TK medical store

TK medical store

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TK medical store, Medical and health, .

29/08/2022

အထူးအခွင့်ရေး လာပြိနော်
တစ်ဘူးဝယ်တိုင်းတစ်ဘူးလက်ဆောင်ရယူပါ။
အမျိုးသားများ သုတ်အားနည်းခြင်း ဆီးချိုရောဂါကြောင့် ကျားအားလျော့နည်းခြင်း၊ အိပ်ရာထဲမှာ အချိန်တိုအတွင်း အပြီးမြန်ခြင်း၊ စိတ်ကတော့ပါတယ်။ ဒါပေမယ့် မွေးရာပါ ခေါင်းမထောင်နိုင်ခြင်း ဒီပြဿနာတွေရှိနေပြီဆိုရင် အိမ်ထောင်ရေးထိခိုက်စေနိုင်ပါတယ်။ အဲ့တာကြောင့် ကျနော်တို့ ညီအကိုတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ ယောကျ်ားအားဆေးနဲ့ မိတ်ဆက်ပေးပါ့မယ်။

အခုမိတ်ဆက်ပေးမယ့်ဆေးကတော့ ညီအကိုတို့စောင့်မျှော်နေကြတဲ့ (2022-Original-Update) ဆေးအစစ်လေးပါ။ India။ အဲ့တာကြောင့် ဆေးအာနိသင်နဲ့ အရည်အသွေးပိုင်းက ပြောစရာမလိုအောင် အရမ်းကောင်းပါတယ်။ ကိုယ်တိုင် စမ်းသပ်ပြီးပါပြီ။ တကယ်ကောင်းပါတယ်ဗျ။ အာမခံပါတယ်။ ခေါင်းမူး၊ ခေါင်းကိုက် "လုံးဝ" မရှိပါဘူးဗျ။
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔
ဒီဆေးရဲ့ ၁ နာရီအတွင်း ထူးခြားတဲ့ အာနိသင်တွေကတော့...
👉 အကြောပြိုင်းပြိုင်းထ၍ ထောင်မက်နေခြင်း
👉 အချိန်ကြာကြာ ဆက်ဆံနိုင်ခြင်း (သုတ်ထိန်းနိုင်ခြင်း)
👉 တစ်ကြိမ်ပြီးလျှင်လည်း နောက်တစ်ကြိမ် စွမ်းဆောင်နိုင်ခြင်း
👉 အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ။ ။ အသက်အရွယ်ကြောင့်သော်၎င်း၊ ဆီးချို,သွေးချိုနဲ့ သုတ်အားနည်းသောကြောင့်သော်၎င်း၊ ကောင်းကောင်း မထောက်မက်နိုင်သူများ၊ စွမ်းဆောင်ရည် လျော့ကျနေသူများ ကျောက်တုံးကဲ့သို့ မာကြောလာပြီး ထောင်မက်နေတဲ့ စွမ်းရည်ကို ၁ နာရီအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ရပါမည်။
👉 ပန်းသေ,ပန်းညှိုးနှင့် သုတ်လွှတ်မြန်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

ဆေးသုံးပြီးနောက်ပိုင်း လိင်တံအမြဲတမ်း နိုးကြွ
တင်းမတ်နေစေပြီး သုတ်အားအထူးကောင်းစေမည်။
ပန်းသေနေသူများ အကြောအားနည်းသူများ အိမ်မက်ထဲသုတ်လွှတ်တတ်သူများနှင့် သုတ်ထွက်မြန်သူများ ဤဆေးစားပြီး ပြန်လည်သန်စွမ်းလာစေရမည်။
━━━━━━━━━━━━━━━━━
⏰ သောက်သုံးနည်းအညွှန်း ⏰
မဆက်ဆံခင်ကြိုသောက်ပါ
သောက်နိုင်ပါတယ်။ နွားနို့ (သို့) ပျားရည်တို့ဖြင့်
သောက်ပါက ပို၍ ကောင်းပါသည်။ သို့သော်
l(အရက်,ဘီယာ) တို့နဲ့
မတည့်တဲ့အတွက်ကြောင့် ဆေးနဲ့အရက်ကို
အနည်းဆုံး ၂ နာရီခြားပေးရပါမည်။
အချို့သောသူများကို ဒီဆေးသောက်ဖို့ ကန့်သက်ထားပါတယ်။

❌ မသောက်သင့်သူများ ❌
( A ) သွေးတိုး ၁၆၀ နဲ့အထက် ရှိသူများ
( B ) ကျောက်ကပ်ဆေးထားသူများ
( C ) နှလုံးရောဂါ ပြင်းပြင်းထန်ထန် ရှိသူများ
( D ) အသက် ၁၈ နှစ်အောက် ကလေးများ မသုံးစွဲရ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂
▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔▔
ဆေးအမည် = Boom Boom
ဆေးအမျိုးအစား = အမျိုးသားအားဆေး
ထုပ်လုပ်သည့်နိုင်ငံ = india
ပါဝင်ပမာဏ = အလုံး16 ( သောက်ဆေး )
စျေးနှုန်း = 20000 ကျပ်
ပရိုမိုးရှင်း = တစ်ဘူးဝယ်တစ်ဗူးလက်ဆောင်

ယုံကြည်စွာဖြင့် အမြဲမှာယူအားပေးနေကြသော #ဖောက်သည်တော်ကြီးများကျေဇူးတင်ပါသညိ
☎☎☎ 09--766 674 521

16/07/2020

အိပ်ယာပေါ်မှာ ကျေနပ်မှုလိုချင်တယ်ဆိုရင် အတွေးအခေါ်ကို အရင်ပြောင်းပါ

ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းမြောက်များစွာက လိင်ကိစ္စကို ရိုးရိုးရှင်းရှင်းတွေးတတ်ကြပါတယ်။ တည့်တိုးတွေးတယ် ဆိုရမလားပဲ။

ထိတွေ့မယ်၊ ဆက်ဆံမယ်။ ပြီးမြောက်မယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လို ဆန်းပြားစွာ ပြုမူကြတယ်ဆိုဆို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြီးမြောက်ဖို့ပါပဲ။ ပြီးမြောက်သွားရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အနားယူကြမယ်။ ဒါက လိင်ကိစ္စရဲ့ အဓိက ရည်မှန်းချက်လား။

လိင်မှုဆိုင်ရာသဘောသဘာဝမှာ ဒီနည်းလမ်းက သင့်ကို ပြဿနာတွေ အများကြီးဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။ Psychologist တွေနဲ့ S*x Therapist တွေရဲ့ အဆိုအရ လူတွေ လိင်ကို စွဲလမ်းတိမ်းညွတ်ကြ၊ ဆက်ဆံကြတာဟာ ပြီးမြောက်မှုအတွက်မဟုတ်ပါဘူး။ တကယ့် စိတ်ကျေနပ်မှုကို ရှာဖွေဖို့ပါတဲ့။

ဒီလိုမဟုတ်ပဲ တစ်ဦးချင်းပြီးမြောက်မှုကိုသာ ဦးတည်နေမယ်ဆိုရင် လူတွေအမှန်တကယ်လိုချင်တဲ့ အကြောင်းတရားနဲ့ ကင်းကွာနေလိမ့်မယ်လို့ ဆိုပါတယ်။

နီးနီးလေးနဲ့ ဝေး
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ခိုင်မြဲဖို့ဆိုရင် ကျေနပ်ပျော်ရွှင်မှု (Pleasure) ကသာ အဓိကဖြစ်ပြီးတော့ ပြီးမြောက်မှု (Or**sm) ဟာ ပဓာနမဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဒါပေမယ့် လူတစ်ချို့က သူတို့ ဘာကိုအလိုရှိလို့ လိင်ဆက်ဆံနေတယ်ဆိုတာကိုတောင်မှ သိနားလည်ကြခြင်း မရှိကြပါဘူး။ ပြီးမြောက်ရုံပြုမူပြီးနောက်မှာ ဘာစိတ်ကျေနပ်မှုမှ ခိုင်ခိုင်မာမာမရလိုက်တာမျိုးနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ ရေရှည်မှာ လက်တွဲဖော်နဲ့ တွယ်ငြိနေစေမယ့် အကြောင်းတရားဘာမှ မကျန်ခဲ့တော့ပါဘူး။

ဒီသံသရာစက်ဝန်းထဲမှာပဲ လည်ပတ်နေရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်ကုန်လာကြပြီး ပိုပြီးဝေးကွာသွားတတ်တယ်လို့ S*x Therapist တစ်ဦးဖြစ်တဲ့ ဂျိုအန် လူလန်က သတိပေးပါတယ်။ ပြောချင်တာက လိင်ကိစ္စဆိုတာ ထိုးသွင်းဆက်ဆံ၊ ပြီးမြောက်ရုံကိစ္စတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။

ပွင့်လင်းမြင်သာပါ
ပွင့်လင်းမှုဟာ လိင်မှုကိစ္စမှာ အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးအများစုဟာ ရှက်စိတ်ကြောင့် ပွင့်လင်းဖို့ ခက်ခဲတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အ အပြည့်အဝပေါင်းစပ်ဖို့အတွက်ဆိုရင် ပွင့်လင်းပြီး လိုအပ်ချက်ကို ချပြနိုင်ဖို့က သိပ်ကို အရေးပါပါတယ်။

တစ်ယောက်ရဲ့ စိတ်ဆန္ဒကို တစ်ယောက် အပြန်အလှန် သိနားလည်ပေးနိုင်ခြင်းက ပြီးမြောက်ခြင်းထက်ပိုပြီး တန်ဖိုးကြီးတဲ့အရာပါ။ ပြီးမြောက်ခြင်းက စက္ကန့်ပိုင်းစာ ကိစ္စရပ်ဖြစ်ပြီးတော့ နားလည်မှုက အချိန်ကာလတာရှည် ကျန်ရှိနေမယ့် အကြောင်းတရားဆိုတာ မမေ့ပါနဲ့။

ဒီလိုနီးစပ်မှုမျိုးသာရှိနေမယ်ဆိုရင် ဆက်ဆံဖော်စိတ်ကျေနပ်စေဖို့ ဟန်ဆောင်ပြီး အော်ငြီးပြနေတာတွေ၊ ဟန်ဆောင် ပြီးမြောက်ပြနေစရာတွေ မလိုတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တစ်သားတည်းဖြစ်သွားကြမှာပါ။ တကယ့် ကျေနပ်ပျော်ရွှင်မှုအစစ်အမှန်ကို ပိုင်ဆိုင်ရမှာပါ။

အောက်ပါအချက်တွေကိုလည်း မမေ့ပါနဲ့
နောက်ထပ်အရေးပါတဲ့ အချက်တွေကိုလည်း မျှဝေချင်ပါသေးတယ်။ ဒါတွေကတော့

ကိုယ့်ရဲ့ ဆန္ဒကို ထုတ်ပြောပါ
ဆက်ဆံဖော်ကို ယုံကြည်မှုရှိလာအောင် ဆွဲဆောင်ပါ
ပင်ကိုယ် အနေအထား သဘာဝအတိုင်းပဲ သွားပါ
ကိစ္စတွေ မစတင်ခင် နမ်းရှုပ်ပါ
အချိန်ယူပါ၊ လက်တွဲဖော်နဲ့ ပိုမိုနီးစပ်လာတဲ့အထိပေါ့၊
ပွင့်လင်းတဲ့ အသုံးအနှုန်းတွေ သုံးပါ
အရည်အသွေးကို အဓိကထားပါ၊ အရည်အတွက်က ပြဿနာမဟုတ်ပါဘူး
အပြန်အလှန်မျှဝေခံစားပါ။
ဒီအချက်တွေဟာလည်း စိတ်ကျေနပ်ဖွယ် လိင်မှုကိစ္စမှာ မဖြစ်မနေလိုအပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အပြန်အလှန်ကျေနပ်နားလည်မှုလိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ တွေးခေါ်ပုံကို ပြောင်းလိုက်ပါ။ ပြီးမြောက်မှုတစ်ခုတည်းက အဓိကအချက်မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားပါ။ ဒါက အရေးအကြီးဆုံးပါပဲ။

Credit >> Hello Sayarwon

03/05/2020

Mask ကြော်ငြာတာလား ဘာလား သိရင်ပြောပေးကြအုံး--?

03/05/2020

အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ
Covid 19 မိမိကစ၍ ကာကွယ်ကြပါ

Auto-converted: အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ

25/04/2020

ဘဝပေး သင်ခန်းစာ သင်နားထောင်ြပီး ပြန်လည် မျဝေပေးပါ။

03/04/2020

အများသိအောင် Share ရှယ် ပေးပါ

01/04/2020

လူတိုင်းလူတိုင်း အတွက် Shareပေးကြပါ။

25/03/2020

Covid-19 ကာကွယ်ရန် အတွက်
Video File အား Share ပေးပါ။

Photos from TK medical store's post 22/03/2020

💊အထူး အာမခံ နဲ့ရောင်းပေး ပါတယ်💊

အသက် 18နှစ် မှ 85နှစ်ထိ အသုံးပြုနိုင်ပါတယ် ခင်ဗျာ။

🇺🇸 (U.S.A.နိုင်ငံထုတ်) 🇺🇸 Maca Strong Men 🦍 ကြာဆေး
(တစ်လုံးသောက် အနည်းဆုံး(5)ရက်ခံ အာမခံ)
💰30000ကျပ်(တစ်ဗူး 10လုံး ပါဝင်ပါတယ်)

☎️ 09-766 674 521

✔️Take Effect in 20 minutes(ဆေးသောက်ပြီး
၂၀မိနစ်အတွင်း ဆေးအစွမ်းပြပါမယ်)
✔️(တစ်လုံးသောက်ပြီး အနည်းဆုံး5ရက်ထိ အာနိသင်ရှိပါမယ်)

®သွေးတိုးရောဂါ
ဆီးချိုရောဂါ
နှလုံးရောဂါ ရှိသူများသောက်သုံးနိုင်ပါတယ် ခင်ဗျာ

🇺🇸(U.S.A.နိုင်ငံထုတ် )🇺🇸Maca Strong Men🦍
အမျိုးသားအားဆေး
🇺🇸 (U.S.A)FDA လက်မှတ်ရရှိပြီးသားဆေးပါ
ပျောက်ကင်းနိုင်တဲ့ရောဂါများမှာ

✔️အမျိုးသားရောဂါတစ်ခုဖြစ်တဲ့ ပန်းမလန်းခြင်း၊
✔️လုံးဝပန်းသေခြင်း
✔️ဆက်ဆံနေချိန်ပျော့ကျခြင်း၊အားနည်းခြင်း၊
✔️စိတ်မရှိခြင်း၊စိတ်ရှိလည်း မထ ကြွ ခြင်း၊
✔️အရမ်းမြန်ခြင်း ၊ဘာဆေးသောက်သောက်
✔️ဘယ်ဆရာဝန်ပဲပြပြ မထူးခြားဘူး
✔️မပျောက်ဘူးဆိုသူတွေ အတွက်
✔️အထူးအာမခံနဲ့ ရောင်းချပေးပါတယ်။

လူစဉ်မမှီဘူးဆိုပြီး အားမငယ်နဲ့၊
တက်/ထွက် ခေါ်ခံရတာ အားမငယ်နဲ့တော့😉

💊 ဆေးစသောက်တဲ့ ပထမ ၁ ရက်အတွင်း
အားပြည့်ခြင်း၊ တင်းမာခြင်း၊ စိတ်ရွှင်လန်းခြင်း၊
ငယ်မူငယ်သွေးကြွခြင်း၊ စတဲ့လက္ခဏာများကို ထူးခြားစွာ ခံစားရပြီး ညီတော်မောင်ရဲ့ ကိုယ်လုံး ကိုယ်ထည် တုတ်ခိုင်ကျန်းမာလာစေပါမည်။💊

👍🏻 "လျှင်မြန်စွာကြီးထွား၊ ရှည်လျား၊ သန်မာ ၊ကျန်းမာ"👍🏻

🇺🇸(U.S.A.နိုင်ငံထုတ်)🇺🇸 ရဲ့ အမျိုးသားအားဆေးသီးသန့်ဖြစ်ပြီး
အိမ်ထောင်ရှင်များ နှင့် လူပျိုလူလွတ်များပါသုံးစွဲနိုင်ပါတယ်။

2019နောက်ဆုံးပေါ် တိုးတိုး တိတ်တိတ် လက်တို့
ကျော်ကြားခဲ့သော " Maca Strong Men🦍" အားဆေးဖြစ်ပါတယ်။

ဂျင်စင်း အဓိကပါဝင်ပြီး သဘာဝသစ်သီးသစ်ဥသစ်ဖုများဖြင့်သာ ဖော်စပ်ထားလို့ 100% စွမ်းအားပြည့် အားဆေးဖြစ်ပါတယ်။
ထိရောက်မှုရှိလို့ ပေးဝယ်သောက်ရသော စျေးနှုန်းနဲ့
ထိုက်တန်ပါတယ်။

👉ဆေးအာနိသင် ကို 100% အာမခံ ပါတယ် ။👈
# # # # # # # # # # #
မှတ်ချက်။ ။ကျောက်ကပ်ရှိသူများ မသောက်သုံးသင့်ပါ။ # # # # # # # # # # #
ဆေးဝယ်ယူ အားပေးသူများအတွက် ၁၀၀%အာမခံပါတယ် ...
☎️ ☎️ ☎️09-766 674 521 ☎️ ☎️ ☎️
🖥️💻💻💻💻
Viber.+959766674521သို့
ဆက်သွယ်မှာယူနိူင်ပါတယ်ခင်ဗျာ။

မြန်မာနိုင်းငံသားများ အားလုံး ကပ်ရောဂါဆိုးကြီးမှ
ကင်းလွတ်ကြပါစေ*******

16/03/2020

ဝူဟန် Cov-19အတွက် ဗဟုသုတ
၃ မိနစ်လောက် နားထောင်ကြည့်ပါ
Like----Share လုပ်ပေးကြပါ။
video--credit

Auto-converted: Cov-19အတွက် ဗဟုသုတ
video--credit

Photos from TK medical store's post 27/02/2020

Zawgyi

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိမှတ်စရာ
===================
ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိမှတ်စရာ

ကြွက်တက် တယ်ဆိုတာ

လူ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နိုင်သော ကြွက်သားနှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။

ဥပမာ

ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို့ပြုလုပ်ချိန်မှာ သုံးနိုင်သည့် ကြွက်သားကို ထိန်းချုပ်နိုင်သော ကြွက်သားဟုခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သော ကြွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို့ခေါ်ပါတယ်။

ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်မှာ ကြွက်တက်ခြင်း(သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု (သိုမဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန့်အနည်းငယ်(သို့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ ကိုယ်၀န်သက်တမ်းဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန် ပိုလာတာကြောင့် ခြေ နှင့်လက်တို့မှာကြွက်တက်လေ့ရှိပါတယ်။

*ကြွက်တက်ရသော အကြောင်းရင်း

ရေဓာတ်အနည်းငယ် ဆုံးရှုံးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရှုံးမှုတွေရဲ့အကျိုးဆက်အဖြစ် ခြေသလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ လူအများစု ခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရှုံးမှုများလေ ကြွက်တက်တာ ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်းသွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှု မရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီး ရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန့်ခြင်း၊ ခပ်ပြင်းပြင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ကြွက်တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် (သို့မဟုတ်) ပိုတက်စီယမ်(သို့မဟုတ်) မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော (သို့မဟုတ်) ကြွက်သားများ ဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား (ခေါ်) ဇရာ ကြိုရောဂါကု ဆေးဝါး၊ ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသန္ဓေတားဆေး၊ steroids စတဲ့ ပဋိဇီဝဆေးများရဲ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

ကြွက်တက်တဲ့အခါ

(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို အနားယူ ဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို လက်ဖြင့် ကိုင်၍ချိုးပေးပါ (ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သားတင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

နောက်တနည်း

မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်း ဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန့်၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂) အကယ်၍ ခြေထောက် ကွေးထားစဉ်မှာ လက်ဝဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို့။ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန့်တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်ဝဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန်မကျမချင်း ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ။ (သို့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ့တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင်ပြေလျော့သွားစေပါတယ်။

* (မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားသွားစေနိုင်လို့ သတိပြုပါ)

ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို့ဖြင့် ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများနှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို့ အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်ချွေးထွက်သန် သူများအဖို့ ဥပမာ အငံဓာတ်ပါရှိသော မုန့်အငံစားပါ (သို့မဟုတ်) သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ တစ်နေ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်၀တဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊ သိုးသား တို့စားပေးပါ။

(၄) the National Institutes of Health မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ့တာ ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို့ တဲ့ပါက ကြွက်သားများ ကျုံ့သွားစေနိုင်ပါတယ်တဲ့။ နွားနို့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အရိုးပါဝါးစားလို့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို့ စားပေးပါ။

(၅) အားနည်းခြင်း၊ ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ့ခြင်းတို့ဟာ မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေမှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်၀တဲ့ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို့ quinine ဓာတ်ပါရှိသော အားဖြည့်ရေကို သောက်ပါ (သို့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin ဆေးကိုမှီဝဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ့တာလုံး ရေသာက်နည်းခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ့ ဘက်မှာရေ များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို့၍ ကြွက်တက်ခြင်းအတွက် အသုံး၀င်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့ အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
မှတ်စု page
Credit – ပေါက်ပေါက်

==========

Unicode

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိမှတ်စရာ

====================
====================

ခြေသလုံး ကြွက်တက်ရခြင်း အကြောင်း သိမှတ်စရာ

ကြွက်တက် တယ်ဆိုတာ

လူ ့ခန္ဓာကိုယ်မှာ (၁) ထိန်းချုပ်နို်င်သော ကြွက်သားနှင့် (၂) မထိန်းချုပ်နိုင်သော ကြွက်သား ဟူ၍ ကြွက်သား နှစ်မျိုးရှိပါတယ်။

ဥပမာ

ခြေ နှင့် လက်တို ့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို ့ပြုလုပ်ချိန်မှာ သုံးနိုင်သည့် ကြွက်သားကို ထိန်းချုပ်နို်င်သော ကြွက်သားဟုခေါ်ဆိုပြီး၊ အကြောဆွဲခြင်း နှင့် ကြွက်တက်ခြင်းတို ့ဖြစ်စေနိုင်သော ကြွွက်သားကိုတော့ မထိန်း ချုပ်နိုင်သော ကြွက်သားလို ့ခေါ်ပါတယ်။

ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ ့သွားချိန်မှာ ကြွက်တက်ခြင်း(သို ့မဟုတ်) အကြောဆွဲခြင်းတို ့ ဖြစ်လာရပါတယ်။ ထိုအကြောဆွဲခြင်းက ကြွက်သားတစ်ခု (သိုမဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တ တရက် ကျုံ ့သွားစေတာမျိုးပါ။

ကြွက်တက်တဲ့အခါ စက္ကန် ့အနည်းငယ်(သို ့မဟုတ်)မိနစ်အနည်းငယ်မှ ယင်းထက်ပို၍လည်း ကြာနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်အပိုင်းအခြားမရွေး ကြွက်တက်နိုင်ပြီး၊သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည် ပတ်မှုနှေးကွေး သွားတာကြောင့် ကြွက်တက်နိုင်သလို၊ ကိုယ်၀န်ဆောင်အမျိုးသမီးများ ကိုယ်၀န်သက်တမ်းဒုတိယသုံးလပတ် ကာလအတွင်း ကိုယ်အလေးချိန် ပိုလာတာကြောင့် ခြေ နှင့်လက်တို ့မှာကြွက်တက်လေ့ရှိပါတယ်။

*ကြွက်တက်ရသော အကြောင်းရင်း

ရေဓာတ်အနည်းငယ် ဆုံးရံှုးမှုနဲ့ အတူ ဆား (Na) ဓာတ် ဆုံးရံှုးမှုတွေရဲ ့အကျိုးဆက်အဖြစ် ခြေသလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တက်တာကို ခံစားလာရပါတယ်။ ပူပြင်းတဲ့ရာသီမှာ လူအများစု ခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ ပင်ပန်းနွမ်းနယ်နေတဲ့အခါ ရေဓာတ် နဲ့ ဆားဓာတ် ဆုံးရံှုးမှုများလေ ကြွက်တက်တာ ပိုဆိုးလေပါဘဲ။ ဒါ့ပြင် အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်းသွေးလည်ပတ်မှုနှေးကွေးသွားတာကြောင့် ကြွက်တက်လေ့ရှိပါတယ်။

လှုပ်ရှားမှု မရှိခြင်း၊ လေ့ကျင့်ခန်းမ လုပ်ခြင်း၊ ကိုယ်ဟန်အနေအထား တစ်မျိုးတည်း
အချိန်အကြာကြီး ရပ်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေခြင်း (သို့မဟုတ်) ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ်စက်ပြီးနောက် ခြေ ထောက်အကြောဆန် ့ခြင်း၊ ခပ်ပြင်းပြင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးတို ့ကြောင့် ကြွက်တက်နိုင်သလို၊ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် (သို ့မဟုတ်) ပို်တက်စီယမ်(သို့မဟုတ်) မဂ္ဂနီစီယမ်ဓာတ်ချို ့တဲ့ခြင်း၊ ရေဓာတ်ခမ်း ခြောက်ခြင်း၊ အာရုံကြော (သို့မဟုတ်) ကြွက်သားများ ဒဏ်ရာရခြင်း၊ ကြွက်သားများမှာ သွေးလည်ပတ်မှု အားနည်းခြင်း၊ ကျောက် ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တက်နိုင်ပါတယ်။

ထို့ပြင် အယ်လဇိုင်းမား (ခေါ်) ဇရာ ကြိုရောဂါကု ဆေးဝါး၊ ခြေတုန်လက်တုန်(ခေါ်)ပါကင်န်ဆဲန်ရောဂါကု ဆေးဝါး၊ သွေးတိုးရောဂါ ပျောက်ဆေး၊ ကိုလက်စထရော လျှော့ချဆေး၊ ဆီးဆေး၊ အသည်းဆေးများ၊ ပဋိသနေ္ဓတားဆေး၊ steroids စတဲ့ ပဋိဇီ၀ဆေးများရဲ ့ဘေးထွက်ဆိုးကျိုးများက ကြွက်တက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။

ကြွက်တက်တဲ့အခါ

(၁) ကြွက်တက်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တက်တဲ့ခြေထောက်ကို အနားယူ ဖြေလျှော့ပေးပါ။ ဥပမာ မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာထိုင်ချပြီးနောက် ခြေချောင်း နှင့် ဒူးကို အလိုက်သင့်ကွေးထားပေးပါ၊ ပြီးရင် ကြွက်တက်နေတဲ့ ခြေထောက် ၏ ခြေချောင်းလေးများကို လက်ဖြင့် ကိုင်၍ချိုးပေးပါ (ခြေထောက်ဆန့်တန်းထားလေ၊ ကြွက်သားတင်းမာလေဖြစ်တာကြောင့် နာကျင်မှု ပိုလာစေပါမယ်)

နောက်တနည်း

မတ်တတ်ရပ်နေစဉ် ကြွက်တက်ပါက နံရံကိုမျက်နှာမူ၍ မတ်တပ်ရပ်ပါ၊ ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းခြင်း ဆန့်တန်း၍ ထိုနံရံ ကို ခြေထောက်ဖြင့် ကန်ထားပါ။ စက္ကန် ့၂၀ လောက် ကန်ထားခြင်းဖြင့် ကြွက် သားတွေ သူ ့အလိုလိုပြန်ကျသွားပါလိမ့်မယ်။

(၂) အကယ်၍ ခြေထောက် ကွေးထားစဉ်မှာ လက်၀ဲဖက်ခြေထောက် ကြွက်တက် နေပြီဆိုပါစို ့။ဦးစွာ လက်ယာဖက်ခြေထောက်ကို ဆန် ့တန်း၍၊ ပြဿနာဖြစ်နေတဲ့ လက်၀ဲဖက်ခြေထောက်ကို
ရင်ခေါင်းထိ ရောက်အောင် ဖိကပ်လိုက်ပါ။ ပြီးရင် ဖနောင့်ကို မြေပြင်ပေါ်ထောက်၍ ခြေချောင်းလေးတွေကိုတော့ မိုးပေါ်ထောင်ထားပေးပါ။ ကြွက်သားတွေပြန်မကျမချင်း ဤနည်းအတိုင်းလုပ်ပေးပါ။

(၃) ကြွက်တက်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာ ဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်သလို၊ ဓာတ်ဆားရည်နဲ့ အီလက်ထရိုလိုက်ဖျော်ရည်တွေ သောက်သုံးပေးပါ။

(၄) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူ ဖိကပ်ပေးပါ။ (သို ့မဟုတ်) ကြွက်တက်နေတဲ့ ကြွက်သားဖုပေါ်ကို ရေနွေးပုလင်းဖြင့် အောက် ဖက်သို့ ဆွဲချ၍ အသာအယာ လှိမ့်ပေးပါ။

(၅) ဆပ်ပြာရည် လောင်းချပေးပါ။ ဆပ်ပြာရည်ရဲ ့တန်ပြန်ဓာတ် သက်ရောက်မှု ကြောင့် ကြွက်သားတွေကို စက္ကန် ့အနည်းငယ်အတွင်းမှာပင်ပြေလျော့သွားစေပါတယ်။

* (မှတ်ချက်။ ကြွက်တက်နေချိန် အနှိပ် ခံခြင်းက သက်သာနိုင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားသွားစေနိုင်လို ့ သတိပြုပါ)

ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံးလေးများ

(၁) အညောင်းမိခြင်းကြောင့် ကြွက်တက်နိုင်ပါတယ်၊ ဒါကြောင့် ခြေဆန် ့လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ အကြောလျော့ခြင်းတို ့ဖြင့် ကြွက်တက်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

(၂) ဆိုဒီယမ်(ခေါ်)ဆားအငံဓာတ် လွန်ကဲစွာ စားသုံးခြင်းက လူကို ဘေးဖြစ်စေသော်လဲ၊ အာရုံခံအင်္ဂါအဖွဲ့အစည်းများနှင့် ကြွက်သားများ ကောင်းစွာအလုပ်လုပ်စေနိုင်ဖို ့ အတွက် သင့်တင့်သော ဆိုဒီယမ်ပမာဏက မရှိမဖြစ်လေးပါ။ ဒါကြောင့် မကြာခဏကြွက်တတ်လေ့ရှိသူများ နှင့်ချွေးထွက်သန် သူများအဖို ့ ဥပမာ အငံဓာတ်ပါရှိသော မုန် ့အငံစားပါ (သို့မဟုတ်) သစ်သီးကို ဆားရည်အနည်းငယ်စိမ်၍ စားပါ။

(၃) the University of Maryland Medical Center မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ ့ တစ်နေ ့တာ ပိုတက်စီယမ်ဓာတ် လိုအပ်ချက်ပမာဏမှာ ၄၇၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထိုဓာတ်ချို ့တဲ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို ဆိုပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ကြွယ်၀တဲ့ အစားအစာများဖြစ်ကြသော ဌက်ပျောသီး၊ ဖရဲသီး၊ ရှောက် သံပုရာ သံပရိုသီးများ၊ ထောပတ်သီး၊ အာလူး၊ ကန်စွန်းဥ၊ နွားနို့၊ စွံပလွန်သီး၊ တရုပ်ဇီးသီး၊ စပျစ်သီး၊ စပျစ်ခြောက်၊ ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိမ်း၊ လိမေ္မာ်သီး၊ ဂရိတ်ဖရုသီး၊ ရေငံငါး အမျိုးမျိုး၊ ၀က်သား၊ သိုးသား တို ့စားပေးပါ။

(၄) the National Institutes of Health မှ ကျန်းမာရေးသုတေသီများ၏ အကြံပြုချက်အရ၊ အရွယ်ရောက်ပြီးသူ တစ်ဦး၏တစ်နေ ့တာ ကယ်လ်စီယမ် လိုအပ် ချက်ပမာဏမှာ ၁၀၀၀ မီလီဂရမ်ဖြစ်ပြီး၊ ထို်ဓာတ်ချို ့ တဲ့ပါက ကြွက်သားများ ကျုံ ့သွားစေနိုင်ပါတယ်တဲ့။ နွားနို ့၁-ဖန်ခွက်မှ ကယ်လ်စီယမ် ၂၄၄ မီလီလီတာ ရရှိနိုင်မှာဖြစ်သလို၊ ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အရိုးပါဝါးစားလို့ရတဲ့ ငါးသေးများ၊ ဒိန်ချဉ်၊ ချိစ်၊ ဗာဒံစေ့၊ သဖန်းသီး၊ ကတွတ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို ့ စားပေးပါ။

(၅) အားနည်းခြင်း၊ ကြွက်တက်ခြင်း နှင့် ကြွက်သားများကျုံ ့ခြင်းတို ့ဟာ မဂ္ဂနီစီယမ်ဓာတ်အားနည်းတဲ့ လက္ခဏာများဖြစ်ကြပါတယ်။ ကိုယ်၀န်ဆောင်အမျိုးသမီးတွေမှာ မဂ္ဂနီစီယမ်ဓာတ်လိုအပ်မှု များပြားပါတယ်။ ထိုဓာတ်တွေကြွယ်၀တဲ့ အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ အစေ့အဆံများ၊ ကောက်နှံ များ၊ ဌက်ပျောသီး နှင့် ကညွတ် ဟင်းနုနယ်ရွက် ကိုက်လံတို ့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တို စားပေးပါ။

(၆) ညဘက် ကြွက်တက် လေ့ရှိသူများအဖို ့ quinine ဓာတ်ပါရှိသော အားဖြည့်ရေကို သောက်ပါ (သို ့မဟုတ်) quinine ဓာတ်ပါရှိသော Qualaquin ဆေးကိုမှီ၀ဲပါ။

(၇) အရက်သေစာ သောက်စားခြင်းက ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်ခြင်းနှင့် ဆက်စပ်မှုရှိနေလို ့ သတိပြုသင့်ပါ တယ်။

(၈) တစ်နေ ့တာလုံး ရေသာက်နည်းခြင်းကလည်း ညအိပ်ပျော်နေစဉ်မှာ ကြွက်တက်နိုင်တာကြောင့်၊ နေ ့ ဘက်မှာရေ များများသောက်ပေးပါ။

(၉) အိပ်ပျော်နေစဉ် ကြွက်တက်လေ့ရှိသူများက၊ ညအိပ်ယာမ၀င်ခင် ခြေသလုံးကြွက်သား အကြောများကို ဖြေလျော့နှိပ်နယ်ပေးထားခြင်းဖြင့် ကြွက်မတက်အောင် ကြိုတင်ကွယ်ရာရောက်ပါတယ်။

(၁၀) Primrose oil (ခေါ်)အဝါရောင်ပန်းပွင့်အဆီတွေက သွေးကြောပိတ်ဆို ့၍ ကြွက်တက်ခြင်းအတွက် အသုံး၀င်တာကြောင့် ထိုပန်းပွင့်ဖြင့်ဖော်စပ် ထားတဲ့ အဝါရောင်ဆေး အဆီလုံး (Primrose oil) ကို ညအိပ်ယာမ၀င်ခင် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှေ၀သည်)
မှတ်စု page
Credit – ပေါက်ပေါက်
Photo-credit
တဆင့်ပြန်လည် မျဝေသည်
ကျန်းမာရေးအတွက် Share ထားပါ။
အချိန်မရွေး ဖတ်ရူနိုင်သည်။
==========

11/02/2020
Photos from TK medical store's post 01/02/2020

မတ်မတ်က အပြာကား ရိုက်ရင်
ကောင်းမလားတဲ့ ----??
မန့်ခဲ့အုံးနော်/////////

30/01/2020

ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ နိုင်ငံတကာ ဆေးသုတေသီတွေ အစွမ်းကုန် ကြိုးစားနေ

ဇန်နဝါရီ - ၂၅ ၊၂၀၂၀

ဝူဟန် ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ဖန်တီး ထုတ်လုပ်နိုင်ဖို့ ကမ္ဘာအနှံ့က ဆေးသုတေသန ပညာရှင်တွေ အချိန်လုပြီး အစွမ်းကုန် ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ လလယ်ကစပြီး တရုတ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ဝူဟန်မြို့မှာ ဗိုင်းရပ်စ် အမျိုးအစားသစ်တစ်ခု စတင် ပျံ့နှံ့လာပြီး အခုဆိုရင် လူပေါင်း တစ်ထောင်ကျော် ကူးစက်ခံထားရပါပြီ။ ပြီးတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

တရုတ် သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ် အသစ်ရဲ့ မျိုးဗီဇ ကုဒ်တွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ် အတည်ပြုနိုင်ခဲ့ပြီး ရက်ပိုင်းအတွင်း အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ကုဒ်ကို ရရှိတဲ့အခါ ကမ္ဘာအနှံ့က ဆေးသိပ္ပံ အဖွဲ့အစည်းတွေ အနေနဲ့ ဗိုင်းရပ်စ် နမူနာ မလိုအပ်တော့ဘဲ ကာကွယ်ဆေး ထုတ်လုပ်ဖို့ စတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား ကျန်းမာရေး ဌာနက သုတေသီတွေဟာ အခုသီတင်းပတ်မှာ ဝူဟန်က ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ထုတ်လုပ်ဖို့ကိစ္စ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

လူသားတွေမှာ လက်တွေ့ စမ်းသပ် အသုံးပြုနိုင်တဲ့ ဆေးဝါးမျိုးထိ ထုတ်လုပ်ဖို့ အချိန်ကန့်သတ်ချက် သုံးလလောက်ပဲ ရှိနေတာက အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ ပညာရှင်တွေက ဝန်ခံပါတယ်။

၂၀၀၃ ခုနှစ်တုန်းက ဖြစ်ပွားတဲ့ ဆားစ်ဗိုင်းရပ်စ် ကူးစက်မှု ပြဿနာတုန်းကဆိုရင် အမေရိကန် သိပ္ပံပညာရှင်တွေဟာ လူသားတွေဆီမှာ လက်တွေ့ စမ်းသပ်အသုံးပြုမှု မတိုင်ခင် မျိုးဗီဇ ပြောင်းလဲ သက်ရောက်မှု ပြဿနာတွေကို လပေါင်း ၂၀ လောက် အချိန်ယူ တွက်ဆခဲ့ရပါတယ်။

ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်း တက္ကသိုလ်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ တုံ့ပြန်မှု အဖွဲ့ရဲ့ အားပေး ထောက်ခံမှုနဲ့အတူ သိပ္ပံပညာရှင်တွေက ဗိုင်းရပ်စ်ရဲ့ မော်လီကျူးတွေကို ပုံပျက်သွားအောင် ဖိအားပေး တိုက်ခိုက်တဲ့ နည်းပညာမျိုးကို စမ်းသပ်ပြီး အလားအလာကောင်းတချို့ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသမှာ ကူးစက်ခဲ့တဲ့ မားစ်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတစ်မျိုး လက်တွေ့ ထုတ်လုပ်နိုင်ခဲ့တဲ့ Novavax ကုမ္ပဏီကလည်း ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သုတေသနပြုမှုတွေ စတင်နေပြီလို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ အခြေစိုက်တဲ့ Vir ဇီဝနည်းပညာ ကုမ္ပဏီကလည်း ဆားစ်နဲ့ မားစ်အမျိုးအစား ကိုရိုနာ ဗိုင်းရပ်စ်တွေကို အတိုင်းအတာ တစ်ခုထိ တိုက်ဖျက်နိုင်တဲ့ ပဋိဇီဝ စနစ်မျိုး ဖန်တီးထားနိုင်ပြီး မျိုးနွယ်တူ ဝူဟန်ဗိုင်းရပ်စ် အတွက်ပါ ထိရောက်မှု ရှိလာအောင် ကြိုးစားနေကြောင်း ကြေညာထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိကျတဲ့ ကာကွယ်ဆေးမျိုး မရှိသေးပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို အအေးမိ လူနာတွေလို သဘောမျိုးပဲ အနားယူစေတာ၊ အရည်များများ သောက်စေတာ၊ အဖျားကျဆေးတွေ တိုက်တာမျိုးတွေနဲ့ပဲ အဓိက ကုသပေးနေတယ်လို့ သိရပါတယ်။

28/01/2020

ကိုယ်ခံအားကောင်းသော်လည်း မပေါ့ဆသင့်တဲ့
ဝူဟန်ဗိုင်းရပ်စ်ပိုး 🐵🐵🐵🐵🐵
..ဝူဟန်ဗိုင်းရပ်စ်ပိုး(Wuhan Virus;Novel Corona Virus 2019)ကူးစက်ခံရပြီး သေဆုံးတဲ့လူနာတွေထဲမှာ ကိုယ်ခံအားကောင်းတဲ့ လူငယ်၊လူလတ်ပိုင်းတွေ၊ပင်ကိုယ်ရောဂါအခံမရှိတဲ့ သူတွေပါတာကို နိုင်ငံတကာသတင်းတွေမှာ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။🌊🌊🌊
..အဲ့လိုဘာလို့ဖြစ်ရလဲ မရှင်းပြခင် ဝူဟန်ပိုး အကြောင်းနည်းနည်း ပြောပါရစေ။ဝူဟန်ပိုးဟာ အသက်ရှုလမ်းကြောင်းကနေ ကူးစက်ပါတယ်။ရောဂါပိုးရှိတဲ့သူ နှာချေ၊ချောင်းဆိုးတဲ့ အခါ လေထဲကနေတစ်ဆင့် ပျံ့နှံ့ပြီး အခြားသူတစ်ဦးကို ကူးစက်စေနိုင်ပါတယ်။🐵🐵🐵
..ထူးခြားတာက တရုတ်ပြည် ဝူဟန်မြို့ကနေ စတင်တယ်လို့ ပြောတဲ့ ဝူဟန်ပိုးဟာ ရောဂါပိုးအသစ်ဖြစ်ပါတယ်။ယခင်တည်းက တွေ့ရှိဖူးပြီးသား Corona Virus အမျိုးအစားဖြစ်ပေမယ့် သူက ဗီဇဆိုင်ရာ လက္ခဏာ အသွင်ပြောင်းထားတဲ့ ရောဂါပိုးပုံစံ အသစ်ပါ။(Emerging Virus,Novel Virus)🐵🐵🐵🐵🐵
..လူ့ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအား(ခုခံအား) စနစ်က အပြင်က ဝင်လာသမျှ ရောဂါပိုး မှန်သမျှကို တိုက်ခိုက်ချေမှုန်း နိုင်စွမ်းရှိပါတယ်။ရင်ဆိုင်နေကြ ရန်သူနဲ့ တွေ့တဲ့အခါ ကိုယ်ခံအားစနစ်က တစ်ဖက် ရောဂါပိုးရဲ့ ပျော့ကွက်၊ဟာကွက်ကို သိတဲ့အတွက် အလွယ်တကူပဲ ထိုးစစ်ဆင် အနိုင်ယူလိုက်နိုင်ပါတယ်။💥💥💥
..ဒါပေမယ့် အခုလို ယခင်က မတွေ့မမြင်ဖူးတဲ့ ရောဂါပိုးအသစ်(ရန်သူအသစ်) နဲ့ တိုက်ခိုက်ရတဲ့အခါ ခုခံအားစနစ်က တုန့်ပြန်မှု လွန်ကဲတဲ့ အခြေအနေမျိုးတွေ့ကြုံရတတ်ပါတယ်။(စိတ်ပူပြီး အဆမတန်ပြင်ဆင်ခုခံတဲ့ သဘောမျိုးပါ)🌠🌠🌠
..မမြင်ဖူးတဲ့ ရောဂါပိုးအသစ် အသက်ရှုလမ်းကြောင်းကနေ ဝင်လာရင် လေပြွန်နဲ့ အသက်ရှုလမ်းကြောင်းမှာ ရှိတဲ့ ခုခံအားစနစ်ရဲ့ တပ်သားတွေက ရောဂါပိုးကို တိုက်ခိုက်ဖို့၊သွေးဖြူဥတွေကို လှုံ့ဆော်ဖို့ Cytokine လို့ ခေါ်တဲ့ အချက်ပေးမော်လီကျူးတွေကို ထုတ်လွှတ်ရပါတယ်။အဲ့ဒီ Cytokine တွေက သွေးဖြူဥတွေကို လှုံ့ဆော်တဲ့အခါ ရောဂါပိုးကို အင်အားအပြည့် တိုက်ခိုက်ဖို့ နောက်ထပ် အဖွဲ့ဝင် တပ်သားအနေနဲ့ သွေးဖြူဥတွေ ထပ်ထွက်စေပါတယ်။ထွက်လာတဲ့ တပ်သားအသစ် သွေးဖြူဥတွေကလည်း နောက်ထပ် Cytokine တွေ အဆမတန် ထုတ်စေခြင်းအားဖြင့် အဆိုးသံသရာ လည်ပြီး များပြားသော Cytokine တွေ သွေးထဲမှာ စုပုံလာပါတော့တယ်။(Cytokine Storm လို့ ခေါ်ပါတယ်,အလွန်အမင်း တုန့်ပြန်တဲ့ ခုခံအားစနစ်နဲ့ ရောဂါပိုးနဲ့ မုန်တိုင်းတိုက်သလို တိုက်ပွဲဖြစ်ကြတာပါ)💥💥💥
..ဝူဟန်ဗိုင်းရပ်စ်၊H1N1၊H5N1 စတဲ့ ပိုးတွေကြောင့် သေဆုံးရခြင်းဟာ SARS လို့ ခေါ်တဲ့ ပြင်းထန်အသက်ရှုရခက်တဲ့ ရောဂါအခြေအနေကြောင့် ဖြစ်ရတာပါ။ဒီအဆင့်ရောက်ရင် အသက်ရှုရအရမ်းခက်လာမယ်၊သွေးပေါင်ကျဆင်းလာမယ်၊အော့အန်မယ်၊သတိလစ်မယ်၊တက်မယ်၊သွေးယိုစီးမယ်၊နောက်ဆုံး အသက်အန္တရာယ်ထိ ဒုက္ခပေးနိုင်ပါတယ်။ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အပေါ်မှာ ပြောခဲ့တဲ့ Cytokine တွေ အဆမတန် များပြားလာခြင်းကြောင့်ပါ💥💥💥
..ဆရာဝန်တွေ အနေနဲ့ ဒီလို အခြေအနေရောက်ရင် ရေဓာတ်ပြန်လည် ဖြည့်တင်းပေးခြင်း၊Steroid ကဲ့သို့သော ဆေးများဖြင့် ကုသပေးရပါတယ်🌠🌠🌠
..ခုခံအားစနစ်ကို ကားတစ်စင်းနဲ့ တင်စားရင် လိုရာခရီးရောက်ဖို့ ရောဂါပိုးတွေကို သုတ်သင်ရှင်းလင်းတဲ့ အခါမှာ မီးစိမ်းပြတဲ့အနေနဲ့ ခရီးဆက်ရမှာ ဖြစ်ပြီး ရပ်ရမယ့် အခြေအနေမှာတော့ မီးနီပြ ရပ်နားရမှာပါ။ရပ်ရမယ့် အချိန်မရပ်ရင် ဒုက္ခနဲ့ ရင်ဆိုင်ရတတ်ပါတယ်☀️☀️☀️
..ဒါဆို အဲ့လို အခြေအနေမဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရပါသလား ဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ခုခံအား စနစ်ကို မောင်းနင် ထိန်းချုပ်ဖို့ နည်းလမ်း အချို့လည်း ရှိပါတယ်🌠🌠🌠
..Nutrition & Environmental factors on microbiome ဆိုတဲ့ ဆေးသိပ္ပံ ဆောင်းပါးတစ်ခုမှာ ခုခံအားစနစ်ကို အကောင်းဆုံး ထိန်းညှိပေးတဲ့ အရာအနေနဲ့ Probiotics ကို တိတိကျကျ ညွှန်ပြထားပါတယ်။Probiotics ဆိုတာ ဒိန်ချဉ်တို့လို အစားအစာတွေမှာ ပါတဲ့
ခန္ဓာကိုယ်အကျိုးပြု အဏုဇီဝပိုးလေးတွေပါ။
..လူကို ဒုက္ခပေးမယ့် ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရင် Probiotics ပိုးလေးတွေက ဘယ်လို တုန့်ပြန်သလဲ ဆိုရင် 💥💥💥

✴️Immunoglobulin A ကို ထွက်စေခြင်းဖြင့် ရောဂါပိုးတွေကို သေဆုံးစေနိုင်ပါတယ်။

✴️အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေခြင်းဖြင့် ခုခံအားစနစ်ကို တိုးမြင့်ပေးပါတယ်။

✴️ခုခံအားစနစ်အနေနဲ့ Cytokine တွေ အများကြီး မထွက်အောင် ထိန်းညှိပေးပါတယ်။
(Immunomodulatory effect လို့ ခေါ်ပါတယ်)

✴️အကျိုးပြုပိုးတွေ ပြည့်ဝနေရင် ရောဂါပိုးတွေ ကိုယ်ခန္ဓာမှာ ရှင်သန်ဖို့ ခက်ခဲအောင် လုပ်ဆောင်ပေးထားပါတယ်။
..Probiotics ကြွယ်ဝတဲ့ အစားအသောက်တွေဟာ အခုဆို ကျနော်တို့ မြန်မာပြည်သူတွေနဲ့ ရင်းနှီးနေပြီ ဖြစ်တဲ့ အတွက် အားလုံးပဲ အိမ်မှာ အလွယ်တကူ ပြင်ဆင်စားသောက်နိုင်ပါတယ်။
..ဒီစာကနေ အဓိက ပြောချင်တာကတော့ 💡💡💡

🔺ဝူဟန်ဗိုင်းရပ်စ် ကို အရမ်းလည်း ကြောက်စရာမလိုပါ၊သတိထားဖို့တော့ လိုပါမယ်။
🔺ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာပါ။
🔺ကောလဟလထက် တိကျတဲ့ သတင်းထုတ်ပြန်မှုကိုသာ နားစွင့်ပါ။
🔺ကိုယ်ခံအား ကောင်းစေတဲ့ အစားအစာနဲ့ ဆေးဝါးတွေ(ဥပမာ-ဗီတာမင် စီ) စတာတွေကို မှီဝဲ စားသုံးရမယ့် အပြင် ခုခံအားကို ထိန်းညှိပဲ့ကိုင်ပေးတဲ့ Probiotics တွေကိုလည်း မမေ့သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
..Cytokine Storm နဲ့ ပတ်သက်ပြီး ရေးသားကြသော ပညာရှင်များကို အသိအမှတ်ပြုပါတယ် ✍️✍️✍️

ကျန်းမာပျော်ရွှင်ကြပါစေ

Credit Content Author ဒေါက်တာရဲပြည့်ဟိန်း

28/01/2020

များများရှယ်ပေးပါ အလွန်းအရေးကြီးပါတယ်
ဘယ်သူဘဲ အိမ်လာလာ..လက်ဆေးပီးမှ
ထိုင်ခိုင်းပါ..အားနာစရာမလိုပါ..ဒီလိုဘဲ..
အိမ်သားတွေ အပြင်ကလာလည်း..အရင်ဆေးခိုင်းပါ
ဆယ်ခါလာ..ဆယ်ခါဆေးပါ။
( အင်တိုက်အားတိုက်ပညာပေးမရှိသေးပါ)
( လူထူသောနေရာ မသွားပါနဲ)
(ပိုက်ဆံတွေကိုင်ပီးလည်းဆေးပါ)
( အဓိကအများဆုံးက..အထိအတွေ့ကကူးတာ)
( ချောင်းဆိုးရင်. ဆေးခန်းပြေး..ကျိတ်ကုမနေနက်)
( ကိုယ်ပူရင်. သေချာကု)
(လေထဲကလည်းကူး၏..mask တပ်)
(ရေခနခနသောက်ပါ)
( ကိုယ်ခံအားကောင်းအောင်လုပ်ထား..သောက်ပါ
အရိုးဆွပ်ပြုတ်တွေစားထား)
( အိပ်ရေးကို..ဝနေအောင်အိပ်ထား)
(သတင်းတွေကို..နားစွင့်ထား..ကလေးတွေကို
ဂရုစိုက်)
(လည်ပင်းနာပီဆိုတာနဲ့. ဆေးခန်းပြ)
( Bus ကားစီးပီး..ပါးစပ်ထဲ အစာကိုင်မစားနဲ့အုံး
အရင်လက်ဆေး..ရတဲ့နေရာ ရှာဆေး..ပီးမှစား)
(တယောက်ခြင်း..လိုက်နာမှ..အများကို..သက်သာ
စေမည်)
( ဒီကိုရောက်တာတွေ / မရောက်တာတွေမသိပါ.
အရင်ဆုံး...ကိုယ့်တာဝန်ကိုယ်ကြေပါ။)

ကာကွယ်ဆေးမရှိသေးပါ...သို့သော်..ကာကွယ်နေ
ထိုင်ပေးပါ။
ဒီ..post ကို အများသိအောင် share ပါ။

#ဝူတန်ဗိုင်းရပ်စ်

26/01/2020

ညီအစ်ကို့တို့ ကိတ်ကိတ်တဲ့
ကြည့်ပြီး share သွားနော်

Photos from TK medical store's post 24/01/2020

Blue Berries ဘီလူးဘယ်ရီသီး
****************************

ကမ္ဘာပေါ်မှာ ဘယ်ရီသီး အမျိုးအစားအများကြီး ရှိပါတယ်။ ဘလူးဘယ်ရီသီးကိုတော့ ဒီမှာရှားပါးတဲ့အတွက် မြန်မာတွေနဲ့ ရင်းနှီးဆုံးက စတော်ဘယ်ရီ (Strawberry) ဖြစ်ပါတယ်။ ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ကြောင်း အာဟာရ ပညာရှင်များက ဆိုပါတယ်။

ဘလူးဘယ်ရီ (Blueberry)
ဘလူးဘယ်ရီ ဟာ အပြာရင့်/ခရမ်းရင့်ရောင် ရှိတဲ့ ဘယ်ရီသီးတစ်မျိုး ဖြစ်ပါတယ်။ အလွန်အေးမြတဲ့ ဒေသတွေမှာ ထွက်ပါတယ်။ Austria အခြေစိုက် Best Berry Chile S.A Company နေပြီး ဥရောပနဲ့ အာရှနိုင်ငံအသီးသီးကို ဖြန့်ချိလျက်ရှိပါတယ်။

ဘလူးဘယ်ရီ(Blueberry)သီးဟာ သင့်ကျန်းမာရေးအပေါ်ဘယ်လိုတွေများအကျိုးသက်ရောက်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်…

၁။ Blue berry = Brain berry
ဘလူးဘယ်ရီ သီး ဟာ ဦးနှောက် နှင့် ဥာဏ်ရည် အတွက် အလွန်ကောင်းမွန်သော အသီးဖြစ်ပါတယ်။ ဘလူးဘယ်ရီ ကို ဘရိန်းဘယ်ရီလို့တောင် တင်စားခေါ်ဝေါ် ရတဲ့အထိပါပဲ။ ကလေးတွေမှာ ဦးနှောက် ဖွံ့ဖြိုးမှု အားပေးတယ်။ မှတ်ဥာဏ်ကောင်း စေတယ်။ အဖိုးအဖွားတွေမှာ အသက်အရွယ် ကြောင့် မှတ်ဥာဏ် လျော့ပါးခြင်းကို ကာကွယ် ပေးပါတယ်။ မျက်စိကိုလည်း အားကောင်းစေပါတယ်။

၂။ ဘလူးဘယ်ရီ သီး ဟာ antioxidant အလွန်ကြွယ်ဝစွာ ပါရှိသော အသီးဖြစ်ပါတယ်။ ဘလူးဘယ်ရီ သီးမှာ ပါရှိတဲ့ Polyphenol, Flavonones နှင့် Antioxidant များက စားသုံးသူတွေကို ကျန်းမာ နုပျိုစေပြီး နှလုံးရောဂါ ၊ အသည်းရောဂါ နှင့် ကင်ဆာရောဂါ အမျိုးမျိုး မဖြစ်စေရန် ကာကွယ်ပေးပါတယ်။

၃။ ဘလူးဘယ်ရီသီး ရဲ့ သူမတူတဲ့ထူးခြားမှုက သူ့ရဲ့ ရောင်ခြယ်ပစ္စည်း Anthocyanin ဖြစ်ပါတယ်။ Anthocyanin က အသီးရဲ့အရောင်ကို အပြာရင့်ရောင် ၊ ခရမ်းရောင် ဖြစ်စေပါတယ်။ Anthocyanin ဟာ အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ဖြစ်ပွားတတ်သော အလုံးအကျိတ်များ၊ ကင်ဆာများကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ ကင်ဆာ အကျိတ်များကို ၇% ကျုံ့စေပါတယ်။ ခိုင်မာတဲ့ သုတေသန စမ်းသပ်မှုများ ရှိပြီးဖြစ်ပါတယ်။ USA မှာ Anthocyanin ကို သီးခြားထုတ်ယူပြီး ဆေးတောင့်အဖြစ် ဖော်စပ်ရောင်းချနေပါပြီ။

၄။ ဘလူးဘယ်ရီသီး ဟာ အစာချေဖျက်ခြင်းကို အားပေးပါတယ်။ အစာမကျေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေပါတယ်။
၅။ ကလေးတွေမှာ သဘာဝအတိုင်း ခံတွင်းလိုက်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။

၆။ သွေးအချိုဓာတ်ကို မနည်းလွန်း မများလွန်းအောင် ထိန်းညှိပေးပါတယ်။ ကိုလက်စရော အဆီကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးချိုဆီးချို နှင့် အဝလွန်သူများလည်း စားသုံးနိုင်ပါတယ်။

Credit မူရငျး Blue Berries ဘီလူးဘယ်ရီသီး
****************************

ကမ္ဘာပေါ်မှာ ဘယ်ရီသီး အမျိုးအစားအများကြီး ရှိပါတယ်။ ဘလူးဘယ်ရီသီးကိုတော့ ဒီမှာရှားပါးတဲ့အတွက် မြန်မာတွေနဲ့ ရင်းနှီးဆုံးက စတော်ဘယ်ရီ (Strawberry) ဖြစ်ပါတယ်။ ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ကြောင်း အာဟာရ ပညာရှင်များက ဆိုပါတယ်။

ဘလူးဘယ်ရီ (Blueberry)
ဘလူးဘယ်ရီ ဟာ အပြာရင့်/ခရမ်းရင့်ရောင် ရှိတဲ့ ဘယ်ရီသီးတစ်မျိုး ဖြစ်ပါတယ်။ အလွန်အေးမြတဲ့ ဒေသတွေမှာ ထွက်ပါတယ်။ Austria အခြေစိုက် Best Berry Chile S.A Company နေပြီး ဥရောပနဲ့ အာရှနိုင်ငံအသီးသီးကို ဖြန့်ချိလျက်ရှိပါတယ်။

ဘလူးဘယ်ရီ(Blueberry)သီးဟာ သင့်ကျန်းမာရေးအပေါ်ဘယ်လိုတွေများအကျိုးသက်ရောက်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်…

၁။ Blue berry = Brain berry
ဘလူးဘယ်ရီ သီး ဟာ ဦးနှောက် နှင့် ဥာဏ်ရည် အတွက် အလွန်ကောင်းမွန်သော အသီးဖြစ်ပါတယ်။ ဘလူးဘယ်ရီ ကို ဘရိန်းဘယ်ရီလို့တောင် တင်စားခေါ်ဝေါ် ရတဲ့အထိပါပဲ။ ကလေးတွေမှာ ဦးနှောက် ဖွံ့ဖြိုးမှု အားပေးတယ်။ မှတ်ဥာဏ်ကောင်း စေတယ်။ အဖိုးအဖွားတွေမှာ အသက်အရွယ် ကြောင့် မှတ်ဥာဏ် လျော့ပါးခြင်းကို ကာကွယ် ပေးပါတယ်။ မျက်စိကိုလည်း အားကောင်းစေပါတယ်။

၂။ ဘလူးဘယ်ရီ သီး ဟာ antioxidant အလွန်ကြွယ်ဝစွာ ပါရှိသော အသီးဖြစ်ပါတယ်။ ဘလူးဘယ်ရီ သီးမှာ ပါရှိတဲ့ Polyphenol, Flavonones နှင့် Antioxidant များက စားသုံးသူတွေကို ကျန်းမာ နုပျိုစေပြီး နှလုံးရောဂါ ၊ အသည်းရောဂါ နှင့် ကင်ဆာရောဂါ အမျိုးမျိုး မဖြစ်စေရန် ကာကွယ်ပေးပါတယ်။

၃။ ဘလူးဘယ်ရီသီး ရဲ့ သူမတူတဲ့ထူးခြားမှုက သူ့ရဲ့ ရောင်ခြယ်ပစ္စည်း Anthocyanin ဖြစ်ပါတယ်။ Anthocyanin က အသီးရဲ့အရောင်ကို အပြာရင့်ရောင် ၊ ခရမ်းရောင် ဖြစ်စေပါတယ်။ Anthocyanin ဟာ အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ဖြစ်ပွားတတ်သော အလုံးအကျိတ်များ၊ ကင်ဆာများကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ ကင်ဆာ အကျိတ်များကို ၇% ကျုံ့စေပါတယ်။ ခိုင်မာတဲ့ သုတေသန စမ်းသပ်မှုများ ရှိပြီးဖြစ်ပါတယ်။ USA မှာ Anthocyanin ကို သီးခြားထုတ်ယူပြီး ဆေးတောင့်အဖြစ် ဖော်စပ်ရောင်းချနေပါပြီ။

၄။ ဘလူးဘယ်ရီသီး ဟာ အစာချေဖျက်ခြင်းကို အားပေးပါတယ်။ အစာမကျေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေပါတယ်။
၅။ ကလေးတွေမှာ သဘာဝအတိုင်း ခံတွင်းလိုက်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။

၆။ သွေးအချိုဓာတ်ကို မနည်းလွန်း မများလွန်းအောင် ထိန်းညှိပေးပါတယ်။ ကိုလက်စရော အဆီကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးချိုဆီးချို နှင့် အဝလွန်သူများလည်း စားသုံးနိုင်ပါတယ်။

Credit မူရင်း post ပိုင်ရှင်

Videos (show all)

ဘဝပေး သင်ခန်းစာ သင်နားထောင်ြပီး ပြန်လည် မျဝေပေးပါ။
အများသိအောင် Share ရှယ် ပေးပါ
လူတိုင်းလူတိုင်း အတွက် Shareပေးကြပါ။
Covid-19 ကာကွယ်ရန် အတွက်Video File အား Share ပေးပါ။
ဝူဟန် Cov-19အတွက် ဗဟုသုတ၃ မိနစ်လောက် နားထောင်ကြည့်ပါLike----Share လုပ်ပေးကြပါ။video--creditAuto-converted: Cov-19အတြက္ ဗ...
ညီအစ်ကို့တို့ ကိတ်ကိတ်တဲ့ကြည့်ပြီး share သွားနော်

Website