John S Kay

Who will have all men to be saved, and to come unto the knowledge of the truth. 1Tim 2:4

Pastor of Wichita Myanmar Christian Church
Founder of MGBCI
Director of Shwe Canaan TV
Director of Shwe Canaan Ministry

01/10/2024

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိသောသူသည်မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည်မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌ မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည် မြေကြီးပေါ်မှာချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ​ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရား ဖြစ်ကြောင်းတည်းဟူသော၊ ငါ့ သဘောကိုသိနားလည်ခြင်း၌ သာဝါကြွားစေ။ ငါသည်ထိုအရာတို့၌ မွေ့လျော်သည်ဟုထာဝရဘုရားမိန့်တော်မူ၏။
ယေရ ၉း၂၃-၂၄

01/08/2024

သေဒါဏ်ကလွှတ်ဖို့ ကြိုးစားရင်း သေသွားရတာ ဘာကြောင့်လဲ?
~~~~~~~~~~
ဂျွန်ဒီလင်းဂါး ဆိုတဲ့ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင် ကို အသေပဲဖြစ်ဖြစ် အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာတစ်သောင်းပေးမယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန်တစ်ယောက်
ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ ဆရာကဝန်က အတတ်နိုင်ဆုံးကူညီပေမယ့် မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။

(ရော ၆း၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။)

01/01/2024
12/22/2023

မ ၂:၁၁
အိမ်ထဲသို့ဝင်ကြသောအခါ သူငယ်တော် နှင့်မယ်တော်ကို တွေ့မြင်ကြသည်။ ဒူထောက်ပြပ်ဝပ်ကိုးကွယ်ကြသည်။ လောဗန်၊ မုရန်နှင့် ရွှေများကို ဆက်ကပ်ပူဇော်ကြသည်။
“ယေရှုနှင့် မယ်တော်ကို တွေ့မြင်ကြသည်”ဟု သူငယ်တော်ကို ရှေ့ကဖော်ပြသည်ကို သတိပြုပါ။
သာမန်အားဖြင့် မိခင်ကို ရှေ့ကဖော်ပြလေ့ရှိသော်လည်း ဤနေရာတွင် ကလေးကို ရှေ့မှ ဖော်ပြသည်မှာ ထူးခြားသည်။
(မ ၂း ၁၃၊၁၄၊ ၂၀၊ ၂၁ အင်္ဂလိပ် ကျမ်းစာထဲမှာ ကြည့်ပါ)။

And when they had come into the house, they saw the young Child with Mary His mother, and fell down and worshiped Him. And when they had opened their treasures, they presented gifts to Him: gold, frankincense, and myrrh.
Matthew 2:11 (New King James Version)

Shwe Canaan Ministries - Bible Correspondence Courses ရွှေခါနာန်သမ္မာကျမ်းစာ စာပေးစာယူ 12/10/2023

ရွှေခါနာန် အဝေးသင် ကျမ်းစာကျောင်း တက်ရောက်လိုသူများ မှတ်ပုံတင်လျှေက်တင်နိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~
(ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ တ ၁၇း၁၁
သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။ ၂တိ ၂း၁၅)
~ ကျမ်းစာသင်တန်း၊ ကျမ်းစာကျောင်း တက်လိုသော်လည်း အခြေအနေအမျိုးမျိုးကြောင့် မတက် နိုင်သူများ...
~ အသင်းတော်လုပ်ငန်း၊ သာသနာလုပ်ငန်း တစ်ခုခု၌ ပါဝင်ဆက်ကပ်နေသောသူများ...
~ နှုတ်ကပါတ်တော် ဓမ္မပညာကို စနစ်တစ်ကျ လေ့လာလိုသူများ...
~ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရင်း နှုတ်ကပါတ်တော် ဓမ္မပညာကို သိရှိခံယူလို သောသူများ...
~ မိသားစုနှင့်ခွဲခွာစရာမလိုပဲ နှုတ်ကပါတ်တော် ဓမ္မပညာကို အမှန်တကယ် လေ့လာ လိုသူများ...
~ အမှုတော်မြတ်အတွက် အမှန်တကယ်ဆက်ကပ်လိုသူများ လေ့လာ ဖြေဆိုနိုင်မည့် အထူးအစီအစဉ်...
၁။ Dip. B.s(Diploma of Biblical Studies) သင်ခန်းစာ ၂၄ ခု (အခမဲ့အစီအစဉ် မည်သူမဆို လေ့လာဖြေဆိုနိုင်ပါသည်)
၂။ B.B.s (Bachelor of Biblical Studies) သင်ခန်းစာ ၃၀ ခု (ယုံကြည်သူများ ဖြေဆိုနိုင်ပါသည်)
၃။ B. Min (Bachelor of Ministry) သင်ခန်းစာ ၃၀ ခု (အမှုတော်ဆောင်များ ဖြေဆိုနိုင်ပါသည်)
၄။ M.B.s (Master of Biblical Studies) သင်ခန်းစာ ၃၀ ခု ( Bachelor ဘွဲ့ရထားသော ယုံကြည် သူများ ဖြေဆိုနိုင်
ပါသည်)
၅။ M. Min (Master of Ministry) သင်ခန်းစာ ၃၀ ခု (Bachelor ဘွဲ့ရထားသော အမှုတော် ဆောင်များဖြေဆိုနိုင်
ပါသည်)
လျှောက်လွှာပုံစံကို အောက်ပါ link တွင် လျှောက်ထားနိုင်ပါသည်။
https://forms.gle/oNiFB9yM5p9rEyPF8
မှတ်ချက်။
၁။ လျှောက်လွှာတင်ထားသူများသည် Email နှင့် Telegram အကောင့်ဖွင့်ထားရပါမည်။
၂။ လျှောက်လွှာတင်ထားသူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း Email (or) Telegram ဖြင့်ပြန်လည် ဆက်သွယ်ပါမည်။

Shwe Canaan Ministries - Bible Correspondence Courses ရွှေခါနာန်သမ္မာကျမ်းစာ စာပေးစာယူ

12/05/2023
12/26/2022

Happy blessed Christmas to you all!

10/04/2021

ဝိညာဉ်ရေးရာ ကျန်းမာခြင်း
~~~~~~~~~~~
အမေရိကန်နိုင်ငံက လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော်က မြန်မာနိုင်ငံကို သာသနာလာပြုခဲ့ ပါသည်။ လွန်ခဲ့သည့် နှစ် (၁၅၀) လောက်ထိ ဘုရားကို ကြောက်ရွံ့သောနိုင်ငံဖြစ်သည်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေမှာ လုံးဝ အလုပ်မလုပ်ပါ။ စျေးလည်း မရောင်းသလို စားသောက်ဆိုင်တွေကအစ လုံးဝ မဖွင့်ပါ။ ဘုရားကို ယုံကြည်အားကိုးကြပြီး ကလေး၊ လူးကြီး တစ်ယောက်မကျန် ကျမ်းစာဖတ်၊ ဘုရား ကျောင်းတက်ပြီး ဘုရားကို ဝတ်ပြုကိုးကွယ်ကြသည်။ ကျမ်းစာလေ့လာခံယူကြပါသည်။ စာသင် ကျောင်းတွေမှာတောင် ကျမ်းစာသင်ပေးကြသည်။ ကျောင်းမှာပြဌါန်းထားသော ဘာသာရပ်တွေထဲမှာ ကျမ်းစာသည်လည်း ဘာသာရပ်တစ်ခုအနေနဲ့ ပါပါသည်။ ယခုအချိန်မှာတော့ အမေရိကန်က ဒီအရာ တွေ မလုပ်တော့ပါ။ စားသောက်ဆိုင်တွေမှာ စားရင် သတိထားကြည့်မိပါက ကျေးဇူးတော်ချီးမွမ်းပြီးမှ စားသောက်သောသူ မတွေ့ရတော့ပါဘူး။ ကျွန်တော်ခရီးသွားသောအခါတိုင်း သတိထားကြည့်တဲ့အခါ လုံးဝမမြင်မိပါဘူး။ အမေရိကန်နိုင်ငံ၏ ဝိညာဉ်ရေးရာ ဘယ်လောက်ထိ ကျဆင်းသွားလဲဆိုတာ သိနိုင် ပါသည်။

လွန်ခဲ့သော နှစ် (၁၀၀) ကျော်က အမေရိကန်နိုင်ငံသည် လုံးဝ အကြွေးမရှိသည့်အပြင် ကမ္ဘာ ကြီးကို သာသနာပြုနေသာ တိုင်းပြည်၊ ကမ္ဘာကြီးကို ပေးကမ်းစွန့်ကြဲနေသော တိုင်းနိုင်ငံဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင် စနေလည်း အလုပ်လုပ်၊ တနင်္ဂနွေလည်း အလုပ်လုပ်ကြရသည်။ ဘုရားရှစ်ခိုးတာကို ဦးစားမပေးကြတော့သလို ကျေးဇူးတော်ချီးမွမ်းပြီးမှ အစားစားတာလည်း မရှိတော့ပါ။ ယခုအချိန်မှာ တော့ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်မှာ အကြွေးထူပြီး ပြဿနာများသောနိုင်ငံဖြစ်သွားပါပြီ။ ဘုရား နှင့် အသက်ရှင်တာနဲ့ ဘုရားမပါတာ ဘာကွားခြားလဲဆိုတာ အမေရိကန်နိုင်ငံကိုကြည့်ပြီး မိမိအသက် တာကို ဆင်ခြင်၍ ရပါသည်။ (၂ ရာ ၁၁း၇) ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ ... “ကျန်းမာပါရဲ့လား” ဆိုသည့်စကားနှင့်ပတ်သက်၍ ဆင်ခြင်သွားချင်ပါသည်။ စာတန်မာရ်နတ်သည် အချိန်အများကြီးမကျန်တော့သည့်အတွက် ပို၍ကြိုးစားအလုပ်လုပ်လာပါသည်။

ထို့ကြောင့် ယုံကြည်သူ ခရစ်ယာန်များသည် နှုတ်ကပတ်တော်ကို ပိုမိုနားလည်သဘောပေါက်ဖို့အတွက် လေ့လာ ဖို့ရန် လိုပါသည်။ ကောရိန္သုအသင်းသားများကို တမန်တော်ရှင်ပေါလုက ဇာတိလူတို့သည် ဘုရား၏ အရာကို နားမလည်နိုင်ဘဲ ဝိညာဉ်တော်အားဖြင့်သာ နားလည်နိုင်သည်ဟု ပြောသဖြင့် နားလည်သသော ပေါက်ဖို့ရန် ဝိညာဉ်တော်ဘုရားဖွင့်ပြပေးဖို့ ဆုတောင်းရပါမည်။ လူမှာ ဇာတိနှင့် ဝိညာဉ်ဟူ၍ ရှိပါ သည်။ ကယ်တင်ခြင်းရသောနေ့မှစ၍ ဝိညာဉ်စပြီး မွေးဖွားလာတာဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာဖို့ လိုအပ်သလို ကျွန်တော်တို့ရဲ့ ဝိညာဉ်ကျန်းမာဖို့ အတွင်းလူခိုင်ခန့်ဖို့လည်း အရေးကြီးပါသည်။ (၂ ကော ၁၃း၅) သင်တို့သည် ယုံကြည်ခြင်း၌တည်သလော မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ လူတစ်ယောက်ကျန်းမာရေးကောင်း/မကောင်းသိရဖို့ဆေးစစ်ရပါသည်။

ကူးစက်ရောဂါရှိ/ မရှိဆိုတာ မျက်စိဖြင့်ကြည့်ရုံနှင့် မသိနိုင်ပါ။ သွေးဖောက်ပြီး သေချာစစ်ဆေးကြည့်မှ သိနိုင်ပါသည်။ အတွင်းထဲက ရောဂါများသည် တော်ရုံစမ်းသပ်ရုံနဲ့တောင် မပေါ်ပါ။ ထို့ကြောင့် ဝိညာဉ် ရေးရာမှာလည်း ကျန်းမာရဲ့လားဆိုတာ မိမိကိုယ်မိမိ စစ်ဆေးကြည့်ဖို့ လိုပါသည်။ ခန္ဓာကိုယ် မကြီးထွားရခြင်းအကြောင်းသည် အစားမစား၍ ဖြစ်နိုင်သလို၊ ရောဂါရှိတာလည်း ဖြစ်နိုင်ပါသည်။ (ဧဖက် ၄း၂၅-၃၁) တွင် သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်နာစေသောအရာများ ဖော်ပြထားပါသည်။ ကယ်တင်ခြင်းရပြီးပေမယ့် ဝိညာဉ်ရေးရာ မရင့်ကျက်တာက ထိုအနာများ ရှိနေသာကြောင့် ဖြစ်သည်။ ကယ်တင်ခြင်းရပြီးသူတွေကို သခင်ယေရှုခရစ်တော် ပြန်လည်ချီဆောင်သိမ်းဆည်းမည့် ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တံဆိပ်ခတ်တော်မူသော ဝိညာဉ်တော်ကို စိတ်မနာစေနှင့်ဟု ကျမ်းစာက ပြောပါ သည်။

ကျွန်တော်တို့အပြစ်လုပ်တဲ့အခါ အထဲမှာရှိတဲ့ဝိညာဉ်တော်က စိတ်နာသောကြောင့် ဝိညာဉ် ရေးရာ မကြီးထွားနိုင်တော့ပါ။ ကျွန်တော်တို့ဖျားတဲ့အခါ အစားမစားချင်တော့ပါ။ စားလို့မရအောင် လည်ချောင်းနာတာလည်း ဖြစ်မယ်။ အအေးမိ ချောင်းဆိုးပြီး နှာစေးမည်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ပါက သူတစ်ပါးကိုလည်း ကူးစက်တတ်ပါသည်။ တချို့လူတွေလည်း ကျမ်းစာမဖတ်၊ ဆုမတောင်း၊ ဘုရား ဝတ်၌ မမွေ့လျော်ဘဲ အပြစ်ထဲမှာပဲ ပျော်နေတာတွေက တခြားယုံကြည်သူတွေကိုလည်း Virus ကဲ့သို့ ကူးစက်တတ်ပါသည်။ သူကယ်တင်ခြင်းရတာ၊ ဘုရားကို သိတာကြာပေမယ့် သူတောင်ဒီလိုနေရင် ငါလည်း နေလို့ရတာပဲဆိုပြီး မြင်လာရင် ကူးစက်တာပါပဲ။

ထို့ကြောင့် မိမိ၏ ဝိညာဉ်ရေးရာ ကျန်းမာမှု ရှိ/ မရှိ ကြီးထွားရင့်ကျက်မှု ရှိ/ မရှိ စစ်ဆေးဖို့ လိုပါသည်။ လောကမှာ အလုပ်လုပ်ရမည် ဖြစ်သော် လည်း အလုပ်အတွက် အသက်ရှင်ဖို့ မဟုတ်ပါ။ အိန္ဒိယနိုင်ငံမှာ သာသနာပြုဆရာဝီလျံကယ်ရီကို ယခုချိန်ထိ လူတွေ မေ့မရကြပါ။ အိန္ဒိယနိုင်ငံ၌ အထက်တန်းကျောင်းတို့ ပညာရေးကောလိပ်တို့ကို အစပြုလုပ်ဆောင်ပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ အိန္ဒိယ၌ ခရစ်ယာန်ယုံကြည်သူများစွာရှိလာခြင်း သည် သူ၏မျိုးစေ့ဖြစ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းက သူ့ကို မမေ့နိုင်သလို၊ ပညာရေး လောကမှာလည်း သမိုင်းက သူ့ကို မေ့လို့မရပါ။ သူ အိန္ဒိယကို ရောက်သွားသောအချိန်က Sponsor လည်း မရှိလို့ စားဝတ်နေရေး ခက်ခဲသောကြောင့် လမ်းဘေးမှာ ဖိနပ်ချုပ်ရပါသည်။ သာသနာပြုဗီဇာဖြင့်ရောက်လာပြီး ဖိနပ်ချုပ်နေရတော့ လူတွေက သူ့ကိုကဲ့ရဲ့ အပြစ်တင်ကြသောအခါ ဝီလျံကယ်ရီက “ကျွန်တော်ဖိနပ်ချုပ်တယ်ဆိုတာကျွန်တော့်အလုပ်မဟုတ်ပါ။ ထမင်းစားဖို့ပဲ ဖြစ်သည်။ ကျွန်တော့်အလုပ်က အသက်ရှင်တော်မူသော ဘုရား၏အလုပ်ဖြစ်သည်” ဟု ပြန်ပြောခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့စားဝတ်နေရေးအတွက် အလုပ်လုပ်ရသော်လည်း အလုပ်၏ကျွန်တော့ မဖြစ်စေရပါ။ အလုပ်၏ကျွန်ဖြစ်သွားမည်ဆိုပါက ဝိညာဉ်ရေးရာလည်း ကျဆုံးသွားမည် ဖြစ်သည်။ ဝိညာဉ်အစာ ပုံမှန်မစား၊ ကျမ်းစာမဖတ်တော့ဘူး၊ ဆုတောင်းချင်စိတ်မရှိတော့ဘူးဆိုရင် လူရှေ့မှာ ဘုရားကောင်းမြတ်ကြောင်း ချီးမွမ်းနေသော်လည်း ဝိညာဉ်ရေးရာမှာ ရောဂါရနေတာ သေချာပါသည်။ ဝိညာဉ်ကျန်းမာတယ်ဆိုရင် နေ့တိုင်း ကျမ်းစာကိုမဖတ်ဘဲမနေနိုင်၊ ဆုမတောင်းဘဲမနေနိုင်ပါ။

ကျန်းမာရေးကောင်းသောသူက ထမင်းမစားဘဲ မနေနိုင်ရုံမက တစ်ရက်ကို အနည်းဆုံး (၃) နှပ် စားချင် နေပြီး အချိုအချဉ်နှင့် လက်ဖက်ရည်၊ ကော်ဖီပါ ထပ်သောက်ချင်နေပါသေးသည်။ ကျန်းမာသော ကလေးက မိဘကို အမြဲ စကားပြောချင်နေသော်လည်း မကျန်းမာသောကလေးက မပြောနိုင်ပါ။ ဘုရားနဲ့စကားမပြောနိုင်ဘူးဆိုရင် ကျန်းမာရေးမကောင်းသော လက္ခဏာ ဖြစ်သည်။

တနင်္ဂနွေအပတ်တိုင်း နှုတ်ကပတ်တော် ခံယူကြသည့်အတွက် အဝင်တော့ ရှိပါသည်။ အဝင် ရှိသလို၊ အထွက်လည်းရှိဖို့ အရေးကြီးပါသည်။ ခန္ဓာကိုယ်မှာ ဝမ်းချုပ်ရင် ပါးစပ်မှာ အပူဖုတွေ ပေါက်၊ ဇက်ကြောတွေ တက်ပြီး ကျန်းမာရေးမကောင်းတော့ပါ။ တချို့တွေ ကျမ်းစာဖတ်၊ ကျမ်းစာသင်တန်း တက်၊ ဝိညာဉ်အစာတွေ စားနေပြီး အဝင်ရှိသော်လည်း ပြန်မထွက်ပါ။

ခရစ်ယာန်အသက်တာမှာ ဘုရား ကောင်းမြတ်ခြင်းတွေ အမှန်တကယ် ခံစားရရင် ကောင်းမြတ်ခြင်းတွေ ပြန်ထွက်လာမှာ သေချာပါ သည်။ အသက်တာအားဖြင့် ထွက်လာရမည်ဖြစ်သလို နှုတ်အားဖြင့်လည်း ထွက်လာရပါမည်။ သခင် ယေရှုက သင်တို့သည် ဤလောက၏ဆားဟု ပြောပါသည်။ ဆားသည် နာမည်မကျော်ကြားသော်လည်း ဆားမပါသောဟင်း လုံးဝမရှိပါ။ ထမင်းဝိုင်းမှာ ဟင်း (၅) ပွဲရှိရင် (၅) ပွဲလုံး ဆားပါသော်လည်း ဆားက နာမည်မကြီးပါ။ ဝက်သားဟင်းက ကောင်းလိုက်တာဟု ဝက်သားဟင်းပဲ ချီးမွမ်းကြသော်လည်း ဆားက အချီးမွမ်းမခံရပါ။

ယုံကြည်သူများကို ဤလောက၏ဆားကဲ့သို့ နာမည်ကြီးဖို့ ဘုရားမသုံးချင် သော်လည်း မရှိမဖြစ်အနေဖြင့် ဘုရားက သုံးချင်ပါသည်။ ဆားကို ဟင်းပွဲထဲ ထည့်လိုက်ပါက ဆား၏ မူလဘဝပျောက်သွားပါသည်။ သူ့ဇာတိ ဇစ်မြစ်ပျောက်သွားပြီး ပြန်ရှာ၍လည်း မရတော့ပါ။ ဘယ်ဟင်းအိုး ဘယ်နေရာကိုပဲရောက်ရောက် သူ့ရဲ့ ဓါတ်သဘာဝက စိမ့်ဝင်သွားတာ ဖြစ်သည်။ သင့်အထဲမှာရှိသော ဘုရားမေတ္တာက ဘယ်နေရာပဲရောက်ရောက် သူများအထဲကို စိမ့်ဝင်ပါရဲ့လား။ ဆာလံဆရာက ငါမသေရသေး၊ အသက်ရှင်၍ ဘုရားအမှုတော်ကို ကြားပြောရအုံးမည်ဟု မြွက်ဆိုထား ပါသည်။ ဒါဝိဒ်ကို ရှောလုက စစ်တပ်ကြီးနှင့်တကွ လိုက်သတ်သော်လည်း ဘယ်လိုသတ်သတ် ဒါဝိဒ် မသေပါ။ သူ့ကို ဘယ်လောက်ထိ လုပ်ကြံချင်လဲဆိုရင် စောင်းလာတီးပြီး ဖျော်ဖြေပေးပါဟု ဖိတ်ခေါ် ပြီး အနီးကပ်လှံဖြင့်ထိုးတာတောင် ဒါဝိဒ်ကို မထိပါ။ ဘုရားက ကွယ်ကာသောကြောင့် ဖြစ်သည်။ ဘာကြောင့် ဘုရားက သေခြင်းလက်မအပ်လဲဆိုတာကို ဒါဝိဒ်နားလည်လာသောအခါ အမှုတော်ကို ကြားပြောဖို့ ဘုရားထားတာဖြစ်ကြောင်း မြွက်ဆိုချီးမွမ်းခဲ့ပါသည်။
ကျွန်တော်တို့ကို ဘုရားက ဒီလောကမှာထားတာ တစ်ပတ်တစ်ခါ သာယာနာပျော်ဖွယ်သီချင်း တွေ ချီးမွမ်းသီဆိုနေဖို့လောက်ပဲ မဟုတ်ပါဘူး။ လောကရဲ့ဆားအဖြစ် အသက်ရှင်ကြဖို့ ဖြစ်သည်။ ဆားဖြစ်ကြလော့ဟု မပြောဘဲ ဆားဖြစ်ကြ၏ဟု ပြောပါသည်။ ဖြစ်ခိုင်းတာမဟုတ်ဘဲ ဖြစ်ပြီးသား ဖြစ်သည်။ ယေရှုကိုရသောသူက ဆားဖြစ်ဖို့ ကြိုးစားနေစရာ မလိုပါ။

ယေရှုကိုရပြီး ဝိညာဉ်ကျန်းမာ တယ်ဆိုရင် အလိုလိုဆားဖြစ်ပြီးသားဖြစ်သည်။ သို့သော် ဘာကြောင့် မဖြစ်သလဲဆိုရင် ဝိညာဉ် မကျန်း မာ၍ဖြစ်သည်။ သင်ကယ်တင်ခြင်းရပြီးသည့်အခါ ဝိညာဉ်ကျန်းမာရေးကို ဆက်လက်ဂရုစိုက်ဖို့ အားလုံးကို နှိုးဆော်ချင်ပါသည်။ ခရစ်ယာန်အသက်တာမှာ ကျွန်တော်တို့က အရမ်းအဆင့်မြင့်တဲ့ အရာတွေ သိချင်ကြသည်။ ထူးထူးခြားခြားတွေ အံ့ဩစရာတွေ ဖြစ်ချင်ကြသည်။ ဘုရားသခင်က အခြေခံကနေ စနစ်တကျ ဖြစ်စေချင်သည်။ အခြေခံအချက်ဖြစ်သော်လည်း အရေးကြီးသည့် ဝိညာဉ် ရေးရာကျန်းမာရေးကို စစ်ဆေးဖို့ လိုပါသည်။ ခန္ဓာကျန်းမာရေးအတွက် လိုအပ်လာပါက ဆရာဝန် ပြသင့်သလို ဝိညာဉ်ကျန်းမာရေးအတွက်လည်း ဝိညာဉ်ဖခင် (သို့မဟုတ်) သင်းအုပ်ဆရာထံ သွားပါ။ ဆက်သွယ်မေးမြန်း အကြံဉာဏ်တောင်းပါ။ ကျွန်တော်တို့သည် အပြစ်ကို စလုပ်ကာစဆိုရင် ဒါအပြစ်ပါလားဟု စိတ်က ခံစားနေရသော်လည်း သုံးခါလေးခါမက ဆက်တိုက် လုပ်လာသည့်အခါ အပြစ်ဟု သိပ်မထင်တတ်ကြတော့ပါ။

အကျင့်ပါသွားတာဖြစ်သည်။ ငရုတ်သီးကို မစားကာစမှာ အရမ်းစပ်သည်ဟု ခံစားရသော်လည်း စားရင်းစားရင်းနှင့် ငရုတ်သီးမပါရင် မစားတတ်တော့တဲ့အထိ အကျင့်ပါသွားတာဖြစ်သည်။ အပြစ်လည်း ထို့အတူပါပဲ။ ကျမ်းစာမဖတ်တာအပြစ်ဟု မခံယူသည့် အခါ မဖတ်လည်း ဘာမှ မဖြစ်ပါဘူးဟုဆိုကာ ကြာလာရင် အကျင့်ဖြစ်သွားပါသည်။ ဓမ္မဟောင်းကျမ်း ထဲတွင် ပရောဖတ်ရှမွေလက ဣသရေလလူမျိုးများအတွက် ငါဆုမတောင်းဘူးဆိုရင် ဘုရားကို ပြစ်မှားတာပဲဟု ဖော်ပြထားပါသည်။ သူတစ်ပါးအတွက်လည်း ဆုမတောင်း၊ ကိုယ့်အသက်တာကို ဘုရားလမ်းပြပို့ဆောင်ဖို့လည်း ဆုမတောင်းဘူးဆိုရင် ကြာလာသည့်အခါ အကျင့်ပါသွားတတ် ပါသည်။ အပြစ်ဆိုတာ အစပိုင်းမှာ သိပ်မသိသာသော်လည်း ကြာလာသည့်အခါ အလွန်ကြီးထွားလာ တာဖြစ်သည်။ ကင်ဆာရောဂါကဲ့သို့ သေးသေးလေးကနေ ဂရုမစိုက်ဘဲနေသည့်အခါ တစ်ကိုယ်လုံးကို စားသွားပြီး အသက်ပါဆုံးရှုံးနိုင်တာဖြစ်သည်။ ကယ်တင်ခြင်းရပြီးနောက်ပိုင်း ဘုရားနှင့်သိကျွမ်း ရင်းနှီးခြင်းရှိပြီး အတူသွားလာအသက်ရှင်ခြင်းက တိုးတက်မှုရှိပါရဲ့လား။

(ကမ္ဘာ ၆း၈-၉) လူများတို့သည် ရွံရှာစရာ အပြစ်ဒုစရိုက်ထဲမှာပဲ ကျင်လည်အသက်ရှင်ကြသည့် အခါ ဘုရားသခင်က ကမ္ဘာကြီးကို ဖျက်ဆီးပစ်မည့်အချိန် လူသားမျိုးဆက်မပြတ်အောင်ထားဖို့ လူရှာ သည့်အခါ ဘုရားနှင့်အတူ သွားလာအသက်ရှင်သည့် နောဧကိုတွေ့၍ ရွေးကောက်ခဲ့ပါသည်။ နေ့စဉ် အသက်တာမှာ ကိုယ်ဘာပဲလုပ်နေလုပ်နေ ဘုရားကိုပဲ အာရုံပြု၍ အသက်ရှင်ပါ။ ဣသရေလရှင်ဘုရင် ရှောလုသည် ဘုရားစကားနားမထောင်သည့်အတွက် ဖိလိတ္တိလူတွေရဲ့လက်ထဲ ကျဆင်းသွားတော့မည့် အချိန် ရှောလုနေရာမှာ ခန့်ထားမည့်သူကို ရှာသည့်အခါ ဘုရားနှင့်အတူ အသက်ရှင်သွားလာသော ဒါဝိဒ် ကို တွေ့ပါသည်။ အသက်ငယ်ပြီး အရွယ်မရောက်သေးသူ၊ ဗဟုသုတ မကြွယ်ဝ၊ ပညာ မစုံ လင်သူ၊ လောကအတွေ့အကြုံအားနည်းသူဒါဝိဒ်ကို ဣသရေလတိုင်းနိုင်ငံဦးဆောင်ရမည့် အရေး ကိစ္စအား ဘုရားဘာကြောင့်အပ်သလဲဆိုရင် အသက်အရွယ်ငယ်သော်လည်း ဝိညာဉ်ရေးရာပိုင်း၌ ရင့်ကျက်တာကို ဘုရားသိသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့အသက်တာမှာလည်း ဘုရားက ကောင်းချီးတွေ အများကြီး အပ်ပေးချင်ပါသည်။ သို့သော် ဝိညာဉ်ရေးရာ မရင့်ကျက် မကြီးထွားသည့်အခါ အပ်ပေး ချင်သော်လည်း မရပါ။ နောက်ဆုံးသောကာလ၌ နေ့စဉ်ကျမ်းစာဖတ်၊ ဆုတောင်းလျက် အပြောမဟုတ် လက်တွေ့အသက်ရှင်သောသူဖြစ်ဖို့ အရေးကြီးပါသည်။

အသင်းတော်တစ်ပါး ကြီးထွားလာဖို့ဆိုတာ တချို့လူတွေက သင်းအုပ်ဆရာကပဲ ကြီးထွား အောင် လုပ်ရမည်ဟု ထင်တတ်ကြတာက မှားနေပါသည်။ သိုးနှင့်သိုးထိန်း သဘာဝကို ကြည့်ပါက သိုးလေးတွေ ပွါးလာဖို့ဆိုတာကို သိုးထိန်းက မွေးရတာ မဟုတ်ဘဲ သိုးတွေကပဲ မွေးပြီး ပွားရတာ ဖြစ်သည်။ အသင်းတော်မှာ ယုံကြည်သူတွေ တိုးပွါးများပြားလာဖို့က အသင်းသား (သိုး) များ၏ တာဝန်ဖြစ်ပါသည်။ သိုးကမွေးပြီး ကြီးထွားကျန်းမာဖို့ကို သိုးထိန်းက ဂရုစိုက်ပါလိမ့်မည်။ တောင်ကိုရီးယားနိုင်ငံရှိ ဒေါက်တာ ယုံကီချူးအသင်းတော်ကြီးထွားလာတာက ယုံကီချူး တစ်အိမ် တက်ဆင်းလိုက်လံဟောပြော၍မဟုတ်ပါ။

ဘုရားကျောင်းလာတက်သောယုံကြည်သူများက မိမိတို့၏ လုပ်ငန်းခွင်နှင့် မိမိရှိနေသည့်နေရာများမှာပြန်လည်ဝေငှ၍ စိတ်ဝင်စားသူများကို ဘုရားကျောင်း ခေါ်လာပြီး ဘုရားကျောင်းမှာရှိသော ဆရာဆရာမများနှင့်ဆွေးနွေးပြီးနောက် ပြောင်းလဲလာကြခြင်း ဖြစ်သည်။ အသင်းသားများ ပွါးများလာဖို့က သိုးတွေက မွေးရမှာ ဖြစ်ပြီး ကျန်းမာရေးမကောင်းသော သိုးဖြစ်နေရင်တော့ မွေးနိုင်မှာ မဟုတ်ပါ။ ဝိညာဉ်ရေးရာမှာ ကျန်းမာဖို့က အရေးကြီးဆုံး ဖြစ်သည်။ ဝိညာဉ်ရေးရာမှာ အဝင်ရှိသလို၊ အထွက်ဖြစ်သော အသက်တာ အားဖြင့် ပုံသက်သေပြခြင်းနှင့် နှုတ်အားဖြင့် ဝေငှခြင်းရှိဖို့ ဘုရားအလိုတော် ရှိပါသည်။ (တမ ၁း၈) သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

တမန်တော်တို့ကို သခင်ယေရှုမှာခဲ့တာက အသက်တာအားဖြင့် သက်သေ ဖြစ်ဖို့လိုသလို နှုတ်အားဖြင့်လည်း ဝေငှဖို့ လိုပါသည်။ (ရှင်ယောဟန် အခန်းကြီး ၁) ထဲမှာ သခင်ယေရှု နှင့် ပထမဆုံးတွေ့ခဲ့သော ပုဂ္ဂိုလ်သည် အန္ဒြေ ဖြစ်ပါသည်။ သူဝိညာဉ်အသက်ရသွားပြီးသောအခါ သူ့အကိုရှိမုန်ကို ယေရှုအကြောင်း ချက်ချင်း ပြောပြပါသည်။ ဗတ္တိဇံလည်း မခံရသေး၊ ကျမ်းစာ သင်တန်းလည်း မတက်ရသေးပါ။ ယေရှုကို တကယ်ရရင် ရတဲ့အရာလေးကို ပြန်လည်ဝေငှ ပြောပြ တတ်ပါသည်။ ဂန့်ဂေါနယ်မှာ ကျမ်းစာ (၃) ရက် သင်တန်းတုန်းက ဆရာတွေ ထမင်းစားတဲ့ ဝိုင်းနား လာထိုင်တဲ့သူကို “မင်းကယ်တင်ခြင်းရပြီလား” ဟု မေးတော့ “ရပြီဆရာ သင်တန်း (၃) ရက်တောင် တက်ပြီးတာ မရလို့ ဘယ်ဖြစ်မလဲ” ဟု ဖြေသည်။ ဒါဆို ဘယ်လိုရတာလဲဟု မေးတော့ “ဒါကတော့ ဆရာတွေက ပိုသိမှာပေါ့၊ ပိုနားလည်မှာပေါ့” ဟုသာ တသွင်သွင်ပြောပြီး အဖြေပြန်မပေးပါ။

သူကယ်တင်ခြင်းကို တကယ်မရသေးတာ သေချာပါသည်။ မိန်းမရသောသူက ကိုယ့်မိန်းမအကြောင်း သေချာပြောနိုင်ပါသည်။ နာမည် ဘယ်သူ၊ အသက်ဘယ်လောက်၊ သူဘာကြိုက်တတ်သည်၊ ဘယ်လို စတွေ့ကြသည်ကအစ အကုန်ပြောနိုင်ပါသည်။ ယေရှုကိုရတဲ့သူကလည်း ယေရှုဘယ်သူလဲဆိုတာ ပြောတတ်ရမည် ဖြစ်သည်။

နှုတ်ကပတ်တော်အစာကိုစားပြီး ပြန်ထုတ်ပေးမှ စုံလင်သော ကျန်းမာခြင်းရှိသူ ဖြစ်မည် ဖြစ်သည်။ ဣသရေလနိုင်ငံမှာ ပင်လယ်သေ (Dead Sea) ဆိုတာ ရှိပါသည်။ မြစ်တွေ၊ ရေအိုင်တွေ ကနေ ရေများစွာ စီးဝင်လာသော်လည်း အထွက်မရှိပါ။ ရေကငန်တူးခါးနေပြီး အဝင်ရှိပြီး အထွက်မရှိ သော ရေထဲမှာ မည်သည့် သတ္တဝါမှ အသက်မရှင်နိုင်ပါ။ လူ့ခန္ဓာကိုယ်သည်လည်း မမြုပ်ဘဲ ပေါလော ပေါ်နေပါသည်။ ခရစ်ယာန်အသက်တာသည်လည်း အဝင်သာရှိပြီး အထွက်မရှိလျှင် ဘာသတ္တဝါမှ အသက်မရှင်နိုင်သော ပင်လယ်သေနှင့် တူနေပါ လိမ့်မည်။

(ရောမ ၁၂း၁) ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည် အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော် ပေ၏။ ဘုရားသခင်က ကျွန်တော်တို့ အယောက်စီတိုင်းကို အသက်ရှင်သော ယဇ်ဖြစ်စေချင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့အသက်တာ ဝိညာဉ်ပိုင်းမှာ ကျန်းမာရဲ့လားဆိုတာကို စစ်ဆေးပြီး ပုံမှန်အစား စားရုံမက ပြန်လည်ဝေငှပါ။ သင်ရထားသော ကယ်တင်ခြင်းနှင့် ဘုရားကောင်းမြတ်ခြင်းများကို သူတစ်ပါးအား ဝေငှပါ။

ဘုရားသခင်၏အိမ်တော်သည် သင့်အားဖြင့် ကြီးထွားစေဖို့ရန် ဘုရား အလို တော် ရှိပါသည်။ ဘုရားအိမ်တော် တည်ဆောက်သည့်အခါ ကျွန်တော်တို့ တစ်ယောက်စီတိုင်းကို အုတ်တစ်ချပ်အနေဖြင့် ဘုရားက သုံးမှာ ဖြစ်သည်။ အုတ်အချပ်ပေါင်းများစွာနှင့်ဆောက်မှ အဆောက် အဦးဆိုတာ ဖြစ်လာတာပါ။ ကျွန်တော်တို့အားဖြင့်သော်၎င်း၊ ထပ်မံပြောင်းလဲလာသူများအားဖြင့်သော် ၎င်း၊ ဘုရားသခင်၏အမှုကို ပြီးစီးစေဖို့ ဘုရားအလိုတော်ရှိပါသည်။ ကျွန်တော်တို့ကို ဒီလောကမှာ ဘုရားထားသေးတယ်ဆိုတာ ဘုရားနိုင်ငံတော်ကျယ်ဝန်းဖို့အတွက် လုပ်ဆောင်ဖို့ရန်ဖြစ်သည်ဆိုတာ ဝေငှချင်ပါသည်။ အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။

မေတ္တာဖြင့် John Kay

02/23/2021
02/21/2021

ခေတ်ကာလ

02/18/2021

ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်း
×××-----××××----×××
ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်းကို အင်္ဂလိပ်လို (Quiet Time) ဟု ခေါ်ကြ သည်။ အချို့သော သူများက (Time alone with God) ဟုလည်း ခေါ်ကြသည်။

အချိန်တစ်ခုကို တိတိကျကျ သတ်မှတ်ပြီး ထိုအချိန်အတွင်း နှုတ်ကပတ်တော်မှတဆင့် ဘုရားသခင် စကားပြောသည်ကို ကျွန်ုပ်တို့ နားထောင်ခြင်းနှင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင် ကို ပြန်လည်စကားပြော မိတ်သဟာယဖွဲ့ခြင်း၊ ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်သည်။

လူ လူချင်း (မိဘနှင့်သားသမီး) ရင်းနှီးလာသောအခါ ချစ်ခြင်း၊ နားလည်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပိုမိုခံစားရရှိလာသကဲ့သို့ သင်သည် ဘုရားသခင်နှင့် ရင်းနှီးလာသည့်အခါ ဘုရားသခင်၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စီမံလုပ်ဆောင်ခြင်းများကို ပိုမို သိမြင်ခံစားရရှိလာ ပေမည်။ မေတ္တာတော်ရှင် ဘုရားသခင်က ယုံကြည်သူသားသမီးတိုင်းအား သူ့မေတ္တာကို ခံစား ရရှိစေလိုသောကြောင့် အယောက်တိုင်းနှင့်ရင်းနှီးစွာ မိတ်သယာယဖွဲ့လိုသည်။

ရင်းနှီးမှုသည် တစ်ဦးချင်းနှင့် တွေ့ဆုံအချိန်ပေးသည့်အပေါ်မူတည်ရာ ဘုရားသခင်နှင့် ရင်းနှီးဖို့ရန် သင်သည် အချိန်ပေးဖို့ လိုအပ်ပါသည်။ သို့မှသာ ဘုရားသခင်၏ မေတ္တာတော်ကို ပိုမိုသိရှိခံစားနိုင်မည်။ သင့်အတွက် ဘုရားသခင်၏ ပြင်ဆင်မှုနှင့် အလိုတော်ကိုလည်း သိမြင်လာပေမည်။

ခရစ်ယာန် ဖြစ်လာသူတစ်ဦး၏ အသက်တာ၌ အရေးကြီးဆုံးသော အချက်တစ်ခုမှာ ဘုရားသံခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်း ဖြစ်သည်။ ခရစ်ယာန်အများသည် ဤအချက်ကို သတိမပြု၊ အလေးမထားသောကြောင့် ဆုံးရှုံးသော ခရစ်ယာန်အသက်တာနှင့် ရင်ဆိုင်နေကြရ သည်။

(၁၈) ရာစု၊ (၁၉) ရာစုအတွင်း ́ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်သော ဆရာကြီး ဒီအယ်လ်မူးဒီ (D.L MOODY)၊ ဟတ်ဆင်တေလာ (HUDSON TAYLOR)၊ ဂျော့ချ်မူးလာ (GEORGEMULLER) တို့၏ အသက်တာကို လေ့လာပါ။ သူတို့သည် အဘယ်ကြောင့် ထိရောက်အောင်မြင်စွာ အမှုတော်ဆောင်နိုင်ခဲ့ကြောင်း မေးခွန်းမေးပါက အဖြေမှာ ထင်ရှားပါ သည်။

ထိုပုဂ္ဂိုလ်ကြီးများသည် နေ့စဉ် မည်သည့်အမှုကိုမျှ မပြုခင် ဘုရားသခင်၏ မျက်နှာတော် ကို ရှေးဦးစွာ ရှာသောသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဘုရားသခင်သည် ခွန်အား၊ တန်ခိုး ပေးခဲ့သဖြင့် သူတို့သည် အမှုတော်ဆောင်ရာ၌ အောင်မြင်မှုရရှိခြင်း ဖြစ်ပါသည်။ (ဆာ ၂၇၈) တွင် ဘုရားသခင်က “ငါ၏မျက်နှာကိုရှာကြလော့” ဟူသည့် အမိန့်အတိုင်း ကျွန်ုပ် တို့သည်လည်း ဘုရားသခင်၏ မျက်နှာတော်ကို ရှေးဦးစွာ ရှာသင့်ပါသည်။ ထိုမှသာ ဘုရားသခင် သည် မိမိကိုယ်ကို ကျွန်ုပ်တို့အား နှုတ်ကပတ်တော်အားဖြင့် ထင်ရှားမည်။

သွန်သင်ခွန်အားပေးလိုသော အရာများကိုလည်း ဖော်ပြမည်ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ အကြောင်းတစ်ရပ်မှာ ခရစ်ယာန်အများသည် ဘုရားသခင်၏ မျက်နှာတော်ကို နေ့စဉ်ရှာရန် အချိန်မထားကြချေ။ အကြောင်းအမျိုးမျိုးပြုကြသည်။ အိမ်ထောင်ရေးရှုတ်ထွေးမှု၊ စားဝတ်နေရေးမပြေလည်မှု၊ ကျောင်းစာပိနေမှု စသည့် ပြဿနာအမျိုးမျိုးကြောင့် ဘုရားသခင် နှင့် အချိန်မယူဖြစ်ကြောင်း ဆင်ခြေပေးတတ်ကြသည်။

စင်စစ် ဘုရားသခင်သည် ပြဿနာ အရပ်ရပ်၏ အဖြေဖြစ်ကြောင်း သိရှိယုံကြည်ပါက ခရစ်ယာန် အမြောက်အများသည် လောက ၏ ဖိစီးမှုအောက်တွင် ရှိနေမည်မဟုတ်ချေ။ ၎င်းပြင် ဘုရားသခင်နှင့် တစ်ဦးတည်း အချိန် ယူခြင်းအားဖြင့် ခံစားရသော ကောင်းကြီးမင်္ဂလာမှာ မည်မျှကြီးမားကြောင်း သိရှိလာမည် ဖြစ်သည်။ ။

သမ္မာကျမ်းစာတွင် ဒံယေလ၏ အသက်တာကိုကြည့်လျှင် သူသည် ဗာဗုလုန်နိုင်ငံ၏ ဝန်ကြီးချုပ်တစ်ဦး ဖြစ်သည်။ ဝန်ကြီးချုပ်တစ်ဦး၏ တာဝန်သည် သင်၏ တာဝန်ထက် သေးငယ် ပါသလား (သို့) ကြီးမားပါသလား။ တာဝန်ကြီးမားသော်လည်း ဒံယေလသည် ဘုရားသခင်နှင့် တစ်နေ့သုံးကြိမ်တိုင်တိုင် တွေ့ဆုံရန် အချိန်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ဒံယေလသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်ခဲ့သည်။ (ဒံ၊ ၁၀၊ ၂၃၊ ၂၆-၂၈)။

မောရှေ၏ အသက်တာကို ကြည့်မည်ဆိုလျှင် သူသည် ဣသရေလလူမျိုးစုကြီးကို ဦးဆောင်သောသူ ဖြစ်၏။ ဤတာဝန်သည် မည်မျှကြီးမားကြောင်း စဉ်းစားပါ။ တာဝန်ကြီးမား သော်လည်း မောရှေသည် ဘုရားသခင်နှင့်တွေ့ရန် အချိန်ရှိသည်။ (ထွက်၊ ၃၃၁၁၊ ၃၄၂)
ဒါဝိဒ်၏ အသက်တာကို လေ့လာလျှင်လည်း သူသည် ဘုရားသခင်နှင့် သိကျွမ်းရင်းနှီး သောသူ ဖြစ်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခဲ့သူဖြစ်သည်။

(ဆာ၊ ၅၃၊ ၁၁၉၁၆၄) ထိုနည်းတူ သင်သည် ဘုရားသခင်နှင့် အကျွမ်းဝင် ရင်းနှီးလိုပါသလား။ အသက်တာ၌ တွေ့ကြုံနေရသော ပြဿနာအရပ်ရပ်ကို အောင်မြင်လိုပါသလား။ ဝမ်းမြောက်ဖွယ်ကောင်း သော အသက်တာကို ခံစားလိုပါသလား။ သင်၏အသက်တာ၌ ဘုရားသခင် ပြင်ဆင်ထားသော ကောင်းကြီးမင်္ဂလာများကို ရယူလိုပါသလား။

ယနေ့မှစ၍ နေ့စဉ် ဘုရားသခင်နှင့် အချိန်ယူရန် ဆုံးဖြတ်ချက်ချပါ။ တစ်နေ့လျှင် အနည်းဆုံး (၁၀) မိနစ်ခန့် သစ္စာရှိစွာ စတင်လုပ်ဆောင်ပါက နောက်ပိုင်း၌ သင်ခံစားရသော ကောင်းကြီးမင်္ဂလာကြောင့် ဘုရားသခင်နှင့် တစ်ဦးတည်း တွေ့ရန် ပို၍အချိန်ထားလိုသောဆန္ဒ ရှိလာမည်ဖြစ်သည်။ ကို ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူရာတွင် သိရှိရမည့် အချက်များမှာ အချိန်၊ နေရာ၊ လိုအပ်သောပစ္စည်းနှင့် နည်းလမ်းတို့ ဖြစ်ပါသည်။

01/31/2021
01/31/2021

ခေတ်ကာလ နှင့်ဆိုင်သော သမ္မာတရား
Rev. Dr. Samule Pathawng

Mobile uploads 01/26/2021
Want your public figure to be the top-listed Public Figure in Wichita?
Click here to claim your Sponsored Listing.

Telephone

Address

4551 Auburn Street
Wichita, KS
67220

Opening Hours

Tuesday 7:45pm - 10:30pm
Wednesday 7:45pm - 10:30pm
Thursday 7:45pm - 10:30pm
Sunday 7:30pm - 10:30pm

Other Wichita public figures (show all)
Puddles the Clown Puddles the Clown
Wichita

Puddles the Clown is a Professional Clown based in the Wichita, Kansas area. Puddles has been performing in and around Wichita since 1999.

Oz Banks Oz Banks
Wichita

Co-Host of Beyond Serious the Podcast & Hot Sauce the Podcast.

The ScallyWags The ScallyWags
Wichita

http://piratecomedy.com/

Wichita Music Scene Wichita Music Scene
Wichita

Building A Forum To Announce Shows And Allow You The Musician, Or Public Listener To Share What You

John Todd sightings John Todd sightings
Find Me
Wichita

Nhoj Ddot!

Pastor Timothy O. Okeowo Pastor Timothy O. Okeowo
1701 S Sedgwick Street
Wichita, 67213

Outdoor Mentors Outdoor Mentors
PO Box 48101
Wichita, 67201

Passing on our love for the outdoors to the next generation! Sign up to hunt or mentor with us today!

Dexter the Corgi Dexter the Corgi
Wichita

Corgisaurus Dex

Bad Bean Productions Bad Bean Productions
Wichita

Bad Bean Productions mission is to bring quality national/international Blues, Funk, Jazz and Zydeco

Penny P. Pills Penny P. Pills
Wichita

Membre du duo de catch impro "The Cheerleadears"

floggers offroad floggers offroad
1915 Mcaurther
Wichita, 67217

when in doubt...flog it ....this page is from jerry white and chris zimmer