Nang Nu Nu Hlaing Online Shopping

Nang Nu Nu Hlaing Online Shopping

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nang Nu Nu Hlaing Online Shopping, Grocers, .

26/02/2023

တစ်ဖက်က
စွန့်ပစ်ချင်လာတဲ့အခါ
မင်းချစ်တာလည်း
အပြစ်တစ်ခု ဖြစ်လာတာပဲ။

Μeaning of Love

#ဗဟုသုတ

21/12/2022

သူတို့ လိုအပ်ရင်သာ
ကိုယ့်ဆီရောက်လာကြတာ

ကိုယ်လိုရင်
ဘယ်သူမှ မရှိကြဘူး

#သျှင်ယွန်း

10/12/2022

Very good listen

10/12/2022
08/12/2022

*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်

*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှုနဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား

*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်

*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့

* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ

* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ

* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ

*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ် (ခဏ ခဏ ခံရပါများလာလို့ )

*အရင်လိုလည်း သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်

*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အရေးကြီးတာက
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား...

Crd. လေးစားစွာဖြင့်creditပေးပါတယ်

Photos from English စာ သင်ကြမယ်'s post 08/12/2022
08/12/2022

👍

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဘာနဲ့ တိုင်းမလဲ?

အဲ့ဒီလူရဲ့ အရုပ်အရည်ကို ကြည့်ပြီး ဒီလူ ချောရင် အဆင့်အတန်းရှိတယ်၊ ရုပ်ဆိုးရင် အဆင့်အတန်းမရှိဘူးလို့ ခံယူထားသလား။

အဲ့ဒီလူရဲ့ ဝင်ငွေကို ကြည့်ပြီး ဝင်ငွေကောင်းရင် အဆင့်အတန်းမြင့်ပြီး အခြေခံ လူတန်းစားဖြစ်နေရင် အဆင့်အတန်းမဲ့တယ်လို့ မြင်မိပါသလား။

အဲ့ဒီလူရဲ့ အတန်းပညာကို ကြည့်ပြီး ဘွဲ့အကြီးကြီးကို ပိုရတဲ့သူကိုမှ အဆင့်အတန်းရှိလိုက်တာလို့ပဲ ထင်နေရင် သင်ကိုယ်တိုင်လည်း သင့်ရဲ့အဆင့်အတန်းကို မေးခွန်ပြန်ထုတ်ဖို့ လိုလိမ့်မယ်။

တကယ်တမ်း အဆင့်အတန်းဆိုတာဟာ လူတစ်ယောက်ရဲ့ ချမ်းသာခြင်း ဆင်းရဲခြင်း၊ သြဇာအာဏာကြီးခြင်း ဂုဏ်ငယ်ခြင်း၊ ရုပ်ချောခြင်း အကျည်းတန်ခြင်း၊ ခြွေရံများခြင်း ခြွေရံနည်းခြင်း၊ ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း၊ ရာထူးကြီးခြင်း ရာထူးငယ်ခြင်း စတာတွေနဲ့ လားလားမျှ မဆိုင်ဘူး။

အဲ့ဆို လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?

အဆင့်အတန်းဆိုတာ လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ်မှာ လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု၊ တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံး မနစ်နာသွားအောင် ပြောဆိုပြုမူမှု၊ သစ္စာရှိမှုတွေပဲ ခေါ်တာပဲ ဖြစ်တယ်။

ဒီလို စိတ်သဘောထားတွေ ရှိတဲ့သူကိုမှသာ အဆင့်အတန်းမြင့်တဲ့သူလို့ ခေါ်သင့်တယ်။

ဒါနဲ့ 🤔🤔

ShweNote တစ်လစာ Package လေးက ဒီဇင်ဘာ (၁ -၃) အထိ အချိန် (၃) ရက်အတွင်းပဲ ဝယ်လို့ရတာမို့လို့ မဝယ်ရသေးရင် 😱😱 အခုပဲ အမြန်ဝယ်လိုက်ကြပါ ခင်ဗျာ

အသေးစိတ်ကို ဒီလင့်ခ်ကနေ ဖတ်ရှုပါရန် -
https://www.facebook.com/104332484937140/posts/526534649383586/?mibextid=Nif5oz


#၃၀မိနစ်တက္ကသိုလ်

08/12/2022

စမ်းကြည့်တာပါ💚

20/11/2022

ဝိတ်ချနေတာပါ

18/11/2022

ကျွန်တော်တို့တွေ အလေ့အကျင့် တစ်ခုကို စတာပဲ ဖြစ်ဖြစ် ပညာရပ်အသစ်တစ်ခုခုကို စလေ့လာတင်တာပဲဖြစ်ဖြစ် စစချင်းမှာ ကျွန်တော်တို့တွေက ကိုယ်လုပ်နိုင်တဲ့ Limt ထက် အများကြီး ကိုယ့်ကိုယ်ကိုယ် မှန်းထားလေ့ရှိတယ်။

Motivation အပြည့်ရှိတဲ့အချိန် တစ်ရက် နှစ်ရက်​လောက်တော့ အရမ်းလုပ်ပြီး နောက်ပိုင်းကျတော့ ဆက်ပြီးမလုပ်ဖြစ် မလေ့လာဖြစ်ကြတော့ဘူး။

အဲ့တာကို ကောက်ရိုးမီးစိတ်ဓာတ်လို့​ ခေါ်တယ်။ ကောက်ရိုးမီးစိတ်ဓာတ်ရှိနေသမျှ ဘဝမှာ ဘယ်လိုမှအောင်မြင်နိုင်မှာ မဟုတ်ဘူး။

ကျွန်တော်တို့​တွေ အလုပ်တစ်ခုခုကို စပြီးလေ့လာတဲ့အချိန်ကြရင် စစပိုင်းမှာ အများကြီးမလုပ်ဘဲနဲ့ ဖြည်းဖြည်းမှန်မှန်နဲ့ ရှေ့လျှောက်ဖို့ အရမ်းအရေးကြီးတယ်။

ဖြည်းဖြည်းမှန်မှန်လျှောက်ရင်းနဲ့ ရပ်မနေဖို့တော့အကြံပေးချင်ပါတယ်ခင်ဗျာ။ ရပ်နေရင်တော့သေချာပေါက်ကျန်ခဲ့အုံးမှာပါ။

ဒါကြောင့်မှတ်ထားပါ။ ဘဝမှာအပြောင်းအလဲ ဖြစ်ချင်တဲ့သူတိုင်း Martin Luthar King ပြောခဲ့သလို " ကျွန်တော် ဖြည်းဖြည်းပဲ လျှောက်ပါတယ်။ ဘယ်တော့မှနောက်ကြောင်း ပြန်မလှည့်ဘူး " တဲ့ ။


#၃၀မိနစ်တက္ကသိုလ်

18/11/2022

🌾 💭

#ʜʟᴡᴀɴ-လွှမ်း

11/11/2022

ဝန်ဆောင်မူလဲအရမ်းကောင်းပြီး
စကားပြောလို့လဲအရမ်းကိုအဆင်ပြေပါတယ်ရှင့်
ပစ္စည်း ဖို့ရောက်တာနဲ့ဘားမှလုပ်စရာမလိုဘူး
အစဆုံးသေချာထုတ်ပိုးပေးလို့
ယုံကြည်စိတ်ချလို့ရတယ် ဈေးနှုန်းကလဲအရမ်းကိုသက်သာပါတယ်ရှင့်

10/11/2022

မြန်မာနိုင်ငံသို့

07/11/2022

တန်ဆောင်မုန်းလပြည့်နေ့မှာ ဖေဖေ မေမေနဲ့
အားလုံးလဲကျန်းမာကြပါစေ🙏🙏🙏

01/11/2022

Hello
November
အားလုံးပဲကံကောင်းကြပါစေ
ထီလဲပေါက်ကြပါစေရှင့်

30/10/2022

စကားဆိုတာ ပြောရတာလွယ်တယ်
ဒါပေမယ့်
ကိုယ်ပြောတဲ့ စကားက
ကိုယ့်ရဲ့ အဆင့်အတန်းကို
ဖော်ပြနေတယ်ဆိုတာ
မသိတာက ခက်တာ။


#ဗဟုသုတ

30/10/2022

စိတ်ညစ်လို့ရတယ်၊ စိတ်ဓာတ်ကျလို့မရဘူး။

လူတစ်ယောက်က စိတ်ညစ်လို့ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျလို့ မဖြစ်ပါဘူး။
ဖြိုးကို လာလာပြီးတော့ တိုင်ပင်တယ်။ Message တွေပို့ကြတယ်။
“အစ်မရေ ကျွန်တော်အရမ်းစိတ်ဓာတ်ကျလို့၊ ကျွန်မစိတ်ဓာတ်ကျလို့”
အဲ့လိုမျိုးစိတ်ဓာတ်ကျတယ်လို့ လွယ်လွယ်ကူကူမပြောပါနဲ့။

တကယ် စိတ်ဓာတ်ကျတယ်ဆိုရင် ဒီ (၆) ချက်လုံးကို (၁၄) ရက်ထက် ပိုဆက်တိုက် ခံစားရလားဆိုတာ စစ်ကြည့်ပါ။​
ဒါက common depression လက္ခဏာတွေပါ။
၁) နေ့ရက်တိုင်း ဝမ်းနည်းသလိုလို တစ်ခုခုလိုနေသလို ခံစားရတယ်။
၂) အရင်က ကိုယ်ကြိုက်တဲ့အရာတွေအပေါ် အခုအချိန်မှာ စိတ်ဝင်စားမှုတွေ လျော့လာတယ်။
၃) ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို့ ခံစားမိလာတယ်။
၄) အာရုံစူးစိုက်မှုအား သိသိသာသာ လျော့နည်းလာတယ်။
၅) ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် လုပ်ဖို့ အတွေးဝင်လာတယ်။
၆) အိပ်မပျော်တာ ဒါမှမဟုတ် အလွန်အကျွံအိပ်တာမျိုး နေ့တိုင်းဖြစ်လာတယ်။

Okay ကဲ ဒီဟာအားလုံးကို မခံစားရရင် ရိုးရိုးစိတ်ညစ်တာပါပဲ။
ဒါကြောင့် ကိုယ်စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်တဲ့အတိုင်းလေးပဲထား။
လူတိုင်းလူတိုင်းကိုပြောချင်တာက
စိတ်ညစ်တာလူ့သဘာဝပဲ ဘာမှမဖြစ်ပါဘူး။

ဒါပေမဲ့ စိတ်ဓာတ်ကျလောက်အောင်အထိ ကိုယ်စိတ်ညစ်တဲ့အရာကြီးကို
စိတ်ထဲမှာစွဲပြီးတော့ တနုတ်နုတ် မခံစားနဲ့။ပါးစပ်က ခဏခဏမပြောပါနဲ့။ ကိုယ်လုပ်စရာရှိတာကို ထ,လုပ်လိုက်ပါ “Action”ဆောင်ရွက်ပါ။
တစ်ချို့တွေ စိတ်ညစ်တာက အကြောင်းအမျိုးမျိုးကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေအပြင် အပျင်းထူနေလို့များပါတယ်။​
အပျင်းထူတာများသွားရင်တော့ ပိုစိတ်ညစ်ရမှာပါပဲ။

အဲတော့ အပျင်းမထူဘဲ
၁) စိတ်ညစ်ရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
၂) စာဖတ်ပါ စိတ်ညစ်တိုင်း စာဖတ်ပါ။ အကောင်းဆုံးစိတ်ညစ်ဖြေဆေး ဖြစ်စေရမယ်။
၃)​ ကိုယ့်ကိုစိတ်ညစ်စေတဲ့ အရာကို Diary ပေါ်မှာချရေးပစ်လိုက်ပါ။
၄)​ ပြီးရင်အလုပ်ကို ပိုလုပ်လိုက်ပါ။

စိတ်မညစ်တတ်တဲ့လူ စိတ်ဓာတ်မကျတတ်တဲ့လူအများစုက Action တွေအများကြီးဆောင်ရွက်တယ်။
စိတ်ညစ်စရာရှိတယ်ဆိုရင် တစ်ခုခု ထ,လုပ်လိုက်ပါ။
အဲလိုမျိုး ထ,လုပ်လိုက်တယ်ဆိုရင် ကျွန်တော်တို့တွေက စိတ်ဓာတ်မကျတော့ဘူး။
ဒါကြောင့် အမြဲမှတ်ထားပါ စိတ်ညစ်လို့ရတယ် စိတ်ဓာတ်မကျနဲ့နော်။​

----------

🔸ဒါ့အပြင် စိတ်ညစ်စိတ်ဓာတ်ကျတာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုသိရှိနားလည်ချင်တယ်ဆိုရင် စိတ်ပညာကိုအခြေခံပြီး ဖြိုးကိုယ်တိုင် သင်ကြားပေးတဲ့ “Better Life Project” ဆိုတဲ့သင်တန်းကို Chance Myanmar မှာ ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်။

ဒီသင်တန်းကို ကျောင်းသား ၁၀,၀၀၀ ကျော်တက်ရောက်ခဲ့ဖူးပြီး တချို့ဆိုရင် သူတိုရဲ့ ဘဝအတွေးအမြင်နဲ့ ခံယူချက်အမှားတွေကို ပြုပြင်ပေးနိုင်ခဲ့တယ်ဆိုတဲ့ Feedback တွေလည်း ဖြိုးလက်ခံရရှိခဲ့ပါတယ်။
‌‌‌‎
ဒါကြောင့် ဒီသင်တန်းကို စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင် Chance Myanmar page မှာ စာပို့ပြီး ဖြိုး သင်တန်းကို တက်ရောက်နိုင်ပါတယ်ရှင်။ m.me/ChanceSchool

Yours Phyo Phyo Aung💛💛💛

29/10/2022

Fashion ကျကျ‌အထည်လေးတွေကို
လက်လီလက်ကားဝယ်ယူ‌အားပေးနိုင်းပါတယ်ရှင့်

22/10/2022

ဘတ် 980 =ကျပ်1သိန်း
ရှုံးပြီးရင်းရှုံးတာပဲ

Photos from Nang Nu Nu Hlaing Online Shopping's post 18/10/2022

BP SERUM LYCOPENE နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်
အသားရေခြောက်သွေ့တဲ့သူတွေအသာဖြူချင်သူတွေအတွက်
အရမ်းကိုသုံးလို့ကောင်းတဲ့ခရမ်းချဉ်သီးပါဝင်တဲ့ SERUM လေးကအများကြီးအထောက်ကူပြုပါတယ်နော် ထိုင်းနိုင်ငံမှာလူသုံးများပြီးလူကြိုက်အရမ်းများတယ်ဆိုတာကိုလဲပြောပါရစေနော်
ထိုင်းမလေးတွေလိုကြည်လင်တဲ့အသားရေကို ပိုင်ဆိုင်ချင်တဲ့သူများအတွက်ပါရှင့်
ဘယ် body lotion နဲ့မဆိုတွဲဘက်သုံးနိုင်ပါတယ်ရှင့်
မှာယူချင်တယ်ဆိုရင်တော့ cbကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Photos from Nang Nu Nu Hlaing Online Shopping's post 17/10/2022

ဂျိုင်းမဲလို့စိတ်ညစ်နေတာလား....
အဲ့လိုစိတ်ညစ်မနေပါနဲ့
ခုကြုံတွေ့နေရတဲ့ပြသာနာကိုဖြေရှင်းပေးနိုင်ပါတယ်နော်
"PLOUISE"သင့်ဪဲ့မဲနေတဲ့ဂျိုင်းတွေကို ကူညီဖြေရှင်းပေးနိုင်တယ်ဆိုတာကို
လုံးဝ💯%အာမခံပါတယ်ရှင့်
ယုံကြည်ချက်အပြည့်နဲ့ ဂျိုင်းပြတ်တွေဝတ်ချင်တိုင်းဝတ်လို့ရအောင်
ခုပဲစမ်းသုံးကြည့်ပါနော်

မှာယူချင်တယ်ဆိုရင်တော့ Cb Viber ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါရှင့်

ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

17/10/2022

ဒီလထဲမြန်မာပြည်ကိုပစ္စည်းပို့ဖို့ရှိတယ်နော်
လိုချင်တာရှိရင် Cb.. Viber..ကိုဆက်သွယ်လိုက်ပါရှင့်

16/10/2022

ချဲထွက်ပြီးမိမိအခြေနေ😐😐😐

16/10/2022

ပညာဆိုတာဘာလဲ
ဘွဲ့ရပညာတတ်ကြီး ဖြစ်ချင်လိုက်တာ ...

အဲ့မှာစပြီးတော့ လွဲတော့တာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ အဲ့တာက လူတိုင်းကိုပေတံတစ်ချောင်းနဲ့လိုက်တိုင်းတာမျိုးပါ။

အထူးသဖြင့် ပညာရေးနယ်ပယ်မှာ ပိုဆိုးတယ် ပြောရမယ်။ ပညာတတ်ဆိုတာ ဘွဲ့တွေရ ကျောင်းတွေအများကြီးတက်တာကို တန်းပြီးမြင်တတ်ကြတဲ့ ပတ်ဝန်းကျင်ကိုး။

ဒါကြောင့် ဘွဲ့ရပြီး ပညာမတတတ်တွေ အများကြီးပေါ်လာ​တာပေါ့ဗျာ။ ချမ်းသာတဲ့တိုင်းပြည်တွေ ကြည့်လိုက်မယ်ဆိုသူတို့မှာ ထူးခြားတာတစ်ခု ရှိတယ်။

အဲ့တာ တကယ်ပညာတတ်တဲ့သူတွေ အများကြီးရှိနေတာပဲ။ ဘွဲ့ဆိုတဲ့ အရာထက် အဆပေါင်းများစွာ ပိုတဲ့ အသိဉာဏ်ကြွယ်ဝခြင်းတွေ သူတို့မှာ ရှိနေကြလို့ပဲ။

ပညာဆိုတာ အမှားအမှန် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့အရာလို့ ဆရာကြီးအောင်သင်း ပြောခဲ့ဖူးပါတယ်။

အသိပညာဆိုတာ သိပ်ကိုလေးနက်သလို လွယ်လွယ်နဲ့တန်ဖိုးဖြတ်လို့မရပါဘူး။ ပညာဆိုတာ သတ်မှတ်ထားတဲ့ ဘွဲ့သီးသန့်ချည်းမဟုတ်ဘူး။ ဒါကို လက်မခံချင်လည်း အမှန်တရားတွေမလို့ လက်ခံရမှာပဲ။

ဒါကြောင့် လောကမှာ ပညာတတ်ချင်ယောင်ဆောင်တဲ့ပညာမဲ့တွေ အများကြီးဖြစ်လာ​တာပေါ့ဗျာ။

ဒီစကားပုံလေးလိုပေါ့။

ပညာရှိတွေက ပြဿနာရဲ့ အဖြေကို ရှာနေတဲ့အချိန်မှာ ​ပညာတတ်အများစုက ဘယ်သူပါဆိုပြီး လက်ညှိုးဝိုင်းထိုးနေကြတာပေါ့။

တကယ့်ပညာရှိတွေ အများကြီး လိုသေးတယ် ShweNoter တို့ရေ...

✨ ဒါနဲ့ ပညာရှိဖြစ်ဖို့အတွက် စာဖတ်ဖို့ အဆင်သင့်ဖြစ်ဆိုပြီရင် လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ -

Step 1 - Application ကို Download ဆွဲပါ။

Step 2 - Login ဝင်ပါ။ ( Login ဝင်လို့ အဆင်မပြေရင် ShweNote Messenger မှာ လာပြောပါ။ )

Step 3 - ကြိုက်နှစ်သက်ရာ Subscription ဝယ်ပါ။

Step 4 - ကြိုက်တဲ့ဘဏ်ကနေ ပေးချေပြီးတာနဲ့ နိုင်ငံတကာစာအုပ်ပေါင်း ၄၀၀ ကျော်ကို အကန့်သတ်မရှိ ဖတ်ရုံပဲကျန်ပါတော့တယ်။

Application အသုံးပြုနည်းကို ဒီ Link မှာ ကြည့်ရှူနိုင်ပါတယ်။
https://www.youtube.com/watch?v=dWWcQrUaeX4

* Application ထဲမှာ အဆင်မပြေမှု တစ်စုံတစ်ရာရှိခဲ့ရင် Messenger မှာလာရောက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

=================================

Application Download ဆွဲဖို့

Android Download (Google Play)
https://play.google.com/store/apps/details?id=com.ebook.shwenote

iOS Download (App Store)
https://apps.apple.com/us/app/shwe-note/id1547929493

External Link (Apk Pure)
https://www.shwenoteapp.com/download.html

#၃၀မိနစ်တက္ကသိုလ်

Photos from Nang Nu Nu Hlaing Online Shopping's post 16/10/2022

ထိုင်းထီပေါက်စဉ်လေးတင်ပေးလိုက်ပါတယ်
ကိုယ့်ထီလက်မှတ်လေးနဲ့တိုက်ကြည့်ကြပါနော်

16/10/2022
16/10/2022

ကိုယ့်ကို​ ကြိုက်တဲ့သူလည်းရှိသလို ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ မုန်းတဲ့သူကလည်းရှိမှာပဲ။

ဒါက လောကကြီးရဲ့ သဘာဝတရားပဲ။

လူအများစုကြည့်လိုက်ရင် အမြဲတမ်း ကိုယ့်ဘဝကိုယ် အလိုမကျကြဘူးဆိုတာ သတိထားမိတယ်။ ကိုယ်ဘယ်လောက်ပဲ ကောင်းတာတွေလုပ်လုပ် အမှားလေး​တစ်ခုလုပ်လိုက်တာနဲ့ နောင်တရလို့မဆုံးတော့ဘူး။

ကြာလာတော့ ကိုယ်လုပ်နိုင်တဲ့​ရာ​တွေပါ လုပ်ဖို့အားမရှိတော့ဘူး။

မြဲမြဲမှတ်ထားပါ ဘဝမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာရှိသလို ကိုယ်ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။

လူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာ ထိန်းချုပ်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ ဘယ်​လိုကောင်းအောင်နေရမလဲဆိုတာ ထိန်းချုပ်လို့ရတယ်။
‎‎
ဒါကြောင့် ဘဝမှာ ကိုယ့်ကိုယ်ဘယ်သူတွေ ဘယ်လောက်ပြောပြော ဘယ်လောက်ဝေဖန်ဖန် ဂရုမစိုက်ပါနဲ့၊ မပျော့ညံပါနဲ့ ၊ ပညာမဲ့တစ်ယောက်လိုမတုံ့ပြန်ပါနဲ့ ။

ကိုယ့်ကိုဝေဖန်တယ်တိုက်ခိုက်တယ်ဆိုတာ ကိုယ်က တစ်နည်းမဟုတ်တစ်နည်း သူတို့ထက် အရှေ့ရောက်နေတာ (သို့) သူတို့ထက် သာနေလို့ဖြစ်တယ်။

Winston Churchill ပြောခဲ့တာလေးတစ်ခုရှိတယ်။
"မင်းဘဝမှာ တွေ့သမျှခွေးတိုင်းကိုသာ ခဲနဲ့လိုက်ထုနေမယ်ဆိုရင် သွားချင်တဲ့ခရီးကို ရောက်မှာမဟုတ်ဘူး" တဲ့။

ဒါကြောင့် ဘဝမှာ မလိုတဲ့အရာတွေ အရေးမပါတဲ့အရာတွေကိုအချိန်မပေးပါနဲ့၊ ဂရုမစိုက်ပါနဲ့။ ကိုယ်ထိန်းချုပ်ရတာကိုပဲ အာရုံစိုက်ပါ၊ သွားစရာရှိတာဆက်သွားပါ။

ပြီးရင် သူများဂရုစိုက်တာနည်းဖို့ စာဖတ်ပါ။

စာဖတ်ခြင်းဖြင့် ကိုယ့်ဘဝကို မြှင့်တင်ကြပါမယ်။ စာဖတ်သူက အစစအရာရာ လူတကာထက် သာပါတယ်။ ကံချင်းတူရင်တောင် စာဖတ်တဲ့သူက သာပါတယ်။

✨ ကဲစာဖတ်ဖို့ Ready ဖြစ်ရင် လုပ်ဆောင်ရမယ့် အဆင့်တွေကတော့ -

Step 1 - Application ကို Download ဆွဲပါ။
Step 2 - Login ၀င်ပါ။ ( Login ဝင်လို အဆင်မပြေရင် ShweNote Messenger မှာ လာပြောပါ။ )
Step 3 - Subscription ကိုရွေးပါ။
Step 4 - ကြိုက်တဲ့ဘဏ်ကနေ ပေးချေပြီးတာနဲ့ နိုင်ငံတကာစာအုပ်ပေါင်း ၄၀၀ ကျော်ကို အကန့်သတ်မရှိ ဖတ်ရုံပဲကျန်ပါတော့တယ်။

* Application ထဲမှာ အဆင်မပြေမှု တစ်စုံတစ်ရာရှိခဲ့ရင် Messenger မှာလာရောက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

=================================

Application Download ဆွဲဖို့

Android Download (Google Play)
https://play.google.com/store/apps/details?id=com.ebook.shwenote

iOS Download (App Store)
https://apps.apple.com/us/app/shwe-note/id1547929493


#၃၀မိနစ်တက္ကသိုလ်။

Photos from Nang Nu Nu Hlaing Online Shopping's post 14/10/2022

ယုံယုံကြည်ကြည်နဲ့ဝယ်ယူအားပေးတဲ့အမကြီး
ပထမဆုကြီးပေါက်ပါစေရှင့်

14/10/2022

Smartကျတဲ့ Lifestyle တစ်ခုကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြတာပဲ

ဒါပေမယ့် Smartကျဖို့ ဘာတွေလုပ်ရမလဲ❓
ဘယ်လိုအရာတွေက ဘဝကို Smartကျစေတာလဲ❓

အမျိုးသမီးတစ်ယောက်ရဲ့ဘဝ Smartကျမကျက
ဒီအချက်တွေပေါ်မူတည်နေပါတယ်

✅ကိုယ့်ရဲ့တစ်နေ့တာကို စည်းစနစ်ကျကျ ကုန်ဆုံးနေသလား။

✅အချိန်တွေကို စနစ်တကျ စီမံခန့်ခွဲဖြစ်သလား။

✅အရေးကြီးတဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလား။

✅ကိုယ်ဦးစားပေးလုပ်နေတဲ့ အလုပ်တွေကရော
ကိုယ့်ကို စိတ်ချမ်းသာမှုပေးနိုင်သလား၊ ကိုယ့်စိတ်ကို ပျော်ရွှင်စေနိုင်သလား။

✅လုပ်နေတဲ့အလုပ်တွေကရော ကိုယ့်ဘဝကို
တိုးတက်ပြောင်းလဲစေနိုင်သလား။

အပေါ်ကမေးခွန်းအားလုံးကိုဖြေကြည့်လို့
“Yes”လို့အဖြေထွက်ခဲ့ရင် ကိုယ့်ကိုယ်ကို
Smart Ladyတစ်ယောက်ဖြစ်နေပြီလို့
သတ်မှတ်နိုင်ပါတယ်။
‎‎
“Yes”လို့အဖြေမထွက်သေးရင်တော့
ကိုယ်လိုချင်တဲ့ Lifestyle ကို ဖန်တီးဖို့
အချိန်စီမံခန့်ခွဲမှု အရမ်းအားနည်းနေတာဖြစ်လို့
👉🏻Daily Planner👈🏻ကို မဖြစ်မနေသုံးသင့်နေပါပြီ။

Daily Plannerကိုဘာလို့သုံးရမှာလဲ???
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Daily Plannerက ကိုယ်လုပ်နေတဲ့လုပ်ရပ်တွေက
အရေးကြီးတဲ့အလုပ်လား❓
အရေးမကြီးတဲ့အလုပ်လား❓
မြန်မြန်ပြီးရမယ့်အလုပ်လား❓
မှားနေလား မှန်နေလား❓
မပြီးမပြတ်သေးတာတွေလား❓
အချိန်ဆွဲမိနေတာတွေလား❓စတာတွေကို
တစ်ချက်ချင်း တစ်ချက်ချင်း ပြုပြင်ပေးပြီး
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ဘယ်လိုနေရာတွေမှာ
အသုံးချရမလဲဆိုတာကို အကောင်းဆုံးဖြစ်အောင်
ကူညီဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

Daily Plannerထဲမှာဆိုရင်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅အပတ်စဉ် လုပ်ဆောင်ရမယ့် အကြောင်းအရာတွေ ချရေးဖို့ Weekly Plan

✅နေ့စဉ်ပြီးမြောက်ရမယ့် တာဝန်တွေကိုစီမံခန့်ခွဲဖို့
Daily Function

✅အပတ်စဉ်ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို
ပြန်လည်သုံးသပ်ဖို့ Weekly Reflection

✅အရေးကြီးမှတ်သားရမယ့်အရာတွေအတွက် Notes

✅နေ့ရက်တိုင်းစိတ်ခွန်အားအပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့ Quotes

စတာတွေပါဝင်တာဖြစ်လို့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရည်အချင်းကောင်းတွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်

—————————————————————————————
📥Daily Plannerကို ဝယ်ယူမယ်ဆိုရင်တော့
Mangodaရဲ့ Page Messengerမှာ အခုချက်ချင်းပဲ Preorderတင်လိုက်ပါ

❗️စာအုပ်အရေအတွက်ကို အကန့်အသတ်နဲ့ ထုတ်တာဖြစ်လို့
နောက်မှမှာမယ်ဆိုပြီး အချိန်ထပ်မဆွဲဖို့တိုက်တွန်းပါတယ်❗️

#ရေးချပါ #သုံးသပ်ပါ #ဂျာနယ်ရေးပါ

Videos (show all)

Very good listen
စမ်းကြည့်တာပါ💚
ဝန်ဆောင်မူလဲအရမ်းကောင်းပြီးစကားပြောလို့လဲအရမ်းကိုအဆင်ပြေပါတယ်ရှင့်ပစ္စည်း ဖို့ရောက်တာနဲ့ဘားမှလုပ်စရာမလိုဘူးအစဆုံးသေချာထု...
မြန်မာနိုင်ငံသို့
Fashion ကျကျ‌အထည်လေးတွေကိုလက်လီလက်ကားဝယ်ယူ‌အားပေးနိုင်းပါတယ်ရှင့်
👍💯
Very good words
BANGKOK

Website