Salween Press
Donate Here: https://www.paypal.com/donate/?hosted_button_id=JSQL9PE43NKXG Salween Press was established by a group of Karen journalists.
Salween Press aims to focus on Solutions Focused Journalism or Impact Journalism. It prioritizes ethnic Karen affairs in Myanmar because fake news, hate speech, personal attacks and biased opinions made by some social media influencers on social media is a challenge for Karen communities in this digital age. And this makes more harm than good to ethnic Karen communities. Salween Press believes tha
ဖိုးတခေတ်ပါ၀င်ဆင်နွှဲသည့် ရိုးရာချည်ဖြူဖွဲ့အခမ်းအနား
ဩဂုတ် ၁၉ ရက်နေ့၊ ၂၀၂၄
ဖိုးတခေတ်ပါ၀င်ဆင်နွှဲသည့် ဝါခေါင်လပြည့်နေ့ ဩဂုတ် ၁၉ ရက်နေ့တွင် ကျင်းပသည့်ကရင်လူမျိုးတိုရဲ့ ဓလေ့ရိုးရာချည်ဖြူဖွဲ့ အခမ်းအနားမြင်ကွင်းတချို့ကိုတွေ့ရစဉ်။ Photos - Saw Htun
သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး ၅ ဦး ဒဏ်ရာရ
သြဂုတ်လ ၁၉ ရက်၊ ၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး KNU ၏ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်သည်။
“အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထု များနေထိုင်ရာ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်” တာလို့ ကေအဲန်ယူ−ဗဟိုကဆိုပါတယ်။
သြဂုတ်လ ၁၇ ရက်မနက်တွင် ဘီးလင်း မြင်သာတောင်၌ တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ (ခလရ-၈)တပ်ရင်း၏လက်နက်ကြီးကုန်း စခန်းမှ လက်နက်ကြီး ၄ လုံး ပစ်ခတ်ရာ ဒေါက်ရပ်ကျေးနယ်ရှိ တောင်ကလေးရွာနှင့် ရွှေအင်ဒုံရွာ ထဲသို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အဆိုပါအရပ်သားများ သေဆုံးတာ ထိခိုက်ဒဏ်ရာများရရှိခဲ့တာလို့ ကေအဲန်ယူ−ဗဟိုကထုတ်ပြန်သည်။
ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၅ နာရီမိနစ် ၂၀ ခန့်တွင် တောင်ကလေးရွာအနားရှိ မစောတံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုတို့အကြားတိုက်ပွဲဖြစ်နေချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ တောင်ကလေးရွာထဲကို ပစ်ခတ်လိုက်တာကြောင့် တောင်ကလေးရွာ ငါးထပ်ကြီးအပိုင်းနေ စောမောင်နိုင်ဆိုသူသည် ကျည်ဆံထိမှန်ကာသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူ-သထုံမြို့နယ် သတင်းတာဝန်ခံကပြောပါတယ်။
ဓါတ်ပုံ − လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်မှုများကြောင့်ထိခိုက်သေဆုံးရမှုများ (Photos: KNU)
ကရင်အမျိုးသားဓလေ့ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ အခမ်းအနား
ဩဂုတ် ၁၉ ရက်၊ ၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်တွင် ဩဂုတ်လ ၁၉ ရက် ဝါခေါင်လပြည့်နေ့တွင် ကျင်းပသည့်ကရင်အမျိုးသားဓလေ့ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ အခမ်းအနားကျင်းပသည့်မြင်ကွင်းများ။ (Photos: ကေအဲန်ယူ-ဗဟို)
US will expand direct support and assistance to pro-democracy actors
August 19, 2024
U.S. Department of State Counselor Tom Sullivan and U.S. Agency for International Development Assistant Administrator Michael Schiffer reiterated that the United States will continue to expand direct support and assistance to pro-democracy actors to help build their cohesion, improve their capability to provide vital public services and humanitarian aid to those in need, and develop concrete steps towards a full transition to civilian governance that respects the will of the people of Burma.
Counselor Sullivan and Assistant Administrator Schiffer convened a virtual meeting on August 16 with leading members of Burma’s opposition movement, including the pro-democracy “National Unity Government” (NUG) and the National Unity Consultative Council (NUCC), as well as key resistance organizations, the Karen National Union (KNU), Karenni National Progressive Party (KNPP), and the Chin National Front (CNF).
Counselor Sullivan and Assistant Administrator Schiffer commended the groups on their collaborative efforts to work on establishing a path toward an inclusive federal democratic Burma.
The Counselor and the groups agreed on the importance of maintaining pressure on the military regime to change its course. The Counselor also stressed that the United States would continue to promote accountability for atrocities and human rights abuses committed by any parties amid the escalating violence.
The Counselor and the representatives pledged to work together with the international community, including the ASEAN and UN Special Envoys for Myanmar, to bring an end to the crisis and establish a pathway to peace and democracy in Burma.
Photo: Ministry of Foreign Affairs – Myanmar – NUG
ထိုင်းနိုင်ငံတွင် စစ်ကောင်စီအရာရှိမိသားစုဝင်များဝင်ရောက်နေထိုင်လာမှုရှိသည်ဟုဆို
Salween Press
ဩဂုတ် ၁၉ ရက်၊ ၂၀၂၄
မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီအရာရှိမိသားစုဝင်အများအပြားက ထိုင်းနိုင်ငံ အတွင်းသို့ဝင်ရောက်ခိုလုံပြောင်းရွှေနေထိုင်ကြတာရှိတယ်လို့ KNUသတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
“အခုက စစ်ကောင်စီမှာ ဗိုလ်မှူးကြီး၊အရာရှိမိသားစု၀င်အတော်များများ ထိုင်းနိုင်ငံထဲအများကြီး ဝင်ရောက် ပြောင်းရွေ့နေထိုင်ကြတာသိရတယ်။ ဒါကြောင့်ဝင်ထွက်သွားလာနေ သူတွေကို သေချာစီစစ်ရတယ်။ ရန်သူတွေပါလာရင်အားလုံးအတွက်မကောင်းဘူး”လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။
စစ်ကောင်စီအရာရှိ၏မိသားစု၀င်များသည် ထိုင်းနိုင်ငံ မဲဆောက် ချင်းမိုင်မြို့နှင့် ဘန်ကောက်မြို့ အပါအဝင်အခြားမြို့များလည်း ဝင်ရောက်နေထိုင်ကြတယ်လို့ ထိုင်းမှာနေထိုင်သည့်စစ်ကောင်စီ မိသားစုဝင်များနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“စစ်ကောင်စီမိသားစုအများကြီးပြောင်းရွေ့ရောက်နေထိုင်ကြတာသိရတယ်။ ကိုယ့်လူတွေကြားမှာလည်း ရောထွေးနေတာရှိနိုင်တတယ်။ ပိုပြီးသတိထားရတယ်” လို့ CDMဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတွင် ဆီပြတ်လပ်မှု၊ လျှပ်စစ်မီးမမှန်မှု၊ ကုန်ဈေးမြင့်တက်မှုအခက်အခဲများဖြစ်ပေါ် နေပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအများအပြားလည်း ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် ပြောင်းရွေ့နေထိုင်လျှက်ရှိပါတယ်။
ပုံ - ထိုင်း-မြန်မာနယ်စပ်က လုံခြုံဂိတ်တစ်ခု (ပုံေဟာင်း)
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နိုင်ငံတကာအကူအညီများလွယ်ကူချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် AA ဆောင်ရွက်ပေးရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ပြော
ဩဂုတ် ၁၉ ရက်၊ ၂၀၂၄
ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အရပ်သားများအား အကာအကွယ်ပေးရေး နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် ၎င်း၏ တာဝန်ဝတ္တရားများကို လိုက်နာထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ပြောကြားလိုက်သည်။
ခိုင်လုံသော အစီရင်ခံမှုများအရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်တွင် ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် တိုက်ခိုက်မှုတစ်ခုကြောင့် လူပေါင်း ၂၀၀ အထိ သေဆုံးခဲ့သည်ဟု သိရှိရသည်။ ဒုက္ခသည်များသည် AA နှင့် မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားသည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်မှ နတ်မြစ်ကို ကျော်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းနေခဲ့ကြသည်။
ဒရုန်းများမှ ကြဲချသော ဗုံးများ၊ အမြောက်ပစ်ခတ်မှုများနှင့် စစ်သားများက လူများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် မျက်မြင်သက်သေများက သတင်းပေးပို့ကြသည်။ ရက္ခိုင့်တပ်တော် (AA) အနေနှင့် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသည်။
၂၀၂၀ ခုနှစ်၊ နိုင်ငံတကာတရားရုံး (ICJ) မှ ချမှတ်သော စီရင်ချက်တရပ်အရ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုအန္တရာယ်နှင့် ဆက်လက်ရရင်ဆိုင်နေရပြီး ဒေသတွင်း အင်တာနက်ပိတ်ဆို့ခြင်းနှင့် သွားလာလှုပ်ရှားမှုအား တင်းကျပ်စွာ ကန့်သတ်ခြင်းများ မြန်မာစစ်တပ်မှ လုပ်ဆောင်ထားသည်။
SAC-M သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများနှင့် အခြားအရပ်သားများ အပေါ် လတ်တလော ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မည်သူ့တွင် တာဝန်ရှိသည်ကို မဆုံးဖြတ်နိုင်သေးပေ။
မည်သို့ပင်ဆိုစေကာမူ AA နှင့် ၎င်း၏ နိုင်ငံရေးပါတီဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တို့သည် ယခုအခါတွင် မြန်မာစစ်တပ်ကို လုံးလုံးနီးပါး ချေမှုန်းကာ ဖယ်ရှားပြီး ဒေသတွင်း အခရာကျသည့် စစ်တပ်နှင့် အုပ်ချုပ်မှု အာဏာပိုင်များ ဖြစ်လာမှုသည် ကျေနပ်အားရဖွယ်ရာဖြစ်သည်။
ထို့ပါသောကြောင့် SAC-M အနေဖြင့် ULA/AA အား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်တွေ့အားဖြင့် အုပ်ချုပ်လျက်ရှိသော အာဏာပိုင်နှင့် ပဋိပက္ခတွင် ပါ၀င်နေသော အဖွဲ့တစ်ဖွဲ့အနေနှင့် တောင်းဆိုလိုသည် မှာ နိုင်ငံတကာဥပဒေအောက်ရှိ ၎င်း၏ အဓိကတာဝန်ဝတ္တရားများအရ အရပ်သားအားလုံးကို အချိန်တိုင်း အကာအကွယ်ပေးရန်အတွက် ချက်ချင်းဆောင်ရွက်သွားရန်ဖြစ်သည်။
အထူးသဖြင့် ULA/AA သည်-
• ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခု တည်ဆောက်ရန်နှင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းအားလုံးသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့ရာတွင် ဖြစ်မြောက်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်တွဲဆောင်ရွက်ပါရန်။
• သတ်မှတ်ထားသော အကာအကွယ်ပေးသည့်နယ်မြေများတွင် ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအတွက် လုံခြုံစွာ ဖြတ်သန်းသွားလာခြင်းအား ခိုင်မာသေချာစေပြီး ဖြစ်မြောက်စေရန် ကူညီဆောင်ရွက်ပေးပါရန်။
• ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများနှင့် အခြားအရပ်သားများအပေါ် ပြုမူဆက်ဆံမှုများအား စုံစမ်းစစ်ဆေးရန် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုအား တောင်းဆိုရန်၊ ၎င်းအဖွဲ့အား အထောက်အကူပေးရန်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါရန်။
• အရပ်သားများအား အကာအကွယ်ပေးရေးနှင့် နိုင်ငံတကာဥပဒေအောက်တွင်ရှိ အခြားသော တာဝန်ဝတ္တရားများနှင့်စပ်လျဥ်း၍ လိုက်နာစောင့်ကြပ်ကြည့်ရှုရန်နှင့် အစီရင်ခံရန်အလို့ငှာ ရခိုင်ပြည်နယ်တွင် နေရာချထားပေးရေးအတွက် လွတ်လပ်သော နိုင်ငံတကာစောင့်ကြည့်လေ့လာသူများအား ဖိတ်ကြားပါစေရန်။
ULA/AA မှ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော လူမျိုးရေး၊ ဘာသာရေး အသိုင်းအဝိုင်းအားလုံး၏ လူ့အခွင့်အရေးအား မြှင့်တင်ပေးရန်အတွက် ၎င်းအနေနှင့် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။ ယခုတွင်မူ ယင်းအား သက်သေပြရမည်ဖြစ်သည်။
SAC-M က ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီများနှင့် အခြားအဖွဲ့၀င်နိုင်ငံများအား ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာဥပဒေအား ထပ်မံ၍ ဆိုးရွားစွာ ချိုးဖောက်မှုများကို တားဆီးရန်အတွက် အားထုတ်မှုများအား မြန်ဆန်စွာ အလုပ်တွင်စေရေးနှင့် အဆိုပါချိုးဖောက်မှုများကို ကျူးလွန်သူများအား တာဝန်ယူ/ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် SAC-M မှ တောင်းဆိုသည်။
ကျုံဒိုးတွင် ခမရ ၅၄၅ နှင့် ၅၄၆ မှစစ်ကောင်စီအရာများ တိုက်ခိုက်ခံရမှာစိုးလို့ ညဘက်တွင် နေရာပြောင်းရွေ့ အိပ်နေရ
Salween Press
ဩဂုတ် ၁၈ ရက်၊ ၂၀၂၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကျုံဒိုးတွင်ပုံမှန်အနေအထားရှိပေမဲ့ ခမရ ၅၄၅ နှင့် ၅၄၆ မှစစ်ကောင်စီတပ်အရာရှိတချို့သည် တိုက်ခိုက်ခံရမှာစိုးရိမ်လို့ ညဘက်တွင် နေရာပြောင်းရွေ့ အိပ်တာရှိနေသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။
ကျုံဒိုးနယ်မြေတွင် နေ့ဘက်မှာပုံမှန်အနေအထားရှိပေမဲ့ ညဘက်တွင်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် လာမှာကိုစိုးရိမ်လို့ အခုလို နေရာပြောင်းရွေ့ အိပ်တာဖြစ်သည်ဟု သတင်းရင်းမြစ်ထံကဆိုသည်။
“ကျုံဒိုးဘက်မှာပုံမှန်အနေအထားမှာတွေ့ရတယ်။ ပုံမှန်အသွားအလာရှိတယ်။ ဒါပေမဲ့ ညဘက်မှာ ၅၄၅ နဲ့ ၅၄၆ ကအရာရှိတွေက တိုက်ခိုက်ခံရမှာစိုးရိမ်လို့ ဂျိုင်းတံတားကိုဖြတ်ပြီး နေရာပြောင်းရွေ့ အိပ်တာလုပ်နေတာရှိတယ်။ မနေ့ ညက ၇ နာရီကျော်အချိန်မှာ အဲ့ဒီ ၅၄၅နဲ့ ၅၄၆ ကတပ်အရာရှိတွေက ဂျိုင်းတံတားကိုဖြတ်သွားတယ်” လို့ တော်လှန်ရေးသတင်းရင်းမြစ်ထံတစ်ခုကပြောပါတယ်။
စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအတွက် တပ်အင်အားဖြည့်တင်းမှုလုပ်ဆောင်နေတာရှိပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် တင်းမာမှုဆက်ရှိနေသည်ဟုသိရသည်။
ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် အာရှလမ်းမ ဒေါနတောင်ကြောအထက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး စစ်ကောင်စီဘက်မှသေဆုံးမှုများပြီး အရှင်ဖမ်းဆီးရမိသူလည်းရှိသည်ဟုတော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။
ပုံ - ကော့ကရိတ်-မြ၀တီလမ်းတစ်နေရာ (ပုံေဟာင်း) (Photo: Local driver)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၁၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားသည်။
KNU တပ်မဟာ ၁ တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များ စစ်ကောင်စီထံလက်နက်ပြန်အပ်
Salween Press
ဩဂုတ် ၁၈ ရက်၊ ၂၀၂၄
KNU တပ်မဟာ ၁ သထုံခရိုင် KNLA တပ်ရင်း ၁ အုပ်ချုပ်နယ်မြေတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၀င်တချို့သည် ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီထံလက်နက်ပြန်အပ်သည်ဟု ပြည်သူ့စစ်နဲ့နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်ထံမှသိရှိရသည်။
ဒါ့အပြင် အဆိုပါပြည်သူ့စစ်အဖွဲ့၀င်များသည် စစ်ကောင်စီလက်အောက်က ပြည်သူ့စစ်အနေဖြင့် မရပ်တည်သလို ပြည်သူ့စစ်တာ၀န်များမထမ်းဆောင်တော့တဲ့အကြောင်းကို KNU/KNLA ထံလာရောက်ခံဝန်ကတိလက်မှတ်ထိုးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကဆိုသည်။
ဒါ့အပြင် ကျန်ရှိနေသည့်ပြည်သူ့စစ်အဖွဲ့တချို့ကလည်း ယမန်နေ့တွင် KNLA ထံထပ်မံလာရောက်ပြီး ခံဝန်ကတိလက်မှတ်ထိုးသွားတယ်လို့အဆိုပါ ဒေသခံသတင်းရင်းမြစ်ကဆိုသည်။
“သူတို့ပြည်သူ့စစ်အဖွဲ့က ၅၀ လောက်ရှိမယ်။ အသက်အားဖြင့် ၄၀ ကျော်ကနေ ၇၀ အထိရှိနေတယ်လို့ သိရတယ်။ အသက်လည်းကြီးလာပြီး ဘာမှလည်းမလုပ်နိုင်တော့ပါဘူး။ အသက်ရလာတဲ့အပေါ် ဘဝကိုအေးဆေးဘဲနေထိုင်လိုတာကြောင့် နှစ်ဘက်လုံးအထင်အမြင်မှားယွင်းမှုမရှိအောင် လက်နက်တွေက စစ်ကောင်စီလက်နက်ဖြစ်တဲ့အတွက် သူတို့ကိုပြန်အပ်တယ်။ ပြီးမှ KNU/KNLA တပ်မဟာ ၁ မှာလာရောက်ရှင်းလင်းပြီး ပြည်သူ့စစ်အနေနဲ့ မရှိတော့ကြောင်းနဲ့ အရပ်သားဘဝဖြင့် သာဆက်လက်နေထိုင်ဖို့သွားရောက်ခံဝန်ကတိထိုးသွားတယ်”လို့ အဆိုပါဒေသခံသတင်းရင်းမြစ် ကပြောပါတယ်။
“စစ်ကောင်စီက ပြည်သူ့စစ်လုပ်ဖို့လူငယ်တွေစည်းရုံးပြီးခေါ်လို့လည်းမရဘူး။ လူငယ်လည်းစိတ်မဝင်စား ကြဘူး” ဟု သူကဆက်ပြောပါတယ်။
၎င်းပြည်သူ့စစ်အုပ်စုသည် တံတားဦး ကျုံခန၊ နိုးရား၊ ဖောကလော်၊ နောဖာဒို့(ဒေသအခေါ်)စသည့် ကျေးရွာများတွင်နေထိုင်ကြသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းကာလတွင် သီးခြားနေထိုင်ပြီး စစ်ကောင်စီတပ်နဲ့လည်း စစ်ရေးလှုပ်ရှားမှုမှာ တစ်စုံတစ်ရံပူးပေါင်းလုပ်ဆောင်တာလည်း မရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်ထံမှသိရပါတယ်။
ပုံ - စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ (ပုံေဟာင်း)
အောင်ဇေယျစစ်ကြောင်းအတွက် တပ်မ ၅၅ အင်အားဖြည့်တင်းလာ၊ နည်းမျိုးစုံဖြင့်စစ်ကူပို့
Salween Press
ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် အောင်ဇေယျစစ်ဆင်ရေးအတွက် ရှမ်းပြည်နယ် ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခလရ ၃ တပ်မှ တပ်အင်အားလာရောက်ဖြည့်တင်းမှုလုပ်ဆောင်နေတယ်လို့ ကရင်ပြည်နယ်မှတော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။
အဆိုပါအောင်ဇေယျစစ်ကြောင်းသည် KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ တွင်ထိုးစစ်ဆင်ရန် ပြင်ဆင်မှု အမျိုးမျိုးဖြင့်တက်လာနေတယ်လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့၀င်များသည် အရပ်ဝတ်ဖြင့်အရပ်သားအသွင်အပြင် ဈေးသည်အသွင် အမျိုးမျိုးဖြင့်တက်လာတာကို တွေ့ရတယ်လို့ဆိုပါတယ်။
“အခုတိုက်ပွဲငယ်တွေလောက်ဘဲဖြစ်တယ်။ ကြီးကြီးမားမားတော့မရှိသေးဘူး။ နှစ်ဘက်ထိတွေ့မှုတော့ရှိနေတဲ့အနေအထားမှာဘဲရှိတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီသည် အောင်ဇေယျစစ်ကြောင်းအတွက် စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များကိုလည်း အင်အားအစားထိုးဖြည့်တင်းကာ ပို့ဆောင်ထားတာလည်းသိရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ ထံမှသိရသည်။
ပုံေဟာင်း
စစ်ကောင်စီတိုက်လေယဉ်အး တရုတ်ဖက်မှ စက်သေနတ်ဖြင့်ပစ်ခတ်
၁၈၊သြဂုတ်။၂၀၂၄
ကချင်ပြည်နယ် ကေအိုင်အို ( KIO ) ဌါနချုပ်တည်ရှိရာ လိုက်ဇာမြို့သို့ဗုံးကျဲရန်လာရောက်သော စစ်ကောင်စီ လေယဉ်အား တရုတ်နိုင်ငံဖက်မှ စက်သေနတ်ဖြင့် ပစ်ခတ်သတိပေးခြင်းမျိုးလုပ်ဆောင်လာကြောင်းသတင်း ရရှိသည်။
ယခင်က လိုက်ဇာမြို့သို့ဗုံးကျဲရန်လာသော စစ်ကောင်စီ တိုက်လေယဉ်များအား တရုတ်အစိုးရဖက်မှာ မီးကျည်သေနတ်ဖြင့် ပစ်ခတ်သတိပေးခြင်းသာ လုပ်ဆောင်ခဲ့သော်လည်း သြဂုတ်လ ၁၆ ရက်နေ့က လိုက်ဇာ သို့ဗုံးကျဲရန်လာသော စစ်ကောင်စီလေယဉ်များအား တရုတ်ဖက်မှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်ဟု လိုက်ဇာဒေသခံတဦးကဆိုသည်။
ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီ၏ နေပြည်တော်ခရီးစဉ် အပြီး လုပ်ဆာင်လာသည့်လုပ်ရပ်တခုဖြစ်သည်။
ကေအိုင်အိုဌါနချုပ်တည်ရှိရာလိုက်ဇာမြို့သည့်တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်အနီးတွင်တည်ရှိသော မြို့ဖြစ်ပြီး ကချင်ပြည်နယ်အတွင်ရှိစစ်ကောင်စီတပ်စခန်းများအတိုက်ခံရတိုင်းစစ်ကောင်စီမှ လိုက်ဇာမြို့အား လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်း လေယဉ်ဖြင့်ဗုံးကျဲခြင်းများလုပ်ဆောင်လေ့ရှိသည်။
မြန်မာနိုင်ငံကတင်သွင်းနေတဲ့အစားအသောက်တချို့ကို မစားသင့်ဘူးလို့ အမေရိက သတိပေး
Salween Press
သြဂုတ်လ ၁၇ ရက်နေ့ ၂၀၂၄
အမေရိကန်နိုင်ငံထဲကို အသားစည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်အပါအ၀င် မြန်မာနိုင်ငံကတင်သွင်းနေသည့် တရားမဝင် အစားအသောက်တချို့ ကို မစားသင့်ဘူးလို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။
အဆိုပါအစားအသောက်များမှာ ထိမိဂွိ မော်လမြိုင် မုန့်ဟင်းခါးအနှစ်တွေ၊ အဖွားလက်ရာအသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးအစုံ၊ စံပြဒေါ်ကြည်မုန့်ဟင်းခါးအနှစ်များပါ၀င်သည်
အဆိုပါအစားအသောက်များ ၀ယ်ထားသူများအနေနဲ့ ထိုအစားအသောက်ကိုမစားဘဲလွှင့်ပစ်ဖို့နဲ့ ထိုအစားအသောက်ကိုရောင်းချသူများအနေနဲ့ ဆက်လက်မရောင်းချဖို့ အမေရိကန်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့စစ်ဆေးရေးဌာန FSIS က သတိပေးထုတ်ပြန်ခဲ့ပါတယ်။ လွှင့်ပစ်သင့်တဲ့ အစားအသောက်စာရင်းအပြည့်အစုံကို FSIS ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားသည်။
စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့စစ်ဆေးရေးဌာနရဲ့ ပုံမှန်စစ်ဆေးရေးတာ၀န်များဆောင်ရွက်စဉ် အဆိုပါ တင်သွင်းခွင့်မရှိသည့် အစားအသောက်များကို ဈေးဆိုင်တခုတွင် တွေ့ရှိခဲ့တာဖြစ်ပါတယ်လို့ FSIS စစ်ဆေးရေးဌာန၏တာ၀န်ရှိသူများကဆိုသည်။
အဆိုပါအစားအသောက်ဗူးနှင့် အထုပ်တွေပေါ်မှာ တင်သွင်းခွင့်ကုန်အမှတ်တဆိပ်မပါရှိဘူးလို့လည်း ဆိုပါပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမေရိကန်နိုင်ငံခြားရေးဌာန၏အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ၊
ဒီမိုကရေစီအရေးလှုပ်ရှားသူများအား တိုက်ရိုက်ကူညီဖို့ ဆွေးနွေး
Salween Press
သြဂုတ်လ ၁၇ ရက်နေ့ ၂၀၂၄
အမေရိကန် နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် (Mr. Tom Sullivan) နှင့် မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်လိုသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၅ ရက်နေ့တွင် အွန်လိုင်းဖြင့် တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများအား တိုက်ရိုက်အကူအညီများ မှတစ်ဆင့် ပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုမှ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့် အကြောင်းကို အတိုင်ပင်ခံပုဂ္ဂိုလ် Sullivan မှ အလေးပေး ပြောကြားခဲ့သည်ဟု ဆွေးနွေးမှာပါ၀င်ခဲ့သည့်ဟု KNU ကထုတ်ပြန်သည်။
ဒါ့အပြင် အကြမ်းဖက်စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရ မည်ဖြစ်ကြောင်းကိုလည်း အလေးပေးဆွေးနွေးခဲ့သည်ဟုဆိုသည်။ ။
လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေး နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု KNU ကထုတ်ပြန်သည်။
ဤပံ့ပိုးကူညီမှုသည် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် ညီညွတ်မှုတည်ဆောက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြှင့်တင်ရန်နှင့် အရပ်သားအုပ်ချုပ်ရေးသို့ ခြေလှမ်းများဖြစ်ရန်ရည်ရွယ်သည်ဟုဆိုသည်။
အဆိုပါအွန်လိုင်းဖြင့်တွေ့ဆုံပွဲကို KNU ကရင်အမျိုးသားစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံခြားရေး ဌာနမှူး ပဒိုစောတောနီးတို့က ပါဝင်တက်ရောက်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံမှုတွင် KNU၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ပါဝင်ခဲ့သည်။
တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံခြားရေးဌာန၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏တွေ့ဆုံပွဲသည်
မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ရဲ့ခရီးစဉ်နဲ့လည်းတိုက်ဆိုက်နေသည်။
မြန်မာနိုင်ငံပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာရဲ့အိမ်နီးချင်းထက်ပိုလိုလားသူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ဩဂုတ်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ် ရေးတွင် တရုတ်အနေဖြင့် ဆက်လက်ကူညီထောက်ပံ့သွားရန် မျှော်လင့်ကြောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ဩဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
Photo: KNU
ရေကြီးရေလျှံမှုများကြောင့် KNU အုပ်ချုပ်နယ်မြေ မူးမြို့နယ်တွင် အိမ်များ၊ လယ်ယာများနှင့် မွေးမြူရေးတိရိစ္ဆာန်များ ပျက်စီးဆုံးရှုံး
Salween Press
ဩဂုတ် ၁၇ ရက် ၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် မူးမြို့နယ် အတွင်း ရေကြီးရေလျှံမှုများကြောင့် လူနေအိမ် ၂၇ လုံးထက်မနည်း ရေနှင့်အတူမျှောပါပျက်စီးခဲ့ရ ပြီး စိုက်ပျိုးထားသောလယ်ယာများလည်း နှစ်မြုပ်ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
အဆိုပါရေကြီးရေလျှံမှုအတွင်း ကော့ပြင်ကျေးရွာမှ စစ်ဘေးရှောင်ကာ တောတောင်များအတွင်း ပြောင်းရွှေ့ နေထိုင်ကြသောရွာသားတို့၏တဲများအပြင် အသုံးအဆောင်များနှင့် မွေးမြူထားသောကျွဲနွား တိရိစ္ဆာန်များလည်း ရေနှင့်အတူမျှောပါသွားခဲ့သည်ဟုဆိုသည်။
ဒါ့အပြင် ပေါ်ပီဒဲကျေးရွာရှိ နေအိမ်တချို့ ရေနှင့်အတူမျှောပါပျက်စီးခဲ့ရပြီး ယော်ခီးကျေးရွာအတွင်းရှိ နေအိမ်များလည်း မျှောပါပျက်စီးခဲ့ရသည်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကို အတိအကျကောက်ခံနိုင်ရန် ကျန့်ကြာနေသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများမှာလည်းလိုအပ်လျှက်ရှိသည်ဟု ကေအဲန်ယူ−ဗဟိုက ဆိုပါတယ်။
Photos: KNU
မြန်မာနိုင်ငံတည်ငြိမ်ရေးကို မြန်မာရဲ့အိမ်နီးချင်းထက်ပိုလိုလားသူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော
Salween Press
ဩဂုတ် ၁၆ ရက် ၂၀၂၄
မြန်မာနိုင်ငံပြန်လည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာရဲ့အိမ်နီးချင်းထက်ပိုလိုလားသူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောဆိုခဲ့သည်။
ဩဂုတ်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများနဲ့ တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး “တစ်လှေတည်းစီးကာ တစ်မြစ်တွင်းရေ အတူသောက်သုံး” ကြကြောင်း၊ သမိုင်းကြောင်းကြာရှည်သည့် ဆက်ဆံရေးသမိုင်းရှိသဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံအခြေအနေကို ပိုမိုနားလည်ဟု Mr. Wang Yi က ပြောကြားခဲ့သည်။
“မိမိတို့သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ် လာရေးကို ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း” Mr. Wang Yi က ပြောကြားခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမည်ဖြစ်ကြောင်း နှင့် အဆိုပါစည်းသုံးခုမှာ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်ကြောင်း Mr. Wang Yi က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရှာဖွေတွေ့ရှိမှုကိုအားပေးပါကြောင်း Mr. Wang Yi က ပြောသည်။
မြန်မာပြည်သူများလက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်းနှင့် မြန်မာနိုင်ငံထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်သည်ဟု Mr. Wang Yi က အကြံပြုခဲ့သည်။ ကူညီမှုများကို အတိုက်အခံပဋိပက္ခပြုလုပ်ရာတွင် အသုံးမပြုဘဲ ပြည်သူလူနေမှုဘဝကို အာမခံရာတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်သည်ဟု သူကဆိုသည်။
မြန်မာနိုင်ငံနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန် ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီးရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည်ဟု Mr. Wang Yi က အကြံပြုသည်။
အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံ အရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွထောက်ခံအားပေးခြင်းနှင့် ဒေသတွင်းပြင်ပအင်အားများက အခြေအနေပျက်အောင် နှောင့်ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွား လာမှုကို သတိထားရမည်ဖြစ်သည် Mr. Wang Yi ကဆိုသည်။ ။
မြန်မာနိုင်ငံက မိမိနည်းလမ်းဖြင့် ပြည်တွင်းရေးပြဿနာအား ဖြေရှင်းမှုကိုလေးစားပါကြောင်း၊ ဘက်အသီးသီးနှင့်ချိတ်ဆက်မှုကို ထိန်းသိမ်းကာ မြန်မာနိုင်ငံကို အတတ်နိုင်ဆုံးကူညီပေး၍ အာဆီယံလုပ်ငန်းစဉ်နှင့်အတူ ဖြေရှင်းသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းသွားလိုသည့် ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံဘက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းနှင့် မိတ်ဆွေအနေဖြင့် မြန်မာနိုင်ငံက တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန် မျှော်လင့်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန် ဆန္ဒရှိပါကြောင်း လာအိုနိုင်ငံဘက်က ပြောကြားခဲ့သည်။
အဆိုပါချင်းမိုင်မြို့ကတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ၏ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့တက်ရောက်ခဲ့သည်။
Photo: Chinese Embassy in Myanmar
၂၀၂၅ ခုနှစ် Paul & Daisy Soros Fellowships for New Americans ပညာသင်ဆုကို ဘယ်သူလျှောက်နိုင်လဲ
Salween Press
သြဂုတ်လ ၁၆ ရက်နေ့၊ ၂၀၂၄
၂၀၂၅ ခုနှစ် Paul & Daisy Soros Fellowships ပညာသင်ဆုကို အမေရိကနိုင်ငံတွင် ရွှေ့ပြောင်းအခြေချသူ၊ ဒုက္ခသည်အဖြစ်ရောက်ရှိလာသူ၊ ခိုလှုံခွင့်ရရှိထားသူ၊ အမြဲတမ်းနေထိုင်သူ သို Green Card ကိုင်ဆောင်သူ၊ အမေရိကန်နိုင်ငံသားခံယူထားသူများ လျှောက်ထားနိုင်ပါသည်။
ဒါ့အပြင် ရွှေ့ပြောင်းအခြေချသူများ၏သား၊ သမီးအပါအဝင် အမေရိကနိုင်ငံအတွင်းရှိ အထက်တန်းကျောင်းနှင့် ကောလိပ်ကျောင်းပြီးထားသူများလည်း လျှောက်ထားနိုင်ပါသည်။
အဆိုပါပညာတော်သင်ဆုကို အသက် ၃၀ နှင့် ၃၀ အောက်ရှိသူများသာလျှောက်ထားနိုင်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် နောက်ဆုံးထားလျှောက်ရမှာဖြစ်သည်။
အဆိုပါပညာတော်သင်ဆုသည် နှစ်စဉ် လူ ၃၀ ဦးကိုပေးအပ်ချီးမြှင့်တာဖြစ်ပြီး ပညာတော်သင်ရရှိသူတစ်ဦးလျှင် ငွေကြေးအထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၉ သောင်းထောက်ပံ့မှာဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် အမေရိကနိုင်ငံကိုပြောင်းရွှေ့နေထိုင်သည့် မြန်မာလူမျိုးများ သို့မဟုတ် သူတို့၏သားသမီးများ၊ ဒုက္ခသည်များ၊ Green Card ကိုင်ဆောင်သည့်မြန်မာလူငယ်များ လျှောက်ထားနိုင်သည်ဟုနားလည်ရသည်။
သို့သော် လျှောက်လိုသူများသည် အောက်တိုဘာလ ၃၁ ရက်နေ့ ၂၀၂၄ ခုနှစ်အထိ အသက် ၃၀ နှင့် ၃၀ အောက်ရှိသူဖြစ်ရမည်ဖြစ်ပြီး အမေရိကနိုင်ငံတွင်နေထိုင်သူဖြစ်ရမည်။
ပညာတော်သင်ဆု၏အသေးစိတ်ကို အောက်ပါလင့်တွင် ဝင်ရောက်စုံစမ်းနိုင်ပါသည်။
https://www.profellow.com/announcements/call-for-applications-2025-paul-daisy-soros-fellowships-for-new-americans/?fbclid=IwY2xjawEq3kZleHRuA2FlbQIxMAABHV9nxKmIOmPg7KjxVgrBMldBBExxOsOtZip_yEP8FOOOiTSLSx9kB4KrbQ_aem_9c4ADwU8rMzlK8d_AS4TsA
အမေရိကနိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်တွင် ပညာသင်ဆုအခွင့်အလမ်း
Salween Press
သြဂုတ်လ ၁၆ ရက်နေ့ ၂၀၂၄
မြန်မာနိုင်ငံသားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၊ တောင်အာရှ၊ အရှေ့အာရှ၊ ပစ္စိဖိတ်ဒေသမှနိုင်ငံများနှင့် အမေရိကနိုင်ငံသားတွေကို အမေရိကနိုင်ငံ ဟာဝိုင်ယီကျွန်းအခြေစိုက် East-West Center မှ Graduate Degree Fellowship ပညာသင်ဆုပေးအပ်သည့်အစီအစဉ်တစ်ခုရှိသည်။
စိတ်ဝင်စားသည့်သူများအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လျှောက်ထားရမည်ဖြစ်ပြီး ရွေးချယ်ခံရလျှင် အမေရိကနိုင်ငံ ဟာဝိုင်ယီတက္ကသိုလ်မှာ ပညာသင်ခွင့်ရမှာဖြစ်သည်။
အဆိုပါပညာသင်ဆုသည် ကျောင်းသူကျောင်းသားများ၏ နေစားရိတ်၊ စားစရိတ်၊ ကျန်းမာရေးအာမခံ၊ စာအုပ်ဖိုးနှင့် ကျူရှင်ကုန်ကျစားရိတ်များအတွက် ငွေကြေးတချို့ထောက်ပံ့သွားမှာဖြစ်သည်။
ပညာတော်သင်ဆု၏အသေးစိတ်ကို အောက်ပါလင့်ခ်တွင် ဝင်ရောက်စုံစမ်းနိုင်ပါသည်။
https://www.eastwestcenter.org/apply/east-west-center-graduate-degree-fellowship-apply-now?fbclid=IwY2xjawErLw9leHRuA2FlbQIxMAABHcq_ZOnUTT6OHbNbRYADuzH4h-7ua-jSQ3VpZK7GGKNsdrsEHwJE_t5ByA_aem_5Hi1MJI-NZBWIhHmh8UNmQ
Photo: UHM
ရင်ကြားစေ့ရေးကို ဆောလျင်စွာအကောင်အထည်ဖော်ဆောင်ကာ ငြိမ်ချမ်းသည့်လမ်းကို ရှာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော
Salween Press
ဩဂုတ် ၁၅ ရက်
နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ပြောသည်ဟု ဆင်ဟွာသတင်းဌာနက ရေးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သြဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခု ပြောဆိုခဲ့တာဖြစ်သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး တွန်းအားပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအပေါ် ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်မှုရရှိရေး ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီမည်ဟု မျှော်လင့်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကရေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု စသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများကို အတူတကွ တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟုဆိုသည်။
တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အပြုအမူကိုမျှ ခွင့်ပြုမည် မဟုတ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနကရေးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။
ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို တရုတ်က ခိုင်မာစွာ လက်ကိုင်ထားပြီး မြန်မာ့နိုင်ငံရေးအစဉ်အလာနှင့် မြန်မာဘက်က မိမိနိုင်ငံ၏အခြေအနေအရ ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လေးစားကြောင်း ဝမ်ရိ က ပြောကြားခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားနေခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆိုလုပ်ကြံတိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်ကြောင်း ဝမ်ရိ က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ တွန်းအားပေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Photo: Chinese embassy in Myanmar
ပြည်ပဝင်ရောက်စွက်ဖက်မှုကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို တရုတ်က ဆက်လက်ကူညီရန်မျှော်လင့်သည်ဟု ဉီးသန်းရွှေ ပြော
Salween Press
ဩဂုတ်လ ၁၅ ရက်နေ့၊ ၂၀၂၄
မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ် ရေးတွင် တရုတ်အနေဖြင့် ဆက်လက်ကူညီထောက်ပံ့သွားရန် မျှော်လင့်ကြောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကို ပြောခဲ့သည်ဟု မြန်မာနိုင်ငံ၏တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ဩဂုတ်လ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ဉီး သန်းရွှေ က အခုလို ပြောဆိုခဲ့တာဖြစ်သည်။
တရုတ်နိုင်ငံက ကာလကြာရှည်စွာ ကဏ္ဍပေါင်းစုံတွင် မြန်မာနိုင်ငံအပေါ် ကိုယ်ကျိုးမကြည့်ဘဲ ပံ့ပိုးမှုနှင့် ကူညီမှုအပေါ် ဉီးသန်းရွှေက ကျေးဇူးတင်ရှိပါကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ် ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက တန်ဖိုးရှိသော ထောက်ခံအားပေးမှုများ ဆက်လက်ထောက်ပံ့ သွားရန် ဉီး သန်းရွှေက မျှော်လင့်ကြောင်း တရုတ်သံရုံးကရေးပါတယ်။
မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို တရုတ်နိုင်ငံက အခိုင်အမာဆန့်ကျင် သလို မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးသည့် မည်သည့်ပြောဆိုပြုမူမှုကိုမဆို ခိုင်မာစွာဆန့်ကျင်သည်ဟု Mr. Wang Yi က ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးက ရေးသားဖေါ်ပြပါတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကြောင်း၊ ဤအချက်သည် မည်သည့်အခါတွင်မျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်သည် နိုင်ငံတကာအပြောင်းအလဲများ၏ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရပြီး ပိုမိုခိုင်မာလာခဲ့သည်ဟု Mr. Wang Yi က ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးဆိုပါတယ်။
မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ကြိုးပမ်းဖော်ဆောင်ကာ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင်ပြေချောမွေ့စွာကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေထောက်ခံသည်ဟု Mr. Wang Yi က ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးဆိုပါတယ်။
Photos: Chinese embassy in Burma
PDFတောင်ပိုင်းစစ်ဒေသတွင်ထိတွေ့မှု ၅၁ကြိမ်ဖြစ်၊စစ်ကောင်စီတပ်သား၁၆၇ဦးသေ၊၁၅၄ဦးဒဏ်ရာရ
ဩဂုတ်လ၁၅ရက်၊၂၀၂၄။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDFတောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေတွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့PDFပူးပေါင်းအဖွဲ့တို့ထိတွေ့မှု ၅၁ကြိမ်ဖြစ်ပွားခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပြန်ကြားရေးမှသတင်းထုတ်ပြန်ပါသည်။
၎င်းထိတွေ့တိုက်ခိုက်မှု ဖော်ဆောင်ရာမှာစစ်ကောင်စီအထိုင်ချစခန်း၊စစ်ကြောင်းများကိုဒရုန်းဖြင့်တိုက်ခိုက်မှု။ ၃၀ကြိမ်အထက်ရှိ၊လက်နက်ကြီးပစ်ခတ်မှု၄ကြိမ်အထက်၊မိုင်းဆွဲတိုက်ခိုက်မှု၈ကြိမ်အထက်၊စစ်ကောင်စီသတင်းပေးဒေါက်တိုင်ရှင်းလင်းရေး၅ကြိမ်နှင့်စနိုက်ပါဖြင့်တိုက်ခိုက်မှုများစွာဆောင်ရွက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားသည်။
တောင်ပိုင်းစစ်ဒေသတွင်ဇူလိုင်လအတွင်းစစ်ရေးဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်သား၁၆၇ဦးသေဆုံးပြီး၁၅၄ဦးဒဏ်ရာရရှိတယ်လို့ဆိုထားသည်။
ဒါ့အပြင် စစ်ကောင်စီသတင်းပေးဒလန်၊စစ်ကောင်စီမိသားစုဝင်များ လက်နက်ချအညံ့ခံ၊သုံ့ပန်းအနေဖြင့်လည်းဖမ်းဆီးရမိသူများလည်းရှိနေတယ်လို့ထုတ်ပြန်ထားပြီး စစ်သုံ့ပန်းများကိုဉပဒေနှင့်အညီကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားသည်။
စစ်ရေးဖော်ဆောင်ရွက်ရာမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းအမြောက်အများကိုလည်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကသိမ်းဆည်းရမိခဲ့သည်။
၎င်းစစ်ရေးဆောင်ရွက်ဖော်ဆောင်ရာမှာ တောင်ပိုင်းစစ်ဒေသ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊LDFများ၊မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊KNU/KNLA၊KNDOနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအပြင်ဒရုန်းတပ်ဖွဲ့များလည်းစစ်ဆင်ရေးမှာပူးပေါင်းဆောင်ရွက်ပါဝင်တယ်လို့ထုတ်ပြန်ထားသည်။