Health Care Service Social Welfare

Health Care Service Social Welfare

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health Care Service Social Welfare, Medical and health, .

17/01/2024

ဗိုလ်တထောင်မြို့နယ်

အဖိုး

Elderly care

Day only

take care ပေးရန်

Fees 15***kဖြင့်

ဆရာ S C K K
ဝင်သွားပါပြိ

အဆင်ပြေပါစေနော်

HCSSW admin
hotline 09959205191

17/01/2024

ဒေါပုံမြို့နယ်

အဖိုး
62 years

Elderly care

Night only

take care ပေးရန်

Fees 15***kဖြင့်

ဆရာ T H A
ဝင်သွားပါပြိ

အဆင်ပြေပါစေနော်

HCSSW admin
hotline 09959205191

Photos from Health Care Service Social Welfare's post 15/01/2024

Health care service social welfare မှ

ကြိုဆိုပါသည်....👴

လူကြီးမင်းတို့ အိမ်သူ/သားများ

ကလေးငယ်များ မွှေးဖွားသည့်အခါ👶
နာမကျန်းဖြစ်သည့်အခါ 🤒
ထိခိုက်ဒဏ်ရာရရှိ့သည့်အခါ 🤕

အနီးကပ်ပြုစုစောင့်ရှောက်မှု့လိုအပ်ပါသည်။

ကျွန်တော်များ ရဲ့ 👨‍⚕️👩‍⚕️ Social welfare မှ

ထိရောက်တိကျ စွာ ပြုစုပေးသွားမည်...☺️

ဆောင်ရွက်နိုင်သော ပုံစံ...

New born (မွှေးကင်းစကလေး)
baby care (နှစ် အလိုက်)
Elderly care (သက်ကြီးရွယ်အို)

ရရှိ့နိုင်သော service

Vital sign (အခြေခံလက္ခဏာယူပေးခြင်း)
Feeding (အစာကျွေးခြင်း)
Timely dosing (အချိန် မှန်ဆေးတိုက်)
Personal hygiene(ကိုယ်လက်သန့်စင်ပေးခြင်း)
injection (ဆေးချိတ်ပေးခြင်း)
dressing (အနာဆေးထည့်ပေးခြင်း)
Nebulizer (ရေနွေးငွေ့ရှူပေးခြင်း)
Physiothraphy (ခန္ဓာကိုယ်လေ့ကျင့်ပေးခြင်း)
Feeding tube (အစာပိုက်ထည့်ပေးခြင်း)

တချို့သော လူကြီးမင်းများ
ကျန်းမာရေးဆေးစစ်ချက်များ
စစ်ဆေးချင်ပါကလည်း

အိမ်တိုင်ရာရောက် tude များဖြင့်
သွေးဖေါက်ပေးကာ စစ်မှန်တဲ့
ဓာတ်ခွဲခန်းသို့
(ပို့ဆောင်၊စစ်ဆေး၊အဖြေယူ)ပေးခြင်း

ဆေးရုံတက်လိုသည်ဖြစ်စေ
ရက်ချိန်းပြန်ပြလိုသည်ဖြစ်စေ
အဆင်ပြေသည်ထိဆောင်ရွက်ပေးပါသည်။

စသည်တို့ အပြင် သီးခြားသက်ဆိုင်ရာများလည်းပါဝင်ပါသည်။...👍

ဆက်သွယ်နိုင်ရန်
📲09959205191(viber)

15/01/2024

YGH

Ortho
အဖွား

Night duty
take care ပေးရန်

ဆရာမ ZMT
ဝင်သွားပါပြိ

အဆင်ပြေပါစေ
ဆရာလေးရေ

HCSSW admin
hotline 09959204191

06/01/2024

ရန်ကင်း /8.1.24

Pneumonia
အဖွား/70

Day only

လပြတ်
4*****

care ရန်

ဆရာမလေး
ZMT ဝင်သွားပါပြိ

အဆင်ပြေပါစေနော်

HCSSW admin
hotline 09959205191

04/01/2024

#ဆီးလမ်းကြောင်းပိုးဝင်ခြင်း

( )

🧑‍⚕️ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) သည် ဆီးနှင့်ကျောက်ကပ်စနစ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ရောဂါပိုးဝင်ခြင်းကိုဆိုလိုပါတယ်။

🩺ဆီးနှင့်ကျောက်ကပ်စနစ်တွင် ကျောက်ကပ် (Kidney)၊ ဆီးပြွန် (Ureter) ၊ ဆီးအိမ် (Bladder) နှင့် ဆီးလမ်းကြောင်း (Urethra) တို့ ပါဝင်ပါတယ်။

🩺ရောဂါပိုးဝင်ခြင်းအများစုသည် ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတို့တွင် ဖြစ်ပွားပါတယ်။

🩺အမျိုးသမီးများသည် အမျိုးသားများထက် UTI ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။

🩺ဆီးအိမ်တွင် ရောဂါပိုးကူးစက်ခံရပါက နာကျင်ပြီး စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

🩺သို့သော် ရောဂါပိုးသည် ကျောက်ကပ်သို့ ကူးစက်ပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်လာစေနိုင်ပါတယ်။

🩺ဆရာဝန်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပဋိဇီဝဆေးများဖြင့် ကုသလေ့ရှိပါတယ်။

🧑‍⚕️ရောဂါလက္ခဏာများ။

🩺ဆီးလမ်းကြောင်းပိုးဝင်တိုင်း ရောဂါလက္ခဏာများကို မဖြစ်စေပါ။

🩺ရောဂါလက္ခဏာများမှာ-

🦠တကယ်တမ်းဆီးမထွက်ဘဲ ဆီးသွားချင်စိတ်ပြင်းပြခြင်း၊

🦠ဆီးပူခြင်း၊

🦠ပမာဏ အနည်းငယ်ဖြင့် မကြာခဏဆီးသွားခြင်း၊

🦠ဆီးနောက်ခြင်း၊

🦠ဆီးထဲတွင် သွေးပါသော လက္ခဏာများဖြစ်သည့် အနီရောင်၊ ပန်းရောင် သို့မဟုတ် ကိုကာကိုလာရောင်ရှိသော ဆီးသွားခြင်း၊

🦠အနံ့ပြင်းသော ဆီး၊

🦠အမျိုးသမီးများတွင် တင်ပါးဆုံရိုးအလယ်နှင့် ဆီးစပ်အရိုးတစ်ဝိုက် နာကျင်ခြင်း စသည်တို့ဖြစ်ပါတယ်။

🧑‍⚕️ဆီးလမ်းကြောင်းပိုးဝင်ခြင်း အမျိုးအစားများ။

🩺UTI အမျိုးအစားတစ်ခုစီသည် ပိုမိုတိကျသော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

🩺ရောဂါလက္ခဏာများသည် ဆီးလမ်းကြောင်း၏ မည်သည့်အစိတ်အပိုင်းကို ထိခိုက်သည်ဆိုသည့်အပေါ်မှာ မူတည်ပါတယ်။

🦠ကျောက်ကပ်ပိုးဝင်ခြင်း။ (Kidney)

❤️နောက်ကျော သို့မဟုတ် ဘေးဘက် နာကျင်ခြင်း၊

❤️အဖျားကြီးခြင်း၊

❤️ချမ်းတုန်ခြင်း၊

❤️ပျို့အန်ခြင်း။

🦠ဆီးအိမ်ပိုးဝင်ခြင်း။ (Bladder)

❤️တင်ပါးဆုံတွင်းနာကျင်ခြင်း၊

❤️ဝမ်းဗိုက်အောက်ပိုင်း မအီမသာဖြစ်ခြင်း။

❤️မကြာခဏ ဆီးသွားခြင်း၊

❤️ဆီးသွားလျှင် နာကျင်ခြင်း၊

❤️ဆီးထဲတွင်သွေးပါခြင်း။

🦠ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။ (Urethra)

❤️ဆီးသွားစဉ် ပူလောင်ခြင်း၊

❤️ဆီးတစ်စက်စက်ကျခြင်း။

🧑‍⚕️ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ?

🩺သင့်တွင် UTI ၏ ရောဂါလက္ခဏာများရှိပါက ဆရာဝန်နဲ့ ပြသပါ။

🧑‍⚕️ရောဂါဖြစ်စေသော အကြောင်းရင်းများ။

🩺UTI သည် ပုံမှန်အားဖြင့် ဘက်တီးရီးယားများသည် ဆီးလမ်းကြောင်းမှတဆင့် ဝင်ရောက်လာပြီး ဆီးအိမ်အတွင်း စတင်ပျံ့နှံ့လာသောအခါတွင် ဖြစ်ပွားလေ့ရှိပါတယ်။

🩺ဆီးနဲ့ေကျာက်ကပ်စနစ်သည် ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားရန် အထူးပြုလုပ်ထားပါတယ်။

🩺ဒါပေမယ့် ခုခံအားစနစ်က တစ်ခါတစ်လေကျပြီး ပိုးဝင်လေ့ရှိပါတယ်။

🩺ထိုသို့ဖြစ်လာသောအခါတွင် ဘက်တီးရီးယားပိုးများသည် ဆီးလမ်းကြောင်းအတွင်းဝင်ရောက်လာကာ ဆီးနှင့်ေကျာက်ကပ်စနစ်တစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ပါတယ်။

🦠ဆီးအိမ်ပိုးဝင်ခြင်း။ (Bladder)

❤️ဤ UTI အမျိုးအစား သည် များသောအားဖြင့် Escherichia coli (E. coli) ကြောင့်ဖြစ်ပါတယ်။

❤️E. coli သည် အစာအိမ်နှင့် အူလမ်းကြောင်းတွင် တွေ့ရလေ့ရှိသော ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။

❤️ဒါပေမယ့် တစ်ခါတလေမှာ တခြားဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါေသးတယ်။

❤️လိင်ဆက်ဆံခြင်းသည်လည်း ဆီးအိမ်ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

❤️အမျိုးသမီးတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဆီးအိမ်ပိုးဝင်နိုင်ခြေရှိပါတယ်။

❤️အမျိုးသမီးများတွင် ဆီးလမ်းကြောင်းသည် စအိုနှင့် နီးကပ်ပါတယ်။

❤️ပြီးတော့ ဆီးစွန့်တဲ့အပေါက်က ဆီးအိမ်နဲ့နီးလွန်းပါတယ်။

❤️ထို့ကြောင့် စအိုတစ်ဝိုက်ရှိ ဘက်တီးရီးယားများကို ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ရန်နှင့် ဆီးအိမ်သို့ သွားလာရန် ပိုမိုလွယ်ကူစေပါတယ်။

🦠ဆီးလမ်းကြောင်းပိုးဝင်ခြင်း။ (Urethra)

❤️ဘက်တီးရီးယားသည် စအိုမှတဆင့် ဆီးလမ်းကြောင်းသို့ ပျံ့နှံ့ သွားသောအခါတွင် ဖြစ်ပွားနိုင်ပါတယ်။

❤️ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်သော ရောဂါပိုးများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

❤️၎င်းတို့တွင် ရေယုန်၊ ဆီးပူညောင်းကျ၊ Chlamydia နှင့် Mycoplasma တို့ ပါဝင်ပါတယ်။

❤️ထိုသို့ဖြစ်ရခြင်းဟာ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ မိန်းမကိုယ်နဲ့ နီးကပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🧑‍⚕️အန္တရာယ်အချက်များ။

🩺UTI သည် အမျိုးသမီးများတွင် အဖြစ်များပါတယ်။

🩺အမျိုးသမီး အများအပြား သည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် UTI တစ်ခါထက်ပို၍ ခံစားရလေ့ရှိပါတယ်။

🩺အမျိုးသမီးများအတွက် အန္တရာယ်အချက်များမှာ-

🦠အမျိုးသမီးခန္ဓာဗေဒ။

❤️အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုတိုပါတယ်။

❤️ရလဒ်အနေဖြင့် ဆီးအိမ်သို့ရောက်ရှိရန် ဘက်တီးရီးယားများသွားလာရန် အကွာအဝေးတိုပါတယ်။

🦠လိင်ပိုင်းဆိုင်ရာတက်ကြွမှု။

❤️လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိခြင်းသည် UTI များ ပိုမိုဖြစ်ပေါ်စေပါတယ်။

❤️လိင်ဆက်ဆံဖော်အသစ်ရှိခြင်းသည်လည်း ရောဂါဖြစ်နိုင်ချေကို ပိုများစေပါတယ်။

🦠သန္ဓေတားနည်းအချို့။

❤️သန္ဓေတားရန်အတွက် အမျိုးသမီးသုံး အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းသည် UTI ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

❤️သုတ်ပိုးသတ်ဆေးများကို အသုံးပြုခြင်းသည်လည်း UTI ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

🦠သွေးဆုံးခြင်း။

❤️သွေးဆုံးပြီးနောက်၊ လည်ပတ်နေသော အီစထရိုဂျင် (Estrogen) ေဟာ်မုန်း ကျဆင်းမှုသည် ဆီးလမ်းကြောင်းအတွင်း အပြောင်းအလဲများကို ဖြစ်စေပါတယ်။

❤️ထိုသို့ ပြောင်းလဲမှုများသည် UTI ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

🩺အခြားအန္တရာယ်အချက်များမှာ-

🦠ဆီးလမ်းကြောင်းပြဿနာများ။

❤️ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မွေးဖွားလာသော ကလေးငယ်များသည် ဆီးသွားရာတွင် အခက်အခဲရှိနိုင်ပါတယ်။

❤️ထိုလူနာများတွင် ဆီးသည် ဆီးလမ်းကြောင်းအတွင်းသိုမှီးနေနိုင်ပြီး UTI ကို ဖြစ်စေနိုင်ပါတယ်။

🦠ဆီးလမ်းကြောင်းတွင်ပိတ်ဆို့ခြင်း။

❤️ကျောက်ကပ်ကျောက်တည်ခြင်း သို့မဟုတ် ဆီးကျိတ်ကြီးခြင်းစသော ဆီးများစီးဆင်းရာ လမ်းကြောင်းတစ်လျှောက်တွင် ပိတ်ဆို့စေခြင်းသည် ဆီးအိမ်အတွင်း ဆီးကို သိုမှီးစေနိုင်ပါတယ်။

❤️ရလဒ်အနေဖြင့် UTI ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

🦠ကျဆင်းနေသော ကိုယ်ခံအားစနစ်။

❤️ဆီးချိုရောဂါနှင့် အခြားရောဂါများသည် ခန္ဓာကိုယ်၏ ရောဂါပိုးမွှားများကို ခုခံကာကွယ်ပေးသည့် ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

❤️ထို့ကြောင့် UTI ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

🦠ဆီးပိုက်ထည့်ထားခြင်း။

❤️ဆီးမသွားနိုင်သူများသည် ဆီးသွားရန်အတွက် Catheter ဟုခေါ်သော ဆီးပိုက် ကို အသုံးပြုရမည်ဖြစ်ပါတယ်။

❤️ထိုသို့ ဆီးပိုက် အသုံးပြုခြင်းသည် UTI ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

❤️မကြာသေးမီအချိန်က ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်မှု သို့မဟုတ် ပစ္စည်း ကိရိယာများဖြင့် ဆီးလမ်းကြောင်းကို စစ်ဆေးခြင်းသည် UTI ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

🧑‍⚕️နောက်ဆက်တွဲဆိုးကျိုးများ။

🩺စောလျင်စွာနှင့် မှန်ကန်စွာ ကုသမှုခံယူသောအခါတွင် ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများကို မဖြစ်စေနိုင်ပါ။

🩺သို့သော် မကုသဘဲထားပါက UTI သည် ပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

🩺UTI ၏နောက်ဆက်တွဲ ပြဿနာများမှာ-

🦠ထပ်ခါတလဲလဲ ဆီးပိုးဝင်ခြင်း။

❤️ဆိုလိုသည်မှာ သင့်တွင် ခြောက်လ သို့မဟုတ် တစ်နှစ်အတွင်း UTI နှစ်ခု သို့မဟုတ် ထို့ထက်ပို၍ ရှိခြင်းကို ဆိုလိုပါတယ်။

❤️အထူးသဖြင့် အမျိုးသမီးများသည် ထပ်ခါတလဲလဲ ကူးစက်ခံရနိုင်ခြေများပါတယ်။

🦠ကျောက်ကပ်ပျက်စီးခြင်း။

❤️စနစ်တကျ ကုသမှုမခံယူထားသော ဆီးပိုးဝင်ခြင်းသည် ကျောက်ကပ်ပိုးဝင်ခြင်းကိုဖြစ်စေပြီး ၎င်းမှတဆင့် ကျောက်ကပ်ကို ထာဝရပျက်စီးစေနိုင်ပါတယ်။

🦠ကိုယ်ဝန်ဆောင်စဉ် ဆီးပိုးဝင်ခြင်း။

❤️ကိုယ်ဝန်ရှိစဉ် UTI ဖြစ်ပေါ် သည့်အခါ ကိုယ်အလေးချိန်နည်းသော သို့မဟုတ် လမစေ့ပဲကလေး မွေးဖွားနိုင်ပါတယ်။

❤️ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် အမျိုးသားများတွင် ဆီးလမ်းကြောင်း ကျဉ်းသွားခြင်း။

❤️ပြင်းထန်သော ရောဂါကူးစက်မှုသည် ဆီးလမ်းကြောင်းမှ ကျောက်ကပ်ဆီ ထို့နောက်ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။

🧑‍⚕️ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ပါ။

🩺အောက်ပါတို့ကို လိုက်နာခြင်းသည် UTI ၏အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

🦠ရေများများသောက်ပါ။

❤️ရေသောက်ခြင်းက ဆီးကို များများနဲ့ မကြာခဏသွားစေပါတယ်။

❤️ဒါကြောင့် ရောဂါပိုးကူးစက်မှုစတင်မီ ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပါတယ်။

🦠Cranberry ဖျော်ရည်ကို သောက်ပါ။

❤️Cranberry ဖျော်ရည်သောက်ခြင်းက UTI ကို တားဆီးခြင်း ရှိ၊ မရှိ လေ့လာမှုများက အတိအကျမပြောနိုင်သေးပေမယ့် ခရမ်ဘယ်ရီဖျော်ရည်သောက်ခြင်းသည် လူကို အန္တရာယ်မဖြစ်နိုင်သည့်အတွက် စမ်းကြည့်သင့်ပါတယ်။

🦠ရှေ့မှနောက်သို့ သုတ်ပါ။

❤️ဆီးသွားပြီးနောက်နှင့် ဝမ်းသွားပြီးနောက် သန့်စင်သောအခါတွင် ရှေ့မှနောက်သို့သုတ်ပါ။

❤️စအိုမှ ဘက်တီးရီးယားပိုးမွှားများ မိန်းမကိုယ်နှင့် ဆီးလမ်းကြောင်းဆီသို့ ပျံ့နှံ့မှုကို တားဆီးပေးနိုင်ပါတယ်။

🦠လိင်ဆက်ဆံပြီး မကြာခင်မှာ ဆီးသွားပါ။

❤️ဘက်တီးရီးယားတွေကို စွန့်ထုတ်စေဖို့ ရေအပြည့်တစ်ခွက်သောက်ပါ။

🦠မိန်းမကိုယ်ကို ထိခိုက်စေနိုင်သော ပစ္စည်းများကို ရှောင်ကြဉ်ပါ။

❤️၎င်းတို့ကို လိင်အင်္ဂါနေရာတွင် အသုံးပြုခြင်းသည် ဆီးလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။

ဤထုတ်ကုန်များတွင် မွှေးရနံ့ဖြန်းခြင်း၊ အမှုန့်ပုတ်ခြင်းတို့ ပါဝင်ပါတယ်။

🦠သန္ဓေတားနည်းကို ပြောင်းပါ။

❤️အမျိုးသမီးသုံး အကာအကွယ်ပစ္စည်း၊ ချောဆီမပါတဲ့ ကွန်ဒုံး သို့မဟုတ် သုတ်ပိုးသတ်ဆေး ပါဝင်တဲ့ ကွန်ဒုံးတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ေါက်တာထက်အာကာ
#ကျန်းမာရေးဗဟုသုတ
#ကျောက်ကပ်ရောဂါဆိုင်ရာကျန်းမာရေးဗဟုသုတ
#ဆီးလမ်းကြောင်းပိုးဝင်ခြင်း
#ဆီးပိုးဝင်ခြင်း

04/01/2024

ူနာများအတွက်ဓာတ်ခွဲခန်းစစ်ဆေးမှုများ (သွေး၊ ဆီး၊ အသားစ စစ်ဆေးမှုများ)

#ဆရာကြီးနဲ့မပြခင်သွေးအဖြေလေးကောင်းလားသိချင်လို့ပါ

#ဒီသွေးစစ်ချက်ကဘာကိုစစ်တာလဲပြောပြကြပါဦးနော်

🧑‍⚕️မတူကွဲပြားသော ဓာတ်ခွဲခန်းစစ်ဆေးမှုများစွာကို SLE ကြောင့်ဖြစ်ပွားနိုင်သော သင့်ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို သိရှိရန် အသုံးပြုပါတယ်။

🩺စမ်းသပ်မှုရလဒ်တစ်ခုစီသည် သင်၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ဆရာဝန်က သိရှိစေရန် အထောက်အကူ ပြပေးပါတယ်။

🩺စစ်ဆေးမှုအများဆုံး အမျိုးအစားများမှာ သွေးနှင့် ဆီးစစ်ခြင်း ဖြစ်ပါတယ်။

🩺ဤဓာတ်ခွဲခန်းစစ်ဆေးမှုများကို နားလည်လာခြင်းဖြင့် သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ပိုမိုနားလည်လာပြီး သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရာတွင် ယုံကြည်မှုရှိလာနိုင်ပါတယ်။

🧑‍⚕️ဓာတ်ခွဲခန်းစစ်ဆေးမှုများတွင် သတိထားရမည့် အရေးကြီးအချက်များစွာ ရှိပါတယ်။

🩺ဓာတ်ခွဲခန်းစစ်‌ဆေးခြင်းတစ်ခုတည်းဖြင့် SLE ရောဂါကို အတည်မပြုနိုင်ပါ။

🩺ရောဂါလက္ခဏာများနှင့် သင့်ဆရာဝန်၏ လူနာကို စမ်းသပ်၍ရရှိသော တွေ့ရှိမှုများသည်လည်း အလွန်အရေးကြီးပါတယ်။

🩺သင့်တွင် SLE ရှိနေပြီလား? ဆောင်းပါးကို အောက်ပါလင့်ခ်တွင် ဖတ်နိုင်ပါတယ်။
https://facebook.com/109238868100941/posts/193539589670868/

🧑‍⚕️SLE ရောဂါရှာဖွေရန်အသုံးပြုလေ့ရှိသောဓာတ်ခွဲခန်းစစ်ဆေးမှုများ

🩺ပုံမှန်သွေးစစ်ဆေးမှု

🦋ပုံမှန်အားဖြင့်၊ သင့်ဆရာဝန်သည် ပြီးပြည့်စုံသောသွေးဆဲလ်အရေအတွက်စစ်ဆေးမှု (CP(Auto)) ကို ဦးစွာစစ်ဆေးပါလိမ့်မည်။

🦋သင့်သွေးအတွင်းတွင် သွေးနီဥများ (RBCs)၊ သွေးဖြူဥများ (WBCs)၊ သွေးဥမွှားဆဲလ်များ (Platelets) နှင့် သွေးရည်ကြည်များ (Serum) ဖြင့် ဖွဲ့စည်းထားပါတယ်။

🦋ပြီးပြည့်စုံသော သွေးဆဲလ်အရေအတွက်သည် သွေးဆဲလ်တစ်ခုချင်းစီ၏ အဆင့် (အနဲ၊အများ) များကို တိုင်းတာ‌ပါတယ်။

🦋SLE ရောဂါတွင် သွေးဆဲလ်တစ်ခုချင်းစီ၏ အရေအတွက် နည်းနေတတ်ပါတယ်။

🦋သွေးနီဥများသည် အောက်ဆီဂျင်ကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို သယ်ဆောင်‌ေပးပါတယ်။

🦋သွေးဖြူဥများသည် ကိုယ်ခံအားစနစ်အား ပြင်ပမှ ဝင်ရောက်လာသောရောဂါပိုးများရန်မှ ကာကွယ်ပေးပါတယ်။

🦋သွေးဥမွှားများသည် သွေးခဲခြင်းဖြစ်စဉ်ကို စတင်ရန် အရေးပါပါတယ်။
(SLE လူနာများတွင် ဖြစ်လေ့ရှိသော သွေးနှင့်သက်ဆိုင်သော ပြဿနာများကို အောက်ပါလင့်ခ်တွင်ဖတ်နိုင်ပါတယ်)
https://facebook.com/109238868100941/posts/196515636039930/

🩺သွေးအတွင်းရှိ Antibody စစ်ဆေးမှု

🦋ခန္ဓာကိုယ်သည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကဲ့သို့သော ပြင်ပမှဝင်ရောက်လာသောအရာများကို တိုက်ခိုက်ရန်နှင့် ချေဖျက်ရန် ပဋိပစ္စည်းများကို အသုံးပြုပါတယ်။

🦋သင့်ခန္ဓာကိုယ်က ၎င်း၏ပုံမှန်ဆဲလ်များနှင့် တစ်သျှူးများကိုတိုက်ခိုက်သည့် ပဋိပစ္စည်းများကို ထုတ်လွှတ်ခြင်းသည် SLE တွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါတယ်။

🦋ဤပဋိပစ္စည်းအများအပြားကို တစ်ချိန်တည်းတွင် အမိန့်ပေးခြင်းသည် စမ်းသပ်မှုတစ်ခုတွင် တွေ့ရှိနိုင်ပါတယ်။

🦋၎င်းပဋိပစ္စည်းစမ်းသပ်မှုကို ANA test ဟုခေါ်ပါတယ်။

🦋SLE ရှိသူများ၏ 97% သည် ANA Test အတွက် Positive ဖြစ်ပါတယ်။

🦋ANA သည် ဆဲလ်၏ နျူကလိယ (Nucleus) ကို ချိတ်ဆက်၍ အမိန့်ပေးနိုင်ပါတယ်။

🦋ဤဖြစ်စဉ်သည် ဆဲလ်များကို သူ့ဘာသာပျက်စီးစေနိုင်သလို ဖျက်ဆီးနိုင်ပါတယ်။

🦋ANA စစ်ဆေးမှုသည် SLE အတွက် သီးခြားစမ်းသပ်မှုတစ်ခုမဟုတ်ပါ။

🦋သို့သော်၊ ၎င်းသည် SLE ရောဂါရှိသူ၏ ၉၇ ရာခိုင်နှုန်းတွင် အဆိုပါပဋိပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

🦋ANA သည် အခြားဖျားနာမှုရှိသူများ သို့မဟုတ် မည်သည့်ရောဂါမျှမရှိသူများတွင်လည်း Positive ဖြစ်နိုင်ပါတယ်။

🦋ဤအကြောင်းကြောင့် ANA စစ်ဆေးမှု Positive ဖြစ်ခြင်းသည် သင့်တွင် SLE ရှိသည်ဟု တစ်ထစ်ချမဆိုလိုနိုင်ပါ။

🦋စစ်‌ဆေးမှုရလဒ်များသည် လူတစ်ဦးနှင့်တစ်ဦးတွင် ကွဲပြားနိုင်ပါတယ်။

🦋ANA Positive ဖြစ်ခြင်းသည် SLE ရောဂါရှာဖွေရာတွင် ဆရာဝန်များရှာဖွေသော အခြားသဲလွန်စများစွာဖြင့် ယှဉ်တွဲလိုက်သောအခါ၊ ၎င်းသည် SLE ဟုအမည်တပ်ရန်အတွက် အ‌လွန်‌အရေးပါသော လက္ခဏာ တစ်ခုဖြစ်ပါတယ်။

🦋SLE ဟုအမည်တပ်ရန် အတွက် ANA ကို စစ်ဆေးသော ဆရာဝန်များသည် အခြားသော ပဋိပစ္စည်း အများအပြားကိုလည်း ရှာဖွေလေ့ရှိပါတယ်။

🩺Complements

🦋Complements များသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများဝင်ခြင်းကို ကာကွယ်ပေးသော ပရိုတင်းအုပ်စုဖြစ်ပါတယ်။

🦋၎င်းတို့၏ လုပ်ဆောင်ချက်မှာ ခန္ဓာကိုယ်၏ ခုခံအား တုံ့ပြန်မှုကို အားကောင်းစေခြင်းဖြစ်ပါတယ်။

🦋ရောဂါကြွ‌ေနသော SLE ကြောင့် ရောင်ရမ်းနေသူများတွင် Complements များ နည်းပါးလေ့ရှိပါတယ်။

🦋Complements တွင် ပရိုတင်းအုပ်စု ကိုးခုရှိပြီး အက္ခရာ C နှင့် သတ်မှတ်ကာ နံပါတ် 1 မှ 9 အထိရှိပါတယ်။

🦋SLE အတွက် အသုံးအများဆုံးစစ်ဆေးမှုများမှာ C3 နှင့် C4 ဖြစ်ပါတယ်။

🩺C-reactive protein (CRP)

🦋C-reactive protein ကို သင့်အသည်းက ထုတ်လုပ်ပါတယ်။

🦋သင့်သွေးထဲတွင် CRP ပမာဏများနေခြင်းသည် SLE ကြောင့် ဖြစ်သော ရောင်ရမ်းခြင်း‌ေကြာင့်ဖြစ်နိုင်ပါတယ်။

🦋အခြားခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများ၊ ခန္ဓာကိုယ်အတွင်းပိုးဝင်ခြင်းများနှင့်‌ အခြားရောဂါများတွင်လည်း CRP သည် Positive ဖြစ်နိုင်ပါတယ်။

🩺Erythrocyte Sedimentation Rate (ESR)

🦋ESR သည် ရောင်ရမ်းခြင်းအတွက် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။

🦋၎င်းသည် သွေးနီဥများ စုစည်းမှုကို ဖြစ်စေသော ပရိုတင်းပမာဏကို တိုင်းတာပါတယ်။

🦋ESR သည် အများအားဖြင့် SLE ရောဂါကြွနေသူများတွင် တက်နေတတ်သော်လည်း ခန္ဓာကိုယ်အတွင်း ရောဂါပိုးဝင်းခြင်းကဲ့သို့သော အခြားအကြောင်းရင်းများကြောင့်လည်း တက်နေနိုင်ပါတယ်။

🩺ဆီးစစ်ခြင်း။

🦋SLE သည် သတိပေး‌သောရောဂါလက္ခဏာမပြဘဲ ကျောက်ကပ်ကို တိုက်ခိုက်နိုင်သောကြောင့် ဆီးစစ်ဆေးမှုသည် အလွန်အရေးကြီးပါတယ်။

🦋ကျောက်ကပ်က သင့်ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ပေးပါတယ်။

🦋ဆီးနမူနာကို စမ်းသပ်ခြင်းသည် သင့်ကျောက်ကပ်၏ လုပ်ဆောင်ချက်နှင့် ခန္ဓာကိုယ်အတွင်းပိုင်း ပြဿနာများကို ဖော်ပြနိုင်ပါတယ်။

🦋ဆီးစစ်ဆေးမှုများတွင် သင့်သွေးများအတွင်းမှ အညစ်အကြေးများကို ကျောက်ကပ်မှတဆင့် စစ်ထုတ်သည့်အခါတွင် ပုံမှန်အားဖြင့် ဆီးထဲတွင်မပါရမည့် ဆဲလ်များကို ရှာဖွေပေးပါတယ်။

🦋သင့်ကျောက်ကပ်မှ အညစ်အကြေးများကို ကောင်းစွာစစ်ထုတ်ခြင်းမပြုနိုင်သောကြောင့် ပရိုတင်းဓာတ် (အသားဓာတ်) သည် ဆီးထဲတွင်မည်မျှပါလာသည်ကို ရှာဖွေပါတယ်။

🦋၂၄ နာရီပတ်လုံး သင်၏ဆီးကို စုဆောင်းပြီး အသားဓာတ် မည်မျှပါသည်ကို စစ်ဆေးခြင်းသည် အရေးကြီးသော အချက်အလက်များကို ပေးပါတယ်။

🩺အသားစယူစစ်ဆေးခြင်း။

🦋အသားစယူစစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ဆရာဝန်သည် အဏုကြည့်မှန်ပြောင်းဖြင့် တစ်သျှူးအနည်းငယ်ကို ထုတ်ယူပြီး စစ်ဆေးခြင်းပါဝင်ပါတယ်။

🦋ခန္ဓာကိုယ်ရှိ ကိုယ်တွင်းအင်္ဂါအားလုံးနီးပါးကို အသားစယူ၍စစ်ဆေးနိုင်ပါတယ်။

🦋အရေပြားနှင့် ကျောက်ကပ်သည် SLE ရှိသူများတွင် အသားစယူသည့်အများဆုံးနေရာများဖြစ်ပါတယ်။

🦋အသားစယူစစ်ဆေးခြင်း၏ ရလဒ်များသည် ရောင်ရမ်းမှုပမာဏနှင့် တစ်သျှူးများကို ထိခိုက်ပျက်စီးစေသည့် ပမာဏကို ပြသနိုင်ပါတယ်။

🩺အခြားဓာတ်ခွဲစစ်ဆေးမှုများ

🦋SLE သည်အရေပြားအပါအဝင် ခန္ဓာကိုယ်၏ မည်သည့်ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမဆို တိုက်ခိုက်နိုင်သည့် ရောဂါဖြစ်သည်နှင့်အညီ ၎င်းကြောင့် ထိခိုက်ခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် သက်ဆိုင်သော ဓာတ်ခွဲခန်း စစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် လိုအပ်နိုင်ပါတယ်။
(ဥပမာ- အသည်းဓာတ်စစ်ဆေးခြင်း၊ ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းစသည်)

❤️❤️❤️လေးဘက်နာ ရောဂါနဲ့ ပတ်သက်တာတွေ စဉ်ဆက်မပြတ် ရေးပေးသွားမှာမို့ Like and Follow လုပ်ခဲ့ကြပါဦးနော် ❤️❤️❤️

🌟🌟🌟ဤစာကို မိတ်ဆွေတို့ ကြိုက်နှစ်သက်ပါက သို့မဟုတ် မိတ်ဆွေတို့အတွက် အကျိုးရှိသည်ဟု ခံစားရပါက Page ကို Like လုပ်ခြင်း၊ Post ကို share ပေးခြင်းဖြင့် ကူညီပေးကြပါနော်။ https://www.facebook.com/ဒေါက်တာ-ထက်အာကာ-109238868100941/ 🌟🌟🌟

ဒေါက်တာ ထက်အာကာ
၁၉.၇.၂၀၂၂

#ဒေါက်တာထက်အာကာ
#ကျန်းမာရေးဗဟုသုတ
#လေးဘက်နာရောဂါဆိုင်ရာကျန်းမာရေးဗဟုသုတ
ူနာများအတွက်ဓာတ်ခွဲခန်းစစ်ဆေးမှုများ

03/01/2024

5.1.2024
ဆူးလေ

အဖွား အား

Elderly care ရန်

ဆရာမလေး PPS
ရသွားပါပြိ

အဆင်ပြေပါစေနော်

HCSSW admin
hotline 09959205191

03/01/2024

တောင်ဥက္ကလာ

၂ရက်အစားထိုး

1 month baby

care ပေးရန်

ဆရာမလေး
NNW ဝင်သွားပါသည်

အဆင်ပြေပါစေနော်

HCSSW admin
hotline 09959205191

31/12/2023

မင်္ဂလာရှိ့သော .....🌻

နှစ်သစ်ရက်မြတ်များဖြစ်ပါစေ....🌺

ကျွန်တော်များ Health Care Service Social Welfare မိသာစု မှ

အသက်ရှည်ခြင်း
အနားကင်းခြင်း
စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်း
လိုအင်ဆန္ဒပြည့်ဝခြင်း
အခြား အခြားသော အရာ များလည်း ပြည့်ကြပါစေလို့ လူကြီးမင်း 👴 တို့ အားဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်

နှစ်သစ် မှာ ပျော်ရွှင်ခြင်းဖြင့် ရှေ့ဆက် ဖို့ မမေ့ကြပါနဲ့နော် .....😁

HCSSW admin(team)

30/12/2023

Nikoran 5 mg Tablet is used for the symptomatic treatment of angina (chest pain that occurs due to reduced blood flow to the heart). It is used when other medicines do not work or are not suitable for treating this condition. Nikoran 5 mg Tablet works by relaxing and widening the blood vessels, thus reducing the workload on the heart. Nikoran 5 mg Tablet shows side effects like headache, weakness, nausea, vomiting, flushing, dizziness, etc. Avoid driving vehicles or operating machines if you feel dizzy after taking this medicine. Consult your doctor if any of these side effects do not resolve with time or worsen. Avoid using this medicine if you are allergic to it. Nikoran 5 mg Tablet may be taken with or without food. Your doctor will determine the dose and duration of treatment based on the severity of your condition. Do not stop taking this medicine without consulting your doctor as sudden withdrawal may worsen your condition. Appropriate lifestyle changes such as quitting smoking, avoiding alcohol consumption, eating a balanced diet, exercising regularly, and managing stress along with this medicine will help to get maximum benefits from the treatment. Nikoran 5 mg Tablet should be used with caution if you have heart problems and low blood pressure. Inform your doctor if you are taking any other medicines to avoid interaction with Nikoran 5 mg Tablet. Consult your doctor if you are pregnant, planning a pregnancy, or are breastfeeding.

Please comment in Burmese

29/12/2023

ခြေဖျား၊လက်ဖျားတွေ အေးနေရင် ပေါ့ဆသင့်လား?
=============

ဆောင်းရာသီရောက်ရင် စိမ့်နေအောင်အေးတဲ့ အအေးဓါတ်ကို ခံစားကြရပါတယ်။

ဒိီလိုရာသီဥတုမှာ ခြေဖျာလက်ဖျားတွေ အေးနေတာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အမြဲလိုလိုအေးနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။

ခြေဖျားတွေအေးတယ်ဆိုတာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် ခန္ဒာကိုယ်ထဲမှာ သွေးလေမညီညွတ်ဘူးဆိုတဲ့ လက္ခဏာပါ။

ဒါက သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။ သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

√ သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။

√ နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

√ ဒါတင်မက ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။

√ငရုတ်သီးမှုန့်ကို ခြေအိတ်ခပ်ထူထူထဲ ထည့်ပြီး ခြေထောက်ကို စွပ်ကာ နှိပ်နယ်မယ်ဆိုရင်လည်း ခြေထောက်ကို အလျင်အမြန် နွေးသွားစေမှာပါ။ နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်း ခြေထောက်သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။

29/12/2023

#ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ်_မူးနေတတ်တယ်
ြည့်များသလို
#အညောင်းထိုင်ရတာများတယ်

#ကျီးပေါင်း များရှိနေလား မသိဘူး။ 🤷‍♂️

အသက် ၄၀-၅၀ ရှိလာရင် အရိုးကျီးပေါင်းရှိတတ်ပါတယ်။ ရှိပဲရှိတာ ပါ ဒုက္ခမပေးပါဘူး။

👉👉👉

ကျီးပေါင်းကြောင့် မူးတယ်ဆိုတာက 😱 ချာချာလည်အောင်မူးတာပါ
🤷‍♂️ Dizziness ဆိုတဲ့ ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ် မူးနေတာမဟုတ်ပါဘူး (ဥပမာ- ခေါင်းမော့လိုက်ရင် ချာချာလည်သွားတာပါ)

ဖြစ်ရတဲ့ အကြောင်းက အရိုးအတက်က ဦးနှောက်ကိုသွားတဲ့ သွေးကြောကိုဖိမိလို့ ဖြစ်ရတာပါ။
ခေါင်းမော့လိုက်တဲ့ အချိန် ဖိမိတဲ့အတွက် ချာချာလည်မူးသွားတော့ လန့်ပြီးပြန်ငုံ့လိုက်ရင် သက်သာသွားတတ်ပါတယ်၊
ကျီးပေါင်းက သွေးကြောကို ဖိမိရအောင် ဆိုးနေပြီဆိုရင် တခြားလက္ခဏာတွေရှိကိုရှိရပါမယ်
- လည်ပင်းဂုတ်မှာ နာနေနိုင်သလို၊
- လက်တွေလည်း ကိုက်တာတို့ ကျဉ်တာတို့ဖြစ်သင့်ပါတယ်။

အဲ့လိုမှ ထုံတာကျဉ်တာ မရှိပဲ
ခေါင်းမူးတယ်ဆိုပြီး 🤷‍♂️
မူးတဲ့ပုံကလည် ချာချာလည်မဟုတ်၊
X-ray ရိုက်ကြည့်ပြီး ကျီးပေါင်းတွေ့တာနဲ့
ကျီးပေါင်းကြောင့် မူးတယ် ဆိုရင် မဟုတ်သေးပါဘူး။

တကယ်က မျက်စိ အာရုံစိုက်ရလွန်းလို့
Refractive Error 👉 cylinder ပြဿနာဖြစ်ဖို့များပါတယ်။ (👨‍⚕️ မျက်စိ ဆေးခန်းသွားပြီး မျက်စိပါဝါ စမ်းသပ်ပါ - မျက်မှန်ရှိလဲ (၆) လ တစ်ခါ Power ပြန် Check ပါ)
နောက်တစ်ခုက ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အလုပ်လုပ်ရလွန်းလို့ပါ။ (Muscle strain)

-----

- Computer,Telephone, TV အကြည့်များ တဲ့သူတွေ
- စက်ချုပ်တဲ့ Designer
- ပန်းချီအနုပညာရှင်
- အညောင်းထိုင်ရတာများတဲ့ သူတွေ
👉👉👉 ခေါင်းထဲ_ရိပ်တိတ်ရိပ်တိတ် မူးနေရင် ကျီးပေါင်း ဆိုတာထက်

မျက်စိ ပါဝါကြောင့်ဖြစ်ဖြစ်
အာရုံကြောကြောင့် ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်

✅ မျက်စိ ၄၅ မိနစ်ဆက်တိုက်သုံး ပြီးတိုင်း ၁၀-၁၅ မိနစ်အနားပေးပါ (မျက်လုံးမှိတ်တာဖြစ်ဖြစ်၊ အဝေးကိုကြည့်ပြီး လမ်းထလျှောက်တာဖြစ်ဖြစ်)
✅ အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပါ
✅ အာရုံကြောအားဆေး သောက်လိုက (Vitamin B1,B6,B12) ပါသောဆေး သောက်ပါ။
✅ ကျီးပေါင်းကြောင့်ဆိုတဲ့ အတွေးဖျောက်လိုက်ပါ

ုန်းစည်လွင်

28/12/2023

ထိပ်ကပ်နာ (Sinusitis)

ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။

Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။

sinuses ရှိတဲ့နေရာတွေကတော့
- Frontal sinuses ( မျက်လုံးအပေါ်ပိုင်းရှိ နဖူး )
- Ethmoidal sinuses ( မျက်လုံးနှစ်လုံးကြား )
- Maxillary sinuses ( နှာခေါင်းဘေးနှစ်ဖက် )
- Sphenoidal sinuses ( နှာခေါင်းအနောက် မျက်လုံးကြား ) မှာရှိပါတယ်။

အဲဒီ့ Sinuses လေးတွေရောင်ပြီး အရည်တွေနဲ့ပိတ်သွားတဲ့အခါ ထိပ်ကပ်နာ (Sinusitis)လို့ခေါ်လိုက်ပါတယ်။

❓Sinuses လေးတွေဘာလ်ို့ရောင်ရတာလဲ

အဓိက ကတော့ အသက်ရှူလမ်းကြောင်းမှာ virusပိုးဝင်ပြီး နှာခေါင်းမှတစ်ဆင့် sinuses တွေဆိီကိုပျံ့သွားတာပါ။

အဲဒီ့အခါ ရောင်နေတဲ့အမှေးပါးက ပုံမှန်စီးဆင်းရမယ့်အချွဲတွေကို ပိတ်စေပြီး ၊ sinuses အတွင်းမှာအရည်တွေနဲ့ပြည့်စေပါတယ်။ ပိတ်နေတဲ့sinuses အတွင်း bacteria ပိုးပါထပ်ဆင့်ဝင်တတ်ပါတယ်။

တခြားသောဖြစ်စေတဲ့အ​ကြောင်းတွေကတော့...

- ဓာတ်မတည့်တာ (Allergy)၊
- အအေးပတ်တာ
- နှာခေါင်းအတွင်း ရေဝင်သွားတာ
- ဆေးလိပ်ငွေ့ရှူမိတာ
- နှာခေါင်းအတွင်းအသားပိုရှိတာ(nasal polpys)
- နှာခေါင်းထဲပစ္စည်းတစ်ခုခု(foreign body)ဝင်သွားတာ တို့ကြောင့်လည်းဖြစ်တတ်ပါတယ်။

❓ထိပ်ကပ်နာရဲ့လက္ခဏာတွေက ဘာတွေဖြစ်မလဲ

- ဖျားခြင်း၊ နေရထိုင်ရမကောင်းခြင်း
- နှာစေးခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အနံ့ကောင်းကောင်းမရခြင်း
- စိမ်းဝါရောင်ရှိသော အနံ့ဆ်ိုးသောနှာရည်များကျခြင်း
- ခေါင်းကိုက်ခြင်း(အိပ်ရာအထမှာ၊ ခေါင်းငုံ့တဲ့အခါတွေမှာ ပ်ိုဆိုးတတ်ပါတယ်)
- sinuses ရှိတဲ့နေရာများတင်းနေခြင်း၊ ဖိလိုက်တဲ့အခါနာခြင်း
- နားကိုက်ခြင်း၊ ကြားတဲ့အသံမကြည်ခြင်း စတာတွေဖြစ်စေပါတယ်။

❓နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေရှိမလဲ

❗️နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis) ဖြစ်သွားတတ်ပါတယ်
( လက္ခဏာများမသက်သာပဲ ၃လထိရှိနေသေးရင် နာတာရှည်ဖြစ်ပြီလို့ခေါ်လို့ရပါတယ် )

နောက်တစ်ခုကတော့ ရောဂါပိုးတွေ sinuses ကနေတခြားနေရာဆီ ပျံ့သွားပြီး...
❗️မျက်လုံးရောင်တာ၊ မျက်လုံးပြည်တည်တာ
❗️ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ပြည်တည်တာ
❗️ဦးနှောက်သွေးပြန်ကြောသွေးခဲတာ
❗️ဦးခေါင်းခွံရောင်တာ တွေအထိဖြစ်နိုင်ပါတယ်။

❓ဘာတွေစစ်ကြည့်လို့ရမလဲ

- ဆရာဝန်ရဲ့ စမ်းသပ်မှုများအပါအဝင်
- ဦးခေါင်းဓာတ်မှန်ရိုက်ခြင်း (X ray Head)
- ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT head)
- နှာခေါင်းအတွင်းပြွန်ချောင်းဖြင့်ကြည့်ခြင်း(Nasal endoscopy) စတာတွေ စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။

❓ဘယ်လိုကုသလို့ရမလဲ

မိမိအိမ်မှာတင် ပြုလုပ်လို့ရတာတွေကတော့

- ရေနွေးငွေ့ရှူခြင်း
- အကိုက်အခဲ​ ပျောက်ဆေးသောက်ခြင်း
- နှာရည်အထွက်နည်းစေသော နှာခေါင်းဖျန်းဆေးဖျန်းခြင်း
- နှာခေါင်းက်ို saline နှင့် ​ဆေးခြင်း

🩺 ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေးသောက်ဖို့ လိုပါမယ်။

🩺 သောက်ဆေးနဲ့မပျောက်ရင်တော့ စုနေတဲ့အရည်တွေကိုခွဲစိတ်စုပ်ထုတ်ရတာအထိ လုပ်ရနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလိုလက္ခဏာတွေခံစားနေရရင် အရင်ဆုံး ဆရာဝန်နဲ့အမြန်ဆွေးနွေးဖို့တိုက်တွန်းပါရစေ

📌ထိပ်ကပ်နာမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
ဆေးလိပ်ငွေ့| ခြင်ဆေးငွေ့ |မီးခိုးငွေ့ အကုန်ရှောင်ပါ
ဖျားနာတဲ့သူ |အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူများနဲ့ ဝေးဝေးနေပါ
Aircon ခန်းထဲမှာနေရင် Airconကိုတပတ်တခါ သန့်ရှင်းရေးလုပ်ပါ
ဓာတိမတည့်သော အရာများရှူခြင်းမှ ရှောင်ကြဥ်ပါ

Crd: Tele Health

28/12/2023

Nebulizer အသုံးပြုနည်း / Nebulizer ရှုနည်း

❗ကိုယ်ကိုယ်တိုင်ဖြစ်စေ တခြားသူကိုပြုစုချင်သည် ဖြစ်စေ ကိုင်တွယ်တတ်ရန်ရည်ရွယ်ပါသည်။

🌀 Nebulizerဆိုသည်မှာ ဆေးအရည်ကို အခိုးအငွေ့အဖြစ်သို့ပြောင်းလဲစေသောစက်ပစ္စည်းတမျိုးဖြစ်သည်။

🌀 လူနာ၏အသက်ရှူလမ်းကြောင်းအတွင်းရှိ ချွဲ၊သလိပ်များကိုပျော်စေ၍လူနာကောင်းမွန်းစွာအသက်ရှူနိုင်စေရန်ဖြစ်သည်။ ကိုယ့်သဘောနှင့်ကိုယ် ရှု၍မရပါ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာရှုရမည်။

♦ Nebulizer ရှုရသောလူနာများ
– ပန်းနာရင်ကျပ်ရောဂါရှိသူများ(Asthma)
– နာတာရှည်အဆုတ်လေပြွန်ကျဥ်းရောဂါရှိသူများ
(COPD-Chronic Obstructive Pulmonary Disease)
– ဆရာဝန်ညွှန်ကြားချက်ရှိသူများ

♦ဘာပစ္စည်းတွေလိုအပ်မလဲ?
– Nebulizer Machine
– Nebulizer Mask
– Plastic tube
– ဆရာဝန်ညွှန်ကြားထားသောဆေးဝါးများ
(ဥပမာ-Ventolin 2.5mg,Ipravent solution,
N/S or မိုးရေ)

---------- ---------- --------- ---------- ---------- ----------- ---------- --------

လုပ်ဆောင်ရန်

– လက်ကို ဆပ်ပြာဖြင့်သေချာဆေးကြောပါ။

– ဆရာဝန်ညွှန်ကြားထားသောဆေးများအားစုဆောင်းပါ။

– မိမိပြုလုပ်မည့်အစီအစဥ်ကို လူနာအားရှင်းပြပါ။

– Nebulizer compressor ကို ညီညာသော မျက်နှာပြင်ပေါ်တွင်ထားပါ။

– စက်တွင်လိုအပ်သည့်ပစ္စည်းများတပ်ဆင်ပါ။

– ဆရာဝန်ညွှန်ကြားထားသည့်ဆေးရည်များကိုပမာဏမှန်ကန်စွာခွက်အတွင်းသို့ထည့်ပါ။

– သက်တောင့်သက်သာရှိသော ထိုင်ခုံပေါ်တွင်
တည့်တည့်မတ်မတ်ထိုင်ပါ။

– Face maskကို လူနာ၏ပါးစပ်နှင့်နှာခေါင်းလုံအောင် စနစ်တကျတပ်ဆင်ပါ။

– အဖွင့်အပိတ် ခလုတ်(Power)ဖွင့်ပါ။

– ဆေးရည်အငွေ့များထွက်လာပါလိမ့်မည်။

– ဆေးရည်ငွေ့များကိုအဆုတ်ထဲသို့ရောက်အောင် ဖြည်းဖြည်းချင်းရှုပါ။
လူနာအားနှာခေါင်းဖြင့်ရှိုက်ရှူပြီးပါးစပ်မှ လေများကိုပြန်ထုတ်စေပါ။

– ဆေးရည်မှအငွေ့များမကုန်မချင်းရှုပါ။

– ရှုနေစဥ် မူးဝေခြင်း ရင်တုန်ခြင်းဖြစ်လာပါက ခဏရပ်ပြီး အနာယူပါ၊ မသက်သာပါက ဆရာဝန်ကို ပြောပြပါ။

– ဆေးရည်များကုန်သွားပါက အငွေ့ထွက်ခြင်းရပ်တန့်သွားပါမည်။Power ပိတ်ပါ။

– လူနာ၏ခံတွင်းသန့်ရှင်းစေရန် ပလုတ်ကျင်းခိုင်းပါ။

– လူနာ၏ မျက်နှာပါးစပ်နှာခေါင်းတဝိုက်ကို
တစ်သျှူး(သို့) ပုဝါဖြင့်သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။

– ချွဲထွက်လာပါကဟပ်ထုတ်ရန်၊ထွေးထုတ်ရန် လူနာအားမှာကြားပါ။

– ရေနွေးနွေးဖြင့် ဆပ်ပြာအပျော့စားသုံးပြီး ခွက်နှင့် Face mask ကိုသေချာဆေးကြောပါ၊ အခြောက်ခံပါ။

❗ လူနာသည်ကူးစက်တတ်သောရောဂါရှိသည်ဖြစ်ပါက ကိုယ်ပိုင်Face maskထားရှိပေးရမည်။

– Nebulizer Compressor ကိုအသုံးမပြုသည့်အခါသေချာစွာသိမ်းပါ။
❗ ပြတင်းပေါက်အနီး၊ ဖုန်မှုန့်များ၊ မီးခိုးများရှိသောနေရာတွင် မထားပါနှင့်

– လူနာကိုပြုစုပေးနေသည်ဆိုပါက မှတ်တမ်းမှတ်ပါ။

ဒီလောက်ဆို Nebulizer ကိုဘယ်လိုအသုံးပြုရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။

ုံးပြုနည်း

28/12/2023

အဖွားကြည့်

နေ့စားငြိမ်း
၃•••••
31.12.23

ဆရာမလေး
MMH ဝင်ရန်
ရာထားပါသည်

HCSSW
admin(team)
hotline 09959205191
hotline 09427780693

Photos from Health Care Service Social Welfare's post 28/12/2023

New born

Night only
care ပေးရန်

ဆရာမလေး
MMS ဝင်သွားပါပြိ
အဆင်ပြေပါစေနော်

HCSSW admin(1)
hotline 09959205191

27/12/2023

Health Care Service Social Welfare မှ

ကြိုဆိုပါသည်...👴

Patient take care ပေးရန်

Member ဝင်ရန်
Nurse & Nurse aids

ပြန်လည်ဖိတ်ခေါ်ပါရစေ

HCSSW admin(1)
hotline 09959205191

Photos from Health Care Service Social Welfare's post 27/12/2023

တာမွှေမြို့နယ်
အလှအပရေးရာဆေးခန်းတွင်

ဆရာမလေးMMM
အလုပ်ရရှိ့သွားပါပြိ
အဆင်ပြေပါစေနော်

HCSSW admin(1)
hotline 09959205191

Photos from Health Care Service Social Welfare's post 27/12/2023

New born
ရက်သား

Day only
fees 2****
ဆရာမလေးZC

ဝင်သွားပါပြိ
အဆင်ပြေပါစေနော်

HCSSW admin(1)
hotline 09959205191

Photos from Health Care Service Social Welfare's post 27/12/2023

၈.၁၂.၂၃

အဖွား ၉၁
ဆီးပိုက်ပါ
လူကြီးရောဂါ
120lb(ခန့်မှန်းချေ)

နေ့စားငြိမ်း
လပြတ် ၅၅၀၀၀၀

ဆရာမလေးရပါပြီ
ဆရာမလေး ZWH အဆင်ပြေပါစေနော်

HCSSW admin(1)
hotline 09959205191

27/12/2023

Health care service social welfare မှ

ကြိုဆိုပါသည်....👴

လူကြီးမင်းတို့ အိမ်သူ/သားများ

ကလေးငယ်များ မွှေးဖွားသည့်အခါ👶
နာမကျန်းဖြစ်သည့်အခါ 🤒
ထိခိုက်ဒဏ်ရာရရှိ့သည့်အခါ 🤕

အနီးကပ်ပြုစုစောင့်ရှောက်မှု့လိုအပ်ပါသည်။

ကျွန်တော်များ ရဲ့ 👨‍⚕️👩‍⚕️ Social welfare မှ

ထိရောက်တိကျ စွာ ပြုစုပေးသွားမည်...☺️

ဆောင်ရွက်နိုင်သော ပုံစံ...

New born (မွှေးကင်းစကလေး)
baby care (နှစ် အလိုက်)
Elderly care (သက်ကြီးရွယ်အို)

ရရှိ့နိုင်သော service

Vital sign (အခြေခံလက္ခဏာယူပေးခြင်း)
Feeding (အစာကျွေးခြင်း)
Timely dosing (အချိန် မှန်ဆေးတိုက်)
Personal hygiene(ကိုယ်လက်သန့်စင်ပေးခြင်း)
injection (ဆေးချိတ်ပေးခြင်း)
dressing (အနာဆေးထည့်ပေးခြင်း)
Nebulizer (ရေနွေးငွေ့ရှူပေးခြင်း)
Physiothraphy (ခန္ဓာကိုယ်လေ့ကျင့်ပေးခြင်း)
Feeding tube (အစာပိုက်ထည့်ပေးခြင်း)

တချို့သော လူကြီးမင်းများ
ကျန်းမာရေးဆေးစစ်ချက်များ
စစ်ဆေးချင်ပါကလည်း

အိမ်တိုင်ရာရောက် tude များဖြင့်
သွေးဖေါက်ပေးကာ စစ်မှန်တဲ့
ဓာတ်ခွဲခန်းသို့
(ပို့ဆောင်၊စစ်ဆေး၊အဖြေယူ)ပေးခြင်း

ဆေးရုံတက်လိုသည်ဖြစ်စေ
ရက်ချိန်းပြန်ပြလိုသည်ဖြစ်စေ
အဆင်ပြေသည်ထိဆောင်ရွက်ပေးပါသည်။

စသည်တို့ အပြင် သီးခြားသက်ဆိုင်ရာများလည်းပါဝင်ပါသည်။...👍

ဆက်သွယ်နိုင်ရန်
📲09959205191(viber)

Website