Lajawn Ngan Seng

Lajawn Ngan Seng

Candidate for 2020 Amyotha Hluttaw (Tanai Township, Kachin State)
Member of Parliament, Kachin State

28/09/2023
10/01/2023

ငါတို့က ကမ္ဘာမှာ တိုးတက်မှုအမြန်ဆုံး တရုတ်နဲ့ အိန္ဒိယကြားမှာ နေနေကြတာ
ငါတို့ပါ ရောပြီး တိုးတက်မလာဘူး ဆိုရင် ငါတို့ ညံ့လို့ဘဲ။

လီကွမ်းယု
ဝန်ကြီးချုပ်ဟောင်း
စင်္ကာပူနိုင်ငံ

Photos from Lajawn Ngan Seng's post 10/01/2023

၁၀-၁-၂၃ ရက်၊(၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ ကို ကြိုဆို ဂုဏ်ပြုပါသည်။

28/07/2022

တရုတ်-မြန်မာ နယ်ခြားနယ်နိမိတ် သတ်မှတ်ရေးကိစ္စရပ်များ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

@တရုတ်-မြန်မာ နယ်ခြားသတ်မှတ်ရေးရာဇဝင်ကြောင်း

မြန်မာနိုင်ငံသည်နှစ်ပေါင်း (၁၀၀)ကျော်ကြာမျှဗြိတိသျှအစိုးရတို့၏အုပ်ချုပ်ခဲ့သည်၊ဗြိတိသျှအစိုးရတို့သည်တရုတ်-မြန်မာနယ်ခြားနယ်နမိတ်များ အပြီးတိုင်သတ်မှတ်နိုင်ရေးအတွက် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်းပြီးပြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရောက်ရှိလာသည်နှင့်အညီ တရုတ်-မြန်မာနယ်ခြားနယ်နိမိတ်ကိုအပြီးတိုင် သတ်မှတ်နိုင်ရေးအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရနှင့်ဆွေးနွေးတိုင်ပင်မှုများစတင်ခဲ့ပါသည်။

@ကချင်ပြည်နယ်နှင့်သက်ဆိုင်သောနယ်နိမိတ်ပြဿနာများမှာ

(၁)ဗြိတိသျှအစိုးရလက်ထက်မှစ၍ နှစ်ပြည်ထောင် ကျေနပ်သဘောတူ သတ်မှတ်ခြင်းမပြုရသေးသော နယ်နိမိတ်မှာ ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဆဒုံးနယ်အတွင်းရှိတောင်ထိပ်ချွန်း ခေါ် မနမ်ဘွမ်မှအစပြု၍ တရုတ်-မြန်မာနယ်နိမိတ်အနောက်မြောက်ဘက်အစွန်ဆုံး၊တရုတ်ပြည်-အိန္ဒိယပြည်နှင့်မြန်မာပြည်တို့၏နယ်နိမိတ်များ တွေ့ဆုံရာနေရာအထိတည်ရှိပါသည်။

(၂)မြစ်ကြီးနားခရိုင်၊လောခေါင်နယ်အတွင်းရှိ ဖီမော်၊ဂေါ့်လန်နှင့်ကန်ဖန်ဒေသများနှင့်ပါတ်သက်၍ ယခင်ဗြိတိသျှအစိုးရလက်ထက်ကပင် တရုတ်အစိုးရတို့ကကျေနပ်မှုမရှိခဲ့ဘဲ အတင်းသိမ်းပိုက်ယူထားခြင်းဖြစ်သဖြင့် ခန်မှန်းခြေ (၁၇၇)စတုရန်းမိုင်ခန့်ကျယ်ဝန်းသောနယ်မြေကို ယင်းသို့အားပြန်လည်ပေးအပ်ရန် တရုတ်အစိုးရတို့ကတောင်းဆိုလာပါသည်။

အထက်ပါကိစ္စပြဿနာများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဗဆွေလက်ထက်တွင်ပြည်ထောင်စုအစိုးရက ကချင်ပြည်နယ်မှခေါင်းဆောင်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ခဲ့ရာ သက်ဆိုင်ရာခေါင်းဆောင်များမှ ပြည်ထောင်စုကြီး၏နယ်နိမိတ်ပြဿနာများအပြီးဖြေရှင်းနိုင်ရန်နှင့် နှစ်ပြည်ထောင်ချစ်ကြည်ရေးတို့ကိုထောက်ထားလျက်၊အဆိုပါနယ်များကို မပေးမဖြစ်၍ပေးရသည့်တိုင်အောင် နယ်အကျယ်အဝန်းကိုနည်းနိုင်သမျှနည်းအောင် စေ့စပ်ဆွေးဆွေးပြီးမှသာ ပေးအပ်ရန်သဘောတူညီချက်ပေးခဲ့ကြပါသည်။

အထက်ပါပြဿနာ ကိစ္စရပ်များအကြောင်းအမျိုးမျိုးကြောင့်ပြေလည်မှုမရှိခဲ့ရာမှ၊
ဗိုလ်ချုပ်နေဝင်း အစိုးရလက်ထက်တွင်ဆက်လက်ညှိနှိုင်းခဲ့ရာ နှစ်ပြည်ထောင်နယ်နိမိတ်ပြဿနာများကိုဖြေရှင်းရန်အတွက် နှစ်ဘက်အစိုးရတို့၏သဘောတူညီသောမူတရပ်ကိုချမှတ်နိုင်ခဲ့သဖြင့်၊ ၂၀-၁-၁၉၆၀နေ့တွင်သဘောတူစာချုပ်တရပ်ကို ပီကင်းမြို့တွင်လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ကြပါသည်။

အဆိုပါစာချုပ်၏အခြေခံမူများအရ ဖီမော်-ဂေါ့်လန်နှင့်ကန်ဖန်ဒေသပြန်လည်လွှဲပြောင်းရေးနှင့်ပတ်သက်၍ အကျယ်အဝန်းအတိအကျသတ်မှတ်ရာတွင် သဘောထားကွဲလွှဲချက်များကိုညှိနိုင်းရန်၊ တရုတ်-မြန်မာနယ်နိမိတ်ဆိုင်ရာပူးတွဲကော်မီတီတစ်ရပ် ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပါသည်၊ပူးတွဲကော်မီတီ၏မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဖွဲ့စည်းရာတွင် ကချင်ပြည်နယ်အတွက်ကိုယ်စားလှယ်တစ်ဦးအဖြစ် ကချင်ပြည်နယ်ဝန်ကြီးဌာန၊အတွင်းဝန် မဟာသရေစည်သူဦးရှန်လွမ်းအား နိုင်ငံတော်အစိုးရကပါဝင်ဆောင်ရွက်စေခဲ့ပါသည်။

ပူးတွဲကော်မီတီသည် ကချင်ပြည်နယ် ဖီမော်-ဂေါ့်လန်နှင့်ကန်ဖန်ဒေသများပြဿနာအပါအဝင်နယ်နိမိတ်ကိစ္စ ရပ်များကို ရန်ကုန်မြို့၊ပီကင်းမြို့တို့တွင် အစည်းအဝေး အကြိမ်ကြိမ် ပြုလုပ်ဆွေးနွေးခဲ့ကြပြီး၊ ကချင်ပြည်နယ်နှင့်ပါတ်သက်သည့် ဖီမော်-ဂေါ့်လန်နှင့်ကန်ဖန်ဒေသများအကျယ်အဝန်းကို တရုတ်အစိုးရကိုယ်စားလှယ်များက
တောင်းဆိုသည့် (၁၇၇)စတုရန်းမိုင် ခန့်အစား အကြိမ်ကြိမ်ညှိနိုင်းပြီး မြန်မာနိုင်ငံတော်အစိုးရဘက်မှ (၅၉)စတုရန်းခန့်ကိုသာပေးအပ်နိုင်ရေးညှိနိုင်း အတည်ပြုနိုင်ခဲ့ပါသည်။

ထိုသို့အတည်ပြုခြင်းအားဖြင့်

(က)ယခင်ဗြိတိသျှအစိုးရလက်ထက် မြေတိုင်းထွာသတ်မှတ်ခြင်းမပြုရသေးသည့်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရှိတောင်ထိပ်ချွှန်းခေါ် မနန်ဘွမ်မှအစပြု၍ တရုတ်-မြန်မာနယ်နိမိတ် အနောက်မြောက်ဘက်အစွန်ဆုံးဒေသ၊အိန္ဒိယပြည်နှင့်မြန်မာပြည် နယ်နိမိတ်တို့တွေ့ဆုံရာနေရာအထိကို ရေဝေခင်တန်းများတလျှောက် သတ်မှတ်ပါက ကချပ်ပြည်နယ်၏မြောက်ဖက်စွန်းဒေသတွင်(၃၁)စတုရန်းမိုင်ခန့် လက်ရှိနယ်မြေထက်ပိုမိုလာဖွယ်ရှိခြင်း။

(ခ)တရုံမြစ်ဝမ်းဒေသတွင်လည်း အဆိုပါရေဝေခင်တန်းတလျှောက် သတ်မှတ်တိုင်းထွာသည့်အခါ(၅)စတုရန်းမိုင်ခန့်တိုးလာဖွယ်ရှိခြင်း။

(ဂ)တရုတ်ပြည်မှပိုင်ဆိုင်သော မိုင်းမောတြိဂံဒေသခေါ် နမ့်ဝမ်းနယ်မြေကိုလည်း မြန်မာပြည်က နှစ်စဉ်အဌားစာချုပ်အရဌားရမ်းထားခြင်းကိုပယ်ဖျက်၍ ရှမ်းပြည်နယ်အတွင်းကျရောက်သည့် ပန်ဟုန်းနှင့်ပန်မောလူမျိုးများအုပ်ချုပ်သည့်နယ်မြေဒေသလှဲလှယ်ခြင်းအားဖြင့် မြန်မာပြည်သို့အပြီးအပိုင်လွှဲပြောင်းပေးခြင်း ၊ထိုသို့လွှဲပြောင်းရရှိသည့်အတွက် မိုင်းမောဒေသ၏(၇၀)စတုရန်းမိုင်ခန့်အနက် (၅၂)စတုရန်းမိုင်ခန့်မှာကချင်ပြည်နယ်အတွင်းတည်ရှိသည့်အတွက် ကချင်ပြည်နယ်မှအပြီးအပိုင်ရရှိခြင်း။

(ဃ)တရုတ်ပြည်သို့လွှဲပြောင်းရမည့် ဖီမော်-ဂေါ်လန်နှင့်ကန်ဖန်ဒေသ နယ်လူထုအတွက်လည်း နှစ်နိုင်ငံချုပ်ဆိုသည့်စာချုပ်များအတည်ပြုပြီးနောက် တစ်နှစ်အတွင်းမိမိတို့ မည်သည့်နိုင်ငံသားအဖြစ်နေထိုင်လိုသည်ကိုဆုံးဖြတ်ခွင့်ရှိခြင်း၊(၂)နှစ်အတွင်းမိမိတို့လိုရာသို့ပြောင်းရွှေ့ခွင့်ပေးမည်ဖြစ်ခြင်း။

(င)ထိုသို့ပြောင်းရွှေ့သူများသည် မိမိတို့လက်ငုတ်လက်ရင်းဖြစ်သည့်မြေယာများကို
(၃)နှစ်အထိဆက်လက်စိုက်ပျိုးခွင့်ရရှိစေမည်ဖြစ်ခြင်း။

(စ)မြန်မာပြည်သို့ပြောင်းရွှေ့လာမည့်အဆိုပါဒေသမှနယ်သူနယ်သားများအတွက် မြန်မာနိုင်ငံအစိုးရမှ ပြောင်းရွှေ့ရေး၊နေထိုင်ရေးနှင့်စားသောက်ရေးအတွက် ကူညီပေးရန် အဖွဲ့တစ်ခုဖွဲ့စည်းပြီး ငွေကျပ် (၁၀)သိန်းအကုန်အကျခံရန်စီစဉ်ထားခြင်း။

အထက်ပါနယ်နိမိတ်သတ်မှတ်ရေးကိစ္စရပ်များနှင့်ပါတ်သက်၍လေ့လာသိရှိနိုင်ရန်
ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တို့ချုပ်ဆိုကြသည့်နယ်နိမိတ်စာချုပ်၊တစ်ပြည်နှင့်တစ်ပြည်လဲလှယ်ကြသည့်စာချွန်တော်နှင့်နယ်နိမိတ်မြေပုံကြမ်းတို့ကိုပူးတွဲဖေါ်ပြလိုက်ပါသည်။

စာချုပ်ကို ၁၉၆၀ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့တွင်စတင်ကျင်းပသော ပါလီမန်တွင်
လက်ခံအတည်ပြုပြီး၊၁၉၆၁ခုနှစ်ဇန္နဝါရီလ(၄)ရက်၊လွတ်လပ်ရေးနေ့တွင် နှစ်နိင်ငံဝန်ကြီးချုပ်များက ရန်ကုန်မြို့တွင်လက်မှတ်ရေးထိုးအတည်ပြုရန် ဖြစ်ပါသည်။

၂၈-၇-၂၀၂၂

ကျမ်းကိုး
————
ကချင်ပြည်နယ်
တေရသမနှစ်လည်စာစောင်
၁၉၆၁-ခုနှစ်

Photos from Lajawn Ngan Seng's post 30/01/2022

India, Naga land,Horn bill festival 2015

Photos from Lajawn Ngan Seng's post 11/12/2021

မြစ်ကြီးနားမြို့၊ရွက်လှမြိုင်ရပ်ကွက်တွင် နောင်းပုံနှစ်ခြင်းအသင်းတော်အတွက် ဦးယွပ်ဇော်ခေါင်၊ဇနီးဒေါ်ရှဒေါင်ခေါန်တောင်နှင့်မိသားစုမှ ဘုရားကျောင်း၊ဟော်ခန်းမနှင့်ဘုရားကျောင်းဝင်းများလှူဒါန်းထားမှုကို ယနေ့၁၁/၁၂/၂၁ရက်နေ့တွင်ဘုရားကျောင်းဖွင့်ပွဲနှင့်အသင်းတော်သို့ဦးယွပ်ဇော်ခေါင်မိသားစုမှလွှဲပြောင်းပေးအပ်ခြင်းအခန်းအနားတွင်ဂုဏ်ပြု တက်ရောက်အားပေးခဲ့ပါသည်။

Photos from Lajawn Ngan Seng's post 22/05/2021

အမိ အဖတို့ကောင်းမွန်ရာဘဝကိုရောက်ရှိရန်ရည်စူးလျက်...............

17/01/2021

Say something !

10/01/2021

ကချင်ပြည်နယ်နေ့
JINGHPAW MUNGDAW NHTOI

Photos from Lajawn Ngan Seng's post 27/12/2020

၁၉၀၁သန်းခေါင်စရင်းအရမြစ်ကြီးနားခရိုင်မှာကချင်စကားပြော၊ရှမ်းစကားပြော၊ဗမာစကားပြောနှင့်အခြားစကားပြောလူဦးရေများကို Burma Gazetteer, Myitkyina District Volume Aမှာ Mr.W.A.HERTZ, CSI.(deputy commissioner)ကအောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်။

Photos from Lajawn Ngan Seng's post 02/11/2020

တနိုင်းမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများနှင့်ကိုယ်စားလှယ်များကို အသေအချာစီစစ်ပြီး
၁.ဒေသဖွံ့ဖြိုးရေးအတွက်အမှန်တကယ်ဆောင်ရွက်ပေးနိုင်မှု။
၂.တနိုင်းမြို့နယ်မှပြည်သူလူထုအကျိုးစီးပွါးကိုအမှန်တကယ်ဆောင်ရွက်ပေးနိုင်မှု။
၃.တနိုင်းမြို့နယ်အတွက်အမှန်တကယ်အားကိုးယုံကြည်ရသောပါတီ။
၄.တနိုင်းမြို့နယ်အတွက်အမှန်တကယ်ဦးဆောင်ပြီးဆောင်ရွက်ပေးနိုင်သောကိုယ်စားလှယ်။
အထက်ပါအချက်များနှင့်ပြည့်စုံသောပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ပေးရန် တနိုင်းမြို့နယ်မဲဆန္ဒရှင်မိဘပြည်သူများကိုလေးစားစွာဖြင့်တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။

မှတ်ချက်။မဲလက်မှတ်တွင်ခြင်္သေ့အမှတ်တံဆိပ်၏ညာဘက်ကွက်လပ်မှာတံဆိပ်တုံးထုပြီးထောက်ခံမဲပေးရန်ဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

လဂျွန်ငန်ဆိုင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအမှတ်(၁၀)
တနိုင်းမြို့နယ်။
၂-၁၁-၂၀၂၀

Photos from Lajawn Ngan Seng's post 01/11/2020

တနိုင်းမြို့၊ကင်ဆားရာရပ်ကွက်တွင်မဲဆန္ဒရှင်မိဘဆွေမျိုးများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၁-၁၁-၂၀၂၀)

Photos from Lajawn Ngan Seng's post 31/10/2020

သီတင်းကျွတ်အခါသမယမှာ မြန်မာနိုင်ငံသားများနဲ့ကမ္ဘာသူ/သားများအားလုံးကျန်းမာချမ်းသာကြပါစေ၊လိုအင်ဆန္ဒများလည်းပြည့်စုံကြပါစေ။

Photos from Lajawn Ngan Seng's post 30/10/2020

တနိုင်းမြို့၊ဆင်မ်ဆာ့ရပ်ကွက်များတွင်မဲဆန္ဒရှင်မိဘပြည်သူများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၃၀-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 30/10/2020

တနိုင်းမြို့၊အောင်စိုးမိုးကျေးရွာနှင့်မုန်ဒိန်ရပ်ကွက်မှာမဲဆန္ဒရှင်မိဘပြည်သူများနှင့်ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ပါတယ်။(၂၉-၁၀-၂၀)

29/10/2020

@တနိုင်းမြို့နယ်မှာ၂၀၂၀ နိုဝင်ဘာလ (၈)ရက်နေ့ USDPကိုမဲထဲ့ပေးပါ။
@ USDP ရွေးကောက်ပွဲကြေညာစာတမ်း
၂၀၂၀ပြည့်နှစ်။

Photos from Lajawn Ngan Seng's post 28/10/2020

တနိုင်းမြို့၊ဟူးကောင်းရပ်ကွက်မှာမဲဆန္ဒရှင်မိဘ ပြည်သူများနဲ့ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ပါတယ်။ (၂၈-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 27/10/2020

တနိုင်းမြို့ ရပ်ကွက်များတွင်မိဘပြည်သူ
မဲဆန္ဒရှင်များနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၂၇-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 26/10/2020

တနိုင်းမြို့ပေါ်ရပ်ကွက်များမှာမဲဆန္ဒရှင်ပြည်သူများနဲ့ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ပါတယ်။ (၂၆-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 24/10/2020

တာဝန်ရှိသူများမြင်တွေ့ပြီးအမြန်ဆုံး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆောင်ရွက်နိုင်ပါစေ။
။။။။။။။။။။။။။။။။။။
၁။ ၂၃-၁၀-၂၀၂၀ရက်နေ့တွင်တဝမ်တံတား(၁၂၀၀ပေ)အကျော် (ရှင်ဘွေယန်မြို့ဘက်ခြမ်း )လီဒိုလမ်းကိုတဝမ်ချောင်းရေတိုက်စားမှုကြောင့်ယခုအခါကားများသွားလာ၍မရတော့ပါ။

၂။တဝမ်ချောင်းမှာမြေပြန့်တွင်စီးဆင်းသောချောင်းဖြစ်ပြီးရေလမ်းကြောင်းလွယ်ကူစွာတိုက်စား၊နေရာပြောင်းနိုင်ပြီး
မကြာခဏရေလမ်းကြောင်းပြောင်းမှုများရှိကြောင်းသိရပါသည်။တဝမ်တံတားဆောက်စဉ်ကာလမှာပင်ရေတိုက်စားမှုကြောင့်တံတားမူလဒီဇိုင်းထက်တစ်ခန်းပိုပြီးတည်ဆောက်ခဲ့ရသလို
တံတားအနီးရေကာတန်းကိုမြစ်ကြောင်းထိန်းဌာနဒီဇိုင်းဖြင့်(တနိုင်းဘက်ခြမ်း)ဆောင်ရွက်ထားခဲ့ရပါသည်။

၃။လီဒိုလမ်းကိုတဝမ်ချောင်းမှရေတိုက်စားမှုကြောင့်စိုးရိမ်ရကြောင်း ၂၀၁၉မိုးတွင်းကာလအချိန်ကတည်းကဒေသခံများမှ အုပ်ချုပ်ရေးနှင့်သက်ဆိုင်ရာဌာနများကိုအသိပေးအ
ကြောင်းကြားခဲ့သော်လည်းပြင်ဆင်မှု၊အလေးထားမှုများမရှိခဲ့ကြောင်းကြားသိရပါသည်။

၄။လီဒိုလမ်းသည်ဒေသခံများအတွက်အရေးကြီးသည့်လမ်းဖြစ်သလို၊အုပ်ချုပ်ရေး၊လမ်းပန်းဆက်သွယ်ရေး၊ကုန်စည်စီးဆင်းရေးအတွက်အပြင်တရုတ်နိုင်ငံနှင့်အန္ဒိယနိုင်ငံကိုဆက်သွယ်ထားသည့်သမိုင်းဝင်လမ်းလည်းဖြစ်ပါသည်။

၅။ယခုကဲ့သို့အရေးကြီးသည့်လမ်းဖြစ်သလို၊လမ်းရေတိုက်စားမှုကြောင့်ပျက်စီးသွားနိုင်မှုကို၂၀၁၉ခုနှစ်ကတည်းကသိရှိပြီးဖြစ်သော်လည်းကြိုတင်ပြင်ဆင်မှုမရှိသလို ၂၀၂၀-၂၀၂၁ဘတ်ဂျက်တွင်လည်းကချင်ပြည်နယ်အစိုးရ၏မူလလျာထားဘတ်ဂျက်တွင်ထည့်သွင်းထားမှုမရှိခဲ့သည့်အတွက် ဒုတိယအကြိမ်
ကချင်ပြည်နယ်လွှတ်တော်(ဩဂုတ်လ
-၂၀၂၀)တွင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
(၁၉၃)အရလွှတ်တော်မှအချို့လုပ်ငန်းများပယ်ဖျက်ပြီး၊အရေးကြီးဆောင်ရွက်ရန်လိုအပ်သည့်လုပ်ငန်းများထဲ့သွင်းခြင်းဆောင်ရွက်စဉ်မိမိအနေဖြင့်လီဒိုလမ်းကိုရေတိုက်စားခြင်းမှကာကွယ်ရန်မဖြစ်မနေဆောင်ရွက်ရန်လိုအပ်သဖြင့်ပြည်နယ်ရေလမ်းထိန်းသိမ်းရေးဦးစီးဌာန၏တွက်ချက်မှုကိုရယူပြီး၊ဥပဒေကြမ်းကော်မတီဥက္ကဌဦးချန်တန်ခင်အားလီဒိုလမ်းရေတိုက်စားခြင်းကာကွယ်ရန် ရေလမ်းဖြောင့်ခြင်း(pilot channel)နှင့်ရေထိန်း ရေကာတာပြုလုပ်နိုင်ရေးအတွက်သိန်း ၃၀၀၀နီးပါးထဲ့သွင်းနိုင်ရေးညှိနိုင်းပြီးဘတ်ဂျက်ထဲ့သွင်းနိုင်ခဲ့ပါတယ်။

၆။ယခုအခါ၂၀၂၀-၂၀၂၁ခုနှစ် ကချင်ပြည်နယ်၏
ဘတ်ဂျက်တွင်လီဒိုလမ်းရေတိုက်စားမှုကာကွယ်ရေးအတွက်ဘတ်ဂျက်ပါဝင်သော်လည်းတင်ဒါခေါ်ယူပြီးမှပြင်ဆင်နိုင်မည်ဖြစ်ပါသည်၊သို့သော်ယခုအချိန်မှာလီဒိုလမ်းရေတိုက်စားမှုကြောင့် ၂၃-၁၀-၂၀၂၀ရက်နေ့တွင်လမ်းဦးစီးဌာနမှယာယီလမ်းလွှဲ(diversion)ဖေါက်လုပ်ထားမှုကိုလည်းရေတိုက်စားသွားပြီး ယခုအခါကားများဖြတ်သန်းသွားလာ၍မရတော့ပါ၊ယခင်တံတားမရှိစဉ်ကာလကဲ့သို့ကူးတို့လှေဖြင့်သွားရမည်ကိုတွေးပူကာ ဒေသခံများစိုးရိမ်နေကြပါသည်။

၇။သို့ဖြစ်ပါ၍၂၀၂၀-၂၀၂၁ခုနှစ်ဘတ်ဂျက်ဖြင့်ဆောင်ရွက်နိုင်မှုကိုမစောင့်ဘဲ၊ချက်ချင်းလိုအပ်သလိုဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနများနှင့်သက်ဆိုင်ရာဝန်ကြီးမှမြေပြင်ကွင်းဆင်းပြီး သဘာဝဘေးအန္တရယ်အရေးပေါ်ရံပုံငွေ (သို့)ကချင်ပြည်နယ်အစိုးရရံပုံငွေတရပ်ရပ်ဖြင့်အမြန်ဆုံးအလျင်အမြန်ဆောင်ရွက်ပေးနိုင်ရေးဒေသခံပြည်သူများလိုလားနေကြပါကြောင်းသိရှိနိုင်ရေးပြည်သူများကိုယ်စားရေးသားလိုက်ရပါတယ်။


ဦးလဂျွန်ငန်ဆိုင်း
အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်လောင်း(၁၀)
တနိုင်းမြို့နယ်။
၂၄-၁၀-၂၀၂၀

(ပြည်နယ်လွှတိတော်ကိုယ်စားလှယ်
မဲဆန္ဒနယ်အမှတ်(၁)တနိုင်းမြို့နယ်)

Photos from Lajawn Ngan Seng's post 23/10/2020

တနိုင်းမြို့၊မုန်ဒိန်ရပ်ကွက်မှ မဲဆန္ဒရှင်မိဘပြည်သူများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၂၃-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 22/10/2020

တနိုင်းမြို့၊မိုင်းခွန်းကျေးရွာအုပ်စုတွင် (၃)နေရာနှင့်အေးသုခ(ဆွတ်ငိုင်)ရပ်ကွက်
(၁)နေရာ မဲဆန္ဒရှင်မိဘပြည်သူများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၂၂-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 21/10/2020

တနိုင်းမြို့ပေါ်ရပ်ကွက်များ၊မကောကျေးရွာနှင့်ကျောင်းကုန်းတို့တွင်မဲဆန္ဒရှင်မိဘပြည်သူများနှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ (၂၁-၂၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 20/10/2020

တနိုင်းမြို့ပေါ်ရပ်ကွက်များတွင် မဲဆန္ဒရှင်မိဘပြည်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံခဲ့ပါတယ်။ (၂၀-၁၀-၂၀၂၀)

Photos from Lajawn Ngan Seng's post 20/10/2020

အဖေအဆင့်မှအဖိုးအဆင့်သို့ ၁၉-၁၀-၂၀၂၀ တနင်္လာနေ့မှာရာထူးတိုးသွားပါတယ်။
ကမ္ဘာကြီးကကြိုဆိုပါတယ် မြေးလေး
ယွပ်မုန်ဒန်ဆိုင်း Yup Mung Dan Seng.

Website