Cry NIghts

Cry NIghts

Feel

19/10/2022

ကျော်ဖြတ်နေရပါတယ်အဖန်ငါးရာငါးဆယ်ဘဝမခံရအောင်😥😥

19/10/2022

Good Nightနော် ... ကလေး 🤍🤍🤍

ပျော်မနေဘူးဆိုတာလဲ သိပါတယ်
မျက်လုံးတွေမှာ
မျက်ရည်တွေ ၀ဲနေတာလဲ မြင်တယ်

ခေါ်မလာတဲ့ဖုန်းကို
စောင့်နေမှန်းလဲ သိပါတယ်
ဝေးသွားပြီးသားလူကို
လွမ်းနေမယ်ဆိုတာလဲ နားလည်တယ်

ဒါပေမယ့်လေ

တစ်နေ့ တစ်ညတည်းမှ
မဟုတ်ပဲလေ
မနက်ကျ ဖောင်းအစ်နေတဲ့ မျက်လုံးတွေနဲ့
နီရဲတွေနဲ့ မျက်လုံးတွေနဲ့
အဆင်ပြေတယ်လို့ ဖြေရဦးမယ်မဟုတ်ဘူး

ဒီနေ့တော့ ...
ဒီလောက်နဲ့ တိတ်စေချင်ပြီ ...

လာ ...
အို အေး အေး အို ကို သိတယ်မလား
အိပ်မက်လှလှလေး မက်အောင်အိပ်နော်
မျက်လုံးလေးမှိတ်
အလှဆုံးအိပ်မက်လေးမက်အောင် ချော့သိပ်မယ် ။

Good Night ကလေးရေ ....

#ကျေးကို

19/10/2022

အဝေးကချစ်ပေးနေလည်းကျွန်တော့် မေတ္တာ တွေစစ်မှန်နေရင်ဒါကချစ်တာပဲမဟုတ်လား
ပိုင်ဆိုင်ရတာတွေ မပိုင်ဆိုင်ရတာတွေ
ထည့်မတွက်တော့ပါဘူးသဲတုန်လေးရေ😥

18/10/2022

ဘယ်တော့မှမမေ့ဘူးမင်းရှိရာအရပ်ကိုလိုက်လာခဲ့ဖို့အစွမ်းကုန်ကြိုးစားနေတာပါ အပြစ်တွေကြောင့်ဘယ်တော့မှအချစ်တွေမလျော့စေရဘူးသဲတုန်လေး😥

18/10/2022

မုန်းတယ်ဆိုတော့အချစ်ကလေးဆိုပြီးချော့တယ်
တကယ်တမ်းအိမ်မက်တွေမက်ပြီးတယ်ဆိုတော့
အဆက်အသွယ်လေးတောင်မလုပ်တော့ဘူး
မမုန်းဘူးတစ်သက်လုံး စိတ်ချနေခံစားရလည်း
ရာခိုင်နှုန်းနည်းနည်းလေးကိုမျှော်လင့်ပြီးစောင့်နေမှာ😥

18/10/2022

မခေါ်ဘဲနဲ့ငါ့ဘဝထဲဝင်လာခဲ့တယ်
မပြောဘဲနဲ့ထွက်သွားခဲ့တယ်
အဆင်ပြေရဲ့လားသဲတုန်
ဒီညလည်း သတိရမိနေတုန်းပဲ
ခေါက်ဆွဲခြောက်တွေအရမ်းမစားနဲ့နော်
စောစောအိပ်တော့နော် ကလေးလေး

Website