Click4Freedom
Click4freedom is especially for Karenni (People Defense Force) and IDPs People.
Quote4You [Android Update]
Android တွေအတွက် code update လုပ်ထားတဲ့ version လေး update လုပ်ပေးကြပါဦးဗျ။ ပြီးရင် ဆက်ကလစ်ပေးကြပါဗျာ။
ဒီနေ့အတွက် ကလစ်ဖို့လင့်လေးတွေ ကော့မန့်မှာရှိပါတယ်။
ဒီလကလစ်အား တော်တော်လေးကျသွားပါတယ်ဗျာ။ ၂၀ ရက်နေ့အထိ USD 470$ ပဲရပါသေးတယ်ဗျာ။ လိုင်းတွေမရတာ၊ VPN တွေချိတ်မရတဲ့ပြဿနာတွေကြောင့်လည်း အများကြီးနားလည်ပါတယ်ဗျာ။ သို့ပေမယ့် အချိန်ရသလောက်တော့ Telegram တို့၊ X တို့မှာတင်တဲ့ လင့်လေးတွေ ဝင်ကလစ်ပေးသွားကြပါဦး။
App အခြေအနေကတော့ ကြော်ငြာသိပ်အဆင်မပြေဖြစ်နေပါတယ်။ လူနည်းသွားတာလည်း အဓိကပေါ့။ ဒီ post လေးမြင်ရင် ပြန်ပြီး တစ်ရက် ၅ မိနစ်လောက်တော့ ဝင်သုံးပေးသွားဖို့ Remind လုပ်ပါတယ်။
နောက်ထပ် app တစ်ခု Project စနေပါပြီ။ ဒီ app က တလရအတွက်ကော အသုံးပြုသူ user တွေအတွက်ပါ နှစ်ဖက်အကျိုးရှိစေမယ့် app လေး ဖြစ်မှာပါ။ စောင့်မျှော်ရင် ဆက်ကလစ်ကြပါဦးစို့။
YouTube ကလည်း Daily Views က လူ ၅၀၀ ဝန်းကျင်မှာပဲရှိနေတာမို့ အရင်လူဟောင်းလေးတွေ Click4Freedom YouTube Channel ကို ပြန်လာနားထောင်ပေးကြပါဦးလို့ ထပ်ဖိတ်ခေါ်ပါရစေ။
၁၀ ရက်နေ့အထိ ၁၀ သိန်းကျော်ရနေပါပြီဗျာ။ လင့်တွေကို Telegram တို့၊ X (Twitter) တို့မှာ Follow လုပ်ထားပြီး ဝင်ကလစ်ပေးကြပါဦးဗျ။
YouTube လည်းကြည့်ပေးကြပါ။ Quote4You App လည်း ဝင်ပေးကြပါဦးဗျာ။
ဂျူလိုင်လ ဒီနေ့အထိ ကလစ်လင့်တွေကနေ USD 226$ ရနေပါပြီ။ Telegram မှာ ဝင် join ပြီး ကလစ်ပေးကြပါ။ X (Twitter) မှာလည်း follow လုပ်ထားပြီး ကလစ်ပေးလို့ရပါတယ်။
လကုန်ရက် နောက်ဆုံးနေ့လေး တစ်ဖြတ်လောက်ဝုန်းလိုက်ကြဦးစို့ဗျာ။ ကော့မန့်မှာ ကြည့်ပေးကြပါဗျ။
Hello 👋
မနက်ဖြန် 30 Jun 2024 ည 6:30 PM ( Myanmar Time ) မှာ Monetization Webinar ကိုစပါမယ်။
Binance USDT, NUG pay, SDB bank တို့နဲ့ ကိုယ်တတ်နိုင်သလောက် လှူဒါန်းပြီး Webninar လေးကို ဝင်ရောက်နားထောင်နိုင်ပါတယ်ခင်ဗျ။ ရလာတဲ့ငွေအားလုံးကို တောင်ပိုင်းတိုင်းထဲက ကီးကူစစ်ကြောင်းအတွက် လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ကူညီပေးသွားမှာပါ။
ပြောမယ့်အကြောင်းအရာများကတော့
Facebook Monetization
- Facebook Monetization အကြောင်း
- Facebook Monetization Content Policy အကြောင်း
- Facebook Monetization Tools တွေ ကို လျောက်ဖို့ အတွက် လိုအပ်သည်များ နှင့် Payout , Tax ကို Sample Page တခုနဲ့ လျောက်ပြပါမယ်...
- အတွေ့အကြုံများပြောပြခြင်း
Google Monetization
- Google Monetization အကြောင်း
- Google Adx တခုရဖို့အတွက် ဘာတွေလိုမလဲ
- Google Adx ရဖို့အတွက် ကိုယ်ပိုင် Website တခု ( Wordpress Website တည်ဆောက်နည်းကို Video Record ပေးမှာဖြစ်ပါတယ် ) နဲ့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ပြောပြပါမယ်...
- Google Approved ရဖို့အတွက်ဘာတွေလုပ်ဖို့လိုမလဲ
- Google မှ Website ကို Approved ပေးလိုက်ပြီဆိုရင် ထည့်ရမယ့် Ad Placements တွေအကြောင်း ပြီးရင် Sticky Ad တွေအကြောင်း ကိုပြောပြသွားပါမယ်...
- Google Adsesne Verify လုပ်ဖို့အတွက် Identity နဲ့ Bank အကြောင်း
- အတွေ့အကြုံများပြောပြခြင်း
ကလစ်လင့်တွေကနေ USD 1000 ကျော်ရနေပါပြီခင်ဗျာ။ ဆက်ပြီးတော့ ကလစ်ဖို့ကော့မန့်မှာ ကြည့်ကြပါဦးဗျာ။
YouTube မှာလည်း အသစ်တွေဆက်တင်ပေးနေပါတယ်။ Quote4You လေးကိုလည်း ဝင်ပေးကြပါဦးဗျ။
ဒီနေ့ Quote4You, Website နှစ်ခု, YouTube အားလုံးမှာ Content အသစ်လေးတွေ တင်ထားပါတယ်ဗျာ။ Website က မနေ့ကစပြီး အခြေအနေတော်တော်တက်လာနေပါပြီ။ နေ့စဥ် $100 နေ့တွေ ပြန်ရဖို့ ကြိုးစားကြဦးစို့ဗျာ။ ကော့မန့်မှာ လင့်လေးတွေ ဝင်ကြည့်ပေးသွားပါဦး။
Quote4You လည်း ကြော်ငြာအပြည့်နီးပါပြန်တက်နေပြီ။
Click4Freedom YouTube လည်း limit ပြဿနာကနေ ပြန်ထလာပါပြီ။
လင့်ကလစ်တွေလည်း ပြန်အဆင်ပြေစပြုလာပါပြီ။
နိုင်ရာပလက်ဖောင်းတွေကနေ လူတိုင်းပါဝင်ပေးကြပါဦးစို့ဗျာ ...
သတင်းကောင်းကတော့ မေလက invalid နဲ့ ဖြတ်ခံလိုက်ရတာတွေထဲကနေ USD 800 ကျော်လောက် ပြန်ရပါတယ်ဗျာ။ ဆက်ပြီးတော့ ကြိုးစားပေးကြပါဦး။
ဒီနေ့အတွက် ကလစ်ဖို့လင့်လေးတွေ ကော့မန့်မှာကြည့်ပါခင်ဗျာ။
April လ ရငွေများကို ထောက်ပို့ပေးခြင်း
၁။ Karenni Art Creation [Lose and Hope Film] - ၁၀ သိန်း
ရိုက်ကူးနေတဲ့ အချိန်ကတည်းက အပြင်ကနေ ချေးပြီးခဏပေးထားခဲ့တာပါ။ အဲ့အချိန်က K4 အတွက် စနိုက်ဘာချဲလင့်လေးလုပ်ထားတာကြောင့် အခုမှ ပြန်ချေဖြစ်တာပါ။
၂။ KNDF B-17 - ၂၀ သိန်း
၃။ KNDF B-01 - ၃၀ သိန်း
စုစုပေါင်း သိန်း ၆၀ ထောက်ပို့ပေးခဲ့ပါတယ်ဗျ။
မြို့ပြရှိုးဂမ်းကမ်ပိန်း - ၇၀ သိန်း [May လ ကလစ်ငွေနဲ့ ပေးဖို့လုပ်ထားတာ ဖြတ်ခံလိုက်ရတာကြောင့် ဒီလနဲ့ပါ ထပ်တိုး ချေပေးဖို့ရှိပါမယ်။ တိုက်ပွဲလည်းဖြစ်နေတာကြောင့် လိုအပ်ချက်တွေဖြည့်ဆည်းဖို့ အပြင်ကပဲ ခဏချေးပြီး ထောက်ပို့ထားလိုက်ပါတယ်ခင်ဗျ။
May လ Quote4You ကနေတော့ ၁၀ သိန်းကျော်ရဖို့ရှိပါတယ်။ ဒီလ ၂၀ ရက်နောက်ပိုင်း ဝင်မယ်ထင်တာပါပဲ။ အဲ့တာတွေကိုလည်း မြို့ပြရှိုးဂမ်းကမ်ပိန်းထဲမှာ ပါဝင်ပါမယ်။
ကြိုးစားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
မပြောချင်ဆုံး သတင်းပါခင်ဗျာ။
အရင် May လတုန်းက ကလစ်ရငွေတွေ Invalid Traffic နဲ့ အကုန်ဖြတ်ခံရပါတယ်။ site approval မကျတာတစ်ခုပဲ ကျန်ပါတယ်။ VPN ပြဿနာတွေကြောင့်ပါပဲ။
မနှစ်က June လတုန်းက ရငွေတွေလည်း အဲလိုအများကြီးဖြတ်ခံရဖူးပါတယ်။ အခုကတော့ အဆိုးဆုံးပါပဲ။
အရင်လကော URF အတွက် သိန်း ၇၀ ကို ဒီလပါ ထပ်တိုးယူရပါတော့မယ်။ ကြိုးစားခဲ့ကြတဲ့ကလစ်ကာတွေကို ဘယ်လိုပြောပြရမှန်းမသိအောင်ကိုဖြစ်နေတာပါ။
Quote4You ကော၊ YouTube ကောပါ အဖြတ်ကြမ်းနေတာပါပဲ။
အခုလောလောဆယ်တော့ တတ်နိုင်သလောက်ကြိုးစားပေးထားကြပါဦး။ ကျတော်လည်း IT သမားတွေနဲ့ ပြန်တိုင်ပင်ပြီး အဆင်ပြေမယ့်နည်းလမ်းတွေ ထပ်ကြိုးစားကြည့်ပါဦးမယ်ဗျာ။
Good Night ပါခင်ဗျာ။ YouTube မှာ Video အသစ် နှစ်ခုတင်ထားပေးပါတယ်။
ဒီနေ့အထိ USD 768$ ပါခင်ဗျာ။ VPN ပြဿနာတွေကြောင့် တော်တော်လေးနည်းလာပါတယ်။ နိုင်ငံခြားကလူတွေပိုအားကိုးပါတယ်ဗျာ။ တစ်ရက်ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး နေ့စဥ် ပါဝင်ပေးပါဦး။ ကော့မန့်မှာ ကလစ်ဖို့လင့်လေးတွေရှိပါတယ်။
Quote4You လည်း limit ထပ်ဖြစ်သွားပါတယ်။ app down ပြီး တစ်ရက် ၁၀ မိနစ်လောက် ဝင်ပေးကြပါဦး။
Quote4You လေးလည်း Google ကြော်ငြာအပြည့်နီးပါး ပြန်တက်နေပါပြီဗျာ။ မြန်မာနိုင်ငံအနေနဲ့ VPN ပြဿနာတက်နေတာကြောင့် အထူးသဖြင့် VPN သုံးစရာမလိုတဲ့ နိုင်ငံခြားကလူတွေအားကိုးပါတယ်။ အချိန် ၁၀ မိနစ်လောက်ပေးပြီး ကော့မန့်မှာရှိတဲ့လင့်လေးတွေ ကလစ်သွားကြပါဦးဗျာ။
Invalid တွေ တအာထွက်ကတည်းက ဝက်ဘ်ဆိုဒ်တွေက income တွေလျော့သွားပါတယ်ဗျာ။ တစ်ရက် ၃ သိန်းကျော်လောက်ရနေတာကနေ အခု ၁ သိန်းလောက်ပဲရပါတောတယ်။
ပြည်တွင်းမှာ VPN အခက်အခဲတွေကြောင့်မို့ ပြည်ပကလူတွေကို ပိုအားကိုးပါတယ်ဗျာ။ တစ်ရက် တစ်ကြိမ် ၁၀ မိနစ်လောက် အချိန်လေးပေးပြီး အောက်က Website ၂ ခုကို နေ့စဥ် ပုံမှန်လေးဝင်ပေးစေချင်ပါတယ်။
ဒီနေ့အတွက် ကလစ်ဖို့လင့်လေးတွေ ကော့မန့်မှာကြည့်ပေးကြပါဦးဗျာ။ ကြော်ငြာတွေကို ကလစ်စရာမလိုတော့ လင့်တစ်ခုကို တစ်မိနစ်တောင်မကြာပါဘူးခင်ဗျ။
လူများရင်ပိုကောင်းတာမို့ အားလုံးမဟုတ်ရင်တော့ ၃ ခု ၄ ခုလောက် ကလစ်ပေးသွားကြပါဦး။
ကြာသပတေးနေ့အထိ မစောင့်တော့ဘူးဗျာ။ ဒီနေ့ညနေကစပြီး ပြန်ကလစ်လိုက်ကြရအောင်။ ကော့မန့်မှာကြည့်ပါခင်ဗျ။
ကလစ်ပုံကတော့ ဒီတိုင်းပဲ ၁၅ စက္ကန့်စောင့်ပြီး ကလစ်သွားရုံပါပဲ။ လိုင်းကောင်းရင် တစ်လင့်ကို တစ်မိနစ်တောင်မကြာပါဘူးဗျ။ အကုန်လုံး ကလစ်မယ်ဆိုရင် ၈ မိနစ်လောက်နဲ့ပြီးပါတယ်ဗျာ။
[မှတ်ချက်။ ။ ကြော်ငြာတွေကို ကလစ်စရာ (လုံးဝ) မလိုပါဘူးဗျ။]
Invalid တွေများနေလို့ လင့်ကလစ်တွေကို နောက်တစ်ပါတ် ကြာသပတေးနေ့အထိ နားပါမယ်ခင်ဗျ။
ဒီကြားထဲ YouTube နဲ့ Quote4You လေးကိုပဲ အာရုံစိုက်ပေးပါဦး။
ပြန်ကလစ်လို့ရမယ့်အချိန် ပြန်ပြောပါမယ်။
အားလုံးကို ကျေးဇူးပါခင်ဗျ။
ဒီနေ့အတွက် ကလစ်ဖို့လင့်လေးတွေ ကော့မန့်မှာကြည့်ပေးကြပါဦးဗျ။ ကလစ်ဖို့အချိန်က ၇ မိနစ်လောက်ပဲကြာပါမယ်။ ကြိုးစားပေးကြပါဦး။
ဝက်ဘ်ဆိုဒ်လင့်မကလစ်တတ်တဲ့သူတွေအတွက် ကော့မန့်မှာ ကလစ်နည်းလေးရှိပါတယ်ဗျ။
ကလစ်ကာတစ်ယောက်ရှင်းပြထားတာပါ။ အချိန်မပေးနိုင်ရင် ကြော်ငြာမကလစ်ရင်လည်း ဒီတိုင်း ၁၅စက္ကန့်စောင့်ပြီးပဲ ကလစ်သွားလို့ရပါတယ်ဗျ။
မနေ့ကလည်း လင့်ကလစ်တွေကနေ ၃ သိန်းကျော်လောက်ရပါတယ်ဗျာ။ ဆက်ပြီးတော့ ကော့မန့်မှာ ထပ်ဆွဲလိုက်ကြရအောင်။
ဇွန်လ ၁ ရက်နေ့ကနေ့ ၅ ရက်အတွင်း ၁၅ သိန်းကျော်ရနေပါပြီဗျ။ ဆက်ပြီးတော့ ကော့မန့်ထဲမှာ ချပေးထားတဲ့လင့်လေးတွေ ကလစ်ပေးသွားကြပါဦး။
Quote4You [Android] လေးလည်း ကြော်ငြာအမြန်ပြန်တက်အောင် နီးစပ်ရာဖုန်းတွေနဲ့ App Down တာ, ဝင်ကြည့်ပေးတာတို့ လုပ်ပေးပါဦး။
ညခင်းလေး နည်းနည်းလောက် ကလစ်ကြဦးစို့ဗျာ။ ကော့မန့်မှာ လင့်လေးချပေးထားပါမယ်။
QFY [Android] ကို Google ကြော်ငြာအမြန်ပြန်တက်အောင် နီးစပ်ရာဖုန်းတွေနဲ့ down ပြီး နည်းနည်းပါးပါး ဝင်ကြည့်ပေးကြပါဦးနော်။
Quote4You [Android] က Google ကြော်ငြာ limit ဖြစ်သွားပါတယ်ဗျာ။ ထုံးစံအတိုင်း နီးစပ်ရာဖုန်းတွေနဲ့ app တွေ down ပေး၊ အချိန်ရသလောက် ဝင်ပေးထားကြပါဦးဗျာ။ Android ကတော့ တစ်လ တစ်ခါလောက် ပုံမှန် limit ဖြစ်နေပါတယ်။
ညဘက်အတွက် အချိန် ၅ မိနစ်လောက် အောက်ကလင့်ထဲ ဝင်မွှေသွားပါဦး။
ပြီးခဲ့တဲ့ ၃ ရက်က တစ်ရက် $70 ကျော်နှုန်းနဲ့ $226 ထိ ရနေပါပြီခင်ဗျာ။ ဆက်ကြိုးစားကြပါဦးစို့။
ဒီနေ့အတွက် ကလစ်ဖို့လင့်လေးတွေ ကော့မန့်မှာကြည့်ပါခင်ဗျာ။ Happy Circle မှာ ကြော်ငြာမတက်ရင် Desktop site ပြောင်းပြီး ဝင်ပါခင်ဗျာ။
ဒီနေ့အတွက် ညပိုင်းလေးမှာ အချိန် ၅ မိနစ်လောက်ပေးပြီး ကော့မန့်ကလင့်လေးတွေ ကလစ်သွားပေးကြပါဦးဗျ။ Happy Circle မှာ ကြော်ငြာမတက်ရင် Browser ကို Desktop Site ပြောင်းပြီးကလစ်ပေးပါခင်ဗျ။
ဂျွန်လ ၁ ရက်နေ့အဖွင့်ကတော့ USD 73$ ပါခင်ဗျာ။ တောင်ပိုင်းတိုင်း စစ်ကြောင်းတစ်ခုအတွက် ဒီလလည်း ဆက်ကြိုးစားလိုက်ကြရအောင်။
ကော့မန့်မှာ ကလစ်ဖို့လင့်လေးတွေရှိပါတယ်ဗျ။