Myatnoe Wai - Fashion Entrepreneur

Myatnoe Wai - Fashion Entrepreneur

Help you to start + Grow in Fashion Business

Business Contact : [email protected]

Myatnoe is Founder and Director of B-Pro Fashion & Craft School , Lecture in Fashion Design , Pattern Making and consult in Fashion Business .

06/11/2023

ကြိုးစားနေရင်း ပင်ပန်းတယ်လို့ ခံစားလာရတဲ့အခါ •••

••••••••••••••••••••••••••••••••••••••
ကိုယ်တိုင်က ...
၆ နှစ် ဝန်းကျင် လောက်
Social Life / Personal Life အားလုံးကို စွန့်လွှတ်ပြီး

အလုပ်တခုဘဲ ဇောက်ချ လုပ်ခဲ့ရတဲ့အချိန်မှာ ...

မိသားစုကို မချိန်မပေးနိုင်လို့
စိတ်မကောင်း ဖြစ်ခဲ့ဖူးတဲ့အချိန်တွေလဲရှိ သလို ..

အပေါင်းအသင်းတွေနဲ့
အဆက်ပြတ်သွားလို့ တယောက်တည်း
အထီးကျန်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့ဖူးတယ် ...

တခါတလေမှာ အလုပ်မှာနစ်မွန်းပြီး
"လွတ်လပ်စွာ ရှင်သန် နေသူ" တွေကို
အားကျခဲ့ဖူးသလို ...

ကိုယ့် Life ကို ကိုယ်
မကျေနပ်ခဲ့တဲ့အချိန်တွေလဲ ကြုံခဲ့ဖူးတယ် ...

ဒါပေမယ့်
အချိန်ကြာလာတာနဲ့အမျှ
ကိုယ်ကြိုးစားခဲ့ရတာတွေက
အသီးအပွင့်မြင်လာရတဲ့အခါ
အတိတ်က ကိုယ်အတွက် ကိုယ် ဂုဏ်ယူသလို .
ခုချိန်မှာ
Social Life + Business Life + Family Life အားလုံးကို အထိုက်အလျောက်
မျှတအောင် နေနိုင်တဲ့အချိန်လဲ ရောက်လာခဲ့ပြီမို့ ..

ဒီနေ့ မျှဝေပေးချင်တာက

လူငယ်တွေ အနေနဲ့ ..

Fashion လမ်းကြောင်းမှာ ဖြစ်စေ
တခြားသော စီးပွားရေး လမ်းကြောင်းတွေမှာဖြစ်စေ
ကိုယ့်အားကိုယ်သာကိုးပြီး
စလျှောက်ရတဲ့အခါ
ခက်ခဲ ပင်ပန်းတယ်လို့ ခံစားရလာပြီဆိုရင် •••

အားမလျှော့ဘဲ ..

"အောင်မြင်မှု ပန်းတိုင် ရောက်ချင်တဲ့သူတိုင်းအတွက်
ဆူးခင်းလမ်းကို ကျော်ဖြတ်နိုင် မှ
ပန်းခင်းလမ်းကို ရောက်မှာမို့ "

အနာဂတ် ပန်းခင်းလမ်းအတွက် ..

အားတင်းပြီး ရဲရဲကြီးသာ ရှေ့ဆက်ပါလို့
ကိုယ်တိုင် လက်တွေ့အတွေ့အကြုံကို
အခြေခံပြီး မျှဝေလိုက်ပါတယ်နော် ...💪🏻❤️

Myatnoe Wai - Fashionpreneur
Founder of B-Pro Fashion Design Academy

12/06/2023

အသက်အရွယ် ရတာလာနဲ့အမျှ
ရိုးရိုးရှင်းရှင်းလေးဘဲ ဘဝကို ဖြတ်သန်းဖြစ်တော့တယ် .. 🖤

အိမ်မက်တွေအတွက် အလုပ်တွေ ကြိုးစားသလို
စိတ်ပျော်ရွှင်မှုအတွက်လဲ
မကြာမကြာ ခရီးတွေ ထွက်ဖြစ်ပါတယ် ...

ဒီ 2023 လအစကနေ ခုထိ ရဲ့ Lifestyle က
အလုပ်သစ်တွေလုပ်တယ်
ပင်ပန်းတယ်ထင်တိုင်း ခရီးထွက်တယ်
လည်လို့ ဝရင် ပုံမှန် ထက် ၂ ဆ ပိုလုပ်တယ် ..

ဒီလိုနဲ့ လအစကနေ ခု ၆ လပိုင်းထိတော့
အလုပ်တွေ လဲ ပြီးမြောက်သလို
တဖက်မှာလဲ အနည်းနဲ့အများ
စိတ်အနားရအောင် နေထိုင်နိုင်တဲ့အတွက်

ဒီနေ့တော့ Fashion Knowledge မဟုတ်ဘဲ
နေ့စဉ်နားချိန်မရှိ အလုပ်တွေဘဲ ကြိုးစားနေရလို့
ပင်ပန်း ငြီးငွေ့တယ်လို့ ခံစားနေရတဲ့သူတွေအတွက်ကို
ကိုယ်တိုင် အလုပ်တဖက် ကလေးတဖက်နဲ့
Working mom life မှာ
ဘယ်လိုနည်းနဲ့ Stress တွေကို
ဖြေဖျောက်လဲဆိုတာကို
ကိုယ်တိုင် ဖြတ်သန်းဖြစ်နေတဲ့
Lifestyle ကို မျှဝေပေးလိုက်ပါတယ်နော် ... 🖤

Myatnoe Wai - Fashionpreneur
Founder of B-Pro Fashion & Craft School

10/06/2023

ကိုယ်ပိုင် *Clothing Brand *စထုတ်တော့မယ်ဆို ဘယ် Design က စထုတ်ရမလဲ ❓
ဆိုတဲ့ မေးခွန်းကို

စာတွေ့ထက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့
ကိုက်ညီမယ့် လက်တွေ့ပိုင်းကို ဦးစားပေးပြီး
Sharing လုပ်ပေးချင်ပါတယ် ...

မြန်မာနိုင်ငံမဟုတ်တဲ့ တခြားသော နိုင်ငံတွေ , Company ကြီးတွေမှာတော့
Design သစ်တွေ ထုတ်တဲ့အခါ
Collection လိုက် Design စုံ သွားကြပေမယ့်

မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့
တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းအဖြစ်
Clothing Brand ထုတ်ရောင်းဖို့လုပ်တဲ့အခါမှာ
Budget နည်းနည်းနဲ့ အမှားနည်းအောင်
Design တမျိုး - အများဆုံး2 မျိုးလောက်ကဘဲ
စကြည့်ဖို့ အကြံပေးချင်ပါတယ် ..

စထူတ်ဖို့ Design ရွေးတဲ့အခါမှာ
အခြေခံအားဖြင့် လူ ၂ မျိုး တွေ့ရတတ်တယ် ..

👉🏻 တမျိုးက ကိုယ့်အကြိုက်ကို ဦးစားပေးပြီးထုတ်တာမျိုး -

👉🏻နောက်တမျိုးက တွေးရင်း ရွေးရင်း
"ဒီ Design ဆို ရောင်းရမယ်ထင်တယ် " ဆိုတဲ့
စိတ်ခံစားချက်မျိုးနဲ့ ရွေးတာမျိုးတွေ တွေ့ရတယ် ..

ဒီ ၂ ချက်ကို အခြေခံပြီး
စလိုက်ရင် မရောင်းရဘူးတော့မဟုတ်ဘူး ..
ကံစမ်းမဲနှိုက်သလိုဘဲ ..
ကိုယ်ထုတ်တာနဲ့ လူကြိုက်များတာနဲ့
တိုက်ဆိုင်သွားလို့ ပေါက်သွားရင်
ထုတ်သမျှ ရောင်းကုန်သွားနိုင်ပေမယ့်

သေချာ Research လုပ်ပြီး
ထုတ်တာမဟုတ်တဲ့အတွက်
ရာခိုင်းနှုန်း တော်တော်များများကတော့
သူများအကြိုက်နဲ့ ကိုယ့်အကြိုက်မတိုက်ဆိုင်တာမျိုး ဖြစ်ပြီး စစချင်းမှာတင် Stock ပုံသွားတာမျိုးတွေ ဖြစ်တတ်ပါတယ် ..

ဒီတော့ တိုတိုနဲ့ လိုရင်းတိုရှင်းပြောရမယ်ဆို ..
အများကြီး Research လုပ်ဖို့အချိန်မပေးချင်ဘူးဆိုရင်တောင် .. အနည်းဆုံးတော့ ..

1. လက်ရှိ Fashion Trend မှာ ခေတ်စားနေတဲ့ Design တွေကို အရင်လေ့လာပါ ..
2. ကိုယ်ရောင်းချင်တဲ့ အသက်အရွယ် Target Audience ကိုရွေးပါ ..
3. ကိုယ်ရောင်းချမယ့် ဈေးနှုန်းပေါ် မူတည်ပြီး Budget နဲ့ကိုက်ညီမယ့် Design ကို ပြန်ရွေးထုတ် ပြီးမှ ထုတ်ပါလို့ အကြံပေးချင်ပါတယ် ..

အကျယ်တဝင့်ပြောရရင်
ဒီကနေ အများကြီး ထပ်ချဲ့ကားပြောလို့ရပေမယ့်
တိုတိုတုတ်တုတ်နဲ့ မြန်မြန် လမ်းစပေါ်ချင်တဲ့သူတွေ
အတွက်ကို
ဒီနေ့ ရဲ့ Fashion Business Tips အနေနဲ့ မျှဝေပေးလိုက်ပါတယ်နော် ...

အဆုံးထိ ဖတ်ပြီးတဲ့အချိန်မှာ ..
လက်ရှိထုတ်နေတဲ့သူလေးတွေကရော ဘယ်လို ပုံစံမျိုးနဲ့ ကိုယ့်ရဲ့ 1st Design ကိုရွေးချယ်ဖြစ်ခဲ့လဲ ❓ဆိုတာနဲ့ ခုမှစမယ့်သူလေးတွေရော ဒီကနေ ဘာ Idea ရသွားလဲ Comment လေးရေးသွားနော် .. ♥️

ဒီကနေ တခုခုရသွားတယ်ဆိုရင်လဲ နောက်လဲ အမြဲမျှဝေပေးဖို့ အားအင်တွေရအောင် Like & Share လေးလုပ်သွားပေးဖို့လဲ မမေ့ပါနဲ့နော် .. ♥️

‼️တကယ်လို့ ကိုယ်က "ကိုယ်ပိုင် Brand ထုတ်ဖို့အတွက် " Ready to wear နဲ့ ပါတ်သတ်တဲ့ Size Chat ကစပြီး လက်ရှိဈေးကွက်မှာ ချက်ချင်း ထုတ်ရောင်းလို့ရမယ့် Design အစုံကိုလေ့ ချင်တယ်ဆိုရင်တော့ B-Pro Fashion & Craft School Page ကနေ အသေးစိတ် စုံစမ်းလို့ရပါတယ် .. B-Pro Page ကသတ်ဆိုင်ရာ Admin တွေက သင့်တော်မယ့် အတန်းတွေ ညွှန်းပေးပါလိမ့်မယ်နော် ... ♥️

Myatnoe Wai - Fashionpreneur
Founder of B-Pro Fashion & Craft School

09/06/2023

Clothing Brand စ ထုတ်တဲ့သူတွေအနေနဲ့
စ ထုတ်ထုတ် ချင်းမှာ
"မိတ်ဆွေ သူငယ်ချင်း - မိသားစု - ဆွေမျိုး"
တွေကိုဘဲ အားကိုးပြီး ရောင်းတာမျိုး ကို ရှောင်ပါ ...

Brand ထုတ်လို့ဘဲဖြစ်ဖြစ်
ဆိုင်ဖွင့်ပြီး Product ရောင်းတာဘဲဖြစ်ဖြစ်
ရေရှည်သွားချင်တယ်ဆို
ကိုယ်နဲ့သိသူကို အားကိုးမရောင်းဘဲ
သူစိမ်းတွေကို ရောင်းတတ်ဖို့ လိုပါတယ်

နီးစပ်ရာကို ရောင်းတာက စစချင်းမှာ
ခင်မင်မှု - ချစ်ခင်မှုတွေနဲ့အားပေးကြပေမယ့်
ဒီအသိုင်းအဝိုင်းတခုကဘဲ
ရေရှည်အားပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့အခါ

ပထမ စ လိုက်တဲ့ Collection မှာတော့
အသိတွေ အားပေးတာနဲ့
ရောင်းအားတွေကောင်းသွားပေမယ့်
အားတက်သရော နောက်ထပ် နောက်ထပ် Design တွေ ထပ်ရောင်းတဲ့အခါမှာ
ကိုယ့် အသိုင်းအဝိုင်းကလဲ အားပေးပြီးတဲ့
တာဝန်ကြေနေပြီဖြစ်တဲ့အတွက်
ထပ်မဝယ်
ကိုယ်တိုင်ကလဲ
Customer အသစ်မရှာထားတဲ့အခါမှာ
ထုတ်ထားတဲ့ Stock တွေ ပိုက်ပြီး
ဘာမှ ဆက်မလုပ်ဖြစ်တော့ဘဲ
Collection တခုလောက်နဲ့ ရပ်သွားတာမျိုးတွေ
တွေ့ရတဲ့အတွက် ..

ဒီနေ့မှာတော့ ...
Startup Clothing Brand
စလုပ်မယ့် Founder တွေအနေနဲ့
နီးစပ်ရာအသိုင်းအဝိုင်းကို
အားကိုးရောင်းတာလျှော့ပြီး
ရေရှည် Marketing & Sales Strategy တွေကို
စဉ်းစားပြီးမှာ စလုပ်ဖို့အတွက်ကို
လုပ်ငန်း စစချင်းမှာ မမှားရအောင်
မျှဝေပေးလိုက်ပါတယ်နော် ....

ဒီစာကို ဖတ်တဲ့သူတွေအနေနဲ့ရော
ကိုယ်တွေးမိတဲ့အတွေးနဲ့ ကိုယ့်ရဲ့အမြင်တွေကို
Comment မှာမျှဝေပေးသွားအုံးနော် ...

တခြားသိချင်တာရှိလဲ Comment မှာ မေးခဲ့လို့ရပါတယ် .. . ♥️

Myatnoe Wai - Fashionpreneur
Founder of B-Pro Fashion & Craft School

Videos (show all)

Fashion လေ့လာနေသူတိုင်း သိထားရမယ့် အချက်(၅) ချက်...

Website