Nway Oo Paing

Nway Oo Paing

"အရေးတော်ပုံ အောင်ရမည်"

18/11/2022

ရင်းနှီးမြုပ်နှံသင့်တယ် နေပြည်တော်မှာ
-
-
-
ဗုံး😅

18/11/2022

ကနီမြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်
#၁၀၂နှစ်မြောက်အမျိုးသားနေ့
#ကနီမြို့နယ်

17/11/2022

Congratulations 👏

17/11/2022

ယုံကြည်ချက်ခိုင်မာသူတွေ
အမှန်တရားကို မြတ်နိုးသူတွေ
ပြန်ရောက်လာတာ ဝမ်းသာစရာ

Photos from Nway Oo Paing's post 15/11/2022

ဆောနှင့်စစ်ကိုင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ၊ ဧရာဝတီမြစ်ဘေးရှိ ရွာများကိုလည်း စစ်တပ်က ဆက်တိုက်မီးတင်ရှို့နေ

နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က လက်ပန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

"ဆောမြို့နယ် လက်ပန်းရွာကို စစ်ခွေးတွေ အကြောင်းမဲ့မီးစတင်ရှို့နေပါတယ်။ အခု နံနက် ၁၁ နာရီလောက်က ဖမ်းဆီးခံရတဲ့ သူတွေရှိပါတယ်။ ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၄ ဦး ပြန်လွှတ်ခြင်း မရှိသေးပါဘူး။ ခုထိဆက်ရှို့နေတုန်းပါ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့အတူ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုးရှိ တရှောက်အိုက့်ဒိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မင်းကွန်းတောင်ရိုးရှိ တရှောက်အုန်းသဇင်ကျေးရွာ PDF စစ်ဆေးရေးဂိတ်ကို မီးရှို့ခဲ့ပြီးနောက် တရှောက်အိုက့်ဒိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်​ပြီး ပြည်သူ ၁၀ ဦးကျော်လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

" ကျောက်ထု အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ကူထုနေပါတယ်ခင်ဗျာ မီးရှို့ပီးပြန်ထွက်ရင်တော့ PDF တွေနဲ့တိုက်ပွဲဖြစ်နိုင်တယ်။ အိုက့်ဒိုင်ရွာမှာ အိမ်ခြေ ၅၀၀ကျော် ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ လူဦးရေ ၁၀ကျော်ဖမ်းခံထားရပါတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ဧရာဝတီ မြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

"ထန်းကြီးရွာ ကျောင်းဖြူရွာဘက်မှ မီးရှို့ဖျက်စီးထွက်လာသော ခွေး‌စစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းမင်းကွန်းတိုက်နယ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းမြောက်ဘက်သို့ထွက်လာသော ခွေးစစ်ကြောင်းများသည် မြစ်ကမ်းဘေးရှိ အုပ်ဖိုရွာမှစ မြစ်ဘေးရှိရွာများ အားလုံးကို မီးရှို့ဖျက်စီးနေ​ပါတယ်" ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
#ဆောမြို့နယ် #လက်ပန်းရွာ
#စစ်တပ် #မီးရှို့ #ဧရာဝတီမြစ်ဘေး

15/11/2022

Click For Tanintharyi - C4T

C4T အဖွဲ့မှ Three Fingers အမည်နဲ့ App အသစ် ထုတ်ထားပါတယ်။ C4T မှ ထုတ်ခဲ့တဲ့ ကျန်တဲ့ App အားလုံးကို ရပ်ပြီး Three Fingers ကိုသာ အသုံးပြုပေးပါ ခင်ဗျာ။

လောလောဆယ် Point နဲ့ ကြော်ငြာကို အာရုံမစိုက်ပဲ အချိန်ပေးနိုင်သလောက် ၅ မိနစ်၊ ၁၀ မိနစ်လောက် အသုံးပြုပေးကြပါ။

လူသုံးများပြီး App ခိုင်လာရင် Point တိုးပေးပါမယ်။ App ထုတ်ခဲ့တာ ဒီနေ့နဲ့ဆို ၄ ရက်မြောက် ဖြစ်နေပါပြီ။ User 250 လောက်တော့ ရနေပါပြီ။ တစ်ပတ်အတွင်း User 500 လောက်ရအောင် ကြိုးစားကြစို့နော်။

မသိသေးသူများလည်း သိသွားအောင် အောက်က ပို့စ်လေးကို Share ပေးကြပါဦးနော်။🙏

https://www.facebook.com/100814339066153/posts/200799235734329/

14/11/2022

ကနီ ဒေသခံ များ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက်

နိုဝင်ဘာ ၁၄

ကနီမြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
#ကနီပြည်သူများ
_____
Music: Redline
Musician: EnjoyMusic
URL: https://enjoymusic.ai

Photos from Nway Oo Paing's post 14/11/2022

ပဲခူးတိုင်း စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး၊ သေနတ် ၁၁ လက်၊ RPG အပါအဝင် အမြောက် ၇ လက် နှင့် ကျည်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးအကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက် ခိုက်ရှင်းလင်းပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး၊ လက်နက်နှင့်ခဲယမ်းကျည်အမြောက်အမြား သိမ်းဆည်းရမိကြောင်း KNU က သတင်းထုတ် ပြန်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြားရှိ စစ်ကောင်စီ၏ သံဆိပ်စခန်း၊ ဘောကထာ နှင့် တုံးတံတာစခန်းတို့ကို တစ်ပြိုင်နက်တည်း တစ်ရက်အတွင်း တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် စစ်တပ်စခန်း ၃ ခုကို စတင် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNU က ဆိုသည်။

စစ်တပ်၏ သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ၏ မြေပြင်တက်ဖွဲ့ များက တိုက်ခိုက်ချေမှုန်းဖျက်ဆီးခဲ့ပြီး တုံးတံတာစခန်းကိုမှု ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော် (KNLA) က တိုက်ခိုက်ရေးသုံး Drone များဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်တပ် စခန်း ၃ ခုကို တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ်အတည်ပြုနေဆဲဖြစ်ကြောင်း၊ လက်နက် သိမ်းဆည်းရရှိမှု အနေဖြင့် MA သေနတ် ၈ လက်၊ ကျည်ဆံ ၃၀၇၀ တောင့်၊ 9mm ၂ လက်၊ 81 mm ၁ လက်၊ 81mm ကျည် ၆၈ လုံး၊ 60mm အရှည် ၁ လက်၊ 60mm အတို ၄ လက်၊ 60mm ကျည် ၁၁၃ လုံး၊ RPG-7 ၁ လက်၊ RPG-7 ကျည် ၇၇ လုံး၊ လက်ပစ်ဗုံး ၂၈ လုံး၊ Short Gun ၁ လက်၊ Short Gun ကျည် ၈၈ တောင့်၊ M14 ခြေနင်းမိုင်း ၁၀ လုံး၊ တိုက်မိုင်း ၁၀ လုံး၊ ကျည်ဘောက် ၂၇ ခုနှင့် မိုင်းရှာစက် ၁ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်တပ် စခန်းများအား ရှင်းလင်းစဉ်အချိန်အတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ် ၂၀ ခန့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကြောင့် စခန်းအတွင်းရှိ ပစ္စည်းများအား အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်သဖြင့် ပြည်သူ ၂ သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU က ပြောသည်။

13/11/2022

ထားဝယ်ခရိုင်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ခရီးစဉ်ကို လုံခြုံရေးယူပေးသည့်တပ်ဖွဲ့ တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ နီးပါး သေဆုံး

ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် နိုဝင်ဘာလ ၂ ရက်မှ ၅ ရက် နေ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ခရီးစဉ်အတွက် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ နီးပါးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF အဖွဲ့ထံမှ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ခရီးစဉ်ကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ ၏ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု PDF အဖွဲ့များထံမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းသို့လာရောက် မည်ဟု သတင်းများထွက်ပေါ်လာပြီး နောက် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထားဝယ်(ပကဖ)အဖွဲ့မှတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ လောင်းလုံးPDF အဖွဲ့တွေက တိုက်ခိုက်မှု အပြီး ချက်ချင်းသတင်းထုတ်ပြန်ဖို့ စီစဉ်ထားပေမယ့် အကောက်တွေ၊ ပေ့ချ်တွေပိတ်ခံထားရလို့ အခုမှ သတင်းထုတ်ပြန်ဖြစ်တာပါ” ဟု ပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီယာဉ်တန်းများနှင့် ခြေလျင်စစ်ကြောင်းတို့ကို နိုဝင်ဘာလ ၂ ရက် နေ့ ညနေ ၄ နာရီအချိန်တွင် ရေဖြူ-နဘုလယ် ရေနက်ဆိပ်ကမ်းလမ်းမကြီး ဝက်ချောင်းရွာအဝင်လမ်း၀ ရှမ်းလမ်းဆုံတွင် PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းခြောက်လုံးဖြင့်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ ဦး သေ ဆုံးခဲ့ပြီး ယင်းနေ့ညပိုင်းတွင်လည်း စစ်ကူလာသည့်ယာဉ်တန်းကို မိုင်းနှစ်လုံးဖြင့်ထပ်မံတိုက်ခိုက်ခဲ့ ကြောင်း သိရ သည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လောင်းလုံးဖက်ကို ဦးတည်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၆ ဦးခန့်စီးနင်းလိုက်ပါလာသည့်ယာဉ်တန်းကို သုံးကြိမ်မြောက်မိုင်းဆွဲခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး နောက် ညပိုင်းတွင်ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ နီးပါးကို မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၃၀ နီးပါး ထပ်မံသေဆုံးခဲ့သည်။

အဆိုပါ အကြမ်းဖက်စစ်ခေါင်းဆောင်၏ခရီးစဥ်အတွက်လုံခြုံရေးယူပေးသည့် စကစတပ်သားများကို ထားဝယ် (ပကဖ) DGRF၊ လောင်းလုံး (ပကဖ) LLPDF၊ T-PDF ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ၎င်းတို့ဖက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ထားဝယ်ခရိုင်
#အကြမ်းဖက်စစ်ခေါင်းဆောင်
#လုံခြုံရေး

12/11/2022

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ်

Student Code နဲ့ password က ဘာအတွက်ပေးတာလဲ????

အဖြေ
၁။ MES မှာ register လုပ်အပြီးမှာပေးတဲ့ Student code နဲ့ password က security အရ student code နဲ့ changed passwordတို့ကို အသုံးပြုပြီး MES မှာ login ဝင်သုံးနိုင်ဖို့ပါ။
၂။ MES registration ပြီးနောက်သင်ခန်းစာတွေလေ့လာနိုင်ဖို့ LMS (Moodle) စနစ်မှာ system Admin က course enrollment လုပ်ပေးပြီးတဲ့အခါ မိမိရဲ့ LMS account information ကို MES system ထဲဝင်ရောက် ရယူပြီး LMS username, password ဖြင့် LMS site ကို ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
LMS link information အား သင်တန်းများ မဖွင့်လှစ်မှီ MNOU page နှင့် Telegram Channel တွင် ထုတ်ပြန်ကြေငြာပေးသွားပါမည်။

Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
#မြန်မာ့နွေဦးတက္ကသိုလ်

11/11/2022

ဘီးလင်းတိုးဂိတ်ဟောင်းတွင် ကား ၁၃ စီးပါ စစ်ယာဉ်တန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှု အနည်း ဆုံး စစ်တပ်ဘက်မှ ၂၀ ထိခိုက်သေဆုံးနိုင်၊ ပူးပေါင်းတပ်ဖွဲ့ ဒရုန်း ၂ စီးပစ်ချခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းတိုးဂိတ်ဟောင်းတွင် စစ်ကား ၁၃ စီးပါ စစ်ယာဉ်တန်း ဖြတ်သန်းစဉ် KNLA ၊ PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ ခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်းအချိန် ဘီးလင်းတိုးဂိတ်ဟောင်းသို့ ဖြတ်သန်းလာသော စစ်ကောင်စီတပ်မှ ကား ၁၃ စီးပါ စစ်ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကား ၁၃ စီးလုံးထိမှန်ပြီး စစ်တပ်ဘက်မှ အထိနာသွားကြောင်း၊ ဒရုန်းများဖြင့် ဗုံးကျဲချရာတွင် ဒရုန်း ၂ စီးမှာ ပစ်ချခံလိုက်ရကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကဆိုသည်။

"စစ်ကား ၁၃ စီးလုံးထိတယ်။ ဒီဘက် ၄၀ မမတွေ နဲ့ချည်းပဲ ပစ်တာ။ ဒရုန်းတွေနဲ့ ဗုံးတွေကျဲချတယ်။ တိုက်ပွဲကတော့ နှစ်ဖက် အပြန်အလှန်ပစ်တ်မှုဖြစ်တာ။ ဗုံးကျဲတဲ့ ဒရုန်းနှစ်စီးတော့ ပစ်ချခံလိုက်ရတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူး။ စစ်တပ်ဘက်ကတော့ လူနာတင် ၅ စီးနဲ့ အခေါက်ခေါက်ကျော့ပြီးသယ်တယ်။ ၂၀ လောက်တော့ အနည်းဆုံး အထိအခိုက် သေဆုံးမှုရှိနိုင်ပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ ပစ်ချခံလိုက်ရသည့် ဒရုန်းနှစ်စီးသည် တန်ဖိုးအားဖြင့် သိန်း ၂၆၀ ခန့် ပေါက်စျေးရှိပြီး စစ်တပ်က ဒရုန်းပစ်ချသည့် လက်နက်ဖြင့် ပစ်ချခြင်းဖြစ် ကြောင်း သိရှိရသည်။

ဒေသခံတစ်ဦးကမူ "စစ်ကား ၃ စီးလောက်ကတော့ပိုးလိုးပက်လက် လန်သွားတာ။ စစ်သားတွေ လဲပြိုနေတာပဲ။ စစ်တပ်ဘက်က အသေအပျောက်များတယ်ပြောတယ်။ လူနာတင်ကားတွေက သထုံကရော ဘီးလင်းကရော လာတာ အများကြီးပဲ" ဟု ပြောဆိုသည်။

မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းဒေသသည် KNU တပ်မဟာ ၁ နယ်မြေ ဖြစ်ပြီး လက်ရှိတွင် PDF တပ်ဖွဲ့များ၊ LDF တပ်ဖွဲ့များအပါအဝင် ဒေသကာကွယ်ရေးတပ်များအားလုံး စုပေါင်း ၍ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံ တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP။
Khit Thit Media

11/11/2022

°ရန်သူနဲ့ညှိနှိုင်းတဲ့သူဟာ ရန်သူပဲ°
××××××

#မြိုင်မြို့နယ်_သပိတ်စစ်ကြောင်း

Photos from Nway Oo Paing's post 11/11/2022

Breaking News- ပုဏ္ဏားကျွန်း၊ ဆင်အင်းကြီးကျေးရွာတွင် အဘွားအို အပါ အဝင် ပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်၊ စစ်တပ်က သတ် ဖြတ်ထားသည့် အလောင်းများစွာ ရှိနေသေး

ရန်ကုန်၊ နိုင်ဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီ တပ် က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ကျေးရွာသား ၇ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ပြီး နေအိမ် ၇လုံးထက်မနည်း မီးရှို့ခဲ့ပြီးနောက် ကျေးရွာသား ၇ ဦး ထက်မနည်းသတ်ဖြတ်ခဲ့ကြောင်း၊ အလောင်းများကို ကျေး ရွာ အတွင်းတွင် ပစ်ထားခဲ့ကြပြီး အခြားအလောင်းများလည်း ရှိနေသေးကြောင်း ကျေးရွာသားများက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ ဆင်အင်းကြီးရွာမှာ-
၁-ဦးမောင်မောင်သိန်း၊
၂- ဦးမောင်ကျော်သိန်း၊
၃-ဦးစံ၊
၄-ဦးမောင်စံလှ၊
၅-ဦးခင်မောင်၊
၆-ဒေါ်မခင်သိန်း၏ အသက် ၈၀ ကျော် မိခင်
၇-အမည်မသိရသေး တို့ဖြစ်ကြသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲဝင်များသည် ဆင်အင်ကြီးကျေးရွာအတွင်း နေ အိမ် ၇ အိမ် မီးရှို့ခဲ့ရာတွင် မီးရှို့ခံရသော နေအိမ်များမှာ ဦးထွန်းတင်အိမ်၊ ခင်ဘုအိမ်၊ ငစိချေအိမ်၊ ဒေါ်မလှတင်အိမ်၊ လှိုင်မေနုအိမ်၊ သန်းအေးခင်အိမ်၊ မောင်ထွန်း ကြိုင်နေအိမ်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။

"အလောင်း ၇ လောင်းတွေ့ရှိထားတယ်။ နေအိမ် ၇လုံးကို မီးရှို့လိုက်တယ်။ ဒီထက် စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်တာ များဦးမယ်။ မနေ့ ညနေပိုင်း က စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ကြတာ။ လောလောဆယ်ဒီလောက်ပဲပြောလို့ ရနိုင်မယ်” ဟုပြောသည်။

စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းနေအိမ်များကို မီးရှို့ရာတွင် ကျေး ရွာသားများက အနီးနားကျေးရွာများသို့လည်း ရှောင်တိမ်း၍ မရတော့သည့်အခြေ နေဖြစ်နေပြီး ရွာဘုန်းကြီးကျောင်းထဲတွင်သာ ကျေးရွာသားတစ်ချို့ စုပေါင်း၍ နေကြရသည်ဟု ရွာသားများကဆိုသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းခန့်က စစ်ကောင်စီ၏ ရိက္ခာပို့သည့်ကား ၂ စီးကို ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးရွာကြားတွင် ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်း၊ စစ်တွေပါဒလိပ် တပ် ရင်း တို့က အနီးနားကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဥ် များဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် အိုင်ဒင်ကျေးရွာမှ ဒေသခံ ၂ ဦးဒဏ်ရာရပြီး အသက် ၁၅ နှစ်အရွယ် မောင်စိုးဦးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရှိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

Photos from Nway Oo Paing's post 10/11/2022

တက်ကြွလှုပ်ရှားသူတဦးကိုဖမ်းလာတဲ့ ကားပစ်ခတ်ခံရလို့ ဖမ်းဆီးရေးတာဝန်ခံ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ နဲ့ စစ်သား ၂ ဦးသေဆုံး

သထုံ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၂ ။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှ တက်ကြွလှုပ်ရှားသူတဦးကို မတရားဖမ်းစီးလာတဲ့ စစ်ကောင်စီကားကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မသင်္ကာလို့ တားဆီးပစ်ခတ်ခဲ့တာလို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံကိုစောထူးအောင်က မြေလတ်အသံကို ပြောပါတယ်။

ဝင်းစိန်ကျေးရွာ နံနက်အစော ၅ နာရီကျော်ခန့်က အင်အား ၄ ဦးနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"တက်ကြွလှုပ်ရှားသူ ၁ ယောက်ကို သူတို့ဝင်ဖမ်းတာ၊ ဝင်ဖမ်းပြီး သူတို့ပြန်အထွက်မှာ ကျနော်တို့က ကားကို 40 နဲ့ပစ်ပြီးတားတယ်။ သူတို့ ကားရပ်သွားတယ်။ ကျနော်တို့ဘက် သေနတ်တွေနဲ့လည်း ပစ်တယ်။ သူတို့ဘက်က ၃ ယောက် သေတယ်။ ၁ ယောက် ဒဏ်ရာရတယ်။ အဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူက ဒဏ်ရာမရဘူး။ ကားပေါ်ကနေ ဆင်းပြေးသွားတယ်။ တက်ကြွလှုပ်ရှားသူကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်။" လို့ တာဝန်ခံ ကိုစောထူးအောင်က ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ကားပေါ်ကနေ သေနတ် အတို ၁ လက် MA 1 ၂ လက်နဲ့ ကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

"စစ်‌ကောင်စီဘက်က သေဆုံးတာက ဗိုလ်မှူးဆိုတာ အတည်ပြုလို့ရတယ်။ သထုံပြည်သူ့ဆေးရုံကို ချိတ်ကြည့်တော့ သထုံလေ့ကျင့်ရေး ၉ က ဖမ်းဆီးရေးတာဝန်ခံ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူလို့ သိခဲ့ရတယ်။ ဗိုလ်မှူးချစ်ဝင်းသူက ထုံးဘို‌လေးရွာကို မီးရှို့တဲ့အထဲမှာ အဓိကပါဝင်သူပါ။ ဗိုလ်မှူးချစ်ဝင်းသူက သထုံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာ လိုင်စင်မဲ့ကားတွေကို မှောင်ခိုလုပ်နေတာ။ မနှစ်က မိုးတွင်းမှာလည်း ရေတံခွန်ကို လာရောက်လည်ပတ်တဲ့ကလေးတွေကို ဖမ်းဆီးတာလည်း ဗိုလ်မှူးချစ်ဝင်းသူပါ" လို့ တာဝန်ခံက ထပ်မံပြောဆိုပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း PDF တွေ ဖမ်းဆီးပြမည်ဟု ကြွေးကြော်သူ သထုံမြို့နယ် ဒေးဗရိန်းကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဖိုးထောင် (ခ) စိုးဝင်း ဆိုသူ လက်ဘက်ရည်ဆိုင်ထိုင်နေချိန် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့က သေနတ်နဲ့ ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း-ဒိန်းဂျား
စာတည်း-007
#မြေလတ်အသံ
မြေလတ်အသံ - Myaelatt Athan

10/11/2022

Nway Oo Paing

09/11/2022

"တစ်ဘဝ ' တစ်ခါ"

(_________)

#အကြည်တော်
#တစ်ဘဝတစ်ခါ

တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ်.
ဒါဟာ ဝဋ်ကြွေးတစ်ခုဆို
အဲဒီဝဋ်ကြွေးကို ငါကျေနပ်တယ်

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာ တစ်ခါပဲ ရွေးချယ်ခွင့် ရှိရင်တောင်
မင်းရှိရာ အရပ်ကို ငါရွေးမယ်

ငါရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးကပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်

ငါတို့ဟာမဆုံနိုင်တဲ့ မျဥ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိပဲ
ငါရှင်သန်နိုင်တယ်

မင်းရဲ အမည်နာမက ငါ့ရဲ့နေစဥ်သုံးဘာသာစကား
မျှော်လင့်မထားပဲ သတိရတတ်သွားတာ ငါ့ရဲ့အမူအကျင့်

နတ်ပြည် နဲ့ ငရဲပြည်
ဘယ်အရာကိုအရင်ရွေးမလည်ဆို

မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်

ဘဝ မှာ တစ်ခါပဲချစ်ခွင့်ရမယ်ဆို
တစ်သက်မှာတစ်ယောက်ပဲချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးကပြောင်းလဲခဲ့မယ်ဆို
မင်းကိုချစ်တဲ့စိတ်က

ဘယ်အခါမှမပြောင်းလဲပါဘူး


#ကဗျာဂီတ

Photos from Nway Oo Paing's post 09/11/2022

☹️😢

Photos from Nway Oo Paing's post 08/11/2022

မြင်းခြံတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူထောင်ချီ ထွက်ပြေးရ

ရန်ကုန်၊ နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ပျားကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပျားကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်က ညနေ ၆ နာရီအချိန်တွင် ပျားကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အိမ်များကို မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအားလုံး ထွက် ပြေး နေရပြီး မပြေးနိုင်သော ပြည်သူများကို စစ်တပ်က ဖမ်းဆီးရိုက်နှက် မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

"ဒီနေ့ ညနေ ၄ နာရီ လောက်ကစပြီး ရွာနားမှာ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲရပ်သွားတော့ ညနေ ၆နာရီလောက်မှာ ရွာထဲကို စစ်သားတွေ ဝင်လာပြီး မီးတွေရှို့နေတာပဲ။ ရွာသူရွာသားအားလုံးတောထဲကိုတိမ်းရှောင်နေရတယ်။ ရွာမှာက အိမ်ခြေ ၁၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် အခု မီးက အရမ်းကြီးတော့ တောတောင်တွေ ထဲကတောင် မီး တောက်ကို လှမ်းမြင်နေရတယ်။ ဘယ်လောက်လောက် လောင်နေလဲမသိဘူး။ ညနေပိုင်းလောက်ကတော့ရွာသားတချို့ဖမ်း ဆီး အရိုက်ခံရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းတို့တွင် စစ် ကြောင်းများဖြင့် လှည့်လည်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို ရွာလုံး ကျွတ် မီးရှို့ခြင်းကဲ့သို့သော စစ်ရာဇ ဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- ယခု ည ၆ နာရီ အချိန် မီးလောင်နေသော မြင်းခြံမြို့နယ်၊ ပျားကျေးရွာ၏ မီးတောက်မြင်ကွင်းများ။
Khit Thit Media

07/11/2022

ဖက်ဒရယ် ဆိုတာဘာလဲ..?
-------

#ဖက်ဒရယ်

06/11/2022

ထိုင်းရောက် တော်လှန်သူရဲကောင်းများအား လေးစားစွာဖြင့်
____
#ထိုင်းရောက်မြန်မာများ
#နွေဦးတော်လှန်ရေး #အရေးတော်ပုံ

____
Music: Sweet
Musician: LiQWYD

Photos from Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ်'s post 06/11/2022

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် တတိယ အသုတ်

05/11/2022

ရေဖြူမြို့တွင် မူးဒူးကျောင်းတိုက်ကားကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်၍ ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ကျည်ထိမှန် ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ နဘုလယ်​ဒေသတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မူးဒူးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဆရာတော်သည် ပရဒတ်ရွာဘုန်းကြီးကျောင်းကို ယနေ့ နံနက် ၅ နာရီခွဲ အရုဏ်ဆွမ်းစားကြွရန် မူးဒူးကျေးရွာမှအထွက် ဒေသအခေါ် ပုစွန်အင်းတံတားအနီးတွင် ပစ်ခတ်ခံခဲ့ရကြောင်း၊ ကားပေါ်တွင် ယာဥ်မောင်းနှင့် ဆရာတော်တို့လိုက်ပါလာခဲ့ပြီး ဆရာတော်ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က မူးဒူးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဓမ္မဝံသ လိုက် ပါသော ကားကို သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ဆရာတော်၏ ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ကြောင်း သိရှိရသည်။

" ကားကိုသေနတ် ၆ချက်လောက်ပစ်တာခံလိုက်ရတာပါ။ ဘုန်းကြီးကားဆိုတာ ကားမှာကျောင်းနာမည်တွေရေးထားတာပဲ။ ရည်ရွယ်ချက်ရှိရှိပစ်တာတောင်ဖြစ်နိုင်တယ်။ လမ်းသွားလမ်းလာလည်းများများစားစားမရှိတဲ့လမ်းပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသော ဆရာတော်ကို အရေးပေါ် ဆေးရုံတင်ပို့ ကုသနေရကြောင်း သိရှိရသည်။

နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ယမန်နေ့ အကြမ်း ဖက် မင်းအောင်လှိုင် လာရောက်၍ လုံခြုံရေး အများအပြား ချထားချိန်တွင် ယခု ကဲ့သို့ ဆရာတော်တစ်ပါးကို စစ်တပ်က ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

03/11/2022

Spring Legends YT ချန်နယ်ကို Subscribe လုပ်ပေးကြပါအုံး အမျိုးတို့

Photos from Nway Oo Paing's post 02/11/2022

တောင်ပိုင်းစစ် ဒေသ ကွန်မန်ဒိုသင်တန်းဆင်းပွဲပြုလုပ်
---------
တောင်ပိုင်းစစ် ဒေသ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည်ဟု တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။

ခြောက်လကြာ တက်ရောက်ရသည့် ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တောင်ပိုင်း စစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

NUG လက် အောက်ရှိ PDF တပ်ဖွဲ့များမှာ တစ်နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေး နယ်မြေများတွင် သင်တန်းများပြုလုပ်နေခဲ့သည်။

အခြေခံစစ်သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ တောတွင်းပြောက်ကျားသင်တန်းများ၊ မြို့ပြပြောက်ကျားသင်တန်းများ၊ အထူးကွန်မန်ဒိုသင်တန်းများ၊ ခေါင်းဆောင်ငယ်သင်တန်းများ၊ combat medic သင်တန်းများ၊ drone သင်တန်းများ၊ လက်နက်ထုတ်လုပ်မှုသင်တန်းများ၊ စစ်မြေပြင်သတင်းမှတ်တမ်းရယူခြင်းသင်တန်းများ စသည့်စစ်ဘက်ဆိုင်ရာသင်တန်းများအား ပါဝင်စည်။

ထို့အပြင် မဟာမိတ်အဖွဲ့အစည်းများနှင့်ညှိနှိုင်းတိုင်ပင်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး လက်နက်များတပ်ဆင်ကာ တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှုများဟန်ချက်ညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း တောင်ပိုင်းစစ် ဒေသက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေး

Photos from Nway Oo Paing's post 02/11/2022

ပြည်ကြီးတံခွန်ရှိ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းကို စစ်တပ်က PDFနှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး ညတွင်းချင်း ချိတ်ပိတ်၊ ကလေးငယ်များ အိပ်စရာမရှိဘဲ ဒုက္ခရောက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က PDFနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ယခုညတွင်းချင်း ချိတ်ပိတ်ခဲ့သဖြင့် မိဘမဲ့ကလေးများ အိပ်စရာမရှိဘဲ လမ်းပေါ်တွင် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စ လုံးရပ်ကွက်၊ တတ ၅၂ အကွက်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ ည ၆ နာရီခန့်တွင် PDF နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် လာရောက်ချိတ်ပိတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မိဘမဲ့​ကျောင်းတွင် နေထိုင်သည့် ကလေးငယ်များသည် အိပ်စရာနေရာမရှိဘဲ မှီခိုရာ မရှိတော့သည့်အတွက် ဒုက္ခရောက်နေကြောင်း သိရသည်။

" ခရစ်ယာန် မိဘမဲ့ကျောင်းကို စစ်ခွေး၊ ရဲခွေးတွေ အင်အား အလုံးအရင်းနဲ့ ညတွင်းချင်း စီးနင်းပြီး တိုက်ပေါ်ကနေ ကလေးငယ်များကို ဆွဲခေါ် ပစ္စည်းတွေ သယ်ခိုင်းပြီး မောင်းထုတ်နေတယ်။ ဘာအပြစ်မှ မရှိတဲ့ ကလေးတွေကို ရက် ရက်စက်စက် လုပ်နေတာ မိဘမဲ့ ကလေးလေးတွေလည်း ခုဘယ်မှာ နေရမှာလဲ မသိတော့ဘူး။ ကလေးတွေကို မညာမတာ ခိုင်းပြီး အိမ်ပေါ်က ဆင်းခိုင်းနေတာ ညပိုင်း ဘယ်သွားအိပ်ရတော့မှာလဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချိတ်ပိတ်ထားသော မိဘမဲ့ကျောင်း အနီးအနားတွင် အရပ်ဝတ်များဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

Khit Thit Media

Photos from Nway Oo Paing's post 01/11/2022

ရခိုင်ပြည်နယ်တွင် ၆ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်တွင်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် AA တို့အကြား ၆ ရက်တာတိုက်ပွဲများအတွင်း စစ် ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာအနီးတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ) အနီးတွင် တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၉ နှင့် ၂၁၀ ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား သုံးနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးမျက်မြင် ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကြောင်း၊ AA ဘက်မှလည်း
အထိ အခိုက် အကျအဆုံး အနည်းဆုံးရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ (၂၈) ရက်နေ့၊ ပလက်၀မြို့နယ်တွင်လည်းကောင်း၊ အောက် တိုဘာလ (၂၈) ရက်နေ့တွင် ကျောက်တော်မြို့တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း ကောင်း၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာအနီးတွင်လည်းကောင်း၊ မြောက်ဦးမြို့နယ်တွင်လည်းကောင်း စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီ ၁၃ မိနစ်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာ အနီးတွင် စစ်တပ်နှင့် AA တို့ မိနစ် ၂၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း ရန်သူသည် လက်နက်ကြီးများကို ကျောက်တော် နှင့် ဘူးသီးတောင်မြို့ နယ်များအတွင်း၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပလက်ဝမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ မောင်တောမြို့နယ်မြောက်ပိုင်းတွင် နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမြောက်ပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦး ကျဆုံးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အောက်တိုဘာလတွင် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

31/10/2022

သတင်းအမှန်မဟုပ်ပါစေနဲ့လို့ပဲမျော်လင့်တယ်
👇

29/10/2022

နောက်ကျတဲ့
ခြေထောက် ငရဲရောက်
😁
⤵️⤵️⤵️

Photos from Nway Oo Paing's post 29/10/2022

ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံရဲစခန်းကို KNLA ပူးပေါင်းတပ်များက ၁၀ မိနစ်အတွင်း သိမ်းပိုက် ၊ ဖားကန့် ဗုံးကျဲမှုကို လက်တုံ့ ပြန်ခြင်းဖြစ်ပြီး လက်နက် ၁၄ လက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကျိုက်ဒုံမြို့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိကြောင်း KNLA ပူးပေါင်းတပ် ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီခွဲတွင် ကျိုက်ဒုံရဲစခန်းကို KNLA တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်းတို့က တိုက်ခိုက်ရာ ၁၀ မိနစ်အတွင်း စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအပြီး၌ G3 ၆ လက်၊ G3 ကျည်ကတ် ၁၁ ခု၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ ခြောက်လုံးပြုး ၄ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ 7.62 ကျည် ၂၅၄၀ တောင့်၊ လက်ပစ်ဗုံး ၂၃ လုံး၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး၊ RPG ယမ်း ၃ တောင့်၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မိုင်းကြိုး ၂ ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် KNLA ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုစာရင်းကို အတည်ပြု ထပ်မံထုတ်ပြန်မည်ဟု ဒေါနစစ်ကြောင်းကိ ဆိုသည်။

အဆိုပါ ကျိုက်ဒုံနယ်မြေရဲစခန်းသည် စစ်ကောင်စီ၏ ကျိုက်ဒုံ ဗျူဟာ တောင်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည်။

ကျိုက်ဒုံမြို့တွင် စစ်ကောင်စီ၏ စကခ ၁၃ လက်အောက်ခံ ဗျူဟာနှင့် BGF တပ်ရင်းတစ်ရင်း အခြေစိုက်ထားသည်။

ယခုတိုက်ခိုက်မှုသည် KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နှင့်တကွ နိုင်ငံတစ် ဝန်း စစ်ကောင်စီ၏တရားမဲ့လုပ်ရပ်များအပေါ် တုန့်ပြန်သောတိုက်ခိုက်မှုတစ်ခု‌ဖြစ် ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်သည်။

ဓာတ်ပုံ- ကျိုက်ဒုံရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်များ။

28/10/2022

10

28/10/2022

😂😂😂!!!!

28/10/2022

နေပြည်တော်တွင် ရုရှား တိုက်လေယာဉ်မှူးများ ရောက် ရှိနေပြီး ပွင့်လင်းရာသီတွင် စစ်တပ်က လေကြောင်း အဓိက ဖြင့် ထိုးစစ်ဆင်ရန် လေ့ကျင့်ပျံသန်းနေ

ရန်ကုန်၊ အောက်တိုဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်တွင် ရုရှားတိုက်လေယာဉ်မှူးများ ခေါ်ယူထားပြီး ပွင့်လင်းရာသီ စစ်တပ်က လေကြောင်း အဓိကဖြင့် ထိုးစစ်ဆင်မှုများ ပိုမို လုပ်ဆောင်နိုင်ရေး တိုက်လေယာဉ် ပျံသန်းလေ့ကျင့်မှုများ လုပ် ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ဘက်သတင်းရင်းမြစ်တစ်ခုကမူ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်ရန် ဗျူဟာပြောင်းလဲ သတ်မှတ်ပြီး ယခင်ကဲ့သို့ မြေပြင် ကြည်းတပ်များ အထိနာမှ လေကြောင်း ပစ်ကူမဟုတ်တော့ဘဲ လေယာဉ်ဖြင့် ပထမဆုံး ပစ်ခတ်ဝင်ရောက်ကာ အနောက်မှ ကြည်းတပ်များက ဝင်ရောက်ခြင်းကဲ့သို့ ဗျူဟာပြောင်းလဲ ကျင့်သုံးနေကြောင်း သိရှိရသည်။

ပွင့်လင်းရာသီကာလ လေကြောင်း တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်နိုင်ရန် မကွေးလေတပ်၊ နေပြည် တော်လေတပ်၊ တံတားဦးလေတပ်၊ ပုသိမ်လေတပ်၊ မြစ်ကြီးနားလေတပ် အစရှိသည့် လေတပ်များတွင် တိုက်လေယာဉ် လေ့ကျင့်ပျံသန်းမှုများကို နေ့စဉ် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ နေပြည်တော်တွင်မူ SU-30 တိုက်လေယာဉ်သစ်များ လေ့ကျင့်ပျံသန်းမှုများရှိနေပြီး ရုရှားပိုင်းလော့များက လေ့ကျင့်သင် ကြားပေးနေသည်ဟု သိရှိရသည်။

"နေပြည်တော် မှာတိုက်လေယာဥ်တွေ နေ့ရော ညပါ ပျံသန်းနေတာ တစ်ပတ်လောက်ရှိပြီ။ နေ့ခင်းဖက်ရော ညဖက်ရော တစ်နေ့ ၅ ကြိမ်ထက်မနည်း လေ့ ကျင့် ပျံသန်းတာပါ။ ကြည့်ရတာတော့ လေယာဉ်ပုံစံက Su-30 တွေ။ အရင်ကျနော်တို့ သိတဲ့ MIG-29 ထက် အရွယ်အစားကြီးတယ်။ လေယာဉ်သစ်တွေဗျ" ဟု နေပြည်တော်လေတပ်စစ်မှုထမ်းဟောင်း တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

အလားတူ မကွေးလေတပ်စခန်းတွင်လည်း တိုက် လေယာဉ်များ အမြဲလိုလို ပျံသန်းနေပြီး ညဘက်များတွင်လည်း ဆူညံစွာ ပျံသန်းမှုများရှိနေသည်ဟု သိရှိသည်။

"မကွေးမှာလည်း နေ့ရော ညရောပဲ ပျံသွားလိုက် ဆင်းလာလိုက်ပဲ။ နေ့စဉ် ၄ စီးကနေ ၅ စီး တက်လိုက် ဆင်းလိုက်ပဲ။ မကွေးမှာ လေယာဉ်သံကြားတိုင်း မီဒီယာတွေကို ပြောပေမယ့် ဘယ်သူမှ အရေးတယူ မလုပ်သလို ခံစားရတယ်။ မကွေးလေတပ်မှာလည်း တိုက်လေယာဉ်တွေ အတက်အဆင်းက နေ့တိုင်းလုပ်နေကြတယ်" ဟု မကွေး ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ရန်ကုန်တွင်လည်း ညပိုင်း တိုက်လေယာဉ် လှည့်ပတ် လေ့ကျင့်ပျံသန်းမှုများရှိကြောင်း၊ နေ့ပိုင်းတွင်လည်း အနိမ့်ပိုင်း ပျံသန်းမှုများမြင်ရကြောင်း ရန်ကုန်မြို့ခံတချို့က ဆိုကြသည်။

ထို့ပြင် သီလဝါဆိပ်ကမ်းမှ လေယာဉ်ဆီ ဆီ​ဘောက်ဆာကား နေ့စဉ် အနည်းဆုံး ၅ စီးမှ ၁၀ စီး ထွက်ပြီး တစ်နိုင်ငံလုံးရှိ လေတပ်များသို့ လေယာဉ်ဆီများ ပေးပို့နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် လေ့ကျင့်ပျံသန်းနေသော Su-30 ဟု ယူဆရသည့် တိုက်လေယာဉ်။
Khit Thit Media

28/10/2022

ကိုမင်းကိုနိုင်၏ ပြည်သူလူထုထံ ပြောကြားချက်
=========================

ဖားကန့်၊ အနန့်ပါ ဗုံးကြဲတိုက်ခိုက်မှုလို စစ်ရာဇဝတ်မှုကျုးလွန်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဇွတ်ငြင်းပြီး ကမ္ဘာကို မထီမဲ့မြင် အခါ အခါ ပြုလုပ်နေတယ်ဆိုတာနဲ့ တော်လှန်ရေးအင်အားစုအားလုံး စုပေါင်းပြီး ကမ္ဘာသိအောင် ပြကြဖို့အတွက် ပြောကြားချက်။

Photos from Nway Oo Paing's post 26/10/2022

◾️ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်း ပြုလုပ်ပုံ အဆင့်ဆင့် ◾️

◾️ အချိန်အခါဟာ မြန်မာနိုင်ငံ မြို့ရွာနယ် အနှံ့အပြားက ဒေသတွေကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေချိန်ဖြစ်ပါတယ်။ စစ်ကိုင်း ၊ မကွေး ၊ ကချင် ၊ စတဲ့ ဒေသတွေမှာလည်း လူအစုလိုက် အပြုံလိုက် သေကြေထိခိုက်ဒဏ်ရာရတဲ့ အထိ ကို ဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် လိုအပ်တဲ့နေရာ ဒေသတွေမှာ အရေးပေါ် ဗုံးခိုကျင်းတွေတူးပြီး လေကြောင်းရန်က တတ်နိုင်သမျှ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း ဆောက်လုပ်ပုံ အဆင့်ဆင့်တွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

◾️ အားလုံးအကြမ်းဖက် စကစ ရန် က ကင်းဝေးကြပါစေ။◾️
----------------

◾️လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်အရေးပေါ်ဗုံးခိုကျင်းတူးရန် အကြံပြုချက်များ
(၁) ​မြေကျင်းတူးရန်

❖ အနက် ၄ ပေ ဝန်းကျင်၊ မိသားစုပုန်းခိုရန် သင့်တော်ရေ အကျယ်အဝန်း

❖ ထိုင်နေချိန် ခေါင်းလုံရန် အရေးကြီး

❖ လိုအပ်ပါက အလွယ်တကူနေရာ ရွှေ့နိုင်ရန်လိုအပ်

❖ မြေကျင်းအထက် အမိုးမိုးမည်ဆိုပါက ခိုင်ခန့်သည့် တန်းဖြစ်ရန်လို

❖ လေဝင်လေထွက်ကောင်းအောင်စီမံရန်လိုအပ်

❖ အဝင်ပေါက်ကို တစ်ဆင့်ချိုးမြောင်းပုံစံတူးဖောက်ရန်

​◉ လေကြောင်းတိုက်ခိုက်မှုရန်မှကာကွယ်ရန်​ ဗုံးခိုကျင်းတူးပါက

❖ စစ်ရှောင်ရာနေရာ (သို့မဟုတ်) မြင်ကွင်းကွယ်သည့် တောင်​စောင်းများ၊

❖ ကမ်းပါးယံများတွင် အရင်ဆုံးတူးထားကြရန်

​​◉ ဗုံးခိုကျင်းများကို မြေပြန့်မြေညီမှာ တူးပါက

❖ အနည်းဆုံး အနက် ၅ပေ၊

❖ အကျယ်မှာ မိသားစုဦးရေအတိုင်းတူးရန်လို၊

​◉ လုံခြုံကောင်းမွန်ပြီး ခိုင်ခံ့သည့် အဖုံးတစ်ခုရနိုင်ရန်အတွက်

❖ အချင်းတစ်ပေခန့် လုံးပတ်ရှိသည့် သစ်လုံး/ သစ်တုံးများကို တစ်တုံးနှင့်တစ်တုံး နေရာမရွေ့စေရန် ၊

❖ သံကြိုး/သွပ်နန်းကြိုး(မရှိပါက ဆိုင်ကယ်ချိန်းကြိုးများ)ဖြင့် သံရိုက်ချိတ်တွဲထားရန်၊

❖ သစ်တုံးများအပေါ် မိုးကာ၊ ပျဉ်ပြား၊ သံပြားတို့ဖြင့် ထပ်ပြီး မြီဖို့ရန်၊

❖ မြေထု အနည်းဆုံး ၂ ပေနှင့်အထက် ထူထူဖို့ရန်

❖ တွင်းထဲသို့ အဆင်သင့် ပြီးဝင် ပုန်းခိုနိုင်ရန်နှင့် အဝင်အထွက် တည့်တိုးမဖြစ်ရေးအတွက် တဆင့်ချိုးမြောင်း တူးဖောက်ရန်၊

(၂) သဲအိတ်စီရန်

❖ မြေကျင်းတူးရန် ခက်ခဲပါက သဲအိတ်စီပြီး ပုန်းခိုရန်နေရာ စီစဉ်နိုင်၊

❖ ဆာလာအိတ်ထဲသို့ သဲ၊ မြေကြီးထည့်ပနာ ထိုင်ပါက ခေါင်းလုံသည့် အမြင့်ဖြစ်ရန်လိုအပ်

❖ သဲအိတ်အကာအပေါ် ခိုင်ခန့်သည့်တန်းတင်းပြီး သဲအိတ်ထားထားရန်၊

(၃) ခိုင်ခံ့သည့် အိမ်နံရံကို သုံး၍ ယာယီခိုကျင်းပြုလုပ်နိုင်၊

❖ အုတ်တိုက်အိမ်ဆိုပါက အကာအကွယ်ရှိသော အခန်းထဲ၌ သဲအိတ်ကာပေါ် တန်းပစ်ပြီး သဲအိတ်တင်ပြီး ဗုံးဒဏ်ကာကွယ်နိုင်၊ ထိုသို့ ပြုလုပ်ရာတွင် သက်ကယ်တြိဂံနေရာများ (နံရံထောင့်နေရာများ)ကို ရွေးချယ်ရန်၊

❖ သဲအိတ် မရှိပါက ဝါးကပ် နှစ်ခုကြား မြေကြီးထည့်၍ နံရံပြုလုပ်နိုင်၊ နံရံ အထူသည် အနည်းဆုံး ၁ပေခွဲ ခန့်ထူရန်၊

❖ သဲအိတ်နှင့် ဝါးကပ်မရှိပါကလည်း သံဇကာ၊ မိုးကာ အပါအဝင် မြီ၊ သဲထည့်ပြီး အရံအတား ပြုလုပ်ရန်သင့်တော်သည့် ပစ္စည်းများသုံး၍ နံရံပြုလုပ်နိုင်၊

❖ နံရံအထူသည် အနည်းဆုံး ၁ပေခွဲခန့်ရှိရပါဖို့၊ လူထိုင်နေပါက ခေါင်းလုံရန်

(၄) အခြားပြင်ဆင်ရမည့်အချက်များ

❖ ပုန်းခိုစဉ်အသုံးပြုနိုင်ရေး မုန့်ခြောက်၊ သောက်သုံးရေ အကိုက်အခဲပျောက်ဆေး။

❖ ဓာတ်မီး၊ ဖုန်း၊ ရေဒီယို၊ ပါဝါဘန့်၊ ဓား၊ အဝတ်အထည်၊ စောင် တို့ကို တစ်ပါတည်း ပြင်ဆင်ထားရန်၊

❖ တိုက်လေယာဉ်များ ပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားရန်၊

❖ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန်အတွက် တိုက်လေယာဉ်များ တွေ့ပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်း ပုန်းရှောင်ကြရန်၊

❖ လမ်းပေါ် ဟင်းလင်းပြင်များ အကာအကွယ်မရှိသည့် မြင်ကွင်းထင်ရှားသည့်နေရာများသို့ ထွက်ကြည့်ခြင်းများကို ရှောင်ကြဉ်ရန်၊

❖ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလအတွင်း မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ လုံခြုံရေးအသိသတိဖြင့် ရွေ့ပြောင်း‌နေထိုင်ရန်

❖ မိမိတို့ နေထိုင်ရာ နီးစပ်ရာ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့နယ်များအတွင်း ပိတ်မိသူများကို တွေ့ရှိပါက လူသားချင်းစာနာမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ ချက်ချင်းဆက်သွယ် အသိ‌ ပေးရန်။

VOS

Website