Mother Love - Construction
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mother Love - Construction, Home improvement, .
{ သဲအကြောင်း }
အဂ်တေဖျော်စပ်ရာတွင် အသုံးပြုတဲ့သဲက မာကြောသန့်ရှင်းစင်ကြယ်ပြီး ထက်သောဇောင်းများနဲ့ပြည့်ရပါမယ်။ ရွံ့/နုန်း/ဆား/ဆိုဒါ အမှိုက်သရိုက်များနှင့် အခြားဓာတ်များ အတက်နိုင်ဆုံးမပါဝင်ရပါ။ သဲကိုဇကာချပြီးမှ အသုံးပြုရပါမယ်။ မဲညစ်နေရင် ရေးလောင်းပေးရပါမယ်။ သဲသန့်ရှင်းမှုရှိမရှိကို သိနိုင်ရန် ဖန်ခွက်တစ်ခုထဲတွင် သဲတစ်စုပ်ကိုထည့်၍ လှုပ်ပြီး တစ်နာရီလောက် စောင့်ကြည့်ပါ။ ရွံ့မှုန်များ သဲပေါ်တက်လာမည်ကိုတွေ့ရပါလိမ့်မယ်။ ရွှံ့မှုန်များက ထုထည်အားဖြင့် သဲ၏ 5% ထက်ပိုနေလျှင် ယင်းသဲကိုရေထပ်လောင်းရန်လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် သဲကိုလက်ထဲတွင်ထား၍ လက်ဖဝါးနှစ်ဖက်အဖြစ်ပွတ်ချေလိုက်တဲ့အခါ လက်ဖဝါးတွင်သဲများပေကျံနေပါက သဲတွင်ရွှံ့များကျန်နေသေးကြောင်း သိရှိနိုင်ပါတယ်။ နူးညံ့တဲ့သဲ၊ ပင်လယ်သဲ၊ ဆားဓာတ်ပါသောသဲများကို ဆာဓာတ်မသန့်စင်ရသေးရင် အသုံးမပြုသင့်ပါ(ဒါက ဒို့တွေရဲ့ပြည်တွင်းမှာတော့ အနုစိပ်မလုပ်ဆောင်နိုင်သေးပါ)။ အုတ်စီလုပ်ငန်း ကျောက်စီလုပ်ငန်းတွေမှာ သိပ်သည်းမှုရှိရန် လိုအပ်နေတာကြောင့် သဲများသည် ပေါ့ပါးကျစ်လစ်နေရမယ်ယ မျက်နှာပြင်အချောသပ် အုတ်ကွက်လုပ်ငန်းများတွင်သုံးသောသဲသည် တစ်လက်မတွင် အပေညက်နှစ်ဆယ်ပါသော အကွက်ဖြစ်ရမယ်။ သဲများကို မြစ်များ၊ ချောင်းများ၊ မြေကြီးတွင်းမှလည်းကောင်း ရနိုင်ပါတယ်။ မြစ်ချောင်းများမှရသော သဲသည် ဇောင်းလုံးဝန်း၍ ရွံ့များပါတက်ပါတယ်(ဆိုလိုတာက ရေထဲကသဲတွေကို တိုက်ရိုက်ဝယ်ပြီး အိမ်ဆောက်လုပ်တာထက် သန့်စင်ထားတဲ့သဲ ရောင်းတဲ့နေရာကိုစုံစမ်းပြီး သဲဝယ်သင့်ပါတယ်)။ မြေကြီးတွင်းမှရသော သဲများကမူ ဇောင်းထက်ပြီး သန့်ရှင်းသည်။
Crd: Handbook Of Building Engineering
U Kyaw Naing (A1190)
(လူကြီးမင်းတို့ရဲ့ ဆောက်လုပ်ရေး အခက်အခဲများတိုင်ပင်ချင်ရင် ည(8)နာရီကနေ(10)နာရီအတွင်း ကျွမ်းကျင်တဲ့ ဆောက်လုပ်ရေး Admin တစ်ယောက်က ပြောပြဆွေးနွေးပေးမှာလို့ Page Messager မှာ လာဆွေးနွေးလို့ရပါတယ်)