Myint Moe Wai

Myint Moe Wai

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myint Moe Wai, Public Figure, .

Photos from Myint Moe Wai's post 23/01/2024

ပြည်ကြီးတံခွန်မြို့နယ်တွင် အိမ်ငှားနေသူများမှ အိမ်ရှင်ဖြစ်သူ၏(၄)နှစ်အရွယ်ကလေးငယ်ကို ခိုးယူမှုဖြစ်ပွား
ဇန်နဝါရီ(၂၃)၊မန္တလေး

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ဂ/ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဇန်နဝါရီလ၂၂ရက် မနက်ပိုင်းက အိမ်ငှားနေသူများမှ အိမ်ရှင်ဖြစ်သူ၏(၄)နှစ်အရွယ်ကလေးငယ်ကို ခိုးယူမှုဖြစ် ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

"အိမ်ရှင်ကနေ သူ့အိမ်မှာ ငှားနေတဲ့လူငယ်လင်မယားနဲ့အ ဖော်မိန်းကလေးတစ်ယောက်ကို အိမ်ဆက်ပြီးမငှားတော့ဘူး။နောက်ထပ်နေရာသစ်ရှာဖို့ပြောပြီးတဲ့နောက်ပိုင်းမှာ အိမ်ငှားနေတဲ့သူတွေက အိမ်ရှင်ရဲ့ကလေးကို ခိုးသွားပြီးသိန်း၅၀၀နဲ့လာရွေးဖို့ ချိန်းခြောက်ငွေတောင်းခဲ့ကြတာပါ"ဟုမြို့ခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၂ရက်မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့ နယ်၊ဂ/ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်ငှားနေထိုင်သည့် လူငယ်လင်မယားနှင့်အဖော်မိန်းလေးတို့သည် နေအိမ်ပိုင်ရှင် ၏ အသက်(၄)နှစ်အရွယ် ကလေးငယ်ကို ခိုးယူသွားပြီး အမရပူရမြို့နယ် ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျဉ်တိုက်တန်းမှာ ကလေးက ကျပ်သိန်း၅၀၀ဖြင့် လာရောက်ရွေးယူရန်နှင့်မရွေးပါက သတ်ပစ်မည်ဟု ဖုန်းမက်ဆေ့ပို့ပြီး ချိန်းခြောက်ငွေတောင်းခံခဲ့သောကြောင့် ကလေးငယ်၏ မိဘများသည် ချိန်းဆိုရာနေရာသို့ သွားရောက်ပြီးနောက် ဆောက်လုပ်ရေဝန်ထမ်းလုံခြုံရေးအဖွဲ့နှင့်အနီးပတ်ဝန်း ကျင်ပြည်သူများက ကလေးခိုးယူခဲ့သူများကို ဝိုင်းဝန်းဖမ်း ဆီးပေးခဲ့ကာ မြစ်ငယ်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပိုမိုရှင်းလင်းသော သတင်းဓါတ်ပုံများနဲ့ဖတ်ရှုလိုပါက အောက်ဖော်ပြပါ Telegram Linkကို joinပြီး ဝင်ရောက်
ကြည့်ရှုနိုင်ပါသည်။

Telegram link- https://t.me/themandalaytimes/2598



#ကလေးခိုးမှုဖြစ်
#ပြည်ကြီးတံခွန်
#မန္တလေး

Photos from Myint Moe Wai's post 28/12/2023

လှည်းတန်းတွင် နေအိမ်ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ် သိန်း (၁၀၀) ခန့်ပါသွား
***********************************

ယနေ့ဒီဇင်ဘာ ၂၈ ရက်နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ လှည်းတန်း ၊ ခိုင်ရွှေဝါလမ်းရှိ (၅)လွှာ လူနေတိုက်ခန်းကို နောက်ဖေး အရေးပေါ်လှေကားမှဝင်၍ ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူမူဖြစ်သွားကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုကြောင့် iPhone များအပါအဝင် ငွေကျပ်သိန်း (၁၀၀) ခန့်ပါသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ အကုန်ပါသွားပါတယ်။ အိမ်မှာ လူခုနှစ်ယောက် အိပ်ပါတယ်။ တိုက်ခန်း(၅)လွှာကို တက်ခိုးတာပါ၊ ညကအိမ်မှာလူခုနှစ်ယောက်အိပ်ပါတယ်။ တစ်ယောက်မကျန် ဖုန်းတွေအကုန်ခိုးသွားပါတယ်။ ညီမမောင်လေး မြင်လိုက်ပေမဲ့ လုံးဝပြန်အိပ်ပျော်သွားပါတယ်။ အိပ်မွေ့ချခံရတယ်လို့ ထင်ပါတယ်။ နားက နားကပ်ကိုတောင် ဖြုတ်ယူသွားတဲ့ အထိပါ” ဟု ဖောက်ထွင်းခံရသည့် နေအိမ်မှ မိသားစုဝင်တစ်ဦးက အသိပေးထားသည်။

ထိုသို့ ဖောက်ထွင်းခံရမှုကြောင့် iPhone 14 pro -128၊ iPhone 11pro max -256၊ iPhone 11 -128၊ iPhone 12 -128၊ Oppo ၊ Samsung A15၊ Vivo Y21 စုစုပေါင်း ဖုန်း (၇) လုံးပါသွားပြီး လက်ဝတ်လက်စားများနှင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ဖိုးခန့် ပါသွားကြောင်း သိရသည်။

နေအိမ် ဖောက်ထွင်းသူများသည် ယင်းတို့မလိုချင်သည့် အရာများအား အနောက်ဘက်လှေကားတွင် ပြန်ချသွားခဲ့ပြီး မသင်္ကါစရာ လာရောက်ရောင်းမှုများရှိပါက 09750811603 သို့ ဆက်သွယ်ပေးပါရန်လည်း အသိပေးထားသည်။

17/12/2023

❝ဓာတ်တိုင်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေနဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖယ်ရှားရှင်းလင်း❞

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်တွေမှာ တရားမဝင်သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေနဲ့ ဝိုင်ဖိုင်ကြိုးတွေကို တာဝန်ရှိသူတွေက ဖယ်ရှားရှင်းလင်းနေပြီလို YESC မှ သိရပါတယ်။

အဆိုပါ တရားမဝင်သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေနဲ့ ဝိုင်ဖိုင်ကြိုးတွေကို မိမိတိုအစီအစဉ်နဲ့ ဖယ်ရှားပေးဖို ကြိုတင်အသိပေး ကြေညာထားတာဖြစ်ပြီး ယင်းအသိပေးချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ယခုလို ဖယ်ရှားရှင်းလင်းတာဖြစ်တယ်လို ဆိုပါတယ်။

လက်ရှိမှာ လှိင်မြိုနယ်၊ယအုတ်ကျင်းဘူတာရုံလမ်း တလျှောက်မှာရှိတဲ့ ဓာတ်တိုင်တွေပေါ်က တရားမဝင် သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေနဲ့ ဝိုင်ဖိုင်ကြိုးတွေကို လှိင်မြိုနယ်၊ မြိုနယ်လျှပ်စစ် အင်ဂျင်နီယာနဲ့ ဝန်ထမ်းတွေအပြင် တရားဝင်ခွင့်ပြုထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းတွေက ဒီဇင်ဘာ (၁၁) ရက်မှစတင်ပြီး ဆောင်ရွက်နေတာဖြစ်တယ်လို သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

17/12/2023

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ နေရသူ ၂ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ကုလပြော
………………
ဒီဇင်ဘာ ၁၇

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ နေရသူ ၂ ဒသမ ၆ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က ပြောပါတယ်။

လာမည့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေးအကူ အညီတွေပေးဖို့ လူသားချင်းစာနာမှုလုပ်ဆောင်နေသူတွေက စီစဉ်ထားတယ်လို့ လည်း ပြောပါတယ်။

ဒီလိုမျိုး လူမှုဘဝကယ်ဆယ်ရေးနဲ့ လူမှုဘဝအပြောင်းအလဲတွေပံပိုးကူညီပေးဖို့ အမေရိ ကန် ဒေါ်လာ ၉၉၄ သန်းလိုအပ်ပါတယ်လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ရှမ်းမြောက်ကမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ရက်နေ့ ပဋိပက္ခတွေ ပြင်းထန်လာပြီးကတည်းက ပြည်သူ ၅၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ကုန်စည်ပြတ်တောက်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ တဟုန် ထိုးတက်နေပါတယ်။

မြန်မာမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အရပ်သားဘေးကင်း လုံခြုံမှု စတဲ့ အရေးပါတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

#နေရပ်စွန့်ခွာ

15/12/2023

၁၅.၁၂.၂၀၂၃ ရက်နေ့၊ ၂၂ ၅၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၃ ၀၈ အချိန်မီးငြိမ်းပါးသည်။

15/12/2023

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ရဲ့ နေ့ နှင့် ည ကို
တပြိုင်တည်းမြင်သည့် မြင်ကွင်း
Night Day views above Barcelona, Spain

ဥရောပ နင့်အနောက်နိုင်ငံတွေဟာ
မြောက်ဝင်ရိုးစွန်းနှင့်အရမ်းနီးတဲ့အတွက်

တခြားတိုက်ကလူတွေမြင်နေကျနင့်သဘာဝတရားက
အရမ်းဆန်းကျယ်ပါ...

ကောင်းကင်ပေါ်မှာ ရောင်စုံအလင်းတန်း နှင့်.
ကမ္ဘာမှာနေမဝင်နိုင်ငံ တွေကလည်း ဥရောပမှာပဲ
ရှိတာဖြစ်ပါတယ်...

Website