XYZ electronics

XYZ electronics

Internet of Things

Photos from XYZ electronics's post 27/03/2022

Mi Wifi Extender Pro

Price 22,000 ks

📶 Wifi signal ကောင်းကောင်း မမိလို့ စိတ်ညစ်နေပါသလား ⁉️

Mi ကထုတ်တဲ့ Wifi လိုင်းချဲ့စက်လေးနဲ့ အလွယ်တကူဖြေရှင်းလို့ရပါတယ်

အသုံးပြုချိတ်ဆက်နည်းကို comment မှာ ရေးပြထားပါတယ်

🔹 kpay, ayapay, cbpay, banking % ပေးရန်မလိုပါ

🔸 အမြို့မြို့ အနယ်နယ်သို့ တဆင့်ပို့ဆောင်ပေးပါတယ်

Photos from XYZ electronics's post 27/03/2022

✅Mi Wifi Repeater Pro ချိတ်ဆက်အသုံးပြုနည်း
_____________

✅ပထမဦးဆုံးအနေနဲ့ Mi Wifi repeater Pro ကို အသုံးပြုနည်း
မပြောပြခင်မှာ repeater pro အသုံးပြုဖို့ရှိထားသင့်တဲ့အချက်တစ်ချို့
ကို ပြောပြပါရစေ။

✅Mi repeater pro ဆိုတာ Wifi စက်မဟုတ်ပါဘူး။
( Wifi ကို ထပ်ဆင့်လွှင့်ဖို့သုံးတဲ့ Extender စက်ဖြစ်ပါတယ်။)

✅ဒါကြောင့်မို့ Mi Wifi repeater pro ကို အသုံးပြုဖို့အတွက်
Wifi Network တစ်ခုရှိဖို့လိုအပ်ပါတယ်။

✅ပြီးတော့ Mi Wifi repeater pro ကို အသုံးပြုဖို့အတွက်
Xiaomi Home Application ကို အရင် download လုပ်ထား
ဖို့လိုပါတယ်။ Andriod အတွက်ဆို Google Play Store ,
Apk pure နဲ့ IOS အတွက်ကတော့ ထုံးစံအတိုင်း App Store ကနေ
download လုပ်လို့ရပါတယ်။

✅နောက်တစ်ခု Mi Wifi repeater pro ကို Set up မလုပ်ခင်
မှာ ကိုယ့်ရဲ့ ပထမရှိပြီးသား Wifi router က လိုင်းမကျနေဖို့လိုပါသေး
တယ်။ လိုင်းကောင်းမကောင်းစစ်ကြည့်ပြီးမှ ချိတ်တော့ပိုမြန်တာပေါ့။
✅ကဲ ဒါဆိုရင်... ချိတ်ဆက်နည်းကိုဆက်ပြောကြရအောင်နော် ...

✅Repeater Pro ကို Wifi နဲ့ ချိတ်ဆက်နည်း
_____________

ပထမဆုံး repeater pro ကို Wifi နဲ့ ချိတ်ဖို့အတွက်
Repeater Pro ကို မီးပလပ်ထိုးပါ။ အဲ့အချိန်မှာ ဖုန်းမှာ Xiaomi
Home App ကို ဝင်ထားပါ။

- Repeater Pro ကို မီးပလပ်ထိုးပြီးတာနဲ့ မီးအစိမ်းလေး မှိတ်တုတ်လင်း
လာပါလိမ့်မယ်။ ဘာနဲ့မှမချိတ်ရသေးလို့အဲ့လိုလင်းနေတာဖြစ်ပါတယ်။

- ပြီးရင်တော့ ဖုန်းကနေပဲလုပ်ရတော့မှာပါ။ Xiaomi Home
App ထဲကို ဝင်လိုက်တာနဲ့ Country & Region ရွေးခိုင်းပါမယ်။
နိုင်ငံရွေးပေးလိုက်ပါ ၊ Permission တောင်းလာတဲ့အခါ Select All
ကို ရွေးပေးလိုက်ပြီး Next နှိပ်လိုက်တာနဲ့ App ထဲကိုရောက်သွားပါမယ်။

ပြီးရင်တော့ Mi Account Sign in လုပ်ပေးရပါမယ်။
ရှိပြီးသားဆိုရင် Login ဝင်လိုက်လို့ရပေမဲ့ Account မရှိသေးရင်တော့
အသစ်တစ်ခု ဖွင့်ရပါမယ်။ Facebook နဲ့လည်း ဝင်လို့ရသလို Gmail
နဲ့လည်း ဝင်လို့ရပါတယ်။ ဒါကြောင့် Sign in ကိုနှိပ်ပြီး Account
Login ဝင်ပေးပါ။

- Login ဝင်ပြီးတာနဲ့ Permission တောင်းပါလိမ့်မယ်။
Permission ထဲကိုဝင်ပြီး Location turn on လုပ်ပေးရပါမယ်။

- ပြီးရင်တော့ ချိတ်ဆက်ဖို့ device ကိုရှာခိုင်းပါလိမ့်မယ်။
Mi Wifi repeater pro ပေါ်လာတဲ့အထိစောင့်ပေးပါ။

Mi Wifi Range Extender Pro ဆိုပြီးပေါ်လာတဲ့အခါ
နှိပ်ပေးပါ။
Select router လုပ်ခိုင်းပါလိမ့်မယ်။ Connect to another
router ကိုနှိပ်လိုက်တဲ့အခါ ကိုယ့်အိမ်ရဲ့ Wifi Network ပေါ်လာပါ
လိမ့်မယ်။ Passwords ထည့်ပြီး Wifi Login ဝင်ပေးပါ။

- ပြီးရင်တော့ ခဏစောင့်ပေးလိုက်ပါ။ Select room ပေါ်လာတဲ့အခါ
Bedroom လား ၊ Living room လားဆိုတာကို ရွေးပေးပါ။
ပြီးတာနဲ့ MI Wifi repeater pro ကိုကြည့်လိုက်မယ်ဆိုရင် မီးက
ပထမလို မှိတ်တုတ်ဖြစ်မနေတော့ပဲ အပြာရောင်လေးလင်းနေပါလိမ့်မယ်။
ဒါဆိုချိတ်ပြီးဖြစ်ပါတယ်။

ပြီးရင်တော့ Rename Device ပေါ်လာပြီဆိုတာနဲ့ ကိုယ်ကြိုက်
တဲ့နာမည်ထည့်ပေးလိုက်လို့ရပါတယ်။ ပြီးရင်တော့ Let's Get Started
ကိုနှိပ်လိုက်တာနဲ့ရပါပြီ။

နောက်တစ်ဆင့်က Mi wifi repeater pro ကို
Passwords ချိန်းရပါမယ်။ မချိန်းရင် ပထမ Wifi Network
အတိုင်းဖြစ်နေပါလိမ့်မယ် ။ Name နဲ့ Passwords ကို ချိန်းပေး
ပြီးရင်တော့ ၃စက္ကန့်လောက်စောင့်ပေးပါ။

Mi Wifi repeater pro က မီးမှိတ်တုတ်လေးပြန်လင်းတာကို
၃စက္ကန့်လောက်စောင့်ပေးပါ။ အပြာရောင်ပြန်လင်းလာတာနဲ့ 100%
ချိတ်ဆက်ပြီးပြီဖြစ်ပါတယ်။

အသုံးပြုဖို့အတွက် လက်ရှိချိတ်ထားတဲ့ Wifi ကိုဖြုတ်ပြီး ခုနက
ကိုယ်ပြောင်းထားတဲ့ နာမည်နဲ့ Network ကိုရှာလိုက်ပါ ။
Passwords ထည့်ပေးပြီးတာနဲ့ သုံးလို့ရပြီဖြစ်ပါတယ် ။

crd
မူရင်းရေးသားသူကို ကျေးဇူးတင်ရှိပါတယ်

Photos from XYZ electronics's post 27/03/2022

နေ့စဉ်သောက်သုံးနေသော ရေ သန့်စင်မှု ရှိဖို့ အလွန်အရေးကြီးပါတယ်

Mi TDS meter ကို အသုံးပြုပြီး ရေ၏ သန့်စင်မှုကို အလွယ်တကူ တိုင်းတာလို့ ရပါတယ်

Price 15,000 ks

0 - 50 ppm အရမ်းသန့်
50 - 100 ppm သန့်
100 - 300 ppm သာမန်
300 - 600 ppm အနည်များ
600 - 1000 ppm အရသာဆိုးဝါး
> 1000 ppm မသောက်သုံးသင့်

ရေသန့်ဗူး ပဲ ဝယ်ဝယ် ... ရေသန့်စက် ပဲ သုံးသုံး ...

တကယ် သန့်မသန့် အရင်စစ်ဆေးဖို့ လိုမယ်နော်

🔹 kpay, ayapay, cbpay, banking % ပေးရန်မလိုပါ

🔸 အမြို့မြို့ အနယ်နယ်သို့ တဆင့်ပို့ဆောင်ပေးပါတယ်

Photos from XYZ electronics's post 22/03/2022

မီးလာလာ မီးပျက်ပျက် အိမ်ခြံဝန်းထဲ ညဆို မှောင်နေမှာ စိတ်မပူရအောင် ...

Solar outdoor မီးလေးတွေ တပ်ဆင်ထားလိုက်ပါခင်ဗျာ

အားသာချက် ဘာတွေရှိလဲဆိုတော့ ...

1️⃣ ဈေးနှုန်းသက်သာပြီး Solar စနစ်တခုလို ကုန်ကျစားရိတ်မကြီးပါဘူး

2️⃣ အလုပ်ရှုပ်သက်သာပြီး maintenance လုပ်စရာမရှိသလောက် နည်းပါးပါတယ်

3️⃣ မှောင်တဲ့အချိန် Auto မီးလင်းလာပြီး
မိုးလင်းတဲ့အချိန် Auto မီးပိတ် တဲ့အတွက်ကြောင့် မီးခလုတ်ပိတ်ဖွင့်ရတဲ့ဒဏ် ကင်းဝေးမယ်

ဈေးနှုန်းလေးတွေက

Solar မီး 80W + တိုင်ပါပြီး = 35,000 ks
Solar မီး 120W (တိုင်မပါ) = 37,000 ks

% ပေးစရာမလိုပဲ KBZ Pay, AYA Pay, CB Pay, UAB Pay တို့ဖြင့် ငွေပေးချေနိုင်ပါတယ်ခင်ဗျာ

Photos from XYZ electronics's post 03/02/2022

ဟောင်းနွမ်း လေးလံနေသော လူကြီးမင်း ကွန်ပျူတာကို performance သိသိသာသာ တက်လာအောင် ဆောင်ရွက်လိုပါသလား ⁉️

Upgrade ပြုလုပ်ဖို့ နည်းလမ်းများစွာထဲက …

အလွယ်ကူဆုံးနဲ့ အသက်သာဆုံး နည်းလမ်းတခုက HDD ကို SSD ပြောင်းလဲတပ်ဆင်ခြင်းပါ

Hikvision 128 GB - 41,500 ks
Kingston 240 GB - 69,500 ks
Kingston 480 GB - 111,000 ks

𝗯𝗮𝗻𝗸𝗶𝗻𝗴 𝗮𝗰𝗰𝗲𝗽𝘁 𝗻𝗼 %
𝗞𝗕𝗭, 𝗔𝗬𝗔, 𝗖𝗕, 𝗨𝗔𝗕, 𝗬𝗢𝗠𝗔, 𝗪𝗮𝘃𝗲

𝗽𝗿𝗼𝗺𝗼:
Feb လ အတွင်း ဝယ်ယူသူများကို
Windows 7, 8, 10, 11 / Office 2016, 2019, 2021 နှစ်သက်ရာ License Key တခုထည့်သွင်းပေးပါမည်

SSD လဲလှယ်တပ်ဆင်ခြင်းကို ဝန်ဆောင်မှု အခမဲ့ ပြုလုပ်ပေးပါတယ်

အရေအတွက် အကန့်အသတ်ရှိလို့ အမြန်ဆုံး ဆက်သွယ်ဖို့တော့လိုမယ်နော်

XYZ electronics
32 လမ်း 74 x 75 ကြား, Mandalay

23/01/2022

XYZ electronics အရင် page မှာ admin account ကျသွားတဲ့အတွက် အသစ်ပြန်လည်ဖွင့်ထားတာပါ

ကျနော်တို့ဆီမှာ Rpi, Arduino development board မျိုးစုံနဲ့ IOT (Internet of Things) ပတ်သက်တဲ့ ပစ္စည်းမျိုးစုံ မှာယူနိုင်ပါတယ်

XYZ Telegram channel လေးကို Join ပေးထားပါဦးခင်ဗျာ
IOT စာအုပ်တွေ မျှဝေပေးချင်လို့ပါ

link ကို comment တွင်ရေးထားပါတယ်

Videos (show all)

IOT

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00