
Post ကို save ပြီးသာ သိမ်းထား အားတဲ့အချိန် ပြန်ကြည့်လို့ရအောင် 🥰 တစ်နေ့ တစ်မျိုး ပိုလှ နိုင်ကြပါစေ အမျိုးသမီးလေးတို့ရေ ❤️

24/07/2023

အထည်အမြတ်က မြန်မာပြည်က ပို့ခနဲ့ အထည်ဖိုးနဲ့ ပေါင်းရင် ဘာမှ သိပ်မကျန်ပေမယ့် page စဖွင့်တဲ့ အထိမ်းအမှတ်နဲ့ July လ တစ်လလုံး free shipping ပေးထားတယ်နော် … ကိုယ်ဝတ်သလို ကောင်းတာလေးတွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ဝတ်နိုင်ဖို့စိတ်တစ်ခုထဲနဲ့ ရောင်းပေးတာပါ♥️
July လကုန်ရင်တော့ shipping fee လေးတွေပြန်ရှိမယ်နော် 😘

Photos from From Burma's post 20/07/2023

မရိုးနိုင်တဲ့ လက်ပြတ်လေးတွေ 😍

ဒါလေးတွေက ရောင်းတာမဟုတ်ဘူးနော်

#မြန်မာဝတ်စုံ #မြန်မာဝမ်းဆက်

19/07/2023

အင်းလေး ပါ ကိုတင်မောင််

Photos from From Burma's post 19/07/2023

အရောင်းပို့စ်လေးလာပြီနော် ဒီတစ်ခေါက်က ယဉ်ယဉ်လေးနဲ့လှ တဲ့ ချိတ်ဒီဇိုင်းလေးပါ

One set - $55
Size M Bust 34 lb 110-120
L. Bust 36 lb 120-130

တစ်ထည်ဝယ်ရင် $5 နှစ်ထည်ဝယ်ရင် free ပို့ပေးပါတယ်ပါနော်

အထည်လေးတွေက အကုန်မြန်တာမို့ ကြိုက်တဲ့ အရောင်နဲ့ size ရမရ ကို cb မှာမေးပေးနော်

#မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ

Photos from From Burma's post 18/07/2023

ချစ်ဖို့ကောင်းတဲ့လက်တိုချုပ်ပုံလေးတွေ
ဒါလေးတွေက ရောင်းထည် မဟုတ်ဘူးနော်

#မြန်မာဝတ်စုံ #မြန်မာဝမ်းဆက်

Photos from From Burma's post 14/07/2023

Price - $55
Size M - Bust 34 lb 100-120
Size L. - Bust 36 lb 120-130
တစ်ထည်ဝယ်ရင် $5 နှစ်ထည်ဝယ်ရင် free ပို့ပေးပါတယ်ပါနော်

ကချင် ပန်းထိုး ဝမ်းဆက်လေး ရမယ်နော်

အထည် in stock နည်းတာမို့ ရနိုင်တဲ့ အရောင်နဲ့ size ကို cb လာမေးပေးနော်

#မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ

Photos from From Burma's post 13/07/2023

ကြိုးချည် ဒီဇိုင်းလေးတွေ ချစ်ဖို့ကောင်းနေရော

ဒါလေးတွေက ရောင်းထည်မဟုတ်ဘူးနော် ချုပ်ပုံလေးတွေ တင်ပေးတာပါ

#မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ

Videos (show all)

Only $55 for one set-  ship to all states in US  #မြန်မာဝမ်းဆက် #မြန်မာဝတ်စုံ #myanmardress #MyanmarTraditionalDress #fr...
ခရီးထွက်နေတာရော မအားတာရော ကြောင့် ဘာမှ မတင်ဖြစ်တာပါ.. ရှေ့အပတ်ကစပြီး သေချာလေး ပြန်တင်မယ်နော် …
All State shipping free 🥰 #myanmardress #myanmarfashion #burma #myanmartradionaldress #မြန်မာဝတ်စုံ
Effect မပါတဲ့ အပြင်ပုံလေးပါ အရောင်လေးက စိုနေရောပဲ  $55 all state shipping free #မြန်မာဝတ်စုံ #burmese #myanmardress #Mya...
All states shipping free   #burmese #traditional #clothes #womenfashion #reels #burmesedress #myanmar #myanmardress

Website