ဘုန်းဖြိုးဝေ - မုံရွာ

ဘုန်းဖြိုးဝေ - မုံရွာ

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘုန်းဖြိုးဝေ - မုံရွာ, Book shop, honesty, .

18/02/2024

မြီမာပြည်မွဲတာ ကြံခိုင်မှု မရှိတဲ့
ကြံဖွတ်ကြောင့်

18/02/2024

ပူစီလေးကို သနားလို့ .. 😃😃😃

18/02/2024

ပန်းပန်ထားတဲ့ မခင်နန်းဆန်ဟာလှပါတယ်
အာဏာဖီဆန်ပြီး တော်လှန်ပန်းသာပန်လိုက်ရင်
မခင်နန်းဆန်ဟာ ဒီထက် ပိုလှမှာပဲ ။
လီနင်ပြောတဲ့
နိုင်ငံတော်ဆိုတာဖိနှိပ်ရေးယန္တရား အောက်မှာ
ကျနော်ဟာ ဘယ်လိုခွေးသွားစိပ်မျိုးမှအဖြစ်မခံနိုင်
ကျနော်ဟာ ဘယ်လိုချောဆီမျိုးအဖြစ်မှမပါဝင်နိုင်
ဖက်ဆစ်တပ်ရဲ့ဝီစကီခွက်ထဲက ရေခဲတုံးထက်
အဖိနှိပ်ခံလူထုရဲ့
ထမင်းကြမ်းခဲတုံးသာဖြစ်ချင်တယ်
ဗျူရိုကရက်‌တွေရဲ့ မျက်နှာသုတ်ပုဝါတထည်ထက်
ပန်းရံသမလေး‌တယောက်ရဲ့
ချွေးခံအင်္ကျီသာဖြစ်ချင်တယ်
ရင်ကြားစေ့ရေးစားပွဲဝိုင်းထဲက
မိုက်ခရိုဖုန်းတလုံးထက်
အလုပ်သမား‌တွေအတွက်
အရက်ဖြူတလုံးသာဖြစ်ချင်တယ်
ဟိုချီမင်းကို အားကျ
ရဲဘော်ချေကို အားကျ
သခင်ဗဟိန်းကို အားကျ
ဥက္ကဌကြီးမော်ကို အားကျ
‌ငုယင်ဗန်ထရွိုင်းကို အားကျ
ဂျူးလိယက်ဖူးချစ်ကို အားကျ
ကျနော့်လူငယ်ဘဝလေးဟာ
အဖိနှိပ်ခံခေတ်ထဲ သူရဲကောင်းတွေတထွေးကြီးနဲ့
ကျနော့်ရဲ‌ဘော်တွေလည်း အရွယ်မတိုင်ပဲ
မိဝေးဖဝေး
တောအထပ်ထပ် ထောင်အသွယ်သွယ်
ဟိုးအဝေးကိုပြေးရ
ဒီနေရာမှာ
“အချစ်ကြောင့်ပဲကွန်မြူနစ်ဖြစ်ခဲ့ရ”ဆိုတဲ့
(ဆရာ)နိုင်ဝင်းဆွေစာသား ထပ်မံကိုးကားပါရစေ
သိန်း‌ဖေမြင့်ရဲ့မငွေစိန်ကို စာနာတယ်
နိုင်ဝင်းဆွေရဲ့မသိန်းရှင်ကို ချစ်တယ်
ဗန်းမော်တင်အောင်ရဲ့အမေကို လေးစားတယ်
ကျနော်တို့ဟာမြိုင်ဝတ္ထုထဲက
ကိုတင်ဦးမဖြစ်နိုင်ရင်တောင်
ဓားတောင်ဝတ္ထုထဲက
ကိုသံချောင်းလိုစိတ်မျိုးထားရမယ်
သတိရတယ် မခင်နန်းဆန်ရယ်
မောင်လေးအောင်ကဗျာတွေနဲ့
ရဲဘော်ချေဂွေဗားရားရဲ့
ပြောက်ကျားစစ်အကြောင်း
လရောင်အောက်ကမိုးမခပင်တွေကြား
နှစ်ဦးသားဆွေးနွေးချင်ပါသေးတယ်
တနေ့မှာတော့
ဗားကရာချောက်ကိုဖက်ဆစ်အရိုးနဲ့ ဖို့ရမှာပေါ့
ပစ္စည်းမဲ့များအတွက်
နှောင်ကြိုးမှတပါး ဆုံးရှုံးစရာအခြားမရှိဆိုလည်း
မခင်နန်းဆန်ဟာ
ကျနော်ဖြတ်ဖို့ခက်တဲ့ နှောင်ကြိုးကြီးပဲ
“အမှားများမှတဆင့်
မီးရှူးတန်ဆောင်ဖြစ်သင့်တယ်”
ဥက္ကဌကြီးမော်ဟာ ကျနော်တို့ကို ဒီလိုသွန်သင်တယ်
မှန်မှန်ဖြေပါ မခင်နန်းဆန်
မန်းလေးရမ်နဲ့မခင်နန်းဆန်ကို ကြိုက်တဲ့
ဆံပင်ရှည်ရှည်နဲ့ခေတ်ပေါ်ကဗျာတွေ ဖတ်တဲ့
လက်ဖက်ရည်ကျဆိမ့်နဲ့ဆေးပေါ့လိပ်ကို မက်တဲ့
ဒီမောင် ကွန်မြူနစ်ကလေးကို ချစ်သေးရင်
ဟော်နန်းကုန်းပေါ်ကအမြန်ဆင်းခဲ့စမ်းပါ
မခင်နန်းဆန် ။

- လွှေး

( ကွန်မြူနစ်ကလေးကို ချစ်သေးရင် )

18/02/2024

သမဂ္ဂကျောင်းသား ကိုအောင်ဆန်း၏ ၁၀၉နှစ်ပြည့်မွေးနေ့

◾️ နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်တို့ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ မွေးနေ့မှာ ယနေ့ဆိုလျှင် ၁၀၉ နှစ် ပြည့်လေပြီ။

ငယ်စဥ◌် ကျောင်းနေအရွယ်ကတည်းက အမျိုးသားရေး၊ နိုင်ငံရေးတို့အပေါ် စိတ်အားထက်သန်မှုကြောင့် ရေနံချောင်းအမျိုးသားကျောင်း၌ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၃၅ - ၁၉၃၆ စာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။

၁၉၃၆ ခုနှစ် ဇန်နဝါရီလထုတ်၊ အတွဲ ၅၊ အမှတ် ၁ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍတွင် "ငရဲခွေးကြီးလွတ်နေပြီ" ဟူသော ဆောင်းပါး ပါရှိလာရာ ထိုဆောင်းပါးတွင် တက္ကသိုလ်အာဏာပိုင်တဦး၏ မတရားမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသဖြင့် ကျောင်းရှိ အာဏာပိုင်များကိုသာမက ညွန့်ပေါင်းအစိုးရကိုပါ အဖျားခတ်လာခဲ့သည်။

ဆောင်းပါးရေးသားသူ ယမမင်း ကလောင်ရှင်၏ အမည်ရင်းကိုကား မသိကြချေ။ ထို့ကြောင့် ကျောင်းအုပ်ကြီးက အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရှင်အမည် ဖော်ထုတ်ပေးရန် တောင်းဆိုလာသည်။ ထိုအခါ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်နှင့်အညီ ဆောင်းပါးရှင်အား မပြောနိုင်ကြောင်း အရေးယူလိုလျှင် မိမိအား အရေးယူနိုင်ကြောင်း ပြောသည်။

တကသဥက္ကဋ္ဌ ကိုနုကို ဤဆောင်းပါးအား ထည့်သွင်းစေသည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ ကိုအောင်ဆန်းကိုလည်း ဆောင်းပါးရှင်အား အမည်မဖော်သည့် အချက်ဖြင့် လည်းကောင်း အသီးသီး ကျောင်းထုတ်ခဲ့ကြသည်။

ထိုအခါ ကျောင်းသားများက မကျေနပ်‌ကြတော့ဘဲ သမိုင်းဝင် ဒုတိယကျောင်းသားသပိတ်ကြီး ပေါ်ထွက်လာခဲ့သည်။

ထိုမှတဆင့် တပြည်လုံးမှ ကျောင်းသားများဖြင့် ပိုမိုကျစ်လစ်ခိုင်မာသော လှုပ်ရှားမှုများဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ - ဗကသ (All Burma Students' Union - ABSU) ပေါ်ပေါက်လာခဲ့သည်။

ကိုအောင်ဆန်းသည် ၁၉၃၇ - ၃၈ ခုနှစ်တွင် ဗကသဥက္ကဋ္ဌအဖြစ်‌လည်းကောင်း၊ ၁၉၃၈ - ၁၉၃၉တွင် ဗကသနှင့် တကသဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် အခြားသောနိုင်ငံရေးတာဝန်များ ဆောင်ရွက်ရန် သမဂ္ဂမှထွက်ပြီး လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းခဲ့သည်။

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့‌တွင် မွေးဖွားခဲ့သော ကိုအောင်ဆန်းသည် သက်ရှိထင်ရှားရှိမည်ဆိုလျှင် ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၁၀၉ နှစ် ပြည့်မည် ဖြစ်သည်။

#အောင်ဆန်း #ဗကသ #တကသ #အိုးဝေ #အိုးဝေအယ်ဒီတာ

18/02/2024

နာဂလက်နက်ကိုင် NSCNK နှစ်ဖွဲ့လုံးကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့ စစ်တပ်ကြိုးပမ်းနေ
Feb 17,2024/Kachin News Group

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCNK)လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့စလုံးကို စစ်တပ်က ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

NSCNK-YA(ဗိုလ်ချုပ်ယုံးအောင်ဦးဆောင်အဖွဲ့) နဲ့ NSCNK ကနေ ခွဲထွက်သွားတဲ့ NSCNK-AM (ဗိုလ်ချုပ်အန်းမိုင်းဦးဆောင် အဖွဲ့) နှစ်ဖွဲ့စလုံးကိုစစ်ကောင်စီတပ်က နာဂရိုးရာယဥ်ကျေးမှုကော်မတီက တာဝန်ရှိသူတွေကိုစေလွတ်ပြီး ပြည်သူစစ်အဖြစ်ပြောင်းလဲဖွဲ့စည်းဖို့ ကြိုးပမ်းနေတယ်လို့ NSCNK နဲ့နီးစပ်တဲ့ လဟယ်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

“နာဂရိုးရာလူကြီးတွေကနေသွားညှိနှိုင်းပေးတယ်ပြောတယ်။ ပြည်သူ့စစ်ဖွဲ့ဖို့ပေါ့ အခုလက်ရှိခွဲထွက်သွားတဲ့ အန်းမိုင်းအဖွဲ့နဲ့တော့ ဆွေးနွေးနေတုန်းလို့ပြောတယ်။ အရင်ကတည်းကရှိနေတဲ့ ယုန်းအောင်အဖွဲ့ကတော့ လက်မခံဘူးငြင်းပယ်ထားတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ NSCNK နှစ်ဖွဲ့လုံးကိုပြည်သူ့စစ်ဖွဲ့ဖို့ကြိုးပမ်းနေပေမယ့် ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့က ငြင်းပယ်လိုက်ပြီး ခွဲထွက် ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ကတော့ နဂိုကတည်းကစစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေပြီးသားဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်သူစစ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမှုကိုလက်ခံနိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပြီး လက်ရှိနှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်နေဆဲလို့သိရပါတယ်။

“စိုးရမ်စရာတစ်ခုခုတော့ဖြစ်လာမယ်ထင်တယ်။ အခုပြည်သူတွေကြားမှာလည်း စိုးရိမ်မှုတွေရှိလာနေတယ်။ ရိုးရာလူကြီးတွေကလည်း စိုးရိမ်တဲ့အတွက် ဗိုလ်ချုပ် ယုန်းအောင်အဖွဲ့ဆီပြည်သူတွေကိဘယ်လိုအကာအကွယ်ပေးမလဲဆိုပြီး ဆွေးနွေးနေတယ်”လို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့က စစ်ကောင်စီရဲ့ပြည်သူ့စစ်ပြောင်းလဲဖွဲ့စည်းမှုကိုလက်ခံ လိုက်ရင် NSCNK နှစ်ဖွဲ့ကြား ပဋိပက္ခတွေ အရင်ကထက်ပိုမိုကြီးမားလာနိုင်ပြီး နယ်မြေမတည်မငြိမ်ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

NSCNK ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့နဲ့ဗိုလ်ချုပ် အန်းမိုင်းတို့အဖွဲ့ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းကလည်း လဟယ်နယ် ကွပ်ညပ်ဒေသထဲမှာအပြန်မလှန်ပစ်ခတ်မှု ၂ကြိမ် တိတိဖြစ်ပွားခဲ့ပြီး နောက်ပိုင်းလည်းနှစ်ဖက်တင်းမာမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang (ခပ်လန်)ဟာ ၂၀၁၇ ၊ဇွန်လ ၉ ရက်နေ့က ကွယ်လွန်သွားပြီးနောက် ဗိုလ်ချုပ်ယုန်းအောင်ဟာ ခပ်လန်ရဲ့ ရာထူးတာဝန်ကိုဆက်ခံသူဖြစ်လာခဲ့ပြီး ဒုဗိုလ်ချုပ်အန်းမိုင်းအဖွဲ့ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ အဖွဲ့ ကနေခွဲ ထွက်သွားတာဖြစ်ပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) ဟာ အိန္ဒိယနိုင်ငံ ၊ နာဂလန်းပြည်နယ်ခွဲထွက်ရေးလက်နက်အဖွဲ့ဖြစ်ပြီး ၁၉၈၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

https://bit.ly/3wdXUoY
#နာဂလက်နက်ကိုင် #ပြည်သူ့စစ်

Photos from ဘုန်းဖြိုးဝေ - မုံရွာ's post 18/02/2024

တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရ
ဆရာတော်ကြီး(၁၄) ပါးတို့၏
လက်ရေးမူ သြဝါဒကထာများကို
ကြည်ညို ခွင့်ရကြရေအောင် စုစည်းမျှဝေပေးလိုက်ပါသည်။

📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

15/02/2024

❛⁠ ညာလက်သီးနဲ့ ထိုးလိုက်တဲ့အချိန်မှာ
ဘယ်လက်သီးဟာ ဘာလုပ်နေတယ်ဆိုတာ
အမြဲတမ်း သိနေဖို့ အရေးကြီးပါသတဲ့။

ရေခဲပြင်ဟာ
သူ့အလိုလို ကွဲအက်သွားမှာပါ
တို့တတွေဟာ
လူသားတယောက်ဖြစ်တယ်ဆိုတာ
သိရုံမျှမဟုတ်
တိရစ္ဆာန်တကောင် မဟုတ်ဘူး ဆိုတာကိုလည်း
သိနေဖို့လိုတယ်။

•ပိုင်စိုးဝေ

#ပိုင်စိုးဝေ

12/02/2024

💔သူငယ်ချင်း​ရေ ဒီဇတ်လမ်းမှာ
လူဆိုး​တွေတ​ယောက်မှ
မ​သေ​သေးဘူးလား

💔လူ​ကောင်း​တွေမှာ
ဒုက္ခများလှပါပြီကွာ

💔အသက်တ​ချောင်းလုံး
ဆုံးရှုံးမယ်ဆိုရင်
နာမည်တလုံး​တော့
အဖတ်တင်ချင်တယ်​

💔ချောက်ကမ်းပါးစွန်းကလူကို
တွန်းအား​တွေမ​ပေးကြပါ💔နဲ့
​ပြေးစရာ​မြေမရှိ​တော့တဲ့အခါ
ကိုယ့်ရဲ့ဖိနပ်ဟာကိုယ့်ခံတပ်ပါဘဲ။

#လှသန်း
#လက်မရွှံ့ကဗျာ

09/02/2024
09/02/2024

ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။

ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။

အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။

မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။

တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။

မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့

05/02/2024

"အမေ (ဒေါ်အောင်ဆန်းစုကြည်) ထောင်ကလွတ်လာပြီဆိုရင်တောင် သူ့မှာ နေစရာမရှိပါဘူး။ စစ်တပ် က အမေ့ပိုင်ဆိုင်မှုတွေကို ဘာမှမကျန်အောင်လုပ်နေတာပါ"

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီက မတရားအကျဉ်းချထားသော လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူထံသို့ ၃ နှစ်အတွင်း ပထမဆုံး စာတစ်စောင်ပေးပို့ခဲ့ရာ ယင်းစာနှင့်ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။မင်္ဂလာပါ ကင်မ်ရေ ဒေါ်အောင်ဆန်းစုကြည်ဆီက စာရတယ်လို့ ကျွန်မတို့ သိရပါတယ်။ သူ့စာအကြောင်းပြောပြပေးနိုင်မလား။

ဖြေ ။ ။ ဟုတ်ကဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က အမေ့ဆီက စာတစ်စောင်ရခဲ့ပါတယ်။ အရင်နှစ် စက်တင်ဘာလက သူ့ဆီကို အထုပ်တစ်ထုပ်ပို့လိုက်ပါတယ်။ အဲဒီ့အထုပ်နဲ့အတူ ကျွန်တော့်စာတစ်စောင်ထည့်ပေးလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မေမေ့ဆီကို အဲဒီအထုပ်ရောက်တယ်လို့ သိရပါတယ်။ သူ့စာထဲမှာ သိပ်များများစားစားတော့ မပါပါဘူး။ ဒီစာတွေကို စောင့်ကြည့်နေမယ်ဆိုတာ ကျွန်တော်တို့သိထားပြီးသားပါ။

မေး ။ ။ ဒါဆို သုံးလလောက်ကြာမှရောက်တာပေါ့နော်။
ဖြေ ။ ။ ဟုတ်ပါတယ်။ သုံးလကြာမှ အမေ့ဆီရောက်တာပါ။

မေး ။ ။ အမေ့စာထဲမှာ ဘာတွေများရေးထားသေးလဲရှင်။

ဖြေ ။ ။ကျွန်တော့်စာကို အကြောင်းပြန်တာပါ။ မိသားစုဆီကို သာကြောင်းမာကြောင်းရေးတဲ့စာပါပဲ။ ကျွန်တော်ပို့လိုက်တဲ့အထုပ်ကို လက်ခံရရှိကြောင်း၊ ပြီးတော့ သူ့အနေနဲ့ သွားကိုက်တာ၊ ခါးနာတာနဲ့ အရိုးပွတာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။
သူ့ကို ဘယ်လိုထားတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ရှောင်တာနယ်လ် ပြောသလိုဆိုရင်တော့ အခြေအနေဆိုးတာအမှန်ပါပဲ။

မေး ။ ။ ဒါဆို သူ့ကျန်းမာရေးအခြေအနေကို အသေးစိတ်ရေးထားတာလား ။ ဒါမှမဟုတ် ။

ဖြေ ။ ။ အသေးစိတ်မဟုတ်ပါဘူး သွားကိုက်တယ် ခါးနာတယ်ဆိုတာနဲ့ အရိုးပွရောဂါ ဖြစ်စပြုနေတယ်လို့ပဲပါတာပါ။ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သွားနာလို့အစာမစားနိုင်ဘူးဆိုတော့ သွားကိုက်ဝေဒနာက တော်တော်ဆိုးနေပုံရပါတယ်။

မေး ။ ။ သူ့ရဲ့ထောင်တွင်းအခြေအနေအကြောင်း ဘာများ သိရလဲ။

ဖြေ ။ ။ ဘယ်သူ့ဆီကမှ သိရတာမရှိပါဘူး

မေး ။ ။ ဒါဆို သူက ကင်မ်ရေးလိုက်တဲ့စာကိုအကြောင်းပြန်ရင်း သူ့ကျန်းမာရေးအကြောင်း ရေးလိုက်တာပေါ့နော်။ ထောင်တွင်းအခြေအနေတွေ မပါဘူးပေါ့။

ဖြေ ။ ။ မပါပါဘူး။ သူနဲ့က ဆက်သွယ်လို့မရတဲ့အတွက် အဲဒါတွေ မသိနိုင်ပါဘူး။ ဒါက သုံးနှစ်အတွင်းမှာ ပထမဆုံးရတဲ့စာပါ။ဆက်သွယ်ရေးလမ်းကြောင်း ဆက်ဖွင့်ပေးထားမယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ အာဏာပိုင်တွေ စောင့်ကြည့်နေမှာဖြစ်လို့ ထောင်တွင်းအခြေအနေကိုမရေးဘဲ ပုံမှန်ကိစ္စတွေကိုပဲ ရေးထားတာပေါ့နော်။ ဒါဆို စာက တိုတိုလေးပေါ့။

ဖြေ ။ ။ ခပ်တိုတိုပါပဲ။ အမေ့လက်ရေးနဲ့ရေးထားတာဆိုတော့ အမေ့ဆီကစာဆိုတာ ကျွန်တော်သိပါတယ်။

မေး ။ ။ အမေနဲ့တွေ့ဖို့ကော ကြိုးစားဦးမလား။

ဖြေ ။ ။ လက်ရှိအခြေအနေမှာ ကျွန်တော် မြန်မာနိုင်ငံကိုသွားဖို့ စိတ်မချရဘူးထင်ပါတယ်။ အမေနဲ့တွေ့ခွင့်ရမယ်ဆိုရင်တော့ တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ခန့်မှန်းရခက်တဲ့အပြင် အမေ့အိမ်ကို လေလံတင်ဖို့ကလည်းရှိနေတယ်လေ။
တကယ်ဆို သူ့အစ်ကိုက မြန်မာနိုင်ငံသားမဟုတ်တဲ့အတွက် ဒီအိမ်ကို ရပိုင်ခွင့်မရှိပါဘူး။ အမေ နေပြည်တော်မှာနေတဲ့အိမ် လည်း အမေ့အပိုင်မဟုတ်ပါဘူး အစိုးရအိမ်တော်ပါ။ ဒီတော့ အမေ ထောင်ကလွတ်လာပြီဆိုရင်တောင် သူ့မှာနေစရာမရှိပါဘူး။ စစ်တပ်က အမေ့ပိုင်ဆိုင်မှုတွေကို ဘာမှမကျန်အောင်လုပ်နေတာပါ။

မေး ။ ။ ဒါဆို သူ့အိမ်အကြောင်း စာထဲမှာမရေးထားဘူးပေါ့နော်။

ဖြေ ။ ။ မရေးထားပါဘူး။ သူ သိချင်မှတောင်သိမှာပါ သူ့ရှေ့နေတွေက ပြောပြဖို့ကြိုးစားမှာဆိုပေမယ့် ရှေ့နေတွေကို သူနဲ့တွေ့ခွင့်မပြုပါဘူး။ ကျွန်တော် ဒီလိုပဲသိထားပါတယ်။

မေး ။ ။ ဒီစာကို သံရုံးကတစ်ဆင့်ရတယ်ဆိုတော့လေ။
ဖြေ ။ ။ သံရုံးကတစ်ဆင့်မဟုတ်ပါဘူး နိုင်ငံခြားရေးရုံးကရတာပါ။

မေး ။ ။ အမေ့ဆီကပြန်စာကို မျှော်လင့်နေခဲ့တာလား။

ဖြေ ။ ။ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ထားတာမရှိပါဘူး။

မေး ။ ။ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထူထောင်ဖို့ မြန်မာစစ်တပ်ကို စာရေးပြီးတောင်းဆိုသွားဖို့ ရှိပါသလား။

ဖြေ ။ ။ လက်ရှိလမ်းကြောင်းကတစ်ဆင့် အမေနဲ့ ထပ်ဆက်သွယ်ဖို့ကြိုးစားမှာပါ။ အဲဒီ့ကျရင် အခြေအနေသိရမယ်ထင်ပါတယ်။ အခုလက်ရှိ မြန်မာနိင်ငံမှာက အပြောင်းအလဲတွေ သိပ်မြန်တော့ အမေ့ကို ထောင်ကနေလွှတ်ပေးပြီး ရန်ကုန်မှ အကျယ် ချုပ်ပြန်ထားမယ်ဆိုရင် သူ့အိမ်မှာသူပြန်နေရတာဖြစ်လို့ အမေ့အတွက် အကောင်းဆုံးဖြစ်မှာပါ။

အမေ့ကို နေပြည်တော်ထောင်က အကျဉ်းခန်းထဲမှာထားမယ်ဆိုရင်တော့ အခြေအနေက သိပ်ဆိုးပါတယ်။ ရာသီဥတုဒဏ်တွေ ခံရမယ်၊ ပူရင် တအားပူတယ်၊ အေးရင် တအားအေးတယ်၊ ကြွက်တွေ၊ ကင်းမြီးကောက်တွေ၊ ခြင်တွေ ပေါတယ်၊ လုံးးဝမနေသင့်တဲ့အရပ်ပါ။ အမေက အသက် ၈၀ ရှိပါပြီ။ သူ့ကျန်းမာရေးအခြေအနေကို ထောက်ထားပြီး သွားကိုက်ဝေဒနာအတွက် ကောင်းမွန်တဲ့ဆေးဝါးကုသမှုတွေ ခံယူနိုင်ဖို့ အိမ်မှာပဲ အကျယ်ချုပ်ပြန်ထားမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုကုသခွင့်ရမှ မနာမကျင်ဘဲ အစာစားနိုင်မှာပါ။

မေး။ ။ ကျွန်မတို့လည်း သူ့အတွက် ဆုတောင်းပေးနေပါတယ်။ အခုလို ကင့်မ်ဆီကို စာရေးခွင့်ရပြီး သူ့ကျန်းမာရေးအကြောင်း
ပြောပြခွင့်ရတယ်ဆိုတာသိရလို့ ဝမ်းသာမိပါတယ်။ နောက်ဆုံးအနေနဲ့ တခြားအခြေအနေတွေနဲ့ပတ်သက်လို့ ကင့်မ်ရဲ့အမြင်ကို ပြောပြပေးပါဦး။

ဖြေ ။ ။ ကျွန်တော်ပြောခဲ့သလိုပါပဲ သူ့ရဲ့အသက်အရွယ်နဲ့ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေအရ စိုးရိမ်စရာအခြေအနေတွေအောက်မှာ ထိန်းသိမ်းထားတာကို စိတ်ပူမိပါတယ်။ ပြောရရင်.. အခုလို သုံးနှစ်ကြာမှ အမေနဲ့ အဆက်အသွယ်ရတဲ့အတွက် ကျွန်တော်တကယ်ဝမ်းသာပါတယ်။ သူ အသက်ရှင်နေတယ်ဆိုတာ သိခွင့်ရလို့ပါ။ ဒီ့မတိုင်ခင်ကဆို စစ်တပ် ဒါမှမဟုတ် အကျဉ်း ထောင်အာဏာပိုင်တွေ၊ ဘေးလူတွေ စတဲ့ ယုံကြည်ဖို့မကောင်းတဲ့ကြားလူတွေဆီက သတင်းတွေကိုပဲ ကြားနေခဲ့ရတော့ အမေအသက်ရှင်နေတယ်ဆိုတာကို ယုံရခက်ကြီးဖြစ်နေတာ‌ေ အခုလိုကာလမှာ အမေရေးတဲ့စာတစ်စောင်ရောက်လာတာလောက် ကျွန်တော့်အတွက် ပျော်ဖို့ကောင်းတာမရှိတော့ပါဘူး။

မေး ။ ။ အမေ့ကို အကျယ်ချုပ်နဲ့ထားဖို့ စိတ်အားထက်သန်နေတဲ့သားကြောင့် စစ်အစိုးရကို ဖိအားတစ်စုံတစ်ရာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဖြေ။ ။ လွှတ်ရင်တော့ အကောင်းဆုံးပေါ့။ စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်တာတွေရပ်ပြီး ဒီမိုကရေစီလမ်း ကြောင်း ကို ပြန်သွားရမှာလေ နိုင်ငံရေးအကျဉ်းသားအကုန်လုံးကို လွှတ်ပေးရမှာ။ အနည်းဆုံးတော့ အမေ့ကို အကျယ်ချုပ်ပြန်ထားသင့်တယ်။ အမေ့ကို အကျယ်ချုပ်ကနေ ထောင်ကိုပို့လိုက်တာ အာဏာသိမ်းပြီး ဇူလိုင်လကတည်းကထင်တယ်။ အမေ ထောင်ထဲရောက်နေတာ ၂၀၂၁ ဇွန် ဇူလိုင်လောက်ကတည်းကဖြစ်မယ်။ သူ့ကို အကျယ်ချုပ်ပြောင်းလိုက်ပြီဆိုတဲ့ သတင်းတွေအကုန်လုံးက ကျွန်တော်သိသလောက် သတင်းမှားတွေချည်းပါပဲ။ အမေက ထောင်ထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာပါ။

မေး။ ။ ၂ နှစ်ခွဲလောက်ရှိပြီနော်။
ဖြေ။ ။ ဟုတ်တယ်။

မေး။ ။ အခုလို အမေ့ဆီကစာအကြောင်း ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

05/02/2024

11:00Am 5/2/2024

ဆားလင်းကြီးမြို့နယ် ၂နေရာသို့ Mi35ဖြင့်
လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါတယ်။

05/02/2024

“အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသားအကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး”
ဟု အားရပါးရဆူညံစွာအော်ဟစ်ပြေးလွှား လာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။

၄င်းတို့၏ ကျောဘက် တင်းချလယ်တစ်ကွက်လောက် အကွာတွင်ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့်တစ်လှမ်းချင်း လာနေသော မောင်ချစ်သည် “ဧဝံ မေသုတံ ဧကံ သမယံ”ဟု တတွတ်တွတ်ရွတ်လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက်အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်းအကြောင်းကို သိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။
ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေးချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှ တို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။

“ဘကြီးအောင်၊ ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲ ဟင်” ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက “ငါ့တူလိုချင်လို့လား၊ ငွေတစ်ကျပ်ယူခဲ့ရင် ဘကြီးပေးမယ်သိလား”ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်းခေါင်းကုတ်လျက်
“ငွေတစ်ကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့”
ဟု မေးပြန်လေ၏။ ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကိုထောင်ပြလျက် “ဆယ်ပြား၊ ဆယ်ပြား ခြောက်ခါ။ နောက်ပြီးတော့ လေးပြားထည့်။ ပေါင်း ခြောက်ဆယ်နဲ့လေးပြား။ အဲသလောက်ကိုတစ်ကျပ်ခေါ်တယ်၊ ကြားလား” ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။
“ခြောက်ဆယ့်လေးပြားပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တကယ်ပဲရမလား။ နောက်တော့မညာနဲ့နော် ဘကြီးအောင်” ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။

မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တစ်ပြား တစ်ပြားသော အသပြာကို မသုံးရက်၊ မစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တစ်ထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတါကမူကကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတစ်လုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တစ်နေ့တစ်ခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ်မျက်လုံးတွင်းမှမထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တစ်နေ့မှ တစ်ပြားတစ်ပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တစ်ပေါက်တစ်လမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင်ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံအလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီးကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညည့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီးဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတစ်ပြားအတွက် တွေးမိတိုင်းဆွေးမိ၏။

တစ်ဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တစ်ဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလာခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတစ်ရက်နေ့ကဒွေးလေးညို ချစ်စနိုး၍ပေးသည့် သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေး၍ ပိုက်ဆံချင်းလဲစဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့်ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းလိုက်လေ၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့်ခြစ်၍မှတ်ထားလေ၏။ “ပဲဟင်းချက်တဲ့နေ့က
တစ်ပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့ကတစ်ပြား” စသည်ဖြင့်လက်ချောင်းကလေးများကိုချိုးကာချိုးကာ ပိုက်ဆံစာရင်းတွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ကျတ်ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင်ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

စျေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်း နှင့် ကောက်ဦးငချိပ်ပေါင်းကိုမြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှ
ရသောသရေစာတို့ကို သပိတ်မှောက်လေ၏။
သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေအဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တစ်ယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တစ်ပြားတိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ရောက်လေသတည်း။

ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည်
မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ အဆောင့်ကိုရင်ကြီးတစ်ပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို
ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ။ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသောလလည်း
နာရမှန်းမသိ။ ဦးအောင်ချာ့ ကနားဖျင်းနားရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။ ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင်
အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတစ်ယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်များတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့တန်တဲ့အိမ် တစ်အိမ်မှမရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက်ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီးပို့ပေးပါ့မယ်”

ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏ အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင်
ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့်ကြည့်လျက် ထွက်လာလေ၏။ လမ်းကြားငယ်တစ်ခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ငို၊ နင်ငိုပေမယ့်အလကား၊ တို့အမေက မပေးစား”ဟု
ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအားနှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့်မွှန်းလိုက်လေတော့သတည်း။

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီတစ်စုနှင့် ယောကျာ်းကြီးတစ်ယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတစ်ဦးသည် ယောက်ျားကြီး၏ ခြေအစုံကိုပြေးဖက်လျက် “အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတွေကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ၊ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး” ဟု ဟစ်အော်ပြောဆိုငိုကြွေးမြည်တမ်းလေ၏။ ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။
ကိုရင်လည်း မြို့တက်သွားတာဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲအိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့”ဟု ပြောလေ၏။ “ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တစ်ခါတလေ သူ့အမေကျွေးလို့ဆန်ပြုတ်ကလေး တစ်ဇွန်းလောက်ဝင်သွားပေမဲ့ ချက်ချင်းအန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြ ခေါ်ပြပါလည်း ဘာမှမထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကိုလှူလိုက်ပါလို့မှာပြီးတော့ ကိုရင်အောင်ကိုမေးတာပဲ။
မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ဘကြီးအောင် ညာတယ်” လို့ မပီတပီပြောရင်း အသက်ပျောက်သွားတာပဲ” ဟု ပြော၍ လုံချည်စ
ဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေး
တစ်ခုကို တွေ့နိုင်ပါသည်။

“အချစ်ဂူ” ဟူ၍လည်းကောင်း၊ “မောင်ချစ်ဂူ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကိုအမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာလိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစ်စုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာသိရပါသတည်း။ ။

▪️မင်းသု၀ဏ် [ ဘကြီးအောင်ညာတယ်]

#မင်းသု၀ဏ်
#ဘကြီးအောင်ညာတယ်

05/02/2024

သူ့ဘဝနဲ့သူ့တန်ရာ

ဟာ.......ဟိုကောင် မွှေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ကားဝယ်စီးမှာပေါ့

ဟကောင်
မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "

"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ငါတို့ လက်ဖက်ရည်ဆိုင်မှာ
ခဏလေး စားတာ ၃ထောင်
ခဏ.... ငါ မင်းနားလည်အောင် သက်သေပြမယ်"
:ဖြောင်း...ဖြောင်း ....ညီလေး လာဦး"
ကျွန်တော် လက်ခုပ်တီးပြီး
ကမ်းနား မှာ တောင်းစားနေတဲ့
၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"မင်းကို ငါတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"

"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့ကောင်... စောစောက မင်း ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ကားဝယ်မှာပေါ့ လို့ ပြောတယ်မလား ???"

"အေး အဲလိုပဲ
ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
သူတောင်းစားတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"

"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်"

"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
မင်းက ဝင်ကဲ့ရဲ့တော့
မင်း အဖြစ်နဲ့ မင်းအဆင့်က
စောစောက ငါယှဉ်ပြတဲ့
သူတောင်းစား လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါကွာ " 🙂

"မင်းအတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက်
ထုတ်တာ မဟုတ်ဘူး "

📖📖📖

04/02/2024

ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ WI-FI ကို တီထွင်သူ။
(Crd)
ရုပ်ရှင်လောကမှာ ကမ္ဘာ့ချောဆုံး မင်းသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ် သိပ္ပံပညာရှင်လည်းဖြစ်တဲ့ Hedi Lamarr ကတော့ ဂျူးလူမျိုး သြစတြီးယားနိုင်ငံသားပဲဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ Wi-Fi စနစ်ဖြစ်ပေါ်လာဖို့ သူတီထွင်ဖန်တီးခဲ့တာပါ ။
သူ့ဝါဿနာကတော့ နည်းပညာကို စိတ်ဝင်စားတဲ့သူဖြစ်ပေမဲ့ အားလပ်ရပ်တွေမှာတော့ ရုပ်ရှင်ကို ရုံဖန်ရုံခါ ရိုက်ဖြစ်ခဲ့ပါတယ်။ Hollywood နဲ့ ဂျာမန် ရုပ်ရှင်မှာ N**i တွေဆီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတွေအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေမှာ သရုပ်​​ဆောင် အဖြစ် ရုပ်ရှင်လောကကို စတင်ဝင်ရောက်ခဲ့တာပါ။
သူမမွေးနေ့ဖြစ်တဲ့ နိုင်ဝင်ဘာလ ၉ ရက်နေ့ကို သြစတြီးယား, Switzerland နဲ့ ဂျာမန် စတဲ့ ဂျာမန် ဘာသာစကားအသုံးပြုတဲ့ နိုင်ငံတွေမှာ "တီထွင်တဲ့နေ့" ဆိုပြီး သူ့ကို အသိအမှတ်ပြုနေပါတယ်။

01/02/2024

. သုခအစစ်အမှန်
〰️〰️🌺〰️〰️

🔹️ အမျက် ဒေါသ
ပူမီးစကို
ရင်မှ စွန့်ပယ်လိုက်သောခါ ... ။

🔹️ လောဘ ရမ္မက်
ဆူးချွန်ထက်ကို
ပယ်ဖျက် စွန့်ပစ်လိုက်သောခါ ... ။

🔹️ အတ်တ မာန
ပကာသနကို
ခွာချ စွန့်ပစ်လိုက်သောခါ ... ။

🔹️ ကာမ တဏှာ
ကိလေသာကို
ဖယ်ခွာ စွန့်ပစ်လိုက်သောခါ ... ။

🔹️ ထိုအချိန်မှစ
လူ့ဘ၀သည်
သုခစစ်မှန်
မင်္ဂလံကို
ဧကန် ရရှိ လေတော့၏ ။ ။

နွေကိုတူး(ပခုက္ကူ)

01/02/2024

နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။

အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီ​ပေးတယ်။

အလားတူ

ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။

Credit.. Original uploader
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

01/02/2024

#လူတွေအကြောင်းပြောမယ်

စိတ်ပညာရှင်တွေက ပြောကြတယ်။

၁။ လူတစ်ယောက်ဟာ ဘာမဟုတ်တာလေးနဲ့ အရမ်းရယ်နေတတ်ရင် သူ့ရင်ထဲမှာ လုံခြုံမှုမရှိဘူး။

၂။ လူတစ်ယောက်ဟာ သိပ်အိပ်တတ်လွန်းရင် သူဝမ်းနည်းနေလို့ပါ။

၃။ လူတစ်ယောက်ဟာ စကားပြောနည်းပြီး စကားကို မြန်မြန်ထက်ထက် ပြောတတ်ရင် သူ့မှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်။

၄။ လူတစ်ယောက်ဟာ မငိုတတ်ရင် သူ့မှာအားနည်းချက်ရှိတယ်။

၅။ လူတစ်ယောက်ဟာ အစားစားရာမှာ ပုံမှန်မဟုတ်ရင် သူဟာ စိတ်သောကများနေတယ်။

၆။ လူတစ်ယောက်ဟာ အသေးအဖွဲကိစ္စလေးတွေကြောင့် ငိုတတ်ရင် သူဟာ ရိုးသားပြီး နှလုံးသားနူးညံ့တယ်။

၇။ လူတစ်ယောက်ဟာ အသေးအဖွဲကိစ္စလေးတွေအပေါ် စိတ်ဆိုးဒေါသထွက်တတ်ရင် သူ့မှာ အချစ်လိုအပ်နေတယ်။

ကျွန်တော်ပြောတာ မဟုတ်ပါဘူးနော်။စိတ်ပညာရှင်တွေ ပြောတာပါ။

ဗန်းမော်သိန်းဖေ
၃၀-၀၁-၂၀၂၄

01/02/2024

သူ့ဘဝနဲ့သူ့တန်ရာ
******************
ဟာ.......ဟိုကောင် မွှေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်း!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ကားဝယ်စီးမှာပေါ့

ဟကောင်
မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "

"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ငါတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင်
ခဏ.... ငါ မင်းနားလည်အောင် သက်သေပြမယ်"
:ဖြောင်း...ဖြောင်း ....ညီလေး လာဦး"
ကျွန်တော် လက်ခုပ်တီးပြီး
ကမ်းနား မှာ တောင်းစားနေတဲ့
၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"မင်းကို ငါတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"

"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့ကောင်... စောစောက မင်း ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ကားဝယ်မှာပေါ့ လို့ ပြောတယ်မလား ???"

"အေး အဲလိုပဲ
ငါတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
သူတောင်းစားတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"

"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို မင်းကောင်းကောင်း နားလည်ဖို့လိုတယ်"

"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
မင်းက ဝင်ကဲ့ရဲ့တော့
မင်း အဖြစ်နဲ့ မင်းအဆင့်က
စောစောက ငါယှဉ်ပြတဲ့
သူတောင်းစား လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါကွာ " 🙂

"မင်းအတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက မင်းအတွက် ထုတ်တာ မဟုတ်ဘူး "

Credit
ပြန်လည်မျှဝေသည် 😍

29/01/2024

ကိုယ့်မှာအမာရွတ်ရှိရင် သူများဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။

ရင့်ကျက်သွားတဲ့ သူတွေရဲ့နောက်ကွယ်မှာ
သင်ခန်းစာပေးသွားတဲ့ လူတချို့တွေရှိတယ်။

နာကျည်းချက်တွေများတဲ့ သူတွေကသာ
ပိုသန်မာလာတာပါ။

သန်မာတဲ့ လူတွေရဲ့နှလုံးသားထဲမှာ
အမာရွတ်တွေ အရှိဆုံးပါ။ သန်မာတဲ့
လူယောက်ဖြစ်ဖို့ သည်းခံခြင်းစိတ်ကို
မွေးထားဖို့လိုလိမ့်မယ်။

သံချပ်ကာအပြည့်ဝတ်ဆင်ထားတဲ့
စစ်သူကြီးလိုပေါ့ လာစမ်းပါရန်သူတွေ
ငါမကြောက်ဘူး ကြောက်တတ်ရင်
၂ခါသေရတယ်ဆိုတဲ့စိတ်နဲ့

အခက်ခဲ့တွေ ဒုက္ခတွေ ပြသနာတွေ
လာစမ်းပါ။ မင်းတို့ကိုငါမကြောက်ဘူး။
မင်းတို့လက်မြှောက်အရှုံးပေးတဲ့ထိ
ငါတိုက်ထုတ်မယ်။

ငါဘယ်လောက်ခတ်ထန်ကြောင်း
မင်းတို့ပြမယ် ငါ့တကိုယ်လုံးမှာ
ရဲ့ရင့်တဲ့စိတ်တွေနဲ့ လွမ်းခြုံထားတယ်။

ငါဘာကောင်လဲ မင်းတို့ပြမယ်
ငါ့ကို ဘယ်သူ့မှ တားဆီးနိုင်မှာမဟုတ်ဘူး။

ငါမင်းတို့ကို မတိုက်ထုတ်နိုင်သရွေး
ငါဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူး
ငါ့ကို မင်းတို့ဘယ်တော့ခါမှ လွမ်းမိုးနိုင်မှာ
မဟုတ်ဘူး။

ငါ့မှာအင်အားတွေ အပြည့်ရှိတယ်။ ငါ့ကို
ဘယ်သူကမှ အင်အားဖြည့်ပေးစရာလဲ
မလိုဘူး။

ငါ့ကိုငါ ယုံကြည်တယ် ငါဒီနေ့ထိလဲ
မရပ်တန့်သေးဘူး။

29/01/2024

ကျွန်တော်သိတဲ့အထက်တန်းစား

အဝတ်အစား စုပ်ပျက်နေပါစေ
နေစရာတဲအိမ်မရှိလို့
လမ်းဘေးမှာပဲနေနေ

သူတစ်ပါးအပေါ်
စိတ်ထား စေတနာကောင်းထားတဲ့လူဟာ
အထက်တန်းစားပဲ

#အပယ်ခံ-ပုတီးကုန်း.........,

Videos (show all)

camera_roll_1_-6388594221723068835_1666664404
🍁     ပျားကြီးနဲ့ ခါချဥ်ကောင်များ    အကောင်ကြီးပြီး ခွန်အားဗလတွေ                ဘယ်လိုရှိနေပါစေ  အဓိကကျတာ ညီညွတ်မှုနဲ့ ဉ...
📝 သွေးကြော ခုန်လှုပ်နေတာ ဘာလဲဗျ
•ကဗျာဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)

Website

Address

Honesty
Sarlingyi
PHYOPHYO