Htar Sensei

Htar Sensei

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htar Sensei, Education, Yangon-Pathein Road, Myanmar, .

Photos from Htar Sensei's post 09/02/2024

👘着物👘きもの

Photo Crd

Photos from Myanmar Association of Japan Alumni (MAJA)'s post 09/02/2024
24/01/2024

Hiragana နဲ့တင်ပစ်ချချင်သူများ😁😁

Photo Crd

23/01/2024

သင်က N4 or N3 ဘာပဲကျကျ
ရှေ့Level ကိုဆက်လေ့လာပါ။

ကိုယ်ကျခဲ့တဲ့Level က စာတွေက
နောက်ထပ် အသစ်လေ့လာမဲ့ Level မှာ
ထပ်ခါထပ်ခါပြန်တွေ့ရမှာပါ။

ဒါပေမဲ့ အချိန်ရခဲ့မယ်ဆိုရင်
စာမေးပွဲဖြေခါနီးမှာတော့ ကျခဲ့တဲ့
Level ကိုဖောင်တင်လိုက်ပါ။

စာမေးပွဲကို အမှတ်များများနဲ့အောင်ပါလိမ့်မယ်။

တစ်ခုတော့လိုက်နာရမယ်။
စာရချင်ရင် လိုက်နာရမဲ့ နည်းတစ်ခုရှိတယ်။

စာရဖို့အတွက် အချိန်များများပေးရမယ်
အကြိမ်များများထိတွေ့ရမယ်။

မရတဲ့စာလုံးတွေကို Note နဲ့သီးသန့်ချရေးပြီးလေ့လာရမယ်။

မရတာတွေရတဲ့အထိ ထပ်ခါထပ်ခါ ကြည့်ရမယ်။
အလွတ်ကျက်မှတ်တာထက်ထပ်ခါထပ်ခါ
အသားကျတဲ့အထိ ခဏခဏဖတ်စေချင်တယ်။

ခဏခဏမြင်ပြီးရင်းနှီးတဲ့အခါ
ဘယ်အချိန်မေးမေး ဖြေနိုင်မယ် သိနေမယ်။

တကယ်လို့ တိုခုတဲနဲ့အလုပ်လျှောက်မဲ့သူဆို
N4 ကျခဲ့တာဆိုရင် JFT ဖြေပါ။
N3 ဆက်တက်ပါ။

JFT အောင်ပြီးရင်N3 Nat Teat ဖြေပါ။
အာ့ဆို N3 Level အနေနဲ့ တိုခုတဲအလုပ်ရှာရမခက်တော့ပါဘူး။

Tokutei + JFT ရှိမယ်
Nat Teat N3 လည်းအောင်မယ်။

အချိန်အများကြီးရတယ်။
စာကြေတာပဲ ကိုယ့်အတွက်အဆင်ပြေတယ်ဆိုတဲ့သူကတော့ ကျတဲ့ Level ပဲပြန်လုပိပေါ့။

ကျနော့်အတွေ့အကြုံနဲ့ပေးတဲ့အကြံမို့
လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။

ဒါပေမဲ့ကျနော်က အမြဲတမ်း
ကျောင်းသား/သူတွေအကျိူးကိုပဲ
ပိုလိုလားပါတယ်။

သင်တန်းကြေးကုန်ကျပြီး
အချိန်ကုန်လူပင်ပန်းမဖြစ်စေချင်လို့ပါ။

ကျနော့်ဆီက အလုပ်နဲ့လာတဲ့ကလေးတွေ
ဘာသာစကားကြောင့် အလုပ်မှာ
အခက်ခဲမဖြစ်ဖို့ အမြဲသင်ကြား
ဆုံးမ လမ်းညွန်ပေးပါတယ်။

မှန်သောသစ္စာကြောင့်ချမ်းသာပါစေ☺️🙏💌

Photos from Htar Sensei's post 22/01/2024

စောစော စီးစီး JLPT အောင်သွားတဲ့ N5/N4 တန်းက

ခလေးတွေ

おめでとうございますပါ🎈🎉

ဆုယူဖို့ ပြင်ဆင်ထားပါ😂

12/01/2024

10ရက်ကျော်ပဲလိုတော့တယ်နော် 😁😁

Photos from Htar Sensei's post 26/12/2023

Saveလို့ရပြီနော်😂

N4 ( Level ) အတွက်
Grammar ( 文法 ) အနှစ်ချုပ်များ

26/12/2023

ဒီတပတ် စဖွင့်တဲ့ N5ပညာဒါနတန်းလေးနော်

အဖွင့်မှာတင် မုန့်ကျွေးပီးသင်ရတဲ့အတန်းလေး😅

21/12/2023

だれ???

Photos from Htar Sensei's post 20/12/2023

Japanese Phrases လေးတွေ မှတ်ကြည့်ရအောင်

Photos from All In One's post 20/12/2023

😍😍

07/12/2023

🔔🔔🔔N5 ပညာဒါနတန်းလေး ထပ်ပူဆာထားလို့ ဖွင့်ပေးမယ်နော်

❤️Sunday Only ဂျပန်စာသင်ချင်တဲ့သူများ❤️

ရုံးတဖက်နဲ့ဂျပန်စာလေ့လာချင်တဲ့သူများတွက်

N5ပညာဒါနတန်းလေးဖွင့်ပေးပါမယ်နော်

100%freeမဟုတ်ပါ‼️‼️‼️

အိမ်ဝိုင်းမို့ လူအများကြီးတော့လက်မခံသေးပါဘူးရှင့်

အသေးစိတ် CBမှာစုံစမ်းလို့ရပါတယ်နော်💜💜💜

Photos from Htar Sensei's post 04/12/2023

2023/12 JLPT N2 Question &Answer

Photos from Htar Sensei's post 04/12/2023

2023-12 N3 listening question&answer

04/12/2023

ကိုယ်တယောက်တည်းလို့တွေးမနေနဲ့တော့

😏😏😏

Photos from Htar Sensei's post 04/12/2023

JLPT 2023/12

N4 answer

တိုက်ပီးခန့်မှန်း အမှတ်တွက်ကြည့်ကြအုံးနော်

02/12/2023

JLPT ခုမှစဖြေမည့်သူများ….

02/12/2023

N4 ဖြေမည့်သူများ လိပ်စာတချက်ပြန်တိုက်ကြည့်နော်

ရန်ကုန်စာဖြေဌာန “ရန်ကုန်တက္ကသိုလ်-လှိုင်နယ်မြေ’’ တွင် JLPT (N4) စာမေးပွဲဖြေကြားမည့် ကျောင်းသား၊ ‌‌ကျောင်းသူများသို့ အသိပေးချက်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် JLPT စာမေးပွဲအတွက် ရန်ကုန်စာဖြေဌာန “ရန်ကုန်တက္ကသိုလ်-လှိုင်နယ်မြေ’’ တွင် N4 အဆင့်စာမေးပွဲဖြေဆိုမည့်သူများ (23B-2100103-40001 ~ 23B-2100103-41915) ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ပေါ်တွင် လမ်းအမည်နှင့် မြို့နယ်အား မှားယွင်းထည့်သွင်းရိုက်နှိပ်ထားပါသည်။

ကျောင်းသား၊ ‌‌ကျောင်းသူများ အမှန်တကယ်ဖြေဆိုရမည့် လိပ်စာမှာ “ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) RC-2၊ရန်ကုန်တက္ကသိုလ်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။ (AD)အေဒီ မှတ်တိုင်)” ဖြစ်ပါသည်။


JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Pocket Money 27/11/2023

ပံ့သကူ

Pw-759979

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Photos from Htar Sensei's post 27/11/2023

2024 Lucky Birthday Ranking 🇯🇵🇯🇵

ကဲ ကိုယ့်ရဲ့မွေးလ မွေးရက်ကို ရှာကြည့်နော် 🤓

နံပါတ်ဘယ်လောက်မှာရှိလဲ?🍀

Photos from Htar Sensei's post 26/11/2023

N4 reading လေးဖြေကြည့်ကြရအောင်

Photos from Htar Sensei's post 25/11/2023

July JLPTအမှီ December လတန်းခွဲသစ်များ

December လတန်းခွဲသစ်များကိုတောင်းဆိုနေကြတဲ့သူတွေတွက်
N3/N4/Basic+N5တန်းခွဲသစ်များကိုဖွင့်ပေးလိုက်ပါပြီ

တန်းခွဲသစ်များ ကို အောက်ဖော်ပြပါအချိန်ဇယားတွင် အသေးစိပ်ကြည့်ရှူပြီး မိမိကြိုက်နှစ်သက်ရာတန်းခွဲများကို အပ်နှံနိုင်ပါပြီ🙇🎊

ရုံးချိန်လွတ်အတန်းများလဲ ဖွင့်လှစ်ပေးထားတာမို့
ဂျပန်သွားဖို့ အချိန်မပေးနိုင်သူများ အချိန်တိုလေးအတွင်းဂျပန်စာကိုလေ့လာနိုင်ရန်စီစဉ်ပေးထားပါသည်

Htar Sensei Japanese language center တွင်
One bye one တက်ရောက်ချင်သူများကို
တစ်လချင်းပေးဖြင့်လဲ လက်ခံသင်ကြားပေးနေပါသဖြင့်အသေးစိတ်သိရှိလိုပါက cb(or)ph -09420175975
သို့ဆက်သွယ်မေးမြနိးနိုင်ပါတယ်ရှင့်

🍎လူဦးရေ၁၀ဦးသာကန့်သန့်ထားလို့
အမြန်လေးလာအပ်ထားဖို့တော့လိုတယ်နော်💓

🍎အတန်းခွဲလေးတွေကတော့Saturday/Sundayနဲ့ရုံးချိန်လွတ်လေးလဲပါတာမို့ အလုပ်တစ်ဖက်နဲ့ လူလေးတွေလဲတက်လို့ရပါတယ်နော်

💜ပညာဒါနတန်းလေးလဲရှိတာမို့ Page messenger မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်

သင်တန်းလိပ်စာ -လှိုင်သာယာမြို့နယ်(တံတားဖြူမှတ်တိုင်)

☎️ 0942017597💜

Photos from Htar Sensei's post 19/11/2023

ဆန့်ကျင်ဘက် စကားလုံးများကိုလေ့လာကြမယ်

Crd Note

05/11/2023

Photos from Htar Sensei's post 03/11/2023

N5/N4/N3 အတန်းပေါင်းစုံကန်တော့ပွဲ💜💜💜

သီတင်းကျွတ် အခါသမယမှာ
ဆရာမကို ကန်တော့တဲ့ အတွက်ကြောင့်
JLPT စာမေးပွဲတွေကို
အခက်အခဲ မရှိ ဖြေဆိုနိုင်ပြီး
ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ပြည့်ဝပြီး၊ ရောက်ချင်တဲ့ ဂျပန်နိုင်ငံကို အမြန်ဆုံး ရောက်ပါစေလို့😍😍

Sensei မှ
ချစ်တပည့် လေးတွေကို
ဆုပေးလိုက်ပါတယ်😍😍

Photos from Htar Sensei's post 31/10/2023

Japanese Verbs လေးတွေမှတ်ကြည့်ကြစို့

Photos from Htar Sensei's post 29/10/2023

#သီတင်းကျွတ်ဆုတောင်း

🙏🙏🙏🙏🙏🙏🙏

🪔🪔🪔 ဝါလကင်းလွတ်
သီတင်းကျွတ် အချိန်အခါသမယတွင်
လေးစား တန်ဖိုးထားရပါသော
မိဘ၊ဆရာသမား ဆွေမျိုး မိတ်ဆွေ တပည့်များ အားလုံး

ကိုယ် စိတ် နှလုံး ကျန်းမာခြင်းနှင့်ချမ်းသာခြင်း
မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်ဘေးအန္တရာယ်ဟူသမျှ
ကင်းဝေး၍ အခက်အခဲဟူသမျှ အောင်မြင်စွာကျော်လွှားနိုင်ပြီး စီးပွါးလာဘ်လာဘများဒီရေအလား တိုးတက်ကြီးပွါးပြီး ….လိုရာခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေကြောင်း....

ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင့်

🙏🙏🙏🙏🙏

Photos from Htar Sensei's post 09/09/2023

Quiz လေးတွေဖြေကြည့်ကြရအောင်

03/09/2023

ဇာတ်ကားကြည့်ဖို့
Motivation မလိုဘဲ
စာလုပ်ဖို့ Motivation လိုအပ်နေတာ
ဘာကြောင့်လို့ထင်ပါသလဲ?

ဟုတ်ပါတယ်
ဇာတ်ကားကြည့်ရတာက ပျော်စရာကောင်းလို့ပါ

စာလုပ်ရတာသာ ပျော်စရာကောင်းနေခဲ့ရင်
မီုတီ (Motivation)မလိုဘဲ
စာလုပ်ရတာ မက်မောတဲ့
သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်

ဒါကြောင့် ဒီ Post လေးမှာ
စာလုပ်ရတာ ပျော်ဖို့ကောင်းစေမဲ့
နည်းလမ်း (၅) ခုကို မျှဝေလိုက်ပါတယ်
နောက်ဆုံး တစ်ချက်ကတော့ အရေးကြီးဆုံးပါပဲ

💎သူငယ်ချင်းတွေနှင့် စာလုပ်ပါ

"ကျောင်းပဲတက်ချင်တာ စာမသင်ချင်ဘူး" ဆိုပြီး
ကျွန်တော်တို့ ငယ်ငယ်တုန်းက ညည်းညူလေ့ရှိပါတယ်
အကြောင်းကတော့ ကျောင်းမှာ သူငယ်ချင်းတွေ
အများကြီးနှင့်ဆိုတော့ ပျော်ဖို့ကောင်းလို့ပါပဲ

ဒါကြောင့် စာလုပ်ရတာပျော်ချင်ရင်
သူငယ်ချင်းတွေနှင့် စာလုပ်ပါ

အပြန်အလှန် ဆွေးနွေးပါ၊ ငြင်းခုန်ပါ၊စာမေးပါ။
မေးတာ မဖြေနိုင်ရင်
နဖူးတောက်ကြေး ၊ မုန့်ဝယ်ကြွေးကြေး၊
တခုခု လုပ်ခိုင်းပြီး အပြစ်ပေးတာမျိုး လုပ်ပါ

💎 တစ်ယောက်ထဲ စာလုပ်မယ်ဆိုရင် နေရာသေချာ ရွေးချယ်ပါ

စွန့်စားခန်းထွက်နေတယ်လို့
သဘောထားပြီး
library, ကော်ဖီဆိုင် ဒါမှမဟုတ်
တိတ်ဆိတ်ပြီးစာလုပ်လို့ကောင်းတဲ့နေရာတခုမှာ
စာလုပ်ပါ
ဒါမှမဟုတ်
စာလုပ်တဲ့ နေရာကို အာရုံစူးစိုက်ရလွယ်အောင်ပြင်ဆင်ပါ

တိတ်ဆိတ်နေခြင်းကြောင့်
အာရုံစူးစိုက်ဖို့ပိုမိုလွယ်ပါတယ်
(အိပ်တော့ မပျော်စေနဲ့ပေါ့ XD )

💎 Pomodoro

Timer ပေးပါ
မိနစ်၂၀ စာလုပ်ပါ ။ ၅မိနစ် ခဏနားပါ ။
ပြီးရင် မိနစ်၂၀စာပြန်လုပ်ပါ။ ၅မိနစ်ပြန်နားပါ ။

နားချိန်မှာ သီချင်းနားထောင်တာ ၊ အိပ်တာ ၊ လမ်းလျှောက်တာ ၃ခုပဲလုပ်ပါ။
ဖုန်းမသုံးပါနှင့်
အဲ့ဒီလို အလုပ်လုပ်တဲ့နည်းကို Pomodoro နည်းလမ်းလို့ ခေါ်ပါတယ်

အလုပ်လုပ်တဲ့ 20 မိနစ်အတွင်း အာရုံစိုက်လုပ်ရင်
သာမန်ထက် ၁၀ဆ လောက်
အလုပ်အများကြီးပြီးတာ တွေ့ရပါလိမ့်မယ်

💎 ဖုန်းကို အမှိုက်တောင်းထဲ ထည့်ထားပေးပါ
(ဟုတ်တယ် တကယ်ထည့်ခိုင်းတာ)

Pomodoro ကြောင့်
စာလုပ်ရတာ အရှိန်ရလာပြီ
ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းက ထိပ်ဆုံးရောက်လာပြီဆိုရင်
ဖုန်းက ဖျက်ချလိုက်ပါတယ်

အရှိန်နဲ့ လာတဲ့ ကားရှေ့
ခွေးတကောင် ဖြတ်ပြေးသလိုပါပဲ
ဒါကြောင့် ဖုန်းကို လက်နှင့်ထိဖို့နေနေသာသာ
မျက်စိနှင့်တောင် မမြင်ရတဲ့နေရာမှာထားပါ

💎💎💎
ရလဒ်တွေထက် သင်ယူမှုကို ဦးစားပေးပါ

အရင်တုန်းက သင်တန်းဆိုရင်
အင်္ဂလိပ်စာသင်တန်း တခုပဲ ပြေးမြင်ကြတာပါ
international language ဆိုပြီး
နွေရာသီအင်္ဂလိပ်စာသင်တန်းတွေ
မှိုလိုပေါက်နေကြတဲ့ ခေတ်မှာ
ဂျပန်စာသင်နေခဲ့တဲ့
ကျွန်တော်က ‌တော်တော်လေး
ကြောင်တောင်တောင်နိုင်ခဲ့ပါတယ်

ကိုယ်ကြိုက်တာကို သင်တာဖြစ်တဲ့အတွက်
သင်ရတာလဲ ပျော်စရာကောင်း, ခဲ့ပါတယ်
Pressure လဲမရှိသလို Motivation လဲမလိုပါဘူး
စိတ်လဲ မညစ်ပါဘူး

Stress(စိတ်ဖိစီးမှု) မရှိတာ ကြောင့်
Stress နှင့်စာလုပ်နေသူထက်
အားစိုက်စရာမလိုဘဲ စာပိုရပါတယ်

နောက်တခုက
စာမေးပွဲအမှတ်များဖို့ ၊ စာမေးပွဲအောင်ဖို့ထက်
သင်ယူရတာကိုပဲ ပျော်အောင်လုပ်ပါ

စာမေးပွဲ အကြောင်း၊
ဘယ်အခန်းဘယ်စာတွေ ဖြတ်ရမယ်ဆိုတဲ့ အကြောင်း၊
တွေးနေ တာထက်

ရှုထောင့်တွေပြောင်းလဲ မြင်ကြည့်ပါ
ကိုယ့်ခံယူချက်တွေကို ပြင်ကြည့်ပါ

စာမေးပွဲကို ဂရုမစိုက်ခိုင်းတာမဟုတ်ပါဘူး။
ရလဒ်တွေ ရမှတ်တွေထက်ကို
စာလေ့လာတဲ့အလုပ်ကိုပဲ ပိုအာရုံစိုက်စေချင်တာပါ

ဘာသာစကားသင်တယ်ဆိုရင်
သီချင်းနားထောင်တာမျိုး ၊
ဇာတ်ကားကြည့်တာမျိုး၊
ပုံပြင်တွေဖတ်တာမျိုး၊
သက်ဆိုင်ရာ ဝတ္ထုတွေဖတ်တာမျိုး၊
ယဉ်ကျေးမှုတွေ တွဲပြီးလေ့လာတာမျိုး၊
မပြောတက်ပေမဲ့လဲ လျှောက်ပြောပြီး အမှားတွေလုပ်တာမျိုး ၊
သင်ပေးထားတာထက် ပိုပြီးလေ့လာတာမျိုး၊

သင်တဲ့ သင်ရိုးတွေနှင့် ကိုက်ချင်မှ ကိုက်မယ်
စာမေးပွဲတွေလွတ်ချင်လဲ လွတ်မယ်

ဒါပေမဲ့ ကိုယ့်စံနှုန်းနဲ့ကိုယ်
လုပ်ရပ်တိုင်းမှာ အကောင်းဆုံးလုပ်နေပါ

သင်ကစာကို ချစ်တဲ့ အခါ
စာက သင့်ကို ပြန်ချစ်ပြီး
မထင်မှတ်ထားတဲ့ရလဒ်ကောင်းတွေ ထွက်လာပါလိမ့်မယ်

ဒါတွေကတော့ စာလုပ်ရတာပျော်စေမဲ့ အချက် (၅) ချက်ဖြစ်ပါတယ်

Haru (ITPEC Tutor)

----------------------
သင်ဟာ စာမေ့တတ်တဲ့ သူဆိုရင်တော့
စာမမေ့အောင်ဘယ်လိုလုပ်ရမလဲ ဒီpost မှာဖော်ပြထားပါတယ်
https://m.facebook.com/story.php?story_fbid=239530435698524&id=100089247064454&mibextid=Nif5oz

သင့်ရဲ့ စာလေ့လာတဲ့နှုန်း 10ဆ လောက်
မြန်ချင်ရင်တော့ ဒီpost မှာ ဖော်ပြထားပါတယ်
https://m.facebook.com/story.php?story_fbid=254880070830227&id=100089247064454&mibextid=Nif5oz

တောင်လိုပုံနေတဲ့ အလုပ်တွေက တစ်ဘက်
Stress များပြီး ကျက်လိုက်မေ့လိုက်ဖြစ်နေတဲ့
သင်တန်းက စာတွေက တစ်ဘက်
ဘက်နှစ်ဖက်ကြားမှာ
ဗျာများနေတယ်ဆိုရင် ဒီpostလေးကို ဖတ်ပြီး သင့်ပြဿနာကို
ဖြေရှင်းနိုင်ပါတယ်
https://m.facebook.com/story.php?story_fbid=255941847390716&id=100089247064454&mibextid=Nif5oz

Credit

Website

Address

Yangon-Pathein Road, Myanmar
Burma