KK Oil

KK Oil

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK Oil, Health/Beauty, .

29/10/2021

customer တွေဆီက "ဆီဖိတ်တတ်တယ်"ဆိုတာအတွက်ရော၊ "ကြာရင်အနံ့ပြောင်းတယ်"ဆိုတာအတွက်ရော အဆင်မပြေတာ မရှိအောင် ပြင်ဆင်ပြုလုပ်ထားပါတယ် (တာရှည်ခံဓာတုဆေး လုံးဝမသုံးပါ)

ဒါ့အပြင် ယခုနောက်ပိုင်း KK Oil မှာပါဝင်တဲ့ ရှားစောင်းလက်ပပ်များကို ကိုယ်တိုင်စိုက်ပျိုးတာဖြစ်ပြီး အုန်းဆီစစ်စစ်ကိုသာ အသုံးပြုထားတဲ့အတွက် ယုံကြည်စွာ မှာယူသုံးဆွဲနိုင်ပါတယ်။ 😎
(ယခင်ဈေးအတိုင်း တစ်ဗူး ၃၀၀၀ နဲ့သာ ဆက်လက်ရောင်းချသွားမှာပါ)
📞-09787457429
💯❤🌵🌴

Photos from KK Oil's post 28/01/2021

သုံးစွဲသူတွေအဆင်ပြေကြလို့ တကယ်၀မ်းသာရပါတယ် 🥰။ ၂ခါ ၃ခါသုံးပြီးလို့ သိသိသာသာအဆင်မပြေသေးသူတွေကိုလည်း ယုံယုံကြည်ကြည်ဆက်သုံးဖို့ မေတ္တာရပ်ခံပါတယ် 💯 ။ KK Oil page ကနေလည်း ဆံပင်ကျွတ်သက်သာနည်းလေးတွေကို ဆက်လက်ဝေမျှသွားပါဦးမယ်။ 🥰

05/01/2021

Hello 🤩 ဒီတစ်ခေါက်တော့ ဆံပင်ကျွတ်ရတဲ့အချက်တွေထဲကမှ အဓိကအချက်တချို့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
ဆံပင်တွေဘာကြောင့်ကျွတ်ရလဲ ???

၁. " တင်းကြပ်အောင် ဆံပင်စီးခြင်း "
ဒီအချက်က မိန်းကလေးတွေမှာအဖြစ်များပါတယ်။ ကိုယ့်ဆံပင်ကို လိုတာထက်တင်းကြပ်အောင်စီးတာက bald spot တွေပိုများလာစေပြီး ဆံသားသေးသွယ်မှုတွေဖြစ်စေပါတယ်။

၂. "မျိုးရိုးလိုက်ခြင်း"
ဟုတ်ပါတယ်။ မျိုးရိုးလိုက်လို့ဆံပင်ကျွတ်ရတာကလည်း အဖြစ်အများဆုံးထဲကတစ်ခုပါပဲ။ ဒီအချက်က ယောက်ျားလေးရော မိန်းကလေးတွေမှာပါတွေ့ရတတ်ပြီး လူပျိုဖော်/အပျိုဖော်၀င်ပြီးအချိန်မှာ စဖြစ်တတ်ပါတယ်။

၃. " Stress အလွန်များခြင်း "
စိတ်ဖိအားအလွန်များတဲ့အချိန်တွေမှာ ဆံပင်ကျွတ်နိုင်ခြေ ပိုများပါတယ်။ စာရေးသူကိုယ်တိုင်လည်း စာမေးပွဲ‌ရက်တွေမှာ ဆံပင်ပိုကျွတ်တတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ဖိအားပိုများတဲ့ ရုံးလုပ်သားတွေ၊ အလုပ်ရှင်တွေမှာ ဆံပင်ပိုကျွတ်တာကို တွေ့ရပါတယ်။

၄. " Medications "
မိမိသုံးတဲ့ဆေးဝါးတွေဆီက side effect တွေကလည်း ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့်လည်း နာတာရှည်ရောဂါသည်တွေမှာ ဆံပင်သိသိသာသာအကျွတ်များတာကိုတွေ့ရတာဖြစ်ပါတယ်။

၅. " အာဟာရလိုအပ်ချက်များ "
Nutrition deficiencies (အာဟာရလိုအပ်ချက်တွေ) ကလည်း ဆံသားကျွတ်ခြင်းကို ဦးတည်စေပါတယ်။ ဥပမာ- ဆံပင်အတွက်လိုအပ်တဲ့ Zinc ဓာတ်၊ အစရှိသဖြင့် ချို့တဲ့သူတွေမှာ ဆံပင်ပိုကျွတ်တာကိုတွေ့ရပါတယ်။

မိမိဆံသားပိုမိုသန်စွမ်းလာအောင် သဘာ၀ဆေးဝါးများနဲ့ ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ ကျွန်တော်တို့ KK Oil ( KK ဆံပင်သန်ဆေး) မှလည်း သဘာ၀အုန်းဆီနဲ့လတ်ဆတ်တဲ့ရှားစောင်းလတ်ပတ်တို့ကို အချိုးကျပေါင်းစပ်ထားတဲ့အတွက် ယုံယုံကြည်ကြည်မှာယူသုံးစွဲနိုင်ပါတယ်။ 📞 - 09790698857, 09759742352

KK ဆံပင်သန်ဆေးအသုံးပြုပြီး ပိုမိုနက်မှောင်သန်စွမ်းသောဆံကေသာများ ပိုင်ဆိုင်နိုင်ကြပါစေ။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ 🥰

03/01/2021

hello 🤩 ဆံပင်ကျွတ်၊ ဆံပင်ပါး၊ အရောင်ဖျော့တော့လို့စိတ်ညစ်နေပါသလား။ ဓာတုပစ္စည်းလုံး၀မပါ၀င်တဲ့ KK OIL (ကေကေခေါင်းလိမ်းဆီ) နဲ့ မိတ်ဆက်ပေးပါရစေ။ 💆🛀🤩

ဘဘာ၀အုန်းဆီစစ်စစ်၊ လတ်ဆတ်တဲ့ရှားစောင်းလတ်ပတ်တို့ကို အချိုးကျပေါင်းစပ်ထားတဲ့ KK ခေါင်းလိမ်းဆီမှာ သင့်ဆံကေသာနဲ့ဦးရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ vitamin များစွာပါ၀င်ပါတယ်။ chemicals ပစ္စည်းများလည်း လုံး၀မပါ၀င်တဲ့အတွက် ဓာတ်မတည့်သူများလည်း စိတ်ပူစရာမလိုဘူး‌နော်။ 🥰

အသုံးပြုပုံကတော့ - ခေါင်းမလျှော်ခင်တိုင်း ၁နာရီ သို့မဟုတ် နာရီအနည်းငယ်အလိုမှာ KK ခေါင်းလိမ်းဆီကို ဦးရေပြားထိရောက်အောင် ပွတ်လိမ်းပေးပါ။ ပြီးမှ မိမိလျှော်နေကျ shampoo ဖြင့်လျှော်ပါ။ အဲ့လိုလေး လိမ်းပေးသွားမယ်ဆိုရင် တစ်လအကြာလောက်မှာပဲ ဆံပင်ကျွတ်ခြင်း သိသိသာသာလျော့နည်းသွားပြီး ပိုမိုနက်မှောင်သန်စွမ်းလာမှာပါ။ 💯😎

ဈေးနှုန်းကတော့ တစ်ဗူး ၃၀၀၀ ဖြစ်ပြီး မှာယူလိုပါက page messenger မှဖြစ်စေ၊ 09790698857 , 09759742352 သို့ဖုန်းဆက်၍ဖြစ်စေ မှာယူနိုင်ပါတယ်။ 📞💝
KK ခေါင်းလိမ်းဆီကိုအသုံးပြုပြီး ပိုမိုနက်မှောင်သန်စွမ်းသော ဆံကေသာများပိုင်ဆိုင်နိုင်ကြပါစေ 🥰😊🥰

Website