လရောင်ခြယ်မှိုင်း၏ဝတ္တုတွဲများ& Online Novel's

လရောင်ခြယ်မှိုင်း၏ဝတ္တုတွဲများ& Online Novel's

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လရောင်ခြယ်မှိုင်း၏ဝတ္တုတွဲများ& Online Novel's, Book shop, .

08/02/2021

🌺ချစ်မိတာအပြစ်လား 🌺

အပိုင်း 2

နံနက်မိုးသောက်ယံ နေရောင်ခြည် လေးများအစပျိုးလာချိန်..ခတ္တာ.တစ်ယောက် တစ်ညလုံးလဲအိပ်မပျော်...ကိုကိုအကြောင်းသာအတွေးထဲရောက်လာပြီး....မိုးလင်းလာသည်ကိုပင်သတိမထားမိချေ။ နံရံတွင်ချိတ်ဆွဲထားသောနာရီလေးအား မော့ကြည့်မိတော့...အချိန်က 6:00ထိုးနေပီဖြစ်၍....ကိုကို အတွက်မနက်စာပြင်ပေးရန်ထလိုက်မိသည်။

ဆက်ကနဲ့ထလိုက်မိတော့ နာကျင်သွားသော ခန္ဓာကိုယ် ကြောင့် ခတ္တာ မျက်နှာလေးရှုံမဲ့ကာ လက်ကောက်၀တ် မှာကြိုးဖြင့်ဆွဲချည်းထားသောဒဏ်ရာလေးကို အကျီလက်ရှည်လေးဖြင့်ဖုံအုပ်လိုက်ကာ...အိပ်ပျော်နေသော ကိုကိုမနိုးစေရန် တိတ်တဆိတ် အခန်းထဲမှထွက်လာမိတော့သည်။
မိဘတွေကပြည်မြို့မှာမင်္ဂလာဆောင်ပီးတာနဲ့ ရန်ကုန်မြို့က အိမ်တစ်လုံးကိုလက်ဖွဲ့အဖြစ်ပေးတာကြောင့် မင်္ဂလာပွဲပီးတာနဲ့ ရန်ကုန်ကစံအိမ်ကြီးသို့ပြောင်းရွေနေထိုင်ရလေသည်။ ပထမဆုံးကိုကိုနဲ့သူမရဲ့ မင်္ဂလာ အိမ်လေးမို့ ပစ္စည်းပစ်စ္စရဘာမှသိပ်မရှိသေးပါ....
ခတ္တာ.လဲမီးဖိုးခန်းလေးထဲတွင် ဘာစလုပ်ရမှန်းမတိကြောင်တွေစွာရပ်စဉ်းစားနေမိသည်။ဒါပေမယ့်လဲ ကိုကိုနိုးလာရင် company သွားဖို့ နံနက်စာစားရမှာဖြစ်လို့ ဆူးခတ္တာ ဟင်းထမင်းကိုကျွမ်းကျင်စွာမချက်တက်သော်လည်း ကြိုးစား၍ချက်ပြုတ်နေလေသည်။အားလုံးပြင်ဆင်ပြီးသွားတော့ သူမသက်ပြင်းလေချလိုက်ကာ....အိပ်ပျော်နေသောကိုကို က်ိုသာနိုးဖို့ကျန်တော့သည်မို့...အပေါ်ထပ်ကအိပ်ခန်းလေးဆီသို့ခြေလမ်းပြင်လိုက်ပေမယ့် သူမစ်ိတ်တွေလေးလံနေလေသည်။

လှေကားလေးအတိုင်းတစ်လမ်းချင်းလှမ်းကာ အပေါ်သိုတက်လာပြီး တံခါးလေးဆွဲဖွင့်လိုက်တော့..လင်းရောင်ရှိန်း ကနိုးနေပီးဖြစ်သည်။ ရေချိုးပီးခါစအပေါ်ပိုင်းဗလာနဲ့...ခတ္တာတံခါးဖွင့်ဝင်လာတဲ့အသံကြားတော့....သူမ အားမျက်ခွံတစ်ချက်လှမ်းကြည့်လိုက်ပြီးးး.လင်းရောင်ရှိန်း ..မှန်ရှေ့ရပ်ကာ.လေသံမာမာဖြင့်မေးလိုက်သည်။..

"ဘာလဲ.."

"ဟို..ဟို..ကိုကိုမနက်စာ..စားလို့ရပီိးအဲတာလာပြောတာ"

တံခါးဝနားမှာ ကျုံကျုံလေးရပ်ကာပြောနေတဲ့သူမကိုကြည့်ကာ လင်းရောင်ရှိန့် အလိုမကျသလိုမျက်မှောင်ကြုတ်၍ ခါးထောက်လိုက်ပြီး....

"ဘာလုပ်နေတာလဲ အကျီကြယ်သီးလာတပ်ပေး"

"ဟင်"

ကျနော်ပြောလိုက်တော့ ခေါင်းလေးငုံနေရာကနေ မျက်လုံးလေးပြူးကာ ကျနော်ကိုမော့ကြည့်လာသူ....ကျနော်လဲမျက်မှောင်ကြုတ်၍ထပ်ကြည့်လိုက်ကာ...

"ပြောနေတာစကားနားမလည်ဘူးလားဟမ်"

".ဟုတ်..ဟုတ်ကိုကို"

ကျနော်အနား တွန့်ဆုပ်ဆုပ်ဖြင့်တိုးလာကာ...လက်နုနုသေးသေးလေးတွေကတဖြေးဖြေးအကျီကြယ်သီးလေးတွေကိုထိကိုင်ကာတပ်ပေးလေတော့ ကျနော်သူမျက်နှာကိုငုံကြည့်နေမိသည်။နှာတံစင်းစင်းလေးတွေနဲ့မျက်တောင်ရှည်ရှည် နှင်းလို့ဖြူစွတ်သောအသားအရည် ကျနော်အရသာခံကြည့်နေပီးမှ သူမလက်လေးတွေကို ရုတ်တရက် အုပ်ကိုင်လိုက်တော့ သူမလန့်သွားသည်ထင်၏။

"ဟို..ကိုကို..ဘာလုပ်မလို့လဲ"

"မင်းကြယ်သီးတပ်နေတာကြာလို့လေ..စိတ်မရှည်လို ကိုယ်ဘာသာတပ်မယ်...ဖယ်..ဘယ်နေရာမှ အသုံးကိုမကျဘူး"

ကျနော်ဟောက်လိုက်တော့ မျက်နှာလေးညှိငယ်သွားကာ ခေါင်းလေးငုံပြီး ရပ်နေလေသည်။ ကျနော်လဲ အကျီသေချာဝတ်ဆင်လိုက်ကာ ဘေးက အိတ်လေးဆွဲပြီးထွက်ရန်ပြင်လိုက်စဉ်....

"ဟို..လေကိုကို!!"

"ဘာလဲ"

"ဒီနေ့ အစောပြန်လာမှာလားဟင်"

"ငါဘာငါ ဘယ်ချိန်ပြန်လာပြန်လာ..မင်းမေးစရာမလိုဘူး"

ပြောပြီး ကျနော်တံခါးကိုဆောင့်ပိတ်ကာ ထွက်လာလိုက်တော့ သူမက နောက်ကနေအတင်းပြေးလိုက်လာပြီး.....

"ကိုကို..နေပါဦး..ခတ္တာ.လေကိုကိုအတွက်မနက်စာချက်ထားတယ်..."

"မစားဘူး..မင်းချက်တာစားရအောင် မင်းကသွန်းလက်ရာကိုမှီနေလို့လား"

ထိုအခါသူမက စားပွဲပေါ်တွင် အသင့်တင်ထားသောဟင်းပန်းကန်လေးများကိုကောက်ကိုင်လိုက်ကာ

"မမသွန်း လက်ရာကိုမမှီပေမယ့် ခတ္တာ ချက်တာလဲစားလို့ရပါတယ်...မဟုတ်ရင် ကိုကိုနေလယ့်အထိဆာနေမှာစို့လို့ပါ"

"တော်စမ်း..ခတ္တာ..!!!!.သောက်အပိုတွေလာပြီးဂရုစိုက်ချင်ယောင်ဆောင်ပြမနေနဲ့ မင်းရဲ့ဒီလိုပုံစံတွေကို...အဖေတို့ကိုလုပ်လို့ရမယ် ငါကိုလာလုပ်လို့မရဘူး....ဆူးခတ္တာ"

လင်းရောင်ရှိန့် ပြောရင်း ခတ္တာ လက်ထဲက ထမင်းဟင်းပန်းကန်လေးကိုပုတ်ထုတ်လိုက်တော့..အမှတ်တမဲ့ မို့ .ပန်းကန်လေးကျကွဲကာ ကြမ်းပြင်ပေါ်ထမင်းစေ့လေးများပြန့်ကျဲသွားလေသည်။ခတ္တာ ကတော့ လန့်သွားသည်ပုံလေးဖြင့် ထမင်းစေ့များကိုကြည့်ကာမျက်ရည်များဝိုင်းလာလေသည်။

"မ..မဟုတ်ပါဘူး..ကိုကို.ခတ္တာ ဟန်ဆောင်နေတာမဟုတ်ရပါဘူး..ကိုကိုရယ်"

"တော်စမ်းပါ မင်းက သွန်းဝတီ ရဲ့နေရာကိုလုယူချင်နေတဲ့သူလေ...ခုမှသူတော်ကောင်းယောင်ဆောင်ပြမနေနဲ့...မင်းသိထားဖို့က..ငါရင်ဘက်ထဲကသွန်းကိုချစ်တဲ့အချစ်ကိုတော့မင်းလုယူလို့မရဘူးခတ္တာ..မင်းကလေ ငါမိသာစုတစ်ခုလုံးရော ငါ့ဘဝကိုရော ဝင်မွှေခဲ့တဲ့ဂြိုလ်ဆိုးပဲ!!?

ကျနော်ပြောတော့သူက ခေါင်းလေအမြန်ခါရမ်းလိုက်ပြီးးး

"အဲလိုမဟုတ်ပါဘူး ကိုကိုရယ် ခတ္တာ က...."

"မပြောနဲ့ ဘာမှမပြောနဲ့ ငါပြန်လာချင်တဲ့အချိန်မှ ပြန်လာမယ် မေးခွန်းလာမထုတ်နဲ့ စောင့်နေစရာလဲမလိုဘူး..ငါ့ရှေ့က ဖယ်စမ်း!!"

ပြောပြီးကျနော်သူမကို တွန်းဖယ်ပစ်ကာ အိမ်ပြင်သို့်ထွက်လာပြီး ကားကိုတရကြမ်းမောင်းနှင်း၍ ထွက်ခဲ့လိုက်တော့သည်။ ငါ့နှလုံးသားလေးနာကျင်ခဲ့ရသလို မင်းတဘဝလုံးလဲစိတ်မချမ်းသာစေရဘူးဆူးခတ္တာ...

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

လင်းရောင်ရှိန်း တစ်ယောက်ပြည်မြို့က ချစ်ရသူစျာပနကို တက်ရောက်ခဲ့ပေမယ့် သူရလိုက်တာ အားလုံးရဲ့ သေးသိမ်သောအကြည့်များ ရွံရှာ မုန်းတီးသောအပြောအဆိုများကြောင့်...သွန်းဝတီ မျက်နှာလေးတောင်မမြင်လိုက်ရ။သွန်းဝတီရဲ့ မိဘများကလည်း လင်းရောင်ရှိန်း ကိုမတွေ့မခံနှင်လွှတ်ကြလေသည်။ချစ်သူဆုံးတာမှ နာရီဝက်မကြာနောက်မင်္ဂလာပွဲကို တင့်တယ်စွာကျင်းပခဲ့တဲ့ အကြင်နာ တရားကင်းမဲ့သူဟု လူပုံလယ်မှာပြောဆိုစွပ်စွဲခြင်းခံရလေတော့.......

လင်းရောင်ရှိန့်
ရဲ့ခါးသီးလှတဲ့နာကျည်းမှုတွေကဆူးခတ္တာ အပေါ်ပြစ်တင်ပုံချလာလေတော့သည်။

"လင်းရောင် မင်းသောက်တာများနေပီ..တော်တော့..သူငယ်ချင်း "

club ထဲတွင် လူမှန်းသူမှန်းမတိအောင်သောက်ကာသောင်းကျန်း မူးရူးနေသော လင်းေ့ရာင်ရှိန်း ကြောင့် သူငယ်ချင်း ဖြစ်သူ..ရဲနောင်.က အမြင်မတော်ထပြောလေသည်။..

"ငါခံစားရတာ ငါအသိဆုံးပဲ...ချစ်သူကိုဆုံးရှုံးလိုက်ရပြီး အားလုံးရဲ့အထင်သေးခြင်းတွေကို ခံလာရတာမို့ လာမတားနဲ့ ရဲနောင်.ခုချိန်မှာ စိတ်မွန်းကျပ်နေတာကလွဲလို့ဘာမှမတိချင်ဘူးကွာ"

ဝိုင်ခွက်ကို တကျိုးတည်းမော့ကာသောက်ရင်း ပြောနေတဲ့..လင်းရောင်ရှိန်း .ကိုကြည့်ကာ...ရဲနောင် ခေါင်းအတွင်းတွင်းခါယမ်းလိုက်ရင်း....

"လာပါကွာ..မင်းကလဲပြန်ရအောင်ညနက်နေပြီး..အိမ်မှာမင်းမိန်းမမျော်နေလိမ့်မယ်..ငါပြန်လိုက်ပို့ပေးမယ် လာသယ်ချင်း"

သူ့ကိုယ်လေးကိုကူတွဲကာပြောလာတဲ့...ရဲနောင် လက်တွေကို...လင်းရောင်ရှိန်း ..့ခါထုတ်လိုက်ရင်း ယိုင်းယဲစွာ မတ်တတ်ထရပ်ပြီးး

"မလိုဘူး...ငါဘာသာငါပြန်နိုင်တယ်..."

"ဟင့်.. မင်းလဲအမျိုးမျိုးပဲ ..ဘာယဲအိမ်မှာကျန်ခဲ့တဲ့မိန်းမချောချောလေးကိုစိတ်မချလိုလား"

"မဟုတ်ဘူး ညနက်နေပီး မလို့"

ဆိုပြ်ီိးပြောလိုက်တော့ရဲနောင်ကရယ်လိုက်ရင်း"အရူးကောင် စိတ်မချရင်မချဘူးလို့မပြောဘူး..သွယ်ဝိုက်နေသေးတယ်"

ကျနော်နောက်မှ ရယ်ပြီးကျန်နေခဲ့တဲ့....ရဲနောင်ကို လက်နောက်ပြန်ပြကာ clubထဲကထွက်လာခဲ့တော့သည်။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

ညအတော်မိုးချုပ်နေပီ...မိုးရိပ်တို့မှောင်မဲပြီး.လျှပ်စီးများလက်ကာ ...တဖြေးဖြေ မိုးသီမိုးပေါက်လေးများတ ဖွဲ့ဖွဲကျကာ သဲထန်းစွာရွာသွန်းလာလေသည်။ည11:30နေပီမို့ ဧည့်ခန်းလေးထဲတွင်ခတ္တာ လေးတစ်ယောက်တည်း တံခါးမကြီးဘက်ငေးကြည့်ကာ ကိုကိုပြန်အလာကိုသာမျှော်နေမိလေသည်။ ထိုစဉ်......

"ဒုန်းး!!'"

ခြံထဲကိုကားတစ်စီးကွေ့ဝင်လာကာ တံခါးဘေးရှိပန်းအိုးကြီးအားဝင်တိုက်လိုက်ခြင်းပင်။ခတ္တာ လဲအသံကြားရာအမြန်ပြေးထွက်လာကာ ကြည့်လိုက်မိတော့....
ကားထဲမှ ဒယိုးဒယိုင်ဆင်းလာပြီးမိုးရွာထဲ ပန်းအိုးကြီးကိုရန်တွေ့နေသောကိုကို..ခတ္တာ တစ်ယောက်စိတ်ပူကာ အမြန်ပြေးသွားပီး ယဲယိုင်းနေသော ကိုကို ခန္ဓာကိုယ် အားထိန်းပေးလိုက်ရင်းးး

"ကိုကို သောက်လာတာလားဟင်"

သူမမေးလိုက်တော့ လင်းရောင်ရှိန်း က အကြည့်စူးစူးဖြင့်ပြန်လှည့်ကြည့်ကာ "မထိနဲ့" လိူ့လေသံမာမာဖြင့်အော်ငေါက်ရင်းခတ္တာ လက်တွေကိုဖယ်ထုတ်ကာ ယိုင်တိယိုင်တိုင်နဲ့အပေါ်ထပ်သို့တက်သွားလေတော့သည်။

လင်းရောင်ရှိန်း ရဲ့သူစိမ်းဆန်သောအပြောဆိုအပြူမူတွေကြောင့်ဆူးခတ္တာမှာ မျက်ရည်များဝဲလာရလေသည်။(ကိုကို ရယ် ခတ္တာ ကိုအဲလောက်ထိတောင်ခါးသီးသွားတာလား)

လင်းရောင်ရှိန်း လဲအခန်းတံခါးဆွဲဖွင့်လိုက်တော့ ကုတင်ကြီးရဲ့ဘေးမှာ အိပ်ယာခင်းအသေးလေးကိုတွေ့လိုက်ရသည်။ လင်းရောင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး....ကုတင်ကြီးပေါ် ပစ်လှဲချလိုက်တော့သည်။

ခတ္တာ အခန်းထဲဝင်လာတော့ မိုးမိထားပြီးစိုရွဲနေသောအဝတ်အစားများနှင့် ကုတင်ပေါ် မှောက်အိပ်နေသောကိုကို..ကိုတွေ့လိုက်ရသည်။
မိုးရွာထဲကပြန်လာပြီး ဒီတိုင်းကြီးထိုးအိပ်နေသောကိုကိုကြောင့် ခတ္တာ တစ်ယောက် နေမကောင်းဖြစ်မှာစိုးရိပ်ကာ..မဝံ့မရဲ လေးအနားသို့တိုးသွားလိုက်ပြီး.....

"ကိုကို...အဝတ်ရေစိုကြီးနဲ့မအိပ်နဲ့လေ နေမကောင်းဖစ်လိမ့်မယ်.."ပြောရင်းဆူးခတ္တာ မှောက်အိပ်နေသော လင်းရောင်ရဲ့ကိုယ်လေးဆွဲလှည့်လိုက်ကာ...အဝတ်စားလဲပေးရန် အကျီကြယ်သီးလေးများဖြုတ်လိုက်တော့....ဆက်ကနဲ့ခတ္တာ လက်လေးကိုဖမ်းဆွဲထားသောလက်တစ်စုံ....

"ကိုကို...ဟို.အကျီလဲပေးမို့ပါနော်..လွှတ်ပါ"

ခတ္တာ လန့်ပြီး စကားတွေထစ်ထစ်အအဖြစ်ကာ ပြောလေတော့လင်းရောင် မျက်လုံးမဖွင့်တဖွင့်ဖြင့်ကြည့်ပြီး ရယ်လိုက်ကာ......

"သွန်း...သွန်း...ကိုယ်အနားပဲနေပါနော်.ကိုယ့်သွန်းကိုအရမ်းလွမ်းနေတာ.ဒီတိုင်းလေးပဲ နေပါ"ဟုပြောပြီး ခတ္တာ ကိုယ်သေးသေးလေးအား ရင်ခွင်ထဲဆွဲသွင်းကာ..အိပ်ပျော်သွားလေသည်။

(သွန်းတဲ့လား)ဆူးခတ္တာလေးခင်ဗျာ တိတ်တခိုးလေးငိုကြွေးနေမိသည်ကိုတော့ လင်းရောင်ရှိန့် မသိရှာတော့ပေ။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

အပိုင်း 3မျော် စာဖတ်သူအားလုံးကျေးဇူးတင်ပါတယ်နော်

02/02/2021

🌺ချစ်မိတာအပြစ်လား 🌺

( အပိုင်း 1)

တိတ်ဆိတ်ငြိမ်သက်သောပက်ဝန်းကျင်နှင့် ပြတင်းပေါက်မှအေးစိမ့်စွာတိုက်ခတ်နေသော လေပြေအေးတွေကြောင့် ခန်းစည်းစလေးတလွင့်လွင့်ဝဲလွင့်လို့နေသည်။

ထိုပြတင်ပေါက်လေးမှ ပြင်ပပတ်ဝန်းကျင်လေးကို ဆွေ့မြွေ့စွာထိုင်ကြည့်နေသော ကောင်မလေးတစ်ယောက်လည်းရှိနေလေရဲ့။

ရှည်လျားလှတဲ့ ရွှေအိုရောင် ဆံနွယ်များက သူမ၏ကျောလယ်လောက်ထိဖြန့်ချထားပီး....ဝတ်ဆင်ထားသော အဖြူရောင်သတို့သမီးဝတ်စုံလေးက အရောင်မှေးမှိန်စွာ....သူမ၏မျက်နှာမှာလည်း ညှိးငယ်လို့နေသည်။

ကိုယ့်အတွက်ရည်ရွယ်ဖန်းတီးထားခြင်းမဟုတ်တဲ့ မင်္ဂလာကုတင်ကြီးက သူမအားလှောင်ပြောင်သရော်နေသလို...သူမဆုံးဖြတ်ချက်ဟာလည်း အသက်ရှုလိုက်တိုင်းမှားတယ်လို့ပဲခံစားနေရသည်။တဝေ့ဝေ့ဆည်းလည်စွာတိုးဝှေ့တိုက်ခတ်လာသည့်လေပြေက အေးချမ်းနေပေမယ့် လောင်ကျွမ်းနေတဲ့သူမ၏ရင်ထဲက ဒဏ်ရာကိုတော့ ပြည့်ဝစွာအေးချမ်းမှုမပေးနိုင်။သူမထိုကုတင်ဖျားလေးတွင် တွေတွေလေး ထိုင်ကာ အတွေးများဖြင့် ယောက်ယက်ခတ် နေစဉ်.......

"ဒုန်း"ဆိုသော အခန်းတံခါးဖွင့်သံနှင့်အတူ သူမရှိရာသို့ ယိုင်နဲ့နဲ့လျောက်လာသောလူတစ်ယောက်...သူ့အကြည့်များက ကြောက်စရာကောင်းလွန်းလှသည်။

"ဆူးခတ္တာ !!မင်းသိပ်ပျော်နေတယ်မလား!!"

"ဟင်..ကိုကို"?

ဒေါသတကြီး ပြောနေတဲ့ ကိုကိုရဲ့အသံက ပြာဝေနေကာ ရီဝေဝေမျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းနေပြီး ဒယိုးဒယိုင် လမ်းလျှောက်လာတဲ့ ပုံတို့က အရက်သောက်လာသည်ဆိုတာ မေးစရာမလိုအောင်ပေါ်လွင်စေသည်။ သူမလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ကာ မူးနေသူကိုတွဲပေးဖို့ပြင်လိုက်ပေမယ့် သူမ၏လက်တွေကို ဖယ်ထုတ် ခြင်းခံလိုက်ရလေသည်။

".ဖယ်စမ်း.မထိနက်..!!.ဟက်!.ဒီနေ့က မင်္ဂလာဦးညဆိုတော့ မင်းသိပ်ပျော်နေမှာပေါ့....မင်းဆန္ဒတွေပြည့်ဝခဲ့ပီလေ...အစထဲကဒီချုံမြင်လို့ဒီပုံထွင်လိုက်တာပဲ မင်းသိပ်တော်ပါတယ်"

လင်းရောင်ရှိန်း ၏ခနဲ့တဲ့တဲ့အပြောတွေကြားသူမ ဝမ်းနည်းမှုတို့စို့တက်လာကာ ပါးပြင်ထက်မျက်ရည်များစီကျလာလေတော့သည်။

"မဟုတ်ဘူး...ကိုကို..အထင်မှားနေပ်ီး....ခတ္တာရှင်းပြတာနားထောင်ပေးပါ"

"ဘာမှလာရှင်းမပြနဲ့ မင်းဆီကရှင်းပြတာကို ငါမလိုချင်ဘူးဆူးခတ္တာ!!"

"ကိုကို...ခတ္တာတောင်ပန်းပါတယ်...တကယ်တော့လေ..."

"တော်စမ်း..မင်းတောင်ပန်းနေလဲအပိုပဲ...မင်းမှတ်ထားရမှာက ငါဆီကအချစ်ကို ဘယ်တော့မှ မင်းရဖို့မကြိုးစားနဲ့ ငါကိုယ်ခန္တာသာမင်းရချင်ရမယ်...ငါ့နှလုံးသားထဲကအချစ်ကိုတော့ မင်းဘယ်တော့မှ မရစေရဘူးးအဲဒီအစား ငါရဲ့ရက်စက်ခြင်းအမုန်းနွံထဲမှာမင်းနစ်နေစေရမယ်...ငါ့ခံစားခဲ့ရသလို မင်းတစ်ဘဝလုံးလည်းနာကျင်နေရမယ်ဆိုတာ..မှတ်ထားလိုက်ဆူးခတ္တာ!!!"

ဟုဆိုကာ ခတ္တာကိုယ်လေးကို ကုတင်ပေါ် ဆောင့်တွန်းလိုက်ကာ လင်းရောင်ရှိန်းအပေါ်ကအုပ်မိုးလိုက်တော့....ခတ္တာတစ်ယောက် ထိန်လန့်ကာ ပြာပြာသလဲ့ ရုန်းကန်းတော့လေသည်။

"အ....ကိုကို ခတ္တာတောင်ပန်းပါတယ် လွှတ်ပေးပါနော်.အ.."

"မင်းဒါကိုလိုချင်လို့ ဒီခြေနေထိတောင်ရောက်လာခဲ့တာလေ...ငါကဘာလို့လွတ်ပေးရမှာလဲ...မင်းကြိုက်တယ်မလား"

"ဟင့်အင် မဟုတ်ဘူးကိုကို တောင်ပန်းပါတယ် လွှတ်ပေးပါ...အင့်"

ခတ္တာနှုတ်ခမ်းသားများကို ကြမ်းတမ်းစွာ ချယ်လှယ်လာသည့် လင်းရောင်ရှိန်း၏ နှုတ်ခမ်းသားများကြောင့် ခတ္တာတစ်ယောက်မျက်လုံးများပြူးဝိုင်းသွားကာ နှုတ်ခမ်း ကိုအတင်းပိတ်ပစ်လိုက်တော့...လင်းရောင်ရှိန်းကပိုလိုပင် ကြမ်းတမ်းစွာဖိကိုက်ပစ်လေသည်။

လင်းရောင်ရှိန်း ရင်ဘက်ကို လက်လေးတွေဖြင့်တွန်းထုတ်ရုန်းကန်းနေတာကြောင့် သူမ၏လက်တွေကို ဖမ်းကိုကာ ချုပ်နှောင် ထားလိုက်ပြီး အတင်းနမ်းရှိုက်နေလေတော့.....

"ကိုကို အဲ့လိုမလုပ်ပါနဲ့ ခတ္တာတောင်းပန်းပါတယ် ခတ္တာကြောက်လို့ပါနော်...တောင်...တောင်ပန်း..အ"

"နားငြီးတယ် တိတ်တိတ်နေစမ်း "

လင်းရောင်ရှိန်းပြောလိုက်တော့ မျက်ရည်လေးတွေရွဲနေတဲ့ မျက်ဝန်းလေးတွေကလဲ တောင်ပန်တိုလျှိနေသလို အနိုင့်ကျင့်ကာနမ်းထားလို့ ပေါက်ပြဲနေတဲ့နှုတ်ခမ်းပါးတွေက နီရဲစွာဖြင့် သွေးစလေးများပင် စို့နေပေမယ့် နှုတ်ခမ်းကိုအတင်းဖိပိတ်ကာ အံကြိတ်ထားတာကြောင့် လင်းရောင်ရှိန်း မဲ့ပြုံးပြုံး လိုက်ပြီး

"ငါမင်းကိုအရမ်းမုန်းတယ် ဆူးခတ္တာ!"

(လင်းရောင်ရှိန်းရဲ့စကားများက ခတ္တာအတွက်သာယာဖွယ်မရှိသလို နှလုံးသားကို ဓားနဲ့အစိတ်စိတ်အမွှာမွှာမွန်းနေသလို တဆစ်ဆစ်နာကျင်လာရသည်)

ခတ္တာ ပါးထက်မျက်ရည်များအသွင်သွင်စီးကျလာရကာ...ငိုးကြွေးတောင်ပန်းနေပေမယ့် လင်းရောင်ရှိန်း ရဲ့ကြမ်းတမ်းမှုတွေက ရပ်တန့် မသွားတာကြောင့် အိပ်ယာခင်းစလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ငိုနေမိလေတော့သည်။
နာကျင်မှုများထဲမှာ ကြင်နာမှုမရှိတဲ့ ကိုကိုရဲ့အနမ်းတွေက ညင်သာမှုတစက်မှမရှိ။ အညှိးနဲ့ရက်စက် အနိုင့်ကျင့်နေသလားဟုတောင်ထင်ရပါတယ်..ကိုကိုရယ်....

ကြံကမ္မာကဒုတိယတကြိမ်အခွင့်ရေးပေးဦးမည်ဆိုလျှင် ဆူးခတ္တာ အချိန်တွေကိုနောက်ပြန်ဆုပ်ပစ်လိုက်ချင်တော့သည်။
~
~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော 24နာရီက...........

ယနေ့က ကိုကိုရဲ့မင်္ဂလာပွဲနေ့လေပင်။ခတ္တာ အပျော်ရဆုံးနေ့ဖြစ်ပေမယ့် ဝမ်းနည်းရသောနေ့ဆိုလျှင်လည်းမမှားပေ....ဘာကြောင့်လဲ ဆိုတော့ ကိုကိုက သူဋ္ဌေးကြ်ီးဦးဖုန်းရှိန်းရဲ့တစ်ဦးတည်းသောသားလင်းရောင်ရှိန်း ပါ..ခတ္တာ ကသူဋ္ဌေးကြီးရဲ့ဒုတိယမိန်းမရဲ့ မယားပါသမီးလေ..
ကိုကိုနဲ့ဆို သွေးမတော်သားမစပ်တဲ့မောင်နှမတွေပေါ့.ကိုကို့ကို လေခတ္တာ ငယ်ငယ်ထဲက အကိုတစ်ယောက် ထက်ပိုတဲ့သံယောဇဉ်တွေထားခဲ့တာပါ...ဒါပေမဲ့ ကိုကိုကတော့ ခတ္တာကို ညီမတစ်ယောက်လိုတောင်အသိမှတ်မပြုပေ။...အခုလဲကိုကိုသိပ်ချစ်ရတဲ့ကောင်မလေးနဲ့မင်္ဂလာလက်ထပ်ပွဲနေ့လေမို့...ဝမ်းနည်း ပေမယ့် ကိုကိုပျော်နေတယ်ဆိုတော့ ခတ္တာ ကျေနပ်ရမှာပေါ့.......

"ခတ္တာ..ငါကိုကြည့်စမ်း..ငါအရမ်းလှနေတယ်မလား"

ကိုကိုရဲ့ချစ်သူမမ သွန်းဝတီ ကသတို့သမီးဂါဝန်လေးဝတ်ကာ ခတ္တာ၏ ရှေ့တွင်လမ်းလျှောက်ပြရင်းမေးလိုက်တော့......

"မမသွန်းက ဘာဝတ်ဝတ်လှပီးသားပါ...ဒါနဲ့မမဂါဝန်ကြီးဝတ်ပြီး အလှလဲမပြင်ရသေးဘူး...မင်္ဂလာပွဲချိန်နောက်ကျလိမ့်မယ်နော်"

"အစောကြီးရှိပါသေးတယ်ခတ္တာ ရယ်...ငါဝတ်စုံဝတ်သွားပြီး အလှပြင်ဆိုင်မှာဝင်ပြင်လိုက်မယ်လေ...ပီးမှနင်နောက်ကလိုက်လာပြီး အလှပြင်ဆိုင်ကနေ မင်္ဂလာ ခန်းမထိငါကို ကားမောင်းပို့ပေး...အလှပြင်ဆိုင်ကိုနင်ဘိုကင်ချိတ်ထားတယ်မလား"?

"ဟုတ်မမပြောထားပါတယ်"

¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·

ထိုအချိန် သွန်းဝတီ ဖုန်းလေးအသံထမြည်းလာခြင်းကြောင့်....

"ဟယ်လိုမောင်...အင်းစောပါသေးတယ်မောင်ရဲ့ သွန်းပြင်ဆင်ပီး မောင်ညီမလေးနဲ့လာခဲ့မယ်လေ..မောင်ခန်းမ ကပဲစောင့်နေလိုက်ပေါ့...အင်းပါနောက်မကျစေရဘူး..ချစ်တယ်မောင်...ဒါပဲနော် "

သူမဖုန်းပြောပီး ပြုံးကာ ဖုန်းလေးချလိုက်တော့.ခတ္တာ.တစ်ချက်လှမ်းကြည့်လိုက်ပြီး.....

"ကိုကိုက ဖုန်းဆက်တာလား?"

"အင်းဟုတ်တယ် ခတ္တာ ရဲ့..နောက်မကျစေနဲ့တဲ့ခန်းမကနေလှမ်းပြောနေလို့...မမသွားနှင့်တော့မယ်နော်..ခတ္တာ လဲအဝတ်စားလဲပီး မမအလှပြင်ဆိုင်လိုက်ခဲ့နော်.ပီးမှခန်းမကိုအတူသွားရအောင်..."

ပြောပြောဆိုဆိုကားသော့လေးယူပီး ထွက်သွားတဲ့သွန်းဝတီ ကိုကြည့်ကာ...ဆူးခတ္တာ .ဤသို့တွေးလိုက်မိလေသည်။

(မမသွန်းက ကံကောင်းလိုက်တာ ကိုကိုရဲ့အချစ်ကိုခံရပြီး ချစ်သူဖစ်ခွင့်ရတာမို့) ဝဲတက်လာတဲ့ မျက်ရည်စများကိုခတ္တာ ပုတ်ထုတ်မိလိုက်ရင်းးအကြည့်တို့က အနီးရှိစားပွဲခုံလေးပေါ်ရောက်သွားမိတော့.......

သွန်းဝတီ မေ့ကျန်ခဲ့တဲ့ အလှပြင်ဆိုင်ဘိုကင်ကဒ်ပြားလေးရယ် မင်္ဂလာလက်ကိုင်ပန်းစည်းလေးရယ်ကိုတွေ့လိုက်ရပြီး..ခတ္တာ.အလျှင်အမြန်ထကာ....."မမသွန်းအလှပြင်ဆိုင်လိပ်စာကဒ်နဲ့ပန်းစည်းမေ့ခဲ့ပြီးဟုဆိုကာ" ချက်ချင်းပြေးလိုက်တော့သွန်းဝတီ ကကားမောင်းထွက်သွားပီလေ......

ခတ္တာ လဲ စက်ဘီး လေးနှင်းကာ ကားနောက်အမှီလိုက်ရတော့လေသည်။သွန်းဝတီမောင်းနှင်းတဲ့ကားလေးတစ်ရွှေ့ရွှေ့သွားနေတာမြင်တော့....ဆူးခတ္တာ စက်ဘီးကိုအားဆိုက်နင်းကာ အမှီလိုက်နေပေမယ့် အလှမ်းကဝေးနေသေးသည်။

သူမကတော့အေးဆေးစွာ ရှေ့ကိုပဲအာရုံစိုက် မောင်းနှင်းနေရင်းးဂီရာချိန်ကာ.... ကားဘက်မှန်လေးကိုတစ်ချက်လှမ်းကြည့်လိုက်မိတော့....သူ၏ကားနောက်တွင်စက်ဘီးတစ်စီးလိုက်နေတာမြင်လိုက်ရတော့....သူမက ..."ညီမလေး ခတ္တာ နဲ့တူလိုက်တာဆူးခတ္တာ များလား"ဆိုပြီး ကားပြင်သို့ခေါင်းလေးစောင့်ငဲ့၍ကြည့်လိုက်တော့..ဟုတ်သည်ဆူးခတ္တာ.ဖြစ်နေလေသည် စက်ဘီးလေးကိုမောပန်းစွာနင်းလာရင်း လက်ထဲ့မှာလဲ ပန်းစည်းလေးပါလားသေးသည်။သူမလည်းခတ္တာ ကိုပြုံး၍ကြည့်နေလေတော့......

"မမ.....ရှေ့မှာကား....!!!"

"တီ...တီ.....အား!!!...ဒုန်းးး?!!!"

သူမရှေ့ကမီးပွုင့်လေးအနီရောင်လေးပြောင်းသွားသည်ကိုမမြင်မိပဲ ကားနောက်က ခတ္တာရဲ့ စက်ဘီးလေးဆီကိုသာ အာရုံစိုက်မိလေတော့...ရှေ့ကဖြတ်မောင်းလာသော ကုန်ုတင်ကားကြီးတစ်စီးဖြင့်တိုက်မိကာ..."ဒုန်း.."ဆိုသော ကားတိမ်မှောက်သံလေးပတ်ဝန်းကျင်တစ်ခုလုံးရိုက်ခတ်သွားလေသည်။

"မမ....သွန်း...!!!!"

ဆူးခတ္တာ မျက်ဝန်းများပြူးကျယ်သွားပီး စက်ဘီးလေးပေါ်ကအမြန်ပြေးဆင်းကာ ပန်းစည်းလေးလွင့်ပစ်လိုက်ပြီး အက်စီဒင့်ဖြင့်ရာနေရာသို့ အလောတကြီိး ပြေးကာကြည့်လိုက်တော့....အဖြူရောင် ဂါဝန်လေးမှာနီရဲသောသွေးစများနှင့် မေ့မျော့နေသောသူမ..ခတ္တာ.အနားပြေးသွားပြီး ပွေ့ဖက်အော်ငိုကာ ခေါ်နေပေမယ့် သူမ...မကြားနိုင်တော့ချေ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ခန်းမရှေ့တွင် လင်းရောင်ရှိန်း တစ်ယောက် အိနြေ္ဒမရ။ ရှေလျောက်နောက်လျှောက်နဲ့ သူ့သတို့သမီး လေးအလာကိုမျှော်နေမိလေသည်။

"လင်းရောင်..သား...မင်းဘယ်လိုဖစ်နေတာလဲ...မင်္ဂလာပွဲစဖို့ကအစောကြိ်းရှိသေးတယ်...ဧည့်သည်တွေတောင်မလာသေးဘူး"

သူဌေးကြီးဦးဖုန်းရှိန်းက သားဖြစ်သူကို မျက်စိနောက်နေသည့်မို့ဤသို့ ပြောလိုက်လေတော့...လင်းရောင်ရှိန်း ရှက်ပြုံးလေးပြုံးကာ.. ....

"အဖေကလဲဗျာ...ကျနော် ကသွန်း ဘယ်လောက်လှနေမလဲဆိုတာ မြင်ယောင်ပီး ရင်တွေခုန်နေတာ...သွန်းကလဲကွာ..ကြာလိုက်တာ..တွေ့ချင်နေပါပီဆို"

ထိုအခါ သတို့သမီးရဲ့မိဘများကလဲ......

"အော်..သားရယ် သမီးလေးကပြင်ဆင်နေလို့နောက်ကျတာနေမှာပါ...သူအဆင်သင်ဖြစ်ရင် မင်းညီမလေးခတ္တာ နဲ့အတူလာမှာပဲဟာကို...မျှော်မနေပါနဲ့ မျှော်တာကပိုပြီးကျံကြာစေ...တယ်သားရဲ့"

"ကိုကို......သခင်ကြီး...!!...ကိုကို..!!

ထိုအချိန် ခန်းမထဲ့သို့အမောတကော ပြေးဝင်လာတဲ့ ခတ္တာ ကိုတွေ့လိုက်ရသည်။ ခတ္တာ ပုံစံက မျက်ရည်များစိုရွဲနေပြီး မျက်လုံးများနီမို့နေကာ..အကျီရင်ဘက်ပေါ်မှာလဲ သွေးကွက်များစွာစွန်းပေနေခြင်းကြောင့် အားလုံးထိန့်လန့်သွားကြလေသည်။

"ခတ္တာ ဘာဖြစ်လာတာလဲ?!..သွန်း ရော...သွန်းရောလို့"

လင်းရောင်ရှိန်း က ဆူးခတ္တာ နဲ့အတူလာမည့် သူ့ သတို့သမီး လေးကိုရှာကြည့်ပြီး...မတွေ့တော့..ရင်တွေပူသွားကာ..မေးလိုက်လေသည်။

ဆူးခတ္တာ မှာမတရားပြေးလာရခြင်းကြောင့် မောပန်းနေကာ တော်တော်နဲ့စကားမပြောနိုင်......

"ကိုကို.!! မမလေ....မမသွန်းလေ...ကားအက်စ်ဒင့် ဖြစ်လို့"

"ဘာ!!!ကြ"

လင်းရောင်ရှိန်း ထိုနေရာတွင်အရုပ်ကြိုးပြတ်ဖြစ်ကာ..မျက်လုံးပြူး မျက်ဆန်ပြူး ဖြင့်."မဟုတ်ဘူး မဖြစ်နိုင်ဘူးဆိုပြီး...ဂယောင်ချောက်ခြားတွေပြောနေမိတော့သည်။ သတို့သမီး မိဘများကလဲ သတင်းကြားတာနဲ့ ငိုယိုကာသမီးဇောနဲ့ ချက်ချင်းပင်ဆေးရုံလိုက်သွားကြလေသည်။

လင်းရောင်ရှိန်းလည်း ဆေးရုံလိုက်သွားရန်ပြင်လိုက်တောအဖေဖြစ်သူ က တားလိုက်လေသည်။

"လင်းရောင်ရှိန့် မင်းလိုက်သွားလို့မရဘူး...ဒီမင်္ဂလာပွဲကအပြတ်ခံလို့မရဘူး....ငါတို့ ဂုဏ်သိက္ခာတွေ အတွက်အများကြီးထိခိုက်နိုင်တယ်"

"အခုချိန်မှာ ကျနော်အဲဒါတွေမသိချင်ဘူးအဖေ.ကျနော်သိတာသွန်း....သွန်းတစ်ယောက်ထဲပဲ...သတို့သမီး မရှိပဲမင်္ဂလာပွဲကဖြစ်မလာနိုင်ဘူး"

သူဋ္ဌေးကြီးကို ပြောပြီး လင်းရောင်ရှိန်း ထွက်သွားဖို့လုပ်လိုက်တော့......

"သား!မင်းသွားလို့မရဘူးလို့ငါပြောနေတယ်နော်.ဒီမင်္ဂလာပွဲကိုဘယ်နည်းနဲ့မှအပြတ်ခံလို့မရဘူး နိုင်ငံခြား ကလူတွေရှေ့မှာငါသိက္ခာအကျမခံနိုင်ဘူး...မင်းအခုငါစကားနားမထောင်ပဲထွက်သွားမယ်ဆိုလျင်...မင်းငါကိုအဖေလို့သတ်မှတ်စရာမလိုတော့ဘူး"

ဦးဖုန်းရှိန်းစကားကြောင့် လင်းရောင်ရှိန်း ခြေလမ်းများရပ်တန့်သွားကာ...စီးကျနေတဲ့.မျက်ရည်များကို လက်ခုံဖြင့်ခပ်ကြမ်းကြမ်းလေးဆွဲသုတ်လိုက်ပြီးးး

"အဖေ..သွန်းမရှိပဲမင်္ဂလာပွဲကမဖြစ်နိုင်ဘူးလေပီးတော့ကျနော်သွန်းကိုပဲတွေ့ချင်တယ်...သွန်းကိုပဲစိတ်ပုတယ်...ကျနော်ကိုသွားခွင့်ပြုပေးပါ"

ထိုအခါသဋ္ဌေးကြီးက ခေါင်းရမ်းပြကာ....ကျုံကျုံလေးရပ်ငိုနေတဲ့ခတ္တာ ကိုလှမ်းကည့်လိုက်ပြီး.....

"သတို့သမီး မရှိပေမဲ့ သူ့နေရာမှာထိုက်တန်တဲ့သူတစ်ယောက်တော့ရှိတယ်...အဲဒါဆူးခတ္တာ ပဲ.....မင်းခတ္တာ ကိုလက်ထပ်ရမယ်...ငါ့တို့မျိုရ်ိုးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်း ရမယ် လင်ရောင်ရှိန်း"

"ဗျာ"

ထိုအခါခတ္တာ မျက်ဝန်းများဝိုင်းစက်သွားကာ...သဋ္ဌေးကြီးကိုအံအားသင့်ကာကြည့်လိုက်မိတော့သည်။လင်းရောင်ရှိန်း ကလဲ သူအဖေရဲ့စကားကိုမယုံနိုင်စွာဖြင့်....

"ကျနော်လက်မခံနိုင်ဘူး.အဖေ.ကျနော်သွန်းကလွဲရင်ဘယ်သူကိုမှလက်မထပ်နိုင်ဘူး..ပီးတော့ဆူးခတ္တာဆိုတာအဖေရဲ့နောက်မိန်းမရဲ့သမီး....ကျွန်တော် နဲ့ဆိုမောင်နှမပဲ...သူ့ကိုညီမတစ်ယောက်လို့ပဲသဘောထားတာလေ."

"မရဘူးလင်းရောင်ရှိန့် အခြေနေအရဆုံဖြတ်ရတာမို့ မင်းမှာကန့်ကွက်ပိုင်ခွင်မရှိဘူး..ဒါငါ့ရဲ့အမိန့်ပဲ..ဆူးခတ္တာ .ကိုလက်ထပ်ဖို့ပြင်ဆင်ထားပါ...."

သူဋ္ဌေးကြီးက သားဖြစ်သူ ကိုပြောနေရင်း ခတ္တာ ဘက်လှည့်ကာ...."သမီးငယ်လဲအသင့်ပြင်ထားတော့.သမီးလေး.ကအဖေစကားကိုနားထောင်တယ်ဆိုရင်အဖေတို့မျိုးရိုးသိက္ခာကိုဆည်းပေးပါနော်သမီးခတ္တာ..."

ထိုအခါ လင်းရောင်ရှိန်းကချက်ချင်းပဲ ဆူးခတ္တာရဲ့ ပခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ....

"ခတ္တာ မင်း ငြင်းဆန်လေ..ဘာလို့ရပ်နေရတာလဲ..ညီမလေး .လက်မခံပါဘူးလို့ပြောလိုက်လေ...အဖေပြောတာလက်မခံဘူးလို့ပြောလေ..ခတ္တာ.ပြောလိုက်လေ.....

လင်းရောင်ရှိန်း သွေးရူးသွေးတန်း ဖြစ်ကာ ဆူးခတ္တာ ပခုံးတွေကိုကိုင်ရမ်းပြီး.ပြောနေပေမယ့်...ခတ္တာ ကတော့ တုတ်တုတ်တောင်မလှုပ်ဘူး ထိုနေရာတွင်ကြောင်တွေစွာရပ်ရင်း ကြက်သေသေနေမိသည်

(အခုချိန်မှာ...ခတ္တာ အတွက်အရမ်းရွေးချယ်ရခက်စေသည်။ ဒီအခွင်းအရေးကိုနောက်တစ်ကြိမ်ရဖို့လဲမလွယ်ကူပါ...ငယ်စဉ်ထဲကကြိတ်ချစ်ရတဲ့ ကိုကိုနဲ့မင်္ဂလာဆောင်ရဖို့ဆိုတာ.ခတ္တာ.အဖစ်ချင်ဆုံးအိမ်မက်ပါ...ဒါပေမယ့် ခတ္တာ လက်ခံလိုက်ရင် ကိုကိုမုန်းသွားမလား...ကိုကိုသိပ်ချစ်ရတဲ့ချစ်သူကရောဘာပြောမလဲ....ခတ္တာ ငြင်းဆန် ချင်ပေမယ့် တဖက်ကလဲသဋ္ဌေးကြီးရဲ့အမိန့် တဖက်ကလဲ ကြိတ်ချစ်ရတဲ့ကိုကိုမို့...အခွင့်အရေး ဆိုတာနှစ်ခါမရနိုင်တာကြောင့်ခတ္တာ တွေဝေနေရင်းခေါင်းငြိမ့်လိုက်မိသည်။)

ကိုကိုကတော့ ခတ္တာ ကို မုန်းတီးရွံရှာသောအကြည့်များဖြင့်ကြည့်ကာ..."မင်းလုပ်ရက်တယ်ဆူးခတ္တာ...မင်းက ငါ့သိတဲ့ခတ္တာ မဟုတ်တော့ဘူး...ငါအတွက်မင်းကဂြိုလ်ဆ်ိုးပဲ .မင်းကိုအရမ်းရွံသွားပီ"

ပြောပြီးလင်းရောင်ရှိန် ခန်းမထဲပြန်ဝင်သွားတော့ ခတ္တာတစ်ယောက် မျက်ရည်တွေအတိုင်းဆမဲ့စီးကျလာလေသည်။
(ခတ္တာ လိုချင်တာ ဒီအခြေနေမဟုတ်ဘူးကိုကို)

ဒီလိုနဲ့မင်္ဂလာပွဲလေး ကျင်းပဖြစ်ခဲ့ကြသည်။ အချစ်မပါပဲ အတ္တတွေနဲ့တည်ဆောက်ပြီး ကျင်းပခဲ့တဲ့မင်္ဂလာပွဲလေးပီးဆုံးသွားတော့ လင်းရောင်ရှိန်း ရဲ့နာကျည်းမုန်းတီခြင်းတွေက. ဆူးခတ္တာ ထံ မဖိတ်ခေါ်ပဲကျရောက်လို့လာပြီး.....မမသွန်းဆုံးပြီးဆိုသော သတင်းကြောင့် လင်းရောင်ရှိန်း အမုန်းတရား နဲ့အညှိးတွေက ဆူးခတ္တာ အတွက်ပိုမိုပြင်းထန်းလို့လာလေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~

မင်္ဂလာဦးည ရဲ့ကုတင်ကြီးပေါ် ဆူးခတ္တာ ဖြစ်ကြောင်းကုန်စဉ်ပြန်လည်တွေးတော့ရင်းး..သူ့ကို.အနိုင့်ကျင့် ရက်စက်ပြီးအိပ်ပျော်သွားတဲ့ ကိုကိုမျက်နှာလေးကိုကြည့်ကာ...ခတ္တာ.တစ်ယောက်တည်းငိုကြွေးနေမိတော့လေသည်။နာကျင်မှုတို့ရင်နဲ့မဆန့်အောင် ခံစားနေရပြီး...မျက်ရည်ပေါင်းများစွာစီးဆင်းရတဲ့ ည....ဒီမင်္ဂလာဦးညကိုတော့သေတဲ့အထိတိုင်အောင်မုန်းနေမိမှာ...ကိုကို.ကိုချစ်မိတဲ့နှလုံးသားအတွက်ကိုလဲ...ခတ္တာ နောင်တရနေမိတော့မှာ...မျက်ရည်စက်များကို လက်ခုံလေးဖြင့်သုတ်နေပေမယ့် မျက်ဝန်းအိမ်တို့မှ မျက်ရည်များမကုန်နိုင်အောင်ကိုစီးဆင်းလိုနေလေတော့သည်။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

‌အပိုင်း 2 မျှော်

18/01/2021

လရောင်ခြယ်မှိုင်းရဲ့ ပီးခဲ့သမျှဝတ္တုတွေကို ပြန်လည်သိမ်းဆည်းတဲ့အနေနဲ့ ဒီ pageမှာ ပြန်တင်ပေးမယ်နော် ဗီတာမင်တွေ 😁😁

18/01/2021

Website