Let's eat

Let's eat

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Let's eat, Kitchen/Cooking, .

Photos from Let's eat's post 16/06/2023

တစ်ပတ်စာ ထမင်းချိုင့် 😋😋😋😋

ထမင်းချိုင့်အတွက် တစ်ပတ်စာ
ဘာချက်ရမလဲ စဉ်းစားနေတဲ့သူတွေ
အကြံဉာဏ်ရအောင်လို့ပါ 😍😍😍

(မင်မင်က တစ်ပတ်ကို ၄ ရက်ပဲ
ထမင်းချိုင့်ထည့်တာမလို့ပါ)

26/05/2023

အသီးမှာ သရက်
အရွက်မှာ လက်ဖက် ဆိုတဲ့အတိုင်း

ရာသီဥတုပူပူမှာ အသားမစားချင်တဲ့အချိန်
ရာသီဥတုနဲ့လည်း လိုက်ဖက်တဲ့ ညနေစာလေး 🤤

လက်ဖက်ထမင်းစပ်စပ်လေးကို
ကြက်ဥကြော်လေးနဲ့ ရေနွေးလေးသောက်စားပြီး
သရက်သီးချိုချိုလေး အချိုတည်း 🤤🤤

Photos from Let's eat's post 13/04/2023

စာလို့လည်းကောင်းပြီး ခုရာသီနဲ့လိုက်တဲ့
နောက်ထပ်အစားအစာလေးတစ်ခုပါ 💕💕

🤤🤤 တိုဟူးနှောင်း

တို့ဟူးနှောင်းအစစ်ကတော့ ပဲကိုအခြေခံပြီး
လုပ်တာဖြစ်ပေမယ့် အခုဟာလေးကတော့
အိမ်မှာအလွယ်လုပ်စားလို့ရမယ့်နည်းလေးပါနော် 🥰

ပါဝင်ပစ္စည်း

၁) ပဲနို့ဘူး 300ml - ၂ ဘူး
၂) အာဂါးအပြာ - လက်ဖက်စားဇွန်း ၂ဇွန်း
(အစိမ်းရောင်အထုတ်မသုံးပါနဲ့၊ အစိမ်းရောင်နဲ့ဆို မာပြီးကျောက်ကျောလိုဖြစ်သွားလို့ပါ)
၃) ထန်းလျှက် - မိမိစိတ်ကြိုက်ပမာဏ
၄) ဆား။ - အနည်းငယ်

ပြုလုပ်ပုံ

- ပထမဆုံး ထန်းလျှက်ကို ဆားအနည်းငယ်ထည့်ပြီး ကျိုပါ။ ထန်းလျှက်မှာသဲပါတဲ့အတွက် ကြိုပြီးထန်းလျှက်ရည်ကို ဇကာ(သို့)ရေစစ်ဖြင့်စစ်ပြီး ရေခဲသေတ္တာအောက်ဆင့်မှာ အအေးခံထားပါ။
- အာဂါးဂျယ်လီမှုန့်ထမင်းစားဇွန်း၂ဇွန်းကို ရေနဲ့ဖျော်ထားပါ။
- ပဲနို့ ၂ဘူးကို အိုးထဲထည့်ပြီး ပူလာအောင်တည်ပေးပါ။
- ပဲနို့ပူလာရင် ဖျော်ထားတဲ့ အာဂါးဂျယ်လီမှုန့်ကိုထည့်ပြီး ၁မိနစ်လောက်အဆက်မပြတ်မွှေပေးပါ။
- ပြီးရင်တော့ အအေးခံမယ့်ဘူးတစ်ခုထဲကို ဇကာ(သို့)ရေစစ်နဲ့စစ်ပြီးထည့်ပေးပါ။
- ရေခဲသေတ္တာအောက့်ဆင့်မှာ ၂နာရီလောက်အအေးခံပေးပါ။ (ရေခဲခဲတဲ့အဆင့်မှာမထည့်ပါနဲ့)
- ပြီးရင်တော့ ထန်းလျှက်ရည်လေးလိုသလောက်ထည့်ပြီး တို့ဟူးနှောင်းအေးအေးလေးကို သုံးဆောင်လို့ရပါပြီ။

လုပ်ရတာလည်းလွယ်တဲ့အပြင် ရာသီဥတုပူပူမှာ စားလိုက်တာနဲ့ ရင်ထဲအေးသွားစေမယ့် အစားအစာလေးဖြစ်လို့ အိမ်မ‌ှာနေရင်းအလွယ်တကူလုပ်စားနိုင်အောင် မျှဝေပေးလိုက်ပါတယ် 🥰🥰🥰🥰

10/04/2023

Budget လည်းဖြစ်ပြီး
ပူအိုက်တဲ့နွေနဲ့လိုက်တဲ့ ရာသီပေါ်ဖျော်ရည်လေး 🤤

💜💜 မရမ်းသီးဖျော်ရည် 🥤🥤

ပါဝင်ပစ္စည်း

မရမ်းသီး
ဆား
သကြား
ရေ

ပြုလုပ်ပုံ

မရမ်းသီးကို အခွံနွာပြီး၊ မိမိစိတ်ကြိုက်အချိုအတွက်သကြားထည့်၊ ဆားအနည်းငယ်ထည့်ပြီး လက်နဲ့ပဲ မရမ်းသီးကြေတဲ့အထိ ချေပါ။ မရမ်းသီးအရည်လေးတွေရလာပြီဆို ရေကိုလိုသလောက်ရောပြီး ရေခဲသေတ္တာထဲအအေးခံပြီးသောက်တာဖြစ်စေ၊ ရေခဲတုံးလေးတွေထည့်ပြီးသောက်တာဖြစ်စေ စိတ်ကြိုက်သောက်သုံးလို့ရပါပြီ။

ရာသီပေါ်အသီးလေးလည်းဖြစ်
ပူ‌အိုက်တဲ့အချိန်မှာ ချိုချိုချဉ်ချဉ်အေးအေးလေးဆိုတော့
လူကြီးတွေအတွက်ရော လူငယ်တွေအတွက်ရော
အကြိုက်တွေ့စေမယ့် ဖျော်ရည်လေးဖြစ်လို့
မျှဝေပေးတာပါရှင့် 🥰🥰🥰

Photos from Let's eat's post 16/03/2023

ငါးကြော်ဆီပြန်ချက်
ပုစွန်အစပ်ကြော်
ခရမ်းသီးနှပ်

30/10/2020

Home made KaYar Jam 🤤🤤

ပိတ်ရက်မှာ Breakfast ဘာစားရမလဲစဉ်းစားနေသူတွေအတွက် ပေါင်မုန့်နဲ့တွဲစားလို့ကောင်းတဲ့
KaYar Jam လုပ်နည်းလေးတင်ပေးလိုက်ပါတယ် 😍

ပါဝင်ပစ္စည်း

- ကြက်ဥ ၃ လုံး
- သကြား။ ထမင်းစားဇွန်း ၃ ဇွန်း
- အုန်းနို့ဘူးသေး ၁ ဘူး (160 ml)
- ဆား။ အနည်းငယ်
- Vanilla favour အနည်းငယ်
- ထောပတ်။ အနည်းငယ် (မထည့်လည်းရ)

ပြုလုပ်ပုံ

- ယိုကျိုမယ့်အိုးထဲကို ကြက်ဥ ၃ လုံးကိုဖောက်ထည့်ပြီး သမအောင်မွှေပါ။
- သကြား၊ ဆားတို့ကိုထည့်ပြီး သကြားများပျော်တဲ့အထိမွှေပေးပါ။
- အုန်းနို့၊ Vanilla favour၊ ထောပတ် တို့ထည့်ပြီး သမအောင်မွှေပါ။
(Vanilla favour နေရာမှာ ဆွမ်းမွှေးရွက်ရှိလို့ထည့်ရင်ပိုကောင်းပါတယ်။)
- ဆွမ်းမွှေးရွက်ထည့်မယ်ဆို ဆွမ်းမွှေးရွက် ၅ရွက်လောက်ကို အရွယ်တော်လှီးပြီး ကျိတ်စက်ထဲကို ရေ ထမင်းစားဇွန်း ၂ဇွန်းထည့်ပြီး အရည်ရအောင်ကျိတ်ပါ။ - Vanilla favour နေရာမှာ ဆွမ်းမွှေးရွက် အရည် ထမင်းစားဇွန်း ၂ဇွန်းထည့်ပေးပါ။
- ချောကလက်အရသာစားချင်ရင်တော့ Milo မှုန့် (သို့) ချောကလက်မှုန့် ထမင်းစားဇွန်း ၃ဇွန်း ကို ရေနွေးထမင်းစားဇွန်း ၅ဇွန်းထည့်ပြီး သမအောင်မွှေပြီး ထည့်ပါ။

ယိုစကျိုပါမယ် 😬

- အိုးအကြီးတစ်လုံးထဲကို အဝတ်စတစ်စကိုထည့်ပြီး ရေနွေးထည့်ပါ။ (မီးဖိုပေါ်တိုက်ရိုက်တင်ပြီး ကျိုရင် အပူမထိန်းနိုင်တဲ့အခါ ကပ်တာ တူးတာဖြစ်ပြီး အရသာ၊အနံမကောင်းဖြစ်တတ်လို့ပါ။)
- ကြက်ဥ၊ သကြား၊ ဆား၊ အုန်းနို့၊ Vanilla favour တို့သမအောင်မွှေထားတဲ့အိုးကို ထည့်ပါ။
- ၂၅ မိနစ်လောက် ကျိုပါ။ ကျိုနေတဲ့အချိန်မှာလည်း အိုးမကပ်အောင်နဲ့ သမအောင် အဆက်မပြတ်တော့ မွှေပေးနေရပါမယ်။
- မိမိကြိုက်နှစ်သက်တဲ့ အနေအထားပျစ်လာပြီဆိုရင်တော့ အအေစခံထားပေးပါ။
- အအေးခံနေတုန်းမှာလည်း အိုးကပူနေတုန်းမလို့ ခဏတော့မွှေနေပေးပါဦး။
- Home made KaYar Jam ကို ရေခဲသေတ္တာထဲထည့်ပြီး ၃ရက်ကနေ ၇ရက်အထိထားပြီး စားနိုင်ပါတယ်။

Photos from Let's eat's post 04/10/2020

ကဲဒီတစ်ပတ်အတွက် ကတော့

ကိုရီးယားကြက်ကြော် ချိုစပ် 🍗🍗
လုပ်နည်းလေးကို ပြောပြပေးပါမယ် ♥️

ပါဝင်ပစ္စည်း (ကြက်ကြော်)
- ကြက်သား
- ကြက်သားမှုန့်
- ဆား
- အကြော်မှုန့်
- ကြက်ဥ
- ပဲငံပြာရည်အနောက်
- ဆီ

ကြက်ကြော်ရန်

- ကြက်သားကို အရွယ်တော်အတုံးလေးတွေတုံးပါမယ်။
(အသားချည်းပဲဆို ပိုကောင်းပါတယ်)
- ဆား (အနည်းငယ်) ၊ကြက်သားမှုန့် (အနည်းငယ်)၊ ပဲငံပြာရည် (အနည်းငယ်)၊ ကြက်ဥ (၁လုံး)၊ အကြော်မှုန့် (ထမင်းစားဇွန်း ၃ဇွန်း) တို့ကိုထည့်ပြီး နည်ပါမယ်။
- ကြက်သားကြော်မယ့်အိုးကို အတော်ပူတဲ့ထိ အပူပေးပါမယ်။ အိုးပူလာမှ ဆီထည့်ပါမယ်။
- ဆီအတော်ပူလာပြီဆိုရင် နယ်ထားတဲ့ကြက်သားများကို ထည့်ပြီး ရွှေညိုရောင်သန်းလာတဲ့အထိ ဟိုဘက်ဒီဘက်တစ်လှည့်စီလှန်ပြီး ကြော်ပါမယ်။ (ပုံ-၁)
- ကြက်သားကြော်တွေကို ဆယ်ပြီးဆီစစ်ထားပါမယ်။

ပါဝင်ပစ္စည်း (ဆော့စ်လုပ်ရန်)

- ခရမ်းချဉ်သီးဆော့စ်။ ထမင်းစားဇွန်း ၃ ဇွန်း
- ကိုရီးယားငရုပါသီးအနှစ် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
- ရှာလကာရည်။ ထမင်းစားဇွန်း ၁ ဇွန်း
- သကြား(သို့)ပျားရည် ထမင်းစားဇွန်း ၂ ဇွန်း
- ကိုရီးယားငရုပ်သီးမှုန့် (သို့) အရောင်တင်မှုန့်
- ပဲငံပြာရည်အကျဲ။ ထမင်းစားဇွန်း တစ်ဝက်
- ခရုဆီ (မထည့်လည်းရ)။ အနည်းငယ်
- Corn Starch ထမင်းစားဇွန်း တစ်ဝက်

ပြုလုပ်ပုံ

- ပါဝင်ပစ္စည်းအားလုံး( corn starchမှအပ) ကို ပန်းကန်တစ်ခုထဲထည့်ပြီး ရေအနည်းငယ်နှင့်အတူ သမအောင်မွှေပါ။
- ဒယ်အိုးတစ်ခုထဲထည့်ပြီး အပူပေးပါ။
- ပွက်လာပါက corn starch အမှုန့်ကို ရေနွေးအနည်းငယ်ဖြင့် ဖျော်ပြီးထည့်ပါ။
- ပြီးလျှင်ကြော်ထားတဲ့ ကြက်သားများထည့်ပြီး ရေခြောက်တဲ့အထိ (၁၀ မိနစ်လောက်) ကြော်ပေးပါ။
- အနှစ်အရသာများ ကြက်သားထဲဝင်မှ အရသာပိုပြီး စားကောင်းမှာဖြစ်ပါတယ်။
- ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အပေါ်က နှမ်းလေးဖြူးပေးလိုက်ရင်တော့ လွယ်ကူပြီး အရသာလည်းရှိ သန့်ရှင်းလတ်ဆတ်တဲ့ ကိုရီးယားကြက်ကြော်လေးကို အိမ်မှာပဲ အလွယ်တကူ ကုန်ကျစရိတ်နည်းနည်းနဲ့ စားသုံးနိုင်မှာဖြစ်ပါတယ်။

- ပါ၀င်ပစ္စည်းများထဲမှာ ငရုပ်သီးမှုန့်ကို အစပ်အနေအထား မိမိကြိုက်နှစ်သက်သလိုထည့်ပေးပါ။
- ကိုရီးယားငရုပ်သီးအနှစ် မရှိပါက မထည့်လည်း ရပါတယ်။ ထည့်ပေးရင်တော့ အရောင်နဲ့အနံ့ပိုကောင်းပါတယ်။
- Spicy ငရုပ်သီး အနှစ်ရှိရင်တော့ အနည်းငယ်ထည့်ပြီး ကြော်ရင် အစပ်ကြိုက်တဲ့သူတွေအတွက် စားရတာပိုထိစေပါတယ် 😬😬 (မင်မင်ကတော့ ကြိုက်လို့ထည့်တယ်)

28/09/2020

Page လေးလည်းငြိမ်သက်နေတာကြာပြီဆိုတော့
ဒီတစ်ပတ်ကို

Tik Tok မှာခေတ်စားနေတဲ့
Baked Milk လေးလုပ်ပြပါမယ်

ခုလို Covid ကာလမှာ ကိုယ်ခံအားလည်းကောင်းအောင်၊
အပြင်စာမစားရတော့ အိမ်မှာပဲလွယ်ကူပြီး
အရသာရှိတဲ့ မုန့်လေးလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း ၄မျိုးပဲလိုတာပါ။
ဒါပေမယ့် Oven လေးတော့လိုတယ် Bake လုပ်ဖို့ 😬

ပါဝင်ပစ္စည်း

- ကြက်ဥ အနှစ် - ၂လုံး
- သကြား - ၂၀ ဂရမ်
- နွားနို့။ - ၅၀၀ မီလီ
- Corn Starch - ၄၅၀ ဂရမ်

ပြုလုပ်ပုံ
- ကြက်ဥကိုအနှစ်ကြီးပဲ ထည့်ပါမယ်။
- သကြား၊ ကြက်ဥအနှစ်၊ နွားနို့၊ Corn Starch တို့ကို ခွက်တစ်ခုထဲထည့်ပြီး အားလုံးသမအောင်မွှေပါ။
- ပြီးရင် ကြိုမယ့်အိုးထဲသို့ စကာလေးနဲ့စစ်ပြီး ထည့်‌ပါ။
- မီးကို အနေတော်ထားပြီး အတော်ပျစ်လာတဲ့အထိကြိုပေးပါ။
- ပြီးရင် အဖုံးပါတဲ့ ခွက်တစ်ခုထဲထည့်၊ မျက်နှာပြင်ညီအောင်ညှိပြီး ရေခဲသေတ္တာထဲမှာ ၂နာရီခန့် အအေးခံပေးပါ။
- ၂နာရီပြည့်ပြီဆိုရင် ရေခဲသေတ္တာထဲကထုတ်ပြီး အနေတော်အတုံးလေးတွေလှီးပြီး Bake လုပ်မယ့် ဗန်းထဲသို့ထည့်ပြီး အပေါ်ကနေ ကြက်ဥအကာလေးတွေကို စုတ်တံလေးနဲ့ လိုက်သုပ်ပေးပါ။
- အပူချိန် ၂၀၀°C နှင့် အချိန် ၁၈ မိနစ် Bake လုပ်ပြီးရင်တော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ Baked Milk လေးကို ရရှိပါပြီ။

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါလို့ 🖤🖤

14/08/2020

Page လေး active မဖြစ်တာလည်း
ကြာပြီဆိုတော့
ဒီတစ်ပတ် အိမ်မှာအလွယ်လုပ်စားလို့ရမယ့်
Home made yogurt လုပ်နည်းလေး
တင်ပေးမယ်နော် 😍😍😍😍😍

‌မကြာမှီလာမည် ပေါ့ 😬😬😬😬

Photos from Let's eat's post 13/07/2020

ဒီတစ်ပတ်အတွက် အော်ဒါတင်လို့ရပါပြီနော် 😍😍

Photos from Let's eat's post 11/07/2020

ဒီတစ်ပတ်အတွက်အော်ဒါမှာပေးတဲ့
တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးပါလို့ ❤️❤️

#ကြက်ဥလိပ်

Photos from Let's eat's post 05/07/2020

နောက်အပတ်အတွက် Order ကို

Kim Chi ၂ မျိုးအပြင်
Menu အသစ်လေးတစ်မျိုးကို
အရသာ ၃ မျိုးနဲ့ ထပ်ထည့်ပေးထားတယ်နော်

Menu အသစ်လေးကတော့

ကြက်ဥလိပ်လေး 🥚ပါ

အရသာတစ်မျိုးထဲစားရတာရိုးမှာစိုးလို့ 😁
အရသာကို ၃ မျိုးလုပ်ပေးထားပါတယ် 😘😘

အရသာစိမ့်စိမ့် လေးကြိုက်တဲ့သူတွေအတွက်
😋😋😋 ရိုးရိုးကြက်ဥလိပ်
Mayonnaise အရသာလေးကို ဦးစားပေးထားပါတယ်

စပ်စပ်လေးကြိုက်ရင်တော့
ကြက်သားမွှအစပ် ကြက်ဥလိပ်လေးက ကွက်တိပါပဲ 😋

Chesseအရသာလေးနဲ့ ငန်ငန်စိမ့်စိမ့်လေးဆိုရင်တော့
Cheese ကြက်ဥလိပ်လေးရွေးချယ်လိုက်ပါ 😋😋😋

အရသာအားလုံးကိုမှ စားချင်တယ်ဆိုရင်လည်း
ကြက်ဥလိပ်အစုံလေး ရနိုင်ပါသေးတယ် 😎😎

ပုံမှန် Menu လေးဖြစ်တဲ့
မုန့်ညှင်း Kim Chi နဲ့ သခွားသီး Kim Chi လေးတွေလည်း
ရနိုင်သေးတယ်နော် 😘😘

💸💸 ဈေးလေးတွေကတော့

ရိုးရိုးကြက်ဥလိပ် - ၁,၅၀၀ (၈ ခု)
ကြက်မွှအစပ် ကြက်ဥလိပ် - ၂,၀၀၀ (၈ ခု)
Chessee ကြက်ဥလိပ် - ၂,၀၀၀ (၈ ခု)
ကြက်ဥလိပ်အစုံ - ၂,၀၀၀ (၈ ခု)
မုန့်ညှင်း Kim Chi - ၃,၀၀၀ (၁ ဘူး)
သခွားသီး Kim Chi - ၂,၅၀၀ (၁ ဘူး)

မြို့နယ်အလိုက် delivery လေးတွေလည်းရှိပါတယ်။
Delivery fee ကတော့ မြို့နယ်အလိုက်
အသက်သာဆုံး နှုန်းထားလေးတွေပဲပေးရမှာပါ ❤️

☎️☎️ 09 787850417
📨📨 Page Messager ကနေမှာလို့ရပါပြီ

🔺🔻 သောကြာနေ့ နေ့လည် နောက်ဆုံးထားပြီး
အော်ဒါတင်လို့ရပါပြီ 🔻🔺

05/07/2020

Sunday Order 😍😍

😋😋

ဝယ်ယူအားပေးတဲ့တစ်ဦးယောက်ချင်းစီကို
ကျေးဇူးတင်ပါတယ် ❤️❤️❤️

📢📢 အဆင်မပြေတာရှိရင်လည်း
အကြံဉာဏ်လေးတွေပေးနိုင်ပါတယ်နော်။

🤸🤸နောက် Menu အသစ်တွေလည်း လာဦးမှာဖြစ်လို့
အားပေးကြပါဦး 😘😘😘😘😘

လောလောဆယ်ရတဲ့ Kim Chi
လေးတွေမှာယူအားပေးချင်တယ်ဆိုရင်တော့

🎁( Promotion ကာလဖြစ်လို့ လက်ဆောင်လေးတွေလည်း တစ်ပတ်နဲ့တစ်ပတ် မတူအောင်ထည့်ပေးနေပါတယ်)🎁

☎️ 09 787850417 နဲ့
📨 Page Messager ကနေမှာယူအားပေးနိုင်ပါတယ်။

💸💸 ဈေးနှုန်းလေးကတော့

မုန့်ညှင်း Kim Chi - ၁ ဘူး - ၃,၀၀၀
သခွားသီး Kim Chi - ၁ ဘူး - ၂,၅၀၀

⭕ သောကြာနေ့တိုင်း order ပိတ်ပြီး
Saturday နဲ့ Sunday မှာ Order ပို့ပေးပါတယ် ⭕

29/06/2020

ဝယ်ယူအားပေးကြသူများကို
😍ကျေးဇူးအထူးတင်ရှိပါတယ်😍

(အချို့ဘူးတွေမရိုက်လိုက်ရဘူး) 😁😁

ပေးရတဲ့ဈေးနဲ့တန်အောင်
သန့်ရှင်းတဲ့ Home Made Kim Chi လေးတွေ

ဝယ်ယူသူတွေကိုကျေးဇူးတင်လို့
မုန့်ညှင်း ကင်မ်ချီဝယ်ရင် သခွားသီးကင်မ်ချီ
သခွားသီးကင်မ်ချီဝယ်ရင် မုန့်ညှင်းကင်မ်ချီ
တွေကို လက်ဆောင်ထည့်ပေးနေပါတယ် 😘😘😘

25/06/2020

ဒီတစ်ပတ်မှာ
Menu အသစ်လေး
တင်ပေးပါမယ် 😋😋😋😋

Photos from Let's eat's post 21/06/2020

လေးတွေမှာလို့ရပါပြီနော် 😘😘

ဒီနေ့ကစပြီး အော်ဒါတင်လို့ရပါပြီ 👍👍
သောကြာနေ့ညအော်ဒါပိတ်မှာပါနော် 🗓️🗓️
တနဂ်နွေနေ့ အော်ဒါပို့ပေးပါမယ်
(ရတာနဲ့တန်းစားလို့ရအောင်လို့ပါ) 😋😋

ကိုယ်တိုင်လုပ်တာဖြစ်လို့ ဘာဓာတုပစ္စည်းမှမပါပါဘူး❌

အိမ်မှာကိုယ်တိုင်စားဖို့စိမ်ရင်း
စားကောင်းပြီး ဈေးသက်သက်သာသာနဲ့ အရသာရှိရှိ
အများကိုစား‌ကြည့်စေချင်တာမလို့ ရောင်းပေးတာပါ 😍

💸💸 Price
မုန့်ညှင်း Kim Chi - ၁ဘူး (၃,၀၀၀ ကျပ်)
သခွားသီး Kim Chi - ၁ ဘူး (၂,၅၀၀ ကျပ်)

🌶️အစပ်ကတော့ အားလုံးစားနိုင်ရုံ ပုံမှန်ဖြစ်လို့
အစပ်ပိုချင်တာ ‌လျော့ချင်တာကိုလဲ Customized မှာပေးလို့ရပါတယ်။🌶️

ပုံလေးတွေကြည့်ပြီး သရေကျသွားရင်တော့ 😋😋
Ph - 09 787850417 ကို 📞 ဆက်ပြီး မှာမလား?
Page ရဲ့ Messager 💬 ကနေမှာမလား?
မြန်မြန်သာမှာယူလိုက်ပါ။

မြို့နယ်အလိုက်ပို့ခတွေကိုတော့ Messager ကနေမေးပေးပါနော် 💬💬💬

Photos from Let's eat's post 14/06/2020

ဟို၂ပတ်က မအားတာရော
ပျင်းနေတာရောနဲ့ ဘာမှမတင်ဖြစ်ဘူး 😁😁

ဒီတစ်ပတ်တော့ သူငယ်ချင်းတစ်ယောက်ကလည်း
တင်ပေးပါ၊ အိမ်ကလည်း စားချင်တယ်ဆိုတာနဲ့

#မာလာရှမ်းကော 🍜

လေးချက်စားဖြစ်တာနဲ့
လွယ်လွယ်ကူကူ budget နည်းနည်း
အရသာရှိရှိ ဝဝလင်လင်စားရအောင်
ချက်နည်းလေးတင်ပေးမယ်နော်

ပါဝင်ပစ္စည်း

- ကြိုက်နှစ်သက်ရာ အသီးအရွက်၊ အသား၊ ပင်လယ်စာ၊ အသင့်စားအသားလုံး ကြိုက်သလိုထည့်လို့ရပါတယ်။

- ခုချက်စားတဲ့ထဲမှာပါတဲ့ ပစ္စည်းတွေကတော့

ကျောက်ဖရုံရွက်။ ၁ စည်း
ကန်စွန်းရွက်။ ၁ စည်း
မုံညှင်းဖြူ ၁ ထုတ်
ကြာစွယ်။ ၁ တောင့်
ကြွက်နားရွက်မှို။ ၁၀ သား
မုံလာဥနီ။ ၁ လုံး
ငရုပ်ပွ။ ၃ လုံး
ပြောင်းဖူး။ ၃ ဖူး
ခေါက်ဆွဲ။ ၅ ပြား
ဝက်သား။ ၃၀ သား
ကြက်ဥချောင်း။ ၁ ထုပ်
(အခြားအသားလုံးများ)
မာလာရှမ်းကော အနှစ်ထုပ်။ ၁ ထုပ်
ဂျင်း။ အနည်းငယ်
ကြက်သွန်ဖြူ။ ၁ လုံး
သကြား။ ထမင်းစားဇွန်း၂ ဇွန်း
ကြက်သားမှုန့်။ အနည်းငယ်
ငံပြာရည်။ ထမင်းစားဇွန်း၂ ဇွန်း

ပြင်ဆင်ပုံ

(မာလာရှမ်းကောချက်တဲ့အခါ ချက်ရတာမခက်ပါဘူး။ ပြင်ဆင်ရတာပဲကြာတာပါ။ 😁😁)

- အသီးအရွက်တွေကို အရွယ်တော် လှီးဖြတ်ထားပါ။
- ပြောင်းဖူးတစ်ဖူးကို ၅ ပိုင်းလောက်ဖြတ်ထားပါ။
- ဝက်သားကို အတုံးခတ်လတ်လတ်လေးတွေတုံးပြီး ကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဇွန်းထည့်နယ်ထားပါ။
(ပင်လယ်စာသုံးမယ်ဆိုရင်တော့ ရေသေချာဆေးပြီး စစ်ထားပါ။ ရေဘဝဲတို့၊ ကင်ပွန်တို့ဆိုရင် အငန်တွေထွက်သွားအောင် ရေနွေးနဲ့ ၂ရေလောက်ပြုတ်ထားပါ။)
- အသားလုံးတွေကိုလည်း အရွယ်တော်အတုံးလေးတွေ လှီးထားပါ။
- ဂျင်းနဲ့ ကြက်သွန်ဖြူကို အနည်းငယ်ထောင်းထားပါ။
- ခေါက်ဆွဲကိုပြုတ်ထားပါ။ အရမ်းနူးနေအောင်မပြုတ်ပါနဲ့။ တစ်ဝက်လောက်ကျက်ရုံလောက်ဘဲ ပြုတ်ပါနော်။ ပြီးရင်ဆယ်ပြီး ရေအေးနဲ့အေးသွားတဲ့အထိဆေးပြီး ရေစစ်ထားပါ။
- ခေါက်ဆွဲပြုတ်ထားတဲ့ရေနွေးကို ဆက်မသုံးဘဲ ရေနွေးအိုးအသစ်တစ်လုံးကို ဗွမ်းဗွမ်းပွက်အောင်တည်ပါ။ ရေနွေးဆူလာရင် ရေနွေးထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်းမောက်မောက်ထည့်ပြီး ထပ်ပွက်လာအောင်ထားပါ။
- ရေနွေးပြန်ပွက်လာရင် အသီးအရွက်တွေကို တသ်ခုချင်းထည့်ပြီး ၃မိနစ်ခန့်စီပြုတ်ပါ။
✅✅ ဒီနေရာမှာ သတိထားရမှာက ပြုတ်ပြီးသား အသီးအရွက်တွေကို ရေအေးနဲ့ အေးနေအောင် ပြန်ဆေးပြီး ရေစစ်ထားဖို့ပါ။
- ရေနွေးထဲက ဆယ်ထားတဲ့ အပူအတိုင်း ထားကင် အသီးအရွက်တွေနွမ်းပြီး စားချင်စရာမကောင်းတော့ပါဘူး။

စချက်ပါမယ် 👌

- ဒယ်အိုးပူလာရင် ဆီထည့်ပါ။ ဆီဆူလာပြီဆိုရင် ထောင်းထားတဲ့ ဂျင်းနဲ့ကြက်သွန်ဖြူကို ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။
- မာလာအနှစ်ထုပ်ဖောက်ထည့်ပါ။ ၀က်သား (ပင်လယ်စာ အစိမ်း) ထည့်ပြီး ၃မိနစ်ခန့်ဆီသတ်ပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။
- ဆီပြန်လာရင် အသားလုံး (ပြုတ်ထားတဲ့ပင်လယ်စာ) ထည့်ပါ။
- အသားလုံးတွေထဲ အရသာဝင်သွားအောင် ၃ မိနစ်ခလာက် မွှေပေးထားပါ။
- ကြာစွယ်နဲ့ ပြောင်းဖူး ထည့်ပြီး ၂မိနစ်လောက် မွှေပေးပါ။
- ပြီးရင်တော့ ပြုတ်ထားတဲ့ အသီးအရွက်နဲ့ ခေါက်ဆွဲတို့ကိုထည့်ပါ။ သကြားထည့်ပါ။ ငံပြာရည်၊ ကြက်သားမှုန့်ထည့်ပြီး သမလာအောင် ၅ မိနစ်လောက်ချက်ပေးပါ။

Photos from Let's eat's post 24/05/2020

ပူအိုက်လှတဲ့ အားလပ်ရက်နေ့ခင်းမှာ
အေးတာလေးတစ်ခုခုသောက်ချင်တဲ့ လူတွေအတွက်
ရာသီဥတုနဲ့လိုက်ဖက်တဲ့ သောက်စရာလုပ်နည်းလေးတွေ
တင်ပေးပါမယ် 💌💌

ကော်ဖီကြိုက်တဲ့လူတွေအတွက်ကတော့
☕ Dalgona Coffee ဖျော်နည်းနဲ့

‌ဖျော်ကြည့်ပေမယ် fail ဖြစ်တတ်တဲ့လူတွေအတွက်
Dalgona ဖျော်ရင်သတိထားရမယ့်အချက်လေးတွေ
ပြောပြပေးမှာပါနော်

သဘာဝအသီးဖျော်ရည်ပဲကြိုက်တဲ့လူတွေအတွက်
🍉 Watermelon Smoothie

✅✅ပုံအောက်မှာဖျော်နည်းလေးတွေ ကြည့်ပေးပါ ♥️

Photos from Let's eat's post 23/05/2020

ဒီတစ်ပတ်တော့ ပူတဲ့ရာသီဥတုနဲ့လည်းလိုက်ဖက်
ရာသီပေါ်စာလေးလည်းဖြစ်
လုပ်ရလည်းလွယ်ကူတဲ့

🍦သရက်သီးရေခဲမုန့်🍦 လုပ်နည်းလေးတင်ပေးပါမယ်

👇👇အောက်မှာပုံလေးတွေနဲ့လည်း တစ်ပုံချင်းစီ ရှင်းပြပေးထားတယ်နော် ♥️

ပါဝင်ပစ္စည်း

- သရက်သီး။ ၂လုံး
(ကြိုက်တဲ့သရက်သီးထည့်လို့ရပါတယ်။ စိန်တစ်လုံးလိုအနံမွှေးတဲ့ အသီးဆိုပိုကောင်းပါတယ်)
- နွားနို့။ 500 ml
- ဂျုံမှုန့်။ ထမင်းစားဇွန်း ၃ဇွန်း
- သကြား ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ

- သရက်သီးကို အစိတ်လေးတွေလှီးထားပါ။
- ဂျုံကို လှော်ပါ။ ရွှေရောင်သန်းလာတဲ့အထိလှော်ပါမယ်။
- ဂျုံကိုအအေးခံထားတုန်မှာ နွားနို့ကို ပွက်ပွက်ဆူအောင်တည်ပါ။ (အသင့်သောက်နွားနို့ဆိုလည်း ပွက်အောင်ပြန်ကျိုပေးရပါမယ်)
- နွားနို့ကိုခဏအအေးခံပါ။
- နွားနို့အေးရင် လှော်ထားတဲ့ဂျုံထဲကို နွားနို့ ၃ပုံပုံတစ်ပုံ ထည့်ပြီး သမအောင်မွှေပါ။
- ကျန်တဲ့နွားနို့ကို ပြန်အပူပေးပြီး ဂျုံနဲ့နွားနို့သမအောင်မွှေထားတဲ့အရည်ကိုနည်းနည်းစီထည့်ပြီး အဆက်မပြတ်မွှေပေးပါ။
- အနည်းငယ်ပျစ်လာတဲ့ထိ အဆက်မပြတ်မွှေပြီး ကျိုပေးပါ။ အရည်ကျဲနေရင် ရေခဲမုန့်မဖြစ်ပါဘူးနော်။
❌နွားနို့အိုးထဲကို လှော်ထားတဲ့ဂျုံ အကုန်ထည့်ပြီး‌တစ်ခါတည်းမွှေလို့မရပါဘူးနော်။ ဂျုံတွေလုံးသွားတတ်လို့ အဆင်မပြေပါဘူး❌❌❌❌

ပြုလုပ်ပုံ

- လှီးထားတဲ့သရက်သီး၊ ကျိုထားတဲ့ဂျုံနဲ့နွားနို့ နှင့် သကြားတို့ကို blander ထဲထည့်ပြီး သမအောင်မွှေပါမယ်။
- ပြီးရင်တော့ အအေးခံမယ့်ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃/၄ နာရီကြာထည့်ထားပါ။
- ၃/၄ နာရီအအေးခံပြီးကင်တော့ တစ်ခါ blander နဲ့ပြန်မွှေပေးပါ။
✅✅ ဒီလိုနောက်တစ်ခေါက်ထပ်ပြီး မွှေဖို့ကိုမေ့လို့မရပါဘူး။ မမွှေရင် ရေခဲမုန့်မဟာတ်ဘဲ ရေခဲခြစ်လို့ ရေခဲမှုန်တွေနဲ့ စားမကောင်းပါဘူး။✅✅✅
- မွှေပြီးရင်တော့ ဘူးထဲပြန်ထည့်ပြီး တစ်ညအအေးခန်းထဲမှာ အအေးခံပြီးရင်တော့ အရသာရှိတဲ့ 🍦သရက်သီးရေခဲမုန့်🍦ကို မိမိစိတ်ကြိုက်လှီးပြီး စားသုံးနိုင်ပါပြီ။

Photos from Let's eat's post 17/05/2020

ခုလတွေမှာ အပြင်စာတွေ သိပ်မစားဖြစ်တော့
ကိုယ့်အိမ်မှာပဲ အရသာရှိရှိ
မုန့်လေးတွေ နေ့လည်စာအစာပြေလေးတွေကို
လုပ်စားလို့ရအောင်လို့ ဒီတစ်ခေါက်တော့

🍴ဟင်းထုပ်🍴 လုပ်နည်းလေးတင်ပေးချင်ပါတယ်နော်

ပါဝင်ပစ္စည်း

- မွှေးကောက်ညှင်းမှုန့် - ၁ ထုပ်
- မွှေးဆန်မှုန့် - ၃ ထုပ်
(မွှေးအထုပ်တွေမဟုတ်လည်း ဆန်မှုန့် ၃ဆ ကောက်ညှင်းမှုန့် ၁ဆ ဆိုရပါတယ်နော်)
- ကြိုက်နှစ်သက်ရာအသား - ၂၀ သား
- ကြက်သွန်မြိတ် - ၁၅ ကျပ်သား
(သက်သက်လွတ်ဆို ကြက်သွန်မြိတ်လေးပိုထည့်ပါ)
- ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငှက်ပျောရွက် (သို့) ရဲယိုရွက် (သို့) ၂မျိုးစလုံးသုံးလည်း ရပါတယ်။
- ကြက်သွန်နီ - အရွယ်တော် ၃လုံး
- ကြက်သွန်ဖြူ (ဆီချက်အတွက်) - ၃လုံး
- ဆီ
- ငရုပ်သီးလေးစိပ်ကွဲမှုန့်
- ဂျူးမြစ်

ပြင်ဆင်ပုံ

- ကြက်သွန်ဖြူကို အခွန်ခွာပြီး အတုံးလေးတွေလှီးပါ။
- အရင်ဆုံး ဆီကို ပူအောင်တည်ပါ။ ဆီပူလာရင် နနွင်းမှုန့် အနည်းငယ်ထည့်ပါ။
- မီးနည်းနည်းလျော့ပြီး လှီးထားတဲ့ကြက်သွန်ဖြူတွေကိုထည့်ပါ။ ကြက်သွန်ဖြူလေးတွေ ရွှေရောင်နည်းနည်း သမ်းလာပြီဆို ကြက်သွန်ဖက်သက်သက် ဆီသက်သက်ခွဲပြီး ဆယ်ထားပါ။
- ဆီကို အိုးထဲမှာ နည်းနည်းချန်ထားပြီး ငရုပ်သီးလေးစိတ်ကွဲမှုန့်ထညိ့ပြီး ကြော်ပါ။ ဆီကပူနေပြီးသားဖြစ်လို့ ၂မိနစ်လောက်ကြော်ပေးရင်ရပါပြီ။
- ငှက်ပျောရွက်၊ ရဲယိုရွက်ကို ရေစင်အောင်ဆေးပါ။
- အားလုံးကို ရေခြောက်အောင်ဖြန့်ထားပါ။ ရေခြောက်အောင်အဝတ်နဲ့သုတ်လည်းရတယ်နော်။
- အသားတွေကို အတုံးသေးလေးတွေတုံးပါ။ ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်အနည်းငယ်နဲ့ နယ်ပါ။
- ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ကို ဇလုံကြီးကြီးထဲကိုထည့်ပါ။ ‌ဆားထည့်ပါ။ ရေကိုနည်းနည်းစီထည့်ပြီး နယ်ပါ။
❌ အရည်ကျဲကြီး မဖြစ်ပါစေနဲ့နော်။❌
- ပြီးကင်အသားနဲ့ ကြက်သွန်မြိတ်ထည့်နယ်ပါ။
(အပျစ်အကျဲကတော့ ပုံမှာပြပေးထားသလောက်ဆို အဆင်ပြေပါတယ်နော်။)

ပြုလုပ်ပုံ

- အိုးထဲကိုရေထည့်ပြီး ရေနွေးကိုဗွမ်းဗွမ်းပွက်တဲ့အထိ တည်ထားပါ။
- ရဲယိုရွက်ရော ငှက်ပျောရွက်ရော ၂မျိုးလုံးသုံးမယ်ဆိုရင် ရဲယိုရွက်ထဲကို နယ်ထားတဲ့ အစာတွေထည့်ပါ။ ပြီးမှငှက်ပျောရွက်နဲ့ထုတ်ပါ။
- ငှက်ပျောရွက်ချည်းပဲ သုံးမယ်ဆိုရင်တော့ ငှက်ပျောရွက်ကို ဆီနည်းနည်းသုတ်ပြီးမှ အစာကိုထည့်ပြီး ထုပ်ပါ။
- အထုတ်လေးတွေအားလုံးပြီးရင်တော့ ရေနွေးအိုးပေါ်ကို ပေါင်းခွက်တင်ပြီး ဟင်းထုပ်လေးတွေ ထည့်ပြီး ၂၅ မိနစ်လောက်တည်ပါ။
- ပြီးရင်တော့ ပေါင်းအိုးထဲကယူပြီး ချက်ထားတဲ့ ကြက်သွန်ဆီချက်၊ ငရုပ်သီးကြော်၊ ဂျူးမြစ်တို့နဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

Photos from Let's eat's post 16/05/2020

ဒီတစ်ပတ်တော့ ဟင်းချက်မစားဘဲ
အရသာရှိရှိ လွယ်လွယ်ကူကူနဲ့
အိမ်မှာအဆင်သင့် ဝယ်ထားတဲ့ ပစ္စည်းလေးတွေနဲ့
မုန့်လုပ်စားကြမယ် 😋😋😋😋

မုန့်နာမည်လေးကတော့
ကောက်ညှင်းမုန့် 🍽️ ပါ

နှမ်းထောင်းလေးနဲ့ပဲတွဲစားစား
ထန်းလျှက်ထောင်းလေးနဲ့ပဲ တွဲစားစား
နေ့လည်အစာပြေစားဖို့အကောင်းဆုံးမုန့်လေးပါ။

ပါဝင်ပစ္စည်း
- ကောက်ညှင်းမှုန့်
(မွှေးကောက်ညှင်းမှုန့်သုံးလို့ရတယ်နော်)
- ကုလားပဲ
- သကြား
- နှမ်း
- ဆား
- ထန်းလျှက်
(အိမ်တိုင်းမှာရှိတဲ့ ပစ္စည်းလေးတွေပါပဲနော်)

ပြင်ဆင်ပုံ
- ကုလားပဲကို ဆားနည်းနည်းထည့်ပြီး နူးအိလာတဲ့အထိ ပြုတ်ပေးပါ။
- ကုလားပဲပြုတ်ထားတုန်းမှာ ကောက်ညှင်းမှုန့်ကို နယ်ပါမယ်နော်။
- ကောက်ညှင်းမှုန့်ကို ရေအေးနဲ့ နယ်ပါမယ်။ နယ်တဲ့နေရာမှာ ရေကို တစ်ခါတည်းအများကြီးမထည့်ဘဲ နည်းနည်းစီထည့်ပြီး နယ်သွားပါမယ်။
- ❌ ရေများပြီးကောက်ညှင်းမှုန့်အရည်တွေ ဖြစ်သွားပြီး မုန့်မဖြစ်ဘဲ မေပါလိမ့်မယ်။ ❌
- 🕰️ ၁၅ မိနစ်လောက်နာနာနာ်ပေးပါ။ ကောက်ညှင်းတွေအစေးပေါက်လာပြီဆိုရင်တော့ ခဏနှပ်ထားပါမယ်။
- ပြီးရင်တော့ ပြုတ်ထားတဲ့ပဲထဲကို သကြားထည့်ပြီးချေပါ။ အချိုကတော့ စိတ်ကြိုက်ထည့်လုပ်နိုင်ပါတယ်။
- ရေကိုဗွမ်းဗွမ်းဆူအောင်တည်ထားပေးပါ။
- ဇလုံ (သို့) အိုးတစ်လုံးထဲမှာ မုန့်ကျက်ရင်တယ်ပြီး ထည့်ဖို့အတွက် ရေခဲရေပြင်ပေးထားပါ။ ရိုးရိုးရေအေးနဲ့ဆို မုန့်တွေကအရမ်းစေးကပ်သွားပါတယ်။ ရေခဲရေနဲ့မှ အဆင်ပြေပါလိမ့်မယ်နော်။

ပြုလုပ်ပုံ

- ‌ကောက်ညှင်းမှုန့်နယ်ထားတာကို တစ်လုပ်စာလေးတွေယူပါမယ်။
- အလယ်မှာပဲထည့်ပြီး စိတ်ကြိုက်စားချင်စားဖွယ် ပုံလေးတွေလုပ်နိုင်ပါတယ်။
- ပြီးရငိတော့ ဗွမ်းဗွမ်းဆူအောင် တည်ထားတဲ့ ရေနွေးထဲကို မုန့်လေးတွေထည့်ပါ။
- မုန့်လေးတွေ ရေပါ်ပေါ်လာတဲ့အခါ တန်းပြီးမဆယ်ပါဘူးနော်။ ခဏထားပေးပါ။ ပထမအကြိမ်ပေါ်ရုံနဲ့မဆယ်ရပါဘူး။ မုန့်မကျက်ဘ်နေပါလိမ့်မယ်။
- ခဏကြာရင်သိပ်မကျက်တဲ့ မုန့်လေးတွေက ပြန်မြုပ်သွားပါလိမ့်မယ်။ ဒုတိယအကြိမ် ပြန်ပေါ်လာပြီဆို ဆယ်လို့ရပါပြီ။
- ဆယ်ပြီးရင်တော့ ရေခဲရေထဲမှာ ၃မိနစ်လောက်စိမ်ထားပါ။
- ရေခဲရေထဲကဆယ်ပြီး ရေစစ်ထားပြီးရင်တော့ လွယ်ကူပြီး အရသာရှိတဲ့ ကောက်ညှင်းမုန့်လေးတွေ ရပါပြီ။
- နှမ်းထောင်း၊ ထန်းလျှက်ထောင်း တို့နဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီနော်။

Photos from Let's eat's post 10/05/2020

ခေါက်ဆွဲကြက်ဥပီဇာ နှင့် Mango Smoothie ♥️

ခေါက်ဆွဲကြက်ဥပီဇာ

ခေါက်ဆွဲလည်းစားချင်တယ် ရာသီဥတုကလည်းပူလို့
ခေါက်ဆွဲပြုတ်လည်းမစားချင်ဘူး ဆိုတဲ့သူတွေအတွက်
ခေါက်ဆွဲကြက်ဥပီဇာလုပ်နည်းလေး တင်ပေးပါမယ်။
လုပ်ရတာလည်းလွယ်ပြီး အိမ်တိုင်းမှာအသင့်ရှိတဲ့ ပစ္စည်းလေးတွေနဲ့ လုပ်စားရတာဆိုတော့ ........

ပါဝင်ပစ္စည်း

- ကြိုက်နှစ်သက်ရာခေါက်ဆွဲခြောက်။ ၃ထုပ်
- ကြက်ဥ ၆လုံး
(ခေါက်ဆွဲတစ်ထုပ်ကို ကြက်ဥ၂လုံးပါ)
- နွားနို့ 100 ml
(နွားနို့မရှိလည်းမထည့်လို့ရပါတယ်)
- ထောပတ် အနည်းငယ်
(ထောပတ်မရှိလည်း ဆီသုံးလို့ရပါတယ်။)

ပြင်ဆင်ပုံ

- ခေါက်ဆွဲကို အရင်ပြုတ်ပါမယ်။ အရသာအမှုန့်တွေမထည့်ဘဲ ခေါက်ဆွဲချည်းပဲ ပြုတ်ပါ။ အရမ်းပျော့‌အောင်မပြုတ်ပါဘူး။
- ကြက်ဥ၊ နွားနို့ နှင့် ခေါက်ဆွဲထဲမှာပါတဲ့ အရသာမှုန့်တွေ ရောပြီး နာနာခေါက်ပါမယ်။ (*ဆား၊ ကြက်သားမှုန့် လုံးဝထပ်မထည့်ပါဘူး။ ခေါက်ဆွဲထဲကအရသာမှုန့်နဲ့ဆို အရသာလုံလောက်ပါတယ်)
- ခေါက်ဆွဲပို ကြက်ဥထဲထည့်ပြီး သမအောင်မွှေပါမယ်။

ပြုလုပ်ပုံ

- ပထမဦးဆုံး ဒယ်အိုးကိုအပူအရင်ပေးပါ။
- ဒယ်အိုးပူလာမှ ထောပတ်(သို့) ဆီထည့်ပါ။ (အများကြီးထည့်စရာမလိုပါဘူး။)
- ဆီသေချာပူလာပြီဆို ခေါက်ထားတဲ့ ‌ကြက်ဥနဲ့ခေါက်ဆွဲကိုထည့်ပါ။
- ခေါက်ဆွဲတွေက ထည့်ထည့်ချင်း အလယ်မှာပုံနေလို့ ဇွန်းနဲ့ မျက်နှာပြင်ညီသွားအောင် ညှိပေးပါ။
- ၅မိနှစ်လောက်အဖုံးအုပ်ထားပါ။
- အရေးကြီးဆုံးက တစ်ဖက်လှန်တဲ့အချိန်ပါ။
- ဇွန်းတို့ ယောင်းမတို့နဲ့ ကော်ပြီးမလှန်ပါနဲ့။ ❌❌
- ဖုံးထားတဲ့အဖုံးထဲကိုပဲ ဒယ်အိုးထဲက ခေါက်ဆွဲအချပ်လိုက်ကို မှောက်ချလိုက်ပါ။
- ပြီးမှ အဖုံးပေါ်က ခေါက်ဆွဲချပ်ကို ဒယ်အိုးထဲရောက်အောင် အသာလေးလျောချလိုက်ပါ။ ဒါဆို ပုံမပျက်ဘဲ အချပ်လိုက်လေး ရမှာပါ။
- နောက်တစ်ဖက်ကိုလည်း ၅မိနစ်လောက် အဖုံးအုပ်ထားပြီး ကျက်အောင်ထားပါ။
- ဒါဆိုရင်တော့ အရသာရှိပြီး အလွယ်တကူလုပ်စားနိုင်တဲ့ မားမားကြက်ဥပီဇာလေးရပ်ပြီ။ ကြိုက်နှစ်သက်ရာ အချဉ်လေးနဲ့ တို့ပြီး သုံးဆောင်လို့ရပါပြီ။

Mango Smoothie

ပါဝင်ပစ္စည်း

- ကြိုက်နှစ်သက်ရာ သရက်သီး ၃လုံး
- နွားနို့။ 350 ml
- နို့ဆီ။ ထမင်းစားဇွန်း ၂ဇွန်း

ပြုလုပ်ပုံ

- သရက်သီးကို အခွန်စင်အောင်နွှာပြီး အစေးပြောင်အောင် ရေသေချာဆေးပြီး အတုံးလေးတွေလှီးပါ။
- Bladder ထဲကို သရက်သီး၊ နွားနို့၊ နို့ဆီတို့ထည့်ပြီး ကြိတ်ပါ။
- ဆိုင်တွေမှာသောက်ရတဲ့ smoothie အရသာမျိုး ခံစားချင်ရင်တော့ ရေခဲကို တစ်ခါတည်းထည့်ကြိတ်ပါ။
- အအေးအရမ်းမကြိုက်ရင်တော့ ရေခဲတုံးလေးပဲထည့်သောက်ပါ။
- ရာသီပေါ်အသီးလေးဖြစ်တဲ့ သရက်သီးကို ရာသီဥတုနဲ့လိုက်ဖက်အောင် smoothie အဖြစ်သောက်သုံးလို့ရပါပြီ။

Photos from Let's eat's post 09/05/2020

ပါဝင်ပစ္စည်း ၅မျိုးတည်းနဲ့
အရသာရှိရှိ လွယ်လွယ်ကူကူ
*ကြက်ကင်* ကင်စားကြမယ်။

ပါဝင်ပစ္စည်း

- ကြက်ပေါင်
- Lee K*m Kee BBQ Sauce (ကုန်တိုက်တွေမှာအလွယ်တကူဝယ်လို့ရပါတယ်နော်)
- Yakult ဒိန်ချဉ်ဘူး
- ဆား
- မဆလာ

ပြင်ဆင်ပုံ

- ကြက်ပေါင်ကိုရေစင်အောင်ဆေးပါ။
- ကင်တဲ့အခါ အကျက်မြန်အောင် ဓားလေးတွေနဲ့မွှန်းပေးပါ။ အတွင်းသားတွေကိုပါ အရသာစိမ့်ဝင်ပြီး ကင်တဲ့အခါမှာလည်း မြန်မြန်ကျက်စေပါတယ်။
- ပြီးရင်တော့ BBQ SAUCE ထမင်းစားဇွန်း ၂ဇွန်း၊ ဆားအနည်းငယ်၊ Yakult ဒိန်ချဉ် သုံးပုံတစ်ပုံ (ကြက်သားအနည်းအများပေါ်မူတည်ပြီးထည့်ပါ) တို့နဲ့ အသားကိုနယ်ပါမယ်။
- နယ်တဲ့အခါမှာ အသားထဲကို အရသာပိုဝင်အောင် အသားတုံးတွေကို အသေအချာ ဆုပ်ပြီးနယ်ပေးပါ။
- ကြက်သားကို အရသာအားလုံးနယ်ပြီးပြီဆိုရင်တော့ မဆလာကို အပေါ်ကနေ အနည်းငယ်ဖြူးပါမယ်။ မဆလာမကြိုက်ရင်လည်း မထည့်လို့ရပါတယ်နော်။

- ကင်တဲ့အခါ မီးသွေးနဲ့ကင်ကင်၊ ကင်စက်နဲ့ကင်ကင်၊ အက်ဖိုနဲ့ကင်ကင် မိမိကြိုက်နှစ်သက်သလိုကင်လို့ရပါတယ်။

ပိုက်ဆံလည်းသိပ်မကုန်၊ မှတ်ရလည်းမခက်၊ အရသာလည်းရှိတဲ့ ကြက်ကင် ကင်နည်းလေးဖြစ်လို့ မျှဝေပေးလိုက်ပါတယ်နော်။ 😍😍

06/05/2020

ပင်လယ်စာ ကင်မ်ချီဟင်းရည် 🍲
(ပင်လယ်စာနေရာမှာ ကြက်သား၊ဝက်သား၊အမဲသား တို့နဲ့ထည့်ချက်လို့ရပါတယ်)

✅ ချက်ရတာအရမ်းကိုလွယ်ပါတယ်✅

ပါဝင်ပစ္စည်း
- ပုစွန်။
- ရေဘဝဲ။
(အခြားမိမိကြိုက်နှစ်သက်ရာထည့်လို့ရသေးတယ်နော်။ ကိုယ်ကတော့အိမ်မှာရှိတဲ့ ပင်လည်စာလေးတွေထည့်ထားတာ။ အသားမထည့်ချင်လည်း အသီးအရွက်အချိုလေးနဲ့ပဲ ချက်လည်းရတယ်)
- ကင်မ်ချီ
- ငရုပ်ပွ
- မုံလာဥနီ
- ပဲပြား
- ကြက်သွန်မြိတ်
- ကြက်သွန်နီ
- ပဲငံပြာရည်အကြဲ
- ဆား
- ကြက်သားမှုန့်
- ဆီ

ပြင်ဆင်ပုံ

- အသားဆိုရင် ရေစင်အောင်ဆေးပြီး အတုံးသေးတွေတုံးပြီး ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်တို့နဲ့ နယ်ပြီးနှပ်ထားပါ။
- ပင်လယ်စာဆိုရင်တော့ ရေစင်အောင်ဆေးပြီး အတုံးသေးလေးတွေတုံးထားပါ။ ❌ ဆားတွေမနယ်ပါနဲ့။❌
- ကင်မ်ချီ၊ ငရုပ်ပွ၊ မုန်လာဥနီတို့ကို အနေတော်အတုံးလေးတွေတုံးပါ။ ပါးပါးလေးတွေမလုပ်ပါနဲ့။

- ကြက်သွန်နီကို အဝိုင်းလိုက်လေးတွေ လှီးထားပါ။ ပါးပါးလေးဖြစ်စရာမလိုပါဘူးနော်။

- ပဲပြား တစ်တုံးကို ၂ ခြမ်းခွဲပါ။ တစ်ခြမ်းကို ၄စိတ်ရအောင်ထပ်စိတ်ပါ။

- ကြက်သွန်မြိတ်ကို အစောင်းလေးတွေလှီးပါ။

ချက်နည်း

- ပထမဆုံးဒယ်အိုးကိုအပူပေးပါ။ ဒယ်အိုးပူလာရင်ဆီကို ထမင်းစားဇွန်း ၂ဇွန်းလောက်ပဲထည့်ပါမယ်။ ဆီအများကြီးသုံးစရာမလိုပါဘူးနော်။ ဆီတွေအရမ်းဝေ့နေတဲ့ ဟင်းရည်က စားမကောင်းပါဘူး။

- ဆီဆူလာရင် လှီးထားတဲ့ကြက်သွန်နီကို ထည့်ပါ။ ကြက်သွန်လေးတွေ ပျော့လာတဲ့အထိ ဆီသတ်ပါ။

- ပြီးရင်တော့ အသားတွေ ပင်လယ်စာတွေထည့် ရေနည်းနည်းထည့်ပြီး အသားတွေကျက်အောင် ဆီပြန်လာအောင်လုံးပါမယ်။

- ဆီပြန်လာရင် လှီးထားတဲ့ ကင်မ်ချီတွေကိုထည့်ပါ။ ကင်မ်ချီအရည်တွေလည်း အချဉ်အရသာရအောင် ထည့်ပါ။ အသားထဲကို ကင်မ်ချီအရသာဝင်အောင် ၅မိနစ်လောက်အဖုံးအုပ်ထားပါ။

- ပြီးရင်တော့ လှီးထားတဲ့ ငရုပ်ပွ၊ မုန်လာဥနီ တွေထည့်၊ ရေနည်းနည်းထည့် ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၁ ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး ၅မိနစ်လောက် အဖုံးအုပ်ထားပါ။

- မုန်လာဥနီလေးတွေ နူးလာရင် ရေများများထည့်ပြီး
၁၅ မိနစ်လောက် ရေကျအောင်တည်ထားပါ။

- ရေကျလာရင် အရသာ အပေါ့၊ အငန်မြည်းပြီး ပဲပြားထည့်ပြီး ၅မိနစ်လောက်ထပ်တည်ပါ။

- အားလုံးပြီးရင်တော့ ဟင်းအိုးကိုမီးပိတ်ပြီး ကြက်သွန်မြိတ်လေးကို အပေါ်ကဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

04/05/2020

ဒီပိတ်ရက်မှာ
ကင်မ်ချီဟင်းရည်ချက်နည်းလေး
တင်ပေးမယ်နော် 🍲🍲

Videos (show all)

Home Made KaYar Jam 🤤🤤
ပင်လယ်စာ ကင်မ်ချီဟင်းရည် 🍲(ပင်လယ်စာနေရာမှာ ကြက်သား၊ဝက်သား၊အမဲသား တို့နဲ့ထည့်ချက်လို့ရပါတယ်)✅ ချက်ရတာအရမ်းကိုလွယ်ပါတယ်✅ပါ...
ဒီ page အတွက်ပထမဆုံးဟင်းချက်နည်းလေးပါ😀ဒီနေ့ပဲချက်စားဖြစ်လို့ တင်ပေးလိုက်တယ်နော် 😘#အမဲသားအုန်းနို့ချက် (အမဲသားမစားရင် ကြက...

Website