Journey of TeeTee Lone

Journey of TeeTee Lone

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Journey of TeeTee Lone, Blogger, .

01/08/2023

တီးကလေးလဲခု virus ကြောင့်လေပြွန်တွေယောင်နေပါတယ်။ ညနေလောက်မှာချောင်းစဆိုးလို့ဆေးတိုက်ပြီးည ၁၁ ခွဲလောက်မှာချောင်းဆိုးသံနဲ့ အသံရှူလိုက်ရင်ပုံမှန်အသံမဟုတ်တာကြောင့်အရေးပေါ်ပြေးပြီးဆေးထိုးရပါတယ်။
ALBT လို့သတ်မှတ်တာကြောင့်သေချာလေးစောင့်ကြည့်နေရပါတယ်။ အသက်ရှူကြပ်တာတွေ၊ပြာတက်တာတွေပါဖြစ်နိုင်တာကြောင့် ချောင်းဆိုးသံ၊အသက်ရှူသံပြောင်းလာတာနဲ့အရေးပေါ်ဆေးရုံပြေးဖို့ပဲမှာလိုက်တဲ့တွက် ၂ ညလုံးအသက်ရှူရင်အသံလေးထွက်လာတာကြောင့်ဆေးရုံပဲပြေးရပါတယ်။ ဒီညကတော့တတိယညပါ။steroidပါတဲ့ dexaထိုးတာ၊ တိုက်ထားတာကြောင့်လေပြွန်ယောင်တာကျသွားပေမဲ့အချိန်မရွေးယောင်နိုင်သေးတာကြောင့် အငိုတောင်မခံဖို့ဆရာဝန်ကမှာလိုက်တာနဲ့ ဂရုတစိုက်နဲ့ကြည့်နေရပါတယ်
ဆေးရုံမှာပဲထားပြီးစောင့်ကြည့်ချင်ပေမဲ့ ကလေးငယ်ကလန်းနေတာရော အသက်ရှုရင်ထွက်တဲ့အသံကတအားမပြင်းတာရောကြောင့်အိမ်မှာပဲထားဖြစ်ပါတယ်။
Virus ကတအားပြင်းတာရောပြန့်နေတာရောကြောင့်မေမေတို့တွေလဲဘေဘီလေးတွေကိုဘယ်မှမခေါ်သွားဖို့ အစားသေချာကျွေးပြီးချောင်းဆိုးတာနဲ့မပေါ့စကြပါနဲ့နော်

မေမေတို့ရေ အခုတလော ကလေးတွေအဖြစ်များနေတဲ့ လေပြွန်ယောင်၊ အဆုတ်ယောင် …ဖျားကြတာနဲ့ ပတ်သက်ပြီးတော့မေမေတို့အတွက်ပြောပြချင်ပါတယ်…။❤️❤️❤️

ယေဘူယျလက္ခဏာတွေကတော့…🤒🤒

🌡️🌡️🌡️အဖျားက ၁၀၂ / ၁၀၃ လောက်ထိရှိလာတတ်ပါတယ်၊
ပြီးတော့….ချောင်းဆက်တိုက်ဆိုးမယ်၊
ချောင်းဆိုးလွန်းပြီးရံဖန်ရံခါချွဲအန်မယ်၊
အသက်ရှူမြန်ပြီးပုံမှန်မဟုတ်တဲ့အသံကြားရမယ်၊
အသက်ရှူကျပ်တဲ့လက္ခဏာတွေရှိပြီး
အသက်ငယ်တဲ့ကလေးတွေမှာ နို့မစို့နိုင်တာ၊ အသက်ရှုမဝသဖြင့်ဂျီကျတာတွေ တွေ့ရတတ်ပါတယ်…။

📣📣📣အဲဒီတော့ သူတို့လေးတွေဖျားနာခဲ့ရင် ဆရာမ မှာနေကျ ၉ချက်ရှိပါတယ်။
အဲ့ဒါတွေက…..

🍱🥗🥪🍗၁။ အစားကောင်းကောင်းဝင်အောင်ကျွေးပါ…။
-နေမကောင်းတိုင်းအမြဲဆန်ပြုတ်တိုက်စရာ (လုံးဝ) မလိုပါ၊ ကလေးတွေ က ဆန်ပြုတ်မကြိုက်ပါ၊ အားရှိတဲ့ အစားအစာ (ထမင်း၊ကြက်ကြော်၊ကြေးအိုး၊)သန့်ရှင်းလတ်ဆတ်ပူနွေးရင် အကုန်ကျွေးပါ၊ ကြက်ပေါင်းရည်တိုက်ရုံနဲ့ အားမရှိပါ ကြက်သားစားမှ အားရှိမှာပါ ကြက်ပေါင်းနဲ့စွပ်ပြုတ်ထဲက အသားကို
ဝင်အောင်ကျွေးပါ…။

😴💤🛌၂။ ကောင်းကောင်းအိပ်ပါစေ…။
ဖျားတဲ့ကလေး ၊ချောင်းဆိုးပျောက်ဆေးတိုက်ထားတဲ့ကလေးက အိပ်ရေးဝဖို့ လိုအပ်ပါတယ်၊ ကလေးအိပ်တာနဲ့ မှိန်းတာ မတူပါဘူး​၊ မှိန်းတယ်ဆိုတာ ဆီးမသွား၊ရေမသောက်၊ ဓါတ်ဆားမဝင်၊ နိုမစို့၊ ခြေ လက်အေးတာမျိုးပါ...(မှိန်းတဲ့လက္ခဏာ မရှိရင် အိပ်နိုင်တာ ကောင်းတာပါ....)။

🥱 🥱🥱၃။ ကောင်းကောင်းနားပါစေ…။
ဒီရာသီမှာ ဖျားတဲ့ကလေးက ၁ပတ်လောက်အထိ အနားယူဖို့လိုပါတယ်၊ ဒါမှ ကိုယ်ခံအားကောင်းပီး အပြည်အဝနလန်ထ နိုင်မှာပါ၊ ဒီလိုအနားယူခြင်းဖြင့်
တခြားကလေးငယ်တွေကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ရာလည်း ရောက်ပါတယ်။ ကျောင်းတာဝန်ခံတွေ နဲ့ဆွေးနွေးပြီးလိုအပ်တဲ့ရက်အတိုင်း ကလေးတွေကို ခွင့်ယူလို့ရအောင် စီစဥ် ပေးပါ…။

💊 💊💊၄။ဆေးနဲ့ ဓါတ်ဆားဝင်အောင်တိုက်ပါ၊ ရှူဆေးကိုစနစ်တကျ ရှူပါ။
ဆေးကြောက်တာကလေးသဘာဝပါ၊ ဝင်အောင်တိုက်ရမှာ မိဘတာဝန်မို့ နည်းမျိုးစုံနဲ့ ဆေးဝင်အောင်ကြိုးစားပါ၊ ကိုယ့်ကလေးရဲ့ ဆေးသောက်တဲ့အခြေအနေကိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ…။

💧💧💧၅။နှာခေါင်းပိတ်လျှင် နှာခေါင်းအတွင်းသို့ဆားရည် အစက်ချပေးပါ၊ ကလေးငယ်များတွင် နှာခေါင်းအတွင်းမှ နှပ်ချေးနင့်ချွဲများ စနစ်တကျစုပ်ပေးပါ၊ ကလေးအကြီးများတွင် ရေနွေးငွေ့ပေးရှူပါ…။

😮‍💨🫁😮‍💨၆။ရင်ကျပ်လျှင် အနံ့မျိုးစုံ ၊
အမှုန်၊ ဖုန် မျိုးစုံရှောင်ပါ။ ကလေးငယ်များကို သနပ်ခါး၊ ပေါင်ဒါ လုံးဝ လိမ်းမပေးရပါ…။

👩‍⚕️👩‍⚕️👩‍⚕️၇။ဆေးခန်းပြချိန်တွင် ဆောင်ရန် ရှောင်ရန်နှင့် အရေးကြီး လက္ခဏာများကို ဆရာဝန်အား သေချာမေးပါ၊ ဆရာဝန်ညွှန်ကြားချက်များကိုလည်း စနစ်တကျသေချာလိုက်နာပါ…။

🧽🚿🛁၈။အဖျားကြီးလျှင် ရေပတ်တိုက်ပါ၊ ကိုယ်ပူကျဆေးကို သတ်မှတ်ချက်ထက် ခဏခဏ ပိုမတိုက်ရပါ…။

🚨🚨🚨၉။ အရေးကြီးလက္ခဏာ စောင့်ကြည့်ပါ...

-ကလေးမှိန်းလျှင်
-အသက်ရှူမြန်၊ရင်ဘတ်ချိုင့်၊နို့မစို့နိုင်၊ရေမသောက်နိုင်အောင်မောလျှင်
-အဖျားကြီးပီး ဆီးသွားနည်းလျှင်၊ ကလေးတက်လျှင်
-အဖျားကျပီး မလန်းလျှင်၊ခြေလက်အေးစက်ပီးမှိန်းလျှင်

အရေးကြီးလက္ခဏာများရှိလျှင်နီးစပ်ရာဆေးရုံ အမြန်သွားရပါမယ်...။

😷😷ကာကွယ်ဖို့ကတော့😷😷

💪💪💪၁။ကလေးတွေမှာ အရေးကြီးဆုံးက ကိုယ်ခံစွမ်းအားပါ၊ ဒါကြောင့် အာဟာရစုံလင်အောင်ကျွေးပါ၊ အထူးသဖြင့် အသားဓါတ်များများကျွေးပါ…။

💦💦💦၂။ရေများများတိုက်ပါ၊ စွပ်ပြုတ်တိုက်ပါ...။

💤💤💤၃။အိပ် ရေးဝဝအိပ်ခိုင်းပါ၊ တနေ့ကို ၈နာရီပြည့်အောင် အိပ်ပါ၊ ညကို ၁၀နာရီထက်နောက်မကျဘဲ အိပ်ယာဝင်ခိုင်းပါ...။

👬👯‍♀️🧍🏼‍♀️၄။မလိုအပ်ဘဲ လူထူထပ်သောနေရာမသွားရပါ(အထူးသဖြင့် ကလေးကစားကွင်း)။

😷😷😷၅။အပြင်သွားရင် နှာခေါင်းစည်းတပ်ပေးပါ၊ လက်သေချာဆေးတဲ့အကျင့်လုပ်ပေးပါ၊ လူကြီးတွေကိုယ်တိုင်လည်း အပြင်သွားရင် နှာခေါင်းစည်း သေချာတပ်ပါ...။

🍟🍦🥤၆။အချို၊ဆီကြော်၊အအေးနဲ့ လေဖောင်းမုန့်တွေလျှော့ကျွေးပါ...။

💉💉💉၇။ရာသီတုပ်ကွေးကာကွယ်ဆေး၊ကိုဗစ်ကာကွယ် ဆေးများ ထိုးထားပေးပါ…။

👩‍👦👶👩‍👦၈။အပြင်က ပြန်လာတဲ့လူကြီးများကို ရေချိုးအဝတ်လဲခိုင်းပြီးမှ ကလေးငယ်လေးကို ချီခွင့်ပြုပါ…။

😷✋🫷၉။အိမ်မှာ ဖျားတဲ့သူရှိရင်
နှာခေါင်းစည်းတပ်ခိုင်းပါ၊ ကလေးနဲ့ ခပ်ခွါခွါနေခိုင်းပါ...။

မိုးရာသီမို့ အဆုတ်ယောင်ရောဂါအပြင် သွေးလွန်တုပ်ကွေးရောဂါလည်း သတိပြုစေချင်ပါတယ်မေမေတို့ရေ၊ ဒါကြောင့် ၃ရက်ထိဖျားရင်သွေးလွန်တုပ်ကွေးလက္ခ ဏာ စမ်းသပ်ဖို့လဲ မပျက်မကွက်ဆေးခန်းပြဖို့ လိုအပ်ပါတယ်နော်…။

ဆရာမဆေးခန်းမှာ မှာသမျှကို မပျက်မကွက်လိုက်နာကြတဲ့မေမေဖေဖေတို့ကိုလဲကျေးဇူးတင်ပါတယ်နော် …။🥰🥰🥰

မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေ…။🙏🙏🙏

#ဒေါက်တာငြိမ်းကလေးဆေးခန်း
#ဒေါက်တာငြိမ်းယုဇော်မိုး
#ကလေးကျန်းမာရေး
#အဆုတ်ယောင်ရောဂါ

Photos from Journey of TeeTee Lone's post 30/07/2023

Silicone base food containers လေးတွေရောက်ထားပါတယ်မေမေတို့ရေ

မီးတွေတအားပျက်တာမို့ကြက်ပြုတ်ရည်လေးတွေဘေဘီလေးတွေရဲ့ဖြည့်စွက်စာလေးတွေကိုခဲပြီးသိမ်းထားချင်တဲ့မေမေတွေတွက်အရမ်းအသုံးဝင်တာလေးပါ

BPA free,PP plastic,food grade silicone နဲ့ပြုလုပ်ထားပါတယ်။ Microwave safe,Freezer safe ဖြစ်ပြီး Leak proof ဖြစ်တာမို့ဆီလုံလေလုံပါတယ်။

အောက်ခံကsilicone base မို့အခဲလေးတွေကိုတွန်းတင်ပြီးအလွယ်တကူထုတ်ယူလို့ရပါတယ်နော်

120ml ၄ ဘူး ကိုမှ ၉၅၀၀ကျပ်မို့ဈေးလဲတန်ပါတယ် 🥰

Photos from Journey of TeeTee Lone's post 30/07/2023

Mennosato noodle 🍜 7m+

Babyလေးတို့အတွက်organic noodle လေး instock ရပါပြီမေမေတို့ရေ

Mennosato အော်ဂဲနစ်ခေါက်ဆွဲများကို (ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ ကြက်ဥ၊ ရွှေဖရုံသီး) စသည့် ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်သော(ဝါ၊ စိမ်း၊ နီ) အသီးအရွက်များ၊ အရည်အသွေးမြင့် အော်ဂဲနစ် ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားလို့ ဘေးဥပါဒ်ကင်းရှင်းပြီး စိတ်ချစွာစားသုံးနိုင်ပါသည်။

Mennosato အော်ဂဲနစ်ခေါက်ဆွဲသည် အစား စစားတတ်ခါစ ကလေးများကို ဝါးရလွယ်ကူအောင် နူးညံ့ပျော့ပျောင်းသော ခေါက်ဆွဲသားများဖြင့် ထုတ်လုပ်ထားပြီး ကြီးထွား ဖွံ့ဖြိုးမှုမှာ အဓိက အာဟာရဓာတ်တွေ ဖြစ်သည့် ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်တွေကိုပါ များစွာ ရရှိစေပါသည်။

ထို့အပြင် ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ ကြက်ဥ၊ ရွှေဖရုံသီး အစရှိသည့် (ဝါ၊ စိမ်း၊ နီ) အသီးအရွက်များဖြင့် ပြုလုပ်ထားသောကြောင့် ကလေးငယ်များကို အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံစွမ်းအား ကောင်းမွန်စေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာချေဖျက်မှုကို ထောက်ပံ့ပေးပြီး ဝမ်းမှန်စေခြင်း၊ ကယ်လ်စီယမ်ဓာတ်ရရှိခြင်းကြောင့် အရိုးအဆစ်များ သန်မာစေခြင်း အစရှိသည့် အာဟာရဓာတ်များစွာကို ရရှိစေပါသည်။

Mennosato အော်ဂဲနစ်ခေါက်ဆွဲမှာ သကြားနှင့် အခြား ဓာတုပစ္စည်းများ၊ တာရှည်ခံပစ္စည်းများ မပါဝင်တာကြောင့် ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပြီး အာဟာရဓာတ်ကြွယ်ဝစွာ ရရှိစေပါသည်။

Mennosato အော်ဂဲနစ် ခေါက်ဆွဲတစ်ဘူးမှာ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ ကြက်ဥ၊ ရွှေဖရုံသီး ဆိုပြီး အရသာ (၆)မျိုး ပါဝင်ပါသည်။

ရင်သွေးငယ်လေးတွေကို ဖြည့်စွက်စာကျွေးရင်း အပြောင်းအလဲလေး ဖြစ်အောင် ခေါက်ဆွဲကျွေးချင်တဲ့ မေမေတို့အတွက် ရွေးချယ်သင့်တဲ့ ကျန်းမာရေးနှင့် ညီညွတ်ပြီး အရသာရှိတဲ့ အော်ဂဲနစ် ခေါက်ဆွဲပဲဖြစ်ပါသည်။

**ချက်ပြုတ်နည်း**

(၁) ဆူပွတ်နေသော ရေနွေးထဲသို့ ခေါက်ဆွဲထည့်ပြီး (၆) မိနစ် - (၇) မိနစ်ခန့် ပြုတ်ပါ။
(၂) ပြုတ်ပြီးလျှင် ခေါက်ဆွဲဖတ်များကို ဆယ်ပြီး ရေအေးဖြင့် ဆေးပါ။
(၃) ထို့နောက် ခေါက်ဆွဲထဲသို့ ကြိုက်နှစ်သက်ရာ ပြုတ်ရည် (သို့) အရသာမှုန့်များထည့်ကာ ချက်ပြုတ်နိုင်ပါသည်။

**သတိပေးချက်**

- အေး၍ ခြောက်သွေ့သော နေရာတွင် ထားပါ
- နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့အောင် ထားပါ
- အထုပ်ဖောက်ပြီး အချိန်ခဏအတွင်း စားသုံးပါ
- ဗူးထဲတွင် ပါဝင်သော ဓာတုအထုပ်များမှာ စားသုံးရန် မဟုတ်ပါ

မှတ်ချက်: အရောင်ဆိုးဆေးများ၊ ဓာတုပစ္စည်းများ၊ သကြားနှင့် တာရှည်ခံပစ္စည်းများ လုံးဝ (လုံးဝ) မပါဝင်ပါ။

ဓာတ်မတည့်ခြင်း သတိပေးချက်: ဤထုတ်ကုန်တွင် ဂျုံနှင့် ဂလူတန် ပါဝင်သည်။ ကြက်ဥ၊ နှမ်း၊ ပဲ၊ ပဲပိစပ်၊ ပဲများ၊ မတ်ပဲများ ပါဝင်သည်။

**အသိအမှတ်ပြုလက်မှတ်များ**

HALAL, HACCP, USDA, NASAA, COFCC & GMP Certified, JPS, Non EU Agriculture.

29/07/2023

Begin Coconut Sugar လေး instock ရပါပြီ
တီးတီးကအရသာလေးပါမှစားချင်တာကြောင့်ပူတင်းပေါင်းတဲ့အခါဟင်းချက်တဲ့အခါတွေမှာဒါလေးထည့်သုံးဖြစ်ပါတယ်။

🥥 Begin organic အုန်းသကြားကို တနှစ်အထက် baby လေးတွေ ကနေအသုံး ပြုလို့ရပါတယ်

🥥 babyတို့အတွက် အရသာရှိတဲ့ မုန့် လေးတွေ ဖန်တီး ပေးဖို့အတွက် .. recipes လေးတွေ မှာ မပါမဖြစ် သကြားသုံးရတဲ့အခါ ကျန်းမာရေးအတွက်လည်း စိတ်ချရပြီး အကျိုးပြုတဲ့ အုန်းသကြားလေး ကို သကြားအစားထိုး သုံးကြည့်လို့ရပါတယ်နော်

🥥 အုန်းသကြား လက်ဖက်စားဇွန်း ၁ ဇွန်း မှာ 15 kcal ပါဝင်တဲ့အတွက် Brown sugar ရဲ့ kcal နှင့် အတူတူဖြစ်ပေမဲ့ brown sugar ထက် သံဓာတ် ၊ Zinc , Potassium, Magnesium နှင့် antioxidants တို့ ပါဝင်မှု ပိုများပါတယ်

Begin coconut flower sugar 9800 kyat နဲ့ဝယ်ယူလို့ရပါပြီမေမေတို့ရေ

Photos from Journey of TeeTee Lone's post 29/07/2023

ကြိုက်တဲ့ဟင်းဆိုအပြောင်အား​ပေးပါတယ်

ငုံးဥအချိုချက်
ကြက်စွပ်ထဲမုန်ညှင်းရွက်ခတ်ထားပါတယ်

&4months

Photos from Journey of TeeTee Lone's post 25/07/2023

တစ်နှစ်ကျော်နောက်ပိုင်းတော့အသီးအရွက်ရွေးလာတဲ့တီးပါ။ အရမ်းကြိုက်တဲ့ဘူးညွန့်ကြော်ကိုတော့ခုထိစားပါတယ်။

ပုံလှလှလေးရိုက်ချင်ပေမဲ့ ပန်းကန်တင်တာနဲ့ခုံနားပြေးလာပြီး ခုလိုလုပ်တဲ့ကလေးငယ်ပါ

ဒီနေ့တွက်တော့ ကြက်သားခါးပတ်နဲ့ဘူးညွန့်ကြော်ချက်လေးကျွေးဖြစ်ပါတယ်

&4monthstee

Photos from Journey of TeeTee Lone's post 22/07/2023

Happy TeeTee’s day 🥳👶🏻❤️
&4monthsold

Photos from Journey of TeeTee Lone's post 20/07/2023

👶🏻👀

Photos from Journey of TeeTee Lone's post 19/07/2023

ဒီနေ့ playground သွားခဲ့ပါတယ်ဗျာ 👶🏻❤️
နောက်ဆုံးပုံကတော့ပြန်မယ်ပြောလို့လုပ်ပြတဲ့ရုပ်ပါ 🤣
&3months

Photos from Journey of TeeTee Lone's post 18/07/2023

Hello မေမေတို့ရေ
တီးတစ်ယောက်နဲ့အလုပ်များပြီးဒီမေမေဈေးရောင်းပိုစ့်လေးတွေမတင်ဖြစ်ပေမဲ့ ဒါလေးကတအားတန်တာမို့ မေမေတို့တွက်ရောင်းပေးချင်လို့ပါ

တီးအတွက်မှာရင်းတအားတန်တာမို့ ထပ်မှာပေးထားတာမို့ပါလိုချင်တဲ့မေမေတွေလဲဈေးတန်တန်လေးနဲ့ရစေချင်လို့ပါ

Primark brand export pants လေးတွေပါ
အတွင်းကတော့ဂွမ်းသားပါးပါး အိအိလေးမို့ခုရာသီဥတုရယ် အပြင်သွားတဲ့အခါရယ်ဆိုဝတ်လို့အဆင်ပြေပါတယ်နော်

တီးကတော့ တစ်နှစ်ခွဲ၂နှစ်အရွယ်နဲ့ သုံးနှစ် လေးနှစ်အရွယ်ဆိုဒ်လေးဝတ်ပါတယ်။

ဖွံ့တဲ့ဘေဘီလေးတွေဆို ၁၀ လ ၁ နှစ်ကစပြီးဝတ်လို့ရပါမယ်နော်

ရနိုင်တဲ့အရောင်လေးတွေတင်ပေးထားပါတယ်နော်

တီးဝတ်ထားတာလေးလဲထည့်ပေးထားပါတယ်။မေမေတို့ဆိုဒ်ချိန်လို့ရအောင်ပါ။
တစ်ထည်ကို ၃၀၀၀ ကျပ်ပါ။
၂ထည်အနည်းဆုံးယူပေးပါနော်။

ဒီတလော deli လမ်းကြောင်းတွေကြောင့်တစ်ပတ်အတွင်းရပါမယ်နော်။

ငြိမ်ငြိမ်မနေတဲ့ model teeရယ်
ပုိံရိုက်ညံ့တဲ့မေမေရယ်ကြောင့်ပုံမလှမပလေးတော့သည်းခံပေးပါနောါ

Photos from Journey of TeeTee Lone's post 17/07/2023

ဒီနေ့တီးအတွက်ပြင်ပေးဖြစ်တဲ့ဖြည့်စွက်စာတစ်နေ့တာလေးပါ

တီးကခုတလောမှနေသေချာပြန်ကောင်းလာတာမို့အစာအုပ်စုစုံအောင်ကြိုးစားကျွေးဖြစ်ပါတယ်

ဒါလေးကတော့ဒီနေ့ကျွေးဖြစ်တာလေးပါ။တီးကဘေးကနေဆွဲဖို့ပြင်နေလို့ပုံလှလှလေးတွေမဖြစ်သွားတာတော့ sorryပါ

လူကြီးစာတွေမှပိုကြိုက်တတ်လာတဲ့တီးအတွက်တော့ခုလိုပြင်ပေးတာတွေအပြင်မေမေစားတာတွေပါ နည်းနည်းစီတောင်းစားတတ်ပါတယ်။

အစားကြိုက်တတ်တဲ့ကလေးမို့တစ်နေ့လုံးအစားနဲ့ပါးစပ်မပြတ်တမ်းကိုစားပါတယ်

17/07/2023

ဂျပန်စာလေ့လာနေလို့ busy tee ဖြစ်နေတယ်ဂျာ
ဒီတလောသိပ်မအားရပါဘူး 🤣😎

Photos from Journey of TeeTee Lone's post 12/07/2023

Hello
တီးက ဒီလထဲမှာ အစားများ၊အစားမှားသွားတာနဲ့အန်ပြီးဝမ်းပျက်သွားလို့ပါ
ခုရက်ပိုင်းတော့သက်သာသလိုရှိပေမဲ့ဝမ်းကတော့ရပ်လိုက်သွားလိုက်နဲ့ဖြစ်နေတုန်းပါပဲ
Zinc ကိုတော့ဆက်သောက်နေပေမဲ့တီးကတော့တအားပုံမှန်မဖြစ်သေးတာမို့ပျောက်နေတာပါခမျာ
ဒါမဲ့တီးကတော့အစားမပျက်၊အဆော့မပျက်လန်းနေလို့စောင့်ကြည့်နေရတုန်းပါပဲ 👶🏻❣️

Photos from Journey of TeeTee Lone's post 28/06/2023

Hammer case 🔨

ဘောစ့်တီးလိုအားနဲ့မာန်နဲ့ထုရိုက်ရတာသဘောကျတဲ့ဘေဘီလေးတွေအကြိုက်တွေ့မဲ့ပစ္စည်းလေးပါ။

ဘောလုံးလေးတွေကိုအရောင်တူရာအပေါက်လေးထဲတူလေးနဲ့ရိုက်ပြီးထည့်ရမှာလေးပါ knock the balls

အရောင်လေးတွေလဲသင်လို့ရမဲ့အပြင်ကလေးတွေရဲ့ gross motor skill ကိုလဲတိုးတက်စေနိုင်ပါတယ်။ ဘောလုံးလေးတွေကိုတူလေးနဲ့ထုရတာမို့ hand eye coordination ကိုလဲတိုးတက်စေနိုင်ပါတယ်။

တီးလိုဖျက်စီးရေးသမားတွေမို့ဈေးများတဲ့အရုပ်တွေလဲပျက်စီးမှာစိုးတဲ့မေမေတွေဆိုဒါလေးဝယ်ပါနော်။
ဘူးလေးနဲ့boxလေးရယ်တူလေးရယ်ပါတာကိုမှ 6000 ကျပ်ပါ။

Photos from Journey of TeeTee Lone's post 28/06/2023

Baby လေးတွေတွက် calcium နဲ့ အာဟာရပြည့်ဝစွာပါဝင်တဲ့ ဘီစကစ်လေးတွေ instock ရပါပြီနော်

အသက်အရွယ်အလိုက်ကျွေးလို့ရတာလေးနဲ့ဈေးလေးတွေကွာတာမို့ cb မှာလာမေးပေးပါနော်

28/06/2023

Begin Coconut Sugar လေး instock ရပါပြီ
တီးတီးကအရသာလေးပါမှစားချင်တာကြောင့်ပူတင်းပေါင်းတဲ့အခါဟင်းချက်တဲ့အခါတွေမှာဒါလေးထည့်သုံးဖြစ်ပါတယ်။

🥥 Begin organic အုန်းသကြားကို တနှစ်အထက် baby လေးတွေ ကနေအသုံး ပြုလို့ရပါတယ်

🥥 babyတို့အတွက် အရသာရှိတဲ့ မုန့် လေးတွေ ဖန်တီး ပေးဖို့အတွက် .. recipes လေးတွေ မှာ မပါမဖြစ် သကြားသုံးရတဲ့အခါ ကျန်းမာရေးအတွက်လည်း စိတ်ချရပြီး အကျိုးပြုတဲ့ အုန်းသကြားလေး ကို သကြားအစားထိုး သုံးကြည့်လို့ရပါတယ်နော်

🥥 အုန်းသကြား လက်ဖက်စားဇွန်း ၁ ဇွန်း မှာ 15 kcal ပါဝင်တဲ့အတွက် Brown sugar ရဲ့ kcal နှင့် အတူတူဖြစ်ပေမဲ့ brown sugar ထက် သံဓာတ် ၊ Zinc , Potassium, Magnesium နှင့် antioxidants တို့ ပါဝင်မှု ပိုများပါတယ်

Begin coconut flower sugar 9000 kyat နဲ့ဝယ်ယူလို့ရပါပြီမေမေတို့ရေ

Photos from Journey of TeeTee Lone's post 27/06/2023

လက်ဆောင်ပေးထားတဲ့ set လေးတွက်ကံထူးရှင်လေးပါ

တီးကိုယ်တိုင်မဲနှိုက်ပေးထားပါတယ်

Cb မှာဆက်သွယ်ပေးပါဦးနော် ❤️

Photos from Journey of TeeTee Lone's post 27/06/2023

ဒီနေ့တော့ကြက်ဥခေါက်ဆွဲကြော်နဲ့သခွားမွှေးလေးကျွေးဖြစ်ပါတယ်

ကြက်ဥ၊ပဲသီးနဲ့baby corn လေးပါပါတယ်

သခွားမွှေးချိုချိုအေးအေးလေးအချိုတည်းပါတယ်

&3monthstee

Photos from Journey of TeeTee Lone's post 25/06/2023

Silicone base food containers လေးတွေရောက်ထားပါတယ်မေမေတို့ရေ

မီးတွေတအားပျက်တာမို့ကြက်ပြုတ်ရည်လေးတွေဘေဘီလေးတွေရဲ့ဖြည့်စွက်စာလေးတွေကိုခဲပြီးသိမ်းထားချင်တဲ့မေမေတွေတွက်အရမ်းအသုံးဝင်တာလေးပါ

BPA free,PP plastic,food grade silicone နဲ့ပြုလုပ်ထားပါတယ်။ Microwave safe,Freezer safe ဖြစ်ပြီး Leak proof ဖြစ်တာမို့ဆီလုံလေလုံပါတယ်။

အောက်ခံကsilicone base မို့အခဲလေးတွေကိုတွန်းတင်ပြီးအလွယ်တကူထုတ်ယူလို့ရပါတယ်နော်

120ml ၄ ဘူး ကိုမှ ၈၀၀၀ ကျပ်မို့ဈေးလဲတန်ပါတယ် 🥰

Photos from Journey of TeeTee Lone's post 25/06/2023

မိုးအေးတဲ့ရာသီဥတုနဲ့ခုလိုအာဟာရပြည့်တဲ့ကြက်သီးနှံစုံပေါင်းလေးကကွက်တိပါပဲနော်

မေမေ့အတွက်လဲတစ်ခွက်ထဲနဲ့နူးအိနေအောင်ပေါင်းထားရုံပဲမို့မိုးအေးအေးနဲ့လွယ်ကူနေရောပါပဲ

ငုံးဥလေးလဲပါပြီး နူးအိချိုပြီး နူးအိနေတဲ့ကြက်ပေါင်လေးမို့ တီးအရမ်းကြိုက်ပါပဲ

Photos from Journey of TeeTee Lone's post 24/06/2023

မေမေတို့ရဲ့လက်စွဲ Kiddee multipurpose sauce လေး instock ပြန်ရပါပြီနော်

တီးတီးအမြဲအားရပါးရစားလို့မေးတတ်တဲ့မေမေတွေအတွက်ပါ ဒီမေမေတအားကြိုက်တာမို့ဘာချက်ချက်ဒါလေးပါပါတယ်

တစ်မျိုးတည်းနဲ့အစုံသုံးလို့ရတာမို့တအားအဆင်ပြေသောပါပဲ

အသက်တစ်နှစ်အထက်အရသာလေးတွေကြိုက်တတ်လာတဲ့ဘေဘီလေးတို့တွက်မရှိမဖြစ်ဝယ်ထားသင့်တဲ့ဟင်းခိက်ဆောစ့်လေးပါနော်

ဒီမေမေတော့ကြက်ဥကြော်ရင်တောင်kiddee လေးထည့်လိုက်ရမှပိုစားကောင်းတယ်လို့ထင်မိတဲ့အထိပါပဲ

သဘာဝအရသာကိုမှချိုငံမျှတတာလေးမို့ကြော်
ကြော်ချက်ချက်အရမ်းအသုံးဝင်စေတာလေးပါ

အဓိကကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆား၊ သကြား၊ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ Soybean မှုန့်၊ ရေ စတဲ့ပါဝင်ပစ္စည်းတွေကြောင့်ဖြစ်ပြီး
✖️ အချိုမှုန့် မပါ
✖️ တာရှည်ခံ ဆေးမပါ
✖️ Gluten မပါဝင်လို့ ကလေးရော လူကြီးပါ စိတ်ချလက်ချစားသုံးနိုင်တာကြောင့်ပဲဖြစ်ပါတယ်

Photos from Journey of TeeTee Lone's post 24/06/2023

Oat စားရတာရိုးအီလာတဲ့ဘေဘီလေးတွေတွက် Nestum multi grain cereal လေးရပါပြီနော်

တစ်နှစ်အထက်ဘေဘီလေးတွေတွက် နို့ပူပူ ၊ရေနွေးပူပူလေးရှိရုံနဲ့အလွယ်တကူကျွေးလို့ရမဲ့ပြောင်းဖူးကွေကာမွှေးမွှေးလေးပါ

မုန့်လုပ်​တဲ့အခါတွေမှာလဲအရသာပိုရှိ၊ပိုမွှေးတာလေးရဖို့ဒါလေးသုံးပေးနိုင်ပါတယ်နော်

Oat ကျွေးပေးခြင်းအားဖြင့်အာဟာရပြည့်ဝရုံတင်မကဘဲဝမ်းမှန်စေပါတယ်နော်မေမေတို့ရေ

မလေးရှားနိုင်ငံမှထုတ်လုပ်ပြီးစင်္ကာပူနိုင်ငံမှတင်သွင်းထားတာမို့ဘေဘီလေးတွေတွက်စိတ်ချလက်ချကျွေးလို့ရပါတယ်
Low sugar ဖြစ်လို့ချောင်းဆိုးမှာလုံးဝစိတ်ပူစရာမလိုပါဘူးနော်။

250gm - 12500 ကျပ်နဲ့ဝယ်ယူနိုင်ပါပြီရှင့်

Photos from Journey of TeeTee Lone's post 24/06/2023

Hello တီးတီးရဲ့သူငယ်ချင်း သားသား၊မီးမီးလေးတွေတွက် bowl+cup set လေးတစ်ခုလက်ဆောင်လေးပေးချင်လို့ပါ

ပုံမှာပြထားတာလေးထဲကsetလေးတစ်ခုပါ

Page လေးကို like & follow လေးလုပ်ထားပေးနော်

Post လေးကို like & share လုပ်ပြီး ကြိုက်တဲ့ cmt လေးတစ်ခုရေးခဲ့ပါနော် ❤️

Photos from Journey of TeeTee Lone's post 21/06/2023

တီးအတွက် special menu 👶🏻
Pork cutlets & baked potatoes 🥔🤤

အပေါ်က bread crumbs နဲ့ကြွပ်ကြွပ်ယွယွလေးကိုမှအထဲကဝက်သားပြားအိအိလေးမို့ကလေးရောလူကြီးပါအကြိုက်ပါ 😂 ၄ ခုကြော်တာ တီးကတစ်ခုမေမေကနှစ်ခုပါ

ခုမှစမ်းကြော်ကြည့်တာမို့လုပ်နည်းလေးတော့မရိုက်ထားမိလို့ပါ

Photos from Journey of TeeTee Lone's post 20/06/2023

Baby လေးတို့တွက်သင်ထောက်ကူအသစ်လေးရောက်ထားပါတယ်မေမေတို့ရေ

Shapeလေးတွေအရောင်လေးတွေလဲသင်လို့ရပါတယ်။ ကိုယ်တိုင်အဝိုင်းလေးတွေထဲဝင်အောင်ထည့်ရတာလေးမို့ motor skills ကိုလဲတိုးတက်စေပါတယ်။

တစ်ခုကို ၅၅၀၀ ကျပ်နဲ့ instock ရပါပြီမေမေတို့ရေ

Photos from Journey of TeeTee Lone's post 20/06/2023

Begin Pancakes mix 🥞

Babyလေးတို့တွက်လွယ်ကူမြန်ဆန်ပြီးအာဟာရပြည့်ဝတဲ့မနက်စာလေးတွက်pancake mix လေးတစ်ထုပ်ပဲလိုပါတယ်နော်။

Begin ကနေပြီး ဘေဘီလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတာလေးမို့ပိုပြီးနူးညံ့ပါတယ်နော်။
ဘေဘီလေးတွေအကြိုက်တွေ့အောင် fruit powder မှုန့်လေးတွေလဲပါဝင်တာမို့တစ်ခါတည်းထည့်ပြီးလုပ်ကျွေးရုံပါပဲနော်။

လုပ်နည်းလေးကလဲလွယ်ပါတယ်နော်
Pancake Flour 100g
Milk 50g
Egg 1
ပါဝင်ပစ္စည်းလေးတွေကိုသမအောင်မွှေပြီးသွားရင်မကပ်အိုးလေးမှာထောပတ်(သို့)ဆီအနည်းငယ်သုတ်ပြီးကိုယ်စားချင်တဲ့အနေအထားအတိုင်းလေးထည့်ပြီးတစ်ဖက်ကို၂မိနစ်စီလောက်ထားလိုက်ရင်ကျက်ပါပြီနော်။အပေါ်ကနေပြီးဘေဘီလေးတွေနှစ်သက်တဲ့အသီး၊ဒိန်ချဥ်လေးတွေနဲ့topping လုပ်ပြီးကျွေးလို့ရပါပြီ။

တီးတီးကတော့banana pancake ကြိုက်တာမို့ငှက်ပျောသီးလေးတစ်လုံးပါထည့်ပြီးလုပ်ပါတယ်။
အပေါ်ကနေဒိန်ချဥ်စတော်ဘယ်ရီလေးတွေနဲ့ဆိုလဲဘေဘီတီးရဲ့အကြိုက်ပါပဲ။
တီးကိုလုပ်ကျွေးဖြစ်တာလေးတွေပါထည့်ပေးထားပါတယ်နော် ❤️

Begin pancake mix 300g - 9500 kyats

Photos from Journey of TeeTee Lone's post 19/06/2023

Mug mug noodle 🍜
ခုလိုမီးတွေတအားပျက်တဲ့နေ့တွေအတွက်ဆိုမရှိမဖြစ်ကိုဝယ်ထားသင့်တာလေးပါမေမေတို့ရေ

တစ်နှစ်အထက်ဘေဘီလေးတွေကနေစပြီးကျွေးလို့ရပါပြီနော်

တီးတီးကတော့ဒါလေးကိုအရမ်းကြိုက်တာမို့မီးတအားပျက်တဲ့ချိန်ဆိုလွယ်လွယ်ကူကူခေါက်ဆွဲလေးကိုငုံးဥလေးထည့်ပြုတ်ပေးလိုက်ပါတယ်။

ခေါက်ဆွဲသားအိအိလေးမို့ပြုတ်ချိန်ခဏပဲလိုပါတယ်။အရသာမှုန့်ထုပ်လေးတွေလဲပါတာမို့လွယ်လွယ်ကူကူနဲ့အရသာရှိတဲ့ခေါက်ဆွဲပြုတ်လေးပါ။
ဂျပန်နိုင်ငံထုတ်မို့ဘေဘီလေးတွေတွက်စိတ်ချလက်ချကျွေးလို့ရပါတယ်။

မနက်စာ၊အဆာပြေချိန်တွေတွက်လွယ်လွယ်ကူကူနဲ့ပြင်ဆင်ပေးလို့ရပါတယ်။
ကာတွန်းရုပ်လေးတွေလဲပါတာမို့ဘေဘီလေးတွေသဘောကျမှာအမှန်ပါပဲ

အထုပ်ကြီးတစ်ထုပ်မှာ တစ်ခါစားအထုပ်သေးလေးတွေ၄ထုပ်ပါဝင်ပါတယ်။
ကြက်သားအရသာ ၂ထုပ်
ပင်လယ်စာအရသာ ၂ထုပ်ပါ

တကယ်လို့အစားနည်းတဲ့ဘေဘီလေးတွေဆိုတစ်ဝက်ပဲပြုတ်လို့လဲရပါတယ်။

တစ်ထုပ်ကို ၇၅၀၀ ကျပ်နဲ့ဝယ်ယူနိုင်ပါပြီရှင့်

19/06/2023

တီတီအိမ်မှာမရှိတုန်း တီတီ့ပုလွေယူမှုတ်လိုက်တယ်ဂျာ 🤪 ဘောင်းဘောင်းမပါတာတော့သည်းခံပါဗျာ

Videos (show all)

ဂျပန်စာလေ့လာနေလို့ busy tee ဖြစ်နေတယ်ဂျာဒီတလောသိပ်မအားရပါဘူး 🤣😎
တီတီအိမ်မှာမရှိတုန်း တီတီ့ပုလွေယူမှုတ်လိုက်တယ်ဂျာ 🤪 ဘောင်းဘောင်းမပါတာတော့သည်းခံပါဗျာ
Saturday တုန်းကနေသာလို့လမ်းလျှောက်ထွက်ဖြစ်ပါတယ်ဗျ 👶🏻
လက်ညှိုးထိုး tv ဖွင့်ခိုင်းမယ် ကြော်ငြာလာရင်အပြေးလာပြီးကြည့်မယ် ပြီးသွားရင်ပြန်ပြောင်းခိုင်းမယ် 😆ကြော်ငြာကြိုက်သောကလေးငယ...
🤤
ဘွားဘွားလေးတို့အိမ်သွားလည်ပြီးမွှေနေတဲ့တီးပါခုံထဲဝင်ပြီးမထွက်တတ်တော့ငိုမဲ့မဲ့နဲ့ နောက်ကျသူ့ခြေထောက်တစ်ဖက်ထုတ်နိုင်သွားတာ...
မီးပျက်တဲ့နေ့ဆိုတော့အပူရှောင်ရင်းတီးတီး shopping သွားပါတယ်ကြက်ကြော်နည်းနည်းကျွေးလိုက်တာ ထပ်မကျွေးမချင်းအဲ့လိုဂျီကျပါတော့...
တီးတီးလုံးတစ်ယောက်တစ်နှစ်၂လပြည့်ခါနီးမှာတော့လမ်းစလျှောက်ပါတယ်လမ်းလျှောက်ရတာသိပ်သဘောမတွေ့သေးတာမို့လိုချင်တာရှိတဲ့အခါလောက်...
စားချင်တာစားရရင်ပျော်ရွှင်တီးပါ 👶🏻❤️#1year&1monthold
မာမားနဲ့ dinner date 👩‍👦❤️သဘောတွေကျပြီးပျော်ရွှင်တီးဖြစ်နေပါတယ် ❤️#1year&1monthold
😂🚘 ကားတစ်စီးနဲ့အလုပ်များနေတဲ့ကိုရွှေတီး#1year&1monthold
တီးတီးဖိုးဖိုးဖွားဖွားအိမ်ခဏရောက်နေလို့ပုံလေးတွေမတင်ဖြစ်တာပါဗျာ တီးအလွမ်းပြေကြည့်ဖို့တင်ပေးလိုက်ပါတယ်ဗျ 😎

Website