U Lay Gyi's Kitchen

U Lay Gyi's Kitchen

မဂ်လာပါ......

15/01/2024

အရမ်းကြိက်......

11/01/2024

ညနေစာနဲ့အတူ....

19/05/2022

ထမင်းပေါင်း သွားမစားရတာတောင် အတော်ကြာသွားပြီး....

09/01/2021

အနာဂါတ်မှာပြောင်းလဲလာမည့် စျေးဝယ်နည်း....

21/09/2020

ဒီငှက်ကို ရုတ်တရက် ကြည့်ရင်
အပြစ်မဲ့ငှက်တစ်ကောင်ကို မတရားသဖြင့်
မျိုဖို့ အားထုတ် နေတယ် လို့ သင်မြင်ရလိမ့်မယ်
ဒါပေမယ့်...
အမှန်က အဲ့ဒီအမြင်နဲ့ လုံးဝ ဆန့်ကျင်ဖက်ပဲ
အဖြူရောင် ငှက်ဟာ မိခင် ဖြစ်ပြီး ပါးစပ်
အတွင်းက ငှက်ဟာ သူ့ကလေး ဖြစ်တယ်...
မိခင်ဖြစ် တဲ့ ငှက်မကြီးဟာ အင်းဆက်
ပိုးမွှားတွေနဲ့ သစ်စေ့ ရှာဖွေလာတာကို
သူ့ကလေးက ပါးစပ်ထဲဝင်ပြီး အစာကောက်
နေခြင်းဖြစ်တယ်...

ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာလဲ ...
ဒီမြင်ကွင်းမျိုး တွေ့ကြုံရလေ့ရှိတယ်
ကျွန်တော်တို့တွေဟာ ပထမအမြင်ကိုပဲ
အတည်ယူကောက်ချက်ချပြီး အဆိုးမြင်နဲ့
သွားတတ်ကြတယ်..

ဒီပုံက ...
ကျွန်တော်တို့ကို သင်ခန်းစာ ပေးနေတာက မြင်နေရတဲ့အရာတွေဆိုတာအမှန်တရားအဖြစ် ပုံသေမှတ်ယူလို့မရဘူး
တခါတခါကြရင် အမှန်တရားက ...
ကျွန်တော်တို့ မြင်ကွင်းကနေ ပုန်းကွယ်
နေလေ့ရှိတယ် ဆိုတာပေါ့....

ဒါကြောင့် အလျင်စလိုကောက်ချက်မချမိပါစေနဲ့

.
by Kyaw Aye.

20/09/2020

၀မ်းနည်းစရာကောင်းတဲ့ အမှန်တရား *********************************

ကျွန်တော်တို့ ဆေးလိပ်မသောက်ပဲ အသက်ရှင်
ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဆေးလိပ်ထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ကျွန်တော်တို့ အရက်မသောက်ပဲ အသက်ရှင် ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ အရက်ထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ကျွန်တော်တို့ မိုဘိုင်းဖုန်းအသုံးမပြုလဲ အသက်ရှင်
ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဖုန်းထုတ်လုပ်တဲ့သူတွေဟာ
ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။

ဒါပေမယ့် သိပ်ပြီး၀မ်းနည်းစရာကောင်းတဲ့
အမှန်တရားကတော့......................

အစားအစာအသီးအနှံတွေ မရှိပဲ ကျွန်တော်တို့ အသက်ရှင် နေထိုင် ရှင်သန်လို့ မရဘူး။

ဒါတောင်မှပဲ သီးနှံ အစားအစာတွေကို
ထုတ်လုပ်ပေးတဲ့ ကျွန်တော်တို့ ရဲ့ တောင်သူလယ်သမားတွေဟာ ခုထိ ဆင်းရဲမွဲတေနေကြတုန်းပါပဲ။😔😔

Original writer
စာပေ အရိပ် မှ
photo credit

19/09/2020

ဘဝကို ရိုးရှင်းစွာဖြတ်သန်းပါ
**************************

ပညာ
တတ်ချင်ယောင် မဆောင်ပါနဲ့ ။
ပညာရှင်နဲ့ တွေ့ရင်
ပိုပြီး အရှက်ရလိမ့်မယ်။

အရည်အချင်း
ရှိချင်ယောင် မဆောင်ပါနဲ့ ။
တတ်သိနားလည်တဲ့ သူနဲ့တွေ့ ရင်
ပိုပြီးအရှက်ကွဲလိမ့်မယ်။

ဘဝ ဆိုတာ ...
ရိုးရှင်းလေ လှပလေပါ။
ဘဝ ဟာ ရိုးရှင်းလေ
ကျက်သရေ ရှိလေပါ။

ဘဝ မှာ
ဟန်ဆောင်ဖို့ မလိုပါဘူး။
အရှိကို အရှိအတိုင်း
ရိုးသားဖို့ပဲ လိုအပ္တာပါ။

သူတစ်ပါး ဟားတိုက်
ရယ်မောခြင်း မခံရအောင်
အဓိပ္ပါယ်မဲ့
အရှက်မရ လေအောင်
အတတ်နိုင်ဆုံး
ရိုးသားရအောင်ပါ။

အကြွားလေးတွေ လျှော့ပါ။
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ကြွားဝါခြင်းမရှိသည်သာ..
ဟန်မဆောင်ခြင်းသည်သာ..
အအေးချမ်းဆုံးပါ..။

Original Writer.

18/09/2020

လူတစ်ယောက်.. သိန်း ၁၀၀တန်မြေကွက်ကို ရောင်းပြီး တစ်ဝက်ဖြစ်တဲ့ သိန်းငါးဆယ်ကို ဘဏ်ထဲထည့်လိုက်တယ်။

တစ်ဝက်ကို နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ အတွက်ရင်းနှီးလိုက်တယ်။

သူနိုင်ငံခြားမှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ၅နှစ်သွားအလုပ်လုပ်တယ်။ အမိမြေပြန်လာတော့ သိန်း ၅၀၀ပြန်ပါလာတယ်။

ဒါဆို သူရင်းနှီးထားတဲ့ငွေ သိန်း ၅ဝ ထက် ဆယ်ဆပိုမြတ်သွားပြီပေါ့..

ဒါပေမယ့် ငါးနှစ်ကြာပြီးနောက် သူသိန်း၁၀၀နဲ့ ရောင်းခဲ့တဲ့မြေကွက်က အခုဘုရင့်နောင်လမ်းဆုံနားမှာ ခေါ်စျေး သိန်း ၁သောင်းဖြစ်နေပြီ !

ဒါဆို သူရှုံးခဲ့တာ

၁။ ငွေသိန်း ၉ထောင့်၄ရာ

၂။ သူပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ အားစိုက်မှု

၃။ မိသားစုနဲ့ခွဲခွာရတဲ့ ၅နှစ်သက်တမ်း

၄။ သူ့အသက်ရဲ့ ကိုယ်ပိုင်အချိန် ၅နှစ်နဲ့

၅။ သူ့ရဲ့ကျန်းမာရေးပဲ ဖြစ်မယ်

တကယ်လို့ သူ၅နှစ်လုပ်ခဲ့တဲ့အရာဆီက ပညာရခဲ့မယ်ဆို သူအခုအချိန်အသုံးချလို့ရသေးတယ်။

တကယ်လို့ပညာမရခဲ့ဘဲ ပိုက်ဆံရဖို့ပဲ သည်းကြီးမည်းကြီးရှာနေခဲ့မယ်ဆို အခု သူ့မှာ ကျန်တာက ဗလာနတ္ထိနဲ့ အရှုံး။

ကျနော်တို့ လိုအပ်နေတာ ငွေကိုချွေတာနေဖို့ မဟုတ်ပါဘူး...

ကျနော်တို့ လိုအပ်တာ ငွေဝင်မယ့် Source အရင်းအမြစ်ကို ရှာဖို့ပါ။



"အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

16/09/2020

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ်ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

Photos from U Lay Gyi's Kitchen's post 03/09/2020

မဂ်လာပါ.....
Kitchen equipmentsအခေါ်ဝေါ်တွေကိုလဲ လေ့လာလိုက်ပါအုန်း.....

26/08/2020

ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊
ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊

ကြာတော့ အကျင့် ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့
ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့
စိတ် ဖြစ်လာတယ်။

တနေ့ကျတော့ ကျီးကန်းက
ကြက်ဥကို ငါးကို ပေးလိုက်တော့
ခွေးက မကျေနပ်တော့ဘူး။

ကွကျဥဟာ
အစကတည်းက ကျီးကန်းဟာဆိုတာ
သူမေ့သွားတယ်။
ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ
ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ
မေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး
အခင်အမင် ပျက်သွားကြတယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊
လူတစ္စုက
မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။

ဖောင်စီးရင်းနဲ့ ရေဆော့ရင်း
ကောင်မလေးတယောက်ရဲ့ ဖိနပ်
ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့
ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။

ဒါနဲ့ကောင်မလေးက
သူနဲ့လှေအတူစီးတဲ့ သူတွေဆီက
တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့
အကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ
ဘယ်သူမှ မပေးချင် ကြဘူး။
ကောင်မလေးက
မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့ သူက
ဒီလူတွေအားလုံး မကောင်းဘူး။
ကူညီချင်စိတ်မ ရှိဘူးလို့တွက်လိုက်တယ်။

နောက်တော့ လူတစ်ယောက်က
သူ့ဖိနပ်ကို ပေးလိုက်တယ်။
ကောင်မလေးက
ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက
" ဘယ်သူမှမင်းကို ကူညီဖို့တာ၀န် ရှိပါဘူး။
မင်းကိုကူညီတာ
ခင်မင်မှုတစ်ခုကြောင့်ပဲ၊
မကူညီဖြစ်ရင်
ဒါကိုဒေါသမကြီးပါနဲ့
ဒါ သမရိုးကပြါ ""။

အဲ့လိုပြောတော့
ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။
အဲ့ချိန်ကစပြီး
သူ့ကို ကူညီဖူးသူတွေကို
အမြဲမှတ်သား ထားပြီး
ပြန်လည် ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ
အမြဲတမ်းသူများက
ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့
ကျေးဇူးတင်မဆုံးဘူးပေါ့။

ကြာလာတော့
သူများ ကိုယ့်အပေါ်ကောင်းတာကို
အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။

ဒါကို
ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်
အပြစ်တင်ရှုံ့ချ မိတော့တယ်။

တကယ်တန်းကျတော့၊
သူများမကောင်းတော့တာ မဟုတ်ပါဘူး။
ကိုယ့့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့
ကျေးဇူးတရားဆိုတာကို
မေ့သွားတာပါ။

***************************

ညနေတခုမှာ၊
ဆိတ်လေးတစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင်ခြုံကြားထဲက
၀ံပုလွေတကောင်ထွက်လာပြီး
ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး
သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး
၀ံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တချက်ကြည့်၊
၀ံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
၀ံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

၀ံပုလွေက နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီလိုက်တော့
လန့်ပြီးပြေးပါလေရော..။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက…
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊

မြင်းက…
နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။

၀က်က…
နင်ငါ့ကိုခေါ်ရောပေါ့
ငါတစ်ချက်ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတကယ်
အကူအညီလိုအပ်နေချိန် မှာ ၊ အပိုမပြောပဲ
ကူညီတဲ့သူ ဂရုစိုကျတဲ့သူသာ
တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်း များ ပိုင်ဆိုင်ကြပါစေ....


uploader

ဒေါက်တာ အရှင်သီဟ ဉာဏာဘိဝံသ #

Photos from U Lay Gyi's Kitchen's post 25/08/2020

မဂ်လာပါ...
Vegetables name. ....

Photos from U Lay Gyi's Kitchen's post 15/08/2020

Kitchen Knowledge.............................
Food Hygiene & Food Controling.......................................
Hotel မှာဖြစ်စေ၊ Restaurant မှာ ဖြစ်စေ မည်သည့် Kitchen မှာဖြစ်စေ အစားအသောက်နှင့် ပတ်သက်လျှင် သပ်ရပ်သန့်ရှင်းပြီး၊ ပျက်စီးဆုံးရှုံးမှုနည်းအောင်
ထိန်းသိမ်းလုပ်ကိုင်ကြရမှာဖြစ်တယ်။ ဒါမှ ကျန်းမာရေးနှင့် ညီညွတ်၊ အာဟာရပြည့်ဝပြီး ကုန်ကျစရိတ်တွေလည်း သက်သာမှုရှိမှာဖြစ်တယ်။
လေ့လာရတာလွယ်ကူအောင် အကြမ်းမျဉ်း အသီးအရွက် (Vegetables)၊ အသားငါး (Meat)၊ ကုန်ခြောက်နှင့် စည်သွတ်ဘူး (Dry Food & Tin) ဆိုပြီး ခွဲခြားလိုက်မယ်။

၁။ အသီးအရွက်များ ။ ။ စျေးကပြန်လာပြီဆိုတာနဲ့ အရည်အသွေးကောင်းရဲ့ လား၊ မှန်ကန်မှုရှိရဲ့လား စစ်ဆေးပါ။ ပြီးလျှင် ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးလျှင် ဃ့ငူနမ ထဲမှ စီစဉ်ကျနစွာ သိမ်းပါ။ ပလတ်စတစ်ဖိုင်တွေနဲ့ ပတ်သင့်တာပတ်ပါ။ ဘူးတွေ ထဲ ထည့်သင့်တာထည့်ပါ။ အရမ်းအေးလျှင် အသီးအရွက်တွေ ရေခဲကိုက်တတ်ပြီး အအေးဓာတ်လိုလျှင်လည်း အရွက်တွေ ဝါသွားတတ်ပါတယ်။ ဒါကြောင့် အပူချိန်ကို (5 ံC - 10 ံC) အတွင်း ထားသင့်ပါတယ်။ Standard အနေနှင့်ကတော့ 7 ံC ထားကြပါတယ်။ မည်သည့် ပစ္စည်းတွေဖြစ်စေ၊ ပထမရောက်တာ အရင်သုံးရမည်။ (FIFO) First in First Out ဆိုတဲ့ စနစ်ကို သုံးရပါမယ်။ အသီးအရွက်တွေကို Miseen' Place (ကြိုတင်ပြင်ဆင်မှု) အတွက် ကြိုတင်လှီးဖြတ်ထားတာတွေကို ဘူးလေးတွေနှင့်ထည့် ပြီး သီးသန့်သိမ်းထားပေးရမည်။ လိုအပ်တဲ့အခါ ယူသုံးလို့လွယ်ပြီပေါ့။

၂။ အသားငါးတွေကို စျေးကဝယ်ပြီး ရောက်လာတာနဲ့ အပြင်မှာ ကြာကြာမထား ပါနှင့် စစ်ဆေးလက်ခံပြီးရင် သန့်ရှင်းအောင် ဆေးကြောကိုင်တွယ်ပြီး Protion လုပ်ထား ပါ။ အပြင်မှာ ကြာသွားလျှင် Colour ပြောင်းပြီး အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။ Portion တွေ လုပ်ပြီးလျှင် ပလတ်စတစ်နှင့် ပါကင်ပိတ်ပြီး Date တွေ အမည်တွေ ရေးထားပါ။ ပြီးလျှင် သူ့အကန့်နှင့်သူ (-18 မှ -23 ံC) Freezer ကြားအေးတဲ့ထဲမှာ စီထည့်ပါ။ ဒီလိုပလတ်စတစ်အိတ်ပိတ်ထားတော့ ရနံ့ဆိုးတွေ သက်သာသလို အသားထဲမှာပါတဲ့ သွေးဓာတ်၊ ရေဓာတ်တွေကလည်း ဆုံးရှုံးမှုနည်းမှာဖြစ်ပြီး ရေရှည်ခံမှာဖြစ်တယ်။ ဒီလို အသားတွေကိုင်ပြီးသွားလျှင် လက်ကို သေချာစွာ ဆေးဖို့မမေ့ပါနဲ့ဦး။

၃။ ကုန်ခြောက်နှင့် စည်သွတ်ဘူးတွေကို Store ထဲမှာ Room Temperature နှင့် သိမ်း ထားပါ။ Room temperature ကို (20 ံC မှ 25 ံC) ကြားလို့ သတ်မှတ်ပါတယ်။ စံတစ်ခုအနေနဲ့ကတော့ 23 ံC သတ်မှတ်ပါတယ်။ အခန်းအပူချိန်များနေလျှင် အင်းဆက် ပိုးတွေများလာတယ်။ အဆိုးဆုံးကတော့ ပိုးဟပ် (Cockroach) တွေပါ။ သူတို့ဟာ ပေါက် ဖွားမှုနှုန်းလည်း အရမ်းမြန်တော့ ရှင်းလင်းရတာ အခက်တွေ့တာပေါ့။ ကုန်ခြောက်တွေ ထားဖို့ စင်တွေထိုးထားရပါမယ်။ နံရံနှင့်လည်း မကပ်မိအောင်၊ ကြမ်းပြင်နှင့်လည်း မနီး အောင်နှင့် မျက်နှာကျက်နှင့်လည်း ခွာပြီးထားရပါတယ်။ ပစ္စည်းတွေကို သူ့အကန့်နှင့်သူ စီပြီးထားရပါမယ်။ သွင်းတဲ့ပစ္စည်းအရေအတွက်တွေနှင့် ထုတ်တဲ့ပစ္စည်း အရေအတွက် ဘယ်လောက်ကျန်တယ်ဆိုတာကို စာရင်းပြုစုထားရမယ်။ ပုလင်းတွေ၊ သံဘူးတွေနှင့် ဗူးတွေမှာ အဓိကသတိထားရမှာက Expire Date ကို ကြည့်ပြီး သုံးရပါ မယ်။ Date ကျော် သွားလျှင်တော့ မသုံးပါနှင့်တော့။
အသားငါးတွေ Freezer ထဲထည့်လျှင် သတိထားရမှာက သွေးတွေ ယိုစိမ့်မှုမရှိ အောင် အနံ့အသက်များ မထွက်အောင် သူ့အကန့်နှင့်သူ လုံခြုံစွာ Platic ပိတ်၍သိမ်း ဆည်းရပါမယ်။ လုပ်ငန်းသေးသေးမှာဖြစ်စေ၊ မိမိအိမ်မှာဖြစ်စေ၊ ရေခဲသေတ္တာလုံလောက် မှုမရှိပါက ပုံထဲမှ ပြထားသလိုပဲ အဆင့်လေးတွေအလိုက် အားလုံးထည့်လိုက်ရပါတယ်။ အောက်ဆုံးအဆင့်မှာ Poultry ၊ ကြက်၊ ငှက်၊ ဘဲ စတာတွေထည့်မယ်။ ဒါထက် အပေါ်က Ground Meat (ကြိတ်ချေထားသောအသား) တွေထားမယ်။ ဒါရဲ့အပေါ်က တော့ Beef & Pork (ဝက်နှင့်အမဲသား) စတာတွေထားမယ်။ ဒါရဲ့အပေါ်ကတော့ Fish/Seafood (ငါး၊ ပင်လယ်သတ္တဝါ) တွေ ထားရမှာပေါ့။ ဒီအပေါ်ဆင့်ကိုမှ Fruit/ Vegetables (အသီးအနှံ၊ အသီးရွက်) တွေ ထားရပါမယ်။ အပေါ်ဆုံးအဆင့်မှာမှ Prepared Foods (ကြိုတင်ပြင်ဆင်ထားသော အစားအစာ) တွေ ထားရပါမယ်။

လက်အိတ် (Gloves) တွေဟာ မီးဖိုချောင်ထဲမှ မရှိမဖြစ် အရမ်းအရေးပါပါတယ်။ ကျက်ပြီးသား အစားအစာတွေကို လက်နှင့် တိုက်ရိုက်ကိုင်လျှင် သန့်ရှင်းမှု မလုံလောက် လို့ စားသုံးသူတွေကို ဒုက္ခပေးပါတယ်။ အဆိုးဆုံးကတော့ ဝမ်းရောဂါအဖြစ်များပါတယ်။ အသုပ်တွေလုပ်လျှင် လက်အိတ်မသုံးပါက Hygiene နှင့် မညီပါဘူး။ မိမိလက်က ဟိုကိုင်ဒီကိုင်ဖြစ်တတ်တော့ သန့်ရှင်းမှုအားနည်းပါတယ်။ ထည့်မည့်ပန်းကန် ကိုလည်း သေချာစွာ ဆေးကြောသန့်စင်ထားရမယ်။ လိုအပ်ပါက Kitchen Tissue ကို သုံးတာ အကောင်းဆုံးပါပဲ။ ယင်နားတာတွေ မဖြစ်အောင် သတိထားရသလို၊ ဆံပင်မွှေး အမှိုက်စတာတွေ မဝင်အောင်လည်း သတိထားရပါမယ်။ အကြမ်းအားဖြင့် အပူစာ၊ အအေးစာ (၂) မျိုးရှိပါသည်။ "Cold Food Must be Served Cold" အအေးစာဆိုတာ အေးအေးလေးကျွေးရပါမည်လို့ ခံယူပြီး လုပ်ရပါမည်။ အအေးစာတွေကို 5 ံC အအေး ပေးထားရင် လေးနာရီအထိထားလို့ ကောင်းပါတယ်။ အပူစာကိုလည်း "Hot Food Must be Served Hot" အပူစာကို ပူပူလေးကျွေးရပါမည်။ အပူစာကို 64 ံC အပူခံပေးထားလျှင် နှစ်နာရီအထိ မပျက်စီးပဲ ကောင်းပါတယ်။

ကျက်ပြီးသား အစားအစာ (Cooked Food) နှင့် မကျက်သေးတဲ့ အစားအစာ (Raw Food) တွေကို နီးနီးကပ်ကပ် မကိုင်တွယ်ရပါဘူး။ Raw Food တွေကို ကိုင်တွယ် လှီးဖြတ်ထားတဲ့ဓား ဆေးကြောပြီးမှသာ အခြား Food တွေကို ကိုင်ရပါမည်။ အသားထဲ က ပါလာတဲ့ ပိုးတွေဟာ ကူးပြောင်းပေါက်ဖွားလို့ပါပဲ။ ဒါကြောင့် ဓားတွေ Cutting Board တွေကို ခွဲခြားသုံးဖို့ လမ်းညွှန်ထားတာပေါ့။ စဉ်းတီးတုံးတွေ ဟောင်းပြီး မှိုတက်နေတာမျိုး တွေ မသုံးသင့်ပါဘူး။ အသားလန်နေတာတွေဟာ Hygiene ကို အရမ်းထိခိုက်စေပါ တယ်။ Utersil တွေဖြစ်တဲ့ ဓားတွေ၊ ယောက်ချိုတွေ၊ ပဲရွဲ့နေတာမျိုးဆိုလည်း မသုံးသင့် တော့ပါဘူ။ အဲဒီပဲနေတဲ့နေရာတွေမှာ ပိုးတွေ ခိုအောင်းတတ်လို့ပါ။

Microwave ဟာ အစားအစာတွေကို ပြန်နွေးတဲ့နေရာမှာဖြစ်စေ၊ ရေခဲဖျော် (Thaw) လုပ်တဲ့နေရာမှာ ဖြစ်စေ အရမ်းအရေးပါပါတယ်။ အချိန်ကုန်သက်သာစေတော့ လူတွေက များများသုံးကြတာပေါ့။ ဒါကြောင့် အမြဲတမ်း သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ခဏခဏ သန့်ရှင်းရေး လုပ်ပေးရမယ်။ ဒီလိုမလုပ်လျှင် အနံ့အသက်ဆိုးတွေ ဖြစ်သွား တတ်ပြီး ဗက်တီးရီးယားတွေ ပေါက်ဖွားတတ်လို့ပါ။ အစားအစာတွေကို ဗက်တီးရီးယား တွေ၊ အဆိပ် (Toxic) တွေ ဆိုးကျိုးသက်ရောက်မှုက ကာကွယ်ဖို့ အပူချိန်လေးတွေနှင့် လေ့လာထားရပါမယ်။ 0 ံC ရဲ့ အောက်ကျအောင် အေးလျှင် ပိုးတွေမပေါက်ဖွားပဲ ရပ်နေ တယ်။ 5 ံC မှ 60 ံC ဟာ Danger Zone လို့ခေါ်ပါတယ်။ ပိုးတွေ အရမ်းပေါက်ဖွားလို့ ပါပဲ။ ရှောင်ရပါမယ်။ 60 ံC ရဲ့ အထက်ဆိုရင်တော့ ဗက်တီးရီးယားတွေကို ချေဖျက်ဖို့ အပူချိန်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို သတိထားရပါမယ်။

Cutting Board ကိုလည်း မှန်မှန်ကန်ကန် သုံးမှ Hygiene နှင့် ညီပါမယ်။
Cutting Board အနီ - ကျွဲ၊ နွား၊ ခြေလေးချောင်းအသားစိမ်း (ျွတေ နြအေ) ကို သုံးပါ။
Cutting Board အပြာ - ငါး၊ ပင်လယ်သတ္တဝါ၊ အသားစိမ်းတွေကိုသုံးပါ။
Cutting Board အစိမ်း - ဆလတ်ရွက်၊ အသီးအရွက်မျိုးစုံတွေကို သုံးရပါမယ်။
Cutting Board အဝါ - ကျက်ပြီးသား အသားငါးတွေကို လှီးဖြတ်လျှင် သုံးပါ။
Cutting Board အဖြူ - ပေါင်မုန့်၊ ဘာဂါ၊ Cheese စတာတွေသုံးပါ။
Cutting Board အညို - ချက်ပြုတ်မည်။ အသီးအရွက်၊ သစ်ဥသစ်ဖုတွေ အတွက်သုံးပါ။
ကဲ . . . ဒီလိုစည်းစနစ်ရှိစွာ သုံးစွဲမယ်ဆိုလျှင် Hygiene နှင့်ညီတဲ့ အစားအစာ တွေလည်း ဖြစ်လာမှာပေါ့ဗျာ။............................
Win Zaw @ Mario Win Zaw
(Central Hotel)

06/08/2020

ကိုယ့်ကိုမဝင်စေချင်လို့
ပိတ်ထားတဲ့တံခါးတွေကို
အတင်းဖွင့်မကြည့်ပါနဲ့
အသာလေးပဲလှည့်ပြန်ခဲ့ပါ ....

ကိုယ့်ကိုမပြုံးပြချင်လို့
မြင်တာနဲ့မျက်နှာလွှဲလွှဲသွားတဲ့လူတွေကို
နောက်တစ်ခေါက်တွေ့ရင်
တည်တည်ငြိမ်ငြိမ်နဲ့ကြည့်နိုင်ဖို့
လေ့ကျင့်ထားပါ . . .

ကိုယ်နဲ့မပြောချင်လို့မကိုင်တဲ့ဖုန်းတွေကို
နောက်တစ်ခါထပ်မဆက်ဖြစ်အောင်
ကြိုးစားနေထိုင်ပါ ....

ကိုယ့်ကိုမပြောချင်လို့
seen ဖြစ်ရဲ့သားနဲ့
မပြန်တဲ့ message တွေရှိခဲ့ရင်
နောက်ထပ်မပို့ဖြစ်အောင်ကြိုးစားပါ ...

ကိုယ့်ကို unfriend လုပ်သွားတဲ့သူတွေကို
နောက်တစ်ခါထပ် မ add မိအောင်သတိထားပါ .

ကိုယ်နဲ့ဆက်ဆံရေးကျဲသွားတဲ့သူတွေကို
သူတို့စိတ်မပါပဲ အတင်းလိုက်မရောမိအောင်
သတိထားနေထိုင်ပါ

ဟုတ်ကဲ့
ဒီအဖြစ်အပျက်တွေကြောင့်
သင်ဝမ်းမနည်းပါနဲ့ ။

ဘယ်ဘုရားကိုမှ
လူအကုန်လက်မခံပါဘူး
ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ
လူအကုန်မထောက်ခံပါဘူး
ဘယ်အနုပညာရှင်ကိုမှ
၁၀၀%လူအကုန်မထောက်ခံပါဘူး .။
ဒါဆို
သင့်ကိုရော ?
လူတချို့လက်မခံကြတာ
ဆန်းသလား မိတ်ဆွေ....

လူအားလုံးစိတ်တိုင်းကျအောင်
နေပေးဖို့စိတ်မကူးပါနဲ့

လူအားလုံးသဘောကျအောင်
ပြောနေဖို့လည်း မကြိုးစားပါနဲ့

ကိုယ့်အတွေးနဲ့ကိုနေပါ

ကိုယ့်အလုပ်ကိုသာ ကိုလုပ်ပါ

ပြောစရာရှိတဲ့စကားကို
ရဲရဲဝံ့ဝံ့သာပြောပါ

ကိုယ့်ယုံကြည်ချက်ကို
ကိုယ်သစ္စာရှိပါ

ဘယ်သူမှသဘောမကျလည်း
မိမိကိုယ်မိမိ သဘောကျခြင်း
မိမိကိုယ်မိမိ ယုံကြည်ခြင်း ကသာ
ဘဝအတွက်အရေးကြီးတာပါ....

Copy&Share:Mai(လက်ဖက်တောင်တန်း)

.
# Copy by Kyaw Aye.

03/08/2020

*၀ဋ်ကြွေး*

"အမေရိကန်နိုင်ငံမှာဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ"

"1893ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ဆင်ခြေဖုံးမြို့လေးတစ်မြို့မှာ Henry ဆိုတဲ့ အသက် ၂၂နှစ်အရွယ်ကောင်လေးတစ်ယောက် ရှိတယ်၊ Henry က သူ့ချစ်သူကောင်မလေးနဲ့အတူနေပီး ဘ၀ကိုပျော်ပါးနေတာပေါ့"

"တစ်နေ့ Henry သူ့ချစ်သူကောင်မလေးကို လှည့်စားခဲ့တယ်၊ လမ်းခွဲလိုက်တာပေါ့ဗျာ၊ ပြောရရင် Henry အသစ်တစ်ယောက်တွေ့တော့ အဟောင်းကို ရိုးသွားတာပေါ့"

"ခုကောင်မလေးခဗျာ၊ ငိုပြီး အိမ်ပြန်လာတယ်၊ အိမ်ရောက်တော့ အကိုဖြစ်သူကိုအကြောင်းကုန်စင်ပြောတယ်၊ အကိုဖြစ်သူ ဒေါသထွက်ပီး အံဆွဲထဲသိမ်းထားတဲ့ သတ်နတ်ကိုထုတ် ဒေါသတကြီးနဲ့ Henry အိမ်ကိုသွားတယ်"

"Henry ကိုမြင်တာနဲ့ သေနတ်နဲ့ပစ်လိုက်တယ်၊ Henry လဲကျသွားတော့ သေပီထင်ပြီး ကိုယ့်ကိုကို အဆုံးစီရင်လိုက်တယ်၊ အမှန်တော့ ကျည်ဆန်ဟာ Henry ရဲ့ဘယ်ဖက်နားရွက်ကိုထိမှန်ပီး နောက်မှာရှိတဲ့ သစ်ပင်မှာ စိုက်သွားတာ၊ တစ်နာရီလောက်ကြာပြီးနောက် Henry သတိပြန်၀င်လာတယ်"

"Henry ကတော့ပျော်ပျော်ပဲ အသစ်ကလေးနဲ့ပျော်တော့တာပေါ့ သူထင်တာ အားလုံးပီးသွားပီ ဘ၀ရဲ့အတိတ်ဇာတ်လမ်းတစ်ခုလို မေ့ပျောက်လိုက်တာပေါ့"

"ဒီအဖြစ်ပျက်ဖြစ်ပြီးနှစ် ၂၀အကြာ 1913ခုနှစ်မှာ Henry သူ့အိမ်ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့တယ်၊ အသက်ကလဲ ၄၂နှစ်ရှိပီလေ အရင်လိုမသန်မာတော့တဲ့အတွက် တောထဲထိသွားပီးသစ်သားမသယ်နိုင်တော့တဲ့အတွက် အိမ်ရှေ့မှာရှိနေတဲ့သစ်ပင်ကြီးကိုပဲခုတ်ချဖို့ Henry ဆုံးဖြတ်ခဲ့တယ်"

"ခု Henry အပင်ကိုဘယ်လိုခုတ်မလဲစဉ်းစားတယ်၊ အကြံရသွားတယ် dynamite တပ်ပြီးဖောက်ခွဲပြစ်လိုက်မယ် မပင်ပန်းတော့ဘူးပေါ့"

"Henry တစ်ယောက် dynamite တပ်ပြီး ဖောက်ခွဲလိုက်ချိန်မှာ နှစ် ၂၀အရင်က ချစ်သူကောင်မလေးရဲ့အကိုဖြစ်သူ ပြစ်ခဲ့တဲ့ ပင်စည်မှာစိုက်နေတဲ့ ကျည်ဆန်ဟာ dynamite ရဲ့ပေါက်ကွဲမှုကြောင့် Henry ရဲ့နှဖူးတည့်တည့်ကိုထိမှန်ပီး အဲ့နေရာတင်ပင် လဲကျသေဆုံးသွားတယ်"

"ကျည်ဆန်ပြစ်ခဲ့တာ ဘယ်တုန်းကလဲ 1893 နှစ် ၂၀အရင်က ၊ Henry သေတာ ဘယ်တော့မှလဲ 1913၊ ဘာကြောင့်သေလဲ နှစ် ၂၀အရင်ကအပြစ်ပေးခံရတဲ့ ကျည်ဆန်ရဲ့ထိမှန်မှုကြောင့်"

"ဒီ့အတွက် ၀ဋ်ကြွေး သိပ်ကြောက်ဖို့ကောင်းတယ်ဗျ၊ ဒီနေ့ မဟုတ် နက်ဖြန် မဟုတ်ခဲ့ရင်တောင် တစ်ချိန်မဟုတ်တစ်ချိန်တော့ပြန်ပေးဆပ်ရမှာဗျ၊ အချိန်ကြာလေ ပျင်းထန်လေပေါ့🙂"

"ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို believe or not ဆိုတဲ့ အစီစဉ်မှာ စာရင်းသွင်းထားခဲ့တယ်"

Htet(motivational speaker) #
Can consult about your depression in messenger

29/07/2020

" သံသရာအထိ ယူမသွားပါနဲ့လား "
_____________________

လောကမှာ
လူတစ်ယောက်နဲ့တစ်ယောက်
သဘောထားချင်းတွေ
နားလည်မှုတွေ
အမြင်ချင်းတွေ
မတိုက်ဆိုင်ကြတော့ဘူး
ကွဲလွဲသွားကြပြီဆိုရင်
ကလဲ့စားချေဖို့
အပြစ်ပြောဖို့
လက်တုံ့ပြန်ဖို့
မုန်းတီးပစ်ဖို့
ဘယ်တော့မှမကြိုးစားပါနဲ့ ။

အကယ်၍
မဖြစ်မနေမုန်းရပြီဆိုရင်လည်း
သူလည်းကျန်းမာ ချမ်းသာပါစေ
ငါလည်းကျန်းမာ ချမ်းသာပါစေဆိုပြီး
မေတ္တာများများပွားများပါ ။

အကယ်၍
မေတ္တာမပို့နိုင်ဘူးဆိုရင်လည်း
ချစ်ခြင်း မုန်းခြင်းမရှိဘဲ
ဥပေက္ခာတရားနဲ့ လျစ်လျူ ရှုပစ်လိုက်ပါ ။

အကယ်၍
မဖြစ်မနေလျစ်လျူရှုမပြုနိုင်ဆိုရင်လည်း
စိတ်ထဲမှာကြာကြာအပူလောင်မခံပါနဲ့ ။

အကယ်၍
မဖြစ်မနေပူလောင်နေရပြီဆိုရင်လည်း
သူ့အကြောင်းတွေကို
အတတ်နိုင်ဆုံး
စိတ်ထဲမှာ လုံးဝ မတွေးဘဲနေပြီး မေ့ပစ်ထားလိုက်ပါ ။

အကယ်၍
ဘယ်လိုမှ မေ့လို့မရနိုင်ဘူးဆိုရင်လည်း
အစွဲအလမ်းကြီးကြီးနဲ့
ရင်ထဲမှာအကြာကြီး သိမ်းမထားပါနဲ့ ။

အကယ်၍
မဖြစ်မနေ
စွဲစွဲလမ်းလမ်းဖြစ်နေမယ်ဆိုရင်လည်း
မကျေအေးနိုင်တဲ့ အငြိုးအတေး
အမုန်းအဃာတတွေ
အပူလောင်ခံပြီး
သူ့ပေါ်မထားမိပါစေနဲ့ ။

အကယ်၍
မဖြစ်မနေအငြိုးအတေး
အမုန်းအဃာတတွေ
အပူလောင်ခံပြီး ထားမယ်ဆိုရင်လည်း
ငါ ဝဋ်ကြွေးတွေပေးဆပ်နေရတယ်လို့
မှတ်ယူလိုက်ပါ ။

အကယ်၍
ဝဋ်ကြွေးလို့
မမှတ်ယူနိုင်ဘူးဆိုရင်လည်း
ဒီအမုန်းအာဃာတမီးတွေကို
နောက်ဘဝ
သံသရာအထိတော့ မယူသွားပါနဲ့ ။

အမုန်းတွေ
အာဃာတတွေ
အငြိုးအတေးတွေဆိုတာ
သူတစ်ပါးပူလောင်တာကနောက်
ကိုယ့်ကိုယ်ကို အရင်ဦးဆုံး
တငွေ့ငွေ့နဲ့ပူလောင်နေတတ်တဲ့ မီးတစ်မျိုးပါပဲ ။

ပြီးတော့
အမုန်းဆိုတာ
သူတစ်ပါးကို
မုန်းရင်မုန်းသလောက်
ကိုယ့်အပေါ်
ပြန်ပြီး ပူလောင်နေတတ်လေ ။

ဒါကြောင့်
အာဃာတတွေ
အမုန်းတွေ
အငြိုးအတေးတွေ
မကျေနပ်ခြင်းတွေကို
ဒီဘဝတင်ပဲ ကျေအေးအောင်ဆပ်လိုက်ပါ ။

ကိုယ့်ဘက်ကပဲ
စပြီး နားလည်ကျေအေးပေးလိုက်ပါ ။

စိတ်ဆိုးကြတာချင်းအတူတူ
မုန်းကြတာချင်းအတူတူ
အငြိုးအတေးထားကြတာချင်းအတူတူ
ကိုယ့်ဘက်ကစပြီး
ကျေအေးနိုင်တဲ့သူ
ခွင့်လွှတ်နိုင်သူက
ပိုပြီးအေးချမ်းပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ်
ဒီရန်ငြိုးအမုန်းအာဃာတတွေကို
သံသရာအထိတော့
ပြန်ပြီး ယူမသွားပါနဲ့လား ။

ခန္တီ၏ရန် ဒေါသမာန် တွန်းလှန်နိုင်ကြပါစေ ။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
______
အတ္တဖြေဆေး စာအုပ်မှ ဖော်ပြသည် ။

26/07/2020

အောင်မြင်ခြင်းနဲ့ သတ္တိ
⛳⛳⛳⛳⛳⛳⛳⛳⛳

၁။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ ……
ပိုက်ဆံ အရင်ရှိတာ မဟုတ်ပါ။
သတ္တိအရင်ရှိတာပါ။

၂။ သူများ မစဉ်းစားရဲတာကို စဉ်းစားရဲတယ်

သူများ မလုပ်ရဲတာကို စလုပ်ရဲတယ်။

၃။ မစွန့်စားကြည့်ပဲနဲ့ သင်မဖြစ်နိုင်ဘူးဆိုတာ ဘယ်လိုလို့ သိတာလဲ၊

၄။ သတ္တိရှိတဲ့ ပထမခြေလှမ်းဟာ ……
ဘဝကွာခြားမှုရဲ့ အစပါ။

၅။ မစွန့်စားရဲခြင်းဟာ ……
အကြီးမားဆုံး စွန့်စားခြင်းဖြစ်တယ်။

၆။ ဆုံးရှုံးမှုကို စိုးရွှံ့ ခြင်းဟာ ……
အောင်မြင်မှုကို ငြင်းဆိုခြင်းဖြစ်တယ်။

ရ။ ရေဆိုတာ အနံ့အရသာ မရှိဘူးလို့
သိပ်ဗံဘာသာက ဆိုပါတယျ။
ရေမှာ အရသာရှိပါတယ်။ ရေတွင်းတစ်တွင်းနဲ့ တစ်တွင်း၊
ရေချောင်းတစ်ချောင်းနဲ့ တစ်ချောင်း၊ အရသာ လုံးဝကွာခြားပါတယ်။

ရေရဲ့ အရသာ ရှင်းပြရတာ ခက်ပါတယ် …
သင်ကိုယ်တိုင် သောက်ကြည့်မှ သိနိုင်မှာပါ

24/07/2020

#နေရာ
*******

#သူတစ်ပါးကို
ဘယ်တော့မှ အပြစ်တင်မစောလိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့ အခက်အခဲတွေရှိနိုင်တယ် ။

� #သူတစ်ပါးကို ဘယ်တော့မှ အထင်မသေးလ်ိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ ရှိနိုင်တယ် ။

� #သူတစ်ပါးကို ဘယ်တော့မှ မစွပ်စွဲလိုက်ပါနဲ့၊
သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ ရှိနိုင်တယ် ။

#သူတစ်ပါး အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့၊
သူ့မှာ သင်မသိနိုင်တဲ့ ရုန်းကန်ဖြတ်သန်းမှုတွေ ရှိနိုင်တယ်။

#သူတစ်ပါးအကြောင်းကို
သင် တစ်ခါ မကောင်းပြောတိုင်းပြောတိုင်း သင့် စိတ်နဲ့ခန္ဓာက စွမ်းအားတွေ ယုတ်လျော့နေတာကို သင်သိပါသလား ။

#သူတစ်ပါးအပြစ်ကို ရှာခြင်းထက် ကိုယ့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်ဆည်းနိုင်တဲ့သူကသာ တချိန်မှာ အောင်မြင်မှုတစ်ခုခုနဲ့တင့်တယ်တောက်ပရစမြဲဖြစ်ပါတယ် ။

#လောက နိယာမတရားက သင့်စိတ်ထားနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာကို သင့်အတွက် အဆင်သင့်ပြင်ပေးထားတယ် ။

� #သင် ဘယ်လိုနေရာမှာ နေရမယ်ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်တယ် ။ ။
Crd #

#မေတ္တာအန္တဖြင့်မျှဝေပါသည်.....
..(mdy)..👗👗..

23/07/2020

ဘုန်းကံ
▬▬▬▬▬▬▬▬▬

လူဟာ ဘုန်းကံ မြင့်လာပြီး ဆိုရင်
ဘာပဲလုပ်လုပ် သူ့အတွက် အဆင်ပြေ နေတော့တာပဲ

ဘုန်းကံ နိမ့်လာပြီ ဆိုရင်တော့
ပြဿသ နာတွေ တစ်ခုပြီး တစ်ခု ထပ်ထပ် တက်လာတတ်တယ်
အလုပ်အကိုင် က အဆင်မပြေပါဘူး ကျန်းမာရေးက
မကောင်းပြန် စီးပွားရေး တွေ တအားထိုးကျ
ကြားထဲ ငွေ ကုန်ပေါက် ကြီးဖြစ်နေတက်တယ်

တချို့ ဘုန်းကံမြင့်နေတော့
ဘာပဲလုပ်လုပ် အဆင်ပြေ နေတာပဲ
ရေပေါရာ မိုးရွာ ဆိုသလို ပိုက်ဆံ ငွေကြေးတွေ
ဝင်ပြီးရင်း ဝင်နေတာပေါ့
ကြားထဲ လုပ်ငန်းတွေ တိုးချဲ့ကြ

ဒါဆိုရင် ဘုန်းကံ နိမ့်ခြင်း မြင့်ခြင်းဟာ
ဘယ်သူနဲ့ဆိုင်သလဲ အဓိက ကတော့
မိမိ နဲ့ပဲ ဆိုင်တာပေါ့ မိမိ လုပ်ရပ်တွေက.
သက်သေ ပြသွားတာပဲ

စီးပွားရေး မကောင်း ကျန်းမာရေးက မကောင်းရင်
ပြေးပြီ ဗေဒင်ဆရာတွေ ဆီ ဗေဒင်ဆရာမှ တစ်ယောက်
မကဘူး ဟို ဆရာ နာမည်ကြီးတယ်ဆို သွား
ဒီဆရာ နာမည် ကြီးတယ် ဆို သွားပြီးသားပဲ
ဘယ်တုန်း က မှ ရှိမခိုး ဝတ်မချတဲ့ ဘုရား ဝတ်ပြုလေပြီ စီးပွားတက်စေ. ချမ်းသာစေ
အန္တရာယ် ကင်းစေ ဆိုတဲ့ မန္တာန် မှန်သမျှ
အကုန် အလွှတ် ရနေချေပြီ
ညစဉ် ပုတီး လက်က ကိုင်လေပြီ
ဒါပေ့မယ့် လုပ်သာ လုပ်နေတာ နော်
သိပ် မထူးခြားသေးဘူး
ဘယ် ထူးခြားမလဲ ဘုန်းကံက နိမ့် အကုသိုလ်
အတုံး လိုက် အတစ်လိုက် ဝင်လာချေပြီ

ဘာပြော ချင်လဲဆိုတော့ လူတွေဟာ
အလုပ်အကိုင်လေး အဆင်ပြေနေရင် ကျန်းမာရေး
လေး ကောင်းနေရင် လုပ်သမျှ အောင်မြင်နေရင်
ဘယ် သူမှ လူမထင်ဘူး
ဘုရားလဲ အမှတ် မရ မိဘဆရာသမားလဲ
အမှတ်မရ ဗေဒင်ဆရာ နတ်ကတော် ဆို အဝေးကြီး
ဘယ် သတိ ရလိမ့် မလဲ
လုပ်သမျှ အောင်မြင်နေတာ ကိုး

ဒီလိုနဲ့ ရှိရင်းစွဲ ဘုန်းကံလေးတွေ ကုသိုလ်လေးတွေ
ဟာ လျော့ကျလာတယ်
ဘုန်းကံ နိမ့် လာပြီး ဆိုကတည်းက. ဘာလုပ်လုပ်
အဆင်မပြေတော့ ဘူး
အဲ့တော့ ဘယ်သူတွေ သတိရလဲ
ဘုရား တရား သံဃာ မိဘဆရာ ဗေဒင်ဆရာ
အကုန် သတိရတော့တာပဲ
လူဟာ သတိရလိုက် ပြီး ဆိုတာနဲ့ အရာရာ
နောက်ကျ နေပြီပေါ့
ဗေဒင် ဆရာလဲ မကယ်နိူင်တော့ဘူး
ဘုရားလဲ မကယ်နိူင်တော့ဘူး
မန္တာန်တွေလဲ မကယ်နိူင်တော့ဘူး
လိုက် မမှီတော့ဘူး တော်တော်နဲ့ မိမိ ကုသိုလ်
လျော့ရင် လျော့သလောက် ခံဖို့သာပြင်ပေတော့

တချို့လူတွေ ရှိတယ်
ဘဝမှာ အတော်အတန် ပြဿ နာအခက်အခဲ
ကလွဲရင် ကြီးကြီးမားမား သူ့အတွက် ပြသနာ မရှိဘူး
အားလုံး ok. ပြတယ်ပေါ့
ဒါပေ့မယ့်လဲ ဘဝဆိုတာ စင်းလုံးချော အကောင်း
လဲကြီး တွေ့နေတာ မဟုတ်ဘူး လောကဓံလေ
ပြဿ နာ ကြီးကြီး သေးသေးပဲ ကွာမယ်
အဲဒါ ဘာကြောင့်လဲလို့ ဘုန်းဘုန်းလေ့လာ မိသလောက်
တော့ သူဟာ နေ့စဉ် ကုသိုလ် တစ်ခုခုတော့
စိတ်ပါ လက်ပါ လုပ်နေတာ တွေ့ရတယ်

ပြောချင်တာက. ဘဝမှာ အခက်အခဲ ဖြစ်လို့
အကူအညီ တောင်း မေးမြန်တာ ထက်
အခက် အခဲမဖြစ်ခင် ကြိုတင် မေးမြန်းရလိမ့်မယ်
ဘာလုပ်သင့်တယ် မလုပ်သင့်ဘူး
နောက် နေ့စဉ် ပုတီးစိတ်ပါ ဒါမှမဟုက် စိတ်အေးချမ်း
အောင် အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ပေးပေါ့
ဒီ လို အမြဲလုပ်လို့သာ ရက်မပျက် လုပ်ရဲ့သားနဲ့ပြသနာတွေ ပေါင်းစုံ တက်နေရင်တော့

သေချာတယ် သင့်ဟာ အရင်ဘဝက. လူကောင်းတော့
မဟုတ်တန်ရာဘူး
ဒါပေမယ့် ငါ ကုသိုလ် ကောင်းမူတွေ ပြုလုပ်ရဲ့
သားနဲ့ ငါ့အတွက် ကောင်းကျိုး မလာဘူးလို့
မတွေးလိုက်ပါနဲ့
အိုးတစ်လုံးထဲ ရေ တစ်စက်ချင်း ချရင် ပြည့်နိူင်ပါတယ်
ပြည့်လာရင် သင့်အတွက်ကြီးပါပဲ

တချို့ မိသားစု လေးတွေဆို အေးအေးချမ်းချမ်းပဲ
သိပ် အချမ်းသာကြီး မဟုတ်ကြဘူး
ဘဝမှာ နေနိူင် ထိုင်နိုင် စားနိူင် သောက်နိုင်ရုံပဲ
ဒါပေမယ့် သိပ်အေးချမ်း ညစဉ် ရွတ်ကြ ဖတ်ကြ
တရားထိုင် ကြနဲ့ မနက်ဆွမ်း လောင်းကြနဲ့
သိပ်အေး ချမ်းတဲ့ မိသားစုလေး တွေ တွေ့ဘူးတယ်
ဒါပေမယ့် အလွန် အလွန် ရှားပါတယ်

ဘဝမှာ ငွေ ရှိတိုင်းလည် ချမ်းသာတာ မဟုတ်ပါဘူး
အဓိက က. နေတတ်ထိုင်တတ်စားတတ်
လုပ်တတ် ကိုင်တတ်ဖို့ပဲ လိုတယ်
ဘဝမှာ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ပဲ လိုတယ်

ဆင်းရဲ သားတိုင်းလည်း ဆင်းရဲတယ် မထင်ကြပါနဲ့
တခါတခါ ချမ်းသာတဲ့ သူတွေထက် ဆင်းရဲသားက
ပို စိတ်ချမ်းတဲ့ လူတွေ ဒုနဲ့ ဒေးရှိပါတယ်။

ဒီ post မှာ အဓိက ပြောချင်တာက.
မိမိ ဘာလုပ်လုပ် အောင်မြင်နေတယ် ဆိုပြီး
အောက်ခြေ လွတ် မနေနဲ့
မိမိ ဘုန်းကံ မြင့်သထက် မြင့်နေအောင် ကုသိုလ်
အရှိန်တွေ နဲ့ မြှင့်တင်ကြပါ

နောက် ဘဝမှာ ငါဘာလုပ်လုပ် အဆင်ပြေတယ်
ဘယ်သူ့မှ ဂရု မစိုက်ဘူး ဘယ်သူ့မှ လူမထင်ဘူး
မလုပ်ပါနဲ့
မိမိ အပေါင်းအသင်း မိတ်ဆွေကောင်း မိတ်ဆွေ စစ်
တွေကိုလဲ တက်နိုင်သလောက် ကူညီပါ
မာန်မာနတွေ မထားပါနဲ့

တတ်နိုင်သလောက် မိမိ တတ်သလောက်
ကုသိုလ် တရားတွေ ဖြစ်စေမယ့် ဂါထာမန္တာန်တွေ
ရွတ်ဖတ်ပါ အဓိဌာန်ဝင်ပါ
စီးပွားရေး အဆင်ပြေနေလို့ ကျန်းမာရေး အဆင်ပြေ
နေလို့ မေ့မထားပါနဲ့
နောင် သင့်ဘုန်းကံ နိမ့်ပါးလာရင် လိုက်မမှီတော့မှာ
စိုးရိမ် ရတယ်

မိဘ. ဆရာ တွေ ရှိရင်လဲ ပစ်မထားပါနဲ့
ဘုရား တရား သံဃာ မမေ့ပါနဲ့

မိမိ စီးပွားရေး အဆင်မပြေလို့ ဗေဒင် မေးခြင်းထက်
မိမိ စီးပွားရေး ပြေလည် စဉ်က
ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူး
ဘာဆောင်ရမယ် ရှောင်ရမယ်
တက်ကျွမ်း နားလည်တဲ့ ဆရာသမားတွေဆီ
အကူ အညီ တောင်းခံပါ
မိမိ ဟာ လောကီ လူသားစစ်စစ် ဖြစ်သည့်အတွက်
အရာရာ မယုံကြည်ပဲ နေလိုက်လျှင်
အရှုံးပေါ်တတ်ပါတယ်။

ဒေါက်တာအရှင်ဇဝန(ပြည်တော်သာ)

မူရင်းပို့အား

လေးမြတ်စွာမျှဝေပါသည်အရှင်ဘုရား

18/07/2020

#ခေါင်းဆောင်ကောင်းဆိုသည်မှာ
************************

အဖွဲ့အစည်းတစ်ခု နေရာတစ်ခုတွင်မိမိက ခေါင်းဆောင်အဖြစ် ဦးဆောင်တော့မည် ဆိုပါလျှင် ခေါင်းဆောင်ကောင်း ဖြစ်အောင် ကြိုးစားရပါလိမ့်မည်။ ခေါင်းဆောင်ကောင်းတို့၏အရည်အချင်းများနှင့်ပြည့်စုံလေအောင် ဖြည့်ကျင့်ရပါမည်။

ခေါင်းဆောင်ကို နာယကဟု ခေါ်သည်ဟု မှတ်သားခဲ့ရပါသည်။မြန်မာအဘိဓါန် အကျဉ်းချုပ်အတွဲ(၂)တွင်နာယကကိုရှေ့ဆောင်ညွှန်ပြသူခေါင်းဆောင်အကြီးအကဲဟု ဖွင့်ပြထားပါသည်။

နေရာဌာနတစ်ခု အဖွဲ့အစည်းတစ်ခုကို ခေါင်းဆာင်မည်ဆိုပါလျှင် ခေါင်းဆောင်တို့၏ အရည်အချင်းဖြစ်သော ခေါင်းဆောင်ဂုဏ် တစ်နည်းအားဖြင့် နာယကဂုဏ်ခြောက်ပါးနှင့် ညီညွတ်အောင် ကြိုးစားသင့်ပါသည်။

နာယကခေါင်းဆောင်တို့၏ ပထမဆုံးအင်္ဂါရပ် အနေဖြင့် ခေါင်းဆောင်ဖြစ်သူသည် သည်းခံခြင်းတရား လက်ကိုင်ထားရှိရပါမည်။သည်းခံခြင်းဆိုရာတွင် စာရေးသူအနေဖြင့် ခေါင်းဆောင်သည် မိမိအလုပ်၏ ကောင်းမွေ ဆိုးမွေ ကိစ္စ အဝဝအတွက် ဖြစ်လာသမျှ ကြံ့ခိုင်ရင်ဆိုင် သည်းခံဖြေရှင်းနိုင်ခြင်းဟု မှတ်ယူမိပါသည်။

ထိုသို့ သည်းခံနိုင်ရန်အတွက် ခေါင်းဆာင် သည်ပထမဦးစွာ မိမိစိတ်ကို ကြံ့ခိုင်အောင် ပြင်ဆင်ထား ရပါမည် ။အလုပ်တစ်ခု၏ ရည်ရွယ်ချက် ရည်မှန်းချက် ပေါက်မြောက်အောင် ဆောင်ရွက်ရာတွင် အမြဲတစေ လွယ်ကူစွာ ဆောင်ရွက်နိုင်မည်မဟုတ်ပါ ။အချိန်အခါ အခြေအနေအလျောက်ခက်ခဲပင်ပန်းမှုများနှင့် တွေ့ဆုံကြုံလာရနိုင်ပါသည် ။ ထိုသို့သော ခက်ခဲပင်ပန်းမှုများနှင့် ကြုံရသည့်အခါ ခေါင်းဆောင်ဖြစ်သူက စ၍ အလွယ်တကူ စိတ်ဓါတ်ကျပြပါလျှင် နောက်လိုက်အဖွဲ့သားတို့ပိုမိုစိတ်ဓာတ်ကျကာ ဖွဲ့စည်းညီညွတ်မှု ပျက်ပြား ရည်မှန်းချက်လည်း ကျဆုံးသွားနိုင် ပါသည်။

ထို့ကြောင့် ခေါင်းဆောင်ကောင်း တစ်ဦးသည် ပထမဦးစွာ စိတ်ဓါတ်ခိုင်မာ ရင့်ကျက်စွာဖြင့် မိမိ၏တာဝန်ကို စိတ်ရှည် သည်းခံနည်းအမှန်ဖြင့်ရှေ့ဆောင်တတ်ရမည် ။ ဦးဆောင်နိုင်ရမည်ဟု ယုံကြည်မိပါသည်။

ဒုတိယအချက်အနေဖြင့် ခေါင်းဆောင်ဖြစ်သူသည် နောက်လိုက်ငယ်သားတို့ထက် သတိတရား ပိုမိုနိုးကြားကာ မိမိတာဝန်ယူ ရွက်ဆောင်သမျှ ကိစ္စ ရပ်များကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက် စီမံတတ်ရပါမည်။

ထို့ပြင် ခေါင်းဆောင်ကောင်းသည် နောက်လိုက်များထက် ထကြွလုံ့လဝီရိယ ရှိရမည်။လုပ်ငန်းကိစ္စမှန်သမျှကို တက်တက်ကြွကြွ ကြိုးစားအားထုတ် လုပ်ဆောင်နေ ရမည် ဖြစ်သလို …လုပ်ငန်းစဉ်များကို ပိုမ်ိုတိုးတက်အောင် တီထွင်ကြံဆမှုများနှင့် အားထုတ်နေရမည်ဟုလည်း ဖတ်မှတ်ခဲ့ရဖူးပါသည်။

စတုတ္ထ အချက်အနေဖြင့် ခေါင်းဆောင်ကောင်းသည်တွေ့ကြုံလာ သော ပြဿနာများနှင့်အကြောင်းကိစ္စများ လုပ်ငန်းများအားအဆုံးအဖြတ်ပေးရာတွင် ခွဲခြားဝေဖန်တတ်မှုရှိရမည်။အမှားနှင့်အမှန် အဆိုးနှင့်အကောင်းကို သိတတ်ရမည်။

ဆုံးဖြတ်မှုပေါ်လာတိုင်း၌ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုသိမြင်နိုင်စွမ်း ရှိရမည်ဟုလည်း မှတ်သားခဲ့ရဖူးပါ၏။နောက်ဆုံးအနေဖြင့် ခေါင်းဆာင်သည် မိမိ၏ နောက်လိုက် ငယ်သားများ၏ဘဝနှင့်ဆန္ဒကို ကိုယ်ချင်းစာခံစား စာနာသနား နားလည်ပေးရင်း စဉ်းစားမြော်မြင် ဆင်ခြင်ဥာဏ်နှင့်ပြည့်စုံသော အရည်အချင်း ရှိရမည်ဟု မှတ်သားဖတ်ရှု့ခဲ့ရပါသည် ။

မိမိတိုင်းပြည် နိုင်ငံအတွက် ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းလာစေချင်သော ၊ မိမိကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ချင်ခဲ့သော စာရေးသူသည် ခေါင်းဆောင်ကောင်းနှင့်ပတ်သက်သော စာတမ်းစာပေအနည်းငယ် ဖတ်ရှု့လေ့လာ မိခဲ့သည် ။ ထို့ကြောင့် နာယကဂုဏ်နှင့် ပြည့်စုံသော ခေါင်းဆောင်ပီသနိုင်မည့် အချက်အလက်တို့စီကုံးရေးသားထားသည့် စာပေတချို့အား ဖတ်မှတ်မိသမျှ ပြန်လည် စုဆောင်း တင်ပြမိပါသည် ။ ထိုမျှမက စာတွေ့သာမက မိမိမြင်တွေ့ရသမျှ လက်တွေ့ပတ်ဝန်းကျင် ကမ္ဘာ ခေါင်းဆောင်နေရာမှ ကျင့်သုံးနေကြသည့် ကျင့်သုံးရန် လိုအပ်သည့် အချက်အလက်များကိုလည်း တွေးမိ စဉ်းစားမိ ကြည့်မြင်လာခဲ့မိပါသည်။

ခေါင်းဆောင်ကောင်းသည် မိမိဦးဆောင်မည့် အလုပ်ကို စနစ်တကျ အစီအစဉ်ချတတ်ရမည် ။ ရည်မှန်းထားသော အလုပ်အတွက် အကောင်းဆုံးကို မျှော်မှန်း ထား သလို အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့လည်း အသင့်ပြင်ထားရပါမည် ။ တွေ့ကြုံလာရသမျှ အခက်အခဲပြဿနာများကိုလည်း အလွယ်တကူအရှုံးမပေးဘဲ ခေါင်းဆောင်ပီပီ ရှေ့ဆုံးမှ ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိရပါမည်။

ထို့ကြောင့် ခေါင်းဆောင်ကောင်း သည် စိတ်ဓါတ်ခိုင်မာရင့်ကျက်ရန် အရေးကြီး ပါသည်။ စိတ်ဓါတ်ခိုင်မာ ရင့်ကျက်သော ခေါင်းဆောင်ကောင်း၏ နမူနာသာဓကအနေဖြင့် အနိုင်မခံအရှုံးမပေး တိုက်ခဲ့သော နောင်ရိုးတိုက်ပွဲမှ ဘုရင့်နောင်၏ ခေါင်းဆောင်စိတ်ထားအတွေးအကြံတို့ကို အတုယူသင့်ပါသည်။

ထို့ပြင် ခေါင်းဆောင်ကောင်း တို့သည် စိတ်ဓါတ်ခိုင်မာရင့်ကျက်ရုံသာမက စိတ်သဘောထား မှန်ကန်ဖြောင့်မတ်ရိုးသား ရန်လည်း လိုအပ်ပါသည်။ အခုတစ်မျိုး တော်ကြာတစ်မျိုး အမျိုးမျိုးသောမတည်မငြိမ် စိတ်ထားမျိုးမထားသင့် ။ မိမိကိုယ်တိုင် စိတ်ထား တည်ငြိမ်ရဲရင့်စွာဖြစ်သင့် ဖြစ်ထိုက်သော ဆုံးဖြတ်ချက်တို့ဖြင့် ရိုးသားဖြောင့်မတ်တည်ငြိမ်စွာ ရှေ့ဆောင်နိုင်ရမည်။

လူအမျိုးမျိုး စိတ်အထွေထွေကို အကဲခတ် နားလည်လျက် မိမိအဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး စိတ်ထားမှန်ကန်ဖြူစင် ဖြောင့်မတ်စွာ ဆောင်ရွက်နိုင်ရပါမည် ။
သို့မှသာ အများလေးစားအားထားသော ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်ပါမည်။

ခေါင်းဆောင်ကောင်း သည် မိမိဦးဆောင်ရမည့် နေရာ အလုပ်အတွက် ထိုက်သင့်သော ကိုယ်ပိုင်အရည်အချင်း ရှိနေရပါမည် ။ မိမိကိုယ်တိုင် အမြဲကြိုးစားလျက် ပညာရပ်များမှာ ထူးချွန်သောသူ ဖြစ်နေသင့် သည်သာမက မိမိထူးချွန်သကဲ့သို့ မိမိအဖွဲ့သားများဘဝ ပညာ ထူးချွန်ထက်မြတ် ကောင်းမွန်အောင် ပံ့ပိုးကူညီမြှင့်တင် အားပေးနိုင် သူလည်း ဖြစ်ရပါမည် ။ ခေါင်းဆောင်ကောင်းဖြစ်သည့်အားလျော်စွာ မိမိတွင် အဖွဲ့သားတို့စံနမူနာယူ လေးစား အားကျစရာ အရည်အသွေး ကြိုးစားမှုများလည်း မိမိတွင် ရှိနေရပါမည် ။

မိမိအသာစံရေးအတွက်နောက်ထား၍ လိုအပ်ပါလျှင် မိမိအဖွဲ့အစည်းအတွက် အနစ်နာခံနိုင်သူလည်းဖြစ်ရပါမည် ။ တစ်ခါတစ်ရံ မိမိစိတ်ဆန္ဒထက် ဖြစ်သင့်ဖြစ်ထိုက်သော အဖွဲ့၏ ဆန္ဒကို ဦးစားပေးဆောင်ရွက်ရမည်။

မိမိ၏ အချိန်နေရာငွေကြေး အစထား၍ မိမိကိုယ်တိုင် ရှေ့မှ တက်ကြွစွာ အနစ်နာခံ ဆောင်ရွက်မှ သာလျှင် အဖွဲ့က လေးစား အားထားသော ယုံကြည်မှုရှိသော ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်ပါသည် ။

နောက်ဆုံးအနေဖြင့် ခေါင်းဆောင်ကောင်း တစ်ဦးသည် ခိုင်မာရင့်ကျက်သောစိတ်ဓါတ် ဖြောင့်မတ်တည်ကြည်သောစိတ်သဘောထား ပြည့်ဝကောင်းမွန်ထူးချွန်သော ကိုယ်ပိုင်အရည်အချင်းများနှင့် အနစ်နာခံနိုင်စွမ်းမြင့်မားလျက်သာမက မိမိအဖွဲ့မိမိအလုပ်ပေါ်တွင် စေတနာထား ကြိုးစားမည်ဆိုပါက အမည်နာမ ထာဝစဉ် ရှင်သန်နေသောဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ပါလိမ့်မည်။

ထိုကဲ့သို့သော ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာမှသာလျှင် ရပ်ရွာဒေသ တိုင်းပြည်တိုးတက်သာယာလာပေမည် ။ထို့ကြောင့် မိမိမြို့ရွာ တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ခေါင်းဆောင်ကောင်းများ အားလေးစားတန်ဖိုးထားလျက် မိမိကိုယ်တိုင်လည်း ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာစေရန် ကြိုးစားသင့်ကြပါ၏ ။

မူရင်းရေးသားသူ (Original Writer) အား Credit ပေးပါသည်။

စာဖတ်ခြင်းဖြင့် ငြိမ်းချမ်းပါစေ Words #

Videos (show all)

Website