Than HtutWai

Than HtutWai

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Than HtutWai, Podcast, .

11/05/2023

သူဌေးမဖြစ်ခင်
အသုံးစွဲ မကြမ်းနှင့်

မရင်းနှီးသေးလျှင်
အစနောက်မသန်နှင့်

အပြောကောင်းနေ၍
လွယ်လွယ်နဲ့မယုံနှင့်

ခံတွင်းကောင်းတိုင်း
ပလုပ်ပလောင်းမစားနှင့်

မိမိကမှန်သည်ယူ၍
ပစ်ပစ်ခါခါ မပြောနှင့်

ဆင်းရဲနေ၍
အထင်သေးစကားမပြောနှင့်

ချမ်းသာနေ၍လည်း
အထင်ကြီးစကားမပြောနှင့်

မရှိသည်ဂုဏ်ကိုလဲ
သွားမမြှောက်နှင့်

အစားမှား၍
သေသောသူလည်းများစွာရှိ၏

စကားမှား၍
အခြေနေ နိမ့်ကျသွားသူလဲ
များစွာရှိ၏

ပညာရှိဖြစ်ဖို့အတွက်
ပါးစပ်ပေါက်ကို အရင်ပြင်ရ၏

မျက်နှာ၌ ကန့်လန့်ပါသောပါးစပ်ဖြစ်တော့လည်း
ပါးစပ်က ပြောသည့် စကား
ပါးစပ်က စားသည့် အစာ ကန့်လန့်မဖြစ်အောင်
လိုက်လျောညီထွေ ဖြစ်အောင် သတိပြုအပ်၏

ထို့ကြောင့်
စကား မပြောခင် စဥ်းစားပါ
အစားမစားခင်သုံးသပ်ပါ။

11/05/2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာကိုဝင်ရောက်ဖို့ ၈၀ရာခိုင်နှုန်းသေချာလာ.................
မေလ ၁၁

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ(Mocha)"သည် မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ၈၀ရာခိုင်နှုန်း သေချာလာပြီလို့ မိုးလေဝသပညာရှင်များရဲ့ သုံးသပ်ပြောဆိုချက်များအရ သိပါတယ်။

ယနေ့ မေလ ၁၁ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၉နာရီခွဲအချိန် တိုင်းထွာချက်များအရ အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်သို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅မိုင်ခန့်အကွာမှာရှိနေပြီး မြန်မာနိုင်ငံနဲ့ ဝေးနေသေးတယ်လို့ ဦးဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)က ဆိုထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေလ ၁၄ရက်နေ့မှာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီ ၁၀၀မိုင်မှ ၁၁၀မိုင်နှုန်းလို့ ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းက ပြည်သူ ၂ သန်းခန့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို ခံရနိုင်တယ်လို့ သတိပေးပြောဆိုမှုများရှိနေတာလည်းဖြစ်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/71512.html
https://t.me/myanmaplatform

11/05/2023

လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါ

❌ သူများပြောတိုင်း နားမယောင်ပါနဲ့

❌ သူများမြှောက်ပေးတိုင်း လိုက်မလုပ်ပါနဲ့

❌ သူများနှိမ်တိုင်း အားငယ်စိတ်မဝင်ပါနဲ့

❌ သူများတိုက်ခိုက်တိုင်း မကျရှုံးပါနဲ့

❌ သူများ လက်ခုပ်တီးတိုင်း အဟုတ်ထင်ပြီး
လိုက်မကပါနဲ့

❌ သူများခြောက်တိုင်း မကြောက်ပါနဲ့

❌ သူများ တားတိုင်း ကိုယ့်ယုံကြည်ချက်တွေကို မစွန့်ပစ်ပါနဲ့

❌ ပါတ်ဝန်းကျင်ဝေဖန်မှာကြောက်လို့ . ကိုယ့်အပေါ် မေတ္တာသစ္စာမှန်တဲ့သူတွေကို ကျောခိုင်းစွန့်လွှတ်တာမျိုး မလုပ်ပါနဲ့

❌ သူများစကားတွေကြောင့် ကိုယ့်အပေါ်စာနာနားလည်တဲ့ တွဲလက်ကို ဖြုတ်မချပါနဲ့

✅ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါ ...

✅ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်လျှောက်မှ ...
ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်ရောက်မှာပါ ...

✅ ကိုယ့်ရည်မှန်းချက်ကို ယုံကြည်မှုအပြည့်နဲ့ ကိုယ်တိုင် အကောင်အထည်ဖော်မှ . အောင်မြင်မှု အသီးအပွင့်ကို ကိုယ်တိုင် ခံစားရမှာပါ ...

ကိုယ့်ကိုကိုယ် ယုံကြည်ချက်ထားပြီး
ကိုယ့်စိတ်အတိုင်းရှင်သန်ပါ...

Crd original writer

Photos from BBC Burmese's post 11/05/2023
27/01/2023

Videos (show all)

Website