Salai

Salai

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Salai, Grocers, .

24/09/2023

😘😘

24/09/2023

“အချစ်”ဆိုတာဒါပဲမလား❤️

အသက်တွေကြီးတဲ့အထိ ဆလိုင်းကမင်းတစ်ယောက်တည်းကိုပဲချစ်မှာပါ မိုင်

တို့ချင်းလူမျိုးတွေရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့
ချစ်ခြင်းမေတ္တာနဲ့သစ္စာရှိခြင်းကို ကိုယ်စားပြုတဲ့‌
“အောက်ချင်းငှက်”လိုချစ်သွားပါ့မယ် မိုင်ရယ်

23/09/2023

လက်တွဲဖော်နဲ့ပတ်သက်ပြီး
ရုပ်ချောဖို့ချမ်းသာဖို့ တွေးမထားဘူး
ကိုယ်တိုင်ကလည်း မပြည့်စုံလို့
ကိုယ့်အပေါ်တကယ်နားလည်ပေးပြီး
အတူတူတိုင်ပင်ပြီး
ကြိုးစားသွားမယ့်သူမျိုးနဲ့
အပြန်အလှန် Respect ထားပြီး
တည်ဆောက်သွားချင်တာ
အချိန်ဘယ်လောက်ကြာကြာ
ကိုယ့်အပေါ် ငြီးငွေ့မသွားမဲ့
အချစ်မျိုးပဲ လိုချင်မိတယ်

🌻🌸

15/09/2023

😌😌

15/09/2023

ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းမိုလို့
အဆုံးထိလျှောက်

07/09/2023

သူပြောသလိုပဲ

23/08/2023

စာအုပ်တွေမပါဘဲသင်ခဲ့ရတဲ့ပညာကို"ဘဝ"လို့ခေါ်တယ်
"ဘဝ"ဆိုတဲ့ပညာရပ်မှာ သင်ဘယ်နှစ်တန်းလဲ?

21/07/2023

အားမလျော့ပါနဲ့..

ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်

လောကကြီးဆိုတာ
မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။

အရှုံးကို မလိုချင်ရင် .
မခံချင်စိတ်နဲ့ ကြိုးစားပါ ။

ကိုယ့်ကို အလဲထိုးတဲ့ လူတွေသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မှု
အကောင်းအဆုံး ပေးနိုင်တာပါ ။

သင် နာကျင်ရတဲ့အခါ
လက်ခံလိုက်ပါ ။

ဘဝက သင့်ကိုတစ်ခုခု
သင်ပေးဖို့ ကြိုးစားနေတာပါ ။

ဆုံးရှုံးမှုတိုင်းမှာ ရလဒ်ဆိုတာရှိပါတယ် ။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။

ရည်မှန်းချက် ရှိဖို့လိုပါတယ်
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။

အလုပ်နဲ့
အကောင်ထည်ဖော်ဖို့ လိုပါတယ် ။

စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့်
လက်တွေ့ အသုံးမချရင်တော့
သင်ဟာ စိတ်ကူးယှဉ်သမားတစ်ယောက်ပါပဲ ။

ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ ။
အဲ့ဒီမြာ မုန်းတိုင်းတော့လည်း ရှိတယ် ။

ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ ။

ကြက်တူရွေးက စကားသာများတာ
မြင့်မြင့်မပျံနိုင်ဘူး ။

သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ် ။

လူ့သက်တမ်းကိုပဲ
အကန့်အသတ်ရှိတာပါ ။

သင် ကြိုးစားနိုင်မှု စွမ်းရည်ဆိုတာ
အကန့်အသတ် မရှိပါဘူး ။

ကြိုးစားတဲ့ သူတိုင်း
မအောင်မြင်ကြပါဘူး ။

ဒါပေမယ့်
အားမလျော့လိုက်ပါနဲ့ ။

အောင်မြင်သူတိုင်း
ကြိုးစားခဲ့ကြပါတယ် ။

လမ်းမရှိဘူးလို့
ညည်းမနေပါနဲ့ ။

ကိုယ်လျှောက်မယ့် လမ်းကို
ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ ။

ကိုရဲထက်အောင် ခတ္တဘန်ကောက်
ပေးချင်သောစိတ်ဖြင့်ပြန်လယ်မျှဝေပါတယ်

21/07/2023

စာဖတ်ပါ

၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

>>>စာဖက်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ

05/01/2023

ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
မဆိုင်မှန်း သိပါရက်နဲ့
ဖြေရှင်းနေမိတဲ့ ပြဿနာတွေမှာ
နေရာတကာ ဝင်ပါတာတွေရပ်ပြစ်ပါ
တစ်ချို့က ပေးဆပ်ရလောက်ထိ မတန်တာတွေရှိတယ်။

မတူမှန်းသိပါရက်နဲ့ တန်းညှိမိတာတွေပြင်ပါ
တစ်ချို့က ကိုယ်ထင်ရာ ကိုယ်တွေးပြီး
သူတစ်ပါးကို သိက္ခာကျအောင်လုပ်ဖို့ဝန်မလေးဘူး။

ရောပါ များရင် တစ်ချို့က ပေါ့သွားတတ်တယ် ဆားလို လူတွေအတွက် လိုတာထက်ပိုရောမိရင် ငန်သွားတာပဲအဖတ်တင်လိမ့်မယ်။လိုတာထက် ပိုမရောတာ အကောင်းဆုံးပါပဲ။

ကိုယ်ကိုကိုယ်ထက် ဘယ်သူမှ ပိုမချစ်မှန်းသိရင် သင့်ကိုယ်သင်ချစ်ဖို့လည်း မမေ့ပါနဲ့
သူများစိတ်နဲ့ အသက်ရှင်တာများရင် သင်ပဲ စိတ်ပင်ပန်းရမယ်ဒါကြောင့် မတန်တာတွေ ခေါင်းထဲသိပ်မထည့်နဲ့ အရေးမပါတာတွေကို အရာပေးနေသမျှတော့ အရေးပါတာတွေကို လက်လွှတ်ဆုံးရှုံးရမယ်။

ငွေကလွဲပြီးစိတ်ဓါတ်ရင့်ကျက်မှု၊မြင့်မြတ်မှုမရှိတဲ့အလုပ်ကို လုပ်နေခြင်းက ဘဝကို ရောင်းစားတာနဲ့အတူတူပါပဲ ငွေကို ချစ်သလို မိမိကိုယ်ကိုယ် ချစ်ဖို့လည်းမမေ့ပါနဲ့
တစ်ခုခုဆို သတိနဲ့အသိကပ်ပြီး သူများသောက်လို့ ခါးမှန်းသိတဲ့ မိုးခါးရေတိုင်း လိုက်မသောက်မိပါစေနဲ့။

စိတ်ဓါတ် အောက်တန်းကျရင် ပိုင်ဆိုင်သမျှ အရာအားလုံးတစ်ဖြည်းဖြည်းနဲ့ကျဆင်းလာလိမ့်မယ် ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ ကံ...ကံ၏အကျိုးက
အချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပါ

02/01/2023

စိတ်ဓာတ်တွေလည်း လွယ်လွယ်နဲ့ မကျနဲ့တော့
နှစ်သစ် မှာ
စိတ်ဓာတ်လွယ်လွယ်ကျတတ်တဲ့
နှလုံးသားစိတ်ဆန္ဒ တစ်ခုလုံးကို
ဘုရားဆီ ပေးလှူလိုက်ပါတော့သယ်ရင်းတို့
စိတ်ကျန်းမာမှ ကိုယ်ခန္ဓာ ရော
လုပ်သမျှတွေးသမျှရော
အဆင်ပြေနိုင်မှာ
အာ့ကြောင့် စိတ်ဓာတ်လွယ်လွယ်ကျတတ်တာကို ဘုရားရဲ့ခွန်အားနဲ့ ပြောင်းလဲပါတော့သယ်ရင်းတို့
လူငယ်ဆိုတာ စိတ်ဓာတ်ကျလွယ်တဲ့ အရွယ်ဆိုတာလည်း ဟုတ်သလို
အရာရာကို အားနဲ့ခွန်နဲ့ ကြိုးစားလုပ်ယူနိုင်တဲ့အရွယ်လည်း ဟုတ်တယ် ကိုကိုယ်တိုင်း ဆင်မပြေမှုတွေ ကြုံရတာ အသိပဲ
ကိုယ် စိတ်ဓာတ်ကျလို့
ကျန်တဲ့သူတွေကို မထိခိုက်နေပေမယ့်လည်း
ကိုယ့်ကိုကိုယ် ကိုတော့ ထိခိုက်နေတာ အမှန်ပဲ
အာ့ကြောင့်
ကိုယ့်ကိုကိုယ် လည်း နှိပ်စက်တာ မလုပ်နဲ့တော့
လူငယ်ဆိုတာ
အများကြီးလုပ်ဆောင်နိုင်မှာကို မြင်ရတယ်
ဒါကြောင့် စိတ်ဓာတ်ခွန်အားကို ဖြည့်ပါ
အားရင် စာများများဖတ်ပါ
ကိုယ် ဖြစ်ချင်တဲ့အရာအတွက် လိုအပ်မယ့်
မဖြစ်နိုင်ဘူးဆိုတာ မရှိသလို
မဖြစ်သေးတာပဲ ရှိတယ်

ဒေါ်ပိုင် ပြောသလိုပဲ
ဘာနဲ့ သွားသွား ပန်တိုင်ရောက်ဖို့လိုတယ်
အာ့ကြောင့်
မဖြစ်သေးတာကို တွေးပြီး
မဖြစ်နိုင်လောက်ပါဘူး ဆိုပြီး
ကြို စိတ်ဓာတ်ကျနေမယ့်အစား
ဘယ်လို လုပ်ရင် ဖြစ်လာနိုင်မဟလဲဆိုတဲ့ လမ်းစ ကို ရှာဖွေတာက အမှန်ဆုံးပဲ
ပြီးတော့
ဘုရား ကို ကိုးစားပါ
ကိုယ့်ကို လမ်းပြနိုင်မယ့် အပေါင်းအသင်း ရှာဖွေပါ
ကိုယ်လိုအပ်တိုင်း ကူညီနိုင်မယ့်
သူမျိုးနဲ့ပဲ မိတ်ဆွေဖွဲ့ပါ
သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုတာ မတွေးပဲ
မည်သူ့ကိုမဆို ကောင်းပြပါ
အရာရာမှာ သည်းခံပါ ခေါင်းငုံ့မခံပါနဲ့
ဘာကိစ္စ ဘာပြဿနာကြုံကြုံ
ဝမ်းနည်းပြီး အရင်မငိုပဲ
ဘာကြောင့် ကြုံရတာလဲဆိုပြီး
အဖြေကို အရင်ရှာပါ
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
မိုက်ရူးရဲမဆန်ပါနဲ့
ရောင့်ရဲတတ်ပါ
နောက်
လွယ်လွယ်နဲ့ စိတ်ဓာတ်မကျတော့ပါဘူးဆိုတဲ့ ကတိ
ဘုရား ကို ပေးလိုက်ပါ
လူငယ် တိုင်းဟာ အရိပ်ရမယ့် သစ်ပင်တွေလိုပါပဲ
ဘယ်လူငယ်တိုင်းမဆို တောက်ပတဲ့
အနာဂတ်ရှိကြတယ်ဆိုတာ မမေ့ပါနဲ့ သယ်ရင်းတို့
ရှေ့ဆက်ရမယ့် အရာရာတိုင်းအတွက် ဖိုက်တင်း
သယ်ရင်းတို့

27/12/2022

ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....

ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...

မိဘ က ကျနော် တို့ ဘဝကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...

ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
ကျနော်တို့ တွေ ဖန်တီးလိုက်ကြတာဖြစ်တယ်

ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ
သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ်

သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ

မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ်
စပီး တောင်ပန်ရဲတဲ့သူဟာ
သတိ အရှိဆုံးလူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ

အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ

27/12/2022

တောထဲကလူ ဘုရင်ဖြစ်လာတယ်။
ကျွန်ပ်ဘ၀ကနေ ဝန်ကြီးချုပ်ဖြစ်လာကြတယ်။
တံငါသည်ဘ၀ကနေ တမန်တော်ကြီးဖြစ်လာတယ်။
👉 ကျွန်ပ်တို့ရဲ့ဖြစ်တည်ခြင်း အခြေအနေကအရေးမကြီးဘူး။ ကျွန်ပ်တို့ရဲ့ရပ်တည်ခြင်းကအရေးကြီးတယ်။

ယနေ့မှာ သင့်အခြေအနေစုပ်ပြတ်နေလို့ စိတ်အားမငယ်ပါနဲ့။ မိစုံဖစုံ ဆွေမျိုးမရှိလို့ စိတ်ဓါတ်မကျပါနဲ့။ သူများလို မသုံးနိုင်မဖြုန်းနိုင်လို့ ဝမ်းနည်းမနေပါနဲ့။
ဘုရားအပေါ်မှာ အာရုံစိုက်သစ္စာရှိရှိနဲ့ ရပ်တည်ပါ။ မြေမှုန့်ထဲကနေ မင်းသားနေရာကိုချီးမြှောက်သော ဘုရားဖြစ်တယ်။ သစ္စာရှိသောသူကို ကြီးမားသောအမှု့အရာအပ်ပေးသောဘုရားရှင်ဖြစ်တယ်။ ယနေ့တံမျက်စည်းလှည်း၊ထမင်းဟင်းချက်ပြုတ်ပေးတဲ့ သူတစ်ယောက်ဖြစ်ပါစေ၊ လုပ်ဆောင်လေရာမှာ ဘုရားမျက်နှာကိုကြည့်ပြီးသစ္စာနဲ့ပြုပါ။ ဘုရားသခင်က သစ္စာမပျက်ပါ

19/12/2022

ကိုယ့်ထက်တော်လို့
မနာလိုမဖြစ်ပါနဲ့... လေးစားပါ။
အားကျပြီး အတုယူပါ။

ကိုယ့်လောက်မတော်လို့လည်း
အထင်မသေးပါနဲ့ လူတိုင်းလူတိုင်းမှာ
လေးစားမူနဲ့ ထိုက်တန်ပါတယ်.Asho

19/12/2022

ဒီနှစ်ပိုင်းတွေထဲမှာ
လောကဓံကလည်း ပိုပိုဆိုးလာတာပဲ
ငါ့မှာ တင်းထားတဲ့ကြားက
ခဏခဏပြိုကျရတယ်။

🌻🤍
Asho

19/12/2022

respect ဆိုတာ 🤝
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။

respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။

ကိုယ်က တစ်ခြားသူကို respect မထားရင်
ကိုယ့်ကိုလည်း သူများက respect ထားလိမ့်မယ်မဟုတ်ပါ ။

respect ထားတယ်ဆိုတာ
လူသားပီသမှု့ ၊ တစ်ဖက်သားကိုငဲ့ညာမှု့ ၊
ကြီးသူကိုရိုသေမှု့ ၊ ရွယ်တူကိုအလေးထားမှု့ ၊
ငယ်သူကို ငဲ့ညှာသနားမှု့ အားလုံးပါဝင်ပါတယ်

18/12/2022

အပေါ်ယံ ကြည့်ပြီး
ဆုံးဖြတ်တတ်တဲ့ လူတွေကြားထဲ

အပေါ်ယံ မဆက်ဆံတတ်တဲ့ ကျွန်​ေတာ်ဟာ
လူမှုဆက်ဆံရေး သိပ်ညံ့တယ် တဲ့
ဟုတ်ပါတယ်

16/12/2022

Please

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသား ဖြစ်မှာပါ။

သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့
စကားလေးက သိပ်ကောင်းတယ်။

တွေးစရာ ကောင်းတယ် ။

We did't do anything wrong ,
but somehow we fall.

"ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။
Rajeev Suri (CEO Nokia)

တစ်ခါတစ်လေ လောကမှာ
ကျွန်တော်တို့ ဘာအမှားမှ မလုပ်ဘူး ....။

ကိုယ့် Skill တွေလည်း မလျော့သွားဘူး။
ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့
ယနေ့ခေတ်ကြီးမှာ ....

"အမှားမလုပ်ရုံနဲ့
အောင်မြင်မှုမရနိုင်ဘူး”ဆိုတာကို
Nokia က သက်သေပြလိုက်တာပဲ။

အသစ်အဆန်းတွေ့ဖို့
စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် Skill ကို
ဒိထက်တိုးအောင်လုပ်ဖို့ လိုလာပါပြီ ။

ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ၊
အောင်မြင်မှု မှတ်တိုင်လေးတွေ
တစ်တိုင်ပြီးတစ်တိုင် ဖြတ်ကျော်နိုင်ဖို့
အားထုတ်ပြီး နင်းနေရမှာပဲ။

မနင်းပဲ ဆက်မလေ့လာတော့ပဲ
ကိုယ့် Skill တိုးလာအောင်
ဆက်မလုပ်တော့ရင်တော့
စက်ဘီးမှောက်သွားမှာပေါ့ ။

ဒါကြောင့် ဘဝမှာ
အပြောင်းအလဲတွေက
ရှိနေ ကြုံနေရမှာပါပဲ ။

ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။

That's why , want to be apro in one realm,
we need to try to improve our skill
as well as not to stop our Learning .

နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလို ဖြစ်ချင်ရင်တော့
သင်ယူခြင်းကို မရပ်ပြစ်ဖို့ လိုတဲ့အပြင်
ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။

Credit # Original Uploader

15/12/2022

အများကြီးချစ်မိလို့ ထင်ပါရဲ့

ရင်ကွဲမတတ်ခံစားရပါတယ်🥀

15/12/2022

မင်းချမ်းသာရင်
မရိုးသားဘူးလို့ ထင်ကြမယ်
မင်းမွဲနေရင်
မကြိုးစားဘူးလို့ ထင်ကြမယ်

အဲ့ဒါ ပတ်ဝန်းကျင်ပဲ။

15/12/2022

ဒီနှစ်ပိုင်းတွေထဲမှာ
လောကဓံကလည်း ပိုပိုဆိုးလာတာပဲ
ငါ့မှာ တင်းထားတဲ့ကြားက
ခဏခဏပြိုကျရတယ်။

🌻🤍

15/12/2022

ချမ်းတာ အနွေးထည်ဝတ်ထားလို့ရတယ်။

အခုဟာက

လွမ်းတာ😢🥀🤎

15/12/2022

ဘယ်နေရာဖြစ်ဖြစ် အသိတရားရှိသူတွေက ပိုပင်ပန်းတယ် ငဲ့ညာထောက်ထားတတ်တဲ့သူတွေကပိုပီးတာဝန်များတယ် အလိုက်သိတတ်တဲ့သူတွေက ပိုပီးပေးဆပ်ရတယ် စာနာစိတ်ရှိသူတွေကပိုပီးအနစ်နာခံရတယ်
တခါတလေ တော့လည်းလောကကြီးကလူတွေကိုပေးထားတဲ့အခွင့်ရေးဟာတစ်ဖက်သတ် သိပ်ဆန်လွန်တယ်လို့ထင်တယ်
အသိတရားကင်းမဲ့တဲ့သူတွေကငဲ့ညာစာနာစိတ်ကင်းမဲ့တဲ့သူတွေကိုတော့ သက်သာ ချောင်လည်မှုတွေ ပေါ့ပါးလွတ်လပ်မှာတွေပေးထားပီး အသိတရားရှိတဲ့သူတွေ ငဲ့ညာထောက်ထားတတ်တဲ့သူတွေ စာနာစိတ်ရှိတဲ့သူတွေ ဆီမှာတော့ တာဝန်တွေရော
ဝတ်တရားတွေရော ဒုက္ခ
သုခ တွေရော မှိုလို ထပ်လို့ပါပဲ

04/12/2022

အခက်အခဲ ဆိုတာ
တစ်ရက်တည်း ကြုံရမယ်လို့ သတ်မှတ်ထားတာ မဟုတ်ဘူး
ငါတို့နေထိုင်ရာ ကမ္ဘာကြီးကိုက
အခက်အခဲ ဒုက္ခတွေနဲ့ တည်ခင်းထားတဲ့
လောက စစ်တလင်းတစ်ခု
အကြောင်းအမျိုးမျိုးနဲ့
အကောင်း အဆိုးတွေ ရင်ဆိုင်နေရမှာပဲလေ
ဘာလို့ စိတ်ဓာတ်ကျနေတာလဲ စိတ်ဓာတ် ကျမနေနဲ့ သူငယ်ချင်းတို့
လွယ်လွယ်နဲ့ စိတ်ဓာတ်ကျပြီး အရှူံးပေးတတ်တာက
လူပျင်း လူညံ့တွေရဲ့ လုပ်ရပ်ပဲ
အခက်အခဲတွေကို ရင်ဆိုင် တိုက်ခိုက်ပြီး
အဆိုးတွေ ကြားထဲက အကောင်းတွေကို ရှာဖွေတတ်တာက
လူတော် လူကောင်းတွေရဲ့ ဓလေ့ထုံးစံပါ
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ အတွက်
အခက်အခဲ ဒုက္ခဆိုတာ
ဧကန် မုချ ကြုံတွေ ဖြတ်သန်းရမယ့် တံတားတစ်စင်းပဲ
ဘယ်အရာမှ လွယ်လွယ်နဲ့ မရပါဘူး
ငှက်ပျောသီး စားတာတောင် အခွံနွှာရသေးတာပဲ မဟုတ်လား
ငါတို့ရဲ့ ပန်းတိုင်ဆိုတာ အောင်မြင်ခြင်းလေ
တန်ဖိုးရှိတဲ့ အရာကို ရယူချင်လေလေ
အခက်အခဲဒုက္ခဆိုတာ ပိုပြီးတွေ့လေလေပါ သူငယ်ချင်းတို့
အားတင်းထားကြပါ
ရင်ဆိုင်ခဲ့တဲ့အခက်ခဲတွေကို အကြံပျော့ပြီး မာန်လျော့လိုက်မယ်ဆိုရင်တော့
မင်းတို့ အခက်အခဲ တွေ
မင်းတို့ရဲ့ ရှင်သန်မှုတွေက အချည်းအနှည်း ဖြစ်သွားမှာပေါ့
ရှေ့ဆက်လျှောက်ကြပါ
မင်းတို့ ကြိုးစားခဲ့သမျှ
ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်း အလိုရောက်မှ
နောက်ဆုတ်ဖို့ မတွေးသင့်ဘူး
အားတင်းပြီး
မင်း ကြည့်လိုက်စမ်းပါ
အောင် မြင်ကြည့်လိုက်စမ်းပါကွာ
မင်းရဲ့ အောင်မြင်မှု့ အနာဂတ်တွေက ရွှေရောင် တဖိတ်ဖိတ်တောက်လို့
မင်းကို ကြိုဆိုနေကြပြီ သူငယ်ချင်း
မင်းသိလာမှာပါ
မင်းရဲ့ အောင်မြင်မှု့ ကို မမြင်သေးလို့
မင်းရဲ့ အခက်အခဲဒုက္ခတွေ က ကြီးမားလိုက်တာလို့ ထင်နေတာပါ
မင်းရဲ့ အောင်မြင်မှု့ တွေကို၊ မင်း မြင်လိုက်ပြီဆိုရင်
မင်း ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲဒုက္ခတွေက
မပြောပ လောက်ဘူးဆိုတာ
တကယ်တော့
အခက်အခဲဆိုတာ အောင်မြင်မှု့ ဆီကို ရောက်ဖို့အတွက်
လှေကားထစ်တွေပါ သူငယ်ချင်း
အဲ့ဒီ အခက်အခဲ တွေကို ကြောက်ပြီး
ရင်ဆိုင် မဖြတ်သန်းသ၍
မင်း အောင်မြင်မှု့ ပန်းတိုင်ဆီကို ရောက်ရှိဖို့ ဝေးကွာနေဦးမှာပါ.
ဒါကြောင့်
စိတ်ဓာတ်မကျပဲ အားတင်းပြီး
အခက်အခဲဒုက္ခတွေ ကို ကျော်လွှားလိုက်ပါနော်
မင်းတို့ကိုလည်း သတိရနေမှာပါ အခြေအနေ တွေက ထင် သလို ဖြစ်မလာတော့်
သူခြား နည်းနဲ့ ကြိုးစာမှာပါ
ကျေးဇူးသိတတ်ရင် ကျေးဇူးရှင်တွေက အများကြိပဲ
ကောင်တဲ့ ကျေးဇူး ရှင်ရှိသလို မကောင်းတဲ့ ကျေးဇူး ရှင် တွေလည်းရှိတယ် မကောင် းတာက မျက်နှာရခြင်လို့ ိတ်မပါပဲ့နဲ့ ဝင်ကူတာမျိုး
တကယ် လည်း ကောင်း ခဲ့ပါတယ်
ညီ အကိုရင်းလို ပါပဲ
မတွေ့ ဖူးဘူး
အခြေနေက ထင်သလိုဖြစ်မလာတော့်
နောက် တစ်နည်းနည်းဖြင့် ပေါ့်😇

Website