ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး

ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး

ဇာမဏီ ဆန်လက်လီ/ လက်က္ကားရောင်းဝယ်ရေးo

01/01/2023

Happy new year ပါနှစ်သစ်မှစိတ်ချမ်းသာကိုယ်ကျန်းမာ၍ ဖြစ်ချင်သောအရာမှန်သမျှတောင်းတတိုင်းဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်

01/12/2022

ဆန်ထဲမှာဘာဆန်အကြိုက်ဆုံးလဲ ချစ်ဆုံးတို့??

18/10/2022

မင်မင်အရမ်းကြိုက်တဲ့ ကြက်ပင်စိမ်းထမင်း

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 17/10/2022
13/08/2022

ယနေ့ခေတ်ဖုန်းတွေ ပေါ်လာတဲ့ ခေတ်မှာ မိသားစု ထမင်းဝိုင်းလေးတွေ တိတ်ဆိတ်လာတယ်။

လင်မယားတွေအိပ်ယာထဲမှာ တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းလာတယ်။

အဝေးကလူတွေကို ပိုရင်းနှီးလာပြီး၊ အနီးက လူတွေ နဲ့ တဖြည်းဖြည်း စိမ်းလာကြတယ်။

လက်ဖက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့သောက်တဲ့ လက်ဖက်ရည်ဝိုင်းလေးက အသံတိတ်ခေါင်းငိုက်ဆိုက်နဲ့ဖုန်းကိုယ်စီပွတ်ရင်း ခြောက်ကပ်နေတယ်။

အဝေးကမိတ်ဆွေတွေအတွက် စိတ်ပူနေပြီး၊ အနီးလူတွေကို မေ့လျော့ နေတတ်ကြတယ်။

တကယ်တော့….

Online ပေါ်ကလူတွေက မိမိတကယ်နေထိုင်မကောင်းဖြစ်ရင် လာမပြုစုနိုင်ဘူး၊ ကိုယ်သေသွားတဲ့အခါလဲလိုက်မပို့နိုင်ပါဘူး။Online ဟာ Online ပါဘဲ

မိမိရဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်း အရင်းတွေအပေါ်မှာ အချိန်ပေးပါ၊ ဂရုစိုက်ပါ။

တကယ်တော့ Facebook က တကယ့် ဘဝမဟုတ်ဘူးဆိုတာ သိထားပါ။

အပျင်းပြေ၊ အပျော်သက်သက်နဲ့ ဗဟုသုတ ရှာဖွေရာ နေရာတစ်ခု အဖြစ်သာ အသုံးချတတ်ပါစေ။

Crd…

10/08/2022

"အိမ်ရှင်မတွေ မသိသေးတဲ့ ထမင်းချက်နည်း
လျှို့ဝှက်ချက် (၉) ချက်"

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်ရှင်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၎. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ
ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့်
အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့
တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို
ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို
ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး
ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်
တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။

crd

07/08/2022

မင်မင်အကြိုက် ပသျူးထမင်းကြော်😋😋😋

ပသျှူးထမင်းကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ကြက်သား၊ ကြက်ဥ၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ရှာလကာရည်၊ မုန်လာဥနီ၊ ဘိုစားပဲသီး၊ ဆီ၊ ကော်မှုန့်၊ ငရုတ်ကောင်းတို့ လိုအပ်ပါမယ်။

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို တောက်တောက်ဆင်းထားပါ။

ကြက်ဥကို ဆားအနည်းငယ်ထည့်၍ မွှေထားပါ။ မုန်လာဥနီနှင့် ပဲသီးတောင့်ကို အတုံးလေးတွေ လှီးထားပါ။

ထမင်းကို ခရုဆီ၊ ငံပြာရည်၊ ကြက်သားမှုန့် ၊ ရှာလကာရည်တို့ ဖြင့် နယ်ထားပါ။

ကြော်မည့် ဒယ်အိုးထဲတွင် ဆီထည့်၍ ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ကြက်ဥကို ပန်းကန်တစ်ခုထဲ ထည့်ထားပါ။

ကြက်ဥကြော်ထားသော အိုးထဲကို ဆီ ထပ်ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းအရွက်များကို ဆီသတ်ပါ။

ပြီးနောက် အသားကိုထည့်ပြီး ဆားနှင့် ဟင်းခတ်မှုန့်တို့ကိုထည့်၍ လုံးထားပါ။

အသားများ ကျက်ခါနီးတွင် အတုံးလေးတွေ လှီးထားသော မုန်လာဥနီနှင့် ပဲသီးတောင့်ကို ထည့်ကြော်ပါ။

မိနစ်အနည်းငယ် အသီးအနှံကြော်ပြီးလျှင် ထမင်းကို ထည့်ကြော်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်ဥကို ထည့်ပါ။ ထမင်းကြော်ရခါနီးတွင် ကော်မှုန့်ကို ရေဖျော်ပြီး ထမင်းပေါ်ဆမ်းပြီး မိနစ်အနည်းငယ်ထပ်ကြော်ပေးပါ။

ပြီးလျှင် ငရုတ်ကောင်းအပေါ်ကဖြူးပြီး မွှေကြော်ပေးပါ။ ၎င်းနောက် မီးဖိုပေါ်မှ ချ၍ ပူပူစပ်စပ်မွှေးမွှေးလေး ပသျူးထမင်းကြော်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

06/08/2022

🍽 ဒံပေါက် ချက်နည်း 🍽

၁။ ကြက်သားဟင်း
၂။ ထမင်း
၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,
အရောင်
ဒါလေး ၃ ခုသာ လုပ်ဖို့ လိုပါတယ်။

၁။ ကြက်သားဟင်း ချက်ရန်
*************************
ဒယ်အိုးထဲကို ကြက်သွန်နီ ဆီသတ်ဆီ,ဂီးထောပတ်ရည်
ဆတူ ထည့်၍ ဆီဆူလာလျှင်
နှပ်ထားသောကြက်သား နှင့် ဆီချက်ဖပ်ကို ထည့်လုံးပါ။
ကြက်သားကို 90% နူးအောင်ချက်၍ အဖုံးအုပ်ထားပါ။

၂။ ထမင်းချက်ရန်
****************
ထမင်းပေါင်းအိုးနဲ့ ချက်လျှင်
👉 ဆား နဲ့ သကြားထည့်ပါ။
👉 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်၍ ချက်လိုက်ပါ။
ထမင်းအိုး နွှေးခလုတ်တက်သွားတာနဲ့ တပြိုင်နက်
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

( သို့မဟုတ် )

ထမင်း ရေငှဲ့ချက်လျှင် ရေထဲကို ဆန်ထည့်ပီး
👉 ဆား နဲ့ သကြားထည့်ပါ။
👉 လေးညှင်း,ဖာလာ,သစ်ဂျပိုး,ကရဝေးရွက်
ရေဆေးပီး အားလုံး တခါတည်း ရောထည့်လိုက်ပါ။
ထမင်း ၈၀% ခန့်ကျက်ရင် ဇကာနဲ့ရေစစ်ပီး
ကြက်သားဟင်းပေါ် ထမင်းတွေသွန်ချလိုက်ပါ။

၃။ ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,
အရောင်ထည့်ရန်
************************************
ဥနီ,ပဲစိမ်း,သီဟိုစေ့,စပျစ်စေ့,ဆီချက်,အရောင်တို့ကို
ထမင်းပေါ် တင်အုပ်လိုက်ပီး ထောပတ်ဆီ ဇွန်းကြီးတစ်ဇွန်းထည့်၍
အဖုံးပြန်အုပ်ထားလိုက်ပီး မီးအေးအေးနဲ့ ၃၅ မိနစ်ခန့်
မီးဖိုပေါ်တင်နှပ်ထားပီးရင်တော့
အလွယ်ဆုံးနဲ့ အရသာအရှိဆုံး ဒံပေါက်ထမင်းကို စားသုံးနိုင်ပါပြီ။
___________________________________

ပြင်ဆင်ထားရန်
**************

ကြက်သားကို
👉 အချိုမှုန့်,ဆား
👉 ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း,
👉 ဒံပေါက်မဆလာ, ဆနွင်း,အရောင်တင်မှုန့်
👉 ဒိန်ချဉ်
အားလုံးထည့်နယ်၍ ရေခဲသေတ္တာထဲ တစ်ည နှပ်ထားပါ။
အချိန်မရလျှင် တစ်နာရီနှပ်ထားပါ။

ကြက်သွန်နီ ဆီချက်သတ်ထား၍ ဆီချက်ဖပ်တွေကို
( ဆား,သကြား,အချိုမှုန့်,ဒံပေါက် မဆလာ )နဲ့နယ်ထားပါ။

အရောင် မန်ကျည်းစေ့ခန့်ကို ရေနဲနဲရောထားပါ။
များလွန်းရင် အရောင် တောက်တောက်ကြီး ဖြစ်သွားပါတယ်။

__________________________________
ဘာစမာတီ ( သို့ ) ပေါ်ဆန်းမွှေးနဲ့ ချက်ပါ။
ဘာစမာတီ ကတော့ ဆန်သားပိုလှပါတယ်။

ဆီချက်ဖပ်ကို အရသာနယ်ပါမှ အနှစ်လေးတွေစားတဲ့အခါ အရသာရှိနေမှာ

Credit to original uploader

06/08/2022

ထမင်းပေါင်း လုပ်နည်း

ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်ပြုတ်ရည် ထည့်ထားပါ။
အသီးအရွက်များကို လှီးဖြတ်ထားပါ။
ကြက်သား သို့ ဝက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )

အသား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )

ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို ထည့်ကြော်ပေးပါ။

ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့်,ဆား,ငရုတ်ကောင်း ထည့်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး
အသီးအရွက်များကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့
ဟင်းရည် ဆူပွက်နေချိန်မှာ
ပန်းကန်ထဲ အသင့်ခူးထားတဲ့ထမင်းဖြူပေါ် လောင်းချလိုက်ပါ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။

ဘိတ်ချဉ်ကတော့
ရှာလကာရည်
အချိုမှုန့်,ငံပြာရည်
ကြက်သွန်ဖြူ,ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး လိုမှထပ်ထည့်ပါ။
အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,ငရုတ်ပွထည့်ပါတယ်။

ထမင်းပေါင်းကို ပူတုန်းစားရပါတယ် အေးသွားရင် အရည်ကြဲသွားတတ်ပါတယ်။

Crd

05/08/2022

အိမ်ရှင်မများအတွက် အနီးကပ်ရန်သူ (သို့) ဆန်ပိုး🕷

အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့
စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ

ထမင်းတစ်ခါချက်ဖို့အရေး
ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ
ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန်ကုန်သွားတတ်တာမျိုးပေါ့။

ဒါကြောင့် ဒီနေ့တော့ ဆန်ပိုးနဲ့ပတ်သက်တဲ့
ဗဟုသုတရဖွယ် အကြောင်းအရာလေးတွေကို
အိမ်ရှင်မတွေအတွက် အသုံးဝင်အောင်
ပြောပြပေးလိုက်ပါတယ်နော်

ဆန်ပိုးဘယ်ကစ

ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင်
ပိုးတက်လေ့ရှိပါတယ်။
ကြိတ်သားပေါ်မှာလည်း
မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့
ကြိတ်သားကောင်းရင်ကောင်းသလို
(၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊
ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့
(၁) လလောက်အထိပဲ အထားခံတာမျိုးလည်း
ရှိတတ်ပါတယ်။

ဆန်ပိုးတက်ပြီဆိုရင်

1️⃣
ပထမအဆင့်မှာ ဆန်ပိုးအမတွေက
ဆန်စေ့တွေကိုဖောက်ပြီး ဥဥပါတယ်။
ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက်မို့
ဆန်ပိုးအမတစ်ကောင်ဟာ
သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။
ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။

2️⃣
ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး
ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။
ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး
ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။

3️⃣
တတိယအဆင့်ရောက်သွားရင်တော့
ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊
ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး
လွှင့်ပစ်လိုက်ရတော့တာပါပဲ။

အဲဒီတော့ ဆန်ပိုးမတက်အောင်

ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင်
ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။
အိတ်သားတက်တယ်ဆိုတာ
ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။
ဒါကြောင့် ဆန်ကို အိတ်အစား
လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့
သိုလှောင်သင့်ပါတယ်။

ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေး ,ထင်းရှူးဆီ တို့ကို
ဆန်အိုးထဲရောထည့်ထားရင်လည်း
ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဆန်ပိုးဖယ်ရှားနည်း

ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့
ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ေ
အာက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။

1 ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက်ပါ။
ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင်
အလယ်မှာ ဆန်ပိုးတွေ စုလာပါလိမ့်မယ်။

2 ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့
ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။
ခဏကြာရင် အဝတ်စပေါ်ကို
ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။
အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။

3 ဆန်ကို ရေခဲသေတ္တာထဲ
သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း
ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။

4.အကြာကြီး သိမ်းဆည်းမထားပါနဲ့။
ဆန်တွေကို နှစ်ရှည်လများစွာ
သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်

5.သစ်သားပုံးတွေထဲမှာ
ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။
သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက
ပိုးထိုးမြန်စေပါတယ်။
တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက
ဆန်ထဲသို့ ငြုပ်သီးအခြောက်တောင့်များ
ထည့်သွင်းထားလိုက်ပါက
ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။
တကယ်လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက
ကရဝေးရွက် "Bay leaves" များကို ဆန်အတွင်းသို့ ရောနှော၍ထည့်ထားလိုက်ပါက
ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။
ထင်းရှူးဆီ သို့ လေးညှင်းပွင့်ထည့်ရင်လဲ ရပါတယ်

04/08/2022

ထမင်းရည် မှရရှိလာမည့်
ကျန်းမာရေးအကျိုးကျေးဇူးများ

1. ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

ထမင်းရည် မှာပါဝင်တဲ့ ဗီတာမင်တွေ၊သတ္တုဓာတ်တွေနဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် ထမင်းရည်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ သဘာဝဆေးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ကို အချို့သောရောဂါတွေကနေ ကာကွယ်ပေးနိုင်စွမ်း ဖြစ်ပါတယ်။

2. အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

ထမင်းရည်မှာ ကစီဓာတ်အပါအဝင် အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

3. ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ထမင်းရည်မှာပါဝင်တဲ့ အကောင်းဆုံးသော အာဟာရဓာတ်တွေက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

4. ဝမ်းပျက်ဝမ်းလျှောကို သက်သာစေပါတယ်။

ထမင်းရည်က ဝမ်းပျက်ဝမ်းလျှောအပါအဝင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို သက်သာစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ထမင်းရည် ပုံမှန်သောက်ပေးပါ။

5. ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။

ထမင်းရည်ရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်ပူခြင်း ကို သက်သာစေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ပူနေချိန်မှာ ထမင်းရည်သောက်သုံးခြင်းဖြင့် ကိုယ်ပူမြန်မြန်ကျစေနိုင်ပါတယ်။

6. ကြွက်သားတွေကို သန်မာစေပါတယ်။ကျန်းမာသန်စွမ်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်စေဖို့အတွက်

လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထမင်းရည် မှန်မှန်သောက်ပေးပါ။ ထမင်းရည်အပါအဝင် အစားအစာတိုင်းမှာ ကောင်းမွန်တဲ့အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
ဒါကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေဖို့အတွက် ထမင်းရည်သောက်ပါ။

22/07/2022

ဆန်ပိုးမတက်​အောင် ဘယ်လိုထားရမလဲ

ဆန်ကို အလုံပိတ်ထားနိုင်တဲ့ ပုံး (သို့) အိုး ဖြင့်ထည့်ထားပြီး အေးမြ ခြောက်သွေ့သောနေရာတွင်ထားပါ။

မိသားစုရဲ့ ဆန်စားသုံးမှုအပေါ်မူတည်ပြီး ပမာဏ အနည်းအများ ချိန်ဆကာဝယ်ယူပါ။

ဆန်ထည့်မည့်ပုံးအား ဆန်အသစ်ထပ်မထည့်ခင်မှာ ကြိုတင်ဆေးကြော သန့်စင်ထားပါ။

ဆန်ပိုးကျရောက်မှု ရှိ၊ မရှိ ပုံမှန် စစ်ဆေးပါ။
ဆန်ပိုးတက်လာလျင် ​ဖြေရှင်းနည်း

ပထမနည်းဆန်ကိုနေပူပူထဲမှာ၁၅ မိနစ်လောက်ပြထားလိုက်ပါ။ပြီးရင်စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင်အလယ်မှာဆန်ပိုးတွေစုလာပါလိမ့်မယ်။

ဒုတိယနည်းဆန်ထည့်ထားတဲ့ အိတ်၊အိုး၊ပုံးတို့ကို ဖွင့်ပြီးတော့ဆန်ပေါ်မှာအဝတ်စလေးအုပ်ပေးထားလိုက်ပါ။ ခဏကြာရင်အဝတ်စပေါ်ကိုဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။အဝတ်ကိုရေမစိုအောင်တော့သတိပြုဖို့လိုပါတယ်။

တတိယနည်း ဆန်ကို ရေခဲသေတ္တာထဲသုံးရက် ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကိုနှိမ်နင်းပြီးသားဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် အိမ်တွင်းမှုနည်းကတော့ဆန်ထည့်တဲ့ အိုး(သို့မဟုတ်) ပုံးထဲကို
- ချင်းတက် ထည့်ခြင်း
- အောင်မဲညိုပန်း ထည့်ခြင်း
- ငရုတ်သီးခြောက် ထည့်ခြင်း
- ဩဇာရွက်ခြောက် ထည့်ခြင်း
- လောက်သေရွက် ထည့်ခြင်း
- ကြက်သွန်နီ ထည့်ခြင်း စသည်ဖြင့် မိမိတို့ လက်လှမ်းမီတဲ့ နည်းလမ်းလေးတွေနဲ့လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပါသည်။

21/07/2022

ရွှေဘိုပေါ်ဆန်းမွှေး ကြိုက်တာလား ဇာမဏီရှိတယ်နော်

ဖျာပုံပေါ်ဆန်းလား ဒါမှမဟုတ်တောင်ပျံလား ဇာမဏီရှိပါတယ်

ထမင်းအိတာလေးကြိုက်ရင် မြောင်းမြပေါ်ဆန်းလည်းရှိတယ်နော်

အချောကြည့်ဘဲမစားနိုင်ဘူး အကြမ်းလေးနဲ့ရောစားမယ်ဆိုရင်လည်း ဇာမဏီမှာ ဆန်အမျိုးအစားစုံလင်စွာ ရရှိပါမယ်

တာမွေနဲ့အနီးတဝိုက်အတွက် အိမ်အရောက်ပို့ပေးပါတယ်နော်

ရရှိနိုင်မယ့်ဆန်အမျိုးအစားတွေကတော့ 🍚

ရွှေဘိုပေါ်ဆန်းမွှေးထူးထူးရှယ် ၂၄ ပြည်တစ်အိတ် ၇၆၈၀၀

ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်တစ်အိတ် ၇၂၀၀၀

ဖျာပုံပေါ်ဆန်း/တောင်ပျံမွှေးထူးရှယ် ၂၄ ပြည်တစ်အိတ် ၆၀၀၀၀

ဖျာပုံပေါ်ဆန်း/တောင်ပျံမွှေး ၂၄ ပြည် တစ်အိတ် ၄၈၀၀၀

ဆန် ၁ အိတ်ဝယ်ယူတိုင်း အမျိုးအစားတူ ဆန် ၄ လုံး လက်ဆောင်ရရှိမှာဖြစ်ပါတယ်ရှင့်

မှာယူလိုပါက message box ကတစ်ဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် .... ဆန်အရည်အသွေးကိုအပြည့်အဝအာမခံပါတယ်ရှင့်

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 19/07/2022

ဟင်းမကောင်းချင်နေ ထမင်းကောင်းမှ စားလို့ဝင် ထမင်းမိန်တာဆိုတဲ့ လူကြီးမင်းတို့အတွက် ဇာမဏီရှိတယ်နော် .....🍚

ဇာမဏီမှာ လူကြီးမင်းတို့စားသုံးဖို့အတွက် ဆန်အမျိုးအစား စုံလင်စွာရောင်းချပေးလျက်ရှိပါတယ် ..🍚

ဆန် အသစ် စားချင်လားးး / အဟောင်း စားချင်လားး ဇာမဏီ ကို ဖုန်းဆက်လိုက်ပါ

ရွှေဘိုပေါ်ဆန်း ထူးထူးရှယ်လား ?

ရွှေဘိုပေါ်ဆန်း ရှယ်လား?

ဒါမဟုတ်

ပေါ်ဆန်းလား / တောင်ပျံလားး ဇာမဏီ ကိုဖုန်းဆက်လိုက်ပါ ... လူကြီးမင်းတို့အိမ်အရောက် ပို့ဆောင်ပေးပါတယ်နော်
ယ်နော်
မှာယူလိုပါက chat box မှတစ်ဆင့်မှာယူနိုင်ပါတယ်ရှင့်

ယခုလောလောဆယ်တော့ တာမွေနဲ့ တာမွေအနီးတစ်ဝိုက်မြို့နယ်တွေကိုပို့ဆောင်ပေးပါတယ်ရှင့်

15/07/2022

ပိန်တဲ့ချစ်မိတ်ဆွေများ ပိန်လွန်းလို့ဆိုပြီးစိတ်မညစ်ပါနဲ့ ထမင်းစားပါ ဝိတ်တက်လာပါလိမ့်မယ် ... အများကြီးမဝလာတောင်ဝိတ်တက်လာပါလိမ့်မယ် ... breakfast ကိုလည်းထမင်းစားပါ.. lunch လည်းထမင်းစားပါ .... dinner လည်းထမင်းစားပါ ပေါင် 100တောင်မပြည့်တဲ့သူ ပြည့်လာပါလိမ့်မယ် 💪🏻💪🏻💪🏻🍚🍚🍚

08/07/2022

🍚 ထမင်းသိုးလွယ်တာကို ဖြေရှင်းနည်း

ထမင်းမချက်ခင် ရှာလကာရည် လက်ဖက်ရည်ဇွန်း 1ဇွန်း ထည့်ပြီး ပုံမှန်အတိုင်းချက်ပေးပါ။ ဒီနည်းအတိုင်းချက်ရင် ပုံမှန်အခန်းအပူချိန်မှာ 3 - 4 ရက်ခန့် အနံ့မထွက်ဘဲ အထားခံပါတယ်

🍚 ထမင်းအေးကို အသစ်ချက်ထားတဲ့ ထမင်းလိုဖြစ်အောင် နွေးနည်း

ဆားရေ ( ဆား လက်ဖက်ရေဇွန်းတဝတ် ၊ ရေ ထမင်းစားဇွန်း ၂ဇွန်း ) ကို နွေးမဲ့ ထမင်းအေးထဲ ထည့်မွှေပေးပြီးမှ နွေးပါ။ နွေးလိုက်တဲ့ ထမင်းက အသစ်ချက်ထားတဲ့ ထမင်းလို ပျော့ပြီး အနံ့မွေးနေတာတွေ့ရပါလိမ့်မယ်

🍚 ထမင်းပျော့တာ ဖြေရှင်းနည်း

ပေါင်မုန့် 2 - 3 ချပ်လောက်ကို ခလုတ်တက်စ ထမင်းအိုးထဲထည့်ပေးပါ။ ပိုနေတဲ့ ရေကို ပေါင်မုန့်တွေစုပ်ယူနိုင်ဖို့ cook ခလုတ်ကို နောက်တစ်ကြိမ်ပြန် နှိပ်ပေးပါ

🍚 ထမင်းအိုးမကပ်အောင်ချက်နည်း

ထမင်းအိုးတက်တာနဲ့ အဖုံးချက်ချင်းမဖွင့်ဘဲ 10 - 15 မိနစ်လောက် ထားပြီးမှ ဖွင့်သင့်ပါတယ်။ အချိန်နည်းနည်းပေးပြီးမှ ဖွင့်ရင် အိုးထဲက ရေငွေ့နဲ့ ရေတွေက အောက်ခြေကိုဆင်းသွားပြီး အောက်ခြေမှာရှိတဲ့ ထမင်းကိုပျော့ပျောင်းပြီး မမာအောင် အိုးမကပ်အောင် ပြုလုပ်ပေးနိုင်ပါတယ်

🍚 ထမင်းအိုးတက်အောင် ချက်နည်း

ထမင်းမချက်ခင် သံပုရာရည် 3 - 4 စက်ညှစ်ထည့်ပါ။
ဒီချက်နည်းက ထမင်းတွေကို ဆင်စွယ်ရောင်ဖြစ်စေပြီး ထမင်းလုံးတွေ စင်းပြီးကပ်မနေအောင်ပြုလုပ်ပေးပါတယ်။ သတိထားရမဲ့ အချက်ကတော့ ချဉ်တဲ့ အရသာမထွက်အောင် သံပုရာရည်တွေအများကြီး မညှစ်မိဖို့တော့လိုပါတယ်

08/07/2022

ရွှေဘိုလား ?

မြောင်းမြလား?

ဖျာပုံပေါ်ဆန်းလား ?

ဖျာပုံတောင်ပျံလား ?

လူကြီးမင်းတို့ ကြိုက်တာပြော ??

လူကြီးမင်းတို့ကြိုက်နှစ်သက်ရာ ဆန်အမျိုးအစားစုံလင်စွာ ရရှိပါမယ်နော် 🍚🍚🍚

07/07/2022

ဆန်ပိုးမတက်​အောင် ဘယ်လိုထားရမလဲ

ဆန်ကို အလုံပိတ်ထားနိုင်တဲ့ ပုံး (သို့) အိုး ဖြင့်ထည့်ထားပြီး အေးမြ ခြောက်သွေ့သောနေရာတွင်ထားပါ။

မိသားစုရဲ့ ဆန်စားသုံးမှုအပေါ်မူတည်ပြီး ပမာဏ အနည်းအများ ချိန်ဆကာဝယ်ယူပါ။

ဆန်ထည့်မည့်ပုံးအား ဆန်အသစ်ထပ်မထည့်ခင်မှာ ကြိုတင်ဆေးကြော သန့်စင်ထားပါ။

ဆန်ပိုးကျရောက်မှု ရှိ၊ မရှိ ပုံမှန် စစ်ဆေးပါ။
ဆန်ပိုးတက်လာလျင် ​ဖြေရှင်းနည်း

ပထမနည်းဆန်ကိုနေပူပူထဲမှာ၁၅ မိနစ်လောက်ပြထားလိုက်ပါ။ပြီးရင်စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင်အလယ်မှာဆန်ပိုးတွေစုလာပါလိမ့်မယ်။

ဒုတိယနည်းဆန်ထည့်ထားတဲ့ အိတ်၊အိုး၊ပုံးတို့ကို ဖွင့်ပြီးတော့ဆန်ပေါ်မှာအဝတ်စလေးအုပ်ပေးထားလိုက်ပါ။ ခဏကြာရင်အဝတ်စပေါ်ကိုဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။အဝတ်ကိုရေမစိုအောင်တော့သတိပြုဖို့လိုပါတယ်။

တတိယနည်း ဆန်ကို ရေခဲသေတ္တာထဲသုံးရက် ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကိုနှိမ်နင်းပြီးသားဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် အိမ်တွင်းမှုနည်းကတော့ဆန်ထည့်တဲ့ အိုး(သို့မဟုတ်) ပုံးထဲကို
- ချင်းတက် ထည့်ခြင်း
- အောင်မဲညိုပန်း ထည့်ခြင်း
- ငရုတ်သီးခြောက် ထည့်ခြင်း
- ဩဇာရွက်ခြောက် ထည့်ခြင်း
- လောက်သေရွက် ထည့်ခြင်း
- ကြက်သွန်နီ ထည့်ခြင်း စသည်ဖြင့် မိမိတို့ လက်လှမ်းမီတဲ့ နည်းလမ်းလေးတွေနဲ့လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်ပါသည်။

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 03/07/2022

လူကြီးမင်းတို့ ဘယ်ဆန်အမျိုးအစားကို အကြိုက်ဆုံးလဲ ??

No.1 ရွှေဘို

No.2 မြောင်းမြ

No.3 ဖျာပုံပေါ်ဆန်း / ပျံ လား 🍚

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 26/09/2020

ကိုယ့်ခံအားကောင်းဖို့ထမင်းများများစားကြစို့

💛ဆန်အမျိုးအစားစုံလင်စွာ ချစ်သော customer များအတွက် LUCKY RICE မှ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးလျက်ရှိပါတယ်ရှင့် 🍚🍚🍚

အားပေးတဲ့ ချစ် customer များအတွက် ယခုလိုအချိန်မျိုးမှာဆန်လိုအပ်လျှင် အခက်ခဲမရှိရလေအောင် ဆိုင်ဖွင့်ထားပေးပါတယ်ရှင့် 💚💛

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 25/09/2020

ကိုယ်ခံအားကောင်းဖို့ ထမင်းများများစားကြစို့ 🍚🍚🍚😋

၁ အိတ်ကို ၃၀၀၀၀ ကျပ်မှစတင်ပြီး ဆန်အမျိုးအစားစုံလင်စွာ လက်လီ / လက်ကား ရောင်းချပေးလျက်ရှိပါတယ်ရှင့် 😋🍚

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 23/09/2020

ရွှေဘိုပေါ်ဆန်းမွှေးလား ?

ဖျာပုံလား ?

ပုသိမ်လား? LUCKY RICE မှာရှိတယ်နော် 🍚💛

ဆန်အမျိုးအစားစုံလင်စွာ ရောင်းချပေးလိက်ရှိပါတယ်ရှင့်

25/08/2020

ရွှေဘိုပေါ်ဆန်းထူးထူးရှယ် ထမင်းကတော်အရမ်းမိုက်ရှယ်ဘဲ 😋😋😋

Photos from ZAR MA NI ဆန်/ဆီရောင်းဝယ်ရေး's post 23/08/2020

#တစ်အိတ်မှစတင်ပြီးပို့ခအခမဲ့

ဖျာပုံပေါ်ဆန်းမွှေး / ဒေးဒရဲပေါ်ဆန်းမွှေး / ရွှေဘို ပေါ်ဆန်မွှေး မနောသုခ / ဆင်းသုခ ဆန်အမျိုးအစားစုံလင်စွာ LUCKY RICEမှရောင်းချပေးလျက်ရှိပါတယ်နော် 🍚🌾

ရန်ကုန်မြို့တွင်း ၁ အိတ်မှစတင်ပြီး အိမ်အရောက်အခမဲ့ ဝန်ဆောင်မှုဖြင့် LUCKY RICE မှပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့်

ထမင်းဆိုင်တွေ ကအများစုဝယ်တဲ့ ဖျာပုံပေါ်ဆန်းမွှေး ဒေးဒရဲပေါ်ဆန်းမွှေးရှယ် စားမလား

ဒန်ပေါက်ဆိုင်တွေကဝယ်တဲ့ ရွှေဘိုပေါ်ဆန်မွှေးစစ်စစ်ရှယ် စားမလား

ဆန်အချောကြည့်မစားချင်လို့ ဆန်ကြမ်း( ဆန်အချွန်) လေးနဲ့ရောစားမလား အစုံရှိတာပေါ့
😋😋

Website