Chit Htwe Painting Group

Chit Htwe Painting Group

09 961 870 520

06/01/2024

ဝါသနာနဲ့ကင်းကွာနေလို့
အမှိုက်ဖြစ်နေတဲ့ ရွက်ပုန်းသီးတွေရယ်
တော်ရာမှာနေပြီး
ပျော်ပျော်သေဖို့လုပ်နေတဲ့ ကျောက်ရိုင်းတွေရယ်
မှန်တယ်ထင်ရာလမ်းကို
နောင်တကင်းစွာလျှောက်ပြီး နောက်မျိုးစေ့တွေဖို့
ငယ်ရွယ်မှုကို ရင်းနှီးထားတဲ့ ပတ္တမြားခဲတွေရယ်..။

ကဲပြော...!
ဒီသက်ရှိတွေက လူငယ်ဖြစ်ကြောင်းကို
ဘာနဲ့သက်သေထပ်ပြရအုံးမလဲ //

#ရိုးတံ

☮🕊👑

Photos from Chit Htwe Painting Group's post 29/12/2023

အလုပ်အပ်သော Cilent များက မေးပါတယ်😂
ဗမာလား၊ကုလား မွတ်စလင်လား အသက်က ဘယ်လောက်လဲ ပါပါသေးတယ်☺
ကျနော် ဗမာပါ ဗုဒ္ဓဘာသာ ဆိုလည်း မယုံပါဘူး
ကျနော်တို့ မိသားစု ဘုရားဆူး😁😁ဗုဒ္ဓဘာသာပါ
ဘုန်းကြီးဝတ်တုံးက ပုံ မနည်းရှာထားရတယ်😅😅

23/12/2023

သကြား မှတ်လို့ ...
ကိုယ်ကြိုက်တဲ့ ကော်ဖီထဲ ထည့်ခဲ့တာ ...

ဆား မှန်း သိပြီးမှတော့ ...
ကျိတ်မှိတ် မြိုချနေမဲ့အစား ...
သွန်ပစ်လိုက်တာ ပိုကောင်းပါတယ် ...

ကော်ဖီ ... အသစ်တစ်ခွက် ...
ထပ်သောက်မယ် ..
ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

မသင်ယူတတ်ခဲ့တုန်းကတော့ ....
ဒဏ်ရာလို့ ထင်တယ်
သင်ယူတတ်သွားတော့ ...
သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

သကြားယောင်ဆောင်သော ...
ဆားတွေနဲ့ ဝေးပါစေ

Photos from Chit Htwe Painting Group's post 16/12/2023

plaster cracking🔎🔎🔎
နံရံအက်ကွဲခြင်းအကြောင်း
•••••••••••••••••••••••••••••

ချောသားနံရံပြင်တွေမှာ
PlasterCrack တွေဘယ်အချိန်မှာစပြီး
မြင်ရနိုင်မလည်းဆိုရင်တော့
ဆေးပိုင်းအချောဝင် အိမ်အပ်ပြီးနောက်
နှစ်လနဲ့သုံးလအတွင်းမှာပေါ်လာနိုင်ပါတယ်
အိမ်အပ်ပြီးတစ်လလောက်အတွင်းမှာတော့
မပေါ်နိုင်သေးပါဘူး
နံရံပြင်အတွင်းပိုင်းမှာ အစိုဓာတ်(moisture)တွေ
ကျန်နေသေးတဲ့အတွက် မကွဲသေးတာပါ

တစ်လကျော်လောက်ကြာပြီးတဲ့နောက်မှာတော့
ပြင်ပအပူချိန်ကြောင့်
နံရံအတွင်းပိုင်းအစိုဓာတ်တွေနည်းလာပြီး
နံရံပြင်ခြောက်သွေ့လာတဲ့အခါမှာတော့
Plaster Crack တွေစဖြစ်လာပါပြီ

Column crack / Beam crack တွေ
ဖြစ်ပေါ်လာခဲ့လျင် စိုးရိမ်နိုင်စရာရှိပေမယ့်
အပူအအေးမမျှလို့ / ရောစာတွေမသန့်လို့ဖြစ်
ပေါ်လာတဲ့
Plaster Crack တွေကတော့ သိပ်ပြီး
စိုးရိမ်လောက်စရာမရှိပါဘူး

(Structure fail ဖြစ်လို့ပေါ်လာတဲ့
Crack မျိုးဆိုရင်တော့စိုးရိမ်ရပါတယ်

Plaster crack တွေဘာကြောင့်ဖြစ်ပေါ်စေသလည်း

(1)အချောကိုင်ရန်ဖျော်စပ်တဲ့သဲအတွင်း
နှုန်း / အမှိုက် တွေရောပါနေခြင်း

(2)အချောကိုင်မည့်အုတ်ရိုးများအားသန့်ရှင်းရေးမ
လုပ်မိခြင်း

(3)ခြောက်သွေ့နေတဲ့အုတ်ရိုးများအားရေမပေးပဲ
အချောကိုင်မိခြင်း

(4)Plaster အတွင်းရေမစစ်သေးတဲ့အချိန်ပျော့တွဲ
နေစဥ်အချိန်မှာပဲ
လက်ပွတ်စားအချောကိုင်မိခြင်း

(5)အုတ်စီရာတွင် Joint များမမိခြင်း

(6)Formwork အထပ်သားပြောင်ချောမှုကြောင့်
အဆီတက်နေတဲ့တိုင်တွေအား ဗြုတ်မရိုက်ပဲ
အချောကိုင်မိခြင်း

(7)ဘိလပ်မြေအတွင်း Chemical ပါဝင်မှုများပြား
နေခြင်း
5:2:5 class ကိုအချောကိုင်တဲ့နေရမှာမသုံးသင့်ပါ
4:2:5: class လောက်ကိုသာအသုံးပြုသင့်ပါတယ်

(8)အချောကိုင်ပြီးသားနံရံပြင်အား ရေမလောင်းမိ
ခြင်း
Current setting မလုပ်ခြင်း

(9)အချောကိုင်ပြီစနံရံအတွင်း စိုထိုင်းစရှိနေချိန်
ရေဓာတ်မကုန်သေးသည့်အချိန်
အပေါ်မှပတ်တီးရိုက်ဆေးသုတ်မိခြင်း
စတဲ့အချက်တစ်ချို့ကြောင့်
နံရံပြင်တွေမှာ plaster cracking တွေဖြစ်ပေါ်လာရ
ပါတယ်

အက်ကွဲကြောင်းသေးသေးလေးတစ်ခုလောက်တွေ
ရုံနဲ့
စိုးရိမ်စိတ်မဝင်မိကြဖို့ အသိပေးချင်ပါတယ်

မသိသေးတဲ့သူတွေအတွက်ဗဟုသုတဖြစ်အောင်
တင်ပေးရခြင်းပဲဖြစ်ပါတယ် ခဗျ

02/12/2023

ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ
တည်ဆောက်ပါ . . .

နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ သိလာရတာက System ဆိုတဲ့ စံနစ်ပါပဲ . . .

ဝန်ထမ်းပေါင်း ၃၀၀၀ လောက်ရှိတဲ့ Company တစ်ခုမှာ
ဘာနဲ့ ထိန်းထားလဲဆိုရင် System နဲ့ပဲ ထိန်းထားပါတယ် . . .

အလုပ်ဝင်ချိန် ထမင်းစားချိန် အလုပ်လုပ်ချိန် နားချိန် အိမ်ပြန်ချိန် စတဲ့
နေ့စဉ်လုပ်ဆောင်မှုအားလုံးကို System ကနေပဲ လိုက်မှတ်ပေးထားပါတယ် . . .

သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်ပြီး ဘာမှ လုပ်မရပါဘူး . . .
လကုန်တာနဲ့ သတ်မှတ်ထားတဲ့ ဝန်ထမ်းနံပါတ်အလိုက်
လစာစာရွက်တွေရောက်ရှိလာပါတယ် . . .

ဒီလိုပဲ လည်ပတ်နေတာ တစ်နှစ်ပြီး တစ်နှစ်ပါ . . . ပြဿနာဆိုတာ
အရမ်းနည်းပါတယ် . . . အလုပ်အားလုံးနီးပါးလည်း အဆင်ပြေချောမွေ့ပါတယ် . . . အားလုံးလည်း မြန်မာပြည်မှာထက်တောင် ပိုချစ်ခင်ကြပါတယ် . . .

ဒါပေမယ့် ကျွန်တော်တို့ဆိုတာ Company System ထဲက သတ်မှတ်ထားတဲ့ နံပါတ် လေးတစ်ခုပါပဲ . . .

ကျွန်တော်တို့ အလုပ်ထွက်လာခဲ့တယ် လုပ်ငန်းကြီးဆက်လက်ရပ်တည်ကြီးပွါးနေတာပါပဲ . . .

ဒါတွေအားလုံးရဲ့ အချုပ်က System ဆိုတဲ့ စံနစ်ပါပဲ . . .

ကြိုက်တဲ့ နေရာ ကြိုက်တဲ့ ရာထူး ကြိုက်တဲ့သူ အလုပ်ထွက်ပါစေ လုပ်ငန်းမပျက်ပဲ ရှိနေတာကလည်း ထူးဆန်းပါတယ် . . .

အချိန်တစ်ခုရောက်တာနဲ့နောက်လူတစ်ယောက်က လွတ်သွားတဲ့ နေရာကို ဝင်လာပြီး ဆက်Run ပါတယ် . . . ဒါက System ပဲဆိုတာ သိခဲ့ရတယ် . . . လူပုဂ္ဂိုလ်ကို မမှီခိုပါဘူး . . .

ကျွန်တော်စီးပွါးရေး စလုပ်ကတည်းက Process Management System ကိုဦးစားပေးတည်ဆောက်ထားပါတယ် . . .

ဒါကဘာလဲဆိုရင် အလုပ်မှာ ကျွန်တော်မရှိရင်တောင် သတ်မှတ်ထားတဲ့ နှစ်တစ်ခုအထိ ဆက်လက်ရပ်တည်နေနိုင်ဖို့နဲ့ အချိန်မရွေး မည်သည့် Audit မဆို စစ်ဆေးနိုင်တဲ့ Financial Management System ကိုလည်း တစ်ပြိုင်နက်တည်း တည်ဆောက်လာခဲ့တာပါ . . .

ကျွန်တော့်အလုပ်မှာ ဘယ်သူမဆို ထွက်သွားပါစေ အလုပ်က ဆက်လက်ရပ်တည်နေနိုင်အောင် PMS က ထိန်းထားနိုင်ခဲ့ပါတယ် . . .

PMS ထဲမှာ မိသားစု ဆွေးမျိုး မိတ်ဆွေဆိုတာ မရှိပါဘူး . . . သတ်မှတ်ထားတဲ့ System ထဲက Violate regulations ဖြစ်တာနဲ့ Terminated ပါပဲ . . .

ဒါကြောင့် ယုံကြည်ရတဲ့ ဝန်ထမ်းကို မတည်ဆောက်ပါနဲ့ ခိုင်မာတဲ့ System ကိုပဲ တည်ဆောက်ပါ . . .

ဝန်ထမ်းဘဝဆိုတာ လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းနေကြတဲ့ နေရာတစ်ခုပါ . . . ကိုယ်တိုင်လည်း ဝန်ထမ်းဘဝကို လွတ်လပ်ခွင့်တွေနဲ့အတူ ပျံသန်းလာခဲ့တာ ၁၀ နှစ်ကျော်ရှိပြီး လုပ်ငန်းပေါင်း ၂၀ လောက်ကို ရွှေ့ပြောင်းလုပ်ကိုင်လာခဲ့တာပါ . . .

ပျံသန်းပါစေ . . . ပြောင်းလဲပါစေ . . .

မိတ်ဆွေသာ စံနစ်တစ်ခုကို တည်ဆောက်ပါ . . .

မည်သူမရှိတော့လို့ လုပ်ငန်းအဆင်မပြေတော့ဘူးတို့ . . . လုပ်ငန်းပိတ်လိုက်ရတယ်တို့ . . . ဆိုတာ မဖြစ်သင့်တဲ့အရာလို့ ထင်မြင်မိပါတယ် . . .

Credit to Han Thu Lwin

#သဘောကျလို့ထပ်ဆင့်ကူးယူဝေမျှသည်
#မူရင်းရေးသားသူအားခရက်တစ်ပေးပါသည်

24/11/2023

ခေတ်ပျက်ထဲမှာ
တရားမပျက်အောင်နေပါတယ်..
ဘာရသလဲလို့ မမေးပါနဲ့
ကျွန်တော် မမက်မောပါဘူး
ဘယ်သူသိလဲလို့ မမေးပါနဲ့
ကျွန်တော် သိဖို့သာလိုပါတယ်..

ရှင်သန်နေစဉ်ကာလတစ်လျှောက်မှာ
လိပ်ပြာလုံစွာ ရှင်သန်ချင်ပါတယ်
ပျော်ရတဲ့အခါ ဖြစ်ဖြစ်
ဝမ်းနည်းရတဲ့အခါပဲ ဖြစ်ဖြစ်‌ပေါ့

နိမ့်ကျနေသူကို ဖေးမမယ်..
လိုအပ်နေသူကို ကူညီမယ်..
ဒါက အခြေခံလူတန်းစားဖြစ်တဲ့ ကျွန်တော့်တရားပါ
ဒါကို တစ်ချို့မပြည့်သော အိုးတွေက
လူကြိုက်နည်းတဲ့တရားလို့လဲ ခေါ်ပါတယ်..။

#ရိုးတံ

Photos from Chit Htwe Painting Group's post 23/09/2023

မပီသေးဘူး ရုပ်ထွက် တော်တော်မိုက်နေပီ😍

Photos from Chit Htwe Painting Group's post 04/08/2023

အမုိိက်စား ေဆွးနွေးနွေးမှုတွေနဲ့ ကျနော်တို့ရဲ့ ToA ညချမ်းလေး

Photos from Chit Htwe Painting Group's post 29/07/2023

မိုးကဆက်တိုက်ရွာနေတယ်
Company က အရမ်းတွေ ပီးချင်နေတယ်
ငါ့တို့ ဘဝကလည်း မလွယ်ပါလား😟😟

18/07/2023

ငါက 😇မြောက်ဒဂုံ ကို ပြောင်းနေရမှာလား😁
37/39 ward 2လုံး run အုံးမာပါ
စေတနာဆိုတာ ကံပေါ့ကွာ😂
တကယ် Painting Work ရှိရင် Ph ဆက်ပါ
09 961 860 520
09 970 470 645

Photos from Chit Htwe Painting Group's post 17/07/2023

မြောက်ဒဂုံ_37ရက်ကွက်
Ceiling Work လက်စသိမ်းရန်ကျံရှိ
Painting Work က နောက်ရက်ဆက်ဝင်မယ်

10/12/2022

Toa

Photos from Chit Htwe Painting Group's post 12/10/2021

Waterproofing 🙅‍♂️🙅‍♂️🙅‍♂️

Photos from Chit Htwe Painting Group's post 28/08/2021

Today, Work Done.

14/08/2021

😇😇😇😞😞ခေါင်းစားတဲ့ ဆိုဒ် အဆင်မပြေသော်လည်းလုပ်ရ

Videos (show all)

စားတယ်

Website