MCC Minbu ကွန်ပျူတာနှင့်စာရင်းကိုင်ဒီပလိုမာသင်တန်းများ
Join us at MCC for Success in Your Future
LCCI level 1&2 ၃-လပြတ် သင်တန်း J-1une -2023 ရက်နေ့စမည်
09-420710850
နွေရာသီကလေးကွန်ပျူတာသင်တန်း
မနက်ဖြန် စသင်ပီနော်
ဒီနေ့အပ်လို့ရသေးတယ်နော်
သင်တန်းချိန်များ
မနက် 8:30 - 10:00
နေ့လည် 11:30-1:00
သိချင်တာလေးများထပ်ရှိရင် ဒီဖုန်းလေးကို အားမနာတမ်းဆက်ပီးမေးလို့ရပါတယ်နော်
09-420710850 / 09-401530270
MCC MINBU ကွန်ပျူတာသင်တန်းကို 1-3-2023 4-3-2023 ထိသင်တန်းပိတ်ပါတယ်ခင်ဗျ ။
သင်တန်းများအားလုံး 6-3-2023 နေ့တွင်ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမယ်ဗျ
နွေရာသီကလေးကွန်ပျူတာသင်တန်းတက်ချင်သူများ အောက်ပါဖုန်းနံပါတ် သို့ အသေးစိတ်စုံစမ်းနိုင်ပါတယ်ဗျ
09-420710850 / 09-401530270
Congratulations
MCC -MINBU
နွေရာသီကလေးကွန်ပျူတာသင်တန်း
တက်ရောက်နိုင်သောသင်တန်းချိန်များ
Mon-Thu မနက် 8:30 -10:00
Mon - Thu နေ့လည် 11:30 - 1:00
FRI - SUN မနက် 8:00 - 10:00
အသေးစိတ်စုံစမ်းရန် 09-420710850 , 09-401530270
MCC -MINBU Computer Center မှ ကလေးများအတွက်နွေရာသီကွန်ပျူတာသင်တန်းများဖွင့်မည်
အသက် ၇နှစ် မှ ၁၆နှစ်ထိ
၂၀၂၃ မတ်လ ၆ ရက် စမည်
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း သင်တန်းတက်ရောက်ခဲ့ပြီးသူများ သင်တန်းဆင်းလက်မှတ် လာရောက်ထုတ်ယူနိုင်ပါပြီ
ပြည်တွင်း /ပြည်ပတွင် လစာဝင်ငွေကောင်းသည့် ကုမ္ပဏီကြီးများတွင် ယခင်က Vocational Diploma တစ်ခုဖြစ်သည့် LCCI (UK) Diploma ပြီးမြောက်အောင်ဖြေဆိုပြီး Accountant အလုပ်အကိုင်ဈေးကွက်ထဲသို့ ဝင်ရောက်ရပ်တည်နိုင်ရေးအတွက် လျှောက်လှမ်းနေကြရာမှ ယခုအခါတွင် ထိုလမ်းကြောင်းမှနေ၍ အရွေ့တစ်ခုကို ရွေ့လျားပြောင်းလဲတော့မည်ဖြစ်ပါသည်။
ACCA (UK) သည် ကမ္ဘာ့အကြီးဆုံးနှင့် အအောင်မြင်ဆုံး Accountancy Body ကြီးတစ်ခုဖြစ်ပြီး Ofqual ကဲ့သို့ အဖွဲ့အစည်းကြီးမှ အသိအမှတ်ပြုထားသည့် ACCA (UK) ၏ Qualification များသည် Finance Professional ဖြစ်လိုသည့် လူငယ်များအတွက် ပို၍ အရေးပါလာပါသည်။
နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုထားသည့် ACCA (UK) ၏ Diploma in Financial and Management Accounting, Diploma in Accounting and Business, Advanced Diploma in Accounting and Business နှင့် ACCA (UK) ၏ Chartered Accountant (ACCA Member) အပြင် Oxford Brookes University မှ ရရှိမည့် B. Sc (Hons) ဘွဲ့ ၊ University Of London (UOL) မှ ပေးအပ်ချီးမြှင့်မည့် M. Sc ဘွဲ့များသည် Academic လမ်းကြောင်းကို လျှောက်လှမ်းချင်သည့် လူငယ်များနှင့် Professional ဖြစ်လိုသည့် လူငယ်များအတွက် အနာဂတ်ကို ယုံကြည်စွာ ပုံဖေါ်ထုဆစ်နိုင်သည့် ပညာရေးလမ်းကြောင်းပင်ဖြစ်ပါသည်။
စူးစမ်းရှာဖွေလမ်းသစ်ဖေါက်၍ အနာဂတ်ဘဝအတွက် ရုန်းထွက်လိုသည့်၊ ပညာရှင်ဖြစ်လိုသည့်၊ ပညာဖြင့်အသက်မွေးလိုသည့် လူငယ်များအား ACCA (UK) Professional လမ်းကြောင်းကို စတင်လျှောက်လှမ်းကြဖို့ MCC Minbu မှ တိုက်တွန်းလိုက်ပါသည်။
ဆရာဇင်ဖြိုးပိုင်ရဲ့ စကားလေးခဏယူပြောရရင်
I CAN DO IT
YOU CAN DO IT
LCCI Level 3 နောက်ဆုံးတန်းခွဲ
လက်ရှိ တစ်ဘာသာ နှင့် ၂ဘာသာ ဖြေဆိုပြီးသူများ
LCCI Level 3 ဖြေဆိုမည်ဟု ရည်ရွယ်ထားသူများ
LCCI Exam တွေ လာမယ့် September 2023 မှာ ရပ်နားတော့မှာပါ။
ဒါကြောင့် ခုတစ်ခေါက်က နောက်ဆုံးတန်းခွဲဖြစ်ပါတယ်။
January လဆန်းစပါမယ်။ ပုံမှန်အားဖြင့် ( ၅ လ )သင်တန်း
ဖြစ်ပေမယ့် ( ၈ လ ) သင်ကြားပေးသွားမှာပါ။ သင်တန်း
ကြေးတိုးမြှင့်မထားပါဘူး။စာသင်ချိန်လည်းလျှော့မထားပါ
ဘူး။
April Exam မှာ Cost and Management Accounting ဖြေ
ဆိုမှာဖြစ်ပြီး September Exam မှာ Accounting နဲ့ ABC ၂
ဘာသာဖြေဆိုကြမှာဖြစ်ပါတယ်။
အောင်ချက် ကောင်းသထက်ကောင်းအောင် Revision အကြိမ်ကြိမ် Old Question အထပ်ထပ် သင်ကြားဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ကုန်ကျစရိတ်သက်သာစွာနဲ့ ခိုင်မာတဲ့ အသိမှတ်ပြု Diploma တစ်ခုရယူနိုင်ဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားတွေရဲ့ စာရင်းကိုင်ပညာရပ်တွေလေ့လာသင်ယူနိုင်မှုအတွက်တော့ ဒီတစ်ခေါက် LCCI ဖွင့်ပြီးရင် ACCA Level 2&3 တန်းတွေဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ် ။
အခြားသိလိုတာရှိရင် Messenger မှာမေးမြန်းနိုင်သလို သင်တန်းကျောင်းကိုလာရောက်စုံစမ်းမေးမြန်းတိုင်ပင်နိုင်ပါတယ်။
MCC MINBU CENTER
မင်းဘူး စကုလမ်း ၊ လျှပ်စစ်ရုံးရှေ့ ၊ မင်းဘူးမြို့
09-420710850 , 09-401530270 , 09-785830270
Level 1 & 2. ၃ လပြတ်။ December တန်းခွဲသစ်
LCCI Level 1 & 2 အတွက် နောက်ဆုံးတန်းခွဲများဖြစ်ပါတယ်။ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပြည်တွင်းပြည်ပ အသိမှတ်ပြု အောင်လက်မှတ်များ ရရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်။
LCCI Level 1&2 ပြီးပါက ဤ သင်တန်းကျောင်းတွင် ဆက်လက်ဖွင့်လှစ်မည့် ACCA Level 3 Diploma in Financial and Management Accounting သင်တန်းသို့ ဆက်လက် တက်ရောက်နိုင်ပါသည် ။
=====================================
December 24 စတင်ပါမည်။
======================
မေးခွန်းဟောင်း Old Question များ၊Revision များ၊ Tutorial Test များကိုလည်း ပုံမှန် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းကြေး ၊ သင်ကြားပေးမည့်ပုံစံနှင့် အခြားသိချင်တာများရှိလျှင် Chat Box မေးမြန်းနိုင်သလို သင်တန်းကျောင်းသို့လာရောက်ပြီး အသေးစိတ် ဆွေးနွေးမေးမြန်းတိုင်ပင်နိုင်ပါတယ်။
သင်တန်းကျောင်းသို့ လာရောက်ကျောင်းအပ်နိုင်ပါပြီ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ ကြပါစေ။
MCC ကွန်ပျူတာနှင့်စာရင်းကိုင်ဒီပလိုမာသင်တန်းကျောင်း
မင်းဘူး စကုလမ်း ၊ လျှပ်စစ်ရုံးရှေ့ မင်းဘူးမြို့
09-420710850 , 09-401530270
ကလေးများကို coding သင်ပေးသင့်သည့် အကြောင်းအရင်း
မူလတန်းမှစပြီး ကလေးတွေအတွက် 21st Century Concepts တွေကို ထိတွေ့စေဖို့ နောက်ဆုံးပေါ်
နည်းလမ်းတခုကတော့ Coding သင်ကြားစေခြင်းပါ။
ပညာရှင်တွေ ပြုလုပ်ထားတဲ့ လတ်တလော သုတေသန တွေကလည်း Coding ကို အနာဂတ်အလုပ်အကိုင်များ ရဲ့ထိပ်ဆုံးမှာရှိမယ်လို့ဆိုပါတယ်၊
ဒီတော့ ကလေးတွေကို Coding ဘာကြောင့်သင်ပေးသင့်တာလဲ၊ ဘာကြောင့် ဒီလောက် အရေးကြီးတာလဲ
1) Coding is another Language
Coding ဆိုတာ ဘာသာစကားတခုဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ် ရှိ အသုံးအများဆုံး ဘာသာစကားများထဲမှ တခုဖြစ်ပါတယ်။
Coding က ကလေးငယ်များအတွက် သူတို့ အနီးအနား မှာရှိတဲ့ ကမ္ဘာကြီး အကြောင်း၊ Technology အကြောင်း ပိုပြီးနားလည်လာအောင် သင်ကြားပေးတဲ့ another Language တခုဖြစ်ပါတယ်။
2)Coding fosters Creativity
Coding ဟာ ကလေးများကို သူတို့နေ့စဉ်ထိတွေ့နေရတဲ့ နည်းပညာတွေ၊ဂိမ်းတွေ၊အက်ပလီကေးရှင်းတွေကို သုံးစွဲရန်သာမကပဲ ကိုယ်တိုင် ဖန်တီးတတ်လာပါမယ်။လေ့လာစမ်းသပ်တီထွင်ခြင်းတွေဟာ ကလေးတွေရဲ့ ဦးနှောက်ကို ဖွံဖြိုးအားကောင်းစေပါတယ်။ ကလေးတွေရဲ့တီထွင်ဖန်တီးမှုကိုတိုးတက်လာစေရန် Coding ကပြုလုပ်ပေးပါတယ်။
3) Coding helps children with Math Skills
coding က ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီသြမေတြီနှင့်ရူပဗေဒတို့ကို ကလေး၏ နားလည်မှုကို ပိုမိုခိုင်မာစေပါတယ်။ သင်္ချာရဲ့ Concept များကို နားလည်သဘောပေါက်လာစေပြီးတကယ့်လက်တွေ့ အခြေအနေများတွင် သင်္ချာကို အသုံးချနိုင်လာစေပါတယ်။ သင်္ချာဟာ ပျော်စရာ ဖန်တီးစရာများ ဖြစ်လာအောင် coding ကပြုလုပ်ပေးပါတယ်။သင့်ကလေးငယ်ရဲ့သင်္ချာ skill ကို အသေအချာ တိုးတက်လာစေပါမယ်။
4) Coding helps children become confident
problem solvers
ကိုယ်ဖန်တီးထားတဲ့ project မှာ Error ရှာတာ .. ပြန်လည်ပြင်ဆင်တာ .. မပြုလုပ်ခင်ကြိုတင်စဉ်းစားတတ်လာတာတွေကြောင့် လက်တွေ့ဘဝမှာ ကြုံရမယ့်အခြေအနေတွေ အခက်အခဲတွေကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ Smart Child .. Smart Youth လေးတွေ ဖြစ်လာမှာပါ။
Coding ဆိုတာ digital ခေတ်မှာ အခြေခံစာတတ်မြောက်မှုပါ
ကလေးတွေ အတွက် သူတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့နည်းပညာတွေကို နားလည်နိုင်ဖို့အရေးကြီးပါတယ်။
ကလေးများအားငယ်ရွယ်စဥ်ကပင် coding သင်ကြားပေးခြင်းက သူတို့ အနာဂတ် အတွက်ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။
ကလေးတွေအတွက် ငြီးငွေ့စရာ မဖြစ်ရစေဖို့
စိတ်တက်ကြွဖွယ်၊ စိတ်၀င်စားဖွယ် Projects လေးများကို သေချာစီစစ်ရွေးချယ် သင်ကြားပေးထားခြင်းကြောင့် ပျော်စရာကောင်းတဲ့ သင်ယူရခြင်းကို ဖြစ်စေမှာပါ။
အဲလိုသင်ယူခြင်းအတွက်အရေးပါတဲ့ သင်တန်းကို MCC မင်းဘူး မှာဖွင့်လှစ်ပေးသွားတော့မှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်
အသေးစိတ်ကိုတော့ အောက်ပါလိပ်စာမှာ စုံစမ်းလိုက်ပါနော်
MCC ကွန်ပျူတာသင်တန်း
မင်းဘူး -စကုလမ်း ၊ လျှပ်စစ်ရုံးရှေ့ ၊ မင်းဘူးမြို့ ။
09-401530270 , 09-420710850
ဘီဂိတ်လ် အကြောင်း တစ်စေ့တစ်စောင်း လေးပါ
ဒီစာလေးကတော့ အင်တာနက်မှာတွေ့မိတာပါ။
တွေ့တွေ့ခြင်းအရမ်းသဘောကျသွားတာနဲ့
ပြန်လည်မျှဝေလိုက်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး
စာရင်၀င် Microsoft Company ကိုတည်ထောင်ခဲ့တဲ့
သူဌေးကြီး Bill Gate အကြောင်းလေးပါ။ ဖတ်ကြည့်လိုက်ပါဦး။
၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာ၀င်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်၀င်ငွေ ၇.၈ဘီလီယံရှိသည်။
၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှပြန်ကောက်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင် ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။
၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။
၄။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင်
ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။
၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်း၀င်ဖြစ်သော မိုက်ကယ်ဂျော်ဒန်
၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိူင်မည်။
၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လိမ့်မည်။
၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိူင်ပြီး အသွားအပြန် ၁၄ကြိမ် စီတန်းနိူင်မည်။ ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။
၈။ အသက် ၉၀ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသောအသက်အရွယ်မှ
မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆.၇၈ သန်းသုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိူင်ပေမည်။
၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည် Microsoft
Windows Error တက်စဉ်တိုင်း ( သို့မဟုတ် ) Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေဝါလီခံသွားရနိူင်ပေသည်။
Posted by Theikdi Min Htet
32-bit and 64-bit
=============
ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊
64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။
32bit နဲ့ 64bit Processor........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။
Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။
32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။
Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။
Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။
32-bit Windows နှင့် 64-bit Windows.............................................................
64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။
32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။
ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။
နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)
RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။
Computet တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။
Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premier CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)
64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Aimation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီး ဖြစ်သည်။
........................
Ref: wikipedia
Knowledge လေးတွေဖတ်ချင်ရင် MCC page ကို like & follow လုပ်ထားပေးကြပါဦးရှင့်💙
ဒီဇင်ဘာ Series LCCI Level 3 ဖြေဆိုကြမည့် ကျောင်းသူများနှင့် ပြန်လည်သင်ကြားမှုစတင်ခြင်း အထိမ်းအမှတ် ညစာစားပွဲ အမှတ်တရ (29-10-22)
🧑💻🧑💻 ကွန်ပျူတာကို စတင်အသုံးပြုလိုသူများ ကွန်ပျူတာ အခြေခံသင်တန်းတက်ရောက်လိုသူများအတွက် MCC MINBU မှာ သင်တန်းစတင်ရောက်နိုင်ပါမည်နော် 🥰
🧑💻🧑💻 အခြေခံကျကျ စနစ်တကျလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာလာရောက် အပ်နှံသင်ကြားနိုင်ပါတယ်......
🧑💻🧑💻 သင်တန်းပြီးဆုံးသည့်အခါ MCC-GROUP မှပေးအပ်သော သင်တန်းဆင်းလက်မှတ်ကိုလဲ ရရှိမှာပါ .....
🧑💻🧑💻 သင်တန်းဆင်းလက်မှတ်က အရေးမကြီးပါဘူး ၊ တတ်မြောက်ဖို့ကအရေးကြီးတယ်ဆိုပြီးပြောကြတာတွေရှိပါတယ် .....
🧑💻🧑💻 မိမိတတ်မြောက်မှုရယ် ၊ ဂုဏ်သိက္ခာရှိတဲ့ သင်တန်းဆင်းလက်မှတ်ရယ်ပေါင်းစပ်လိုက်တဲ့အခါ ပိုပြီးပြည့်စုံသွားတာပေါ့.........
🧑💻🧑💻 MCC ဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးနီး သင်တန်းခွဲပေါင်းများစွာ ဖွင့်လှစ်သင်ကြားနေသော သင်တန်းဖြစ်ပါတယ် ......
🧑💻🧑💻 အာ့ကြောင့် ကွန်ပျူတာဆို MCC ကိုသာပြေးမြင်လိုက်ပါ မိတ်ဆွေ .....
🏠MCC Computer & LCCI Training Center
မင်းဘူး - စကုလမ်း ၊ လျှပ်စစ်ရုံးရှေ့ ၊ မင်းဘူးမြို့ ။
၀၉ - ၄၂၀၇၁၀၈၅၀
၀၉ - ၄၀၁၅၃၀၂၇၀
ဒီနေ့အသစ်ဖွင့်တဲ့ တပါတ် ၅ ရက်တက် ၂ လပြတ် LCCI Level 1,2 သင်တန်းလေး ဒီနေ့စပြီနော်
ဒီရက်ပိုင်းတက်မယ်ဆို မှီသေးတယ်နော်
တက်မယ်ဆို ဟဲလို --လိုက်
၀၉ ၄၂၀၇၁၀၈၅၀
MCC Computer သင်တန်းကျောင်း
မင်းဘူးမြို့
ရုံး ဝန်ထမ်းများ ပိတ်ရက်သီးသန့်တက်ချင်သူများအတွက်
Microsoft office course ကွန်ပျူတာအခြေခံသင်တန်းကို
3-9-2022 စပြီး စနေ တနဂ်နွေ၂ ရက် သီးသန့်သင်တန်း
ညနေ ၃ နာရီ မှ ၅ နာရီထိ သင်ကြားပေးပါမည်
2-9-2022 နေ့ နောက်ဆုံးထားအပ်ပေးပါ
သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်
သင်တန်းပြီးလျှင် MCC certificate ရရှိပါမည် ။
ဆက်သွယ်ရန် ၀၉ ၄၀၁၅၃၀၂၇၀
ဒေါ်လာစျေးတက်တက် ရွှေစျေးတက်တက် MCC ကသင်တန်းကြေးလေးကတော့ မတက်ပါဘူးနော် လွန်ခဲ့တဲ့ ၂နှစ်ကအတိုင်းဘဲနော်
LCCI Level 1,2 စာရင်းကိုင်သင်တန်း ကို ၁၈-၇-၂၀၂၂ နေ့တွင်အတန်းသစ်စတင်မည်။
သင်တန်းတက်ရမည့်အချိန် - မနက် ၈နာရီ မှ ၁၀ နာရီထိ
သင်တန်းတက်ရမည့်ရက် - Mon,Tue, Wed
သင်တန်းစတင်မည့်နေ့ - 18-7-2022 (Mon)
သင်တန်းနေရာ - လျှပ်စစ်ရုံးရှေ့ ၊ မင်းဘူး-စကုလမ်း ၊
မင်းဘူးမြို့
သင်တန်းတက်မည့်သူများ - ၁၆၀ ပါလယ်ဂျာတစ်အုပ်
ဂဏန်းပေါင်းစက်(% ) ပါတစ်ခု
စာရေးကိရိယာအစုံ ၊ ဗလာစာအုပ် အချော
တစ်အုပ် (မှတ်စုရေးရန်)
သင်တန်းအပ်ရန် - 09-420710850 ဖုန်းဆက်ပြီးအပ်ရန်
Website
Opening Hours
Monday | 09:00 - 18:30 |
Tuesday | 09:00 - 18:30 |
Wednesday | 09:00 - 18:30 |
Thursday | 09:00 - 18:30 |
Friday | 09:00 - 18:30 |
Saturday | 13:00 - 17:00 |