In Gyin Chel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from In Gyin Chel, Clothing (Brand), .
အရောင်တွေပိုလှအောင်ကြိုးစားပါအုန်းမယ်။
မင်္ဂလာနံနက်ခင်းပါ 🙏
၁၈၀၀ စု အလည်ပိုင်း အရောင်ဆိုးဆေးများမပေါ် ခင် လူသားတွေဟာ
ချည်ထည်များ အဝတ်အထည်များကို သဘာဝ မှ ရသော အပင်၊ အမြစ်၊ အခေါက်၊ မဲနယ်၊ ပန်းပွင့်၊ မြေသား စတဲ့ အရာင်ထွက်သော သဘာဝ ပစ္စည်းများဖြင့်သာ အလှဆင်အရောင်ဆိုး ခဲ့ ကြပါတယ်။
နှစ်ပေါင်း များစွာ အသုံးပြုခဲ့သော သဘာဝဆိုးဆေး နည်းပညာဟာ ကမ္ဘာကြီး 🌍 တိုးတက်လာမှု နှင့်အတူ အရောင်စုံရရှိရန် ခက်ခဲခြင်း၊ အရောင်မှိန်ခြင်း၊ ဆေးဆိုးနည်းပညာခက်ခဲခြင်း၊ တို့ ကြောင့် သဘာဝ မဟုတ်သောဆိုးဆေး များက အစားထိုး နေရာယူ လာခဲ့ပါတယ်။
ယခုအခါ အသစ်တဖန် ပြောင်းလဲလာမှု၊ လေ့လာမှု များအရ သဘာဝပါတ်ဝန်းကျင် အတွက် နှင့် လူသားများအတွက်ပါ ဆိုးကျိုး မရှိ ကောင်းကျိုး များတဲ့ သဘာဝဆိုးဆေး ချည်ထည်များ ဝတ်ဆင်ခြင်း က ကမ္ဘာ အနှံ ပြန်လည် အသက်ဝင် လာခဲ့ပါပြီ။
ထို့ကြောင့် သဘာဝဆိုးဆေး ချည်ထည်များဝတ် ဆင်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးများကို ဖော်ပြပေးလိုက်ပါတယ်
✅သဘာဝပတ်ဝန်း ကျင်ကိုမထိခိုက်ခြင်:။( ဆေးဆိုးခြင်းမှ စွန့်ပစ် ပစ္စည်းများ မှာ အန္တာရယ်ကင်းခြင်း)
✅ထိခိုက်လွယ် သောအသားရည် Sensitive Skin နှင့် အသားရည်အားလုံးအတွက် ဝတ်ဆင်ရန်သင့်လျော်ခြင်း။ ( Skin Allergy သမားများအတွက် အထူးသင့်လျော်ခြင်း)
✅Chemical မပါဝင်ခြင်းကြောင့် အသားရည်နှ သော အသက်သုံးနှစ်အောက် 👶ကလေးငယ်များ ကိုပင် ဝတ်ဆင်ပေးရန်သင့်တော်ခြင်း။
✅နေရောင်ချည် မှ UV rays များကို ကာကွယ်ပေးခြင်း။ ( သဘာဝဆိုးဆေး ချည်ထည် များဟာ UV ဆုတ်ယူမှု အားကောင်းသောကြောင့် ဝတ်ဆင်ခြင်းဖြင့် နေရောင်ချည် မှ အန္တာရယ် ဖြစ်စေသော ရောင်ချည်များ ကို ကာကွယ်နိုင်ခြင်း)
✅သစ်မြစ် သစ်ခါက် အပွင့် တို့ဖြင့်ဆိုးထားသောကြောင့် ထို သက်ဆိုင်ရာ ပစ္စည်းများ ၏ ကောင်းကျိုးများလဲ ရရှိနိုင်ခြင်း။
စသော အကျိုးကျေးဇူးများစွာရရှိနိုင်ပါ သည်။
အကျိုး ကျေးဇူးကောင်းများစွာရှိတဲ့ သဘာဝဆိုးဆေး ချည်ထည်များကို ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ကြပါစို့။
Wear It Proudly.
အင်ကြင်းချယ်
သဘာဝဆိုးဆေး လက်/စက် ယက်ထည်
"အင်ကြင်းချယ်"
သဘာဝဆိုးဆေး လက်ရက်ထည်/စက်ရက်ထည်
09798620820, 0943013610, 09797541412, 095087545